၂၀၂၅ ဧပြီလ ၁၄ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ရေးဆွဲပြီးဖြစ်တဲ့ ချင်းချာတာမူကြမ်းကို ညီလာခံခေါ်ယူကာ အတည်ပြုဆောင်ရွက်သွားမယ်လို့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)ကကြေညာ
📌 ၂။ စာနာသင်္ကြန် ကိုရီးယားမှ မြန်မာငလျင်ဘေးအတွက် ဝမ်သိန်း ၃၀၀ကျော် ထောက်ပံ့နိုင်မယ်လို့အသိပေး
📌 ၃။ ဂျာမနီမှ ၄၂ တန်ရှိသော အရေးပေါ်အထောက်အပံ့ပစ္စည်းများ ဉရောပသမဂ္ဂ၏လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလေကြောင်းတံတား အစီအစဉ်ဖြင့်မြန်မာပြည်ရောက်ရှိ
📌 ၄။ တော်လှန်သင်္ကြန် " အညာပစ်တိုင်းထောင်အသံ "သံချပ်ကို ဆားလင်းကြီးမြို့နယ် မီးလောင်ပြင်တစ်နေရာတွင် သံချပ်ထိုးခဲ့
📌 ၅။ အမေရိကန်ပြည်ထောင်စု မယ်ရီလန်းပြည်နယ်တွင်ကျင်းပခဲ့သော အဆိုတော်လင်းလင်းနှင့်ချစ်သုဝေတို့၏ ရောင်နီ Live in Maryland” ဂီတဖျော်ဖြေပွဲမှ အမေရိကန်ဒေါ်လာတစ်သိန်းသုံးသောင်းရရှိခဲ့
📌 ၆။ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အနီးတွင် ရစ်ချ်တာစကေး ၄.၇ အဆင့်နှင့် အင်အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခု ယနေ့မနက်လှုပ်ခတ်ခဲ့
========================
၂၀၂၅ ခုနှစ် ဧပြီလ ၁၄ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ကနီမြို့နယ်ကို အကြမ်းဖက်စစ်တပ်ကယနေ့မနက်လေကြောင်းတိုက်ခိုက်မှု၈ကြိမ်ပြုလုပ်ခဲ့
🚩 ၂။ အရာတော်မြို့နယ်တောင်ဖက်ခြမ်း စကစများအထိုင်ချတပ်စွဲထားသော စပါးတွင်းပျူရွာကို တော်လှန်ရေးတပ်များ ဒရုန်းနဲ့တိုက်ခိုက်
🚩 ၃။ ၄နှစ်တာကာလအတွင်း တိုက်ပွဲပေါင်း၁၇၀ ကျော်ပါဝင်ဆင်နွှဲခဲ့တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ်အသိပေး
🚩 ၄။ ဧရာဝတီတိုင်းလေးမျက်နှာမြို့နယ် ကမ်းပျိုတောင်ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော အကြမ်းဖက်စကစတပ်များထဲမှ (၃) ဦးထွက်ပြေး
🚩 ၅။ ကျားသစ်နက်စစ်ကြောင်း အပါတ်စဥ် ၄ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကျင်းပ
🚩 ၆။ လေကြောင်း၊ လက်နက်ကြီး၊ မိုင်း ဘေးအန္တရာယ်လျော့ချကာကွယ်ရေး အသိပညာပေးသင်တန်းဖွင့်လှစ်ခဲ့
🚩 ၇။ အကြမ်းစစ်အုပ်စုရဲ့စစ်တပ်ထဲက အချင်းချင်း မဖယ်ရှားနိုင်ရင် တော်လှန်ရေးအင်အားစုတွေက ဖယ်ရှားရတော့မှာဖြစ်ပြီး စစ်တပ်တခုလုံး ဖျက်သိမ်းပစ်ရမှာဖြစ်တယ်လို့ဆို
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ရေးဆွဲပြီးဖြစ်တဲ့ ချင်းချာတာမူကြမ်းကို ညီလာခံခေါ်ယူကာ အတည်ပြုဆောင်ရွက်သွားမယ်လို့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)ကကြေညာ
ဧပြီ၁၄ရက်
ရေးဆွဲပြီးဖြစ်တဲ့ ချင်းချာတာမူကြမ်းကို ညီလာခံခေါ်ယူကာ အတည်ပြုဆောင်ရွက်သွားမယ်လို့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)က ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)၏(၄)နှစ်ပြည့်အထိမ်းအမှတ် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ယခုအချိန်တွင် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)ကို ပြန်လည် ပြုပြင်ဖွဲ့စည်းပြီး အစုအဖွဲ့(၇)ဖွဲ့ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ရာ ချင်းချာတာမူကြမ်းကိုလည်းရေးဆွဲခဲ့ပြီး မကြာသောကာလအတွင်း ညီလာခံခေါ်ယူကာ အတည်ပြုဆောင်ရွက်သွားမျာဖြစ်တယ်လို့ဖော်ပြပါတယ်။
ချင်းညီနောင် (Chin Brotherhood) မှ နိုင်ငံတော်၏အာဏာကို လက်နက်အားကိုးဖြင့် အဓမ္မ သိမ်းယူသော အကြမ်ဖက်စစ်ကောင်စီကို တွန်းလှန်တိုက်ထုတ်ရာ ကျင်ဒွေး၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်း စသည့်မြို့သိမ်းအောင်ပွဲများဆင်နွဲ့နိုင်ခဲ့သည်မှာ ချင်းတစ်မျိုးသားလုံး သိရှိကြပြီးဖြစ်ကာ (၄)နှစ်တာကာလအတွင်း ချင်းပြည်တွင်ပေါ်ထွန်းလာနိုင်မည့် အာဏာရှင် လွမ်းမိုးချုပ်ကိုင်မှုစနစ်ကို ယနေ့အထိတားဆီးနိုင်ခြင်းကိုလည်း ဖော်ပြလိုတယ်လို့ဆိုပါတယ်။
ICNCC/CB အနေနဲ့ မဟာမိတ်များနှင့်ပူးပေါင်းကာ မြို့သိမ်းတိုက်ပွဲများဆက်လက်ဆောင်ရွက် သွားမယ်လို့လည်းအသိပေးဖော်ပြပါတယ်။
========================
📌📌 ၂။ စာနာသင်္ကြန် ကိုရီးယားမှ မြန်မာငလျင်ဘေးအတွက် ဝမ်သိန်း ၃၀၀ကျော် ထောက်ပံ့နိုင်မယ်လို့အသိပေး
ဧပြီ ၁၄ရက်
စာနာသင်္ကြန် ကိုရီးယားမှ မြန်မာငလျင်ဘေးအတွက် ဝမ်သိန်း ၃၀၀ကျော် ထောက်ပံ့နိုင်မယ်လို့ အသိပေးဖော်ပြပါတယ်။
ဧပြီလ ၁၃ ရက်နေ့တွင် ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ ဘူဖျောင်းရင်ပြင်တွင် ကျင်းပသည့် ငလျင်ဘေးအတွက် ပြည်သူ့ဝမ်းနည်းကြေကွဲမှုနှင့် နှစ်သိမ့်အားပေးမှု ဖော်ဆောင်ရန်ပုံငွေပွဲ - စာနာသင်္ကြန် ၂၀၂၅ ကိုရီးယားပွဲတွင် စတုဒိသာရောင်းရငွေ အပါအဝင် ရန်ပုံငွေ ဝမ် သိန်းသုံးရာကျော် ထောက်ပံ့နိုင်မှာဖြစ်တယ်လို့ဖော်ပြပါတယ်။
စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကော်မတီမှ ကြီးမှူးကျင်းပသည့် စာနာသင်္ကြန်သို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း တက်ရောက်၍ ကြေကွဲဆုတောင်းခြင်း၊ ပြည်သူများအတွက် နှစ်သိမ့်အားပေးခြင်းနှင့် ရိုင်းပင်းကူညီရေး အဖွင့်စကား ပြောကြားခဲ့ပါတယ်။
စာနာသင်္ကြန်တွင် မြန်မာအစားအစာ မုန့်မျိုးစုံ ၂၂- မျိုး ရောင်းချပြီး၊ တော်လှန်ရေးကင်ပိန်းများ၊ ဝန်ဆောင်မှုများကလည်း ပါဝင်အားဖြည့်ခဲ့ပါတယ်။
========================
📌📌 ၃။ ဂျာမနီမှ ၄၂ တန်ရှိသော အရေးပေါ်အထောက်အပံ့ပစ္စည်းများ ဉရောပသမဂ္ဂ၏လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလေကြောင်းတံတား အစီအစဉ်ဖြင့်မြန်မာပြည်ရောက်ရှိ
ဧပြီ ၁၄ရက်
ဂျာမနီမှ ၄၂ တန်ရှိသော အရေးပေါ်အထောက်အပံ့ပစ္စည်းများ ဉရောပသမဂ္ဂ၏လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလေကြောင်းတံတား အစီအစဉ်ဖြင့်မြန်မာပြည်ရောက်ရှိပြီဖြစ်တယ်လို့ ဧပြီ၁၄ရက်မှာ ဂျာမနီသံရုံး-ရန်ကုန်က သတင်းထုတ်ပြန်ပါတယ်။
"ဂျာမနီမှ ၄၂ တန်ရှိသော အရေးပေါ်အထောက်အပံ့ပစ္စည်းများသည် ဉရောပသမဂ္ဂ၏လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလေကြောင်းတံတား အစီအစဉ်ဖြင့် ယမန်နေ့က ရောက်ရှိလာပါပြီ။ ဤပစ္စည်းများမှာ ဂျာမန်ကြက်ခြေနီအသင်း မှ ပံ့ပိုးပေးထားခြင်းဖြစ်ပြီး ယာယီအမိုးအကာများ၊ သန့်ရှင်းရေးပစ္စည်းများနှင့်တခြားအရေးပေါ်လိုအပ်သောပစ္စည်းများစွာပါဝင်ကာ ဒေသခံမိတ်ဖက်အဖွဲ့အစည်းများမှ တဆင့်ငလျင်သင့်ဒေသရှိပြည်သူများထံသို့ ဖြန့်ဝေသွားမှာဖြစ်ပါတယ်"လို့ဖော်ပြပါတယ်။
မတ်လ၂၈ရက်မွန်းလွဲပိုင်းစစ်ကိုင်းမြို့ဗဟိုပြု၍လှုပ်ခတ်ခဲ့သောစစ်ကိုင်းငလျင်ကြောင့် မြန်မာနိုင်ငံတွင်းလူဦးရေထောင်နဲ့ချီသေဆုံးခဲ့ရပြီးနေအိမ်၊အဆောက်အဦများစွာပြိုကျပျက်စီးခဲ့ရပါတယ်။
========================
📌📌 ၄။ တော်လှန်သင်္ကြန် " အညာပစ်တိုင်းထောင်အသံ "သံချပ်ကို ဆားလင်းကြီးမြို့နယ် မီးလောင်ပြင်တစ်နေရာတွင် သံချပ်ထိုးခဲ့
ဧပြီ ၁၄ရက်
တော်လှန်သင်္ကြန် " အညာပစ်တိုင်းထောင်အသံ "သံချပ် ကို ဆားလင်းကြီးမြို့နယ် မီးလောင်ပြင်တစ်နေရာတွင်သံချပ် ထိုးခဲ့တယ်လို့သိရပါတယ်။
အညာပစ်တိုင်းထောင်လေးများအဖွဲ့သံချပ်တွင်CDMများကို ကူညီရန်သံချပ်ထိုးခဲ့ပြီး CDMများဒုက္ခရောက်နေပါက လစ်လျူရှုမထားရန်နဲ့ တော်လှန်ရေးတပ်ဦးဟာ CDMဖြစ်ကြောင်း ထုတ်ဖော်ခဲ့ကြပါတယ်။
အလားတူတောတွင်းနေရာအသီးသီးတွင် တော်လှန်သင်္ကြန်သံချပ်များ အသီးသီးထိုးခဲ့ကြပြီး ပြုပြင်ရန်အချက်များကိုသံချပ်ထိုးထောက်ပြခဲ့ကြပါတယ်။
========================
📌📌 ၅။ အမေရိကန်ပြည်ထောင်စု မယ်ရီလန်းပြည်နယ်တွင်ကျင်းပခဲ့သော အဆိုတော်လင်းလင်းနှင့်ချစ်သုဝေတို့၏ ရောင်နီ Live in Maryland” ဂီတဖျော်ဖြေပွဲမှ အမေရိကန်ဒေါ်လာတစ်သိန်းသုံးသောင်းရရှိခဲ့
ဧပြီ ၁၄ရက်
အမေရိကန်ပြည်ထောင်စု မယ်ရီလန်းပြည်နယ်တွင်ကျင်းပခဲ့သော အဆိုတော်လင်းလင်းနှင့် ချစ်သုဝေတို့၏ ရောင်နီ Live in Maryland” ဂီတဖျော်ဖြေပွဲမှ အမေရိကန်ဒေါ်လာတစ်သိန်းသုံးသောင်းရရှိခဲ့တယ်လို့ သိရပါတယ်။
ဧပြီလ ၁၂ ရက်နေ့က အဆိုပါဖျော်ဖြေပွဲကို အမေရိကန်ပြည်ထောင်စု မယ်ရီလန်းပြည်နယ်မှာကျင်းပခဲ့ပြီးတော့ မြန်မာအင်အားစုများရုံပြည့်ရုံလျှံအားပေးခဲ့ကြပါတယ်။
ဖျော်ဖြေပွဲမှ ရရှိတဲ့ငွေများကို တော်လှန်မိသားစုများ၏ ပြန်လည်ထူထောင်ရေး၊ကျဆုံးရဲဘော်များ၏ ကျန်ရစ်မိသားစုများ၊ CDM မိသားစုများ၊ Activists မိသားစုများ၊ နိုင်/ကျဉ်းမိသားစုများ၊မြေပြင်ခေါင်းဆောင်များ၏ ဦးဆောင်မှုဖြင့် ပညာရေးစရိတ်ပို့ဆောင်ခြင်း၊ တောင်ပေါ်၊တောင်အောက် ဒေသအနှံ့က တန်းတူ လူ့အခွင့်အရေးလှုပ်ရှားမှုများအတွက် အသုံးပြုသွားမယ်လို့သိရပါတယ်။
========================
📌📌 ၆။ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အနီးတွင် ရစ်ချ်တာစကေး ၄.၇ အဆင့်နှင့် အင်အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခု ယနေ့မနက်လှုပ်ခတ်ခဲ့
ဧပြီ ၁၄ရက်
၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့၊ မြန်မာစံတော်ချိန်နံနက် ၂ : ၃၂ မိနစ်အချိန်ခန့်တွင် ဒက္ခိဏသီရိမြို့နယ်အနီး မြေအောက်အနက် ၇.၆ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ချ်တာစကေး ၄.၇ အဆင့်နှင့် အင်အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခု ယနေ့မနက်လှုပ်ခတ်ခဲ့တယ်လို့ NUGလူသားစာနာဝန်ကြီးဌာနက သတိပေးဖော်ပြပါတယ်။
စစ်ကိုင်းငလျင်ကြီး၏ နောက်ဆက်တွဲ ငလျင်ငယ်များ ဆက်လက်လှုပ်ခတ်နိုင်သည့်အတွက် ငလျင်ဘေးဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြပါရန် ထပ်မံအသိပေးအပ်တယ်လို့ဆိုပါတယ်။
၂၀၂၅ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့ကလည်း မြန်မာစံတော်ချိန် နံနက် ၈ : ၅၄ မိနစ်အချိန်ခန့်တွင် မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့အနီး မြေအောက်အနက် ၇.၇ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ချ်တာစကေး ၅.၅ အဆင့်နှင့် အင်အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် သာကီမှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ကနီမြို့နယ်ကို အကြမ်းဖက်စစ်တပ်ကယနေ့မနက်လေကြောင်းတိုက်ခိုက်မှု၈ကြိမ်ပြုလုပ်ခဲ့
ဧပြီ ၁၄ရက်
စစ်ကိုင်းတိုင်း၊ကနီမြို့နယ်ကို အကြမ်းဖက်စစ်တပ်ကယနေ့မနက်လေကြောင်းတိုက်ခိုက်မှု၈ကြိမ်ပြုလုပ်ခဲ့တယ်လို့ ဧပြီ၁၄ရက်မှာ ကနီမြို့နယ်ဒေသခံ ကိုပြည့်အောင်နိုင်က အသိပေးဆိုထားပါတယ်။
"ကနီမြို့နယ် အရေးတကြီးသတိရှိကြပါ။ကနီမြို့နယ်တွင် ယနေ့နံနက်ပိုင်း(၇း၃ဝ- ၈းဝဝ)အချိန်အတွင်းစကစသည် Yellow Cat A-2 UAV Drone ၊ ဂျက်ဖိုက်တာ၊ ပါရာမော်တာလေထီး ၊ Y-12 ၊ Mi-35 များဖြင့် လေကြောင်းပစ်မှု့(၈)ကြိမ် ပြုလုပ်ခဲ့ပါတယ်"လို့ဆိုပါတယ်။ထိခိုက် ပျက်စီးမှု့အခြေအနေများကိုမသိရသေးဘဲလေကြောင်းတွင် စကစ၏ ယာဥ်များဝဲပျံနေဆဲ ဖြစ်တယ်လို့အသိပေးဆိုထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာမတ်လ၂၈ရက်မှဧပြီ၁၁ရက်အထိလေကြောင်းတိုက်ခိုက်မှု ၇၂ကြိမ်ပြုလုပ်ခဲ့ပြီး သေဆုံးသူ၁၀၅ဦးရှိခဲ့ကာ လက်နက်ကြီးပစ်ခတ်မှု အကြိမ်၃၀တွင် သေဆုံးသူ၆ဦးရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၂။ အရာတော်မြို့နယ်တောင်ဖက်ခြမ်း စကစများအထိုင်ချတပ်စွဲထားသော စပါးတွင်းပျူရွာကို တော်လှန်ရေးတပ်များ ဒရုန်းနဲ့တိုက်ခိုက်
ဧပြီ၁၄ရက်
အရာတော်မြို့နယ်တောင်ဖက်ခြမ်း စကစများအထိုင်ချတပ်စွဲထားသော စပါးတွင်းပျူရွာကို တော်လှန်ရေးတပ်များဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
B.I.A (ဒီပဲယင်း) LDF (ဒီပဲယင်းတိုက်နယ်၃ဒရုန်းအဖွဲ့) အဖွဲ့အနေနဲ့ ဧပြီ၁၁ရက် အရာတော်မြို့နယ်တောင်ဖက်ခြမ်း စကစများအထိုင်ချတပ်စွဲထားသော စပါးတွင်းပျူရွှာကို ဒေသခံမဟာမိတ်များမှ ဖိတ်ခေါ်သဖြင့် ဒေသခံရင်းများ ပကဖများနှင့် အတူပူးပေါင်းကာ Fixed Wing Drone များ လက်နက်ငယ်များဖြင့်တိုက်ခိုက်ခဲ့တယ်လို့အတည်ပြုထားပါတယ်။ပစ်မှတ်တိကျသဖြင့် စကစများဘက်မှ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ကြသော်လည်း တော်လှန်ရေးတပ်များအားလုံး အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ဆိုပါတယ်။
========================
🚩🚩 ၃။ ၄နှစ်တာကာလအတွင်း တိုက်ပွဲပေါင်း၁၇၀ ကျော်ပါဝင်ဆင်နွှဲခဲ့တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ်အသိပေး
ဧပြီ၁၄ရက်
၄နှစ်တာကာလအတွင်းတိုက်ပွဲပေါင်း၁၇၀ ကျော်ပါဝင်ဆင်နွှဲခဲ့တယ်လို့ ဧပြီ၁၃ရက် ချင်းအမျိုးသားအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း (၄)နှစ်ပြည့် ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားပါတယ်။
၄နှစ်တာကာလအတွင်းတိုက်ပွဲပေါင်း၁၇၀ ကျော်ပါဝင်ဆင်နွှဲခဲ့ပြီး မိမိတို့တဖွဲ့တည်းက ဆင်နွှဲခဲ့သောစခန်းသိမ်းတိုက်ပွဲ၂ကြိမ်အပါအဝင် စခန်းသိမ်းတိုက်ပွဲပေါင်း၁၃ကြိမ်ရှိခဲ့တယ်လို့ဖော်ပြပါတယ်။
တိုက်ပွဲကာလအတွင်း ကျဆုံးသူရဲဘော်၉၁ဦးရှိခဲ့ပြီး မသန်စွမ်းဖြစ်ခဲ့ရသူ၆၃ဦးရှိခဲ့တယ်လို့ဆိုပါတယ်။
ဒါ့အပြင်ချင်းပြည်စုစည်းတည်ထောင်ပြီးဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်လာရေးအတွက်ICNCC၊ NUCC၊CRPH၊NUGတို့နဲ့လည်းပူးပေါင်းဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။
========================
🚩🚩 ၄။ ဧရာဝတီတိုင်းလေးမျက်နှာမြို့နယ် ကမ်းပျိုတောင်ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော အကြမ်းဖက်စကစတပ်များထဲမှ (၃) ဦးထွက်ပြေး
ဧပြီ၁၄ရက်
ဧရာဝတီတိုင်းလေးမျက်နှာမြို့နယ် ကမ်းပျိုတောင်ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော အကြမ်းဖက်စကစတပ်များထဲမှ (၃) ဦးထွက်ပြေးခဲ့တယ်လို့ သတင်းအထူးတပ်ဖွဲ့-ပုသိမ်က ဖော်ပြပါတယ်။
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ၊ ပိန်နဲကွင်းရှာ၊ ကမ်းပျိုတောင်ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော အကြမ်းဖက်စကစများထဲမှ (၃) ဦးသည် ဧပြီ (၁၂) ရက်နေ့ ညတွင် ထွက်ပြေးသွားသဖြင့် လိုက်လံရှာဖွေနေကြတယ်လို့ဖော်ပြပါတယ်။
၎င်းတို့ထဲတွင်လည်း သဘောထားတွေကွဲလွဲနေကြပြီး .မဖြစ်မနေ၊နေကြရပေမယ့်..ထွက်ပြေးချင်သူများ၊ လက်နက်ချချင်သူများ ရှိနေကြကာ ထိုအုပ်စုတွင် အသက်ကြီးပိုင်းများ အများစု တွေ့ရှိရတယ်လို့ ဆိုထားပါတယ်။
========================
🚩🚩 ၅။ ကျားသစ်နက်စစ်ကြောင်း အပါတ်စဥ် ၄ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကျင်းပ
ဧပြီ၁၄ရက်
ကျားသစ်နက်စစ်ကြောင်း အပါတ်စဥ် ၄ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကျင်းပခဲ့ပါတယ်။တောင်ပိုင်းစစ်ဒေသ ၊ အမှတ် (၃၂)ဗျူဟာ ကျားသစ်နက်စစ်ကြောင်း အပါတ်စဥ် ၄ အခြေခံစစ်ပညာသင်တန်း ( ၁/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းနားကို ကျင်းပခဲ့တယ်လို့ ဧပြီ၁၄ရက်သတင်းထုတ်ပြန်ပါတယ်။
အခမ်းအနားတွင် စစ်ကြောင်းချီတက်ခြင်း၊စစ်ရေးပြခြင်း၊မိန့်ခွန်းများပြောကြားခဲ့ပြီး သင်တန်းသားများသစ္စာရေသောက်ခြင်းတို့ပြုလုပ်ခဲ့ကြပါတယ်။
========================
🚩🚩 ၆။ လေကြောင်း၊ လက်နက်ကြီး၊ မိုင်း ဘေးအန္တရာယ်လျော့ချကာကွယ်ရေး အသိပညာပေးသင်တန်းဖွင့်လှစ်ခဲ့
လေကြောင်း၊ လက်နက်ကြီး၊ မိုင်း ဘေးအန္တရာယ်လျော့ချကာကွယ်ရေး အသိပညာပေးသင်တန်း (အခြေခံရှေ့ဦးသူနာပြုစုခြင်း 1/2025) ကို သက်မွေးပညာကော်မတီ ကလေးခရိုင်နှင့် Mobile Medical Team (MMT West Division) တို့ ပူးပေါင်းစီစဥ် ဖွင့်လှစ်ခဲ့တယ်လို့သတင်းရရှိပါတယ်။သင်တန်းကို(၅) ရက်တာသင်ကြားခဲ့ခြင်း ဖြစ်ပြီး ကြားကာလပြည်သူ့ပညာရေးကျောင်းမှ ဆရာ၊ဆရာမ ၂၇ ဦး တက်ရောက်ခဲ့ပါတယ်။သင်ထောက်ကူအတွက် "ဘေးကင်းရိပ်မြုံကမ်ပိန်း" မှ ကူညီကာ လေကြောင်းရန်ကာကွယ်ရေးအဖွဲ့အတွက် ငွေကျပ် ၁၀သိန်းကိုလည်း လှူဒါန်းခဲ့ပါတယ်။
========================
🚩🚩 ၇။ အကြမ်းစစ်အုပ်စုရဲ့စစ်တပ်ထဲက အချင်းချင်း မဖယ်ရှားနိုင်ရင် တော်လှန်ရေးအင်အားစုတွေက ဖယ်ရှားရတော့မှာဖြစ်ပြီး စစ်တပ်တခုလုံး ဖျက်သိမ်းပစ်ရမှာဖြစ်တယ်လို့ဆို
ဧပြီ၁၄ရက်
အကြမ်းစစ်အုပ်စုရဲ့စစ်တပ်ထဲက အချင်းချင်း မဖယ်ရှားနိုင်ရင် တော်လှန်ရေးအင်အားစုတွေက ဖယ်ရှားရတော့မှာဖြစ်ပြီး စစ်တပ်တခုလုံး ဖျက်သိမ်းပစ်ရမှာဖြစ်တယ်လို့ ဧပြီလအတွင်း စစ်ရေးသတင်းများကိုသုံးသပ်ရေးသားနေတဲ့ PDFInsightကဖော်ပြပါတယ်။
"လက်ရှိအချိန်မှာ စစ်တပ်ဆိုတာ သူမိသားစုနဲ့ အနီးနားက လူတစုလို့ပဲ အဓိပ္ပါယ်ဖွင့်ရမှာပါ၊ အဲဒီလူတစုရဲ့ အကျိုးစီးပွားတွေအတွက် စစ်သားအားလုံးကို အသေခံ တိုက်ခိုင်းနေတာပါပဲ၊ အပေါ်မှာ တင်ပြခဲ့တဲ့ အချက်သုံးချက်ကို ဒီလူတစုက ဘယ်တော့မှ လုပ်မှာမဟုတ်လို့ ဒီလူတစုကို အရင် ဖယ်ရှားဖို့လိုတာပါ၊ စစ်တပ်ထဲက အချင်းချင်း မဖယ်ရှားနိုင်ရင်လဲ တော်လှန်ရေးအင်အားစုတွေက ဖယ်ရှားရတော့မှာပါ၊ အဲဒီအချိန်ဆိုရင်တော့ စစ်တပ်တခုလုံး ဖျက်သိမ်းပစ်ရမှာပါ၊ မဟုတ်ရင် ဒေါ်စိန်အေးသင်ရိုး ရထားခဲ့တဲ့ ဘယ်စစ်ဗိုလ်မဆို နေရာလေးရလာရင် အာဏာသိမ်းဖို့ပဲ စဥ်းစားနေမှာဖြစ်လို့ပါပဲ"လို့ဖော်ပြထားပါတယ်။
လက်ရှိမှာအကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရွေးချယ်တဲ့လမ်းကြောင်းအတိုင်း စစ်ရေးကသာလျင် အဆုံးအဖြတ်ဖြစ်မှာဖြစ်တယ်လို့ PDFInsightကဖော်ပြပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် သာကီမှ ပေးပို့ထားတာဖြစ်ပါတယ်
No comments:
Post a Comment