7th Feb 2025 - Morning Daily News by Radio NUG

 


၂၀၂၅ ဖေဖော်ဝါရီလ ၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨၁။ "မိတ်ကောင်းဆွေကောင်းတွေ များများရှိပြီး ဝိုင်းကူကြရင် တော်လှန်ရေးခရီးက မြန်မြန်ပိုရောက်နိုင်မှာ ဖြစ်တယ်" လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် မှတ်ချက်ပြု

📌 ⁨⁨⁨၂။ မြန်မာနိုင်ငံမှာ ကလေးငယ်များ ကာကွယ်ဆေးထိုးခွင့်ကို ဆုံးရှုံးနေကြရတယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်း

📌 ⁨⁨⁨၃။ DVB Burmas peacock Film Festival သို့ နော်ဝေနိုင်ငံ NUG ကိုယ်စားလှယ် တက်ရောက်

📌 ⁨⁨⁨၄။ ရွှေက္ကိုလ်ရှိ ကျားဖြန့်လုပ်ငန်းများတွင် လူကုန်ကူးခံခဲ့ရသည့် နိုင်ငံခြားသား ၆၁ ဦးကို BGF က ထိုင်းအာဏာပိုင်များထံသို့ ပထမအသုတ် လွှဲပြောင်း 

📌 ⁨⁨⁨၅။ အမေရိကန်က သတ်မှတ်လိုက်သည့်  ခရီးသွားလာရန် အန္တရာယ်အရှိဆုံး နိုင်ငံပေါင်း (၂၁)နိုင်ငံတွင် မြန်မာနိုင်ငံ ပါဝင်

📌 ⁨⁨⁨၆။ ပေါက်တောမှာ အရေပြား ရောဂါနဲ့ ဝမ်းပျက် ဝမ်းလျှော ဖြစ်နေတဲ့ ပြည်သူတွေကို အာရက္ခ ပြည်သူ့ကျန်းမာရေးဌာနက ကွင်းဆင်းကုသ

📌 ⁨⁨⁨၇။ သြစတြေးလျနိုင်ငံ၊ မြို့တော် ကင်ဘာရာမြို့တွင် "ပြည်သူ့နွေဦးတော်လှန်ရေး နှစ်ပြည့်မြောက် အထိမ်းအမှတ်နှင့် ဆန္ဒဖော်ထုတ်ပွဲကျင်းပ


========================


၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ဖုန်းသုံးနေတဲ့ သီပေါဒေသခံ ၄၀ ကျော်ကို ဖမ်းဆီးထားတယ်ဆိုတာ သတင်းမှားဖြစ်ကြောင်း TNLA ထုတ်ပြန်

🚩 ၂။ ရခိုင်ပြည်နယ်၊ တောင်ကုတ်နဲ့ ရှမ်းပြည်နယ်၊ နမ့်ခမ်းမှာ စစ်ကျန်မိုင်း နင်းမိကာ ပြည်သူ ဦး ပြင်းထန်ဒဏ်ရာရ

🚩 ၃။ တနင်္သာရီမြို့နယ်ကို စစ်ကောင်စီက လေးရက်ဆက်တိုက် လေယာဥ်နဲ့ ဗုံးကြဲ

🚩 ၄။ ဖလမ်းမြို့တိုက်ပွဲတွင် စစ်မှုထမ်း တပ်သားသစ်များကို အသေခံ တိုက်ခိုက်ခိုင်းပြီး ထွက်ပြေးသူများကို ပစ်သတ်မည်ဟု စစ်တပ်မှ  ခြိမ်းခြောက်ခဲ့

🚩 ၅။ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် အမှတ် တပ်ရင်းထံ စစ်ကောင်စီ တပ်သား ဦး ဘက်ပြောင်းခိုလှုံ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================



📌📌 ⁨⁨⁨၁။ "မိတ်ကောင်းဆွေကောင်းတွေ များများရှိပြီး ဝိုင်းကူကြရင် တော်လှန်ရေးခရီးက မြန်မြန်ပိုရောက်နိုင်မှာ ဖြစ်တယ်" လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် မှတ်ချက်ပြု


ဖေဖော်ဝါရီ၆ရက်

Radio NUG

"မိတ်ကောင်းဆွေကောင်းတွေ များများရှိပြီး ဝိုင်းကူကြရင် တော်လှန်ရေးခရီးက မြန်မြန်ပိုရောက်နိုင်မှာ ဖြစ်တယ်" လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်မှ ဖေဖော်ဝါရီ ၆ရက် ဆိုရှယ်မီဒီယာမှာ အမေရိကန်အစိုးရရဲ့ မြန်မာအရေးရပ်တည်ချက်အပေါ်  သုံးသပ်ဆိုခဲ့ပါတယ်။


"မြန်မာ့အရေး ရပ်တည်ချက်ဟာ အမေရိကန်ပြည်ထောင်စု ရဲ့ ပါတီကြီး () ခု စလုံးရဲ့ ရပ်တည်ချက် ( bipartisan agreement/position) ဖြစ်ပါတယ်ဆိုတာ ယခင် Biden administration အပြောင်းအလဲ မလုပ်ခင်ကတည်းက ကျွန်မတို့ concern ကို ပြောတော့ သူတို့ သေချာပြန် ရှင်းလင်းပြခဲ့တာ ရှိပါတယ်။ ဆိုတော့ အခု သမ္မတ Trump လက်မှတ်ရေးထိုးလိုက်တာလည်း ဒီရပ်တည်ချက်ကို ထပ်မံအတည်ပြုလိုက်တာပါပဲ။ တိုင်းပြည်တပြည် လွတ်မြောက်ဖို့က အဲ့ဒီတိုင်းပြည်ရဲ့ ပြည်သူလူထုနဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ အစုအဖွဲ့တွေ  ကိုယ်တိုင်ကပဲ အဓိက ရုန်းကန် ကြရတာပါ။ အဲ့ဒီရုန်းကန်နေမှုကို အကူအညီမပေးရင်တောင် အနှောက်အယှက်မဖြစ်ဖို့က အခြေခံ လိုအပ်ချက် ဖြစ်ပါတယ်။ မိတ်ကောင်းဆွေကောင်းတွေများများရှိပြီး ဒီရုန်းကန်မှုကို ဝိုင်းကူကြရင်တော့ဖြင့် ပြည်သူလူထုခံစားနေရတဲ့ ဒုက္ခတွေလည်း သက်သာပြီး တော်လှန်ရေးခရီးက မြန်မြန်ပိုရောက်နိုင်မှာ ဖြစ်တဲ့အတွက် မိတ်ဆွေကောင်းတွေ ရှာဖွေတဲ့ အလုပ်ကလည်း စဉ်ဆက်မပြတ် ကြိုးစား အားထုတ်နေရတဲ့ အလုပ်ပဲ ဖြစ်ပါတယ်"လို့ ဝန်ကြီးက ဆိုပါတယ်။


========================


📌📌 ⁨⁨⁨၂။ မြန်မာနိုင်ငံမှာ ကလေးငယ်များ ကာကွယ်ဆေးထိုးခွင့်ကို ဆုံးရှုံးနေကြရတယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်း


ဖေဖော်ဝါရီ ၆ရက်

Radio NUG

မြန်မာနိုင်ငံမှာ ကလေးငယ်များ ကာကွယ်ဆေးထိုးခွင့်ကို ဆုံးရှုံးနေကြရတယ်လို့ Executive Board of the United Nations Children’s Fund ၂၀၂၅ ခုနှစ်အတွက် ပထမအကြိမ် ပုံမှန်အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြောပါတယ်။


"မြန်မာနိုင်ငံတွင် ကလေးငယ်များအတွက် ကာကွယ်ဆေးထိုးပေးခြင်းက စိုးရိမ်ရသော အကျပ်အတည်းတစ်ခု ဖြစ်လာလျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ပုံမှန် ကာကွယ်ဆေးထိုးပေးသည့် အစီအစဉ် အများအပြား၊ အထူးအားဖြင့် သွားရောက်ရန် ခက်ခဲသည့် နေရာဒေသများတွင် လုပ်ဆောင်နိုင်ခြင်း မရှိတော့ကြောင်း၊ သို့ဖြစ်ရာ ကလေးငယ်များအနေဖြင့် ၎င်းတို့အတွက် လိုအပ်သည့် ကာကွယ်ဆေးထိုးခွင့်ကို ဆုံးရှုံး နေကြရကြောင်း၊ ပုံမှန် ကာကွယ်ဆေးထိုးနှံခြင်း မရှိပါက ကူးစက်လွယ်သော ရောဂါများ ပြန့်ပွားမှုကို မြင့်တက်လာစေနိုင်ကြောင်း၊ ယင်းသို့သော အခြေအနေဖြစ်ပေါ်လာပါက နိုင်ငံ၏ အနာဂတ်အတွက်သာမက အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်း ကျော်လွန်၍ပါ ရိုက်ခတ်မှုများ ရှိလာနိုင် ကြောင်း"သံအမတ်ကြီးကပြောပါတယ်။


ယခုအခြေအနေတွင် ကလေးငယ်များ အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူများ၏ အသက်အား ကယ်တင်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးနှင့် စစ်တပ်ထံသို့ လေယာဉ်ဆီ စီးဆင်းမှု ဖြတ်တောက်ရေးတို့ပင် ဖြစ်ကြောင်း သံအမတ်ကြီးကထပ်လောင်းပြောပါတယ်။


========================


📌📌 ⁨⁨⁨၃။ DVB Burmas peacock Film Festival သို့ နော်ဝေနိုင်ငံ NUG ကိုယ်စားလှယ် တက်ရောက်


ဖေဖော်ဝါရီ ၆ရက်

Radio NUG

ဖေဖော်ဝါရီ ၅ရက် DVB Burmas peacock Film Festival သို့ နော်ဝေနိုင်ငံ NUG ကိုယ်စားလှယ် ဦးမောင်မောင်မြင့် တက်ရောက်၍ လက်ရှိမြန်မာနိုင်ငံအခြေအနေနှင့် NUG ဆောင်ရွက်နေမူများကို စကားဝိုင်းဖြင့် ရှင်းလင်းပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။


DVB Peacock ရုပ်ရှင်ပွဲတော်မှာ စစ်အုပ်စုလက်အောက်ကာလ မြန်မာပြည်သူများ၏ ဘဝများကို ဖော်ကျူးထားသော ရုပ်ရှင်ခြောက်ကား ပြသခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨၄။ ရွှေက္ကိုလ်ရှိ ကျားဖြန့်လုပ်ငန်းများတွင် လူကုန်ကူးခံခဲ့ရသည့် နိုင်ငံခြားသား ၆၁ ဦးကို BGF က ထိုင်းအာဏာပိုင်များထံသို့ ပထမအသုတ် လွှဲပြောင်း 


ဖေဖော်ဝါရီ  

Radio NUG 


ဖေဖော်ဝါရီ ရက်နေ့ မွန်းလွဲ နာရီ ၃၀ မိနစ်အချိန်တွင် မြ၀တီမြို့နယ်၊ ရွှေက္ကိုလ်ရှိ ကျားဖြန့်လုပ်ငန်းများတွင် လူကုန်ကူးခံခဲ့ရသည့် နိုင်ငံခြားသား ၆၁ ဦးကို စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့် BGF က ထိုင်းအာဏာပိုင်များထံသို့ လွှဲပြောင်းပွဲကို ထိုင်းအစိုးရ၏  ဒုဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဖြစ်သူ Phumtham Wechayachai  က သွားရောက်တွေ့ဆုံခဲ့ပြီး အဆိုပါ လူကုန်ကူးခံရသူများကို အမှတ် ထိုင်း-မြန်မာချစ်ကြည်ရေးတံတားမှတစ်ဆင့် လက်ခံခဲ့ကြောင်း The Reporters မှာဖော်ပြထားပါတယ်။


ပြန်ပို့ပေးသည့် နိုင်ငံခြားသား(၆၁)ဦးမှာ တရုတ်နိုင်ငံသား(၃၉)ဦး၊ အိန္ဒိယနိုင်ငံသား(၁၃)ဦး၊ ကာဇက်စတန်နိုင်ငံသား တစ်ဦး၊ အင်ဒိုနီးရှားနိုင်ငံသား()ဦး၊ အီသီယိုးပီးယားနိုင်ငံသား တစ်ဦး၊ ပါကစ္စတန်နိုင်ငံသား တစ်ဦးနှင့် မလေးရှားနိုင်ငံသား တစ်ဦးတို့ ဖြစ်ကြပြီး ၎င်းတို့အထဲတွင် အမျိုးသား (၅၄)ဦးနှင့် အမျိုးသမီး ()ဦး ပါဝင်တယ်လို့ သိရပါတယ်။


"ထိုင်းနိုင်ငံက အားလုံးကို ကြိုဆိုပါတယ်။ သက်ဆိုင်ရာ သံရုံးတွေနဲ့ ညှိနှိုင်းပြီး စစ်ဆေးမှုတွေ လုပ်ပြီးရင် ရှုပ်ထွေးမှုတွေ မရှိရင်  မွေးရပ်မြေ နိုင်ငံကို ပြန်ပို့ပေးမယ်။ ကြုံခဲ့ရတဲ့ အတွေ့အကြုံနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ကျွန်တော်တို့ကို စိတ်ချယုံကြည်ပြီး  တတ်နိုင်သလောက် မျှဝေပေးခြင်းအားဖြင့်  ကူညီပေးပါ။ အတွင်းမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေအကြောင်း အားလုံးရဲ့ သက်သေခံချက်တွေဟာ ဒီနယ်စပ်ရာဇ၀တ်မှုတွေကို ပပျောက်အောင် ကြိုးပမ်းရာမှာ အရေးကြီးပါလိမ့်မယ်။"ဟု Phumtham Wechayachai က ပြောဆိုထားပါတယ်။


ရွှေကုက္ကိုလ်ဒေသရှိ ကျားဖြန့် (အွန်လိုင်းလိမ်လည်ဂိုဏ်း)များထံ ရောက်ရှိနေသူများအား တစ်လလျှင် လူ(,၀၀၀)နှုန်း ပြန်လွှဲပေးမည်ဟု နယ်ခြားစောင့်တပ်(BGF) တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးနိုင်မောင်ဇော်က ပြောဆိုထားပါတယ်။


မြ၀တီမြို့နယ်ရှိ အွန်လိုင်းကျားဖြန့် ငွေလိမ်ဂိုဏ်းများသည် ရွှေက္ကိုလ် အပါအဝင် သီးသန့်နေရာများတွင် စစ်ကောင်စီလက်အောက်ခံ BGF များ၏ ကာကွယ်စောင့်ရှောက်မှုဖြင့် ကြီးထွားလာခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတကာသုတေသနအဖွဲ့များက ထောက်ပြထားပါတယ်။


========================


📌📌 ⁨⁨⁨၅။ အမေရိကန်က သတ်မှတ်လိုက်သည့်  ခရီးသွားလာရန် အန္တရာယ်အရှိဆုံး နိုင်ငံပေါင်း (၂၁)နိုင်ငံတွင် မြန်မာနိုင်ငံ ပါဝင်


ဖေဖာ်ဝါရီ  

Radio NUG 


အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ()ရက်နေ့တွင် ထုတ်ပြန် အသိပေးထားသည့် ခရီးသွားလာခြင်း လုံးဝ မပြုလုပ်ရန် အန္တရာယ်အရှိဆုံး အနီရောင်အဆင့် (အဆင့် ) သတ်မှတ်ထားသည့် နိုင်ငံများတွင် မြန်မာနိုင်ငံ ပါဝင်လာပြီး ခရီးသွားလာခြင်း လုံးဝ မပြုလုပ်ကြရန် ခရီးသွား အကြံပြုချက်အသစ်ကို  ထုတ်ပြန်လိုက်ပါတယ်။


မြန်မာနိုင်ငံတွင် ပြည်တွင်းရေး မငြိမ်မသက်မှုများ၊ လက်နက်ကိုင်ပဋိပက္ခများနှင့် အာဏာသိမ်းစစ်အုပ်စုက ဥပဒေများကို အာဏာရှင်ပီပီ စိတ်တိုင်းကျ အသုံးချနေခြင်းကြောင့် ခရီးမသွားကြရန် သတိပေးထားပါတယ်။


ထို့အပြင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အရေးပေါ် ဆေးဘက်ဆိုင်ရာ အရင်းအမြစ်များ အကန့်အသတ်ရှိခြင်း သို့မဟုတ် မလုံလောက်ခြင်း၊ မြေမြှုပ်မိုင်းများနှင့် မပေါက်ကွဲသေးသော စစ်ကျန် လက်နက်ကြီးများရှိသည့် နေရာများကြောင့်လည်း မြန်မာနိုင်ငံသို့ ခရီးသွားခြင်းကို ပြန်လည်သုံးသပ်ရန် အမေရိကန်နိုင်ငံခြား‌ရေး ဝန်ကြီးဌာနက အသိပေးထားပါတယ်။


မြန်မာနိုင်ငံတွင် စစ်အုပ်စုက မတရား ဖမ်းဆီးထိန်းသိမ်းမှုများ ရှိနေသောကြောင့် ပိုမိုသတိထားရန်လည်း အကြံပြုထားပါတယ်။


========================


📌📌 ⁨⁨⁨၆။ ပေါက်တောမှာ အရေပြား ရောဂါနဲ့ ဝမ်းပျက် ဝမ်းလျှော ဖြစ်နေတဲ့ ပြည်သူတွေကို အာရက္ခ ပြည်သူ့ကျန်းမာရေးဌာနက ကွင်းဆင်းကုသ


ဖေဖော်ဝါရီ ရက်၊ 

Radio NUG


ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှာ အရေပြားရောဂါနဲ့ ဝမ်းပျက်ဝမ်းလျှော ဖြစ်နေတဲ့ ပြည်သူတွေကို အာရက္ခ ပြည်သူ့တော်လှန်ရေး အစိုးရရဲ့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ကွင်းဆင်းကုသ ပေးခဲ့တယ်လို့ ရခိုင်အခြေစိုက် APM သတင်းဌာနက ဖော်ပြထားပါတယ်။


ဖေဖော်ဝါရီလ ပထမအပတ်က စတင်ပြီး ပေါက်တောမြို့နယ်၊ ဇီချိုမော်ရွာနှင့် ရွှေဝေရွာတို့မှာ အရေပြား ရောဂါနဲ့ ဝမ်းပျက် ဝမ်းလျှော ဖြစ်ပွားနေတဲ့ လူဦးရေ ၂၀၀ ကျော်ကို ကုသပေးခဲ့တာလို့ ဆိုပါတယ်။


အရေပြားရောဂါ ဖြစ်ပွားနေတဲ့ လူဦးရေ ၂၀၀ ခန့်ရှိပြီး ကလေးငယ်အများစု အပါအဝင် ၂၁ ယောက်က ဝမ်းပျက် ဝမ်းလျှော ဖြစ်ပွားနေတယ်လို့ သိရပါတယ်။


အာရက္ခ ပြည်သူ့ကျန်းမာရေး ဌာနက ဆေးကုပေးပြီးနောက်မှာ သန့်ရှင်းတဲ့ ရေကို သောက်သုံးကြဖို့၊ သန့်ရှင်းတဲ့ အစားအစာကို စားသုံးကြဖို့၊ ရောဂါ ထပ်မံမဖြစ်ပွားအောင် အစားသောက် အနေအထိုင် စနစ်တကျ ပြုလုပ်ကြဖို့ မှာကြားခဲ့ကာ ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောမှုတို့ကို လုပ်ဆောင်ခဲ့ပါတယ်။


အခြားကျေးရွာများကိုလည်း ကွင်းဆင်းဆေးကုသ ပေးတာတွေ ဆက်လက်ဆောင်ရွက် ပေးသွားဖို့ ရှိတယ်လို့ သိရှိရပါတယ်။


========================


📌📌 ⁨⁨⁨၇။ သြစတြေးလျနိုင်ငံ၊ မြို့တော် ကင်ဘာရာမြို့တွင် "ပြည်သူ့နွေဦးတော်လှန်ရေး နှစ်ပြည့်မြောက် အထိမ်းအမှတ်နှင့် ဆန္ဒဖော်ထုတ်ပွဲကျင်းပ


ဖေဖော်ဝါရီ၆ရက်

Radio NUG

သြစတြေးလျနိုင်ငံ၊ မြို့တော် ကင်ဘာရာမြို့တွင် "ပြည်သူ့နွေဦးတော်လှန်ရေး နှစ်ပြည့်မြောက် အထိမ်းအမှတ်နှင့် ဆန္ဒဖော်ထုတ်ပွဲ" အား သြစတြေးလျနိုင်ငံ၊ ပါလီမန်လွှတ်တော် အဆောက်အဦးရှေ့တွင်လည်းကောင်း၊ စကစ စစ်အကြမ်းဖက်အုပ်စု၏ အခွန်ကောက်ရုံးရှေ့တွင်လည်းကောင်း၊ တရုတ်သံရုံးရှေ့တွင်လည်းကောင်း ဖေဖော်ဝါရီ၆ရက်မှာ ကျင်းပခဲ့ပါတယ်။


"ပြည်သူ့နွေဦးတော်လှန်ရေး နှစ်ပြည့်မြောက် အထိမ်းအမှတ်နှင့် ဆန္ဒဖော်ထုတ်ပွဲအား နွေဦးတော်လှန်ရေးအင်အားစုများ၊ တိုင်းရင်းသားအစုအဖွဲ့များ၊ CRPH/NUG Support Group (Australia) ပြည်နယ်အဖွဲ့ခွဲများ ဖြစ်ကြသော CRPH/NUG Support Group (NSW)  နှင့် CRPH/NUG Support Group (ACT) မှ အဖွဲ့ဝင်များနှင့် မြန်မာကွန်မြူနတီ မိသားစုများ ပါဝင်ခဲ့ကြတယ်လို့သိရပါတယ်။


အဆိုပါ လှုပ်ရှားမှုတွင် မြန်မာနိုင်ငံအတွင်း စကစ၏ မအောင်မြင်သော လေးနှစ်မြောက်အာဏာသိမ်းခြင်းကိုလည်းကောင်း၊ အင်အားကြီး အိမ်နီးချင်းနိုင်ငံ၏ မြန်မာ့နိုင်ငံအရေး ဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်ခြင်းသည့်အနေဖြင့်လည်းကောင်း၊ ပြည်တွင်းတွင် မတရား စစ်မှုထမ်းဆင့်ခေါ်မှု ဥပဒေကို ဆန့်ကျင်သည့်အနေနှင့်လည်းကောင်း ပြုလုပ်ခဲ့ခြင်း ဖြစ်တယ်လို့ဆိုပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================





🚩🚩 ၁။ ဖုန်းသုံးနေတဲ့ သီပေါဒေသခံ ၄၀ ကျော်ကို ဖမ်းဆီးထားတယ်ဆိုတာ သတင်းမှားဖြစ်ကြောင်း TNLA ထုတ်ပြန်


ဖေဖော်ဝါရီ ရက်၊ 

Radio NUG


ရှမ်းပြည်မြောက်ပိုင်း၊ TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာက ဖုန်း အသုံးပြုနေတဲ့ ဒေသခံ ၄၀ ကျော်ကို ဖမ်းဆီးထားတယ်ဆိုတာ သတင်းမှား ဖြစ်ကြောင်း TNLA က ရှင်းလင်းချက်ကို ဖေဖော်ဝါရီ ၆ရက်မှာ ထုတ်ပြန်ပါတယ်။


ဖေဖော်ဝါရီလ ရက်နေ့က ဖုန်းသုံးနေတဲ့ စံဖိတ်ရွာခံ ၄၀ ကျော်ကို PSLF/TNLA တပ်သားများက ဖမ်းဆီးသွားတယ်ဆိုကာ Shan News (Burma Version) သျှမ်းသံတော်ဆင့် မီဒီယာက ဖော်ပြထားတာကို ဖတ်ရှုရတယ်လို့ ဆိုပါတယ်။


၎င်းဖော်ပြချက်ကို PSLF/TNLA တာဝန်ရှိသူများက စုံစမ်းစီစစ်ကြည့်ရာ PSLF/TNLA က ဖမ်းဆီးခေါ်ဆောင်ထားတာ မရှိပဲ အဆိုပါသတင်းမှာ သတင်းတု သတင်းမှားသာ ဖြစ်ကြောင်း PSLF/TNLA ပြောထားပါတယ်။


ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး PSLF/TNLA အုပ်ချုပ်နယ်မြေ အတွင်းမှာ မိဘပြည်သူများအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုခံရပါက သက်ဆိုင်ရာ ရဲစခန်းနဲ့ ပြည်သူ့စင်တာ  (Public Relation) ကို ဆက်သွယ် တိုင်ကြားနိုင်တယ်လို့ အသိပေးထားပါတယ်။


========================


🚩🚩 ၂။ ရခိုင်ပြည်နယ်၊ တောင်ကုတ်နဲ့ ရှမ်းပြည်နယ်၊ နမ့်ခမ်းမှာ စစ်ကျန်မိုင်း နင်းမိကာ ပြည်သူ ဦး ပြင်းထန်ဒဏ်ရာရ


ဖေဖော်ဝါရီ ရက်၊ 

Radio NUG


ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် ဖေဖော်ဝါရီလ ရက်၊ ညနေ နာရီ ၁၀ မိနစ်ခန့်က စစ်ကျန်မိုင်း နင်းမိကာ အမျိုးသမီးတစ်ဦး ခြေထောက်တစ်ဖက် ပြတ်ထွက်ပြီး ပြင်းထန်ဒဏ်ရာ ရခဲ့တယ်လို့ ရခိုင်အခြေစိုက် APM သတင်း ဌာနက ဖော်ပြထားပါတယ်။


ဒဏ်ရာရခဲ့သူဟာ တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်က ဒေါ်ခင်မျိုးချေ (၅၁ နှစ်) ဖြစ်ပြီး စစ်ကောင်စီရဲ့ ခမရ ၃၄၆ တပ် စခန်းဟောင်း အနီးက သူမရဲ့ နေအိမ် ခြံဝင်းထဲမှာ ထင်းရှာနေရင်း စစ်ကောင်စီက ထောင်ထားခဲ့တဲ့ စစ်ကျန် မိုင်းတစ်လုံးကို နင်းမိခဲ့တာ ဖြစ်ပါတယ်။


အလားတူ ဖေဖော်ဝါရီလ ရက် နေ့လည် နာရီ ၃၆ မိနစ်မှာလည်း ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ နောင်တိန်ကျေးရွာမှာ မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။


နောင်တိန် ကျေးရွာက အသက် ၆၁ နှစ်အရွယ် ဦးကြိုင်ငို ဆိုသူဟာ ကြံစိုက်နေရင်း စစ်ကောင်စီ ထောင်ထားခဲ့တဲ့ စစ်ကျန်မိုင်းကို ခုတ်မိရာမှ ပေါက်ကွဲပြီး ပြင်းထန်ဒဏ်ရာရခဲ့တာလို့ TNLA က ထုတ်ပြန်ထားပါတယ်။


မိုင်းပေါက်ကွဲမှုကြောင့် ဦးကြိုင်ငိုရဲ့ မျက်နှာနဲ့ ခန္ဓာကိုယ် တစ်ခုလုံးမှာ ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပြီး နမ့်ခမ်း ပြည်သူ့ဆေးရုံမှာ ပို့ဆောင်ကုသ ထားတယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၃။ တနင်္သာရီမြို့နယ်ကို စစ်ကောင်စီက လေးရက်ဆက်တိုက် လေယာဥ်နဲ့ ဗုံးကြဲ


ဖေဖော်ဝါရီ  

Radio NUG 

 

တနင်္သာရီမြို့နယ်က တိုက်ပွဲဖြစ်ပွားနေတဲ့ ထုံမခါနဲ့ သိန်ခွန်းရွာတွေကို စစ်ကောင်စီတပ်က တိုက်လေယာဥ်နဲ့ ဖေဖော်ဝါရီ ရက်ကနေ လေးရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

 

ဖေဖော်ဝါရီလ အစကတည်းက ညောင်ပင်ကွင်းကျေးရွာအုပ်စု၊ ထုံမခါရွာတဝိုက်မှာ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်နေပြီး သိန်ခွန်းရွာတဝိုက်မှာတော့ ဒီဇင်ဘာလ ၁၈ ရက်နေ့ကတည်းက ဖြစ်ပွားနေတယ်လို့ သိရပါတယ်။


ဖေဖော်ဝါရီလ ၆ရက်နေ့ မွန်းလွဲပိုင်း နာရီခွဲဝန်းကျင်နဲ့ ညနေ နာရီဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားရာ သိန်ခွန်းရွာအနီးတဝိုက်ကို K8W တိုက်လေယာဥ်နဲ့ နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

  

ဖေဖော်ဝါရီ ရက်၊ မွန်းလွဲပိုင်း ၁၂ နာရီဝန်းကျင်က ထုံမခါရွာအနီးက ဆီအုန်း‌တောထဲကို ပထမအကြိမ် ဗုံးကြဲချခဲ့ပြီး မွန်းလွဲ နာရီဝန်းကျင်မှာတော့ ထုံမခါရွာ၊ ဘုရားတောင်ကို ဗုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

ဖေဖော်ဝါရီ ရက်နေ့ ညနေ နာရီခွဲဝန်းကျင်မှာလည်း ထုံမခါရွာ၊ ဘုရားတောင်နဲ့ ရွာတဝိုက်ကို စစ်ကောင်စီလေတပ်က ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ ဖလမ်းမြို့တိုက်ပွဲတွင် စစ်မှုထမ်း တပ်သားသစ်များကို အသေခံ တိုက်ခိုက်ခိုင်းပြီး ထွက်ပြေးသူများကို ပစ်သတ်မည်ဟု စစ်တပ်မှ  ခြိမ်းခြောက်ခဲ့


ဖေဖော်ဝါရီ  

Radio NUG 


ဖေဖော်ဝါရီလ ရက်နေ့တွင် ဖလမ်းမြို့သိမ်း စစ်ဆင်ရေးအတွင်း ချင်းညီနောင်နှင့် မဟာမိတ်အဖွဲ့များက ဖမ်းဆီးရမိသော ပြည်သူ့စစ်မှုထမ်းများ၏ ထွက်ဆိုချက်ကို ရုပ်သံနှင့်တကွ ထုတ်ပြန်ခဲ့ပြီး ရုပ်သံထဲတွင် အသက် ၁၉ နှစ်အရွယ် စစ်မှုထမ်း တပ်သား မောင်မြတ်မင်းခန့်နှင့် အသက် ၃၁ နှစ်အရွယ် စစ်မှုထမ်း တပ်သား မောင်တင်မျိုးအောင်တို့က စစ်မှုထမ်း တပ်သားသစ်များကို အသေခံ တိုက်ခိုက်ခိုင်းပြီး ထွက်ပြေးသူများကို ပစ်သတ်မည်ဟု စစ်တပ်အရာရှိများက ခြိမ်းခြောက်ခဲ့ကြောင်း ပြောဆိုထားပါတယ်။


"ကျွန်တော်တို့ ဒီလို ထွက်မပြေးနိုင်ရင်တောင်မှပဲ ဒီလို လက်နက်ချဖို့ အခွင့်အရေးကြုံလာခဲ့တာတောင်မှ လက်နက်ချလို့ရှိရင် အထက်က လူတွေက လက်နက်ချတဲ့ လူမှန်သမျှ ပစ်သတ်မယ်လို့ ပြောလို့ ခြိမ်းခြောက်ခဲ့လို့ ကျွန်တော်တို့ လက်နက်မချခဲ့ရတာပါ။ သူတို့နဲ့လည်း ကွဲလာရော လက်နက်ချနိုင်ခဲ့ပါတယ်။ ကျန်ခဲ့တဲ့ လူတွေ အကုန်လုံး ဒီမှာပါလာတဲ့လူတွေ အကုန်လုံးကိုရော လွတ်လွတ်လပ်လပ်နဲ့ နေနိုင်စေချင်ပြီးတော့ ကျန်ခဲ့တဲ့ လူတွေလည်း အလင်းဝင် လက်နက်ချဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ဒီဘက်ထဲကို ကူးပြောင်းဖို့ ဖိတ်ခေါ်ချင်ပါတယ်" ဟု စစ်မှုထမ်း တပ်သား မောင်မြတ်မင်းခန့်က ပြောဆိုထားပါတယ်။


"မင်းဘူး ခလရ ၈၈ ကို စုဆောင်းရေးမှာ တစ်လ ပို့ပါတယ်။ တစ်လပို့ပြီးတော့ တောင်တွင်းကြီး အမှတ် စစ်အခြေခံလေ့ကျင့်ရေးတပ်မှာ သင်တန်း လတက်ရပါတယ်။ သင်တန်းဆွဲခံရတဲ့ လူ ၂၃၂ ယောက်ရှိပါတယ်။ ကျွန်တော်တို့ သင်တန်းဆင်းတော့ ၈၃ ယောက်ကို ကလေးမြို့ကို ပို့ပါတယ်။ ၅၁ ယောက်ကတော့ ကလေးမြို့ ခလရ ၈၉ ကို ပို့ပေးပါတယ်။ အဲဒါပြီးတော့ ဖလမ်းမြို့ကို ကျွန်တော်တို့ကို ပို့ပေးပါတယ်။ ကျွန်တော်တို့ကို ဖလမ်းမြို့ကို ပို့မယ်ဆိုတာလည်း မသိဘူး။ ကျွန်တော်တို့ကို ရက်ပဲ ကြာမယ်ဆိုပြီးတော့ လေယာဉ်ပေါ်ကောက်တင်ပြီးတော့ ဖလမ်းမြို့ကို ပို့ခဲ့ပါတယ်" ဟု စစ်မှုထမ်း တပ်သား မောင်မြတ်မင်းခန့်က ဆက်လက် ပြောဆိုထားပါတယ်။


ထို့ပြင် အသက် ၃၁ နှစ်အရွယ် မောင်တင်မျိုးအောင်ကလည်း  စစ်မှုထမ်းဥပဒေထဲတွင် တစ်ဦးတည်းသော သားများ မပါဝင်ဟုဆိုကာ အုပ်ချုပ်ရေးမှူးက ရပ်ကွက်ရုံးသို့ လိမ်ခေါ်လက်မှတ်ထိုးစေခဲ့တယ်လို့ သိရပါတယ်။


"လက်မှတ်ထိုးပြီး သိပ်မကြာဘူး ရက် ရက်နေ့တော့ ပါလာတယ်ဆိုပြီးတော့ ကျွန်တော်တို့ကို သွေးစစ်ဖို့ မိနစ်နဲ့ ပြီးမယ်ဆိုပြီးတော့ ဥက္ကဋ္ဌ ရုံးကို ခေါ်တယ်။ ခေါ်ပြီးတော့မှ ၉၁၀ စုဆောင်းရေးတပ်ကို ပို့လိုက်တယ်။ ၉၁၀ တပ်ထဲမှာပဲ ရက်ခွဲ ရက်လောက် ကြာပြီးတော့ သိပ်မကြာဘူး လေ့ကျင့်ရေးသင်တန်းကျောင်း တတက ၁၃ သပိတ်ကျင်း တွင်ငယ်ပေါ့ ပို့ခဲ့တယ်။ အဲဒီမှာပဲ လလောက် စစ်သင်တန်းတက်ခဲ့ရတယ်။ သင်တန်းကနေ ချက်ချင်းပဲ ကလေး ခလရ ၈၉ ကို တန်းပို့လိုက်တယ်။ ကလေး ခလရ ၈၉ နဲ့အတူတူ စစ်ဆင်ရေးလုပ်နေရတယ်ပေါ့။ ဖလမ်းမြို့ကို ရောက်ပြီး သိပ်မကြာပါဘူး" ဟု မောင်တင်မျိုးအောင်က ရှင်းပြထားပါတယ်။


အဆိုပါ စစ်မှုထမ်း တပ်သားသစ် လူငယ်များကို တောတောင်များအတွင်း ထွက်ပြေး တိမ်းရှောင်စဉ် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ကို ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF)က ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် အမှတ် တပ်ရင်းထံ စစ်ကောင်စီ တပ်သား ဦး ဘက်ပြောင်းခိုလှုံ


ဖေဖော်ဝါရီ ရက်၊ 

Radio NUG

ကရင်နီပြည်နယ်၊ ဘောလခဲမြို့ အခြေစိုက် ခမရ - ၄၂၉ တပ်ရင်းက စစ်မှုထမ်း တပ်သားသစ် ဦးဟာ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်၊ အမှတ် တပ်ရင်းထံ ဘက်ပြောင်းခိုလှုံ လာတယ်လို့ ထုတ်ပြန်ထားပါတယ်။


စစ်မှုထမ်း မဲပေါက်သည်ဟုဆိုကာ သင်တန်းကို အတင်းအဓမ္မ ပို့ဆောင်ခြင်းခံခဲ့ရတဲ့ အပတ်စဉ် သင်တန်းဆင်း စစ်ကောင်စီ တပ်သား ဦးဟာ ဖေဖော်ဝါရီလ ရက်နေ့က လက်နက်နဲ့တကွ ဘက်ပြောင်းခိုလှုံလာခဲ့တာပါ။


၎င်းဟာ စစ်သင်တန်း ဆင်းပြီးနောက် ဘောလခဲ အခြေစိုက် ခမရ (၄၂၉) တပ်ကို ၂၀၂၄ ဇွန်လမှာ စတင်ရောက်ရှိခဲ့တာဖြစ်ပြီး လအကြာမှာ ခက်ခက်ခဲခဲ ရုန်းထွက်လွတ်မြောက် လာနိုင်ခဲ့တာလို့ ဆိုပါတယ်။


၎င်း စစ်ကောင်စီ တပ်သားဟာ MA-11 သေနတ် လက်၊ ကျည်ဘောက် ခုနဲ့ ခဲယမ်းတချို့ကို ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။


ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၁ ရက်ကလည်း စစ်ကောင်စီ တပ်သား ဦး သေနတ် လက်နှင့်အတူ ဘက်ပြောင်းခိုလှုံ ခဲ့တာကြောင့် လအတွင်း KNDF/B-09 တပ်ရင်းထံ ဘက်ပြောင်းခိုလှုံလာသူ စစ်ကောင်စီ တပ်သား ဦးအထိ ရှိလာပြီလို့ ဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment