31st Mar 2025 - Morning Daily News by Radio NUG



၂၀၂၅ မတ်လ ၃၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အင်အား၇. အဆင့်ရှိ စစ်ကိုင်းမြို့ဗဟိုငလျင်လှုပ်ခတ်ပြီး၂ရက်အကြာ .၁အဆင့်ရှိမြေငလျင် မန္တလေးမှာထပ်မံလှုပ်ရှား

📌 ၂။ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအခြေစိုက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးသည့် အဖွဲ့အစည်းများမှတဆင့် ဒေါ်လာအမေရိကန် ဒေါ်လာ၂ သန်းအထိ ပံ့ပိုးကူညီပေးအပ်သွားမည်

📌 ၃။ ငလျင်ဘေးဒဏ်သင့် မြန်မာပြည်သူပြည်သားများအတွက် ယူကေအစိုးရမှ စတာလင်ပေါင် ၁၀ သန်း ထောက်ပံ့

📌 ၄။ ယူရို (၂၇၈၅)ကို (MoHADM) ထံ လွှဲပြောင်းပေးအပ်ပြီးဖြစ်တယ်လို့ NUGပြင်သစ်ကိုယ်စားလှယ်ရုံး အသိပေး

📌 ၅။ ၄၈ နာရီမပြည့်ခင် သိန်းပေါင်း ၄၅၀၀ ကျော် အချိန်နှင့်တပြေးညီ ကူညီနိုင်အောင် SCF မှ အမြန်ဆုံးလွှဲပြောင်းပေးနိုင်ခဲ့

📌 ၆။ ငလျင်ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းမြို့နယ်မှာ ရုပ်အလောင်းများ ရှင်းလင်းနိုင်ခြင်းမရှိသေးဘဲ အပုပ်နံ့ထွက်၍ ကယ်ဆယ်ရေးလုပ်ငန်းများ လိုအပ်ချက်ကြီးမားနေ


========================


၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မုံရွာနဲ့စစ်ကိုင်းကို လာကယ်တဲ့ ကယ်ဆယ်ရေးယာဥ်တန်းကို မိုင်းဆွဲတယ်ဆိုတဲ့ဖြစ်ရပ် အမှန်တကယ် ဖြစ်ပျက်တာမဟုတ်ဘဲ တော်လှန်ရေးအင်အားစုကို ပုံဖျက်တာလို့ NUGလူ့အခွင့်ရေးဆိုင်ရာဝန်ကြီးရှင်းလင်း

🚩 ၂။ နိုင်ငံတဝန်း ငလျင်ဘေး သင့်နေချိန်မှာ ဗန်းမော်မြို့ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

🚩 ၃။ ငလျင်ကယ်ဆယ်ရေးအတွက် ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့ကို အကြမ်းဖက်စစ်ခေါင်းဆောင်က ပြည်ဝင်ခွင့်မပေး

🚩 ၄။ မန္တလေးတိုင်းက စိုးမိုးနယ်မြေမှာ တော်လှန်ရေး အဖွဲ့တွေ ကူညီကယ်ဆယ်ရေး ဆောင်ရွက်

🚩 ၅။ BIMSTEC ထိပ်သီးဆွေးနွေးပွဲသို့ မင်းအောင်လှိုင်အား ဖိတ်ကြားခြင်းမပြုရန်နှင့် BIMSTEC မှ မြန်မာစစ်အုပ်စုအား ဖယ်ရှားရန် တောင်းဆို


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ၁။ အင်အား၇. အဆင့်ရှိ စစ်ကိုင်းမြို့ဗဟိုငလျင်လှုပ်ခတ်ပြီး၂ရက်အကြာ .၁အဆင့်ရှိမြေငလျင် မန္တလေးမှာထပ်မံလှုပ်ရှား


မတ်လ ၃၀ Radio NUG


အင်အား၇. အဆင့်ရှိ စစ်ကိုင်းမြို့ဗဟိုငလျင်လှုပ်ခတ်ပြီး၂ရက်အကြာ .၁အဆင့် ရှိမြေငလျင် မန္တလေးမှာထပ်မံလှုပ်ရှားခဲ့တယ်လို့ သတင်းရရှိပါတယ်။

မတ်လ ၃၀ မွန်းလွဲ နာရီ ၃၈ မိနစ်တွင် မန္တလေးမြို့အနီး ဗဟိုပြု၍ အင်အား ရစ်ချတာစကေး ဒသမ ရှိသော မြေငလျင်လှုပ်ရှားခဲ့ကြောင်း အမေရိကန် အခြေစိုက် USGS က သတင်းထုတ်ပြန်ပါတယ်။

မြန်မာပြည်တွင်း၊ မန္တလေးမြို့၏ အနောက်မြောက်ဘက် ၂၈ ကီလိုမီတာခန့်အကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး . အဆင့်နှင့် အတော်အသင့် အင်အားရှိသည့် မြေငလျှင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့တာဖြစ်တယ်လို့ NUGလူသားချင်းစာနာထောင်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနကလည်း သတင်းထုတ်ပြန်ထားပါတယ်။ လတ်တလောမှာ မန္တလေးမြို့အတွင်း နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့များနဲ့ ပိတ်မိနေတဲ့လူများကို ကယ်ထုတ်နေချိန်လည်းဖြစ်တယ်လို့ သိရပါတယ်။

မတ်လ၂၈ရက်နေ့ ငလျင်ကြောင့် သေဆုံးသူဦးရေ ,၀၀၀ ကျော်ရှိပြီဖြစ်သလို ဒဏ်ရာရသူဦးရေ ,၂၀၀ ကျော်ရှိပြီဖြစ်တယ်လို့ သိရှိထားပါတယ်။


========================


📌📌 ၂။ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအခြေစိုက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးသည့် အဖွဲ့အစည်းများမှတဆင့် ဒေါ်လာအမေရိကန် ဒေါ်လာ၂ သန်းအထိ ပံ့ပိုးကူညီပေးအပ်သွားမည်


မတ်လ ၃၀ Radio NUG


အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအခြေစိုက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးသည့်အဖွဲ့အစည်းများမှတဆင့် ဒေါ်လာအမေရိကန် ဒေါ်လာ၂ သန်းအထိ ပံ့ပိုးကူညီပေးအပ်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာပါတယ်။

မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် စစ်ကိုင်းငလျင်အတွက် အရေးပေါ် တုံ့ပြန်မှုအနေဖြင့်၊ အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံအခြေစိုက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးသည့် အဖွဲ့အစည်းများမှတဆင့် ဒေါ်လာအမေရိကန် ဒေါ်လာ၂ သန်းအထိ ပံ့ပိုး ကူညီပေးအပ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ထို့အပြင်  အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) အရေးပေါ်တုံ့ပြန်ရေးအဖွဲ့သည် အရေးပေါ် နားခိုစရာ၊ အစားအသောက်၊ ဆေးဝါးလိုအပ်ချက်နှင့် ရေရရှိနိုင်မှုအပါအဝင် ငလျင်ဘေးသင့်ဒေသများရှိ ပြည်သူများ၏ အပူတပြင်း လိုအပ်ချက်များကို သုံးသပ်ဖော်ထုတ်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိလာမှာ ဖြစ်တယ်လို့ဆိုပါတယ်။

ပျက်စီးဆုံးရှုံးမှုများမှ ပြန်လည်ထူထောင်ရန် ကြိုးပမ်းလျက်ရှိကြသော မြန်မာပြည်သူများနှင့်အတူ အမေရိကန်ပြည်ထောင်စုက ရပ်တည်လျက်ရှိပြီး အခက်အခဲကာလအတွင်း အသက်ဆုံးရှုံးမှုများနှင့် လမ်းပန်းဆက်သွယ်ရေး ပျက်စီးဆုံးရှုံးမှုများအတွက်လည်း အားလုံးနှင့်ထပ်တူ မိမိတို့ ဝမ်းနည်းစိတ်မကောင်းဖြစ်ရတယ်လို့ဖော်ပြပါတယ်။


========================


📌📌 ၃။ ငလျင်ဘေးဒဏ်သင့် မြန်မာပြည်သူပြည်သားများအတွက် ယူကေအစိုးရမှ စတာလင်ပေါင် ၁၀ သန်း ထောက်ပံ့


မတ်လ၃၀ရက်


မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံအလယ်ပိုင်းကို ပြင်းအား မဂ္ဂနီကျု . အဆင့်ရှိသော မြေငလျင်လှုပ်ခတ်ခဲ့ရာ ငလျင်ဘေးဒဏ်သင့် ပြည်သူပြည်သားများအတွက် ယူကေအစိုးရမှ စတာလင်ပေါင် ၁၀ သန်း ထောက်ပံ့ကြောင်း မတ်လ ၂၉ ရက်နေ့က ကြေညာခဲ့ပါတယ်။

ယူကေရန်ပုံငွေအစီအစဉ်သည် ငလျင်ဒဏ် အပြင်းထန်ဆုံးခံရသောဒေသများရှိ အကူအညီများကို ထပ်လောင်းတိုးမြှင့်ပေးသွားမည်ဖြစ်ပြီး အစားအစာနှင့် ရေထောက်ပံ့မှု၊ ဆေးဝါးနှင့် နေစရာအမိုးအကာများ ရရှိစေရန်အတွက် ဦးတည်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။

ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီး Baroness Chapman က"ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်ပြီးနောက် ယူကေက မြန်မာပြည်သူပြည်သားများထံ အသက်ကယ်အကူအညီတွေ ချက်ချင်းပေးပို့လျက်ရှိပါတယ်။ ယူကေမှ ရန်ပုံငွေထောက်ပံ့ထားတဲ့ ပြည်တွင်းမိတ်ဖက်အဖွဲ့အစည်းတွေက မြေပြင်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုတွေကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ပြီး အခုထောက်ပံ့လိုက်တဲ့ စတာလင်ပေါင် ၁၀ သန်းက ၄င်းတို့ရဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ပိုမိုအားကောင်းလာစေမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။

ဒီကြေကွဲဖွယ်ဖြစ်ရပ်အတွက် မြန်မာပြည်သူပြည်သားအားလုံးကို အလေးနက်ဆုံးသော ကိုယ်ချင်းစာမှုဖြင့် ကရုဏာသက်မိကြောင်းလည်း ဖော်ပြပါတယ်။


========================


📌📌 ၄။ ယူရို (၂၇၈၅)ကို (MoHADM) ထံ လွှဲပြောင်းပေးအပ်ပြီးဖြစ်တယ်လို့ NUGပြင်သစ်ကိုယ်စားလှယ်ရုံး အသိပေး


မတ်လ ၃၀ Radio NUG


အလှူငွေ စတင်ကောက်ချိန် မတ်လ ၂၈ ရက်ကနေ မတ်လ ၃၀ ရက်ထိ ယူရို (၂၇၈၅) ရရှိပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန (MoHADM) ထံ လွှဲပြောင်းပေးအပ်ပြီးဖြစ်တယ်လို့ NUGပြင်သစ်ကိုယ်စားလှယ်ရုံးမှ အသိပေးဆိုပါတယ်။

မတ်လ ၂၈ ရက်နေ့ မြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်မှုအပြီး စည်းလုံးညီညွတ်စွာ ကူညီပါဝင်ပေးကြသော ပြင်သစ်ရောက်မြန်မာများနှင့် မိတ်ဆွေပြင်သစ်များ၊ အယောက်ချင်းစီးတိုင်းကို ဦးစွာကျေးဇူးအထူးတင်ရှိအပ်တယ်လို့ ဖော်ပြပါတယ်။ လှူဒါန်းမှု မှတ်တမ်းလွှာများကိုလည်း ဆက်လက်ပို့ဆောင်ပေးနေတယ်လို့ဆိုပါတယ်။


========================


📌📌 ၅။ ၄၈ နာရီမပြည့်ခင် သိန်းပေါင်း ၄၅၀၀ ကျော် အချိန်နှင့်တပြေးညီ ကူညီနိုင်အောင် SCF မှ အမြန်ဆုံးလွှဲပြောင်းပေးနိုင်ခဲ့


မတ်လ ၃၀ Radio NUG


"မြေငလျင် သဘာဝဘေး၊ ထောက်ပံ့စာနာ ကူညီပေး " ကမ်ပိန်းမှာ ၄၈ နာရီမပြည့်ခင်မှာ မြန်မာငွေကျပ် သိန်းပေါင်း ၄၅၀၀ ကျော် ရရှိခဲ့တယ်လို့သိရပါတယ်။"မြေငလျင် သဘာဝဘေး၊ ထောက်ပံ့စာနာ ကူညီပေး " ကမ်ပိန်းမှာ ရရှိထောက်ပံ့ငွေများကိုလည်း အချိန်နှင့်တပြေးညီ အမြန်ဆုံးကူညီနိုင်အောင် ပထမအကြိမ်အဖြစ် သိန်း ၂၀၀၀ ကျပ်တိတိ၊ ယခုဒုတိယအကြီမ်အဖြစ် သိန်း ,၅၀၀ ကျပ် တိတိကို NUG အစိုးရ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနသို့ အောင်မြင်စွာလွှဲပြောင်းပေးလိုက်နိုင်ပြီဖြစ်ပါတယ်။ "မြေငလျင် သဘာဝဘေး၊ ထောက်ပံ့စာနာ ကူညီပေး " ကမ်ပိန်းမှာ ၄၈ နာရီမပြည့်ခင်မှာတောင် မြန်မာငွေကျပ် သိန်းပေါင်း ၄၅၀၀ ကျော်ရရှိပြီး နောက်ထပ်လည်း ဆက်တိုက်ပါဝင်လှူဒါန်းပေးနေကြတဲ့ ပြည်သူများအားလုံးကို ကျေးဇူးအထူးတင်ပါတယ်လို့ ဆိုထားပါတယ်။

ဆက်လက်ပြီးလည်း ဧပြီလ ၁၁ ရက်နေ့အထိ စိတ်ချယုံကြည်စွာ ဝိုင်းဝန်းပေးပို့ လှူဒါန်းနိုင်ပါတယ်လို့ SDBမှ ဖိတ်ခေါ်ထားပါတယ်။


========================


📌📌 ၆။ ငလျင်ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းမြို့နယ်မှာ ရုပ်အလောင်းများ ရှင်းလင်းနိုင်ခြင်းမရှိသေးဘဲ အပုပ်နံ့ထွက်၍ ကယ်ဆယ်ရေးလုပ်ငန်းများ လိုအပ်ချက်ကြီးမားနေ


မတ်လ၃၀ရက်


ငလျင်ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းမြို့နယ်မှာ ရုပ်အလောင်းများရှင်းလင်းနိုင်ခြင်းမရှိသေးဘဲ အပုပ်နံ့ထွက်၍ ကယ်ဆယ်ရေးလုပ်ငန်းများ လိုအပ်ချက်ကြီးမားနေတယ်လို့ ဒေသသတင်းအရင်းအမြစ်များက အတည်ပြုဆိုထားပါတယ်။ အဆိုပါဖြစ်ရပ်အား မတ်လ၃၀ရက်တွင် Radio NUGက အတည်ပြုမေးမြန်းရာ စစ်ကိုင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပြောကြားရာ"ဟုတ်ပါတယ်ခင်ဗျ ကယ်ဆယ်ရေးတွေ ထိထိရောက်ရောက် မလုပ်နိုင်သေးပါခင်ဗျ။ တက်ကြွလူငယ်တွေ အပြင်ရောက်နေပြီး မြို့တွင်းမှာ စကစနဲ့ပျူတွေပဲ ကြီးစိုးနေလို့ ကူညီကယ်ဆယ်ချင်ပေမယ့် မလုပ်နိုင်တဲ့ အခြေနေဖြစ်နေပါတယ်"လို့ ဖြေကြားပါတယ်။

ဒီဖြစ်စဥ်မှာ ဆေးဘက်ဆိုင်ရာစောင့်ရှောက်မှု ပေးအပ်ဖို့နဲ့ အခြေအနေကို အကဲဖြတ်ဖို့ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ရတာနဲ့ တပြိုက်နက် မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာရှိတဲ့ ဆေးဘက်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဝန်ထမ်းတွေက ငလျင်ဒဏ်သင့်ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ကူညီတုံ့ပြန်ဆောင်ရွက်ပေးဖို့ အဆင်သင့်ရှိတယ်လို့ နယ်စည်းမထားဆရာဝန်များအဖွဲ့ကလည်း ထုတ်ပြန်ကြေညာထားပါတယ်။

ထိရောက်တဲ့တုံ့ပြန်မှုတွေ ဆောင်ရွက်နိုင်ဖို့အတွက် ငလျင်အတွင်း ထိခိုက်ခဲ့တဲ့ဒေသတွေဆီ အမြန်ဆုံးသွားရောက်ဆောင်ရွက်ခွင့်၊ မရှိမဖြစ်လိုအပ်တဲ့ ထောက်ပံ့ပို့ဆောင်မှုပစ္စည်းတွေနဲ့ နည်းပညာရှင်တွေအတွက် အချိန်နဲ့တပြေးညီ ခွင့်ပြုပေးဖို့ အရေးကြီးတယ်လို့ဆိုထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့် မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================




🚩🚩 ၁။ မုံရွာနဲ့စစ်ကိုင်းကို လာကယ်တဲ့ ကယ်ဆယ်ရေးယာဥ်တန်းကို မိုင်းဆွဲတယ်ဆိုတဲ့ဖြစ်ရပ် အမှန်တကယ် ဖြစ်ပျက်တာမဟုတ်ဘဲ တော်လှန်ရေးအင်အားစုကို ပုံဖျက်တာလို့ NUGလူ့အခွင့်ရေးဆိုင်ရာဝန်ကြီးရှင်းလင်း


မတ်လ၃၀ရက်


မုံရွာနဲ့စစ်ကိုင်းကို လာကယ်တဲ့ ကယ်ဆယ်ရေးယာဥ်တန်းကို မိုင်းဆွဲတယ်ဆိုတဲ့ဖြစ်ရပ် အမှန်တကယ် ဖြစ်ပျက်တာမဟုတ်ဘဲ တော်လှန်ရေးအင်အားစုကို ပုံဖျက်တာလို့ NUGလူ့အခွင့်ရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းက ရှင်းလင်းပြောပါတယ်။

"မုံရွာကနေထွက်လာတဲ့ စစ်ကိုင်းမြို့ကို လာကူတဲ့ ကယ်ဆယ်ရေးယာဉ်တန်းကို မြင်းမူနားမှာ မိုင်းဆွဲခံရ၊  အပျက်စီးများနေတဲ့ ယာဉ်တန်းကို လုပ်တာကတော့ အလွန်အောက်တန်းကျပါတယ်။ ဆိုပြီး ဆိုရှယ်မီဒီယာမှာ ဝါဒဖြန့် လုပ်ဆောင်နေပါတယ်။ ဒီကိစ္စတခုက အမှန်တကယ် ဖြစ်ပျက်တာမဟုတ်ပဲ တော်လှန်ရေး အင်အားစုတွေရဲ့ လုပ်ဆောင်မှုတွေကို တိုက်ခိုက်ဖို့ရည်ရွယ် လုပ်ဆောင်တာ ဖြစ်တဲ့အကြောင်း အသိပေးလိုပါတယ်"လို့ဝန်ကြီးကပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စု ထောက်ခံတဲ့ လော်ဘီများဟာ သတင်းကို နကန်းတလုံးမှ မသိရှိဘဲ သတင်းတု၊ သတင်းယောင်များကို တယ်လီဂရန်ချန်နယ်များက တဆင့်ဝါဒဖြန့်လျက်ရှိနေတာကို သိရှိရပါတယ်။

"အကြမ်းဖက်စစ်အုပ်စုက ဆိုးရွားပြင်းထန်တဲ့ မြေငလျင်ဒဏ်ကြောင့် ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေအပေါ်မှာ လေကြောင်း တိုက်ခိုက်မှုတွေ  ကျူးလွန်နေပါတယ်။ ဒီလိုမျိုး ကျူးလွန်တဲ့အတွက် သဘာဝဘေးဒဏ် ခံစားနေရတဲ့ဒုက္ခအပြင် အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူ့ဘဝတွေကို ဆက်လက်ပြီးတော့ မြင်တွေ့နေရဆဲပါ။ တဖက်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ယာယီအပစ်အခတ်ရပ်စဲရေးတွေ လုပ်ဆောင်ပြီး လူသားချင်း စာနာမှုအကူအညီတွေကို လုပ်ဆောင်နိုင်ဖို့ စီစဉ်ဆောင်ရွက်နေချိန်မှာပဲ လူထုအမြင်မှားအောင် အကြမ်းဖက်စစ်အုပ်စုကနေ လုပ်ကြံဖန်တီးထားတဲ့ သတင်းတွေနဲ့ အသရေဖျက်တာတွေလည်း လုပ်ဆောင်နေပါတယ်"လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးက ပြောကြားထားပါတယ်။ ဒီသတင်းဟာ မဟုတ်မမှန်(သတင်းအမှား)ဖြစ်တယ်လို့  မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။ မတ်လ ၂၈ ရက်၊ ၂၉ ရက်နဲ့ ၃၀ ရက်နေ့ ညနေပိုင်းအထိ ကယ်ဆယ်ရေး ယာဉ်တန်းများ မြင်းမူမြို့နယ်အတွင်း ဖြတ်သန်းသွားလာခြင်း မရှိခဲ့သလို့ မိုင်းဆွဲတိုက်ခိုက်ခဲ့ ဖြစ်စဉ်လည်း မရှိခဲ့ဘူးလို့ မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဆိုပါတယ်။


လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ငလျင်ဒဏ်သင့် ဒေသများနှင့် ဆက်စပ်သော ခရိုင်များအတွင်း ခုခံကာကွယ်စစ်မှလွဲ၍ ထိုးစစ်အားလုံး ရက်သတ္တပတ် နှစ်ပတ်ကြာ (မတ် ၃၀ ရက် မှ ဧပြီ ၁၂ ရက်ထိ) ရပ်ဆိုင်းထားရန်အသိပေးထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ နိုင်ငံတဝန်း ငလျင်ဘေး သင့်နေချိန်မှာ ဗန်းမော်မြို့ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်


မတ်လ ၃၀ Radio NUG


ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို မိတ္ထီလာ လေတပ်မှ တက်လာတဲ့ စစ်ကောင်စီ တိုက်လေယာဉ်တစ်စီးက ဗုံးကြဲပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်က ပြောပါတယ်။

မတ်လ ၃၀ ရက် နေ့လည် ၁၂ နာရီကျော်ခန့်မှာ ဗန်းမော် မြို့ပေါ်ကို တိုက်လေယာဉ် တစ်စီးဖြင့် ဗုံး လုံး ကြဲချသွားခဲ့တာဖြစ်ပြီး အထိအခိုက် ပျက်စီးမှုကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ဗန်းမော်မြို့မှာ ၂၀၂၄ ဒီဇင်ဘာ ရက်‌နေ့က စတင်ကာ စစ်ကောင်စီ တပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေခဲ့တာ ဖြစ်ပြီး တိုက်ပွဲ ငြိမ်သက်နေတာ တပတ်ဝန်းကျင်ခန့် ရှိနေပြီလို့ သိရပါတယ်။

ဖျက်အားကြီးမားတဲ့ ငလျင်လှုပ်ခတ်ပြီးနောက် ပြည်သူတွေကို ကယ်တင်ဖို့ ကြိုးစားနေရမယ့် အချိန်မှာ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုတွေကို ဆက်လက် လုပ်ဆောင်နေပြီး မတ်လ ၂၈ ရက် ကနေ ဒီနေ့ထိ ဗုံးကြဲတိုက်ခိုက်မှု ၁၁ ကြိမ် ပြုလုပ်ခဲ့ရာ ပြည်သူ ၁၀ ဦး ထက်မနည်း သေဆုံးခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၃။ ငလျင်ကယ်ဆယ်ရေးအတွက် ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့ကို အကြမ်းဖက်စစ်ခေါင်းဆောင်က ပြည်ဝင်ခွင့်မပေး


မတ်လ ၃၀ Radio NUG


ငလျင်ကယ်ဆယ်ရေးအတွက် လေ့ကျင့်ထားတဲ့ ကယ်ဆယ်ရေးပညာရှင်အပါအဝင် သူနာပြုနဲ့ ဆရာဝန်တစ်ရာကျော်ပါဝင်တဲ့ ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့ကို အကြမ်းဖက်စစ်ခေါင်းဆောင်က ပြည်ဝင်ခွင့်မပေးဘူးလို့သိရပါတယ်။

ထိုင်ဝမ်လေဆိပ်မှာ ငလျင်ကယ်ကိရိယာတွေနဲ့ အရေးပေါ်ပစ္စည်း ၁၅တန်ပါ ကယ်ဆယ်ရေးအဖွဲ့ကို မြန်မာပြည်ဘက်လာဖို့ ပြည်ဝင်ခွင့်မပေးကြောင်း ထိုင်ဝမ်သတင်းအရင်းအမြစ်များက ဖော်ပြပါတယ်။

လက်ရှိမှာ အကြမ်းဖက်စစ်ခေါင်းဆောင်ဟာ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ ထိုင်းနဲ့ စင်ကာပူစတဲ့ နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့များကို ဝင်ခွင့်ပြုသော်လည်း စစ်ရုံးဆိုက်ရာ နေပြည်တော်ကိုသာ အများစုခေါ်ဆောင်သွားပြီး အကူအညီအများစု လိုအပ်နေတဲ့ စစ်ကိုင်းနဲ့ အခြားနေရာဒေသများကို ပို့ဆောင်ခြင်းမရှိဘူးလို့သိရပါတယ်။


========================


🚩🚩 ၄။ မန္တလေးတိုင်းက စိုးမိုးနယ်မြေမှာ တော်လှန်ရေး အဖွဲ့တွေ ကူညီကယ်ဆယ်ရေး ဆောင်ရွက်


မတ်လ ၃၀ Radio NUG


မန္တလေးတိုင်းအတွင်း စိုးမိုးနယ်မြေတွေမှာ ငလျင်ဒဏ် ခံခဲ့ရသူတွေကို တော်လှန်ရေး အဖွဲ့တွေက ကူညီ ကယ်ဆယ်ရေး ဆောင်ရွက်ခဲ့တယ်လို့ ဒေါက်တာ တေဇာစန်းက လူမှုကွန်ယက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) ဒေသအရေးပေါ် အုပ်ချုပ်ရေးအဖွဲ့၊ ဒေသ အုပ်ချုပ်ရေး (ပအဖ) ဒေသကာကွယ်ရေး (ပကဖ) တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး ငလျင်ဒဏ်သင့် ပြည်သူတွေကို ကယ်ဆယ်ရေး၊ ကူညီစောင့်ရှောက်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ထို့ပြင် ထိန်းချုပ်နယ်မြေ အတွင်းက အများပြည်သူ လုပ်ကိုင်နေတဲ့ ရွှေအင်း လုပ်ကွက်တချို့ ပြိုကျခဲ့တာကြောင့် လုပ်သားတချို့ ထိခိုက် သေဆုံးမှု ရှိခဲ့ပြီး အသက်ရှင်လျက် ပိတ်မိနေသူတွေကိုလည်း ကယ်ဆယ်နိုင်ရေး အစွမ်းကုန် ကြိုးပမ်းနေသလို သေဆုံးသူတွေရဲ့ ကျန်ရစ်သူ မိသားစုဝင်တွေကိုလည်း ကူညီထောက်ပံ့နိုင်ရေး စီမံဆောင်ရွက်နေတယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ BIMSTEC ထိပ်သီးဆွေးနွေးပွဲသို့ မင်းအောင်လှိုင်အား ဖိတ်ကြားခြင်းမပြုရန်နှင့် BIMSTEC မှ မြန်မာစစ်အုပ်စုအား ဖယ်ရှားရန် တောင်းဆို


မတ်လ ၃၀ Radio NUG


BIMSTEC ထိပ်သီးဆွေးနွေးပွဲသို့ မင်းအောင်လှိုင်အား ဖိတ်ကြားခြင်းမပြုရန်နှင့် BIMSTEC မှ မြန်မာစစ်အုပ်စုအား ဖယ်ရှားရန် တောင်းဆိုလိုက်ပါတယ်။

အဆိုပါအိတ်ဖွင့်ပေးစာကို မြန်မာနိုင်ငံနှင့် နိုင်ငံတကာ အရပ်ဘက်အဖွဲ့အစည်းကိုယ်စားပြုအဖွဲ့အစည်း ၃၁၉ ဖွဲ့က လက်မှတ်ရေးထိုး တောင်းဆိုတယ်လို့သိရပါတယ်။ ဘန်ကောက်မြို့တော်၌ ဧပြီလ ရက်နေ့မှ ရက်နေ့အထိ ကျင်းပရန် ပြင်ဆင်နေသည့် BIMSTEC ထိပ်သီးဆွေးနွေးပွဲနှင့် ပတ်သက်၍ ထိုင်းနိုင်ငံအစိုးရနှင့် BIMSTEC ခေါင်းဆောင်များအနေဖြင့် မြန်မာစစ်အုပ်စုခေါင်းဆောင်မင်းအောင်လှိုင်အား BIMSTEC ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ခွင့် တားဆီးပိတ်ပင်ခြင်း၊ BIMSTEC အစည်းအဝေးများနှင့် အခမ်းအနားအားလုံးမှ စစ်အုပ်စုကိုယ်စားလှယ်များနှင့် ၄င်းတို့ခန့်အပ်ထားသူအားလုံးအား ဖယ်ရှားခြင်းတို့ကို လုပ်ဆောင်ရန် တောင်းဆိုထားပါတယ်။

ထို့အပြင်တရားမဝင်စစ်အုပ်စုနှင့် ၎င်းတို့ကျူးလွန်သည့် နိုင်ငံတကာရာဇဝတ်မှုများအား ဆန့်ကျင်ရပ်တည်ပေးပါရန် လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်း ၃၁၉ များက အိတ်ဖွင့်ပေးစာနဲ့ ရေးသားပေးပို့ တောင်းဆိုထားပါတယ်။

မြန်မာစစ်အုပ်စုသည် မည်သည့်ဖွင့်ဆိုချက်ဖြင့်မှ အစိုးရတစ်ရပ် မဟုတ်ဘဲ အစည်းအဝေး အရေးပါမှု သို့မဟုတ် စစ်အုပ်စုကိုယ်စားလှယ်အဆင့်အတန်း မည်သို့ပင်ဖြစ်စေကာမှု ၎င်းတို့အနေဖြင့် မည်သည့် BIMSTEC အစည်းအဝေးများနှင့် လှုပ်ရှားမှုများတွင်မှ မြန်မာပြည်သူများအား ကိုယ်စားပြုရန် နိုင်ငံရေးအရ တရားဝင်မှုမရှိဘူးလို့ ထောက်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနှင့် မင်းသီဟန်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution


 

Share:

No comments:

Post a Comment