၂၀၂၅ သြဂုတ်လ ၁၁ ရက်နေ့ ညနေခင်း သတင်းလွှာ

 


၂၀၂၅ သြဂုတ်လ ၁၁ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨အတူတူတိုက်ပွဲဝင်ပြီး အတူတူအောင်ပွဲရယူမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား

📌 ⁨⁨၂။ စစ်ကောင်စီ၏ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် လူပေါင်း ၉၂၆ ယောက် သေဆုံးခဲ့သလို လူထုထောက်ခံမှုမရှိတဲ့ရွေးကောက်ပွဲဟာ ပြည်သူတွေအတွက် ရှုပ်ထွေးမှုကိုသာ ပိုဖြစ်စေတယ်လို့ အာရက္ခတပ်တော်ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ မှတ်ချက်ပြု

📌 ⁨⁨၃။ ဒုတိယအကြိမ်ဘွဲ့နှင်းသဘင်အခမ်းအနားတွင် မြန်မာ့နွေဦးတက္ကသိုလ်မှ ဘွဲ့ရမောင်မယ် ( ၅၁၃ ) ဦးကို မွေးထုတ်ပေးခဲ့

📌 ⁨⁨၄။ ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမား(၁၂၀)ဦးအား လုပ်ခလစာနှင့်အချိန်ပိုလုပ်အားခများ ထုတ်မပေးခြင်းအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူနှင့် MHAC မဟာမိတ်အဖွဲ့တို့ ပူးပေါင်းဖြေရှင်းပေးခဲ့

📌 ⁨⁨၅။ PV,PE နိုင်ငံကူးလက်မှတ်ကူးပြောင်းခွင့် ပိတ်ပင်လိုက်၍ မြန်မာနိုင်ငံသားလူငယ်အများစုနစ်နာ

📌 ⁨⁨၆။ သရုပ်ဆောင်မင်းမော်ကွန်းရဲ့ ပြုံးပြုံးလေးရုပ်ရှင် ပွဲဦးထွက်အဖြစ် ဩစတေးလျနိုင်ငံဆစ်ဒနီမြို့မှာ အောင်မြင်စွာပြသနိုင်ခဲ့

📌 ⁨⁨၇။ အမေရိကန်ဆန်ဖရန်ဗေးဧရိယာ၏ (၄၄ )ကြိမ်မြောက် နွေဦးလက်ဖက်ရည်ဝိုင်း မိသားစုမှ အစားအသောက်များချက်ပြုတ်ရောင်းချငွေနဲ့အလှူငွေလက်ခံရရှိမှု အမေရိကန်ဒေါ်လာ(၁၃,၀၀၀) ကျော်ရရှိ


========================


၂၀၂၅ ခုနှစ် သြဂုတ်လ ၁၁ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ကျဆုံးရဲဘော်၏ကျန်ရစ်ခဲ့တဲ့ မိဘများကိုကန်တော့ပြီး ယူနီဖောင်းနှင့်အလံတော် ပေးအပ်ပွဲအခမ်းအနားကျင်းပ

🚩၂။ တမူးမြို့နယ်၊ နန်မွန်းတားရွာသို့ ထိုးစစ်ဆင်တိုက်ခိုက်လာသော စကစအဖွဲ့အား တိုက်ခိုက်၊ အလောင်း လောင်းနှင့် သေနတ် လက်သိမ်းပိုက်ရရှိ

🚩၃။ ABSDFမှ အပတ်စဥ် (၁၀) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

🚩၄။ မုံရွာ-ကျောက္ကာ-အရာတော် လမ်းပိုင်း၊ ကျောက္ကာ- ဗော်ဓိတထောင် လမ်းပိုင်းတို့အား လမ်းပိုင်းဆိုင်ရာအရေးပေါ်သတိပေးချက်ထုတ်ပြန်ထား


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================



📌📌 ⁨⁨အတူတူတိုက်ပွဲဝင်ပြီး အတူတူအောင်ပွဲရယူမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား


သြဂုတ်လ (၁၁)ရက်


အတူတူတိုက်ပွဲဝင်ပြီး အတူတူအောင်ပွဲရယူမယ်လို့ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အသိပေးပြောကြားထားပါတယ်။


"ချစ်ခင် လေးစားတယ်။အားကိုးတယ်။ယုံကြည်တယ်။အတူတူ တိုက်ပွဲဝင်မယ်။အတူတူ အောင်ပွဲယူမယ်။အတူတူ တည်ဆောက်ကြမယ်"လို့ပြောပါတယ်။


လက်ရှိမှာအမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်အများစုဟာပြည်တွင်းရှိတိုင်းရင်းသားတော်လှန်ရေးနယ်မြေများသို့ရောက်ရှိနေပြီးတော်လှန်ရေးအမြန်ဆုံးအောင်မြင်ပြီးစီးရန်ဆွေးနွေးမှုတို့ရှိနေပါတယ်။


========================


📌📌 ⁨⁨၂။ စစ်ကောင်စီ၏ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် လူပေါင်း ၉၂၆ ယောက် သေဆုံးခဲ့သလို လူထုထောက်ခံမှုမရှိတဲ့ရွေးကောက်ပွဲဟာ ပြည်သူတွေအတွက် ရှုပ်ထွေးမှုကိုသာ ပိုဖြစ်စေတယ်လို့ အာရက္ခတပ်တော်ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ မှတ်ချက်ပြု


သြဂုတ်လ (၁၁)ရက်


ရခိုင်ပြည်အတွင်း စစ်ကောင်စီ၏ မတရားဖမ်းဆီး သတ်ဖြတ်မှုကြောင့် လူပေါင်း ၉၂၆ ယောက် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ,၉၅၄ ယောက်ထိ ရှိခဲ့တယ်လို့  သြဂုတ်လ ၁၁ရက်တွင် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အာရက္ခတပ်တော်ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခမှ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေတွေကို စစ်ကောင်စီက လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် UN နဲ့ INGO အဆောက်အဉီအပါအဝင် နေအိမ်နဲ့ တခြားအဆောက်ဦးတွေ စုစုပေါင်း ၁၁,၀၀၀ ကျော် ပျက်စီးခဲ့တယ်လို့လည်းဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီလုပ်မည့်ရွေးကောက်ပွဲနှင့်ပတ်သက်လို့ "ပြည်သူလူထုထောက်ခံမှုမရှိတဲ့ ရွေးကောက်ပွဲဟာ ပြည်သူအတွက် အကျိုးမဖြစ်နိုင်သလို ပြည်သူတွေအတွက် ရှုပ်ထွေးမှုကိုသာ ပိုဖြစ်စေဖို့လို့ မြင်ပါတယ်"လို့  ၄င်းကမှတ်ချက်ပြုပြောကြားလိုက်ပါတယ်။


ထိုအတွက် အာရက္ခတပ်တော် AA ထိန်းချုပ်ထားသော နယ်မြေများတွင် ရွေးကောက်ပွဲကျင်းပခွင့် ပေးမှာမဟုတ်ဘူးလို့ အာရက္ခတပ်တော်ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ထပ်လောင်းပြောကြားခဲ့ပါတယ်။


========================


📌📌 ⁨⁨၃။ ဒုတိယအကြိမ်ဘွဲ့နှင်းသဘင်အခမ်းအနားတွင် မြန်မာ့နွေဦးတက္ကသိုလ်မှ ဘွဲ့ရမောင်မယ် ( ၅၁၃ ) ဦးကို မွေးထုတ်ပေးခဲ့


သြဂုတ်လ (၁၁)ရက်


ဒုတိယအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် မြန်မာ့နွေဦးတက္ကသိုလ်မှ ဘွဲ့ရမောင်မယ် ( ၅၁၃ ) ဦးကို မွေးထုတ်ပေးခဲ့ပါတယ်။

မြန်မာ့နွေဦးတက္ကသိုလ်တွင် တက္ကသိုလ်တက်ရောက်အောင်မြင်ထားသော အမှန်တရားဖက်တော်သား တော်လှန်တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုသည့်အနေဖြင့် ဘွဲ့လက်မှတ်များပေးအပ်ချီးမြှင့်သည့်မြန်မာ့နွေဦးတက္ကသိုလ်၏ ဒုတိယအကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားကို သြဂုတ်လ()ရက်တွင် ကျင်းပခဲ့ပါတယ်။


ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်း တက္ကသိုလ်အဓိပတိများ၊ ဆရာကြီး၊ ဆရာမကြီးများနှင့်တကွ ဘွဲ့ရကျောင်းသား၊ ကျောင်းသူများ၊ မြန်မာ့နွေဦးတက္ကသိုလ် အဖွဲ့ဝင်များစုံလင်စွာတက်ရောက်ခဲ့ပါတယ်။


 ဘွဲ့နှင်းသဘင်အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်မှပေးပို့သော သဝဏ်လွှာကို ဖတ်ကြားခဲ့ပါတယ်။


ဒုတိယအကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် မြန်မာ့ နွေဦးတက္ကသိုလ်မှ ဘွဲ့ရမောင်မယ် ( ၅၁၃ ) ဦးကို မွေးထုတ်ပေးခဲ့ပြီး ဖြစ်ကာ ဘွဲ့အမျိုးအစား ( )မျိုးပေးအပ်ခဲ့ပြီး  ဝိဇ္ဇာဂုဏ်ထူးဘွဲ့ ရရှိသူ ( ) ဦး၊ သိပ္ပံဂုဏ်ထူးဘွဲ့ရရှိသူ ( ၃၃ ) ဦး၊ ဝိဇ္ဇာဘွဲ့ရရှိသူ ( ၄၀၄ ) ဦး၊ သိပ္ပံဘွဲ့ ရရှိသူ( ၄၈ )ဦး၊ ဥပဒေပညာဘွဲ့ ရရှိသူ( )ဦး၊ စီးပွားရေးပညာဘွဲ့ရရှိသူ( ) ဦး၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာဘွဲ့ ရရှိသူ ( ) ဦးနှင့် ဒီပလိုမာဘွဲ့ ရရှိသူ ( ၁၂  )ဦးကို ဘွဲ့လက်မှတ်များ အပ်နှင်းချီးမြင့်ခဲ့ပါတယ်။


မြန်မာ့နွေဦးတက္ကသိုလ်သည် ပထမအကြိမ်မြောက်ဘွဲ့နှင်းသဘင်တွင် (၁၀၅) ဦးကို ဘွဲ့များအပ်နှင်းချီးမြင့်ခဲ့ပြီး ယခု ဒုတိယအကြိမ်မြောက်ဘွဲ့နှင်းသဘင်တွင် ဘွဲ့ရမောင်မယ် (၅၁၃) ဦးကို ဘွဲ့များအပ်နှင်းချီးမြင့်ခဲ့သည်ဖြစ်ရာ တက္ကသိုလ်အနေဖြင့် ဘွဲ့ရမောင်မယ်စုစုပေါင်း (၆၁၈) ဦးကို ဘွဲ့ဒီဂရီများ အပ်နှင်းချီးမြင့်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။


========================


📌📌 ⁨⁨၄။ ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမား(၁၂၀)ဦးအား လုပ်ခလစာနှင့်အချိန်ပိုလုပ်အားခများ ထုတ်မပေးခြင်းအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူနှင့် MHAC မဟာမိတ်အဖွဲ့တို့ ပူးပေါင်းဖြေရှင်းပေးခဲ့


သြဂုတ်လ (၁၁)ရက်


ထိုင်းနိုင်ငံရှိနာနတ်သီးစက်ရုံမှ မြန်မာရွှေ့ပြောင်း အလုပ်သမား(၁၂၀)ဦးအား လုပ်ခလစာနှင့်အချိန်ပိုလုပ်အားခများထုတ်မပေးခြင်းအပေါ်  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူနှင့် MHAC မဟာမိတ်အဖွဲ့တို့ ပူးပေါင်းဖြေရှင်းပေးခဲ့ပါတယ်။


ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ခရိုင်ရှိ နာနတ်သီးစက်ရုံမှ အလုပ်သမား(၁၂၀)ဦးအား သြဂုတ်လ ၅ရက်နေ့တွင် စက်ရုံမှ လစာတစ်လစာ အပြည့်မပေးသည့်အပြင် အချိန်ပိုလုပ်အားခ တစ်လခွဲစာကိုပါထုတ်မပေးဘဲ အတင်းကြပ်ဖိအားပေးကာ အလုပ်ဆက်ခိုင်းနေကြောင်း အလုပ်သမားများသို့ တိုင်ကြားလာတယ်လို့ဖော်ပြပါတယ်။


အဆိုပါတိုင်ကြားမှုအပေါ် အမျိုးသာညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် MHAC မဟာမိတ်အဖွဲ့မှ အဖွဲ့ဝင်များသည် အလုပ်သမားများအား သွားရောက်တွေ့ဆုံပြီး ဖြစ်စဉ်အသေးစိတ်အားမေးမြန်းခဲ့ရာ အလုပ်သမားများမှ  လပိုင်းအတွက်လစာကို ၃ထောင် သာ ပေးသည့်အပြင် OTကြေးတစ်လခွဲစာကိုလည်း ထုတ်မပေးပဲ အလုပ်ဆက်ပြီးခိုင်းနေရာ ထုတ်ပေးဖို့ပြောသော်လည်း မပေးဘဲ တိုင်ချင်တဲ့နေရာတိုင်ဆိုသည့် ပုံစံမျိုးဖြင့် စက်ရုံဘက်မှပြုလုပ်ကြောင်း သိရှိရတယ်လို့ဖော်ပြပါတယ်။


သို့ဖြစ်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူနှင့် MHAC မဟာမိတ်အဖွဲ့တို့ ပူပေါင်းကာ  ဩဂုတ်လ()ရက်နေ့တွင် အလုပ်သမားများ ရပိုင်ခွင့်ရှိသည့် အချိန်ပိုလုပ်အားခနှင့် လုပ်အားခ ကျန်ငွေရရှိရန်အတွက် စမွတ်ပရာကန်ခရိုင်၊ ဆဝါဒီကန်ရုံးတွင် သွားရောက်တိုင်ကြားဖြေရှင်းပေးခဲ့ရာ ပြေလည်မှုရရှိခဲ့ပြီး အလုပ်သမားများရရန်ရှိသည့် လုပ်အားခများ ပြန်လည်ရရှိအောင် ကူညီပေးနိုင်ခဲ့လို့ သိရပါတယ်။


========================


📌📌 ⁨⁨၅။ PV,PE နိုင်ငံကူးလက်မှတ်ကူးပြောင်းခွင့် ပိတ်ပင်လိုက်၍ မြန်မာနိုင်ငံသားလူငယ်အများစုနစ်နာ


သြဂုတ်လ (၁၁)ရက်


PV,PEနိုင်ငံကူးလက်မှတ်ကူးပြောင်းခွင့် ပိတ်ပင်လိုက်၍ မြန်မာနိုင်ငံသားလူငယ်အများစုနစ်နာနေကြောင်း သတင်းရရှိပါတယ်။


"PVကတော့ အလည်အပတ်အတွက်ကိုင်ဆောင်ရတဲ့ နိုင်ငံကူးလက်မှတ်ပါ။PEကတော့ သူကပညာရေးအဓိက ကျောင်းသွားတက်ဖို့ ကိုင်ဆောင်ရတဲ့လက်မှတ်ပေါ။အခုကဒါတွေကို တင်းကြပ်ပြီး ပိတ်ပင်လိုက်တဲ့သဘောပဲ။ကလေးအများစုက PJအလုပ်သမားနိုင်ငံကူးလက်မှတ်နဲ့ ကျောင်းတက်ဖို့က မဖြစ်နိုင်ဘူး။ဒါကသူတို့လည်းသိတယ်။အခုက ပြည်ပကိုကျောင်းတက်ဖို့ အများစုဖြစ်နေတာကို လျှော့ချချင်တဲ့သဘောပါပဲ။ကျောင်းအတွက်ပိုက်ဆံကြိုရင်းထားတဲ့ကလေးတွေ ဆုံးရှုံးနစ်နာပါတယ်"လို့ ရန်ကုန်မြို့နေကျောင်းသားမိဘတဦးက ပြောပါတယ်။


အဆိုပါအမျိုးအစားပြောင်းလဲ လျှောက်ထားမှုကို နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွေမှာ ပြီးခဲ့တဲ့ ဩဂုတ် ရက်နေ့က စတင်ပြီး စာတစောင်ထုတ်ပြန်ကာ ပိတ်ပင်လိုက်တာဖြစ်ပါတယ်။


"မြန်မာနိုင်ငံမှလူငယ်တွေကို စစ်မှုထမ်းဖို့ လူငယ်အင်အားကို သူတို့စစ်တပ်ကလိုချင်နေပုံရတယ်။ လူငယ်တွေအများစုက ထိုင်း၊မလေးရှားနဲ့စင်ကာပူကို အလုပ်အကိုင်ထွက်ကြတာများတော့ ဒီအင်အားတွေကိုလည်းမက်ပုံရတယ်။တရားမဝင် ဝင်ရောက်လို့ပြန်ပို့ရတဲ့လူငယ်တွေ စစ်တပ်ထဲပဲ ပြန်ရောက်ပုံကြည့်ရင် စစ်သည်အင်အားလိုနေတာသိသာပါတယ်"လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတဦးကလည်းပြောပါတယ်။


========================


📌📌 ⁨⁨၆။ သရုပ်ဆောင်မင်းမော်ကွန်းရဲ့ ပြုံးပြုံးလေးရုပ်ရှင် ပွဲဦးထွက်အဖြစ် ဩစတေးလျနိုင်ငံဆစ်ဒနီမြို့မှာ အောင်မြင်စွာပြသနိုင်ခဲ့


သြဂုတ်လ (၁၁)ရက်


သရုပ်ဆောင်မင်းမော်ကွန်းရဲ့ ပြုံးပြုံးလေးရုပ်ရှင် ပွဲဦးထွက်အဖြစ် ဩစတေးလျနိုင်ငံဆစ်ဒနီမြို့မှာ အောင်မြင်စွာဖြင့်ပြသနိုင်ခဲ့ပါတယ်။


သြဂုတ်လ(၁၀)ရက်မှာ ပြုံးပြုံးလေးရုပ်ရှင် ပွဲဦးထွက်အဖြစ် ဩစတေးလျနိုင်ငံဆစ်ဒနီမြို့တွင် တော်လှန်မိသားစု ထောက်ပို့ပြည်များနှင့်အတူ အကယ်ဒမီမင်းမော်ကွန်းတို့ တွေ့ဆုံခဲ့ကြပြီး Online မှ ဒါရိုက်တာကိုပေါက်နှင့်ပြုံးပြုံးလေးအဖွဲ့သားများ တက်ရောက်ခဲ့ပါတယ်။


"သရုပ်ဆောင်ထားထက်ထက်နဲ့ ဒါရိုက်တာကိုပေါက်တို့ အပြန်အလှန် စကားပြောကြတဲ့ စကားသံတွေက ပရိသတ်ရဲ့ရင်ကို ထိစေခဲ့ပါတယ်။အားလုံးဒီနေ့ဒီအချိန်ထိ တခဲနက်ပါဝင်ပေးမှုအတွက်လည်း ဆစ်ဒနီကအမျိုးများကို ပြုံးပြုံးလေး အဖွဲ့သားများမှ ကျေးဇူးအထူးတင်ရပါတယ်"လို့အသိပေးဆိုထားပါတယ်။


========================


📌📌 ⁨⁨၇။ အမေရိကန်ဆန်ဖရန်ဗေးဧရိယာ၏ (၄၄ )ကြိမ်မြောက် နွေဦးလက်ဖက်ရည်ဝိုင်း မိသားစုမှ အစားအသောက်များချက်ပြုတ်ရောင်းချငွေနဲ့အလှူငွေလက်ခံရရှိမှု အမေရိကန်ဒေါ်လာ(၁၃,၀၀၀) ကျော်ရရှိ


သြဂုတ်လ (၁၁)ရက်


အမေရိကန်ဆန်ဖရန်ဗေးဧရိယာ၏ (၄၄ )ကြိမ်မြောက် နွေဦးလက်ဖက်ရည်ဝိုင်း မိသားစုမှ အစားအသောက်များချက်ပြုတ်ရောင်းချငွေနဲ့အလှူငွေလက်ခံရရှိမှု အမေရိကန်ဒေါ်လာ(၁၃,၀၀၀) ကျော်ရရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။


အဆိုပါစျေးရောင်းချပွဲမှာ ဘေးဧရိယာ SKyline Collegeမှ မြန်မာကျောင်းသားများက  တော်လှန်ရေးတေးဂီတနဲ့ ဖျော်ဖြေခဲ့ကြပါတယ်။


"မိမိတို့ လက်ဖက်ရည်ဝိုင်းကိုယ်တိုင်လည်း စည်းလုံးညီညွတ်မှုအားနဲ့သာ အခုလိုဆက်လက်ချီတက်နိုင်တာ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးအောင်မြင်ဖို့ အားလုံးက စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ တည်ဆောက်ကြဖို့ကိုသာ အဓိကလို့ တိုက်တွန်းချင်ပါတယ်"လို့ နွေဦးလက်ဖက်ရည်ဝိုင်းမိသားစုမှတာဝန်ခံတဦးက Radio NUGကိုပြောပါတယ်။


၄၄ ကြိမ်မြောက်နွေဦးလက်ဖက်ရည်ဝိုင်း မိသားစုမှ အစားအသောက်များရောင်းရငွေနဲ့အလှူငွေလက်ခံရရှိမှု စုစုပေါင်း အမေရိကန်ဒေါ်လာ(၁၃,၅၇၁ )ဒေါ်လာ ရရှိခဲ့ပြီး ချက်ပြုတ်လှုဒါန်းပေးသော အလှူရှင်များ၊ငွေသားအလှုရှင်များ၊အပင်ရောင်းချလှူဒါန်းသော မိတ်ဆွေများ၊ဝယ်သူအားပေးသော မိတ်ဆွေများ၊ဝိုင်းဝန်းကူညီသောမိတ်ဆွေများအားလုံးကို ကျေးဇူးတင်ရှိကြောင်း ဖော်ပြထားပါတယ်။


နွေဦးလက်ဖက်ရည်ဝိုင်းမိသားစုသည် လစဥ်အစားအသောက်များချက်ပြုတ်ရောင်းချ၍ မြန်မာပြည်၏လိုအပ်သောနေရာများသို့ ထောက်ပို့စီးဆင်းလျက်ရှိပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် သာကီမှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩


========================


========================


🚩🚩 ကျဆုံးရဲဘော်၏ကျန်ရစ်ခဲ့တဲ့ မိဘများကိုကန်တော့ပြီး ယူနီဖောင်းနှင့်အလံတော် ပေးအပ်ပွဲအခမ်းအနားကျင်းပ


သြဂုတ်လ (၁၁)ရက်


ကျဆုံးရဲဘော်၏ကျန်ရစ်ခဲ့တဲ့ မိဘများကိုကန်တော့ပြီး ယူနီဖောင်းနှင့်အလံတော် ပေးအပ်ပွဲအခမ်းအနားတရပ်ကို ကျင်းပခဲ့ပါတယ်။


ပုလဲမြို့နယ်၊ ဇီးဖြူကုန်း(ပျူ)ရွာ စခန်းသိမ်းစစ်ဆင်ရေးတိုက်ပွဲမှာ ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ရင်း ယင်းမာပင်မြို့နယ်ပကဖ လက်ရုံးတပ် (ULF)မှ ရဲဘော်တေဇဟာ ဂုဏ်ရောင်ပြောင်စွာကျဆုံးခဲ့ပါတယ်။


 ရဲဘော်တေဇရဲ့ မိဘတွေဆီကို ULF စစ်ကြောင်းမှစစ်ကြောင်းမှူးနဲ့ ရဲဘော်တွေက သွားရောက်ကန်တော့ခဲ့ပြီး ယူနီဖောင်းနဲ့ အလံတော်ကို သွားရောက်ပေးအပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။


========================


🚩🚩၂။ တမူးမြို့နယ်၊ နန်မွန်းတားရွာသို့ ထိုးစစ်ဆင်တိုက်ခိုက်လာသော စကစအဖွဲ့အား တိုက်ခိုက်၊ အလောင်း လောင်းနှင့် သေနတ် လက်သိမ်းပိုက်ရရှိ


သြဂုတ်လ (၁၁)ရက်


စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ တမူးမြို့နယ်၊ နန်မွန်းတားရွာသို့ ရန်ငြိမ်းအောင်ရွာမှ ခလရ-၂၂၈ နှင့် ပြည်သူ့စစ် ပူးပေါင်းအင်အား (၈၀) ခန့်တို့မှ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။


စစ်ကောင်စီတပ်မှ ဩဂုတ်လ () ရက်နေ့တွင် စတင်၍ နန်မွန်းတားရွာသို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မိမိတို့ဘက်မှ ပြန်လည်တိုက်ခိုက်ခဲ့သဖြင့် ဩဂုတ်လ ()ရက်နေ့တွင် ဆုတ်ခွာသွားပါတယ်။


 တော်လှန်ရေးဘက်မှ တမူးခရိုင် စစ်ကြောင်း၊ မော်လိုက်ခရိုင် စစ်ကြောင်း၊ ကလေးခရိုင် စစ်ကြောင်း၊ KNA(B) NLA နှင့် CNA တပ်ဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်တယ်လို့သိရပါတယ်။


ဩဂုတ်လ () ရက်နေ့တွင် နန်မွန်းတားရွာ ဘုရားကျောင်းသို့ တံတားဦးမှ တက်လာသော Yak-130 () စီးဖြင့် ပေါင် (၂၅၀) ဗုံး () လုံးကြဲချ တိုက်ခိုက်ပြီး တံတားဦးလေတပ်မှ တက်လာသော  MIG-29 ()စီးဖြင့် Cluster ဗုံးကြဲချ တိုက်ခိုက်ခဲ့သလို ရန်သူ့ဘက်မှ OWA အသေခံဒရုန်း အမျိုးအစားများကိုလည်း အသုံးပြုခဲ့ကြပါတယ်။


တိုက်ပွဲအတွင်း ရန်သူ့ထံမှ လက်နက် () လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိပြီး ရန်သူ () ဦးသေဆုံး၍ ထိခိုက်ဒဏ်ရာရသူ (၂၀) ကျော်ရှိကာ တော်လှန်ရေးဘက်မှ ရဲဘော် () ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရပြီး လက်နက် () လက် ဆုံးရှုံးခဲ့ရတယ်လို့အမှတ် () စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။


========================


🚩🚩၃။ ABSDFမှ အပတ်စဥ် (၁၀) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ


သြဂုတ်လ (၁၁)ရက်


မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) ABSDF အမှတ် - စစ်ကြောင်းတွင် (၃၇) နှစ်မြောက် ရှစ်လေးလုံး လူထု အရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနားနှင့် အမှတ်စဉ် (/၂၀၂၅) အပတ်စဉ် (၁၀) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ဩဂုတ်လ ရက်၊ ၂၀၂၅ ခုနှစ်တွင် ကျောင်းသားတပ်မတော် အမှတ်- စစ်ကြောင်း အခြေခံစစ်ပညာ သင်တန်းဌာန၌ ကျင်းပခဲ့ပါတယ်။


သင်တန်းဆင်းပွဲ အခမ်းအနားသို့ ABSDF ကျောင်းသားတပ်မတော်မှ ခေါင်းဆောင်ကြီးများ ဗဟိုကော်မတီဝင်များ၊ စစ်ကြောင်းမှူးများနှင့် တပ်မှူးများ ၊မဟာမိတ် KIO/KIA မှ တပ်မှူးများ၊ အာရက္ခတပ်တော် ULA/AA မှ တာဝန်ရှိလူကြီးများ၊ KPDF မှ တပ်မှူးများ၊ ကသာ(ပကဖ) မှ တာဝန်ရှိလူကြီးများ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)မှ တပ်မှူးများနှင့် မိဘပြည်သူများ တက်ရောက်ခဲ့ပါတယ်။


အဆိုပါ သင်တန်းဆင်းပွဲတွင် အပတ်စဥ် (၁၀) အခြေခံစစ်ပညာသင်တန်းဆင်း ရဲဘော်တစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခြင်း၊ တက်ရောက်လာသော ABSDF ခေါင်းဆောင်ကြီးများမှ သင်တန်းဆင်းရဲဘော်များအား အားပေးစကားပြောကြားခြင်း၊ရှစ်လေးလုံးအရေးတော်ပုံနှင့် ၂၀၂၁ နွေဦးတော်လှန်ရေး အခင်းအကျင်းများကို ဆွေးနွေးသုံးသပ် ပြောကြားခြင်း၊ရှစ်လေးလုံးအရေးတော်ပုံ ဖြစ်ပေါ်လာပုံနှင့် ထူးချွန်ဆုရ ရဲဘော်များအား ဆုချီးမြှင့်ခြင်း အစီအစဥ်များဖြင့် ကျင်းပခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


🚩🚩၄။ မုံရွာ-ကျောက္ကာ-အရာတော် လမ်းပိုင်း၊ ကျောက္ကာ- ဗော်ဓိတထောင် လမ်းပိုင်းတို့အား လမ်းပိုင်းဆိုင်ရာအရေးပေါ်သတိပေးချက်ထုတ်ပြန်ထား


သြဂုတ်လ (၁၁)ရက်


မုံရွာ-ကျောက္ကာ-အရာတော် လမ်းပိုင်း၊ ကျောက္ကာ- ဗော်ဓိတထောင် လမ်းပိုင်းတို့အား လမ်းပိုင်းဆိုင်ရာအရေးပေါ်သတိပေးချက်ထုတ်ပြန်ထားပါတယ်။


သြဂုတ်လ(၁၁)ရက်မုံရွာ-ကျောက္ကာ-အရာတော် လမ်းပိုင်း၊ ကျောက္ကာ- ဗော်ဓိတထောင် လမ်းပိုင်း တို့တွင် ရန်သူမှ အင်အားအဆမတန်ဖြင့် စစ်ကြောင်းထိုးလာသဖြင့် ပစ်ပိုင်နယ်တွေအဖြစ် သတ်မှတ်ထားတယ်လို့မုံရွာပကဖကဖော်ပြပါတယ်။


 ထို့ကြောင့် မည်သည့်အကြောင်းအရာနှင့်ဖြစ်စေ ဖြတ်သန်းသွားလာခြင်း အလျဉ်းမရှိစေရန် မိဘပြည်သူများအနေဖြင့် အထူး(အထူး)ဂရုစိုက်ပေးပါရန် အသိပေးအပ်တယ်လို့ ဖော်ပြထားပါတယ်။


ပြန်လည်အသုံးပြု၍ရမည့် အချိန်ကို ကြော်ငြာပေးသွားမည်ဖြစ်ကြောင်းသိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် သာကီမှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩





#RadioNUGLocalNews

#SpringRevolution




Share:

No comments:

Post a Comment