20th Apr 2025 - Evening Daily News by Radio NUG

 


၂၀၂၅ ဧပြီလ ၂၀ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ထိုင်း -မြန်မာနယ်စပ်မှာရှိတဲ့ ထီးထဗျူဟာစခန်းကို တော်လှန်ရေးတပ်တွေတိုက်ခိုက်သိမ်းပိုက် 

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။⁨⁨ ကင်မ် ဦးဆောင်တဲ့အဖွဲ့က ငလျင်ဘေးသင့် မိသားစုတထောင်စာ ထောက်ပံ့

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။⁩ ⁨ဝေဟင်မှာစီးချင်းထိုးမယ့် ဟင်္သာတို့ရဲ့အပြန် ဒရုန်းဝန်းရံကမ်ပိန်းမှာ ပူးပေါင်းပါဝင်‌ကြဖို့ မွန်တော်လှန်ရေးတပ် ဖိတ်ခေါ်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။⁨⁨ စစ်ကောင်စီဘက်က အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် ပစ်မှတ်ထား တိုက်ခိုက်ခံ ရနိုင်တဲ့ အဆောက်အအုံတွေနဲ့ဝေးတဲ့နေရာမှာ နေကြဖို့ KNU သတိပေး


========================


၂၀၂၅ ခုနှစ် ဧပြီလ ၂၀ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မြင်းမူမြို့နယ် ကန်တော်ရွာက ကလေးငယ်အပါအဝင် အရပ်သား ဦး သေဆုံး

🚩၂။ စစ်ကောင်စီရဲ့ လူမျိုးရေးဘာသာရေး သွေးခွဲမှုတွေကို တွေဝေမနေဘဲ ပြတ်ပြတ်သားသားတိုက်ခိုက်ကြဖို့ KNDF စစ်ရေးချုပ် သတိပေး

🚩၃။⁨⁨⁨⁨ မတူပီမြို့ပေါ်တနေရာကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက် ပါစတာ()ဦးအပါအဝင် ပြည်သူ()ဦး ဒဏ်ရာရရှိ၊ နေအိမ်တချို့ထိခိုက်ပျက်စီး

🚩၄။အေလာလေတပ်စခန်းကို ရှော့တိုက်ဒုံးနဲ့တိုက်ခိုက်မှုမှာ လေယာဉ်သိုလှောင်ရုံအပါအဝင် အဆောက်အအုံအချို့ပျက်စီးပြီး စစ်သား ဦး ဒဏ်ရာရ

🚩၅။ခလယ်လွီထူခရိုင်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် အရပ်သားတဦးသေဆုံးပြီး အိမ် လုံး ပျက်စီး 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ထိုင်း -မြန်မာနယ်စပ်မှာရှိတဲ့ ထီးထဗျူဟာစခန်းကို တော်လှန်ရေးတပ်တွေတိုက်ခိုက်သိမ်းပိုက် 


 ဧပြီလ ၂၀ရက်


တနင်္သာရီတိုင်း ထားဝယ်ခရိုင်ထဲက ထိုင်း -မြန်မာနယ်စပ်မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ထီးထ ဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ တော်လှန်ရေးပူးပေါင်းတပ်တွေက ပြောပါတယ်။

အဲဒီ ထီးထဗျူဟာစခန်းကို KNU/KNLA တပ်မဟာ ဦးဆောင်မှုနဲ့ FFD တပ်ဖွဲ့၊ PDF ရဲဘော်များတွေနဲ့ တပ်မဟာ ဒရုန်းသင်တန်းသားတွေပူပေါင်းပြီး မနေ့ ဧပြီလ ၁၉ ရက် ညနေ နာရီခွဲလောက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ Force for Federal – FFD တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။  

လက်ရှိမှာ ဗျူဟာမှူးကို အသေဖမ်းမိခဲ့တယ်လို့ Force for Federal – FFD တပ်ဖွဲ့က ထုတ်ပြန်ထားပေမယ့် KNU တပ်မဟာ ဘက်ကတော့ စစ်ကောင်စီဘက်က အကျအဆုံးများတယ်ဆိုတာကိုသာအတည်ပြုနိုင်သေးပြီး သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေကို စီစစ်နေဆဲလို့သာ အသိပေးထားပါတယ်။   

ဗျူဟာစခန်းအတွင်းမှာ အင်အားရာဂဏန်းလောက်နဲ့ တောင်ကုန်းနေရာတလျှောက် စခန်း ခုနဲ့ တပ်စွဲထားတဲ့ အဲဒီ ဗျူဟာစခန်းကို ဧပြီလ ၁၂ ရက်နေ့ကတည်းက ပိတ်ဆို့တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ထီးထရွာအနီးမှာရှိတဲ့ ပထမစခန်းကုန်းကို ပြီးခဲ့တဲ့ ရက်လောက်ကတည်းက သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဧပြီလ ၁၉ ရက် ညနေပိုင်းမှာ စခန်းကုန်းတခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာလို့ KNU တပ်မဟာ မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုအယ်နားက အတည်ပြုထားပါတယ်။ 

တော်လှန်ရေးတပ်တွေ စတင်တိုက်ခိုက်ချိန်ကတည်းက အကြမ်းဖက်စစ်ကောင်စီဘက်က ဂျက်ဖိုက်တာ၊ Y12 K-8W Mi 17 ရဟတ်ယာဉ်တွေနဲ့ ပစ်ကူပေးတိုက်ခိုက်တာတွေရှိခဲ့တာကြောင့် ဒေသနေပြည်သူတွေ ထိုင်းနိုင်ငံဘက် နယ်စပ်မျဉ်းဘက်ထွက်ပြေး တိမ်းရှောင်ခဲ့ရတယ်လို့လည်း ဒေသတွင်းသတင်းတွေကဆိုပါတယ်။

ဒီတိုက်ပွဲမှာ Force For Federal – FFD တပ်ဖွဲ့က ဒရုန်းသင်တန်းသားတွေ သင်တန်းပြီးပြီးချင်း မြေပြင်မှာ လက်တွေ့ ဝင် ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာလို့လည်း သိရပါတယ်။ 

FFD တပ်ဖွဲ့အနေနဲ့ တနင်္သာရီတိုင်းအပါအဝင် အခြားဒေသတွေမှာပါ ရဲဘော်သစ်တွေကိုဖိတ်ခေါ်ထားရာ စစ်အာဏာရှင် ချေမှုန်းရေးအတွက် တိုက်ပွဲဝင်လိုသူတွေ လာရောက်လျောက်ထားနိုင်တယ်လို့ Force for Federal – FFD တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။⁨⁨ ကင်မ် ဦးဆောင်တဲ့အဖွဲ့က ငလျင်ဘေးသင့် မိသားစုတထောင်စာ ထောက်ပံ့


 ဧပြီလ ၂၀ရက်


ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကင်မ် (ခေါ်) ကိုထိန်းလင်းဦးဆောင်တဲ့ Suu 80 Birthday Campaign အဖွဲ့က ငလျင်ဘေးသင့် ပြည်သူတွေထဲက မိသားစု တထောင်စာ ထောက်ပံ့ပေးခဲ့တယ်လို့ Campaign အဖွဲ့က ပြောပါတယ်။

ကင်မ် ဦးဆောင်တဲ့အဖွဲ့က မြန်မာနိုင်ငံက ငလျင်ဘေးသင့်ပြည်သူတွေအတွက် ဧပြီလ ၁၅ ရက်နေ့အထိ ဆောင်ရွက်ထားရှိမှု မှတ်တမ်းကို အသိပေးလိုက်တာဖြစ်ပါတယ်။

မြေပြင်ကယ်ဆယ်ရေးအဖွဲ့တွေကို ကယ်ဆယ်ရေးပစ္စည်းတွေ ဖြည့်တင်းပေးခဲ့ပြီး အရေးပေါ် လိုအပ်နေတဲ့ နေရာတွေကို သွားရောက်ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

ဒါဟာ ပထမအကြိမ် ထောက်ပံ့တာဖြစ်‌ပြီး မိသားစု ၁ထောင်စာအတွက် တလစာ ဖူလုံစေနိုင်တဲ့ ဆန်၊ ဆီ၊ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်၊ ဆေးဝါး၊‌ ရေသန့်၊ အသင့်စားဟင်းထုပ်တွေ၊ ငါးခြောက်နဲ့ ငါးပိဘူးတွေ၊ နို့တိုက်ကလေးငယ်တွေအတွက် နို့မှုန့်ဘူးတွေကို ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဆိုလာမီးတိုင်တပ်ဆင်တာ၊ အိမ်သာတွေဆောက်ပေးတာ၊ သုံးရေအတွက် ရေမော်တာတွေ တပ်ဆင်ပေးတာတွေ လုပ်နေတယ်လို့ Suu 80 Birthday Campaign ကို ဦးဆောင်သူတွေက ပြောပါတယ်။

အခုလိုလုပ်ဆောင်နိုင်ဖို့ ကူညီထောက်ပံ့ပေတဲ့အလှူရှင်တွေနဲ့ မြေပြင်ထောက်ပံ့ရေးအဖွဲ့သားတွေကို ကျေးဇူးတင်ရှိကြောင်း နဲ့ ဆက်လက်လုပ်ဆောင်နေတာတွေကိုလည်း အသိပေးသွားမယ်လို့ Suu 80 Birthday Campaign အဖွဲ့က ထုတ်ပြန်ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။⁩ ⁨ဝေဟင်မှာစီးချင်းထိုးမယ့် ဟင်္သာတို့ရဲ့အပြန် ဒရုန်းဝန်းရံကမ်ပိန်းမှာ ပူးပေါင်းပါဝင်‌ကြဖို့ မွန်တော်လှန်ရေးတပ် ဖိတ်ခေါ်


 ဧပြီလ ၂၀ရက်


ဝေဟင်မှာစီးချင်းထိုးမယ့် ဟင်္သာတို့ရဲ့အပြန် ဒရုန်းဝန်းရံကမ်ပိန်းမှာ ပူးပေါင်းပါဝင်‌ကြဖို့ မွန်တော်လှန်ရေးတပ်တခုဖြစ်တဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် - MLA က ဖိတ်ခေါ်ထားပါတယ်။ 

မွန်ပြည်လွတ်မြောက်ရေးတပ်တော် - MLA မှာရှိတဲ့ ဌာနခွဲတွေထဲကမှ ဒရုန်းဌာနက ဒရုန်းအသစ်တွေဝယ်ယူနိုင်ဖို့နဲ့ လက်ရှိ သုံးနေတဲ့ဒရုန်းတွေကို အဆင့်မြှင့်တင်နိုင်ဖို့ နိုင်ငံတကာ ဖန်ရေဆာတွေနဲ့ပေါင်းပြီး ပထမဆုံးအကြိမ်လုပ်တဲ့ ကမ်ပိန်းလို့ ဆိုပါတယ်။

တိုက်ပွဲတွေဖြစ်နေချိန်မှာ ဒရုန်းတွေဟာ မြေပြင်နဲ့ဝေဟင်ကို အသာစီးရစေသလို တန်ဖိုးရှိလှတဲ့ ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေရဲ့ အသက်ပေါင်းများစွာကိုလည်း ကားကွယ်ပေးနိုင်တယ်လို့ အသိပေးထားပါတယ်။

ကမ်ပိန်းကာလဟာ ဒီနေ့ ဧပြီ ၂ဝကနေ မေလ ၃၁ ရက်နေ့အထိဖြစ်ပြီး ကျပ်သိန်း ၃ထောင်ရဖို့ မျှော်မှန်းထားတယ်လို့ Project Owner အဖြစ် တာဝန်ယူဆောင်ရွက်မယ့် Support for Myanmar from Australia and Singapore အဖွဲ့က ဆိုပါတယ်။

အခုကမ်ပိန်းကရရှိလာမယ့် ထောက်ပို့ငွေထဲကနေ အရေးပေါ်စစ်ဆင်ရေးအတွက်လိုအပ်နေတဲ့ Multi-Rotor Drone နဲ့ Fixed wing ဒရုန်းတွေ စုစုပေါင်းအစင်း ၂၀ ဝယ်ယူမှာဖြစ်သလို တပ်တော်မှာလက်ရှိသုံးနေတဲ့ ဒရုန်းတွေကိုလည်း အဆင့်မြှင့်ဆင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် ပြည်တွင်း ပြည်ပမှာနေထိုင်ကြတဲ့ တော်လှန်ရေး ညီအကိုမောင်နှမများနဲ့ နိုင်ငံတကာမှာရှိတဲ့ fundraiser များ အနေနဲ့ စစ်ကောင်စီတပ်တွေနဲ့ ဝေဟင်မှာစီးချင်းထိုးနိုင်ဖို့အတွက် ဟင်္သာတို့ရဲ့အပြန် ဒရုန်းဝန်းရံကမ်ပိန်းမှာ တတ်နိုင်သ လောက် ပံ့ပိုးကူညီ ပါဝင်ပေးကြဖို့ ပွဲစီစဉ်သူတွေက တိုက်တွန်းထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။⁨⁨ စစ်ကောင်စီဘက်က အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် ပစ်မှတ်ထား တိုက်ခိုက်ခံ ရနိုင်တဲ့ အဆောက်အအုံတွေနဲ့ဝေးတဲ့နေရာမှာ နေကြဖို့ KNU သတိပေး


 ဧပြီလ ၂၀ရက်


အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် ပစ်မှတ်ထား တိုက်ခိုက်ခံ ရနိုင်တဲ့ အဆောက်အအုံတွေနဲ့ဝေးတဲ့နေရာမှာ နေကြဖို့ KNU ဗဟိုက ပြည်သူလူထုကို သတိပေး ပြောကြား လိုက်ပါတယ်။

လက်ရှိအချိန်မှာ ကရင်ပြည်နယ်နေရာအနှံ တိုက်ပွဲတွေ ပြင်းထန်နေပြီး အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်တွေ ဘက်က အရပ်သားပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် အခုလို သတိပေးလိုက်တာဖြစ်ပါတယ်။ 

စစ်ကောင်စီဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းတွေနဲ့ စစ်ရှောင်ပြည်သူတွေ နေထိုင်ရာ နေရာဒေသတွေကို လက်နက်ကြီးတွေ လေယာဉ်တွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့လည်း အသိပေး ထားပါတယ်။

ဒါကြောင့် သတင်းမီဒီယာတွေ ဒေသတွင်းတက်ကြွလှုပ်ရှားသူတွေအနေနဲ့ သတင်းရယူတင်ဆက်ရာမှာ ပြည်သူလူထု ပုန်းရှောင်နေထိုင်ရတဲ့ နေရာတွေကို အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်က အလွယ်တကူရှာဖွေပြီး လေကြောင်းက နေတိုက်ခိုက်တာ လက်နက်ကြီးနဲ့တိုက်ခိုက်တာတွေ မပြုလုပ်နိုင်အောင် သတိထားတင်ဆက်ပေးဖို့ အသိပေးပန်ကြားထား ပါတယ်။


မိဘပြည်သူလူတွေအနေနဲ့လည်း အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်က ပစ်မှတ်ထား တိုက်ခိုက်ခံရနိုင်တဲ့ အဆောက်အတွေနဲ့ ဝေးတဲ့နေရာမှာ နေထိုင်ကြဖို့ တိုက်ပွဲဖြစ်ဒေသတွေမှာ အရေးကြီးတဲ့ အကြောင်းကိစ္စမရှိဘဲ သွားလာတာတွေမပြုလုပ်ကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။


စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မိုးကာလမတိုင်မီ ရနိုင်သမျှနည်းတွေနဲ့ လက်လွှတ်ဆုံးရှုံးထားတဲ့ နယ်မြေတွေနဲ့ မြို့နယ်တွေ ပြန်လည်သိမ်းပိုက်ဖို့ လက်အောက်ခံတပ်တွေကို ညွှန်ကြားထားတာကြောင့် လာမယ့် မေလနဲ့ဇွန်လဆန်းပိုင်းမှာ  လေကြောင်းတိုက်ခိုက်မှုတွေ ပိုများလာနိုင်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကလည်း သတိပေးပြောကြားထားပါတယ်။



အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။


========================



========================



🚩🚩၁။စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မြင်းမူမြို့နယ် ကန်တော်ရွာက ကလေးငယ်အပါအဝင် အရပ်သား ဦး သေဆုံး 


 ဧပြီလ ၂၀ရက်


စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ကန်တော်ကျေးရွာမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တဦး အပါအဝင် အရပ်သားပြည်သူ ဦးနဲ့ တော်လှန်ရေးရဲဘော်တဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။ 

စစ်ကောင်စီဟာ တိုက်ပွဲဖြစ်တာမရှိဘဲ မနေ့ ဧပြီလ ၁၉ ရက် မွန်းတည့် ၁၂ နာရီခန့်မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာလို့ မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။ 

မနေ့ ဧပြီလ ၁၉ ရက်နေ့ မနက် ၁၁ နာရီ ၅၆ မိနစ်အချိန်မှာ မြင်းမူမြို့နယ် ကန်‌တော်ကျေးရွာမှာရှိတဲ့ ပြည်သူ့တောတဲကို တံတားဦးလေတပ်စခန်းကတက်လာတဲ့ ဂျက်ဖိုက်တာက ဗုံးကြဲတိုက်ခိုက်တာကြောင့် အသက် နှစ်အရွယ် ကလေးငယ် တဦး၊ ရဲဘော်တဦးနဲ့ ရဲဘော် မိသားစုဝင် ဦး သေဆုံးခဲ့ရတယ်လို့ အသိပေးပါတယ်။

တိုက်ပွဲဖြစ်တာမရှိဘဲ လေယာဥ်ပေါ်ကနေဗုံးကြဲပြီး ရော့ကတ်နဲ့ပစ်သွားတာလို့ မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြေားရေးအဖွဲ့ ကလည်း ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ အပစ်ရပ်မယ်လို့ ကြေညာထားပေမယ့် သင်္ကြန်အကြိုနေ့ကနေ နှစ်ဆန်း ရက်နေ့ထိ စစ်ကိုင်းတိုင်း ထဲက အရာ‌တော်၊ မြင်းမူနဲ့ ဝက်လက်တို့မှာ ကလေးသူငယ်များ ပြည်သူ့နေအိမ်တွေကို ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တဲ့ အတွက် ကလေးငယ် အများအပြား ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

အခုလို တိုက်ပွဲဖြစ်တာမရှိဘဲ တံတားဦးလေတပ်က အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် လေယာဉ်ပိုင်းလော့တွေရဲ့ အရပ်သားပြည်သူတွေအပေါ် သတ်ဖြတ်ခဲ့တာကို သမိုင်းမှတ်တမ်းအဖြစ် မှတ်တမ်းတင်ထားရှိမယ်လို့ မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က အသိပေးထားပါတယ်။


========================


⁨⁨🚩🚩၂။ စစ်ကောင်စီရဲ့ လူမျိုးရေးဘာသာရေး သွေးခွဲမှုတွေကို တွေဝေမနေဘဲ ပြတ်ပြတ်သားသားတိုက်ခိုက်ကြဖို့ KNDF စစ်ရေးချုပ် သတိပေး


 ဧပြီလ ၂၀ရက်


စစ်ကောင်စီဘက်က လူမျိုးရေး ဘာသာရေး သွေးခွဲမှုတွေလုပ်နေတာကို တွေဝေမနေဘဲ ပြတ်ပြတ် သားသား တိုက်ခိုက်ကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF စစ်ရေးချုပ် ခူးရီးဒူက ပြောကြားလိုက်ပါတယ်။

ရှမ်းတောင်ဒေသ အခြေစိုက် KNDF ဗျူဟာအမှတ် ရဲ့ SSNDF/KNDF အခြေခံ စစ်သင်တန်းဆင်းပွဲကို ဧပြီလ ၁၇ ရက်က ပြုလုပ်ခဲ့ရာမှာ KNDF စစ်ရေးချုပ်က အခုလို့ ပြောကြားလိုက်တာဖြစ်ပါတယ်။

အာဏာရှင်ကိုတော်လှန်ရင်း အာဏာရှင်မဖြစ်ဖို့နဲ့ ရန်သူကို ဆက်ဆံတဲ့အခါ မီးလိုဆက်ဆံရမှာဖြစ်‌ပေမယ့် လူထုကို ဆက်ဆံတဲ့အခါ ရေလို ဆက်ဆံရမမယ်လို့ သင်တန်းဆင်းရဲဘော်တွေကို ပြောကြားခဲ့ပါတယ်။

ရန်သူစစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ထိတွေ့ရင်ဆိုင်ရချိန်မှာ ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့ ပြတ်ပြတ်သားသား ရဲရဲရင့်ရင့် ရင်ဆိုင်ရ မှာဖြစ်ပြီး လူထူနဲ့ဆက်ဆံတဲ့အခါ ဘယ်လိုအခြေအနေမျိုးမှာမဆို နှိမ့်ချဆက်ဆံကြဖို့လည်း KNDF စစ်ရေးချုပ်က မိန့်ခွန်း ပြောကြားရာမှာ ထည့်သွင်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အဲဒီ စစ်သင်တန်းဆင်းပွဲ အခမ်းအနားကို KNDF ဗဟိုကော်မတီဝင် နိုင်ငံရေးဌာနက စစ်ရေးချုပ် ခူးရီးဒူ၊ ဒုစစ်ရေးချုပ် မင်းသား၊ ဗျူဟာ ဗျူဟာမှူး၊ စစ်နည်းဗျူဟာမှူးတို့အပါအဝင် KNDF တာဝန်ရှိသူတွေနဲ့ မဟာမိတ်အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြတယ်လို့ KNDF ကလည်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩၃။⁨⁨⁨⁨ မတူပီမြို့ပေါ်တနေရာကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက် ပါစတာ()ဦးအပါအဝင် ပြည်သူ()ဦး ဒဏ်ရာရရှိ၊ နေအိမ်တချို့ထိခိုက်ပျက်စီး


 ဧပြီလ ၂၀ရက် 


ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က  ဧပြီလ ၁၇ ရက်နေ့မှာ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း The Matupi Times မှာဖေါ်ပြထားပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ဧပြီလ ၁၇ ရက်နေ့ ညနေ နာရီဝန်းကျင်ခန့်မှာ မတူပီမြို့ပေါ်ကို()ကြိမ်နဲ့ မတူပီမြို့အနီးတနေရာကို() ကြိမ်အကြောင်းမဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပါစတာ()ဦးအပါအဝင် အရပ်သားပြည်သူ()ဦး ဒဏ်ရာရရှိပြီး  နေအိမ်တချို့ထိခိုက်ပျက်စီးသွားကြောင်း သိရပါတယ်။ ဒဏ်ရာရရှိသူ()ဦးထဲမှ ()ဦးမှာ ပါစတာမိသားစုဝင်ဖြစ်ကြောင်းသိရပါတယ်။

"ပြည်သူ ၅ယောက်လောက်ဒဏ်ရာရတယ်၊ ()ယောက်ကတော့ အရေးပေါ်ကုသမှု ခံယူနေဆဲပါ။ ဒဏ်ရာရတဲ့ထဲက  ()ယောက်က ပါစတာနဲ့မိသားစုဝင်တွေပါ။ ပါစတာရယ်၊သူ့ဇနီးရယ်၊ သူ့သမီးရယ် ပါစတာကတော့ တော်တော်ထိထားတယ် ခြေတဘက်ပြတ်တယ် ()ယောက်လုံးစိုးရိမ်ရတယ်။" လို့ The Matupi Times ရဲ့ဆက်သွယ်စုံစမ်းချက်အရသိရပါတယ္။ 

ဗုံးကြဲခံရမှုနှင့်ပတ်သက်ပြီး မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် သတင်းတစုံတရာထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။ နေအိမ်ထိခိုက်ပျက်စီးမှုနှင့် ဒဏ်ရာရရှိမှုနောက်ဆက်တွဲအခြေအနေများကို Matupi Times အနေဖြင့် ဆက်သွယ်စုံစမ်းလျက်ရှိသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ၂၀၂၅ ခုနှစ် ယခုလ ဧပြီလအစောပိုင်းကစပြီး ချင်းညီနောင်အဖွဲ့တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ မင်းတပ်၊ ကန်ပက်လက်မြို့တို့ကို လေကြောင်းဗုံးကြဲတိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာတာဖြစ်ပြီး ဒီကနေ့မှာ မတူပီမြို့ကိုဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မင်းတပ်မြို့နယ်တနေရာကို စစ်ကောင်စီကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ကလေးငယ်()ဦးအပါအဝင် ပြည်သူ()ဦး သေဆုံးခဲ့ရပြီး ()ဦးဒဏ်ရာရရှိခဲ့ပါတယ္။ မင်းတပ်မြို့ပေါ်က မြို့မနှစ်ခြင်းဘုရားရှိခိုးကျောင်းလည်းပျက်စီးခဲ့ရပါတယ်။


========================


🚩🚩၄။အေလာလေတပ်စခန်းကို ရှော့တိုက်ဒုံးနဲ့တိုက်ခိုက်မှုမှာ လေယာဉ်သိုလှောင်ရုံအပါအဝင် အဆောက်အအုံအချို့ပျက်စီးပြီး စစ်သား ဦး ဒဏ်ရာရ


 ဧပြီလ ၂၀ရက်


နေပြည်တော်မှာရှိတဲ့ အေလာလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့မှုမှာ လေယာဉ်သိုလှောင်ရုံ အပါအဝင် အဆောက်အအုံအချို့ ပျက်စီးပြီး စစ်သား ဦး ဒဏ်ရာရသွားတယ်လို့ Brave Warriors for Myanmar- BWM က ဒီနေ့ ဧပြီ ၂ဝ မှာ အသိပေးထုတ်ပြန်လာပါတယ်။ 

ဧပြီလ ၁၈ ရက်နေ့က BWM နဲ့ မဟာမတ်အဖွဲ့ အေလာလေတပ်စခန်းကို ရှော့တိုက်ဒုံး လုံးနဲ့ ပစ်ခတ်တိုက်ခဲ့တာနဲ့ ပတ်သက်လို့ ပျက်စီးဆုံးရှုံးမှုအခြေအနေကို အသိပေးလိုက်တာဖြစ်ပါတယ်။ 

BWM နဲ့ မဟာမတ်အဖွဲ့ရဲ့တိုက်ခိုက်မှုကြောင့် အေလာလေဆိပ်မှာရှိတဲ့ လေယာဉ်သိုလှောင်ရုံအဆောက်အအုံတခု မီးလောင်သွားပြီး လေဆိပ်ဝန်းအတွင်းက လုံခြုံရေးအဖွဲ့ဝင်တွေ လုံခြုံရေစောင့်ကြည့်ရာ အဆောက်အအုံလည်း ထိခိုက် ပျက်စီးကာ စစ်သား ဦး ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် လေဆိပ်ပြေးလိမ်းလိပ်မှာရှိတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်ကင်းသမားတွေရှိရာ အဆောက်အအုံ ပျက်စီးသွားခဲ့ပြီး လေတပ် အစောင့်ကင်းသား ဦး ဒဏ်ရာရသွားတယ်လို့ အသိပေးထားပါတယ်။

သတင်းရင်းမြစ်တွေဆီကနေ စုံစမ်းသိရှိရသလောက်ဆိုရင် ထိခိုက်ပျက်စီးမှုတွေဟာ အခုထက်ပိုများနိုင်တယ်လို့ သိရပေမယ့် သူတို့ပြောတဲ့အချက်တွေထဲက တူညီတဲ့အချက်တွေကိုပဲ ထုတ်ပြန်လိုက်တာလို့ သိရပါတယ်။ 

အခုလိုတိုက်ခိုက်ရတာဟာ ငလျင်ဘေးကြောင့် စစ်ကိုင်း၊ မန္တလေးနဲ့ပဲခူးတိုင်းက ပြည်သူတွေ ဒုက္ခပင်လယ်ဝေနေချိန်မှာ စစ်တပ်က အရပ်သားပြည်သူတွေကို လေကြောင်းကနေ အဆင်မပြတ် ဗုံးကြဲသတ်ဖြတ်နေတာကြောင့် ရန်သူ့လေတပ် နှိမ်နင်းရေး BWM မစ်ရှင် ၃၃ အဖြစ် တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။


========================


🚩🚩၅။ခလယ်လွီထူခရိုင်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် အရပ်သားတဦးသေဆုံးပြီး အိမ် လုံး ပျက်စီး 


 ဧပြီလ ၂၀ရက်


ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်မှုနယ်မြေ ခလယ်လွီထူခရိုင်ထဲက မူးမြို့နယ်မှာ  အကြမ်းဖက် စစ်ကောင်စီတပ်တွေက ပြည်သူလူထုနေထိုင်ရာ ကျေးရွာတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင် အပြစ်မဲ့ အရပ်သားတဦးသေဆုံးခဲ့ရပြီး အိမ် လုံးပျက်စီးခဲ့ရတယ်လို့ KNU ဗဟိုက ဒီနေ့ ဧပြီ ၂ဝ မှာ ထုတ်ပြန်လာပါတယ်။

စစ်ကောင်စီလက်အောက်ခံ ခလရ၂၆၄ တပ်က ဧပြီလ ၁၈ ရက်နေ့ မနက် နာရီကျော်အချိန်မှာ ၁၂၀ မမ လုံး ပစ်ခတ်ခဲ့ ရာ လယ်ဒိုမြို့နယ် စီမံအုပ်ချုပ်မှုနယ်မြေအတွင်းမှာရှိတဲ့ရေတွင်းကုန်းကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၄၃ နှစ်အရွယ် အမျိုးသားတဦးသေဆုံးကာ ဆိုင်ကယ် စီးနဲ့ ထော်လာဂျီ တစီး ထိမှန်ပျက်စီးခဲ့ အိမ် ၆လုံး ပျက်စီးခဲ့ ရတယ်လို့ဆိုပါတယ်။ 

ဒါအပြင် အဲဒီနေ့မနက် နာရီဝန်းကျင်မှာပဲ စစ်ကောင်စီလေတပ်က ဂျက်ဖိုက်တာတစင်းနဲ့ နိုဂေါ်ကျေးရွာဘေးကို လာရောက်ပစ်ခတ်ခဲ့တာကြောင့် နွားတကောင်နဲ့ဝက်တကောင် ကျည်ထိမှန် သေဆုံးခဲ့ရတယ်လို့ အသိပေးပါတယ်။

ဧပြီလ ၁၆ ရက်နေ့ နာရီခွဲခန့်အချိန်မှာလည်း ခမရ၃၅၁ တပ်ရင်းက လက်နက်ကြီးတလုံး ပစ်ခတ်ခဲ့ရာ ထွနီကုန်း ကျေးရွာထဲ ကျရောက်ပေါက်ကွဲပြီး အိမ်တလုံး ထိခိုက်ပျက်စီးခဲ့သေးတယ်လို့ သိရပါတယ်။

ခလယ်လွီထူခရိုင်အတွင်းမှာ အာဏာသိမ် အကြမ်းဖက်စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အပြစ်မဲ့ အရပ်သား ပြည်သူပိုင်ပစ္စည်းတွေနဲ့ အိမ်တွေ ထိခိုက်ပျက်စီးဆုံးရှုံးနေရပြီး ပြည်သူလူထုအနေနဲ့လည်း စိုးရိမ်ကြောက်ရွံ့မှု တွေနဲ့ အသက်ရှင်နေထိုင်နေကြရတယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်




#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment