၂၀၂၅ ဇူလိုင်လ ၃ ရက်နေ့ မနက်ခင်း သတင်းလွှာ

၂၀၂၅ ဇူလိုင်လ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

📌 ၁။ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) နှင့် မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေးလုပ်ငန်းကော်မတီတို့တွေ့ဆုံဆွေးနွေး

📌 ၂။ တီမောလက်စ်တီ၏ အာဆီယံအဖွဲ့ဝင်ဖြစ်ပေါ်ရေးကို အကြမ်းဖက်စစ်ကောင်စီက ကန့်ကွက်စာပေးပို့

📌 ၃။ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန တာဝန်ရှိသူများနဲ့ အရပ်ဘက်အဖွဲ့အစည်းတခုဖြစ်တဲ့ ညီမျှခြင်းမြန်မာ (EQMM) အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်

📌 ၄။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ မွေးနေ့မှာ ကဗျာရွတ်ဆိုဂုဏ်ပြုခဲ့ကြတဲ့ နိုင်ငံရေးအကျဉ်းသားများအား ရိုက်နှက် ခြေချင်းခတ် တိုက်ပိတ်ထား

📌 ၅။ ၂၀၂၅ခုနှစ်အတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့်  အသက် ၁၈ နှစ်အောက် ကလေးငယ် မိန်းကလေး (၇၄) ဦးနှင့် ယောက်ျားလေး (၆၅) ဦး စုစုပေါင်း (၁၃၉) ဦး သေဆုံးခဲ့ပြီး ၃လသားအရွယ် ကလေး တစ်ဦး ပါဝင်

📌 ၆။ မင်းပြားတွင် ငှက်ဖျားရောဂါကြိုတင်ကာကွယ်နိုင်ရေး အာရက္ခပြည်သူ့ကျန်းမာရေးဌာန ကွင်းဆင်း ဆောင်ရွက်

📌 ၇။ ဇွန်လအတွက် နွေဦးထီလက်မှတ် ၁၉၀၀၀၀ ကျော်ရောင်းထွက်ခဲ့

========================

၂၀၂၅ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ

🚩၁။ ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော် ဗဟိုဦးဆောင်ကော်မတီနှင့် NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့ နိုင်ငံရေး၊ စစ်ရေး၊ ဘဏ္ဍာရေး အခြေအနေများ တွေ့ဆုံဆွေးနွေး

🚩၂။ ကရင်နီအမျိုးသားကာကွယ်ရေးတပ် SSNDF/KNDF B-101နှင့် KNDF B-08မှ ရဲဘော်များ တိုက်ပွဲအတွင်း မြင့်မြတ်စွာ ကျဆုံး

🚩၃။ ခမရ (၅၉၈) တပ်ရင်းနဲ့ သူရဲသူမိန်ရွာက စစ်ကောင်စီ တပ်ဖွဲ့ကို သွားရောက်တိုက်ခိုက်ခဲ့ရာ ဦး သေဆုံး

🚩၄။ ဘုတ်ပြင်းမြို့နယ်က တော်လှန်ရေးတပ်ဖွဲ့ ဂိတ်ကို လာတိုက်တဲ့ စစ်ကောင်စီ တပ်နဲ့ ကြိမ်တိုင် တိုက်ပွဲဖြစ်ပွားခဲ့

🚩၅။ ဆိပ်ဖြူမြို့နယ်တွင် ဘောလုံးကန်ရန်ထွက်လာသည့် အသက် ၁၇ နှစ်အရွယ် လူငယ်ကို စစ်ကောင်စီတပ်သားများက ပစ်သတ်ခဲ့

🚩၆။ နမ့်ခမ်းတွင် ခြံရှင်းရာမှ မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီး ဦး သေဆုံး 

🚩၇။ နောင်ချိုမြို့နယ် သုံးဆယ်ကျေးရွာကို စစ်ကောင်စီက ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ ဦး သေဆုံး

🚩၈။ ခန္တီး ခလရ (၅၂)တပ်ရင်းမှ စစ်ကောင်စီ တပ်သား ()ဦး မိသားစုနှင့်အတူ အလင်းဝင်

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။

========================

📌📌 ၁။ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) နှင့် မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေးလုပ်ငန်းကော်မတီတို့တွေ့ဆုံဆွေးနွေး

ဇူလိုင်  RadioNUG 

ကရင်နီပြည်အတိုင်ပင်ခံကောင်စီ KSCC နှင့် မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေးလုပ်ငန်းကော်မတီတို့သည် ဇူလိုင်လ ရက်နေ့တွင် ZOOM Platform မှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါတယ်။

တွေ့ဆုံဆွေးနွေးရာတွင် မန္တလေးဒေသ မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီအနေဖြင့် မန္တလေးဒေသကြားကာလ နိုင်ငံရေးအစီအမံ ရေးဆွဲရေးလုပ်ငန်းစဥ်နှင့် မူကြမ်းရေးဆွဲထားမှုများအား မျှဝေဆွေးနွေးခြင်း၊ ယင်းဆွေးနွေးမျှဝေမှုအပေါ်  ကရင်နီပြည်အတိုင်ပင်ခံကောင်စီဘက်က မေးခွန်းများ မေးမြန်းခြင်း၊ အကြံပြုခြင်း၊ ဆွေးနွေးဖလှယ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။

ထို့အပြင် ကရင်နီပြည်အတိုင်ပင်ခံကောင်စီက ၎င်းတို့ အတွေ့အကြုံများ၊ နိုင်ငံရေးမျှော်မှန်းချက်များကိုလည်း မျှဝေခဲ့ကြောင်း သိရှိရပါတယ်။

========================

📌📌 ၂။ တီမောလက်စ်တီ၏ အာဆီယံအဖွဲ့ဝင်ဖြစ်ပေါ်ရေးကို အကြမ်းဖက်စစ်ကောင်စီက ကန့်ကွက်စာပေးပို့

ဇူလိုင် RadioNUG 

အကြမ်းဖက်စစ်စစ်ကောင်စီမှ အာဆီယံအဖွဲ့၏ လက်ရှိဥက္ကဋ္ဌဖြစ်သည့် မလေးရှားနိုင်ငံသို့ တရားဝင်စာတစ်စောင် ပေးပို့ခဲ့ပြီး၊ တီမောလက်စ်တီ၏ အာဆီယံအဖွဲ့ဝင်အဖြစ် ဝင်ရောက်ရေးကို အောက်တိုဘာလတွင် ထောက်ခံမည်မဟုတ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့တယ်လို့ Thai PBS World သတင်းတွင် ဖော်ပြထားပါတယ်။

နေပြည်တော်မှ ထုတ်ပြန်သည့် စစ်ကောင်စီ၏ တရားဝင်စာတမ်းတွင် တီမောလက်စ်တီနိုင်ငံသည် အာဆီယံပဋိညာဉ်စာတမ်းတွင် ဖော်ပြထားသည့် အတွင်းရေးမထိပါးရေးမူဝါဒကို ချိုးဖောက်ခဲ့သည်ဟု စွပ်စွဲထားတယ်လို့ ဖော်ပြထားပါတယ်။

အာဆီယံ-မြန်မာညှိနှိုင်းရေးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဟန်ဝင်းအောင်က လက်မှတ်ရေးထိုးထားသည့် စာတမ်းတွင် တီမောလက်စ်တီနိုင်ငံသည် မြန်မာ့အတွင်းရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်မှုများ ဆက်လက်လုပ်ဆောင်နေပါက ၎င်း၏ အာဆီယံအဖွဲ့ဝင်လျှောက်ထားမှုကိုလုံးဝပယ်ချရမည်ဟု ဖော်ပြထားတယ်လို့ သိရပါတယ်။

မေလတွင် ကျင်းပခဲ့သော အာဆီယံထိပ်သီးအစည်းအဝေးတွင် အာဆီယံခေါင်းဆောင်များက တီမောလက်စ်တီကို ၁၁ နိုင်ငံမြောက် အဖွဲ့ဝင်အဖြစ် လက်ခံရန် သဘောတူညီခဲ့ပြီး၊ အောက်တိုဘာလတွင် လိုအပ်သော လုပ်ထုံးလုပ်နည်းများကို ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့သော်လည်း စစ်ကောင်စီက တီမောလက်စ်တီ၏ မြန်မာ့အရေးဆိုင်ရာ မူကွဲမူဝါဒကို ပြုပြင်ပြောင်းလဲပြီး ရှင်းလင်းသော ကတိကဝတ်များ မပြသမချင်း ဆက်စပ်လုပ်ထုံးလုပ်နည်းများကို ဆိုင်းငံ့ထားရန် အာဆီယံဥက္ကဋ္ဌနှင့် အတွင်းရေးမှူးချုပ်ရုံးသို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

========================

📌📌 ၃။ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန တာဝန်ရှိသူများနဲ့ အရပ်ဘက်အဖွဲ့အစည်းတခုဖြစ်တဲ့ ညီမျှခြင်းမြန်မာ (EQMM) အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်

ဇူလိုင် RadioNUG 

ဇူလိုင် ()ရက်နေ့မှာ လူ့အခွင့်အရေး ပညာပေးမှု၊  လူ့အခွင့်အရေးချိုးဖောက်မှုအချက်အလက်ကောက်ယူမှုတွေ ဆောင်ရွက်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းတခုဖြစ်တဲ့ ညီမျှခြင်းမြန်မာ (EQMM) အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

အဆိုပါတွေ့ဆုံမှုအတွင်းမှာ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကတာဝန်ရှိသူတွေ၊ စစ်ကိုင်း၊ မကွေးက လူ့အခွင့်အရေးတာဝန်ခံတွေနဲ့ ညီမျှခြင်းမြန်မာက တာဝန်ရှိသူ စုစုပေါင်း ၅၄ ဦးတက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

တွေ့ဆုံမှုအတွင်းမှာ ညီမျှခြင်းမြန်မာက ဆောင်ရွက်လျက်ရှိတဲ့ လုပ်ငန်းအခြေအနေတွေ၊ မြေပြင်မှာဆောင်ရွက်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုအချက်အလက်ကောက်ယူမှုအခြေအနေတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ လူ့အခွင့်အရေးတာဝန်ခံများနဲ့ မြေပြင်မှာ ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဆွေးနွေးမှုတွေအပေါ် မှာလည်း  မြေပြင်မှာလုပ်ဆောင်နိုင်တဲ့ ပူးပေါင်းဆောင်ရွက်မှုအခြေအနေတွေကို လူ့အခွင့်အရေးတာဝန်ခံတွေက အပြန်အလှန်ဆွေးနွေးမေးမြန်းမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဆွေးနွေးမှုရလဒ်အနေနဲ့ ဝန်ကြီးဌာနရဲ့ လူ့အခွင့်အရေးတာဝန်ခံတွေနဲ့ ညီမျှခြင်းမြန်မာတို့ကြား လူ့အခွင့်အရေးဆိုင်ရာသင်တန်းတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှု အချက်အလက်ကောက်ယူမှုတွေအပါအဝင် အပြန်အလှန်ချိတ်ဆက်ဆောင်ရွက်ဖို့တို့ကို ဆုံးဖြတ်ချက်ချမှတ်နိုင်ခဲ့ပါတယ်။

========================

📌📌 ၄။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ မွေးနေ့မှာ ကဗျာရွတ်ဆိုဂုဏ်ပြုခဲ့ကြတဲ့ နိုင်ငံရေးအကျဉ်းသားများအား ရိုက်နှက် ခြေချင်းခတ် တိုက်ပိတ်ထား

ဇူလိုင်လ ရက်၊ Radio NUG

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်ဆောင်ဆန်းစုကြည် ရဲ့ မွေးနေ့မှာ ကဗျာရွတ်ဖတ်ပြီး ဂုဏ်ပြုခဲ့ကြတဲ့ နိုင်ငံရေး အကျဉ်းသားများကို ရိုက်နှက်ခြေချင်းခတ် တိုက်ပိတ်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ဒေါ်ဆောင်ဆန်းစုကြည် ရဲ့ အသက် (၈၀) ပြည့် မွေးနေ့ကို ဂုဏ်ပြု သေအားဖြင့် မြင်းခြံထောင် အတွင်းရှိ နိုင်ငံရေး အကျဉ်းသားများက ကဗျာရွတ်ဖတ် ခဲ့ကြတယ်လို့ ဆိုပါတယ်။

ထိုသို့ ကဗျာရွတ်ဖတ် ခဲ့ကြတဲ့အတွက် ဟုဆိုကာ မြင်းခြံထောင်ရှိ ဝန်ထမ်းများက နိုင်ငံရေးအကျဉ်းသားများအား ဒီနေ့အထိ ရိုက်နှက် ခြေချင်းခတ်ပြီး တိုက်ပိတ်ထားခဲ့ကာ ရရှိထားတဲ့ ဒဏ်ရာများအား ဆေးကုသခွင့် မပေးခြင်း၊ ထောင်ဝင်စာတွေ့ခွင့်နဲ့ ပါဆယ် ပိုဆောင်ခွင့်များကိုလည်း ကန့်သတ်ထားခဲ့တယ်လို့ သိရပါတယ်။

ယခုကဲ့သို့ ကဗျာရွတ်ဖတ် ရုံမျှဖြင့် လူ့အခွင့်အရေး ချိုးဖောက်နေကြတဲ့ ထောင်ဝန်ထမ်းများအား လူ့အခွင့်အရေး ပြန်လည်ရရှိချိန်တွင် တရားမျှတမှု ရရှိအောင် ကြိုးစားလုပ်ဆောင် သွားမယ်လို့ PPNM က အသိပေး ထုတ်ပြန် ထားပါတယ်။

========================

📌📌 ၅။ ၂၀၂၅ခုနှစ်အတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့်  အသက် ၁၈ နှစ်အောက် ကလေးငယ် မိန်းကလေး (၇၄) ဦးနှင့် ယောက်ျားလေး (၆၅) ဦး စုစုပေါင်း (၁၃၉) ဦး သေဆုံးခဲ့ပြီး ၃လသားအရွယ် ကလေး တစ်ဦး ပါဝင်

ဇူလိုင် ၂ရက်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ရက်နေ့မှ ဇူလိုင်လ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့်  အသက် ၁၈ နှစ်အောက် ကလေးငယ် သေဆုံးသူ မိန်းကလေး (၇၄) ဦးနှင့် ယောက်ျားလေး (၆၅) ဦး စုစုပေါင်း (၁၃၉) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွအတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

 ထိုအထဲတွင် အသက်အငယ်ဆုံး အရွယ် ယောက်ျားလေး တစ်ယောက်ပါဝင်ကာ အဆိုပါ သေဆုံးသူများအနက် စစ်ကိုင်းတိုင်းမှာ (၄၉) ဦးဖြင့် သေဆုံးမှုအများဆုံးဒေသဖြစ်ပြီး မကွေးတိုင်းမှာ (၂၂) ဦးဖြင့် သေဆုံးမှု ဒုတိယအများဆုံးဒေသ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

 သေဆုံးရသည့် အကြောင်းအရင်းအနေဖြင့် (၁၁၅) ဦးမှာ စစ်အုပ်စု၏ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ထို့ပြင် အဆိုပါကာလအတွင်း နိုင်ငံတဝန်း စစ်အုပ်စုက အသက် ၁၅ နှစ်အရွယ် ယောက်ျားလေး () ဦးနှင့် ခြောက်နှစ်အရွယ် မိန်းကလေး () ဦး စုစုပေါင်း ၁၈ နှစ်အောက် ကလေး () ဦးကို နွေဦးတော်လှန်ရေးကိစ္စနှင့် စပ်လျဉ်း၍ ဖမ်းဆီးခဲ့ပါတယ်။

========================

📌📌 ၆။ မင်းပြားတွင် ငှက်ဖျားရောဂါကြိုတင်ကာကွယ်နိုင်ရေး အာရက္ခပြည်သူ့ကျန်းမာရေးဌာန ကွင်းဆင်း ဆောင်ရွက်

ဇူလိုင် RadioNUG 

ဇွန်လ နောက်ဆုံးပတ်ကစပြီး မင်းပြားမြို့နယ်တွင် ငှက်ဖျားရောဂါကြိုတင်ကာကွယ်နိုင်ရေး အာရက္ခပြည်သူ့ကျန်းမာရေးဌာန ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း APMသတင်းဌာနမှ ဖော်ပြထားပါတယ်။

မင်းပြားမြို့နယ်၊ စအင်း(ရွာဟောင်း)ကို အာရက္ခပြည်သူ့ကျန်းမာရေးဌာန၏ ဦးဆောင်မှုနဲ့ ငှက်ဖျား ရောဂါတိုက်ဖျက်ရေးဌာနက ငှက်ဖျားရောဂါ ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ငှက်ဖျားပိုးကူးစက်ခံရပါက ကုသနိုင်ရန် ဆေးများပါ ပေးခဲ့တယ်လို့ သိရပါတယ်။

========================

📌📌 ၇။ ဇွန်လအတွက် နွေဦးထီလက်မှတ် ၁၉၀၀၀၀ ကျော်ရောင်းထွက်ခဲ့

ဇူလိုင်၂ရက်

ဇွန်လအတွက် နွေဦးထီလက်မှတ် ၁၉၀၀၀၀ ကျော်ရောင်းထွက်ခဲ့တယ်လို့ ဇူလိုင်၂ရက်နေ့မှာ ဇွန်လ ရောင်းအားကို  နွေဦးထီမိသားစုက အသိပေးကြေညာပါတယ်။

"တော်လှန်ပြည်သူတို့ရဲ့ စည်းလုံးညီညွတ်မှုတွေနဲ့အတူ ဇွန်လ နွေဦးထီ ရောင်းအားလေးကတော့ လက်မှတ် 197,320 ရောင်းထွက်ခဲ့ပြီး... ချစ်ခြင်းကတိအနှစ် (၈၀)ကတိဆုနှစ်ဆု နှင့် ဆုပေါင်း 4,117 ဆုကို ကံထူးခြင်း ရရှိခဲ့ကြပါတယ်"လို့ ဖော်ပြပါတယ်။

ရှေ့ဆက်ပြီး တရားသော လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းလျက် ဓမ္မအင်အား ပိုမိုပြသပြီး အနာဂတ် အိပ်မက်တွေကို ရဲရဲဝံ့ဝံ့ မက်ကြဖို့လည်းနွေဦးထီက တိုက်တွန်းထားပါတယ်။

အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီ၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩၁။ နောင်ချို၊ သုံးဆယ်ကျေးရွာမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုသား ဦး သေဆုံး

ဇူလိုင်လ ရက်၊ Radio NUG

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ စစ်ကောင်စီ နဲ့ တအောင်းတပ် (TNLA) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အမျိုးသားတဦး သေဆုံးခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန် ထားပါတယ်။

ဇူလိုင်လ ရက်နေ့က နောင်ချိုမြို့နယ် အုမ္မခါး၊ မျက်ချီးနု၊ လုံစံနဲ့ ကျောက်တော ကျေးရွာတို့မှာ စစ်ကောင်စီတပ် နဲ့ TNLA တပ်တို့ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အုမ္မခါး ကျေးရွာကို စစ်ကောင်စီက ဗုံး လုံး ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ထို့အပြင် တိုက်ပွဲဖြစ်ပွားခြင်း မရှိတဲ့ သုံးဆယ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံး (၁၁) လုံး ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ဦး သေဆုံးခဲ့ပြီး ဦး ဒဏ်ရာရခဲ့ကာ နေအိမ် လုံးနဲ့ ဘုန်းကြီးကျောင်း ကျောင်း ထိမှန်ပျက်စီး ခဲ့တယ်လို့ သိရပါတယ်။

အလားတူ နောင်လင်ကျေးရွာကို လက်နက်ကြီး ၃၅ လုံး၊ ဒရုန်းဖြင့် ဗုံး ၂၃ လုံး၊ နားမုံ နဲ့ ရွှေပြည်ညွန့် ကျေးရွာကို လက်နက်ကြီး လုံး၊ ကျောက်ကြမ်းကျေးရွာကို လက်နက်ကြီး လုံးနဲ့ ကသံမျှောင် ကျေးရွာကို လက်နက်ကြီး လုံး တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ပစ်ခတ်တိုက်ခိုက်ခဲ့ ပါသေးတယ်။

========================

🚩🚩၂။ မြိုင်အနောက်ပိုင်းက ဗဟင်းရွာ လေကြောင်းတိုက်ခိုက်ခံရပြီး ပြည်သူ ဦး သေဆုံး

ဇူလိုင်လ ရက်၊ Radio NUG

မကွေးတိုင်း၊ မြိုင်မြို့နယ် အနောက်ပိုင်းက ဗဟင်းကျေးရွာ လေကြောင်းတိုက်ခိုက် ခံရပြီး ပြည်သူ တဦး သေဆုံး ခဲ့တယ်လို့ We Love Myaing က ဖော်ပြထားပါတယ်။

ဇူလိုင်လ ရက်၊ ညနေ နာရီ ၄၂ မိနစ်မှာ ဗဟင်းကျေးရွာကို စစ်ကောင်စီရဲ့ တံတားဦး လေတပ်မှ ဂျက်ဖိုက်တာ တစီးဖြင့် ပေါင် ၅၀၀ ဗုံး တလုံး ကြဲချတိုက်ခိုက် ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ဗဟင်းရွာဆေးရုံ တောင်ဘက်မှာ နေထိုင်တဲ့ အမျိုးသား တဦး သေဆုံး ခဲ့ပြီး အမျိုးသား ဦး ဒဏ်ရာရခဲ့ကာ နေအိမ် လုံး ပျက်စီးခဲ့ရယ်လို့ သိရပါတယ်။

========================

🚩🚩၃။ CDF-KKG တော်လှန်ရေးကာလ နှစ်အတွင်း တိုက်ပွဲ ၄၀၀ ကျော် တိုက်ပွဲဝင်ခဲ့ပြီး ရဲဘော် ၇၃ ဦး ကျဆုံးဟု ထုတ်ပြန်

ဇူလိုင် RadioNUG 

ချင်းပြည်နယ်အခြေစိုက် Chinland Defense Force – Kalay Kabaw Gangaw (CDF-KKG) သည် တော်လှန်ရေးကာလ နှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်ရာတွင် တိုက်ပွဲပေါင်း ၄၀၀ ကျော် ပါဝင်ခဲ့ပြီး၊ ရဲဘော် ၇၃ ဦး ကျဆုံးခဲ့ကာ ဒဏ်ရာရရှိသူနှင့် ကိုယ်လက်အင်္ဂါပေးဆပ်ခဲ့သူ ၁၅၀ ကျော်ရှိကြောင်း ဇူလိုင်လ ရက်တွင် ထုတ်ပြန်ကြေညာပါတယ်။

၂၀၂၁ ခုနှစ်မှ စတင်ခဲ့သည့် တော်လှန်ရေးကာလအတွင်း CDF-KKG သည် ကလေး-ကဘော-ဂန့်ဂေါ ဒေသတွင်သာမက အခြားဒေသများတွင်ပါ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်လျက်ရှိပြီး၊ ၂၀၂၄ ခုနှစ်တွင် စတင်ပြင်ဆင်ခဲ့သည့် အဓိကစစ်ဆင်ရေး (Major Operation) ကို ၂၀၂၅ နှစ်ဆန်းပိုင်းတွင် မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်းကာ အကောင်အထည်ဖော်ခဲ့သလို ထိုစစ်ဆင်ရေးအတွင်း ကလေးနှင့် ဂန့်ဂေါအကြားရှိ စစ်ကောင်စီ၏ စစ်စခန်း ခုကို သိမ်းပိုက်နိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ရေး၊ ပြည်သူလူထုကို ကာကွယ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ပေးဆပ်ခဲ့သည့် ရဲဘော်များအား ဦးညွတ်ဂုဏ်ပြုထားပြီး၊ ကလေး-ကဘော-ဂန့်ဂေါ ဒေသလွတ်မြောက်ရေးမှသည် မြန်မာနိုင်ငံတစ်ဝှမ်း စစ်ကောင်စီလက်အောက်မှ လွတ်မြောက်ရေးအထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

========================

🚩🚩၄။ သန်လျင်မြို့နယ်မှာ စစ်ကောင်စီက ဖမ်းဆီးရမိခဲ့တယ် ဆိုသူများဟာ တော်လှန်ရေး ရန်ပုံငွေများ လိမ်ယူသွားပြီး စစ်ကောင်စီထံ လက်နက်ချထားသူများ ဖြစ်နေ

ဇူလိုင်လ ရက်၊ Radio NUG

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်မှာ ဒီနေ့မနက် စစ်ကောင်စီက ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုသူများဟာ တော်လှန်ရေး ရန်ပုံငွေများကို လိမ်ယူသွားပြီး စစ်ကောင်စီထံ လက်နက်ချ ထားသူများ ဖြစ်တယ်လို့ People’s Spring Media က ဖော်ပြထားပါတယ်။

ဇူလိုင်လ ရက်နေ့ ညက လှိုင်သာယာမြို့နယ် ရဲစခန်းမှာ နိုင်ငံရေး ပုဒ်မတပ် ဖမ်းဆီးခံထားရတဲ့ အမျိုးသမီးအား ဆေးရုံ လိုက်ပို့ချိန်မှာ လက်နက်ကိုင်အဖွဲ့ တခုက ရဲတပ်ဖွဲ့ဝင်များကိုပစ်ခတ်ပြီး ကယ်ထုတ်သွားတယ်လို့ စစ်တပ် ဝါဒဖြန့် လူမှုကွန်ယက်မီဒီယာများမှ စတင်ဖော်ပြခဲ့ပါတယ်။

ထို့နောက် ဇူလိုင်လ ရက်နေ့မှာ သန်လျင်မြို့၊ အောင်သပြေကန်ကျေးရွာ အနီးတွင် ကယ်ထုတ်သွားတဲ့ အဖွဲ့အား ပြန်လည်ဖမ်းဆီး ရမိခဲ့တယ်လို့ စစ်တပ်ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်များက ဓါတ်ပုံနှင့်တကွ ဖြန့်ချီလာပါတယ်။

ထို့အပြင် ရဲများကို ပစ်ခတ်ပြီး ကယ်သွားတယ်ဆိုတဲ့ CCTV ရုပ်သံမှတ်တမ်းကိုပင် ဇူလိုင်လ ရက်၊ ညပိုင်းမှာ ထပ်မံ ဖြန့်ချီခဲ့ပါတယ်။

ဖမ်းဆီးခံရ သူများဟာ ကရင်ပြည်နယ်တွင် National Special Force အမည်ဖြင့် အဖွဲ့ထူထောင်ပြီး ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှာ တပ်ဖွဲ့ပိုင် လက်နက်များနဲ့ အလှူငွေ ဘတ် ၁၀ သိန်းနီးပါး ယူဆောင်သွားကာ စစ်ကောင်စီနဲ့ ပူးပေါင်း ခဲ့တဲ့ ချစ်ဇင်လင်း () အင်ဒရူး နဲ့ ရန်ကုန် () ဘုန်းမြင့်အောင် တို့ ဖြစ်တယ်လို့ တော်လှန်ရေး တပ်ဖွဲ့ဝင် တချို့က ဆိုပါတယ်။

၎င်းတို့ ကယ်ထုတ်ခဲ့တယ်ဆိုသူ အမျိုးသမီးဟာ ချစ်ဇင်လင်းရဲ့ မိန်းမ ဖြစ်ပြီး ထောက်ပို့ အမည်ခံကာ ဆက်လက် လိမ်စားနေရင်း ဖမ်းဆီးခံခဲ့ရတာဖြစ်လို့ သနားစရာ အကြောင်းမရှိဘူးလို့ ဖော်ပြထားပါတယ်။ 

========================

🚩🚩၅။ KNPDP ရဲ့ အခြေခံ စစ်သင်တန်း အပတ်စဥ် () သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်

ဇူလိုင်လ ရက်၊ Radio NUG

ကရင်နီအမျိုးသား ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ (KNPDP) မှ အခြေခံ စစ်သင်တန်း အပတ်စဉ် () သင်တန်း ဆင်းပွဲ အခမ်းအနား တရပ်ကို ကရင်နီပြည် တနေရာမှာ ကျင်းပပြုလုပ် ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဇွန်လ ၃၀ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို KNPDP ဥက္ကဌ၊ အတွင်းရေးမှူး၊ နိုင်ငံရေးမှူး၊ ကျောင်းအုပ်ကြီးနဲ့ တပ်ရင်း တပ်ရင်းမှူး တို့ တက်ရောက်ခဲ့ပြီး ကြိုဆို နှုတ်ခွန်းဆက်စကားနဲ့ အဖွင့်အမှာစကား ပြောကြားခဲ့ကြတယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး အခြေခံ စစ်ရေး နိုင်ငံရေး ဟောပြောချက်၊ ကျေးဇူးတင်စကား တို့ကို ပြောကြားခဲ့ကြကာ ရဲဘော် များကို Round လှည့်ခြင်း၊ သစ္စာရေသောက်ခြင်း၊ KNPDP အလံတော်အား အလေးပြုခြင်း တို့ကို ဆောင်ရွက်ခဲ့ တယ်လို့ သိရပါတယ်။ 

အခမ်းအနားကို သင်တန်းဆင်း ရဲဘော်/ရဲမေ ၄၂ ဦးအပြင် ရဲဘော်/ရဲမေဟောင်းများနဲ့ တာဝန်ရှိ လူကြီးမင်းများ စုစုပေါင်း ၇၀ ကျော် တက်ရောက်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် သာကီ၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment