15th Mar 2025 - Evening Daily News by Radio NUG

 


၂၀၂၅ မတ်လ ၁၅ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨၁။ကုလသမဂ္ဂဆိုင်ရာ မြန်မာသံရုံးကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်းသွားရောက်ခဲ့ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းတွေ့ဆုံ

📌 ⁨⁨⁨⁨⁨⁨⁨၂။ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း စုဆောင်းရရှိခဲ့သည့် အကြမ်းဖက် စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများထုတ်ပြန်

📌 ⁨⁨⁨⁨⁨⁨⁨၃။ရွှေဘိုမြို့ကနေ ရိက္ခာထုတ်ပြီးပြန်လာတဲ့ စစ်တပ်ကားတန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ စားဆီပုံးတွေ သိမ်းဆည်းရရှိ 


========================


၂၀၂၅ ခုနှစ် မတ်လ ၁၅ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။⁨⁨⁨ စဉ့်ကူး လက်ပံလှရွာကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ၂၇ ဦး သေဆုံးပြီး ၃ဝ ကျော် ဒဏ်ရာရ

🚩 ⁨⁨၂။ မိုးဗြဲမှာ တပ်ဆုတ်ပေးခဲ့ရသည့်ရှေ့တန်းကင်းကို ကရင်နီတပ်ပေါင်းစုပြန်ရရှိခဲ့ပြီး စစ်သား ၁၅ ဦးထက်မနည်းသေဆုံးကာ သေနတ် လက်သိမ်းဆည်းရရှိ

🚩 ⁨⁨၃။ လောင်းလုံးမြို့နယ်ထဲက ကျောက်နီမော် ပျူစောထီးစခန်းကိုတိုက်ခိုက်မှုမှာ စစ်အုပ်စုဘက်က ဦး ပြင်းထန်ဒဏ်ရာရ

🚩၄။⁨⁨ ထိုင်း-မြန်မာနယ်စပ်က စစ်ကောင်စီရဲ့ ပူးလူးတူစခန်းသိမ်းတိုက်ပွဲမှာ စစ်သား ၁၂ ဦး သေဆုံးပြီး ၁၁ ဦး ထိုင်းဘက် ထွက်ပြေး  

🚩၅။ တောင်သာနယ်က စစ်တပ် တပ်စွဲထားတဲ့ ဇဂျမ်းဂိတ်နဲ့ စွပ်ကျယ်စက်ရုံကို တိုက်ခိုက်မှုမှာ စစ်သား ဦးသေဆုံးပြီး  

🚩 ⁨⁨၆။ အောင်လံအခြေစိုက် ကပစ ၁၅ က ကင်းပတ်ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ရာမှာ စစ်သား ဦး သေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨⁨၁။ကုလသမဂ္ဂဆိုင်ရာ မြန်မာသံရုံးကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်းသွားရောက်ခဲ့ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းတွေ့ဆုံ


မတ်လ ၁၅ရက်


အမေရီကန်ပြည်ထောင်စုကို Suu 80th Birthday Campaign အတွက် ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကိုထိန်လင်းဟာ နယူးယောက်မြို့က ကုလသမဂ္ဂဆိုင်ရာ မြန်မာသံရုံးကို ဒီနေ့သွားရောက်ခဲ့ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ 

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံရုံးတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့တွေ့ဆုံခဲ့တဲ့ ကိုထိန်လင်းဟာ သံအမတ်ကြီးအတွက် Suu 80th Birthday အမှတ်တရထုတ်ဝေတဲ့ ပြက္ခဒိန်ကို လက်ဆောင်ပေးခဲ့တယ်လို့ ကိုထိန်လင်းနဲ့အတူသွားရောက်ခဲ့သူ တွေက ဆိုပါတယ်။ 

သံအမတ်ကြီးကလည်း ကိုထိန်လင်းရဲ့ခရီစဉ်များအကြောင်းမေးမြန်းခဲ့ပြီး Campaign အောင်မြင်ပါစေ ကြောင်းနဲ့ လိုအပ်တာတွေကူညီပေးဖို့ရှိတဲ့အကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ကိုထိန်လင်းဟာ မတ်လ ၁၃ ရက်နေ့ကလည်း နယူးယောက်မှာရှိတဲ့ ကုလသမဂ္ဂရုံးချုပ်မှာကျင်းပခဲ့တဲ့ UN Event မှာ မြန်မာနိုင်ငံမှာရှိတဲ့ စစ်ဘေးသင့်အမျိုးသမီးများ၊ ကလေးများခံစားရတဲ့ Post Trauma Stress Disorder (PTSD) အကြောင်း အလေးပေးဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။ 

ဒါ့အပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေလိုအပ်နေတဲ့ လူဦးရေနဲ့ လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေတွေကိုလည်း အသေးစိတ်တင်ပြဆွေးနွေးခဲ့တယ်လို့လည်း အသိပေးပါတယ်။ 

ကိုထိန်လင်းက ဒီခရီးစဉ်မှာ မေမေနဲ့အတူ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ဖို့၊ မြန်မာနိုင်ငံရဲ့ စစ်ဘေးခံပြည်သူတွေ အမြန်ဆုံး လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီရရှိဖို့ ဦးစားပေး လုပ်ဆောင်ပြီး အမေရိကားရောက် မြန်မာနွယ်ဖွားတွေအပါအဝင် ကူညီထောက်ပံ့ပေးသူတွေနဲ့ပါ တွေ့ဆုံသွားတယ်လို့ ဆိုပါတယ်။

Suu 80th Birthday Campaign အတွက် မြန်မာပြည်သူများနဲ့တွေ့ဆုံမယ့်ပွဲကို ဒီနေ့ မတ်လ ၁၅ ရက်မှာကျင်းပမှာဖြစ်ပြီး ကိုထိန်လင်းနဲ့အတူ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီး နော်စူစန်နာလှလှစိုး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး ဒေါက်တာရှောင်တာနယ်လ်တို့ တက်ရောက်မှာ ဖြစ်ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨၂။ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း စုဆောင်းရရှိခဲ့သည့် အကြမ်းဖက် စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများထုတ်ပြန်


မတ်လ ၁၅ရက်


အကြမ်းဖက်စစ်အုပ်စုရဲ့  ၂၀၂၅ ခုနှစ်၊ဖေဖော်ဝါရီလအတွင်း လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှု စုစုပေါင်း (၆၀၄) မှုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ကောက်ယူ၊ မှတ်တမ်းတင် ထားရှိပါတယ်။

ဖေဖော်ဝါရီလအတွင်း စစ်ကိုင်းတိုင်းသည် လူ့အခွင့်အရေးချိုးဖောက်ခံရမှု အများဆုံးဖြစ်ခဲ့ပြီး ၁၂၄ မှုထိ ရှိခဲ့ကာ လေကြောင်းတိုက်ခိုက်ခံရမှုအကြိမ်အရေအတွက် ၆၈ ကြိမ်ရှိခဲ့ပြီး အများဆုံးတိုက်ခိုက်ခံခဲ့ရသည့်ဒေသဖြစ်ကြောင်းလည်းတွေ့ရှိရပါတယ်။

အခြားသော ချိုးဖောက်ခံမှု ဖြစ်စဉ်များ သေဆုံးသူအရေအတွက်နဲ့ ပျက်စီးဆုံးရှုံးမှုများကိုလည်း စနစ်တကျ မှတ်တမ်းတင်ထားရှိပြီးဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်များကို လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ Info-graph မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ 

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနှင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက် စစ်အုပ်စု၏ ကျူးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်။ 

( လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက လစဉ် update ပြုလုပ်လျက်ရှိသည့် Human Rights Violations’ Data Dashboard တွင်လည်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုဖြစ်စဉ်များနှင့် စပ်လျဉ်း၍  ကြည့်ရှုလေ့လာ ကိုးကားနိုင်တယ်လို့လည်း ဖေါ်ပြထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨၃။ရွှေဘိုမြို့ကနေ ရိက္ခာထုတ်ပြီးပြန်လာတဲ့ စစ်တပ်ကားတန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ စားဆီပုံးတွေ သိမ်းဆည်းရရှိ 


မတ်လ ၁၅ရက်


စစ်ကိုင်းတိုင်း ရွှေဘိုမြို့ကနေ ရိက္ခာထုတ်ပြီးပြန်လာတဲ့ အကြမ်းဖက်စစ်တပ် ကားတန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စားဆီ ပုံးတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

ရွှေဘိုမြို့နယ်ထဲက ပျူစောထီးရွာတွေဖြစ်တဲ့ ဇီးဖြူကုန်း၊ ပန်းရံနဲ့ဇီးကုန်းလေးရွာကနေ အင်အား ၅ဝ ခန့်ရှိတဲ့ စစ်အုပ်စု ကား စီးနဲ့ ရိက္ခာထုတ်သွားတယ်လို့ သတင်းရတဲ့အတွက် မနေ့ မတ်လ ၁၄ ရက် နေ့လည် နာရီ ၄၀ မိနစ်ခန့်မှာ တော်လှန်ရေး တပ်ဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

ရွှေဘို-ရေဦးလမ်းပိုင်းတနေရာမှာ တိုက်ခိုက်ခဲ့တဲ့ အဲဒီဖြစ်စဉ်မှာ တိုက်ပွဲကြာချိန် နာရီကျော်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်သားတွေပါတဲ့ ကားတစီး လမ်းဘေးမြောင်းထဲထိုးကျသွားပြီး စစ်သားတွေ ထွက်ပြေးသွားတယ်လို့ အသိပေးပါတယ်။

စစ်သားတွေထွက်ပြေးသွားတဲ့နောက် ရိက္ခာတင်တစီးနဲ့ကားပေါ်မှာပါလာတဲ့ စားဆီ ပေပါတလုံးနဲ့ ၁၀ ဂါလံဝင် စားဆီ ပုံး  သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေရှိပေမယ့် အရေအတွက်ကိုတော့ အတည်ပြုနိုင်တာမျိုးမရှိဘူးလို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ကားလမ်းဘေး မြောင်းထဲထိုးကျသွားတဲ့ကားကို အလွယ်တကူသယ်ယူရွှေ့ပြောင်းဖို့ မလွယ်တာကြောင့် မီးရှို့ရှင်းလင်းခဲ့ တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီတိုက်ခိုက်မှုကို ရွှေဘိုမြို့နယ် ပကဖ တာဝန်ခံရဲ့ကွပ်ကဲမှုနဲ့အတူ ရွှေဘိုမြို့နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့ - PDO က ဦးဆောင်ပြီး တိုက်နယ် - ပကဖ တိုက်ခိုက်ရေးအဖွဲ့၊ ဂဠုန်ကြီး ပကဖ၊ ဘီလူးညီနောင် ပကဖ၊ လှိုင်းလုံးနီအဖွဲ့၊ AK ပကဖ၊ တိုက်နယ် - Golden Future Force ပကဖ၊ MC ပကဖ၊ တဂဏ နဂါးမင်း ပကဖအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ် ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================



🚩🚩၁။⁨⁨⁨ စဉ့်ကူး လက်ပံလှရွာကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ၂၇ ဦး သေဆုံးပြီး ၃ဝ ကျော် ဒဏ်ရာရ


မတ်လ ၁၅ရက်


မန္တလေးတိုင်း စဉ့်ကူးမြို့နယ်ထဲက လက်ပံလှရွာကို အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးငယ် ဦး အပါအဝင် အရပ်သားပြည်သူ ၂၇ ဦး သေဆုံးပြီး ၃ကျော် ဒဏ်ရာရသွားတယ်လို့ MDY PDF က မြန်မာ- အင်္ဂလိပ် ဘာသာနဲ့ ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ လက်ပံလှကျေးရွာက လူစည်ကားရာ စျေးဆိုင်တန်းတွေကို မနေ့ မတ်လ ၁၄ ရက်နေ့ နေ့လည် နာရီ ကျော်အချိန်မှာ လေကြောင်းကနေ အကြောင်းမဲ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေထဲမှာ လသားအရွယ်ကလေးငယ်အပါအဝင် ကလေးငယ် ဦး ပါဝင်ပြီး အရပ်သားပြည်သူ ၃၂ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာရသူတွေထဲမှာ အသက်အန္တရာယ်စိုးရိမ်ရတဲ့သူတွေပါဝင်နေတာကြောင့် သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်ပြီး အိမ် လုံး မီးလောင်ပြာကျခဲ့တယ်လို့ ဒေသနေပြည်သူတွေက ပြောပါတယ်။ 

စစ်အုပ်စုဟာ မတ်လ ရက်နေ့ကလည်း စဉ့်ကူးမြို့နယ် လက်ပံလှရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာရှိပြီး အရပ်သား၂ဦး သေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ MDY PDF က ထုတ်ပြန်ထားပါတယ်။

လက်ပံလှရွာဟာ မန္တလေး - မိုးကုတ်ကားလမ်းပေါ်က စည်းကားတဲ့ရွာတရွာကြီးဖြစ်ပြီး လက်ပံလှရွာအပါအဝင် စဉ့်ကူးနယ် တနယ်လုံးကို MDY-PDF ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၄ နှစ်လည်ပိုင်းကတည်းက သိမ်းပိုက် ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

အဲ့ဒီလို စည်ကားလှတဲ့ လက်ပံလှရွာကိုမှ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲပြီး ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်သွားတဲ့ စစ်ကောင်စီကို အခုချိန်ထိ အသက်ဆက်ပေးနေကြတဲ့ လူတွေဟာလည်း စစ်ရာဇဝတ်မှုတွေကို သွယ်ဝိုက်သောနည်းနဲ့ အားပေးကူညီနေ ကြတာဖြစ်တယ်ဆိုတာ သတိပေးလိုက်ပါရစေလို့ MDY-PDF ကို ဦးဆောင်နေတဲ့ ဒေါက်တာစိုးသူရဇော်က သူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။

အခုလို တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်စိုးမိုးထားတဲ့ နယ်မြေတွေကပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက် မှုတွေကို အကြမ်းဖက်စစ်ကောင်စီက တစထက်တစ ပေါ်ပေါ်ထင်ထင် ကျူးလွန်လာတာကို တွေ့ရတယ်လို့ MDY PDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စဉ့်ကူးမြို့နယ်ဟာဆိုရင်လည်း တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထိန်းချုပ်ပြီးတဲ့နောက်ပိုင်း အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုဒဏ်ကို ကြိမ်ထက်မနည်းခံထားရတဲ့မြို့နယ်လို့ စစ်ရေးမှတ်တမ်းတွေအရ သိရပါတယ်။


========================


🚩🚩 ⁨⁨၂။ မိုးဗြဲမှာ တပ်ဆုတ်ပေးခဲ့ရသည့်ရှေ့တန်းကင်းကို ကရင်နီတပ်ပေါင်းစုပြန်ရရှိခဲ့ပြီး စစ်သား ၁၅ ဦးထက်မနည်းသေဆုံးကာ သေနတ် လက်သိမ်းဆည်းရရှိ


မတ်လ ၁၅ရက်


မိုးဗြဲမြို့ကတပ်ဆုတ်ပေးခဲ့ရတဲ့ ရှေ့တန်းကင်းနေရာအချို့ကို ပြန်လည်ရရှိခဲ့ပြီး တိုက်ပွဲအတွင်း စစ်သား ၁၅ ဦးထက်မနည်း သေဆုံးကာ သေနတ် လက်သိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF – B03 က ဒီနေ့ မတ်လ ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်က မတ်လ ၁၃ ရက်နေ့မှာ ဒရုန်းနဲ့ လက်နက်ကြီးတွေ အလွန်အကျွန်သုံးပြီး ထိုးစစ်ဆင်တိုက်ခိုက်မူကြောင့် ကရင်နီတပ်ပေါင်းစုဘက်က ရှေ့တန်းကင်းနေရာအချို့ တပ်ဆုတ်ပေးခဲ့ရတယ်လို့ဆိုပါတယ်။

အဲဒီလို စစ်တပ်ဘက်က အင်အားအလုံးအရင်းနဲ့တိုက်ခိုက်ခဲ့တာကို တော်လှန်ရေးအင်အားစုတွေက မတ်လ ၁၄ ရက်နေ့မှာ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့အတွက် စခန်းအချို့ပြန်ရပြီး စစ်တပ်ဘက်က စစ်သား ၁၅ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူများစွာနဲ့ ပြန်လည်ဆုတ်ခွာသွားကြတယ်လို့ အသိပေးပါတယ်။ 

ဒီတိုက်ပွဲမှာ လက်နက် လက်နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့ပြီး တော်လှန်ရေးအင်အားစုတွေဘက်မှာပါတဲ့ KNDF B03 က ရဲဘော်တဦး ကျဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဓာတ်ငွေ့ဗုံးတွေနဲ့ မီးလောင်ဗုံးတွေအပါအဝင် အသေခံဒရုန်းနေတဲ့ တိုက်ခိုက်ခဲ့တာကို တွေ့ရတယ်လို့လည်း KNDF B03 က ဆိုပါတယ်။

စစ်ကောင်စီဘက်က မီးလောင်ဗုံးတွေအသုံးပြုတိုက်ခိုက်တာကြောင့် မတ်လအတွင်း မိုးဗြဲမြို့ပေါ်ရပ်ကွက်တွေက နေအိမ် အနည်းဆုံး ၁၅ လုံးနဲ့အထက် မီးလောင်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

မိုးဗြဲမြို့ကိုပြန်ရဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာကစပြီး လူအင်အား လက်နက်အင်အား သာလွန် အသုံးပြုပြီး ထိုးစစ်ဆင်နေတာကို တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ ရှမ်းတောင်စစ်ဒေသခွဲ အမှတ် - ဗျူဟာ၊ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်နဲ့ အခြားတပ်ပေါင်းစုတွေ ခုခံတိုက်ခိုက်နေတာပဲဖြစ်ပါတယ်။


========================


🚩🚩 ⁨⁨၃။ လောင်းလုံးမြို့နယ်ထဲက ကျောက်နီမော် ပျူစောထီးစခန်းကိုတိုက်ခိုက်မှုမှာ စစ်အုပ်စုဘက်က ဦး ပြင်းထန်ဒဏ်ရာရ


မတ်လ ၁၅ရက်


တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်ထဲမှာရှိတဲ့ ကျောက်နီမော်ရွာက ပျူစောထီးစခန်းကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စုဘက်က ဦး ပြင်းထန်ဒဏ်ရာရသွားတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF က ဒီနေ့ မတ်လ ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။ 

 မတ်လ ရက်နေ့ကလုပ်ခဲ့တဲ့ ဒရုန်းတိုက်ခိုက်မှု စစ်ရေးသတင်းကို ထုတ်ပြန်လာတာပဲဖြစ်ပါတယ်။ 

အဲဒီနေ့မနက် ၁ဝ နာရီခန့်အချိန်မှာ ကျောက်နီမော်ရွာက ပျူစောထီးစခန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့ကရဲ‌ဘော်တွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ ဒရုန်းဗုံးသီးကျရောက်ပေါက်ကွဲမှုကြောင့် ပျူစောထီးဘန်ကာဘေးမှာရှိနေတဲ့ ရန်သူ ဦး ပြင်းထန်ဒဏ်ရာသွားတာ်လို့ဆိုပါတယ်။

 တော်လှန်ရေးပူးပေါင်းတပ်တွေတိုက်ခိုက်ပြီးချိန်မှာ စစ်အုပ်စုဘက်က လေကြောင်းကနေတန်ပြန်တိုက်ခိုက်ခဲ့သလို လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်ခဲ့တာတွေရှိပေမယ့်တော်လှန်ရေးရဲဘော်တွေ ဘေးကင်းစွာနဲ့ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။ 

ဒီတိုက်ခိုက်မှုကို လောင်းလုံး-ပကဖ ဒရုန်းတပ်ဖွဲ့၊ TPLF ဒရုန်းတပ်ဖွဲ့၊ Sky Ghost-1 ဒရုန်းတပ်ဖွဲ့၊ နွေဦးပြောက်ကျား ဒရုန်းတပ်ဖွဲ့‌နဲ့ ကျောင်းသားတော်လှန်ရေးတပ်-ဒရုန်းအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩၄။⁨⁨ ထိုင်း-မြန်မာနယ်စပ်က စစ်ကောင်စီရဲ့ ပူးလူးတူစခန်းသိမ်းတိုက်ပွဲမှာ စစ်သား ၁၂ ဦး သေဆုံးပြီး ၁၁ ဦး ထိုင်းဘက် ထွက်ပြေး  


မတ်လ ၁၅ရက်


ကရင်ပြည်နယ်အတွင်းက ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ပူးလူးတူစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ စစ်သား ၁၂ ဦး သေဆုံးပြီး ၁၁ ဦး ထိုင်းဘက် ထွက်ပြေးသွားတယ်လို့ KNU ဗဟိုက ဒီနေ့ မတ်လ ၁၅မှာ တရားဝင်ထုတ်ပြန် ပါတယ်။ 

KNU အုပ်ချုပ်မှုနယ်မြေထဲက လှိုင်းဘွဲ့မြို့နယ်အတွင်း စစ်ကောင်စီတပ် တပ်စွဲထားတဲ့ ခလရ ၃၁ ပွိုင့် ၁၂၄၈ ပူးလူးတူ ခြေကုပ်စခန်းကို KNLA တပ်မဟာ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ - KNDO နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက မနေ့ မတ်လ ၁၄ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့နဲ့ပတ်သက်လို့ တရားဝင်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ဒီစခန်းသိမ်းတိုက်ပွဲကာလအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံး၍ ၁၁ ဦး ထိုင်းဘက်ကိုထွက်ပြေး လွတ်မြောက် သွားခဲ့တယ်လို့ အသိပေးပါတယ်။  

ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်သားတွေထဲမှာ ဦးဟာ ဒဏ်ရာရရှိထားပြီး သူတို့နဲ့အတူ လက်နက်ငယ် လတ်နဲ့ လက်ပစ်ဗုံးတလုံး ပါသွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

အဲဒီပူးလူးတူစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ပေမယ့် ကရင်အမျိုးသား တပ်မတော် KNLA က ရဲဘော် ဦး ဒဏ်ရာရခဲ့ပြီး ဦးကတော့ တိုင်းပြည်နဲ့လူမျိုးအတွက် မြင့်မြတ်စွာနဲ့ အသက်ပေးလှူ ခဲ့ရတယ်လို့ သိရပါတယ်။


========================


🚩🚩၅။ တောင်သာနယ်က စစ်တပ် တပ်စွဲထားတဲ့ ဇဂျမ်းဂိတ်နဲ့ စွပ်ကျယ်စက်ရုံကို တိုက်ခိုက်မှုမှာ စစ်သား ဦးသေဆုံးပြီး  


မတ်လ ၁၅ရက်


မန္တလေးတိုင်း တောင်သာမြို့နယ်အတွင်းက အကြမ်းဖက်စစ်တပ် တပ်စွဲထားတဲ့ ဇဂျမ်းဂိတ်နဲ့ စွပ်ကျယ်စက်ရုံကို တိုက်ခိုက် ရာမှာ စစ်သား ဦးသေဆုံးပြီး ဂိတ်စခန်းနဲ့ ဂိုထောင်ကို မီးရှို့ရှင်းလင်းခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် တပ်ရင်းက ထုတ်ပြန်ပါတယ်။

တောင်သာမြို့ အနောက်ဘက်အထွက်မှာရှိပြီး အကြမ်းဖက်စစ်ကောင်စီတပ်က အင်အား ၅၀ ခန့်နဲ့ တပ်စွဲနေတဲ့ ဇဂျမ်းဂိတ် ကို မြင်းခြံခရိုင် အမှတ် တပ်ရင်းက တော်လှန်ရေးရဲဘော်တွေ မတ်လ ၁၄ ရက် နေ့လည်ပိုင်းမှာ တိုက်ခိုက်ခဲ့တာလို့ သိရပါ တယ်။

ဒီတိုက်ခိုက်မှုမှာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများတယ်လို့လည်း အသိပေး ပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးခန့်ဟာသံလမ်းဘက်ကနေ တော်လှန်ရေးတပ်ဖွဲ့ကို ပြန်ဝိုင်းပြီး တိုက်ခိုက်ခဲ့လာတဲ့အတွက် သေဆုံးသွားတဲ့ စစ်သားတွေရဲ့ လက်နက်ခဲယမ်းတွေကို မကောက်နိုင်တော့ဘဲ အထိုင်ဂိတ်စခန်း ကိုပဲ မီးရှို့ရှင်းလင်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီနောက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဟာ တောင်သာမြို့နယ်က စွပ်ကျယ်စက်ရုံမှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ ကိုလည်း ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စက်ရုံအတွင်းက ဘန်ကာ လုံး ပြိုကျပျက်စီးခဲ့ပြီး စစ်အုပ်စုနေတဲ့ ကြက်သွန်ဂို‌ထောင်ကို မီးရှို့ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ⁨⁨၆။ အောင်လံအခြေစိုက် ကပစ ၁၅ က ကင်းပတ်ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ရာမှာ စစ်သား ဦး သေဆုံး


မတ်လ ၁၅ရက်


မကွေးတိုင်း အောင်လံမြို့နယ်မှာ အခြေစိုက်တဲ့ ကပစ ၁၅ ကနေ ကင်းပတ်ဖို့ထွက်လာတဲ့ အကြမ်းဖက် စစ်တပ် စစ်ကြောင်း ကို တိုက်ခိုက်ရာမှာ စစ်သား ဦးသေဆုံးသွားတယ်လို့ သရက်ခရိုင် အမှတ် တပ်ရင်းက ပြောပါတယ်။

အောင်လံမြို့အခြေစိုက် ကပစ ၁၅ က အကြမ်းဖက်စစ်သား ၂၅ ဦးခန့်ဟာ သမ္ဘူလရွာနဲ့ အနီးပတ်ဝန်းကျင်ကို ကင်းပတ်ဖို့ မတ်လ ၁၃ ရက်နေ့ နာရီ ၄၀ မိနစ်ခန့်အချိန်မှာ ထွက်လာခဲ့ကြတယ်လို့ဆိုပါတယ်။

အဲဒီစစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက သမ္ဘူလတိုက်နယ်အတွင်းမှာရှိတဲ့ ဖောင်ရိုး-အင်းကြီး-ကျွဲခေါင်းရွာလမ်းဆုံကနေစောင့်ပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

ဒီတိုက်ပွဲဟာ ၁၀ မိနစ်လောသာကြာခဲ့ပြီး အကြမ်းဖက်စစ်သား ဦး သေဆုံးကာ ဦး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။ 

တိုက်ပွဲဖြစ်ပွားရာနေရာကနေ ပွိုင့် ၅၆ ကျည် ၅၂ တောင့်၊ MA-2 ကျည်ဘောက်တခုနဲ့ ဦးထုပ်တလုံး သိမ်းဆည်းရရှိခဲ့ပြီး ကပစ ၁၅ က အကြမ်းဖက်စစ်သားတွေ စစ်ကူရောက်လာတဲ့အတွက် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိအောင် ပြန်လည်ဆုတ်ခွာခ‌ြ့တယ်လို့ အသိပေးပါတယ်။

ဒီတိုက်ခိုက်မှုကို နေပြည်တော် တပ်ရင်း ၉ဝ၂ နေပြည်တော်တပ်ရင်း ၈ဝ၄ သရက်ခရိုင် အမှတ် တပ်ရင်း၊ မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - SMPDF နဲ့ အောင်လံ ပကဖ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်






#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment