၂၀၂၅ ဇွန်လ ၂၉ ရက်နေ့ ညနေခင်း သတင်းလွှာ

 

၂၀၂၅ ဇွန်လ ၂၉ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ နိုင်ငံတကာရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ လက်ပါးစေတွေအတွက် လုံးဝခွင့်လွှတ်မှာမဟုတ်ဘူးလို့ ပြည်နယ်နဲ့ဖက်ဒရယ်ယူနစ်လွှတ်တော်များ လွှတ်တော် ကိုယ်စားပြုကော်မတီများ ပူးတွဲကြေညာ

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ဝက်လက်မြို့နယ်မှာ မူးယစ်ဆေးရောင်းသူကို WY ဆေးပြား ၃သောင်းကျော်နဲ့အတူ ဖမ်းဆီးရမိ

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာကူညီတွေ ကျယ်ကျယ်ပြန့်ပြန့် သွားရောက်လုပ်ဆောင်ခွင့်ပေးဖို့ ICRC တောင်းဆို


========================


၂၀၂၅ ခုနှစ် ဇွန်လ ၂၉ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။⁨⁨⁨⁨ ရန်သူစစ်ကောင်စီဘက်က ငွေကြေးသုံးပြီး တန်ပြန်ထောက်လှန်းနေတာတွေကို သတိပြုဖို့ KNDF ဒုစစ်ဦးချုပ် ပြော 

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာတဲ့ စစ်င်္ဘောအုပ်ကို နေရာခွဲပြီးတိုက်ခိုက်ခဲ့ရာ စစ်သားတွေ အထိနာ သွားတယ်လို့ဆို 

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။တနင်္သာရီမြို့နယ် သိန်ခွန်းရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ KNU ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန်နေ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ နိုင်ငံတကာရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ လက်ပါးစေတွေအတွက် လုံးဝခွင့်လွှတ်မှာမဟုတ်ဘူးလို့ ပြည်နယ်နဲ့ဖက်ဒရယ်ယူနစ်လွှတ်တော်များ လွှတ်တော် ကိုယ်စားပြုကော်မတီများ ပူးတွဲကြေညာ


ဇွန် ၂၉ရက်


နိုင်ငံတကာရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ လက်ပါးစေတွေအတွက် လုံးဝခွင့်လွှတ်မှာမဟုတ်ဘူးလို့ ပြည်နယ်နဲ့ဖက်ဒရယ်ယူနစ်လွှတ်တော်များ လွှတ်တော် ကိုယ်စားပြုကော်မတီတွေက ဒီနေ့ ဇွန်လ ၂၉ ရက်မှာ ပူးတွဲကြေညာလိုက်ပါတယ်။ 

အကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူလူထုတင်မြောက်ထားတဲ့ ပြည်သူ့အစိုးရဆီကနေ ဥပဒေမဲ့ အာဏာလုယူတဲ့ဖြစ်စဉ်နဲ့ အတူ ဖမ်းဆီးထိမ်းသိမ်းခံရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ် ၁၄၅ ရှိပြီး စစ်ကြောရေးစခန်းတွေမှာ သတ်ဖြတ်တာ၊ တရားမဲ့ ကြိုးပေးကွပ်မျက်တာ၊ အကျဉ်းထောင်တွေမှာ လုံလောက်တဲ့ ဆေးဝါး ကုသမှုနဲ့ လုံလောက်တဲ့အစာအဟာရ မရတာတွေကြောင့် အသက်ဆုံးရှုံးရသူတွေရှိတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါ တယ်။

ဒါ့အပြင် အကျဉ်းထောင်တွေမှာ အကြောင်းမဲ့ ညှင်းပန်းနှိပ်စက်မှုကြောင့် သေဆုံးတာ၊ အကျဉ်းထောင်ပြင်ပကိုထုတ်ပြီး သတ်ဖြတ်တာ၊ လူမဆန်စွာ မီးရှို့သတ်ဖြတ်တာ လူသားဒိုင်းအဖြစ် အသုံးပြုတာ အမျိုးသမီးတွေကို အဓမ္မပြုကျင့်ပြီး  သတ်ဖြတ်တာ၊ ပြည်သူတွေနေထိုင်တဲ့ ရပ်ရွာတွေကို  လေကြောင်းကနေ ဗုံးကြဲတာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာတွေကြောင့် သေဆုံးခဲ့ရတဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးအထိ ရှိလာခဲ့ပြီလို့ အသိပေးထားပါတယ်။ 

အခုလို အာဏာလုယူထားတဲ့ အကြမ်းဖက်စစ်တပ်က ကျူးလွန်ခဲ့တဲ့ ဥပဒေမဲ့လုပ်ရပ်တွေဟာ နိုင်ငံတကာ လူ့အထွင့်အရေး နဲ့ လူသားချင်းဆိုင်ရာ ထောက်ထားမှုဆိုင်ရာ ဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဒါကြောင့် နိုင်ငံတကာရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ လက်ပါးစေတွေအတွက် လုံးဝခွင့်လွှတ်မှာမဟုတ်ဘဲ ကျူးလွန်ခဲ့တာတွေအတွက် တာဝန်ခံကြရမယ်လို့ သတိပေးထားပါ တယ်။

အာဏာလုယူထားတဲ့ အကြမ်းဖက်စစ်တပ်က မတရားဖမ်းဆီးထိန်းသိမ်းထားတဲ့ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမတ္တကြီး ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးဟာလည်း ကျန်းမာရေးစောင့်ရှောက်မှုမရတာ၊ အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရတာတွေအတွက် ပြည်သူလူထုနဲ့ထပ်တူ အလွန် စိုးရိမ်မိတယ်လို့ ပြည်နယ်နဲ့ဖက်ဒရယ်ယူနစ်လွှတ်တော်များ လွှတ်တော်ကိုယ်စားပြုကော်မတီတွေက ပြောဆိုထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ဝက်လက်မြို့နယ်မှာ မူးယစ်ဆေးရောင်းသူကို WY ဆေးပြား ၃သောင်းကျော်နဲ့အတူ ဖမ်းဆီးရမိ


ဇွန် ၂၉ရက်

 

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်မှာ မူးယစ်ဆေးရောင်းဝယ်နေသူတဦးကို WY မူးယစ်ဆေးပြား ၃သောင်း ကျော်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။ 


ဇွန်လ ၂၁ ရက်နေ့က ရွှေဘို - ဝက်လက် အမှတ် ခရိုင်ချင်းဆက် ဗျူဟာလမ်းအနီးမှာ WY မူးယစ်ဆေးပြား ၃သောင်း ၂ထောင်ကျော်နဲ့အတူ ဝက်လက်မြို့နယ်အရှေ့ခြမ်း ရွှေကျင်ရွာအနီးမှာနေထိုင်တဲ့ အသက် ၄၁ နှစ်အရွယ် အမျိုးသားတဦးကို ဖမ်းဆီးရမိတာလို့ ဝက်လက်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ သတင်းတာဝန်ခံရဲ့ ပြောကြားချက်ကို ကိုးကား ပြည်သူ့ဘက်တော်သားသတင်းဌာနက ဖော်ပြပါတယ်။


စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်ထဲက အမှုကြီးထဲမှာပါတဲ့ ဒီအမှုကို ဖမ်းဆီးနိုင်ဖို့ လလောက် အချိန်ယူခဲ့ရတယ်လို့ သိရပါတယ်။


လက်ရှိမှာ ဖမ်းဆီးရမိသူနဲ့ သက်သေပစ္စည်းများကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲစခန်းမှာ မြို့နယ်ရဲမှူး သာထူးက လုပ်ထုံးလုပ်နည်းဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

 

တော်လှန်ရေးတပ်တွေစိုးမိုးတဲ့နယ်မြေမှာ မူးယစ်ဆေးဝါးတွေ ပြန့်နေတာဟာပြည်သူလူထုအတွက်တင်မဟုတ်ဘဲ တော်လှန်ရေးအတွက်ပါ ကြီးကြီးမားမားထိခိုက်နိုင်တဲ့အတွက် ပြည်သူလူထုအနေနဲ့ အမှုအခင်းတွေဖြစ်လာခဲ့ရင် တိုင်ကြား ကြဖို့နဲ့ တော်လှန်ရေးသမားတွေဟာ ပြည်သူကမွေးထုတ်ပေးထားတာဖြစ်တဲ့အတွက် စေခိုင်းကြဖို့ ဝက်လက်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ သတင်းတာဝန်ခံက တိုက်တွန်းထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာကူညီတွေ ကျယ်ကျယ်ပြန့်ပြန့် သွားရောက်လုပ်ဆောင်ခွင့်ပေးဖို့ ICRC တောင်းဆို


ဇွန် ၂၉ရက်

 

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေကို အပြည့်အဝ လေးစားလိုက်နာတဲ့အနေနဲ့ ထိခိုက်ခံစားခဲ့ရတဲ့ ဒေသတွေမှာရှိတဲ့ ရပ်ရွာလူထုကို လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာကူညီတွေပေးအပ်နိုင်ရေး ကျယ်ကျယ်ပြန့်ပြန့် သွားရောက်ခွင့်ပြုပေးဖို့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC က တောင်းဆိုလိုက်ပါတယ်။ 


မြန်မာနိုင်ငံ လက်နက်ကိုင်ပဋိပက္ခနဲ့ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ လူမှုဘဝတွေ ပြန်လည်တည်ဆောက်ခြင်း ခေါင်းစဉ်နဲ့ ဇွန်လ ၂၇ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ အခုလို တောင်းဆိုလိုက်တာဖြစ်ပါတယ်။ 


ပဋိပက္ခမှာပါဝင်နေတဲ့ အဖွဲ့တွေအနေနဲ့ တိုက်ခိုက်မှုတွေကို ခေတ္တယာယီရပ်တန့်ပြီး အချိန်တိုးမြှင့်ထားပေမယ့် နေရာ တော်တော်များများမှာ တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ICRC က ဆိုပါတယ်။

 

ICRC ရန်ကုန်ကိုယ်စားလှယ်ရုံးက မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Arnaud de Baecque က ငလျင်ဖြစ်ပြီး နောက်ပိုင်းမှာ လူထုက သူတို့ရဲ့ လူမှုဘဝတွေကို ပြန်လည်တည်ဆောက်ဖို့ ရုန်းကန်နေတာကို မြင်ရတာ ဝမ်းနည်းဖွယ်ရာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။


အရင်ကတည်းက ကြီးကြီးမားမား ထိခိုက်ခံစားနေရတဲ့ လူထုရဲ့ လူမှုဘဝတွေဟာ ဆက်လက်ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခကြောင့် ထပ်မံ ဖျက်ဆီးခံလိုက်ရတယ်ဆိုတာကို မေ့ထားလို့မရပါဘူး။ သူတို့ရဲ့ ပြန်လည်ထူထောင်ရေး ခရီးလမ်း တဆင့်စီတိုင်းမှာ ကျွန်တော်တို့အနေနဲ့ သူတို့နဲ့အတူ ရပ်တည်နေပါတယ်လို့လည်း အသိပေးထားပါတယ်။

 

ဒါကြောင့် မြန်မာနိုင်ငံကို မျက်ကွယ်ပြုမထားဘဲ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ပံ့ပိုးကူညီမှုတွေ တိုးမြှင့်ဆောင်ရွက်သွား ဖို့ ICRC ရန်ကုန်ကိုယ်စားလှယ်ရုံးက မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Arnaud de Baecque က တိုက်တွန်းထား ပါတယ်။ 

အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC ဟာ မြန်မာနိုင်ငံကြက်ခြေနီအသင်းအပါအဝင်  ဒေသတွင်းမိတ်ဖက်တွေနဲ့  လက်တွဲပြီး မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနဲ့ ရှမ်းပြည်နယ်တို့က  ထိခိုက်ခံစားခဲ့ရတဲ့ ရပ်ရွာလူထုရဲ့  လိုအပ်ချက် တွေကို ဖြည့်ဆည်းနိုင်ဖို့ လွန်ခဲ့တဲ့ လတာကာလအတွင်းမှာ လုပ်ငန်းတွေကို မနားမနေဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ငလျင်လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်း လူပေါင်း တသိန်း တသောင်းကျော်ဟာ ICRC ကပေးအပ်တဲ့  ဘေးကင်းတဲ့သောက်ရေ၊ အစားအစာ၊ တာပေါ်လင်၊ နေရောင်ခြည်စွမ်းအင်သုံးမီးနဲ့ မရှိမဖြစ်လိုအပ်တဲ့ အိမ်သုံးပစ္စည်းတွေ အရေးပေါ်လိုအပ်ချက် တွေကို ဖြည့်ဆည်းနိုင်မယ့် ငွေကြေးနဲ့အတူ ဆေးရုံတွေ ရွေ့လျားဆေးပေးခန်းတွေကနေ အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုတွေ ရရှိခဲ့တယ်လို့လည်း အသိပေးထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။


========================


========================



🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။⁨⁨⁨⁨ ရန်သူစစ်ကောင်စီဘက်က ငွေကြေးသုံးပြီး တန်ပြန်ထောက်လှန်းနေတာတွေကို သတိပြုဖို့ KNDF ဒုစစ်ဦးချုပ် ပြော 


ဇွန် ၂၉ရက်


ရန်သူစစ်ကောင်စီဘက်က ငွေကြေးအင်အားသုံးပြီး တန်ပြန်ထောက်လှန်းနေတာတွေကို သတိပြုဖို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ဒုစစ်ဦးချုပ် မာဝီက သတိပေးပြောကြားလိုက်ပါတယ်။

ရန်သူတွေဟာ မိတ်ဆွေယောင်ဆောင်တတ်တဲ့အလေ့အကျင့်ရှိတာကြောင့် KNDF ဒုစစ်ဦးချုပ်က KNDF ရဲဘော်တွေနဲ့ အခြားသောတော်လှန်ရေးတပ်တွေက ရဲဘော်တွေကို သူရဲ့လူမှုကွန်ယက်စာမျက်နှာကနေ အခုလို သတိပေးလိုက်တာ ဖြစ်ပါတယ်။

တော်လှန်ရေးအောင်မြင်ဖို့ တကယ့်စိတ်ရင်းနဲ့ ကူညီပေးနေသူတွေကြားမှာ ရန်သူဖြစ်တဲ့ စစ်ကောင်စီတပ်ဘက်က ငွေကြေးအင်အားသုံးပြီး ဝတ်စုံဖိုးနဲ့ ထမင်းဖိုးထောက်ပံ့ကာ သတင်းထောက်လှန်နေတာတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။

အချို့ကလာလိမ့်မယ် ရှေ့တန်းဘယ်နေရာအတွက် ဟင်းလေးလှူချင်လို့ ထမင်းကျွေးချင်လို့ လူဦးရေ ဘယ်လောက်ရှိလဲ ဆိုပြီး မင်းတို့ငါတို့ကလည်း ရှေ့မှာ ထမင်းဟင်းမကောင်းတော့ ဝမ်းသာပြီး ဘယ်နေရာ ရှေ့တန်းမှာတော့ လူဘယ်လောက်ရှိ တယ် နွားတကောင်မှလောက်မှာ ဝက်တကောင်မှလောက်မှာဆိုပြီးလုပ် အဲ့မှာ သတင်းကပေါက်။ အချို့ဆို စားနေတဲ့ ဓာတ်ပုံ တောင် တောင်းလိမ့်မယ်လို့ KNDF ဒုစစ်ဦးချုပ်ရဲ့ သတိပေးချက်မှာ ဖော်ပြထားပါတယ်။

ရန်သူဟာ သိန်းပေါင်းများစွာသုံးနိုင်တဲ့ အဖွဲ့အစည်းဖြစ်တယ်ဆိုတာ မမေ့ဖို့နဲ့ ကိုယ့်တပ်အခြေအနေတွေကို ထုတ်ဖော် ပြောဆိုတာမျိုးမလုပ်ဖို့လည်း တိုက်တွန်းထားပါတယ်။

 

ကျနော်တို့အားလုံး ကိုယ့်ကိုကိုယ်တောင်မသိလိုက်ဘဲ ရန်သူသတင်းပေးမဖြစ်စေဖို့ ကျနော်တင်ပြတာတွေ လုပ်မိနေရင် ရပ်ပေးပါဆင်ခြင်ပေးဖို့ KNDF ဒုစစ်ဦးချုပ်က တောင်းဆိုထားပါတယ်။ 


ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဒုစစ်ဦးချုပ် မာဝီရဲ့ ရဲဘော်တို့ မဖြေနဲ့ သတိ မလုပ်နဲ့ သတိ သတင်းမပေးမိ စေနဲ့ သတိ ဆိုတဲ့ ရေးသားတင်ပြချက်ကို တော်လှန်ရေးတပ်ဖွဲ့အချို့နဲ့ တော်လှန်ရေးအင်အားစုတွေက ပြန်လည်မျှဝေနေကြ ပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာတဲ့ စစ်င်္ဘောအုပ်ကို နေရာခွဲပြီးတိုက်ခိုက်ခဲ့ရာ စစ်သားတွေ အထိနာ သွားတယ်လို့ဆို 


ဇွန် ၂၉ရက်


စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ကိုဖြတ်သန်းစီးဆင်းနေတဲ့ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာ တဲ့ စစ်င်္ဘောအုပ်ကို နေရာခွဲပြီး တိုက်ခိုက်ရာ စစ်တပ်ဘက် အထိနာသွားတယ်လို့ တောင်ပံနီ အထူးမြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။ 

 

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်င်္ဘော စင်းနဲ့ ဖလပ်ခွံစစ်သင်္ဘောတွေကို တော်လှန်ရေး တပ်ဖွဲ့က ဇွန်လ ၂၈ ရက်နေ့ နေ့လည် နာရီခန့်အချိန်မှာ ရှေ့ထွက်မိုင်းတွေအပါအဝင် လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


ဒီတိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်ကောင်စီဘက်က အထိနာသွားတာကြောင့် စစ်သင်္ဘောပေါ်ကနေ ပစ်ကူ ပေးပြီး ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆက်လက်ဆန်တက်သွားတယ်လို့ အသိပေးပါတယ်။


တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှု‌ကြောင့် စစ်သားတွေ ထိခိုက်သေဆုံးမှုရှိပေမယ့် အရေအတွက်ကို တော့ အတည်မပြုနိုင်သေးဘူးလို့လည်း ဆိုပါတယ်။


အဲဒီစစ်သင်္ဘောအုပ်စာ ဇွန်လ ၂၇ ရက်နေ့ ညနေပိုင်းက ချင်းတွင်းမြစ်ကူတံတားတဆင်းဖြစ်တဲ့ ရှင်ဖြူရှင် တံတားမှာ ညအိပ်ခဲ့ပြီး ဖလပ် စင်း၊ စစ်င်္ဘောအကြီး စင်း အသေးတစင်းပါဝင်တယ်လို့ သိရပါတယ်။


ဒီတိုက်ခိုက်မှုကို မဟာမိတ်ညီနောင်အဖွဲ့အစည်းတွေဖြစ်တဲ့ ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ - Salingyi တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့ - Salingyi 5/Fighter Group Local PDF – Monywa SOLO AUNG GYI – Salingyi ယင်းမာပင်ခရိုင် ဗျူဟာ အမှတ် ၄၈ တပ်ရင်း တပ်ခွဲ Defender of Our Motherland SPECIAL GUERILLA FORCE – MONYWA တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ တာဖြစ်ပါတယ်။


တိုက်ပွဲတွေဆက်လက်ဖော်ဆောင်နိုင်ဖို့ ကျည်လိုအပ်ချက်ရှိတာကြောင့် ပြည်တွင်း ပြည်ပမှာရှိတဲ့ ထောက်ပို့အဖွဲ့တွေအနေနဲ့ ကျည်တတောင့်ဖိုးပဲဖြစ်စေ ပါဝင်ထောက်ပို့ပေးဖို့ ဒေသတွင်း တော်လှန်ရေး အဖွဲ့တွေက မေတ္တာရပ်ခံ ထားပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။တနင်္သာရီမြို့နယ် သိန်ခွန်းရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ KNU ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန်နေ


ဇွန် ၂၉ရက်

ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေထဲက တနင်္သာရီမြို့နယ် သိန်ခွန်းရွာအနီးတဝိုက်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီ တပ်နဲ့ KNU ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲတွေပြင်းထန်နေတယ်လို့ KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။

မောတောင်တကြောကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ KNLA တပ်ရင်း - ၁၁ လက်အောက်ခံ တော်လှန်ရေးတပ်ဖွဲ့တွေ မနေ့ ဇွန်လ ၂၈ ရက် မနက် နာရီလောက်ကစပြီး တိုက်ပွဲတွေ ပြင်းထန်နေတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ် နေရာအနီးတစ်ဝိုက်ကို ဂျက်လေယာဉ်တွေနဲ့ တိုက်ခိုက်နေပြီး မနက် ၁၀ နာရီခန့်မှာ ဗုံး အကြီး လုံးနဲ့ ဗုံးအငယ် ၁၀ လုံး ထက်မနည်း လာရောက်ကြဲချခဲ့ပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိတဲ့ နေရာကိုသာ ထိမှန်ခဲ့တယ်လို့ KNU မြိတ်ထားဝယ်ခရိုင်က အသိပေးပါတယ်။ 

လက်ရှိအချိန်မှာလည်း မောတောင်ဒေသကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေး တပ်တွေကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment