20th Apr 2025 - Morning Daily News by Radio NUG

 

၂၀၂၅ ဧပြီလ ၂၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ NUG နိုင်ငံတကာဆက်ဆံရေးနှင့် ပတ်သက်ပြီး ထုတ်ပြောလို့ ရတာတွေရှိသလို ရလဒ်တွေ မထွက်သေးဘဲ ထုတ်ပြောလို့ မရတာတွေလည်း ရှိတယ်လို့  ဝန်ကြီး ဒေါ်ဇင်မာအောင် အသိပေး

📌 ၂။ ပုလဲမြို့နယ် NUG ပညာရေးကျောင်းတစ်ကျောင်းတွင် လိုအပ်နေတဲ့ မိတ္တူစက်၊ ICOM တစ်လုံးနှင့် လိုအပ်သည်များ ထောက်ပံ့လှူဒါန်း

📌 ၃။ အပစ်ရပ်ထားတဲ့ ကာလအတွင်း အရပ်သားပြည်သူလူထုအပေါ် အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများအပေါ် အိမ်နီးချင်းနိုင်ငံများ၊ ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ မျက်ခြေမပြတ်စောင့်ကြည့်ရန် လိုအပ်ပြီး စစ်ကောင်စီအပေါ် လိုအပ်သလို တုံ့ပြန် အရေးယူဆောင်ရွက်ရန် MDY PDF တိုက်တွန်း

📌 ၄။ ကျိုက်ထီးရိုး ဘုရားဖူးပြည်သူများအား တော်လှန်ရေးတပ်ဖွဲ့များက ဖမ်းဆီးသွားတယ်လို့ စစ်ကောင်စီဝါဒဖြန့်နေမှုကို ပြန်လည်ရှင်းလင်း

📌 ၅။ တိုက်ပွဲများ  ဟင်္သာတခရိုင်အတွင်း ရောက်ရှိနေပြီဖြစ်တာကြောင့် ပြည်သူများအနေဖြင့် အစစအရာရာ သတိထားနေထိုင်ကြပါရန် အသိပေး


========================


၂၀၂၅ ခုနှစ် ဧပြီလ ၂၀ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ ဖလမ်းခလရ ၂၆၈ သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇၅ ဦး ပြန်လည်ဖမ်းမိ

🚩၂။ စလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ ပခုက္ကူ တပ်မ ၁၀၁ လက်အောက်ခံ ၂၃၅တပ်ရင်းစစ်ကြောင်းမှ တပ်သားတစ်ဦး မိုင်းထိ သေဆုံးနေတဲ့ ရုပ်‌အလောင်း တွေ့ရှိ

🚩၃။ ပေါင် ၅၀၀ ဗုံး၊ Cluster ဗုံးများဖြင့် ကျောက်တော်မြို့ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

🚩၄။ ရေထွက်ကျေးရွာကို စစ်ကောင်စီက ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ကလေးငယ်များ အပါအဝင် ၂၄ ဦးသေဆုံး

🚩၅။ မင်းစောကျေးရွာကို ပေါင် ၅၀၀ ဗုံး ကျဲချတိုက်ခိုက်၊ ကိုရင် တစ်ပါး အပါအဝင် ဦးသေဆုံး

🚩၆။ တမူးက ပြည်သူ့ နေအိမ် ၂၀ ကျော်ကို ပျူစောထီးများက ဖျက်ဆီးယူနေ

🚩၇။ မြင်းမူမြို့နယ်၊ ကန်တော်ရွာကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကလေးငယ်များ အပါအဝင် ပြည်သူများ ထိခိုက်သေဆုံး

🚩၈။ ရှမ်းတောင် အခြေစိုက် SSNDF/KNDF ဗျူဟာအမှတ် () စစ်သင်တန်းဆင်းပွဲ ကျင်းပ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ၁။ NUG နိုင်ငံတကာဆက်ဆံရေးနှင့် ပတ်သက်ပြီး ထုတ်ပြောလို့ ရတာတွေရှိသလို ရလဒ်တွေ မထွက်သေးဘဲ ထုတ်ပြောလို့ မရတာတွေလည်း ရှိတယ်လို့  ဝန်ကြီး ဒေါ်ဇင်မာအောင် အသိပေး


ဧပြီလ ၁၉ ရက်

Radio NUG 


အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတကာဆက်ဆံရေးနှင့် ပတ်သက်ပြီး ထုတ်ပြောလို့ ရတာတွေရှိသလို ရလဒ်တွေ မထွက်သေးဘဲ ထုတ်ပြောလို့ မရတာတွေလည်း ရှိတယ်လို့  နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်တို့ တွေ့ဆုံဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး မဇ္စျိမသတင်းဌာနနှင့် သီးသန့်မေးမြန်းခန်းတွင် ဖြေကြားခဲ့ပါတယ်။


ပြည်သူလူထုကို ပြောချင်တာကတော့ ကျွန်မတို့နိုင်ငံတကာဆက်ဆံရေးနှင့် ပတ်သက်လို့တော့ အစွမ်းကုန်ဆောင်ရွက်နေတာရှိတယ်။ ထုတ်ပြောလို့ရတာတွေရှိတယ်။ ရလဒ်တွေက မထွက်သေးပဲနဲ့ ထုတ်ပြောလို့မရတာမျိုးတွေလည်းရှိတယ်။ ဆိုတော့အတတ်နိုင်ဆုံးတော့ ကျွန်မတို့ဘက်က ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ပြည်သူကို ချပြလို့ရတဲ့အရာမှန်သမျှကို ကျွန်မတို့ထုတ်ဖော်ပြောဆိုသွားမယ်။ အသိပေးသွားမယ် ဆိုတာကိုပဲ ထပ်လောင်းပြီးပြောကြားလိုပါတယ်လို့ ပြည်သူလူထုအား သတင်းစကားအနေဖြင့် ဖြည့်စွက်ဖြေကြားခဲ့ပါတယ်။


========================


📌📌 ၂။ ပုလဲမြို့နယ် NUG ပညာရေးကျောင်းတစ်ကျောင်းတွင် လိုအပ်နေတဲ့ မိတ္တူစက်၊ ICOM တစ်လုံးနှင့် လိုအပ်သည်များ ထောက်ပံ့လှူဒါန်း


ဧပြီလ ၁၉ရက် 

Radio NUG 


အညာဒေသ ပုလဲမြိုနယ် NUG ပညာရေးကျောင်းတစ်ကျောင်းတွင် လိုအပ်နေသော မိတ္တူစက်နှင့် ICOM တစ်လုံး ထောက်ပံ့လှူဒါန်းခဲ့ကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့ မှ သတင်းဖော်ပြထားပါတယ်။


ကျောင်းသားဦးရေ ၃၀၀ကျော် ပညာသင်ကြားနေသော ပြည်သူ့အခြေပြုကျောင်းဖြစ်ပြီး မေးခွန်းထုတ်ရာတွင် အသုံးပြုရန် တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးဘုန်းဘုန်း အကျိုးဆောင်မှုဖြင့် World Mercy Korea ဘုန်းဘုန်းမှ မိတ္တူစက်တစ်လုံးထောက်ပံ့ပေးခဲ့ပြီး လေကြောင်းရန် ကာကွယ်ရေးအတွက် ICOM တစ်လုံးကို ထောက်ပံ့ခဲ့ကာ A4 တစ်ထုပ်နှင့် Cartridge တစ်ခု စုစုပေါင်း တန်ဖိုးအားဖြင့် ၂၂သိန်းကျော်ကုန်ကျခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် ကျောင်းသား/သူများအား မုန့်အာဟာရဒါနပြုခဲ့ကာ CDM ဆရာ၊ ဆရာမ ၁၈ဦးအား ငွေကျပ် ၂၀၀၀၀ စီ ကန်တော့ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


📌📌 ၃။ အပစ်ရပ်ထားတဲ့ ကာလအတွင်း အရပ်သားပြည်သူလူထုအပေါ် အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများအပေါ် အိမ်နီးချင်းနိုင်ငံများ၊ ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ မျက်ခြေမပြတ်စောင့်ကြည့်ရန် လိုအပ်ပြီး စစ်ကောင်စီအပေါ် လိုအပ်သလို တုံ့ပြန် အရေးယူဆောင်ရွက်ရန် MDY PDF တိုက်တွန်း


ဧပြီလ ၁၉ရက် 

Radio NUG 


အရပ်သားပစ်မှတ်များအပေါ်  အကြမ်းဖက်စစ်ကောင်စီက အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေမှုများ၊ လူသားချင်းစာနာမှုဆိုင်ရာ ယာယီ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ထားသည့်အချိန်တွင် ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများအပေါ် တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံကဲ့သို့သော အိမ်နီးချင်းနိုင်ငံများ၊ အမေရိကန်၊ ရုရှားကဲ့သို့သော ကမ္ဘာ့အင်အားကြီးနိုင်ငံများ၊ အာဆီယံအဖွဲ့၊ ဥရောပသမဂ္ဂနှင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ် အစရှိသည့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် မျက်ခြေမပြတ်စောင့်ကြည့်ရန် လိုအပ်ကြောင်းနှင့် စစ်ကောင်စီအပေါ် လိုအပ်သလို တုံ့ပြန် အရေးယူဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ တိုက်တွန်းချက် ထုတ်ပြန်ထားပါတယ်။

 

စစ်ကောင်စီသည် ၂၀၂၅ ခုနှစ် ဧပြီလ () ရက်နေ့မှ ယနေ့ ဧပြီလ (၁၉) ရက်နေ့အတွင်း၌ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများကို သပိတ်ကျင်းမြို့နယ်တွင် (၁၃) ကြိမ်၊ စဥ့်ကူးမြို့နယ်တွင် () ကြိမ်၊ မတ္တရာမြို့နယ်တွင် () ကြိမ် ကျူးလွန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

 

ထိုကဲ့သို့ အကြမ်းဖက် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ၂၀၂၅ ခုနှစ်၊ ဧပြီလ () ရက်နေ့မှ ဧပြီလ (၁၉) ရက်နေ့အထိ သပိတ်ကျင်း၊ စဥ့်ကူးနှင့် မတ္တရာမြို့နယ်များအတွင်း အရပ်သားပြည်သူဦးရေ အနည်းဆုံး (၄၁) ဦး သေဆုံးခဲ့ပြီး အနည်းဆုံး (၅၈) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ထိခိုက်သေဆုံးသူများအနက် အနည်းဆုံး () ဦးမှာ အရွယ်မရောက်သေးသော ကလေးသူငယ်များ ဖြစ်တယ်လို့ သိရပါတယ်။

 

 အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများသည် စစ်ဘက်ဆိုင်ရာ ပစ်မှတ်များမဟုတ်ဘဲ အများပြည်သူလူထု သွားလာလှုပ်ရှားရာ စျေးများ၊ စာသင်ကျောင်းများနှင့် ဘာသာရေးအဆောက်အဦးများ အပါအဝင် အရပ်သား လူနေအိမ်ခြေများအပေါ် အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်ကာ စာသင်ကျောင်း () ကျောင်း အပါအဝင် လူနေအိမ်ခြေပေါင်း (၅၄) လုံး ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။


========================


📌📌 ၄။ ကျိုက်ထီးရိုး ဘုရားဖူးပြည်သူများအား တော်လှန်ရေးတပ်ဖွဲ့များက ဖမ်းဆီးသွားတယ်လို့ စစ်ကောင်စီဝါဒဖြန့်နေမှုကို ပြန်လည်ရှင်းလင်း


ဧပြီလ ၁၉ရက်  

Radio NUG 


ကျိုက်ထီးရိုးတောင်ခြေ ကင်မွန်းချောင်းကျေးရွာ ကဒက်ချောင်း ရေတံခွန်မှာ ပျူစောထီးခေါင်းဆောင်တွေကို တော်လှန်ရေးတပ်ဖွဲ့များက ဖမ်းဆီးခဲ့မှုအပေါ် စစ်ကောင်စီတပ်က ကျိုက်ထီးရိုး ဘုရားဖူးပြည်သူတွေကို တော်လှန်ရေးတပ်တွေက ဖမ်းဆီးသွားတယ်လို့ ဝါဒဖြန့်ခဲ့ကြောင်း အမှတ် (၂၇) စစ်ဗျူဟာမှ သတင်းထုတ်ပြန်ပါတယ်။


ဧပြီလ ၁၅ ရက်တွင် ကဒက်ချောင်းရှိ စားသောက်ဆိုင်တစ်ခုမှာ သောက်စားမူးယစ်နေတဲ့ ညောင်လေးပင်မြို့နယ်က ပျူစောထီးခေါင်းဆောင် လှိုင်မင်း၊ ဒုတိယ ပျူစောထီးခေါင်းဆောင် မဲကြီးအပါအဝင် မိသားစုဝင် ၄၈ ယောက်ကို ကျိုက်ထိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းအရ သွားရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။


ပျူစောထီးခေါင်းဆောင်နဲ့ ပျူအဖွဲ့ဝင်တွေကို ဖမ်းဆီးခဲ့တာ ဖြစ်ပေမယ့် လုံခြုံရေးအရ အတူပါလာတဲ့ မိသားစုဝင် ၄၈ ယောက်စလုံးကို ခေတ္တ ထိန်းသိမ်းခဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။


ယခုအချိန်တွင် ပျူခေါင်းဆောင် လှိုင်မင်း၊ ပျူအဖွဲ့ဝင်တွေဖြစ်တဲ့ မဲကြီး၊ မင်းမော်ဦး (လှိုင်မင်းရဲ့သား) ကျော်ကျော်ဦး၊ သိန်းဌေး နဲ့ လှိုင်မင်းရဲ့ မိန်းမဖြစ်သူ ယမင်းတို့ကို ဆက်လက်ဖမ်းဆီးထားပြီး ကျန်ရှိတဲ့ မိသားစုဝင်တွေကိုတော့ ဧပြီလ ၁၈ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ရှင်းလင်းပြောပြခဲ့ပါတယ်။


ဖမ်းဆီးထားတဲ့ ပျူစောထီးတွေရဲ့ ပြစ်မှုတွေကို ဖော်ထုတ်ကာ ကျူးလွန်ထားတဲ့ ပြစ်မှုတွေအပေါ် မူတည်ပြီး ထိရောက်တဲ့ပြစ်ဒဏ်ရရှိအောင် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။


========================


📌📌 ၅။ တိုက်ပွဲများ  ဟင်္သာတခရိုင်အတွင်း ရောက်ရှိနေပြီဖြစ်တာကြောင့် ပြည်သူများအနေဖြင့် အစစအရာရာ သတိထားနေထိုင်ကြပါရန် အသိပေး


ဧပြီလ ၁၉ရက် 

Radio NUG 


ဧရာဝတီတိုင်းအတွင်း ဖြစ်ပွားနေသော တိုက်ပွဲများသည် ဟင်္သာတခရိုင်အတွင်း ရောက်ရှိနေပြီ ဖြစ်သလို တိုက်ပွဲဖြစ်ပွားရာဒေသများမှ ပြည်သူများသည် နီးစပ်ရာ မြို့နယ်/ကျေးရွာများသို့ စစ်ဘေးရှောင်နေကြရပြီး၊ စစ်ပွဲဧရိယာ ပိုမိုကျယ်ပြန့်လာသောကြောင့် ဟင်္သာတမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် အစစအရာရာ သတိထားနေထိုင်ကြပါရန် ဟင်္သာတမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မှ အသိပေး တိုက်တွန်းထားပါတယ်။


မိမိတို့နှင့် တပါတည်း ယူဆောင်ရန် လိုအပ်သော အရေးကြီး စာရွက်စာတမ်းများ၊ ပစ္စည်းများ၊ ဆေးဝါး ရိက္ခာများအား အဆင်သင့် ထုပ်ပိုး ပြင်ဆင်ထားခြင်း၊ မြေပြင်သတင်းများအား မပြတ်နားစွင့်၍ အသွားအလာများ သတိထားခြင်း၊ စစ်ကောင်စီ ထောက်တိုင် နေရာများ၊ စစ်ကောင်စီ ထောက်တိုင် အဖွဲ့အစည်းများ၊ သတင်းပေးများနှင့် နီးကပ်ရာသို့ သွားလာခြင်းမှ ရှောင်ကျဉ်ခြင်း၊ စစ်ဘေးရှောင်ပြည်သူများအား အိမ်ငှါးခ တိုးမြှင့်ကောက်ခံခြင်း မပြုလုပ်ကြပဲ ဝိုင်းဝန်းကူညီ ဖေးမခြင်းများ ပြုလုပ်ပေးကြရန် ဖော်ပြထားပါတယ်။


စစ်ကောင်စီတပ်များ၏ လှုပ်ရှားမှုများအား တွေ့ရှိ သိရှိပါက ကြားကာလမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ Facebook (Messenger) မှတဆင့် အချိန်နှင့်တပြေးညီ သတင်းပေးပို့ ကူညီပေးကြပါရန် မေတ္တာရပ်ခံထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================




🚩🚩၁။ ဖလမ်းခလရ ၂၆၈ သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇၅ ဦး ပြန်လည်ဖမ်းမိ


ဧပြီလ ၁၉ရက် 

Radio NUG 


ဖလမ်းမြို့ ခလရ ၂၆၈ သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာထူးအကြီးဆုံးအပါအဝင် အကုန်နီးပါး ပြန်ဖမ်းမိတယ်လို့ ချင်းညီနောင်အဖွဲ့ဝင် CNO/CNDF ပြောခွင့်ရသူက ဧပြီလ ၁၉ ရက်နေ့မှာ အွန်လိုင်းက ပြုလုပ်တဲ့ ဖလမ်းမြို့သိမ်းဂုဏ်ပြုအခမ်းအနားမှာ ပြောဆိုထားပါတယ်။


ခလရ ၂၆၈ ကနေ ထွက်ပြေးတဲ့သူတွေ အခုချိန်မှာဆိုရင် စကစ အားလုံးနီးပါး ကျွန်တော်တို့ လက်ထဲရောက်ပါတယ်၊ သူတို့ရဲ့ အကြီးဆုံး G 1 က ထွက်ပြေးတယ်။ ယနေ့အချိန်မှာ သူတို့ အကြီးဆုံးကနေ အငယ်ဆုံးအထိ ကျွန်တော်တို့ လက်ထဲ ၁၇၅ ယောက်ရှိတယ်၊ မနှစ်ကဆိုလို့ရှိရင် ၁၂၀ ဝန်းကျင်ပေါ့၊ အားလုံး ၃၀၀ ကျော်ပေါ့၊ သူတို့ကို ကောင်းကောင်းမွန်မွန်ထားတယ်။ ကလေးတွေနဲ့ အမျိုးသမီးက ၆၀ ကျော်ရှိပါတယ်။လို့ ပြောပြထားပါတယ်။


ဖလမ်းမြို့သိမ်းတိုက်ပွဲကနေ စစ်ကောင်စီထံက လက်နက်ကြီး၊ လက်နက်ငယ် ၅၀၀ ဝန်းကျင်ရရှိပြီး ကျည်ဆန်၊ ဒရုန်းဆက်စပ်ပစ္စည်း အများအပြား ထိုက်ထိုက်တန်တန် ရရှိခဲ့တယ်လို့ CNO/CNDF ပြောခွင့်ရက ပြောပါတယ်။


ကျွန်တော်တို့ဘက်ကနေ ဆုံးရှုံးမှုတွေရှိတယ်၊ ထုတ်ပြန်ထားသလိုပေါ့၊ အာဇာနည်ရဲဘော်တွေ ၈၉ ဦး အသက်ပေးသွားကြတယ်။ အဲဒီထဲမှာ ချင်းညီနောင်က ၅၆ ဦး ကျဆုံးပေးဆပ်ခဲ့ကြပါတယ်။လို့ ပြောပါတယ်။


၂၀၂၅ ဧပြီလ ရက်နေ့ ဖလမ်းမြို့တခုလုံးကို ပြန်လည် ထိန်းချုပ်လိုက်တာဖြစ်ပြီး ရှင်းလင်းလုပ်ဆောင်စရာတွေ ပြီးဆုံးသွားရင် ချင်းညီနောင်အနေနဲ့ မြို့ကို ပြည်သူတွေလက်ထဲ အမြန်ဆုံးပြန်လည် ပေးအပ်နိုင်အောင် လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။


========================


🚩🚩၂။ စလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ ပခုက္ကူ တပ်မ ၁၀၁ လက်အောက်ခံ ၂၃၅တပ်ရင်းစစ်ကြောင်းမှ တပ်သားတစ်ဦး မိုင်းထိ သေဆုံးနေတဲ့ ရုပ်‌အလောင်း တွေ့ရှိ


ဧပြီလ ၁၉ ရက်

Radio NUG 


မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ ပခုက္ကူ တပ်မ ၁၀၁ လက်အောက်ခံ ၂၃၅ တပ်ရင်း၊ အကြမ်းဖက် စစ်ကောင်စီဗိုလ်မှူး စစ်ရန်နိင် ဦးဆောင်စစ်ကြောင်းမှ တပ်သား တစ်ဦး မိုင်းထိ သေဆုံးနေတဲ့ ရုပ်‌အလောင်းကို ဧပြီလ ၁၉ရက်နေ့တွင် တွေ့ရှိရကြောင်း ဒေါင်းညီနောင် မြို့ပြပြောက်ကျားတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။


ထို့အပြင် စလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလျက်ရှိတဲ့ စစ်ကောင်စီ စစ်ကြောင်းအတွင်းမှ ပေါ်တာဆွဲခံရသော တပ်သားများ အလင်း၀င်ရောက် လာချင်ပါက 09407401533 ဖုန်းနံပါတ်နှင့် Telegram @PeacockBrother ကို ချိတ်ဆက်၍  ၀င်ရောက်နိင်ကြောင်း ဖော်ပြထားပါတယ်။


========================


🚩🚩၃။ ပေါင် ၅၀၀ ဗုံး၊ Cluster ဗုံးများဖြင့် ကျောက်တော်မြို့ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်


ဧပြီလ ၁၉ ရက်၊ 

Radio NUG


ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို ရော့ကတ်၊ ပေါင် ၅၀၀ ဗုံးနဲ့ Cluster ဗုံး ၁၁ လုံးဖြင့် စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ HDCO (Humanitarian and Development Coordinate) က ထုတ်ပြန်ထားပါတယ်။


ဧပြီလ ၁၉ ရက်နေ့က ကျောက်တော် မြို့ပေါ်ရှိ ပြည်တော်သာ၊ မြို့သစ်၊ ရှမ်းရွာ ရပ်ကွက်များကို မနက် နာရီ ၃၉ မိနစ်မှာ Jet fighter ဖြင့် Rocket ဗုံးသီး တစ်လုံးနဲ့ နာရီ ၄၄ မိနစ်မှာ ပေါင် ၅၀၀ ဗုံးသီး တစ်လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


ထို့အပြင် မနက် နာရီ ၄၇ မိနစ်မှာ Jet Fighter ဒုတိယ တစ်စီးဖြင့် Cluster ဗုံး လုံးနဲ့ မနက်  နာရီ ၅၁ မိနစ်မှာ နောက်ထပ် Jet Fighter နောက်တစ်စီးဖြင့်  Cluster ဗုံး လုံးကို ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သား ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရခဲ့သူ ၂၀ ဦး ခန့် ရှိပြီး ထိခိုက်ဒဏ်ရာ ရခဲ့သူများထဲမှ ဦးမှာ ကလေးများ ဖြစ်ကာ ဦးမှာ အမျိုးသမီးများ ဖြစ်တယ်လို့ သိရပါတယ်။


အထူးသဖြင့် ယခုတိုက်ခိုက်မှုမှာ သက်တမ်းရှည်စွာဖြင့် မပေါက်ကွဲဘဲ ဗုံးများအဖြစ် ကျန်ရှိနေတတ်တဲ့ Cluster ဗုံးများကိုပါ အသုံးပြုခဲ့ကာ ကနဦး စစ်ဆေးချက်များအရ အဆိုပါ Cluster ဗုံးများမှ ထွက်ကျလာတဲ့ မပေါက်ကွဲသေးသော ဗုံးအသေးများ ယင်း ရက်ကွက်များ အနီးတဝိုက်မှာ ကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။


၎င်းဗုံးများဟာ ဒေသခံ ပြည်သူများအတွက် အလွန်အန္တရာယ် ဖြစ်စေနိုင်တဲ့အပြင် လူသာချင်းစာနာရေး လုပ်ငန်းများကိုလည်း ထိခိုက်စေနိုင်ပြီး ထိုသို့အန္တရာယ်များတဲ့ လက်နက်များကို အရပ်သားပြည်သူများ နေထိုင်ရာ ဒေသများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းက လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေများနဲ့ ဂျနီဗာ စာချုပ်ကို ချိုးဖောက်နေတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩၄။ ရေထွက်ကျေးရွာကို စစ်ကောင်စီက ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ကလေးငယ်များ အပါအဝင် ၂၄ ဦးသေဆုံး


ဧပြီလ ၁၉ ရက်၊ 

Radio NUG


မန္တလေးတိုင်း၊ သပိတ်ကျင်း မြို့နယ်၊ ရေထွက် ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံး လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ကလေးငယ်များ အပါအဝင် ၂၄ ဦး သေဆုံးခဲ့တယ်လို့ သပိတ်ကျင်း .က. ထံက သိရပါတယ်။


ဧပြီလ ၁၉ ရက်နေ့ နေ့လယ် နာရီခန့်မှာ ရေထွက်ရွာ ဓါတ်ဆီဆိုင်ကို ဂျက်ဖိုက်တာဖြင့် ပေါင် ၂၀၀ ဗုံး လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


လေကြောင်းတိုက်ခိုက်မှုအတွင်း ဓါတ်ဆီဆိုင် မီးလောင်ပြာကျခဲ့ပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကာ အသက် နှစ်ကျော်နဲ့ နှစ်အရွယ် ကလေးငယ်တွေ အပါအဝင် ပြည်သူ ၂၄ ဦးထိ သေဆုံးခဲ့ပါတယ်။


ထိခိုက်ဒဏ်ရာ ရခဲ့သူလည်း ၂၀ ကျော်ရှိခဲ့ပြီး ဒဏ်ရာပြင်းထန်ကာ အသက်အန္တရာယ် စိုးရိမ်ရသူများစွာ ပါဝင်တယ်လို့ သိရပါတယ်။


ဧပြီလ ၁၈ ရက်နေ့ (မနေ့က) မနက် ၁၀ နာရီ ကျော်မှာလည်း သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာကို ပေါင် ၃၀၀ ဗုံး ကြဲချခဲ့ရာ အရပ်သား ပြည်သူ ၁၃ ဦး သေဆုံးခဲ့ပြီး ဦး ဒဏ်ရာပြင်းထန်ကာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။


ဧပြီလ ၁၈ ရက်နေ့ ညနေ နာရီခွဲ ခန့်မှာလည်း ရေထွက်ကျေးရွာ လမ်းခွဲကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။


========================


🚩🚩၅။ မင်းစောကျေးရွာကို ပေါင် ၅၀၀ ဗုံး ကျဲချတိုက်ခိုက်၊ ကိုရင် တစ်ပါး အပါအဝင် ဦးသေဆုံး


ဧပြီလ ၁၉ ရက်၊ 

Radio NUG


KNU ထိန်းချုပ်နယ်မြေ၊ သထုံခရိုင်၊ တပ်မဟာ () ဘီးလင်းမြို့နယ်၊ မင်းစောကျေးရွာကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့ရာ ကိုရင် တစ်ပါး အပါအဝင် ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။


ဧပြီလ ၁၉ ရက်နေ့ နေ့လည် ၁၁ နာရီ ၁၀ မိနစ် (သံဃာတော်များ ဆွမ်းစာချိန်) မှာ မင်းစောကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး လုံး ကျဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကိုရင်လေးတစ်ပါးနဲ့ ကျောင်းဒကာမ ဒေသခံ အမျိုးသမီး ဦး သေဆုံးသွားပြီး သံဃာတော်များ အပါအဝင် ထိခိုက်ဒဏ်ရာရသူ ၁၀ ဦးထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် ဘုန်းကြီးကျောင်း ဆွမ်းစားဆောင် ပျက်စီးခဲ့ရပြီး လေကြောင်းတိုက်ခိုက်မှု ထပ်လုပ်ဦးမယ်ဆိုတဲ့ သတင်းကြောင့် ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိပါတယ်။


မင်းစော (ခေါပိုးပလယ်) ကျေးရွာရှိ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းကို ပြီးခဲ့တဲ့ ၂၀၂၄ မတ်လ ၂၃ ရက်နေ့ကလည်း စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက် ခဲ့ပါသေးတယ်။


========================


🚩🚩၆။ တမူးက ပြည်သူ့ နေအိမ် ၂၀ ကျော်ကို ပျူစောထီးများက ဖျက်ဆီးယူနေ


ဧပြီလ ၁၉ ရက်၊ 

Radio NUG


စစ်ကိုင်းတိုင်း၊ တမူးမြို့၊ မြို့မ (၁၄) ချောင်းနက်ကြီး ရပ်ကွက်က နေအိမ် ၂၀ ကျော်ကို ပျူစောထီးများ ဖျက်ဆီးယူနေကြတယ်လို့ Zalen သတင်းဌာနက ဖော်ပြထားပါတယ်။


ဖျက်ဆီးယူသွားတဲ့ နေအိမ်နဲ့ ပစ္စည်းတွေကို ပျူစောထီးတွေက သူတို့အတွက် နေအိမ် ပြန်ဆောက်တာ ရှိသလို အဖွဲ့ရန်ပုံငွေ အတွက်ဆိုပြီး မြို့မ (၁၂) ပျူခေါင်းဆောင် ပန်းချီချမ်းမြေ့က ရပ်ကွက်မှာ ပုံရောင်းနေတာလည်း ရှိတယ်လို့ ဆိုပါတယ်။


စစ်ရေးအခြေအနေနဲ့ ပျူစောထီးတွေရဲ့ ရန်ကြောင့် နေအိမ်တွေကနေ ထွက်ပြေးတိမ်းရှောင် နေကြရတဲ့ ဒေသခံတွေကို နေရပ်ပြန်လာဖို့ ပျူခေါင်းဆောင် ပန်းချီချမ်းမြေ့က ပြီးခဲ့တဲ့လ အစည်းအဝေး တခုမှာ ပြောကြားခဲ့ပြီး ပြန်မနေတဲ့ နေအိမ်တွေကို နေစရာ မရှိတဲ့ ပျူစောထီးများအတွက် ဖျက်ယူသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။


တမူး မြို့မ (၁၄) ချောင်းနက်ကြီး ရပ်ကွက်နေ ဒေသခံတွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ထဲက စစ်ရေးအခြေ အနေကြောင့် ထွက်ပြေးတိမ်းရှောင် ခဲ့ကြရပြီး ယခုနှစ် ဇန်နဝါရီလကလည်း မြို့သိမ်းတိုက်ပွဲ ဆင်နွှဲမယ် ဆိုတဲ့ သတင်းကြောင့် ထပ်မံထွက်ပြေး ခဲ့ကြရကာ ရပ်ကွက်အတွင်းမှာ လူမရှိသလောက် ဖြစ်နေပြီလို့ သိရပါတယ်။


========================


🚩🚩၇။ မြင်းမူမြို့နယ်၊ ကန်တော်ရွာကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကလေးငယ်များ အပါအဝင် ပြည်သူများ ထိခိုက်သေဆုံး


ဧပြီလ ၁၉ရက် 

Radio NUG 


ဧပြီလ ၁၉ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် မြင်းမူမြို့နယ်၊ ကန်တော်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ကလေးငယ်များ အပါအဝင် ပြည်သူများ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသသတင်းများအရ သိရပါတယ်။


လေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးပါဘူးလို့ သိရပါတယ်။


========================


🚩🚩၈။ ရှမ်းတောင် အခြေစိုက် SSNDF/KNDF ဗျူဟာအမှတ် () စစ်သင်တန်းဆင်းပွဲ ကျင်းပ


ဧပြီလ ၁၉ ရက်၊ 

Radio NUG


ရှမ်းတောင် အခြေစိုက် SSNDF/KNDF ဗျူဟာအမှတ် () ဖွဲ့စည်းခြင်းနဲ့ စစ်သင်တန်းဆင်းပွဲ ကျင်းပခဲ့ကြောင်း ဧပြီလ ၁၉ ရက်နေ့မှာ Karenni Nationalities Defence Force က ထုတ်ပြန်ထားပါတယ်။


SSNDF/KNDF ဗျူဟာ အမှတ် () စစ်သင်တန်းကို ၂၀၂၅၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး ဧပြီ ၁၇ ရက်နေ့မှာ အောင်မြင်စွာ သင်တန်းဆင်းနိုင်ခဲ့တာလို့ ဆိုပါတယ်။


အဆိုပါ သင်တန်းဆင်း အခမ်းအနားမှာ သင်းတန်းဆင်း ရဲဘော်များရဲ့ စစ်ရေးပြခြင်း၊ အလံတင်ခြင်းနှင့် သစ္စာအဓိဌာန် ရွတ်ဆိုခြင်း၊ စစ်ကြောင်းများအား စစ်ဆေးခြင်း တို့ကို ပြုလုပ်ခဲ့ကြပါတယ်။


ထို့နောက် KNDF စစ်ရေးချုပ် အပါအဝင် ဗဟိုကော်မတီ နှင့် KNDF ဗျူဟာအမှတ် () မှ တာဝန်ရှိသူများက အမှာစကား ပြောကြားခဲ့ကြကာ တက်ရောက်လာတဲ့ ပုဂ္ဂိုလ်များကို အစားအသောက် တည်ခင်း ဧည့်ခံခဲ့ကြတယ်လို့  သိရပါတယ်။


ဗျူဟာအမှတ် () ကို ယခင်က ရှမ်းတောင်ဒေသမှာ လှုပ်ရှားခဲ့ကြတဲ့ တပ်ရင်းများနဲ့ ဒရုန်းအဖွဲ့များကို ပေါင်းစည်းကာ SSNDF / KNDF B - 101, SSNDF / KNDF B - 102, SSNDF / KNDF B - 103 များဖြင့် ပြောင်းလည်းဖွဲ့စည်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment