22nd Mar 2025 - Evening Daily News by Radio NUG

၂၀၂၅ မတ်လ ၂၂ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨၁။⁨⁨ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနအနေနဲ့ လူသားစာနာကဏ္ဍအတွက် ကျပ် ၁၈ ဒသမ ဘီလီယံ သုံးစွဲခဲ့ပြီးလို့ဆို

📌 ⁨⁨⁨⁨⁨⁨⁨၂။ စစ်ကောင်စီရဲ့ လေကြောင်းရန်ကြောင့် KNU နယ်မြေက ကျောင်းသားတွေ ရာဘာတောထဲမှာ စာမေးပွဲဖြေခဲ့ရ

📌 ⁨⁨⁨⁨⁨⁨⁨⁨၃။ စစ်ရေးတင်းမာမှုတွေရှိနေတဲ့ကြားက လူ့အခွင့်အရေးနည်းပြသင်တန်းကို အညာဒေသမှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့


========================


၂၀၂၅ ခုနှစ် မတ်လ ၂၂ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ အင်းတော်သို့ စစ်ကူလာသော ရန်သူ့စစ်ကြောင်းကို တိုက်ခိုက်ချေမှုန်း

🚩၂။⁨⁨ ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ စစ်တပ်က လေကြောင်းကနေအပြင်းအထန်ခုခံနေပေမယ့် အောင်ပွဲတွေရထားတယ်လို့  CNO/CNDF ပြော

🚩၃။ တိုက်ပွဲပြင်းထန်းနေတဲ့ ဘော်လခဲမြို့မှာ စစ်သုံ့ပန်းတွေနဲ့လက်နက်ခဲယမ်းတွေရရှိခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေ KNDF ဒုစစ်ဦးစီးချုပ် ထုတ်ဖော်ပြသ

🚩၄။မိုးဗြဲမြို့ပြာကျအောင် စစ်ကောင်စီက မီးလောင်ဗုံးတွေနဲ့ နေ့စဥ်ပစ်ခတ်နေတယ်လို့ အမှတ် ဗျူဟာပြော

🚩 ⁨⁨၅။ရန်ကုန်ဒရုန်းနဲ့ ရန်ကုန်တော်လှန်ညီနောင် ဖွဲ့တို့ မဟာမိတ်ဖွဲ့စည်းကြောင်း ကြေညာ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨⁨၁။⁨⁨ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနအနေနဲ့ လူသားစာနာကဏ္ဍအတွက် ကျပ် ၁၈ ဒသမ ဘီလီယံ သုံးစွဲခဲ့ပြီးလို့ဆို


မတ်လ ၂၂ရက် 


လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနအနေနဲ့ လူသားစာနာကဏ္ဍအတွက် ၂ဝ၂၄ ခုနှစ် ဒီဇင်ဘာလကုန်အထိ ကျပ် ၁၈ ဒသမ ဘီလီယံ သုံးစွဲခဲ့ပြီးဖြစ်တယ်လို့ ပြောပါတယ်။

မနေ့ မတ်လ ၂၁ ကကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေနဲ့ ရှေ့လုပ်ငန်းစဥ်တွေ ရှင်းလင်းတင်ပြရာမှာ အခုလို အသိပေးပြောဆိုလိုက်တာဖြစ်ပါတယ်။

အစည်းအဝေးမှာ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက လူသားစာနာကဏ္ဍမှာ နေရပ်စွန့်ခွာသူတွေနဲ့ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့ အမိုးအကာတွေ ဖြည့်ဆည်းပေးတာ၊ သဘာဝဘေးအန္တရာယ် ထိခိုက်ခံစားရသူတွေကို ထောက်ပံ့ကူညီတာ၊ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရသူတွေနဲ့ ကျန်ရစ်သူ မိသားစုဝင်များ၊ နိုင်ကျဉ်းများနဲ့ သူတို့ မိသားစုဝင်များ၊ ထိခိုက်လွယ်ပြည်သူတွေဖြစ်တဲ့ မသန်စွမ်းသူ များနဲ့ သက်ကြီးရွယ်အိုများ၊ သူတို့ရဲ့ မိသားစုဝင်များ၊ အရန်ဆန် သိုလှောင်မှုအစီအစဉ်များ၊ ဗုံးခိုကျင်း တည်ဆောက်ပေး ခြင်းနဲ့ အသိပညာပေးခြင်းကဏ္ဍတို့အတွက် နည်းပညာနဲ့ ငွေကြေးအဖြစ် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်အထိ ကျပ် ၁၈ ဒသမ၂  ဘီလီယံ သုံးစွဲခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အပတ်စဉ် မိုးလေဝသသတင်းနဲ့ အရေးပေါ် မိုးလေဝသ ကြိုတင် အသိ/သတိပေး ခန့်မှန်းချက်များ ထုတ်ပြန်ခြင်း၊ ရာသီဥတု အချိန်အခါအလိုက်ဖြစ်ပွားတတ်တဲ့ ဘေးအန္တရာယ်တွေ သိမြင်နားလည်နိုင်ရေး အသိပညာပေးတာ၊ ကာလရှည် စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာဖူလုံရေးနဲ့ ဝင်ငွေရအလုပ်အကိုင်တွေရရှိစေရေး ပံ့ပိုးပေးနိုင်မယ့် အလှူရှင် အဖွဲ့အစည်းတွေ ရှာဖွေချိတ်ဆက်ပေးတာတွေ စတာတွေနဲ့ပတ်သက်လို့ ဝန်ကြီးဌာနက ဆောင်ရွက်ထားရှိမှုအခြေအနေ တွေနဲ့ ရှေ့လုပ်ငန်းစဥ်တွေလည်း ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။ 

တက်ရောက်လာတဲ့ ကော်မတီဝင်တွေက ဆွေးနွေးမေးမြန်း အကြံပြုခဲ့ကြပြီး ဒုတိယဝန်ကြီး ဒေါက်တာ ငိုင်းတမ်မောင်းနဲ့ တာဝန်ရှိသူတွေက ပြန်လည်ရှင်းလင်းဖြေကြားခဲ့တယ်လို့လည်း သိရပါတယ်။

ဒီအစည်းအဝေးကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူးနဲ့အဖွဲ့ဝင်များ၊ ရေးရာကော်မတီတွေက အဖွဲ့ဝင်များ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ငိုင်းတမ်မောင်းနဲ့ တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီက ထုတ်ပြန်ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨၂။ စစ်ကောင်စီရဲ့ လေကြောင်းရန်ကြောင့် KNU နယ်မြေက ကျောင်းသားတွေ ရာဘာတောထဲမှာ စာမေးပွဲဖြေခဲ့ရ


မတ်လ ၂၂ရက် 


စစ်ကောင်စီက စာသင်ကျောင်းတွေအပါအဝင် အရပ်သားနေထိုင်ရာနေရာတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ တိုက်ခိုက်နေတာကြောင့် ကရင်အမျိုးသားအစည်းအရုံး - KNU နယ်မြေက ကျောင်းသားတွေ ရာဘာတောထဲမှာ စာမေးပွဲ ဖြေဆိုခဲ့ကြရတယ်လို့ KNU ဒူးပလယာခရိုင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ အကြောက်တရားတွေကြားက ကြာအင်းဆိပ်ကြီးလို့ခေါ်တဲ့ ဝင်းရေးမြို့နယ်မှာ ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာနရဲ့ ကော်သူးလေ အစိုးရစစ်စာမေးပွဲ ဖြေဆိုပြီးစီးသွားတာလို့ ဆိုပါတယ်။

ရာဘာတောထဲမှာ စာသင်ခုံတွေချပြီး စာမေးပွဲဖြေဆိုခဲ့ကြတဲ့ ကျောင်းသား၊ကျောင်းသူတွေရဲ့ မှတ်တမ်းဓာတ်ပုံတွေလည်း ဖော်ပြထားပါတယ်။

ကရင်အမျိူးသားအစည်းအရုံးအုပ်ချုပ်နယ်မြေတွေမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေရှိနေပေမယ့် ဝင်းရေးမြို့နယ်မှာ ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာနရဲ့ ကော်သူးလေ အစိုးရစစ်စာမေးပွဲကို တာဝန်ရှိခေါင်းဆောင်တွေနဲ့ ကျောင်းဆရာ၊ဆရာမတွေ ပူးပေါင်းဆောင်ရွက်မှုနဲ့ မတ်လ ၁၄ ရက်ကပဲ အောင်မြင်စွာဖြေဆိုပြီးစီးခဲ့တယ်လို့  အသိပေး ပါတယ်။

ဒီ ကော်သူးလေအစိုးရစစ်စာမေးပွဲကို Karen Education Culture Department - KECD က Grade - 6912 စတဲ့ အတန်းတွေက ကျောင်းသား ကျောင်းသူတွေ နှစ်စဉ်ဖြေဆိုရပြီး အောင်လက်မှတ်တွေကိုလည်း နှစ်စဉ် ပေးတယ်လို့ သိရပါတယ်။

KNU ဗဟိုကလည်း ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်ကနေ ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်မှာဖြေဆိုခဲ့တဲ့ ကော်သူးလေ အစိုးရစစ်စာမေးပွဲကို အောင်မြင်ခဲ့တဲ့ ကျောင်းသား ကျောင်းသူတွေကို‌ အောင်လက်မှတ်တွေ ဂုဏ်ပြု ချီးမြှင့်ပေးခဲ့တဲ့ အကြောင်း ဒီနေ့ မတ်လ ၂၂ မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ KNU အုပ်ချုပ်နယ်မြေတွေက အရပ်သားနေထိုင်ရာနေရာတွေကို လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး စတာတွေနဲ့ တိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတဲ့အတွက် အရပ်သားပြည်သူတွေအပါအဝင် ကျောင်းသား၊ ကျောင်းသူနဲ့ ကလေးငယ်တွေ ထိခိုက်သေဆုံးခဲ့ရတာတွေရှိနေတယ်လို့ သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨၃။ စစ်ရေးတင်းမာမှုတွေရှိနေတဲ့ကြားက လူ့အခွင့်အရေးနည်းပြသင်တန်းကို အညာဒေသမှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့


မတ်လ ၂၂ရက် 


စစ်ရေးတင်းမာမှုတွေရှိနေတဲ့ အညာဒေသမှာ လူ့အခွင့်အရေးနည်းပြသင်တန်းတခု အွန်လိုင်းမှကျင်းပနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနနဲ့ အညာလေ့လာရေးစင်တာ Anyar Studies Institute တို့က ထုတ်ပြန်ပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနနဲ့ အညာလေ့လာရေးစင်တာတို့ ပူပေါင်းစီစဉ်တဲ့အဲဒီ သင်တန်းကို မတ်လ ရက်နေ့ကနေ ၁၄ ရက်နေ့ထိ ၁၁ ကြာ ကျင်းပတာလို့ဆိုပါတယ်။ 

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း ဦးဆောင်တဲ့ သင်တန်းအဖွဲ့ဟာ မကွေး၊ စစ်ကိုင်း နဲ့ ချင်းပြည်နယ်တို့မှာရှိတဲ့ မြို့နယ် ၁၉ ခုက သင်တန်းသားတွေကို လူ့အခွင့်အရေးဆိုင်ရာ အခြေခံသဘောတရားတွေအပြင် အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာမှုဆိုင်ရာဥပဒေရဲ့ သဘောတရားတွေ ပို့ချခဲ့တယ်လို့ သိရပါတယ်။

သင်တန်းမှာ လူ့အခွင့်အရေးအကြောင်းအရာတွေ ဂျဲန်ဒါဆိုင်ရာအကြောင်းအရာတွေနဲ့ နိုင်ငံတကာလူသားချင်းစာနာ ထောက်ထားမှုဥပဒေများအ‌ကြောင်း သင်ကြားခဲ့တယ်လို့လည်း အညာလေ့လာရေးစင်တာက အသိပေးထားပါတယ်။  

ဒါ့အပြင် လူ့အခွင့်အရေးသင်တန်းနည်းပြတွေကိုယ်တိုင် သင်ရိုးညွှန်းတမ်းရေးဆွဲနည်း၊ သင်တန်းတွင်းဆွေးနွေးမှု တွေမှာ ဆီလျော်ချောမွေ့အောင် ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေးစွမ်းရည် တိုးတက်စေရေးအတွက်လည်း လေ့ကျင့် သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။ 

သင်တန်းကာလအတွင်းမှာ စစ်ကောင်စီဘက်က လေယာဉ်တွေနဲ့ မကြခဏ လာရောက်ပစ်ခတ်တဲ့အတွက် လေယာဉ်သံကြားတာနဲ့ ရှောင်တိမ်းရတာ၊ စစ်ကြောင်းထိုးလာတွေကြောင့် ထွက်ပြေေရတာတွေနဲ့ရင်ဆိုင်ခဲ့ရပေ မယ့် သင်တန်းသား သင်တန်းသူတွေအနေနဲ့ သင်တန်းပြီးဆုံးအောင် တက်ရောက်ခဲ့ကြတယ်လို့ အဲဒီသင်တန်းကို တက်ရောက်ခဲ့တဲ့ သင်တန်းသားတဦးက ပြောပါတယ်။ 

အညာလေ့လာရေးစင်တာဥက္ကဋ္ဌ ဦးဗညားတိုးက ဒီသင်တန်းဟာ အညာတခွင်က လူ့အခွင့်အရေး၊ လွတ်လပ်မှုနဲ့ လူ့ဂုဏ်သိက္ခာနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေအပြင် တရားမျှတမှုဆိုင်ရာ လုပ်ငန်းတွေအတွက် အရေးကြီးတဲ့ လုပ်ဆောင်ချက်ဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့အရွေ့တခုကိုဖော်ဆောင်ဖို့ အရေးပါတဲ့ ခြေလှမ်းတခုဖြစ်တယ်လို့ အသိပေးပြောဆိုထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက်ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================




🚩🚩၁။ အင်းတော်သို့ စစ်ကူလာသော ရန်သူ့စစ်ကြောင်းကို တိုက်ခိုက်ချေမှုန်း


မတ်လ ၂၂ရက် 


စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်အစပ် ကသာမြို့နယ်၊ ပင်လွတ်ရွာအနီး ပန်းတောင်ကြီး၊ ပန်းတောင်လေးတောင်၌ ကသာမြို့ ခမရ-၃၀၉ မှ ထွက်လာသော စစ်ကောင်စီစစ်‌ကြောင်းအား မတ်လ (၁၅) ရက်တွင် တိုက်ခိုက်ရာ လက်နက် (၅၄) လက် သိမ်းဆည်းရမိခဲ့တဲ့တိုက်ပွဲသတင်းထုတ်ပြန်ချက်ကို  မတ်လ (၂၂) ရက်နေ့မှာ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ရုံးချုပ်မှ  ထုတ်ပြန်လိုက်ပါတယ်။

ဗိုလ်မှူး လင်းထက် ဦးစီးပြီး ခမရ (၁၀၆၊ ၃၀၉) ခလရ- ပူးပေါင်းအင်အား (၁၅၀) ခန့်ပါသော ၎င်းစစ်ကြောင်းအား အမှတ်() စစ်ဒေသကွပ်ကဲမှုဖြင့် EROs (KIA) KPDF ကသာခရိုင် တပ်ရင်း-၁၊ မိုးတားတိုက်နယ် ပကဖ နှင့် ကသာမြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့မှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါသည်။

စစ်ကောင်စီဘက်မှ (၃၃) ဦး သေဆုံးပြီး (၁၀) ဦး ထိခိုက်ဒဏ်ရာရ၍ (၃၁) ဦး ဖမ်းဆီးရမိသည်။ ရန်သူ့ထံမှ MA-1 (၂၉) လက်၊ MA-2 () လက်၊ MA-3 (၁၂) လက်၊ MA-4 () လက်၊ MA-11 () လက်၊ MA-15 () လက်၊ Anti Drone Gun () လက်၊ MA-10 ဗုံးသီး (၃၇) လုံး၊ MA ကျည် (၈၀၀၀) တောင့်၊ MA-15 ကျည် (၂၀၀၀) တောင့်၊ ၆၀ မမ ဗုံးသီး (၁၇) လုံး၊ ကျည်အိမ် (၁၁၃) ခု၊ ကျောပိုး Jammer () ခု၊ ဆက်သွယ်ရေးစက် () လုံး၊ အထိုင်ဖုန်း () လုံး၊ ကျည်ကာဦးထုပ် (၁၂) လုံး သိမ်းဆည်းရမိခဲ့သည်။ 

 

မိမိတို့ဘက်မှ ရဲဘော် () ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း အသိပေးထုတ်ပြန်ထားပါသည်။


========================


⁨⁨🚩🚩၂။⁨⁨ ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ စစ်တပ်က လေကြောင်းကနေအပြင်းအထန်ခုခံနေပေမယ့် အောင်ပွဲတွေရထားတယ်လို့  CNO/CNDF ပြော


မတ်လ ၂၂ရက် 


ချင်းပြည်နယ် ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်နဲ့ မဟာမိတ်တွေဖော်ဆောင်နေရာမှာ စစ်ကောင်စီဘက်က လေကြောင်းကနေ အပြင်းအထန် ခုခံတိုက်ခိုက်နေပေမယ့် ချင်းညီနောင် မဟာမိတ်တွေဘက်ကလည်း အောင်မြင်မှုတွေ ရရှိထားတယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ် - CNO/CNDF အထွေထွေအတွင်းရေးမှူး ဆလိုင်းဝီလီယံချင်းက ပြောပါတယ်။

ဒီနေ့ မတ်လ ၂၂ရက်မှာကျင်းပတဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲအတွက် ချင်းညီနောင်အဖွဲ့ ရန်ပုံငွေရှာဖွေရေးအစီအစဉ်မှာ အခုလို အသိပေးလိုက်တာဖြစ်ပါတယ်။

စစ်ကောင်စီဘက်က ဝေဟင်ကနေ အပြင်းအထန်တိုက်ခိုက်နေပေမယ့် ချင်းညီနောင် မဟာမိတ်တွေဘက်ကလည်း ဆုတ်ခွာခြင်းမရှိဘဲ စစ်ကောင်စီတပ်အထိုင်ကုန်းတွေကို သိမ်းယူထားနိုင်တယ်လို့ CNO/CNDF တာဝန်ရှိသူတွေက ဆိုပါတယ်။

စစ်ရေးအခြေအနေအရ သိမ်းယူထားနိုင်တဲ့ စစ်စခန်းကုန်းတွေကို လတ်တလောမှာပြောလို့ အဆင်မပြေသေးပေမယ့် မဟာမိတ်ရဲဘော်တွေ ရှေ့ဆက်တိုးနေတဲ့အတွက် မကြာခင်ကာလမှာ ချင်းပြည်နဲ့ ချင်းလူမျိုးတွေလွတ်မြောက်ဖို့ မြေပြင်က တပ်မှူးတွေအပါအဝင် တာဝန်ရှိတဲ့သူတွေ အဘက်ဘက်က ကူညီထောက်ပံ့နေတဲ့ ပြည်သူတွေနဲ့အတူ တိုက်ပွဲဝင်နေပါတယ် တယ်လို့လည်း အသိပေးပါတယ်။ 

တိုက်ပွဲမှာ မဟာမိတ်အင်အားစုတွေဘက်က ခိုက်ကျဆုံးမှုတွေရှိနေပေမယ့် ပိုကောင်းမွန်တဲ့အနိုင်ရရှိမှုများလည်းရှိနေတယ် လို့ သိရပါတယ်။

ဒါကြောင့် ဖလမ်းမြို့သိမ်းတိုက်ပွဲကိုဖော်ဆောင်နေတဲ့ ချင်းညီနောင်နဲ့ မဟာမိတ်တပ်တွေကို ပံ့ပိုးကူညီပေးကြဖို့ CNO/CNDF တာဝန်ရှိသူတွေက တိုက်တွန်းထားပါတယ်။ 

ချင်းညီနောင်နဲ့မဟာမိတ်တပ်တွေဟာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလယ်ပိုင်းကစပြီး ဖလမ်းနဲ့မင်းတပ်မြို့သိမ်းစစ်ဆင်ရေးကို တပြိုင်တည်း ဖော်ဆောင်ခဲ့ရာ မင်းတပ်မြို့ကို ဒီဇင်ဘာ ၂၁ ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပြီး ကန်ပက်လက်မြို့က စစ်ကောင်စီတပ် တွေ ညတွင်းချင်းဆုတ်ခွာသွားတဲ့အတွက် ဒီဇင်ဘာ ၂၂ ရက်မှာ ကန်ပက်လက်မြို့ကို ချင်းညီနောင်က ထပ်မံသိမ်းပိုက်နိုင်ခဲ့ တာကြောင့် ဖလမ်းမြို့သိမ်းတိုက်ပွဲကို ဆက်လက်ဆင်နွှဲနေတာပဲဖြစ်ပါတယ်။


========================


🚩🚩၃။ တိုက်ပွဲပြင်းထန်းနေတဲ့ ဘော်လခဲမြို့မှာ စစ်သုံ့ပန်းတွေနဲ့လက်နက်ခဲယမ်းတွေရရှိခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေ KNDF ဒုစစ်ဦးစီးချုပ် ထုတ်ဖော်ပြသ


မတ်လ ၂၂ရက် 


တိုက်ပွဲပြင်းထန်းနေတဲ့ ဘော်လခဲမြို့မှာ စစ်သုံ့ပန်းတွေဖမ်းဆီးရမိထားပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်ဆိုတဲ့ မှတ်တမ်းဓာတ်ပုံတွေကို KNDF ဒုစစ်ဦးစီးချုပ် မာဝီက ထုတ်ဖော်ပြသလိုက်ပါတယ်။

ဘော်လခဲတိုက်ပွဲနဲ့ ပတ်သက်တဲ့အခြေအနေကို KNDF ဒုစစ်ဦးစီးချုပ် မာဝီက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကတဆင့် မနေ့ မတ်လ ၂၁ ရက်ညပိုင်းနဲ့ ဒီနေ့ မတ်လ ၂၂ ရက် မနက်ပိုင်းမှာ အသိပေးလာတာဖြစ်ပါတယ်။

မတ်လ ၂၁ ရက်ညပိုင်းက ထုတ်ဖော်ပြသတဲ့ မှတ်တမ်းဓာတ်ပုံတွေအရ စစ်ကောင်စီတပ်ဘက်ကအသုံးပြုတဲ့ လက်နက်မျိုး စုံ ၁၈ လက်၊ ခဲယမ်းနဲ့ စစ်သုံးပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တာနဲ့ စစ်သုံ့ပန်း ဦးကို ဖမ်းဆီးထားတာအပြင် ဗိုလ်မှူးအဆင့် ရှိသူတဦးရဲ့ ပခုံးပေါ်က အပွင့်အခတ်ပါတဲ့ ဓာတ်ပုံတပုံကို ထုတ်ဖော်ပြသထားပါတယ်။

ကရင်နီပူးပေါင်းတပ်တွေဟာ ဘောလခဲမြို့က စစ်ကောင်စီအခြေစိုက်ရာနေရာတွေကို မတ်လ ၁၉ ရက်ကစပြီး ထိုးစစ် ဆင်ခဲ့ရာ မတ်လ ၂၁ ရက်နေ့အထိ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုတွေရှိနေတယ်လို့ စစ်ရေးသတင်း မှတ်တမ်းတွေအရ သိရပါတယ်။

မတ်လ ၂၂ ရက်မှာ ထုတ်ဖော်ပြတဲ့ ရုပ်သံမှတ်တမ်းမှာဆိုရင်လည်း ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးရမိထား ပြီး စစ်ဆေးမေးမြန်းနေတာတွေကိုတွေ့ရပါတယ်။

အချင်းချင်းပစ်ထားခဲ့တာ။ ကိုယ့်အဖွဲ့ခါကျ နေရာကောင်းယူပြီး အခြားအဖွဲ့ခါကျ အသေခံခိုင်းတာ။  စစ်တိုက်နေရင်း သူတို့ အချင်းချင်းရန်တွေဖြစ်နေတာ။ လေယာဉ်ကလည်း သူ့လူပေါ်တွေကိုလည်းကြဲတာပဲ လေယာဉ်က ငါတို့ကိုကြဲတာ မအံ့ဩ ပါဘူး။ သို့သော် သူ့လူတွေပေါ်ကို ဘလိုင်းကြီးကျဲတာတော့ အံ့ဩ လို့လည်း KNDF ဒုစစ်ဦးစီးချုပ် မာ၀ီက လမှုကွန်ယက် ကနေ အသိပေးထားပါတယ်။ 

KNDF ဒုစစ်ဦးစီးချုပ် မာဝီ ပြောတဲ့ ခမရ - ၅၁၅ ဟာ စကခ - လက်အောက်ခံတပ်ရင်းဖြစ်ပြီး - ဆိုတာဟာ ပဲခူတိုင်း အခြေစိုက် တပ်မ ၆၆ လက်အောက်ခံ ခလရ - လို့ သိရပြီး ဘောလခဲမှာ မြို့စောင့်တပ်တွေအပြင် နောက်ထပ်အင်အား ၅၀၀ ခန့် ထပ်ဖြည့်ထားတာရှိတယ်လို့လည်း သိရပါတယ်။

စစ်ဘက်ဆိုင်ရာသတင်းတွေအရ ဘောလခဲမြို့မှာ အခြေချစစ်ဗျူဟာ၊ ခမရ - ၄၂၉၊ ခမရ - ၄၃၀ နဲ့ ခလရ ၃၃၇ တို့ ရှိတဲ့ အပြင် ရှမ်းပြည်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ - လက်အောက်ခံတပ်ရင်းအချို့နဲ့ပါ အင်းအားဖြည့်ထား တယ်လို့လည်း သိရပါတယ်။


========================


🚩🚩၄။မိုးဗြဲမြို့ပြာကျအောင် စစ်ကောင်စီက မီးလောင်ဗုံးတွေနဲ့ နေ့စဥ်ပစ်ခတ်နေတယ်လို့ အမှတ် ဗျူဟာပြော


မတ်လ ၂၂ရက် 


ရှမ်း - ကရင်နီပြည်အစပ်မှာရှိတဲ့ မိုးဗြဲမြို့ ပြာကျစေလို့တဲ့ရည်ရွယ်ချက်နဲ့ စစ်ကောင်စီက မီးလောင်ဗုံးတွေနဲ့ နေ့စဥ် ပစ်ခတ်နေတယ်လို့ ရှမ်းတောင်စစ်ဒေသခွဲ အမှတ် - ဗျူဟာက မတ်လ ၂ဝ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မဟာမိတ်တပ်ပေါင်းစုတွေထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကြောင်း ခုနဲ့ စစ်ကြောင်းထိုးနေတဲ့အပြင် နည်းလမ်းမျိုးစုံနဲ့ တိုက်စစ်ဖွင့်ထိုးစစ်ဆင်လာတာ လခန့်ကြာမြင့်လာပြီလည်း အသိပေး ထားပါတယ်။

အဲဒီလို စစ်ကြောင်းထိုးလာတာမှာ အခုမတ်လအတွင်း စစ်ရေးပိုမိုပြင်းထန်လာပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ ကြီး၊ ငယ်တွေ နေ့စဥ်ဖြစ်နေကာ စစ်တပ်ဘက်က အထိနာနေတာကြောင့် ဖယ်ခုံနဲ့ လွိုင်ကော်မြို့ကနေ လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူအပြင် တိုက်ခိုက်ရေးဒရုန်းတွေ ကာမီကာဇေလို အသေခံဒရုန်းတွေနဲ့ပါ တိုက်ခိုက်လာတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ မိုးဗြဲမြို့ပြာကျစေလို့တဲ့ အဓိကရည်ရွယ်ချက်နဲ့ မီးလောင်ဗုံးတွေ အသုံးပြုပြီး ခမရ - ၄၂၂ တပ်ရင်းကနေ  နေ့စဉ်ပစ်ခတ်လာတာကြောင့် မိုးဗြဲမြို့ပေါ်ရပ်ကွက်က အိမ်အလုံး ၃၀ ထက်မနည်း မီးလောင်ပျက်စီးဆုံးရှုံးထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလို စစ်တပ်ဘက်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပေမယ့် လက်ရှိအချိန်ထိ မိုးဗြဲမြို့ကို ကာကွယ်ရေးတပ်ဖွဲ့ တွေက ဆက်လက်ထိန်းချုပ်ထားနိုင်ဆဲဖြစ်တယ်လို့ ရှမ်းတောင်စစ်ဒေသခွဲက ထပ်ပြီး အသိပေးပါတယ်။

မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီဟာ လူသားမဆန်တဲ့လုပ်ရပ်တွေလုပ်ဆောင်ပြီး ပြည်သူ ပိုင်အိမ်တွေကိုလည်း ဖျက်ဆီးနေတယ်လို့ ဆိုပါတယ်။

ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီပြည်ကို ချိတ်ဆက်ထားတဲ့ ပင်လောင်း-ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော်လမ်းမကြီးပေါ်က မိုးဗြဲမြို့ကို ကရင်နီတပ်ပေါင်းစုက ၂၀၂၃ မှာ ၁၁၁၁ စစ်ဆင်ရေးဖော်ဆောင်ပြီး ထိန်းချုပ်နိုင်ခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကို ရှမ်းတောင်စစ်ဒေသခွဲ အမှတ် - ဗျူဟာ၊ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် - KNDF အခြားတပ်ပေါင်းစုတွေ ခုခံနေတာဖြစ်တဲ့အတွက် စစ်ရေးဆိုင်ရာတွေနဲ့ဆေးဝါး တွေအပြင် စားနပ်ရိက္ခာတွေ ကူညီပံ့ပိုးပေးကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။


========================


🚩🚩 ⁨⁨၅။ရန်ကုန်ဒရုန်းနဲ့ ရန်ကုန်တော်လှန်ညီနောင် ဖွဲ့တို့ မဟာမိတ်ဖွဲ့စည်းကြောင်း ကြေညာ


မတ်လ ၂၂ရက် 

 

တူညီတဲ့ပန်းတိုင်ကိုသွားဖို့ လမ်းတူနေတဲ့အတွက် ရန်ကုန်ဒရုန်းနဲ့ ရန်ကုန်တော်လှန်ညီနောင် ဖွဲ့တို့ မဟာမိတ်အဖြစ် ဖွဲ့စည်းလိုက်တယ်လို့ ရန်ကုန်တော်လှန်ညီနောင် ဖွဲ့က ဒီနေ့ မတ်လ ၂၂ ရက်မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

လက်ရှိတော်လှန်ရေးကာလကနေ တော်လှန်ရေးပြီးတဲ့နောက် ပြန်လည်တည်ထောင်ရေးကာလတိုင်အောင် ပြည်သူ့အကျိုး အတွက် အတူလက်တွဲသွားဖို့ မဟာမိတ်ဖွဲ့စည်းခဲ့တာလို့ ဆိုပါတယ်။

ဒီ မဟာမိတ်အဖွဲ့က တော်လှန်ရေးကာလအတွင်းမှာ တဦးကိုတဦး ဖေးမကူညီပြီး လူထုအကျိုးကို ထမ်းဆောင်သွားကြမယ် လို့လည်း ကတိပြုထားတယ်လို့ အသိပေးထားပါတယ်။

ရန်ကုန်မြို့ပြမှာ ပြောက်ကျားသပိတ်တွေလှုပ်ရှားနေတဲ့ အင်အားစုတွေအနေနဲ့ မဟာမိတ်အဖြစ်ဖွဲ့စည်းခဲ့တာကို ဝမ်းမြောက်ဂုဏ်ယူစွာနဲ့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်





#RadioNUGLocalNews

#SpringRevolution


 

Share:

No comments:

Post a Comment