9th Feb 2025 - Evening Daily News by Radio NUG

 


၂၀၂၅ ဖေဖော်ဝါရီလ ၉ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨၁။ဝါရှင်တန်ဒီစီမှာကျင်းပတဲ့ နိုင်ငံတကာ ဘာသာရေးဆိုင်ရာလွတ်လပ်ခွင့် ထိပ်သီးအစည်းအဝေးကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဦးဆောင်တဲ့အဖွဲ့ တက်ရောက် 

📌 ⁨⁨⁨⁨⁨⁨၂။ ⁨⁨MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ မြန်မာ့ရိုးရာထမနဲထိုးပွဲ ပထမဆုံးအကြိမ် ကျင်းပမည် 

📌 ⁨⁨⁨⁨⁨⁨၃။ ကောလင်းအနောက်ခြမ်းက စစ်ရှောင်အိမ်ထောင်စု ၁၂၀ ကို အခြေခံစားသောက်ကုန်များလှူဒါန်း


========================


၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။⁨⁨ ဝိတိုရိယတောင်ထိပ်မှာ ချင်းပြည်အလံလွှင့်ထူနိုင်ပြီလို့ CDF ကန်ပက်လက် ကြေညာ

🚩 ၂။သံတောင်- တောင်ငူလမ်းပိုင်းမှာ စစ်ယာဉ်တန်းကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ဦးသေဆုံး 

🚩 ၃။ ထားဝယ်နဲ့လောင်းလုံးမြို့နယ်အတွင်းက စစ်တပ်စခန်းများကို ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ဦးထက်မနည်း သေဆုံး 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨၁။ဝါရှင်တန်ဒီစီမှာကျင်းပတဲ့ နိုင်ငံတကာ ဘာသာရေးဆိုင်ရာလွတ်လပ်ခွင့် ထိပ်သီးအစည်းအဝေးကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဦးဆောင်တဲ့အဖွဲ့ တက်ရောက် 


ဖေဖော်ဝါရီ  


အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာကျင်းပတဲ့ နိုင်ငံတကာဘာသာရေးဆိုင်ရာလွတ်လပ်ခွင့်-IRF ထိပ်သီး အစည်း အဝေးကို အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တယ်လို့ NUG က ဒီနေ့ ဖေဖော်ဝါရီ ရက်မှာ ထုတ်ပြန်ပါတယ်။

အဲဒီအစည်းအဝေးကို နိုင်ငံပေါင်း ၄၁ နိုင်ငံကျော်က ကိုယ်စားလှယ်ပေါင်း ၁၅၀၀ ကျော်တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ 

ထိပ်သီးအစည်းအဝေးမှာ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က အာဏာရှင်နိုင်ငံတွေမှာ ဘာသာရေးကို အကြောင်းပြုပြီးတော့ ဖိနှိပ်တာတွေဟာ အာဏာရှင်တွေ အာဏာတည်မြဲဖို့ လုပ်ဆောင်နေတာဖြစ်တယ်လို့ အစည်းအဝေးတက်ရောက်သူတွေကို ရှင်းပြခဲ့ပါတယ်။

အမှန်တကယ်တော့ ဘာသာရေးကို တကယ်ယုံကြည်လို့မဟုတ်ဘဲ လူ့အဖွဲ့အစည်းတွေကြား ကွဲပြားအောင်လုပ်ပြီး အာဏာ တည်မြဲအောင်လုပ်နေတဲ့ ပုံစံချင်းကတော့ အတူတူပါပဲလို့လည်း ဆိုပါတယ်။ 

မြန်မာပြည်မှာဖြစ်နေတဲ့ လက်ရှိအခြေအနေတွေနဲ့ပဋိပက္ခတွေမှာဆိုရင် ဒီပဋိပက္ခကိုအသုံးပြုပြီးတော့ လူမှုအသိုင်းအဝန်း တွေကို အားကောင်းအောင် လုပ်တာမျိုးမဟုတ်ဘဲ ဒီပဋိပက္ခတွေကနေ လူမှုအသိုင်းအဝန်းတွေ၊ လူ့အသိုင်းအဝိုင်းတွေ၊ နိုင်ငံတွေ ပိုမိုကွဲပြားခြားနားအောင်လုပ်ပြီး မတူတဲ့ယုံကြည်မှုတွေ မတူတဲ့ဘာသာရေးတွေကြားထဲကနေ အာဏာရှင်တွေ ဟာ သူတို့အာဏာရအောင် လုပ်လာတာဖြစ်တယ်လို့ NUG နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။

အဲ့ဒီအချက်တွေထဲကတူညီတဲ့ အချက်တွေကို ကမ္ဘာနိုင်ငံအသီးသီးမှာ မြင်တွေ့ရပြီး မြန်မာနိုင်ငံဟာ နမူဏာတခုဖြစ်တယ်လို့ ရှင်းပြသွားပါတယ်။

လက်ရှိနွေဦးတော်လှန်ရေးမှာပါဝင်နေတဲ့ လူမှုအသိုက်အဝန်းအားလုံး စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ စစ်အာဏာရှင် တွေဖော်ဆောင်နေတဲ့ ပဋိပက္ခတွေကို ကျော်လွှားနေတယ်လို့လည်း အစည်းအဝေးတက်ရောက်လာသူတွေကို ရှင်းလင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨၂။ ⁨⁨MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ မြန်မာ့ရိုးရာထမနဲထိုးပွဲ ပထမဆုံးအကြိမ် ကျင်းပမည် 


ဖေဖော်ဝါရီ


ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ မြန်မာ့ရိုးရာထမနဲထိုးပွဲကို ပထမဆုံးအကြိမ်ကျင်းပဖို့ရှိနေ တယ်လို့ ဒေသတသင်းရင်းမြစ်တွေက ပြောပါတယ်။

ကန်းကန့်တပ် MNDAA အထူးဒေသ- လားရှိုးမြို့မှာ ပထမဆုံးအကြိမ်ကျင်းပမယ့် မြန်မာ့ရိုးရာ တပို့တွဲလ ထမနဲထိုးပွဲကို ဖေဖော်ဝါရီ ၁ဝ ရက်မှာ ကျင်းပမယ်လို့ လားရှိုးမြို့ပြန်လည်ထူထောင်ရေးဌာနကလည်း ထုတ်ပြန်ထားပါတယ်။

ထမနဲထိုးပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁ဝ ရက် နေ့လယ် နာရီမှာ စတင်မှာဖြစ်ပြီး ထမနဲထိုးပွဲဖြစ်မြောက်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူတွေအပါအဝင် ဒေသနေပြည်သူတွေ  ဝိုင်းဝန်းပါဝင်ကူညီကြ မယ်လို့ ဆိုပါတယ်။

မြန်မာ့ရိုး‌ရာပွဲတော်တွေထဲက ထင်ရှားတဲ့ပွဲတော်တခုဖြစ်တဲ့ ထမနဲထိုးပွဲကို အထူးဒေသ- အနေနဲ့ ပထမဆုံး အကြိမ် ကျင်းပတာဆိုတော့ အားလုံးလာရောက်အားပေးစေချင်ပါတယ်လို့ ပွဲစီစဉ်သူတွေက ဖိတ်ခေါ်ထားပါတယ်။  

အကြမ်းဖက်စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်စစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့ကို MNDAA က ၂၀၂၄ ခုနှစ် သြဂုတ် လကတည်းက သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး အထူးဒေသ- အဖြစ် ထည့်သွင်းသတ်မှတ်ထားတယ်လို့ သိရပါတယ်။ 

တရုတ်အစိုးရအကူအညီနဲ့ အကြမ်းဖက်စစ်ကောင်စီက လားရှိုးမြို့ကိုပြန်ပေးဖို့ တောင်းဆိုနေပေမယ့် MNDAA က လက်မခံဘဲ မြို့ အုပ်ချုပ်ရေးယန္တရားလှည့်ပတ်နိုင်ရေးနဲ့ ပြန်လည်စည်ကားလာရေး အရှိန်မြှင့်ကြိုးပမ်းနေသလို နွေဦးနှစ်သစ်ကူးပွဲတော်ကို မုန်းကိုးဒေသမှာ ရက်ကြာ ကျင်းပခဲ့ပါတယ်။ 

ကိုးကန့်တပ် MNDAA ဟာ ၁၀၂၇စစ်ဆင်ရေးကာလအတွင်း လားရှိုးမြို့အပါအဝင် လောက်ကိုင်၊ ချင်းရွှေဟော်၊ ကုန်းကြမ်း၊ ပန်လုံ၊ ကွမ်းလုံ၊ သိန္နီ၊ တာမိုးညဲ၊ ပန်ဆိုင်း၊ မုန်းကိုးနဲ့ ဖောင်းဆိုင်မြို့တွေကိုပါ သိမ်းပိုက်ထားနိုင်တဲ့တပ်ဖြစ်ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨၃။ ကောလင်းအနောက်ခြမ်းက စစ်ရှောင်အိမ်ထောင်စု ၁၂၀ ကို အခြေခံစားသောက်ကုန်များလှူဒါန်း


ဖေဖော်ဝါရီ  


စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်အနောက်ခြမ်းက စစ်ဘေးရှောင်အိမ်ထောင်စု ၁၂၀ ကို ဖေဖော်ဝါရီ ရက်နေ့က အခြေခံ စားသောက်ကုန်တွေ လှူဒါန်းပေးခဲ့တယ်လို့ ပြည်သူမှပြည်သူသို့ အဖွဲ့က ပြောပါတယ်။

ကောလင်းအနောက်ခြမ်းမှာရှိတဲ့ စစ်ဘေးရှောင်အိမ်ထောင်စု ၁၂၀ စုကို အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန် ပြည်၊ မြေပဲ ဗူး၊ အာလူး ၂၅ ကျပ်သားစီလှူဒါန်းပေးခဲ့တာဖြစ်ပြီး ကာလပေါက်ဈေးအရ တအိမ်ထောင်ကို ကျပ်တသောင်းတန်ဖိုး ရှိတယ်လို့ ပြည်သူမှပြည်သူသို့အဖွဲက အသိပေးပါတယ်။

စစ်ရှောင်ကာလကြာမြင့်လာပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲတာ၊ ကုန်ဈေးနှုန်းကြီးမြင့်လာတာ၊ အလုပ်အကိုင်ရှားပါး လာတာတွေကြောင့် စစ်ရှောင်တွေဟာ အခက်အခဲတွေနဲ့ရင်ဆိုင်နေရသလို ကူညီပေးနေတဲ့အဖွဲ့တွေမှာလည်း ရန်ပုံငွေနည်း လာပြီဖြစ်တဲ့အတွက် အလှူရှင်တွေအနေနဲ့ ပြည်သူချင်းထောက်ပံ့ကူညီတဲ့စနစ်ကို အကောင်အထည်ဖော်ကြဖို့ ပြည်သူမှ ပြည်သူသို့အဖွဲက တိုက်တွန်းထားပါတယ်။

ကောလင်းမြို့ပေါ်ကပြည်သူတွေဟာ ၂၀၂၄ ဖေဖော်ဝါရီ ရက်ကတည်းက မြို့ကိုစွန့်ခွာခဲ့ကြရတာကြောင့် စစ်ရှောင်ကာလ တနှစ်ကျော်နေပြီဖြစ်ကာ စစ်ရှောင်ဦးရေ သောင်းကျော်ရှိနေတယ်လို့ သိရပါတယ်။


 အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================



🚩🚩 ၁။⁨⁨ ဝိတိုရိယတောင်ထိပ်မှာ ချင်းပြည်အလံလွှင့်ထူနိုင်ပြီလို့ CDF ကန်ပက်လက် ကြေညာ 


ဖေဖော်ဝါရီ  


ချင်းပြည်နယ် ကန်ပက်လက်နဲ့ မင်းတပ်မြို့နယ်တို့မှာရှိပြီး အမြင့်ပေ တသောင်းကျော်ရှိတဲ့ ဝိတိုရိယတောင်ထိပ်မှာ ချင်းပြည်အလံ လွှင့်ထူနိုင်ခဲ့ပြီလို့ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - CDF Kanpetlet က ကြေညာလိုက်ပါတယ်။

ဝိတိုရိယတောင်ထိပ်မှာ ချင်းပြည်အလံ လွှင့်ထူနိုင်ခဲ့ပြီဆိုတဲ့အကြောင်းကို မနေ့ ဖေဖော်ဝါရီ ရက်နေ့က သတင်းထုတ် ပြန်ခဲ့တာဖြစ်ပြီး မဟာမိတ်တပ်ဖြစ်တဲ့ AA နဲ့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို ကျေးဇူးတင်တဲ့အကြောင်း ဖော်ပြထားပါတယ်။ 

စိန်ခေါ်မှုများစွာ အခက်ခဲများစွာကြားက မဟာမိတ်အာရက္ခတပ်တော် -AA နဲ့ ချင်းညီ‌နောင်တပ်ဖွဲ့ဝင်တွေရဲ့ ရင်ချင်းအပ် ကျောချင်းကပ်ပြီး မလျှော့သောဇွဲလုံ့လဝိရိယကြောင့် အောင်မြင်ခြင်းမှတ်တိုင်တခုကို ပူးပေါင်းစိုက်ထူနိုင်ခဲ့ကြတာလို့  CDF Kanpetlet က ဆိုပါတယ်။

ဒါဟာ ချင်းပြည်သူတွေ လိုလားတောင်းတခဲ့ကြတဲ့ သဘောထား စိတ်ဆန္ဒဖြစ်တယ်လို့လည်း သိရပါတယ်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်အနေနဲ့ အင်တာဗျုးတခုမှာ ခင်ဗျားတို့ချင်းပြည်အတွက် ဝိတိုရိယတောင်မှာ ချင်းအလံကို လွှင့်ထူနိုင်အောင် ကျွန်တော်တို့ ကူညီပေးမယ်လို့ ထည့်သွင်းပြောကြားဖူးပါတယ်။

ဝိတိုရိယတောင်ဟာ မြန်မာနိုင်ငံမှာထင်ရှားတဲ့တောင်ဖြစ်ပြီး သဘာဝတောရိုင်းတိရိစ္ဆာန်တွေနဲ့မျိုးသုန်းပျောက်ကွယ်လု ဖြစ်နေတဲ့ ငှက်မျိုးစိတ်တွေအပါအဝင် ငှက်မျိုးစိတ်များစွာ ကျက်စားတဲ့တောင်လို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေဟာ ရခိုင့်တပ်တော် AA နဲ့ မဟာမိတ် အဖြစ် ပူးပေါင်းတိုက်ပွဲဝင်ခဲ့တာကြောင့် ချင်းပြည်နယ်အတွင်း ချင်းညီ‌နောင်တပ်ဖွဲ့တွေဖော်ဆောင်တဲ့ မြို့သိမ်းတိုက်ပွဲ တွေမှာ AA တပ်ဖွဲ့က ပါဝင်ကူညီခဲ့တာရှိပါတယ်။

ရခိုင့်တပ်တော် AA ဟာ မြောက်ပိုင်းညီနောင်မဟာမိတ်တွေဖော်ဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေးအစပိုင်းမှာ ရခိုင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ချင်းပြည်နယ် ပလက်ဝဒေကို ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။

ချင်းညီနောင်တပ်တွေဟာ မဟာမိတ်တွေနဲ့အတူ ချင်းပြည်နယ်အတွင်းက မင်းတပ် မတူပီ မကွီအိမ်နူး ၊လိုင်လင်းပီ ဝေဘူလ ၊ကန်ပက်လက်နဲ့ ကျင်ဒွေးမြို့ တို့ကိုသိမ်းပိုက်ထားနိုင်ပြီး ဖလမ်းနဲ့တီးတိန်မြို့ကို သိမ်းယူနိုင်ရေး ဆက်လက်တိုက် ပွဲဝင်နေတယ်လို့ စစ်ရေးမှတ်တမ်းတွေအရ သိရပါတယ်။


========================


🚩🚩 ၂။သံတောင်- တောင်ငူလမ်းပိုင်းမှာ စစ်ယာဉ်တန်းကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ဦးသေဆုံး 


ဖေဖော်ဝါရီ


ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်ထဲက သံတောင် -တောင်ငူလမ်းပိုင်းမှာ စစ်ယာဉ်တန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေဆုံးပြီး စစ်ကားတစီးတိမ်းမှောက်ပျက်စီးသွားတယ်လို့ KNLA တပ်မဟာ တပ်ရင်း Thawthikho က ထုတ်ပြန်ပါတယ်။

သံတောင်ကြီးမြို့နယ် ဘုရင့်နောင်အခြေစိုက်တပ်စခန်းကနေ တောင်ငူဘက်ဆင်းလာတဲ့ အကြမ်းဖက်စစ်ကား ၁ဝ စီးပါ စစ်ယာဥ်တန်း တောပြာကြီးလမ်းခွရောက်ရှိလာချိန် မနေ့ ဖေဖော်ဝါရီ ရက် ညနေ နာရီခွဲမှာ မိုင်းဆွဲပြီးပစ်ခတ်တိုက်ခိုက် ခဲ့တာလို့ သိရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကားတစီး တိမ်းမှောက်သွားကာ ယာဉ်ပေါ်ပါ စစ်သား ဦးသေဆုံးပြီး ဦး ဒဏ်ရာရသွား တယ်လို့ အသိပေးထားပါတယ်။

စစ်တပ်ဘက်က စစ်အင်အားများတာရယ် ကျန်စစ်ကားတွေက လာခေါ်သွားတာကြောင့် လက်နက်ခဲယမ်းတွေ သိမ်းယူနိုင်ခဲ့ တာမျိုးမရှိဘူးလို့ သိရပါတယ်။ 

အဲဒီတိုက်ခိုက်မှုကို KNLA တပ်မဟာ တပ်ရင်း တပ်ခွဲ က ရဲဘော်တွေ လုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။


========================


⁨⁨🚩🚩 ၃။ ထားဝယ်နဲ့လောင်းလုံးမြို့နယ်အတွင်းက စစ်တပ်စခန်းများကို ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ဦးထက်မနည်း သေဆုံး 


ဖေဖော်ဝါရီ


တနင်္သာရီတိုင်း ထားဝယ်မြို့နဲ့လောင်းလုံးမြို့နယ်အတွင်းက စစ်တပ်စခန်းတွေကို ဒရုံးနဲ့ဗုံးကြဲတိုက်ခိုက်ရာမှာ စစ်သား ဦး ထက်မနည်း သေဆုံးသွားတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -LLPDF က ဒီနေ့ ဖေဖော်ဝါရီ မှာ ထုတ်ပြန်ပါတယ်။

အဓမ္မစစ်မှုထမ်းစေခိုင်းရန်လုပ်ဆောင်နေတဲ့ ရန်သူစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စစ်စခန်းတည်နေရာတွေကို ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာတွေကို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ပြည်သူလူထုကို နည်းမျိုးစုံနဲ့ ပေါ်တာဆွဲဖမ်းဆီးပြီး စစ်‌အာဏာရှင်မင်းအောင်လှိုင်အလိုကျ အဓမ္မစစ်မှုထမ်းစေခိုင်းဖို့ လုပ်ဆောင်နေတဲ့အတွက် တိုက်ခိုက်ခဲ့တာလို့လည်း LLPDF က အသိပေးထားပါတယ်။

လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာက ရေခဲစက်ဟောင်းမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်နဲ့ တာဝါတိုင်ကုန်းကို ဇန်နဝါရီ ၂၅ မှာ ဒရုန်းနဲ့ ဗုံးသီးတွေကြဲချခဲ့ရာ စစ်သား ဦးသေဆုံးပြီး ဦး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

 ဇန်နဝါရီလ ၂၆ ရက်နေ့ မနက် ၁ဝ နာရီခွဲအချိန်မှာလည်း ဘုရားတောင် တာဝါတိုင်ကုန်းကို ဒရုန်းဗုံးသီး၂လုံး ထပ်မံကြဲချခဲ့ပြီး နေလည် ၁၂ နာရီကျော်အချိန်မှာ ကျောက်နီမော်ရွာ ရေခဲစက်ရုံဟောင်း လက်နက်ကြီးပစ်ကွင်းကို ဒရုန်းဗုံးသီးတလုံး ထပ်မံ ကြဲချ တိုက်ခိုက်ခဲ့ရာ စစ်သား ဦး သေဆုံးသွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အလားတူ ဖေဖော်ဝါရီလ ရက်နေ့ နေ့လည် နာရီခန့်အချိန်မှာ ထား၀ယ်မြို့ ကြက်စားပြင်ရပ်ကွက်မှာရှိတဲ့ နတလရုံး၊ နေ့လည် ၂နာရီအချိန်မှာ လောင်းလုံးမြို့နယ်ထွေအုပ်ရုံး၊ ညနေ နာရီနဲ့ နာရီ ၄ဝ အချိန်မှာ လောင်းလုံးမြို့နယ် ရဲစခန်းကို ဗုံးသီးချတိုက်ခိုက်ခဲ့တာရှိပြီး ဒီတိုက်ခိုက်တွေနဲ့ပတ်သက်လို့ ရန်သူစစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေကို   အတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုတွေကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ TPLFတို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲ‌ဘော်တွေဟာ ဇန်နဝါရီလ ၂၈ ရက်နေ့ နာရီခန့်အချိန်ကလည်း မောင်းမကန်ရဲစခန်းကို ရှောင်တခင်သွားရောက်ပစ်ခတ်ခဲ့တာရှိပြီး လက်နက်မတော်တဆမှုကြောင့် လောင်းလုံးပကဖ ရဲဘော်တဦး မစိုးရိမ်ရဒဏ်ရာရခဲ့အတွက် ပြန်လည်ဆုတ်ခွာခဲ့ရပြီး ရန်သူစစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု ရှိမရှိ အတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေတယ်လို့ LLPDF တပ်ဖွဲ့က ပြောပါတယ်။

လောင်းလုံးပကဖဘက်က စစ်ဆင်ရေးဆောင်ရွက်ချက်တွေ အရှိန်အဟုန်နဲ့ တိုးမြှင့်လုပ်ဆောင်ဖို့ရှိနေအတွက် မိဘပြည်သူ များအနေနဲ့ စစ်ရေးသတင်းတွေ နားစွင့်ထားဖို့နဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ကြီး ကျည်ဆန်များ၊ မပေါက်ကွဲသေးတဲ့ မိုင်း နဲ့ လက်နက်ခဲယမ်းအကြွင်းအကျန်တွေကို ကိုင်တွယ်တာမျိုးမလုပ်ဘဲ ဆက်သွယ်အကြောင်းကြားပေးကြဖို့ လောင်းလုံးမြို့ နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -LLPDF က  အသိပေးထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်




#RadioNUGLocalNews

#SpringRevolution




Share:

No comments:

Post a Comment