9th Apr 2025 - Morning Daily News by Radio NUG

 

၂၀၂၅ ဧပြီလ ၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ငလျင်ဒဏ်ခံရတဲ့ ဒေသများကိုပါ အပစ်ရပ်ထားတဲ့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခိုက်နေကြောင်းနဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီ ပြန်ရောက်အောင် ကူညီပေးဖို့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် နိုင်ငံတကာပါလီမန်များညီလာခံတွင်  ပြောကြား

📌 ၂။ ပညာရေးစနစ်သစ် ပေါ်ပေါက်ကျင့်သုံးနိုင်ရေး ကယန်းKNEC အနေဖြင့် လက်မလျှော့ဘဲ ဆက်လက်ဆောင်ရွက်သွားမည်

📌 ၃။ အဖျက်အားကြီးတဲ့ ငလျင်ကြီးလှုပ်ခဲ့အပြီး ၁၀ ရက်အလွန်မှာ ကိန်းဂဏန်းတွေ မြင့်တက်နေဆဲဖြစ်တယ်လို့ UN OCHA Myanmarထုတ်ပြန်

📌 ၄။ ငလျင်ဘေးသင့်ပြည်သူများအတွက် အမေရိကန်ဒေါ်လာ (၁၃၆) သန်းကျော် အကူအညီအများစုသည် အာဏာသိမ်းစစ်အုပ်စုထံမှ စီးဆင်းမှာဖြစ်လို့ သတိကြီးစွာ စောင့်ကြည့်ရလိမ့်မယ်

📌 ၅။ မန္တလေးမြို့၊ Sky Villa အဆောက်အအုံနေရာနဲ့ Win Star Hotelနေရာတို့မှ ရုပ်အလောင်းများထပ်မံရှာဖွေတွေ့ရှိခဲ့

📌 ၆။ ငလျင်ဘေးသင့် စစ်ကိုင်းမြို့မှာ ဝမ်းရောဂါနဲ့  အရေပြားရောဂါတို့ ဖြစ်ပွားနေ

📌 ၇။ Phyu Phyu in Sydney ပွဲကြီး ရဲ့ Charity Auction for Earthquake မှရရှိတဲ့ မြန်မာငွေကျပ်သိန်း ၃၀၀ ဝန်းကျင်ကို ငလျင်ဘေးအတွက် ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ မြေပြင်အဖွဲ့တွေဆီတိုက်ရိုက်စီးဆင်း


========================


၂၀၂၅ ခုနှစ် ဧပြီလ ၉ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ တပ်မမှူးကိုယ်တိုင် ကွပ်ကဲတဲ့ တပ်မ (၇၇) ရှေ့တန်းဌာနချုပ် အခြေပြုရာ အင်းတော်မြို့ကို အပြီးသတ် သိမ်းပိုက်ရရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်

🚩၂။ တိုက်ကြီး ကပစ (၁၁) တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရ

🚩၃။ တောင်ငူမှာ အပစ်ရပ်ထားတာကို အခွင့်ကောင်းယူပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ခုခံ တိုက်ခိုက်ခဲ့ရာ ဦးသေဆုံး

🚩၄။ သံမိုးတောင်ရွာက နေအိမ်များကို မီးရှို့ပြီး ပြန်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်

🚩၅။ ကလေးမြို့နယ် နှော‌ညောင်ပင်ကျေးရွာ ပစ်ခတ်မှုအတွင်း ပျူစောထီးအပါအဝင် အရပ်သား ဦး သေဆုံး

🚩၆။ စလင်းမြို့နယ် တောင်ဘိုကျေးရွာကို အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းမှ မီးရှို့

🚩၇။ ပခုက္ကူ ခလရ ၂၅၉ မှ တပ်ကြပ် တဦးနဲ့ တီးတိန် ခလရ ၂၆၉ မှ တပ်သား ဦး လက်နက်နဲ့ အလင်းဝင်

🚩၈။ မင်းတပ်မြို့သိမ်းစစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ရဲဘော်များအား ဂုဏ်ပြုမှတ်တမ်းပေးအပ်ခြင်း၊ မြေပြင်တပ်မှူးငယ်သင်တန်း အပတ်စဉ် သင်တန်းဆင်းဂုဏ်ပြုလွှာနဲ့ လက်နက်တပ်ဆင်ခြင်းအခမ်းအနား ပြုလုပ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ၁။ ငလျင်ဒဏ်ခံရတဲ့ ဒေသများကိုပါ အပစ်ရပ်ထားတဲ့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခိုက်နေကြောင်းနဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီ ပြန်ရောက်အောင် ကူညီပေးဖို့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် နိုင်ငံတကာပါလီမန်များညီလာခံတွင်  ပြောကြား


ဧပြီ၈ရက်

Radio NUG

ငလျင်ဒဏ်ခံရတဲ့ ဒေသများကိုပါ အပစ်ရပ်ထားတဲ့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခိုက်နေကြောင်းနဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီ ပြန်ရောက်အောင် ကူညီပေးဖို့ Parliamentary Action for Social Development and Justice ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့သည့် (၁၅၀) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ ညီလာခံ၏ General Debate အစီအစဉ်တွင် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားခဲ့ပါတယ်။


"မတ်လ ၂၈ ရက်နေ့က ရစ်ချ်တာစကေး . ရှိတဲ့ မြေငလျင် လှုပ်ခတ်သွားတာပါ။ မြန်မာနိုင်ငံဟာ လက်ရှိဖြစ်နေတဲ့ ပဋိပက္ခကို ကြုံနေရချိန်မှာ နောက်ထပ် ဆိုးရွားတဲ့ သဘာဝဘေးတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ လူ ၃၅၀၀ နီးပါး သေဆုံးပြီး ၅၀၀၀ နီးပါး ဒဏ်ရာရရှိခဲ့ကြောင်း သိရတယ်။ အသက်ရှင်ကျန်ရစ်သူ အများအပြားဟာ အမိုးအကာ၊ အစားအစာ၊ ရေနှင့် ဆေးဝါးစောင့်ရှောက်မှု မရှိဘဲ လူသားချင်းစာနာထောက်ထားမှု အရေးပေါ်လိုအပ်နေပါတယ်။ ဒီလို ဆိုးရွားတဲ့ အဖြစ်ဆိုးကြီးနဲ့ ရင်ဆိုင်ရချိန်မှာ ဘေးဒဏ်သင့် ဒေသတွေကို အရေးပေါ် အကူအညီတွေ ဆောင်ရွက်နိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ (EROs) တွေက  အပစ်အခတ် ရပ်စဲရေး ကြေညာခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံတဝှမ်းရှိ အရပ်သားများကို ပစ်မှတ်ထားကာ တစ်ပတ်အတွင်း မြို့နယ် (၃၂) ခုမှာ လေကြောင်းတိုက်ခိုက်မှု (၆၃) ကြိမ် ပြုလုပ်ခဲ့ပြီး ငလျင်လှုပ်ခတ်မှုဒဏ်ခံခဲ့ရတဲ့ ဒေသများလည်း ပါဝင်ပါတယ်"လို့ ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။


နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရန်ပုံငွေကို စစ်တပ်က ထိန်းချုပ်ပြီး နောက်ထပ် စစ်ရေးအကြမ်းဖက်မှုကို ဆက်လက်ကျူးလွန်မည်လားဆိုသည့် စိုးရိမ်မှုများစွာ ရှိနေကာ မြန်မာနိုင်ငံရှိ ပြည်သူများအတွက် မြန်မြန်ဆန်ဆန် လူသားချင်းစာနာထောက်ထားမှု အကူအညီများ လက်လှမ်းမီနိုင်စေရန် ကူညီပေးဖို့ ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။


"စစ်မှန်တဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အပစ်အခတ်ရပ်စဲရေးအတွက် ထုတ်ဖော်ပြောပေးပါ။ ကျေးဇူးပြုပြီး ဒီမိုကရေစီကို ပြန်ရောက်အောင် ကူညီပေးပါ။"လို့ ဒေါက်တာဝင်းမြတ်အေးက ထပ်လောင်းပြောကြားခဲ့ပါတယ်။


========================


📌📌 ၂။ ပညာရေးစနစ်သစ် ပေါ်ပေါက်ကျင့်သုံးနိုင်ရေး ကယန်းKNEC အနေဖြင့် လက်မလျှော့ဘဲ ဆက်လက်ဆောင်ရွက်သွားမည်


ဧပြီ ၈ရက်

Radio NUG

ပညာရေးစနစ်သစ် ပေါ်ပေါက်ကျင့်သုံးနိုင်ရေး ကယန်းKNEC အနေဖြင့် လက်မလျှော့ဘဲ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကယန်းအမျိုးသားပညာရေးကော်မတီ (KNEC) (၂၅)နှစ် မြောက် ကယန်းအမျိုးသားနေ့သို့ ပေးပို့သော သဝဏ်လွှာတွင် ဖော်ပြပါရှိပါတယ်။


ကယန်းအမျိုးသားပညာရေးကော်မတီ (KNEC) သည် ဖယ်ဒရယ်မူဝါဒကို အခြေခံသည့် ပညာရေးစနစ်ကို အခြေခံသည့်အတွက် မိမိတို့ကယန်းဒေသရှိ လူမျိုးပေါင်းစုံနှင့် ကိုက်ညီမည့် ပညာရေးစနစ်ကို ဖော်ဆောင်ခြင်းဖြစ်ပြီး ထိုသို့ဖော်ဆောင်ရာတွင် မူဝါဒကို အခြေခံခြင်း၊ အစုအဖွဲ့ အလုံးစုံပါဝင်သော ညီလာခံစနစ်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မိဘပြည်သူများအား အသိပေးအပ်တယ်လို့ဖော်ပြပါတယ်။


 မိမိတို့ ပညာရေးစနစ်သစ် ပေါ်ပေါက်ကျင့်သုံးနိုင်ရေး မိမိတို့ KNEC အနေဖြင့် လက်မလျှော့ဘဲ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် မိဘပြည်သူများအနေဖြင့် ကပ်ဘေးအမျိုးမျိုးကြားမှ အားမလျှော့ဘဲ မိမိတို့ သားသမီး အနာဂတ်မျိုးဆက်များ၏ ပညာရေးအတွက် ဆက်လက်ဝိုင်းဝန်းပံ့ပိုးကြရန် အသိပေးဆိုထားပါတယ်။


ကယန်းအမျိုးသာပညာရေးကော်မတီ (KNEC) စတင်ခဲ့သည့် ၂၀၂၂ ခုနှစ်မှ စ၍ ဒေသ၏ ပညာရေး လိုအပ်ချက်များကို တစ်စိုက်မတ်မတ် ဆောင်ရွက်ခဲ့ရာ ယခုနှစ် ၂၀၂၅ခုနှစ်တွင် အခြေခံပညာကျောင်းပေါင်း ၁၄၅ ကျောင်း၊ ပညာရေးဝန်ထမ်း ၁၀၀၀ ခန့် ရောက်ရှိခဲ့ပြီ ဖြစ်ပြီး တက္ကသိုလ်ပညာရေး အထိပါ ဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။


========================


📌📌 ၃။ အဖျက်အားကြီးတဲ့ ငလျင်ကြီးလှုပ်ခဲ့အပြီး ၁၀ ရက်အလွန်မှာ ကိန်းဂဏန်းတွေ မြင့်တက်နေဆဲဖြစ်တယ်လို့ UN OCHA Myanmarထုတ်ပြန်


ဧပြီ၈ရက်

Radio NUG

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့က အဖျက်အားကြီးတဲ့ ငလျင်ကြီးလှုပ်ခဲ့အပြီး ၁၀ ရက်အလွန်မှာ ကိန်းဂဏန်းတွေ မြင့်တက်နေဆဲဖြစ်ပါတယ်လို့ UN OCHA Myanmarက ထုတ်ပြန်လိုက်ပါတယ်။


သေဆုံးသူဦးရေ ,၅၀၀၊ ပျောက်ဆုံးသူဦးရေ ၂၀၀၊ ဒဏ်ရာရသူဦးရေ ,၀၀၀၊ ငလျင်ဘေးသင့်ရာဒေသတွေမှာ နေထိုင်သူဦးရေ ၁၇ ဒသမ သန်း၊ ငလျင်လှုပ်ခါမှု အပြင်းထန်ဆုံး ကြုံတွေ့ခဲ့ရသူ ဦးရေ ဒသမ သန်းရှိတယ်လို့ ဖော်ပြပါတယ်။


ပူပြင်းလွန်းတဲ့ ရာသီနဲ့ ချိန်ခါမဲ့မိုးကြောင့်လည်း အခြေအနေတွေကို ဆိုးသထက်ဆိုးစေတယ်လို့အစီရင်ခံဖော်ပြပါတယ်။


လူမှုဂရုဏာလုပ်သားတွေဟာ မြန်မာနိုင်ငံက ငလျင်ဘေးသင့်ပြီး ဒုက္ခရောက်ခဲ့ကြရတဲ့ လူဦးရေ ၁၆၅,၀၀၀ အတွက် အမိုးအကာ၊ ရေ၊တစ်ကိုယ်ရည်သန့်ရှင်းရေး ပစ္စည်းစုံ၊ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ ရွေ့လျား ကျန်မာရေး ဝန်ဆောင်မှုတွေ ကူညီပေးအပ်ခဲ့ပေမယ့် လိုအပ်ချက်တွေ အများအပြားရှိနေဆဲဖြစ်ပြီး အခြေခံ လိုအပ်ချက်တွေ ရဖို့တောင် ခက်ခဲနေကြရသူတွေလည်း အများကြီးရှိနေတယ်လို့ဆိုပါတယ်။


========================


📌📌 ၄။ ငလျင်ဘေးသင့်ပြည်သူများအတွက် အမေရိကန်ဒေါ်လာ (၁၃၆) သန်းကျော် အကူအညီအများစုသည် အာဏာသိမ်းစစ်အုပ်စုထံမှ စီးဆင်းမှာဖြစ်လို့ သတိကြီးစွာ စောင့်ကြည့်ရလိမ့်မယ်


ဧပြီ  

Radio NUG 


ငလျင်ဘေးသင့်ပြည်သူများအတွက် အမေရိကန်ဒေါ်လာ (၁၃၆) သန်းကျော် အကူအညီအများစုသည် အာဏာသိမ်းစစ်အုပ်စုထံမှ စီးဆင်းမှာဖြစ်လို့ ငလျင်ဒဏ်ပြည်သူများထံ အမှန်တကယ် ရောက်ရှိနိုင်ရေးအတွက်မူ သတိကြီးစွာ စောင့်ကြည့်ရလိမ့်မယ်လို့ Myanmar Peace Monitor မှ အသိပေးထားပါတယ်။


ဗြိတိန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၃၂ ဒသမ သန်း၊ နော်ဝေနိုင်ငံမှ အမေရိကန်ဒေါ်လာ ၁၁ ဒသမ သန်း၊ အမေရိကန်၊ အိန္ဒိယ၊ ဂျပန်နှင့် သြစတြေးလျတို့ ပါဝင်သည့် QUAD Group မှ အမေရိကန်ဒေါ်လာ (၂၀) သန်း၊ ဥရောပသမဂ္ဂ (EU) မှ အမေရိကန်ဒေါ်လာ ဒသမ သန်း၊ သြစတြေးလျနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း၊ အမေရိကန်နိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း၊ အိုင်ယာလန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ဒသမ သန်း၊ ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း၊ ကုလသမဂ္ဂ (UN) မှ အမေရိကန်ဒေါ်လာ သန်း၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ အမေရိကန်ဒေါ်လာ သန်း၊ မလေးရှားနိုင်ငံမှ အမေရိကန်ဒေါ်လာ ဒသမ ၂၄ သန်း၊ ဆွစ်ဇာလန်နိုင်ငံမှ အမေရိကန် ဒေါ်လာ ဒသမ၂ သန်း၊ တောင်ကိုရီးယားနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း၊ ဒိန်းမတ်နိုင်ငံမှ အမေရိကန်ဒေါ်လာ ဒသမ သန်း၊ နယူးဇီလန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ဒသမ ၁၄ သန်း၊ သီရိလင်္ကာနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ အမေရိကန်ဒေါ်လာ သန်းစီ စသဖြင့် ကမ္ဘာတဝှမ်းနိုင်ငံများမှ အမေရိကန်ဒေါ်လာ (၁၃၆) သန်းကျော်အထိ ထောက်ကူပံ့ပိုးမည့်အကြောင်း ကြေညာခဲ့ကြပါတယ်။


========================


📌📌 ၅။ မန္တလေးမြို့၊ Sky Villa အဆောက်အအုံနေရာနဲ့ Win Star Hotelနေရာတို့မှ ရုပ်အလောင်းများထပ်မံရှာဖွေတွေ့ရှိခဲ့


ဧပြီလ ၈ရက်

Radio NUG

စစ်ကိုင်းမြို့ ဗဟိုပြုအင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးမြို့၊ Sky Villa အဆောက်အအုံ ပြိုကျပျက်စီးသည့် နေရာအား ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်က သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။


ထိုသို့ရှာဖွေရာတွင် ဧပြီ၈ရက်၁၄ ၂၆ အချိန်တွင် ကျား()ဦး(ကလေး)ရုပ်အလောင်း၊ ၁၅;၁၀ အချိန်တွင် ကျား()ဦးရုပ်အလောင်းနှင့် ၁၆ ၀၈ အချိန်တွင် ကျား()ဦးတို့၏ ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိခဲ့ပါတယ်။


အလားတူမန္တလေးမြို့၊ ၄၁လမ်း၊ ၈၃-၈၄လမ်းကြား၊  Win Star Hotel ပြိုကျပျက်စီးသည့်နေရာအား ရှာဖွေရာ ကျား()ဦး ရုပ်အလောင်းအား ရှာဖွေတွေ့ရှိခဲ့ပါတယ်။


========================


📌📌 ၆။ ငလျင်ဘေးသင့် စစ်ကိုင်းမြို့မှာ ဝမ်းရောဂါနဲ့  အရေပြားရောဂါတို့ ဖြစ်ပွားနေ


ဧပြီ၈ရက်

Radio NUG

ငလျင်ဘေးသင့် စစ်ကိုင်းမြို့မှာ ဝမ်းရောဂါနဲ့  အရေပြားရောဂါတို့ ဖြစ်ပွားနေတယ်လို့ သိရှိရပါတယ်။


"စစ်ကိုင်းမြို့ လက်ရှိကျန်းမာရေးအခြေအနေ အားလုံးခန့်မှန်းထားတဲ့အတိုင်း ဝမ်းရောဂါနဲ့ အရေပြားရောဂါတွေ လွန်ခဲ့တဲ့ ရက်လောက်ထဲကစဖြစ်နေပါပြီ။ မင်းလမ်းမှာဆို တစ်လမ်းလုံး အရေပြားရောဂါဖြစ်ပါတယ်။ DB တွေ ထိတွေ့တာကနေ စတာပါ။ ပတ်တဲ့ အပတ်တွေဆို မီးတောင်မရှို့နိုင်သေးပါဘူး။ ယင်ကောင်တွေအရမ်းများပါတယ်။ ဒီယင်ကောင်တွေ ဘယ်ဟာတွေကို နားလာလဲ အားလုံးသိမှာပါ။

ဆေးရုံကြီးမှာ ကုတင် ၂၀၀ ပဲရှိတယ်။ လက်ရှိမှာ mobile clinic တွေရှိတယ်။ နည်းတယ်။ တစ်မြို့လုံးကို မလွှမ်းခြုံနိုင်ဘူး"လို့ စစ်ကိုင်းမြို့ ရောက်ရှိသူတဦးကလည်း အသိပေးဆိုထားပါတယ်။


လက်ရှိမှာ အခြေခံဆေးဝါးတွေနဲ့ ထိုးဆေး သွင်းဆေးတွေ စုဆောင်းထားဖို့ လိုအပ်ချက်တို့ ရှိတယ်လို့ သိရပါတယ်။


mobileဆေးခန်းဟာ သင်္ကြန်မတိုင်ခင်ပြန်မယ့်အဖွဲ့နဲ့ ပြန်လာမယ့် အဖွဲ့တွေလည်း ရှိပြီး အထိုင်ဆေးခန်းအများစုဟာ နေရာအနေအထား ကျဉ်းနေတယ်လို့လည်း သိရပါတယ်။


အလားတူ မန္တလေးမြို့မှာလည်း ဝမ်းရောဂါ စတင်ဖြစ်ပွားနေပြီလို့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားနေကြပါတယ်။


========================


📌📌 ၇။ Phyu Phyu in Sydney ပွဲကြီး ရဲ့ Charity Auction for Earthquake မှရရှိတဲ့ မြန်မာငွေကျပ်သိန်း ၃၀၀ ဝန်းကျင်ကို ငလျင်ဘေးအတွက် ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ မြေပြင်အဖွဲ့တွေဆီတိုက်ရိုက်စီးဆင်း


ဧပြီ၈ရက်

Radio NUG

Phyu Phyu in Sydney ပွဲကြီးရဲ့ Charity Auction for Earthquake မှရရှိတဲ့ မြန်မာငွေကျပ်သိန်း ၃၀၀ ဝန်းကျင်ကို ငလျင်ဘေးအတွက် ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ မြေပြင်အဖွဲ့တွေဆီ တိုက်ရိုက်စီးဆင်းစေခဲ့တယ်လို့ အဆိုတော်ဖြူဖြုကျော်သိန်းက အသိပေးဖော်ပြပါတယ်။


"Phyu Phyu in Sydney ပွဲကြီး ရဲ့ Charity Auction for Earthquake မှရရှိတဲ့ AUS dollar 10,300 (မြန်မာငွေကျပ်သိန်း ၃၀၀ ဝန်းကျင်)ကို ငလျင်ဘေးအတွက် ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ မြေပြင်အဖွဲ့တွေဆီ ဒီနေ့မှာပဲ ၁၀၀% တိုက်ရိုက်စီးဆင်းစေခဲ့ပါပြီ။မန္တလေးဒေသ အရေးပေါ်အခြေအနေကာကွယ်ရေးနှင့် စီမံခန့်ခွဲမှုကော်မတီသို့ ကျပ်သိန်း ၁၀၀၊ အမျိုးသမီးမဟာမိတ်အင်အားစုသို့ ကျပ်သိန်း ၁၀၀၊ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော်(BPLA)သို့ ကျပ်သိန်း ၁၀၀ စုစုပေါင်း မြန်မာငွေကျပ်သိန်း ၃၀၀ ထောက်ကူပေးခဲ့ပါတယ်"လို့ ဆိုထားပါတယ်။


အဆိုပါ ပါဝင်ကူညီမှုတွင် ပါဝင်တဲ့ပရိသတ်များ အပါအဝင်Phyu Phyu in Australia team တစ်ခုလုံးကိုပါ ကျေးဇူးတင်ရှိကြောင်း အဆိုတော်ဖြူဖြူကျော်သိန်းက ဆိုပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================




🚩🚩၁။ တပ်မမှူးကိုယ်တိုင် ကွပ်ကဲတဲ့ တပ်မ (၇၇) ရှေ့တန်းဌာနချုပ် အခြေပြုရာ အင်းတော်မြို့ကို အပြီးသတ် သိမ်းပိုက်ရရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်


ဧပြီ  

Radio NUG 


၂၀၂၅ ခုနှစ် ဧပြီလ ၇ရက်နေ့ ညပိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် () စစ်ဒေသ၏ အစီအစဥ်ဖြင့် စစ်ကောင်စီ တပ်မမှူးကိုယ်တိုင် ကွပ်ကဲတဲ့ တပ်မ (၇၇) ရှေ့တန်းဌာနချုပ် အခြေပြုရာ အင်းတော် မြို့သိမ်းတိုက်ပွဲကို () လကျော်ကြာ ဆင်နွှဲခဲ့ပြီးနောက် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီ ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ပါတယ်။


အင်းတော်မြို့သိမ်းစစ်ဆင်ရေးသည် ရက်ရှည်တိုက်ပွဲတစ်ခုဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်များ အနေဖြင့် စစ်ကူမရရှိခြင်း၊ မြေပြင်မှ လက်နက်ရိက္ခာထောက်ပို့ ဆောင်ရွက်နိုင်မှုမရှိခြင်း၊ ထိခိုက်သေဆုံး များပြားခြင်းတို့ကြောင့် တော်လှန်ရေးတပ်ဖွဲ့များ၏ ဖိအားကို ရေရှည် တောင့်ခံနိုင်ခြင်း မရှိတော့ဘဲ ၎င်းတို့ နောက်ဆုံးအခြေပြုရာ ဂျပန်လှိုဏ်ဂူမှ တပ်မမှူး ဦးဆောင်သော အဖွဲ့သည် ဧပြီလ ၇ရက် :၀၀နာရီခန့်တွင် စခန်းစွန့်လွှတ်ဆုတ်ခွာသွားတယ်လို့ ဖော်ပြထားပါတယ်။


အင်းတော်မြို့သိမ်းစစ်ဆင်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် () စစ်ဒေသကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကသာခရိုင် အမှတ် () တပ်ရင်း၊  အမှတ် () တပ်ရင်း၊ အမှတ် () တပ်ရင်း၊ အမှတ် () တပ်ရင်း၊  ကသာခရိုင် အထူးလှုပ်ရှား တပ်ခွဲ၊ အမှတ် () အထူးလှုပ်ရှားတပ်ရင်း (SR-1) အမှတ် (၁၀) အထူးလှုပ်ရှားတပ်ရင်း (SR-10) ပြည်သူ့ကာကွယ်ရေးအဖွဲ့(အင်းတော်-ပကဖ) ပြည်သူ့ကာကွယ်ရေးအဖွဲ့(ဗန်းမောက်-ပကဖ) ပြည်သူ့ကာကွယ်ရေးအဖွဲ့(ကသာ-ပကဖ)    ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ကသာ ခရိုင်-ပကဖ)  အမှတ် () ရွှေဘိုခရိုင် ကွပ်ကဲရေး၊ ပြင်ဦးလွင်ခရိုင် အမှတ် (၅၀၉) (၅၁၀) (၅၁၂) တပ်ရင်း၊ ပြင်ဦးလွင်ခရိုင် အမှတ် (၁၊ ) တပ်ရင်း၊ ကျောင်းသားတပ်မတော် (ABSDF) တပ်ရင်း (၁၁၊ ၁၄) ကချင်လွတ်လပ်ရေး တပ်မတော်(KIA) တပ်မဟာ ()မှ အထူးစစ်ကြောင်း၊မိုးညှင်း(KPDF)  ကလေးခရိုင် အမှတ် (၁၀) တပ်ရင်း၊ Rocket တပ်ဖွဲ့၊ Drone ပူးပေါင်းတပ်ဖွဲ့ (MOD Drone Force ABSDF K2 SR-1 အမှတ် (၁၈၄၉) ဒရုန်းတပ်ဖွဲ့၊ ကန့်ဘလူခရိုင် ဒရုန်းတပ်ဖွဲ့) ကသာခရိုင် လက်နက်ကြီးအဖွဲ့၊ မြင်းခြံခရိုင် ကွန်မန်ဒိုတပ်ဖွဲ့ တို့ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရပါတယ်။


အင်းတော်မြို့သိမ်းတိုက်ပွဲမှ ဟောင်ဝစ်ဇာ () လက်၊ ၁၂၀ မမ () လက် အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်နှင့်ခဲယမ်းမီးကျောက် အမြောက်အမြား သိမ်းပိုက်ရရှိကြောင်း ကနဦး ထုတ်ပြန်ထားပါတယ်။


========================


🚩🚩၂။ တိုက်ကြီး ကပစ (၁၁) တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရ


ဧပြီလ ရက်၊ 

Radio NUG


ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်ရှိ စစ်ကောင်စီရဲ့ အမှတ် ၁၁ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၁) ကို တာဝေးပစ် မစ်ဇိုင်းဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရခဲ့တယ်လို့  Urban Special Operation (USO) က သတင်းထုတ်ပြန် ထားပါတယ်။


ဧပြီလ ရက်နေ့ ညပိုင်းက ကပစ ၁၁ တပ်ကို တာဝေးပစ် မစ်ဇိုင်းဒုံး လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်မှ အတွင်းဖရဲသီး သတင်းပေးများရဲ့ သတင်း‌ပေးပို့ချက်အရ သိရှိရတဲ့ ထိခိုက်မှု အခြေအနေကို ထုတ်ပြန်လာတာပါ။


တိုက်ခိုက်မှုအတွင်း လက်နက်ငယ်စက်ရုံ ပျက်စီးခဲ့သလို ရိက္ခာဂိုဒေါင်၊ ခဲယမ်းဂိုဒေါင် မီးလောင်ပျက်စီးခဲ့ကာ စစ်ကောင်စီ အရာရှိနဲ့ တပ်သား ၁၆ ဦး ဒဏ်ရာ ရရှိထားပြီး ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထား ပါတယ်။


လက်ရှိမှာ သတင်းမထွက်စေဖို့ အချင်းချင်း စစ်ဆေးမှုများ လုပ်ဆောင်ခြင်း၊ လုံခြုံရေး တိုးမြှင့်ခြင်းနှင့် အရပ်ဝတ်များနဲ့ ပူးပေါင်းပြီး နယ်မြေရှင်းလင်းမှုများ လုပ်ဆောင်နေတာကြောင့် သတိထားပြီး သွားလာ လှုပ်ရှားကြဖို့ USO က အသိပေးထားပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို Urban Special Operation (USO) နဲ့ Shadow (S.A.F) တို့က ပူးပေါင်း ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩၃။ တောင်ငူမှာ အပစ်ရပ်ထားတာကို အခွင့်ကောင်းယူပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ခုခံ တိုက်ခိုက်ခဲ့ရာ ဦးသေဆုံး


ဧပြီလ ရက်၊ 

Radio NUG


ငလျင်ဘေး အကြီးအကျယ် ခံစားနေရတဲ့ ကာလ အပစ်အခတ် ခေတ္တရပ်စဲထားတာကို အခွင့်ကောင်းယူပြီး တောင်ငူမြို့နယ်၊ ပဒဲကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်း ထိုးလာတာကြောင့် မဖြစ်မနေ ခုခံတိုက်ခိုက်ခဲ့ရတယ်လို့ ဝရဇိန်အဖွဲ့က ထုတ်ပြန်ထားပါတယ်။


ဧပြီလ ရက်နေ့က ပဒဲ ရွာမြောက်ပိုင်း ဘုန်းတော်ကြီးကျောင်းမှာ အထိုင်ချဖို့ အင်အား တရာကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဝရဇိန် အဆင့်မြင့် ဒရုန်းတပ်ဖွဲ့နဲ့ ချေမှုန်းရေးတပ်ဖွဲ့ အပြင် သံတောင်မြောက်ပိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့က ခုခံတိုက်ခိုက်ခဲ့တာပါ။


တိုက်ပွဲအတွင်း ရန်သူ့ jammer area ထဲထိ ဝင်ရောက်ပြီး Drop ချ တိုက်ခိုက်ခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ ကစဉ့်ကလျား ဖြစ်နေချိန်မှာ ချေမှုန်းရေး တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


အဲ့ဒီနောက် လက်နက်ကြီးပစ်ကူ‌တွေ ကျလာခဲ့ပြီး ပွိုင့်ဖိုက်စက်လက်တွေနဲ့ ပစ်အားကောင်းကောင်းဖြင့် စစ်ကောင်စီက တန်ပြန်ပစ်ခတ် ခဲ့တာကြောင့် ရန်သူ့လက်နက် ကောက်ဖို့ ရှေ့ရောက်နေတဲ့ ရဲဘော်တွေကို ပြန်ဆုတ်စေခဲ့ရတယ်လို့ သိရပါတယ်။


ထို့အပြင် စစ်ကောင်စီရဲ့ လူနာပြန်ပို့မယ့် လမ်းကြောင်းကိုလည်း အသင့်စောင့်နေတဲ့ ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ကာ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ဦးခန့် သေဆုံးပြီး ဦးထပ်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော်တဦး မစိုးရိမ်ရတဲ့ ဒဏ်ရာသာ ရခဲ့ပြီး ညပိုင်းမှာတော့ စစ်ကောင်စီတပ်တွေက တိုက်ပွဲဖြစ်ပွားခြင်း မရှိတဲ့ သံမိုးတောင်ရွာကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေပြီး ရွာထဲက RC ဘုရားကျောင်းကိုလည်း မီးရှို့ဖျက်ဆီး သွားခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩၄။ သံမိုးတောင်ရွာက နေအိမ်များကို မီးရှို့ပြီး ပြန်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်


ဧပြီလ ရက်၊ 

Radio NUG


ကရင့်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ () တောင်ငူခရိုင်၊ သံမိုးတောင် ကျေးရွာက နေအိမ်များကို မီးရှို့ပြီးပြန်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Kenni Twilight Zone က ထုတ်ပြန်ထားပါတယ်။


ဧပြီလ ရက်နေ့ မနက် ၁၀ နာရီ ၅၀ မိနစ်ခန့်က ထုံးဘိုးကြီးကျေးရွာ အထွက်မှာ KNU တပ်မဟာ () တပ်ရင်း () လက်အောက်ခံ ကမ်းနီးကြား ဒေသကာကွယ်ရေး တပ်ဖွဲ့နဲ့ ကီးကူစစ်ကြောင်း၊ တောင်ငူ ခရိုင် (၃၅၀၄) တပ်ရင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီ စစ်ကြောင်းဟာ ထုံးဘိုကြီးစခန်းကို ပြန်ဆုတ်သွားခဲ့ပြီး ရွာအတွင်းက ဈေးဆိုင်များ၊ ကား၊ ဆိုင်ကယ်များကို ထုခြေဖျက်စီးကာ လမ်းသွားလမ်းလာ ခရီးသည်များကို ရိုက်နှက်ထုထောင်းမှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 


အလားတူ ဧပြီလ ရက်နေ့ နေ့လည် နာရီမှာ ကမ်းနီကြား ဒေသကာကွယ်ရေး တပ်ဖွဲ့မှ ကမ်းနီရွာမှာ ကင်းပုန်းလာဝပ်နေတဲ့ ပျူစောထီးများကို သွားရောက်ပစ်ခတ်ခဲ့ရာ တဦးသေဆုံးခဲ့ပြီး ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။


တောင်ငူ-လိပ်သိုလ် လမ်းမကြီးပေါ်မှာ မနက် နာရီမှ ညနေ နာရီ အထိသာ သွားလာခွင့် ပြုထားပြီး အရေးပေါ် ကိစ္စများ ရှိပါက နီးစပ်ရာ အဖွဲ့အစည်းများကို ဆက်သွယ်အကြောင်းကြားပြီးမှသာ သွားလာကြဖို့ ကမ်းနီကြား ဒေသကာကွယ်ရေး တပ်ဖွဲ့က မေတ္တာရပ်ခံ ထားပါတယ်။


========================


🚩🚩၅။ ကလေးမြို့နယ် နှော‌ညောင်ပင်ကျေးရွာ ပစ်ခတ်မှုအတွင်း ပျူစောထီးအပါအဝင် အရပ်သား ဦး သေဆုံး


ဧပြီ  

Radio NUG 


ဧပြီ ရက် မနက် ၁၂ နာရီဝန်းကျင်တွင် ကလေးမြို့နယ် စစ်ကောင်စီလက်အောက်ခံ နှောညောင်ပင်ရွာ ကင်းစခန်း ပစ်ခတ်ခံရပြီး နှောင်ညောင်ပင်ရွာက  ပျူစောထီးအပါအဝင် အရပ်သား ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့သလို ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေကဆီက သိရပါတယ်။


အပြန်အလှန်ပစ်ခတ်မှု နာရီခွဲကျော် ကြာခဲ့ပြီး ကိုဖိုးလုံး၊ ကိုမင်းမင်းဦး၊ ကိုကျော်မင်းဇင်နဲ့ ကိုဆန်းလွင်တို့ သေဆုံးခဲ့ကြတယ်လို့ သိရပါတယ်။


ထို့အပြင် ပြည်သူ့စစ်အဖွဲ့ဝင် ဦးနွားထီးလည်း ဖမ်းဆီးခံခဲ့ရပြီး စစ်ကောင်စီဘက်က လက်နက်ကြီး ချက် ပစ်ခတ်ခဲ့ကာ မနက်အစောပိုင်း နာရီဝန်းကျင်တွင် ကလေးမြို့ စစ်ကောင်စီတပ်သားတွေ ကျေးရွာတွင်းကို အင်အားတိုးမြှင့်ချထားခဲ့တယ်လို့  သိရပါတယ်။


========================


🚩🚩၆။ စလင်းမြို့နယ် တောင်ဘိုကျေးရွာကို အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းမှ မီးရှို့


ဧပြီ  

Radio NUG 


ဧပြီလ ၆ရက်နေ့ ညနေ ၄နာရီခန့်တွင် စလင်းမြို့နယ်၊ မြောက်ချောင်းဖြူကျေးရွာအုပ်စု တောင်ဘိုကျေးရွာကို စကစ စစ်ကြောင်းမှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း စလင်းမြို့နယ် ပအဖမှ သတင်းထုတ်ပြန်ပါတယ်။


()နေရာခွဲ၍ မီးရှို့ခဲ့မှုကြောင့် နေအိမ် ၁၇ လုံးနှင့် စပါးကျီနွားတင်းကုပ် လုံး စုစုပေါင်းအဆောက်အဦ ၂၁ ခု မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩၇။ ပခုက္ကူ ခလရ ၂၅၉ မှ တပ်ကြပ် တဦးနဲ့ တီးတိန် ခလရ ၂၆၉ မှ တပ်သား ဦး လက်နက်နဲ့ အလင်းဝင်


ဧပြီလ ရက်၊ 

Radio NUG


မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ချေ-ကျွန်းချောင်း လျှပ်စစ်ဓါတ်အားပေးရုံးမှာ တာဝန်ကျနေတဲ့ ပခုက္ကူ အခြေစိုက် ခလရ ၂၅၉ တပ်ရင်းမှ တပ်ကြပ်တဦး လက်နက်နဲ့တကွ အလင်းဝင်လာတယ်လို့ Southern YSO PDF က ထုတ်ပြန်ထားပါတယ်။


ဖေဖော်ဝါရီလ ၂၅ ရက်နေ့က (စစ်တပ်မှာ ၁၀ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့တဲ့) တပ်ကြပ် ကိုဖြူလေးဆိုသူဟာ လက်နက်အပ် အလင်းဝင်ရောက်ဖို့ ဆက်သွယ်လာတာကြောင့် Southern YSO PDF အဖွဲ့ က သွားရောက်ခေါ်ဆောင်ပေးခဲ့တာလို့ ဆိုပါတယ်။


၎င်းတပ်ကြပ်ဟာ MA2 သေနတ် လက်၊ ကျည်ဘောက် ခုနဲ့ လက်ပစ်ဗုံး လုံးတို့ကို တပါးတည်း ယူဆောင်လာခဲ့တာကြောင့် ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၄၀ ချီးမြှင့်ပေးခဲ့ပြီး ၎င်း နေထိုင်လိုသော ဒေသကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။


အလားတူ ချင်းပြည်နယ်၊ တီးတိန်မြို့ အခြေစိုက် ခလရ - ၂၆၉ တပ်ရင်းမှ ပြည်သူ့စစ် သင်တန်းဆင်း တပ်သား နှစ်ဦးဟာလည်း လက်နက်ခဲယမ်းများနှင့်တကွ PDF Zoland ထံကို အလင်းဝင်ခဲ့ပါတယ်။


ဧပြီလ ရက်နေ့က အသက် (၂၃) နှစ် အရွယ်ရှိ တပ်သား စိုးလင်းအောင်နဲ့ ဖိုးလပြည့်တို့ နှစ်ဦးဟာ လက်နက် ခဲယမ်းများနှင့်တကွ ဆက်သွယ်အလင်းဝင်ခဲ့ရာ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြင့် ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩၈။ မင်းတပ်မြို့သိမ်းစစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ရဲဘော်များအား ဂုဏ်ပြုမှတ်တမ်းပေးအပ်ခြင်း၊ မြေပြင်တပ်မှူးငယ်သင်တန်း အပတ်စဉ် သင်တန်းဆင်းဂုဏ်ပြုလွှာနဲ့ လက်နက်တပ်ဆင်ခြင်းအခမ်းအနား ပြုလုပ်


ဧပြီ  

Radio NUG 


အမှတ် () စစ်ဒေသ မုံရွာခရိုင်အမှတ် () တပ်ရင်းမှ မင်းတပ်မြို့သိမ်းစစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ရဲဘော်များအား ဂုဏ်ပြုမှတ်တမ်းပေးအပ်ခြင်း၊ မြေပြင်တပ်မှူးငယ်သင်တန်း အပတ်စဉ် (/၂၀၂၅) သင်တန်းဆင်းဂုဏ်ပြုလွှာနဲ့ လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။


''ခင်ဗျားတို့ ကိုယ်တိုင်လည်း မြေပြင်မှာ တိုက်ပွဲတွေ ကြုံခဲ့ပြီးပြီ။ အမိန့်နာခံမှု ရှိကိုရှိရမယ်။ ကျွန်တော်တို့ လိုချင်တဲ့ ပန်းတိုင်ရောက်ဖို့ စစ်ကို စစ်နဲ့တူအောင် တိုက်ရလိမ့်မယ်။ ကျွန်တော်တို့ ရည်ရွယ်ထားတဲ့ ပန်းတိုင်ထိ မရောက်ရောက်အောင် သွားရလိမ့်မယ်''လို့ မုံရွာခရိုင် အမှတ် တပ်ရင်းမှူးမှ မိန့်ခွန်းပြောကြားခဲ့ပါတယ်။


မင်းတပ်မြို့သိမ်းတိုက်ပွဲတွင် ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့ကျတဲ့ ရဲဘော်များရဲ့ မိဘတွေကို မုံရွာခရိုင် အမှတ် တပ်ရင်းမှူး ဆရာမှိုင်းကိုယ်တိုင် ဂုဏ်ပြုလွှာနှင့်တကွ ကျဆုံးရဲဘော်များအတွက် တစ်ယောက်ကို ၂၀သိန်းကျပ်၊ အပြင်းထန်ဒဏ်ရာရတဲ့ ရဲဘော်များအတွက် တစ်ယောက်ကို ၅သိန်းနှုန်း ပေးအပ်ခဲ့တယ်လို့ သိရပါတယ်


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment