၂၀၂၅ သြဂုတ်လ ၁၇ ရက်နေ့ မနက်ခင်း သတင်းလွှာ

 

၂၀၂၅ သြဂုတ်လ ၁၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ရေးဆွဲခဲ့ကြတဲ့ အစုအဖွဲ့ ()စုတို့မှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး

📌 ၂။ စစ်တောင်းမြစ်ဝှမ်းက ရေဘေးသင့် ဒေသများနဲ့ ရွှေဘိုမြို့နယ်က ကာလရှည် စစ်ရှောင်များကို ကူညီထောက်ပံ့

📌 ၃။ တီးတိန်မြို့နယ်အတွင်း တစ်သောင်းတန်အတု သိန်း ၁၀၀ကျော် ဖမ်းမိ

📌 ၄။ ဒူးပလာယာခရိုင်အတွင်း ရေအရင်းအမြစ်ထိန်းသိမ်းရေး နှိုးဆော်မှု ပိုစတာများ စိုက်ထူ

📌 ၅။ ပင်စိမ်းရိပ်စစ်ရှောင်စခန်းကျောင်းတွင် ကျောင်းဆင်းပွဲနှင့် ဆုပေးပွဲ ကျင်းပ


========================


၂၀၂၅ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ပကဖရုံးချုပ် - ဗဟိုဦးဆောင်အဖွဲ့နှင့် တိုင်း/ ပြည်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များ အစည်းအဝေးကျင်းပ

🚩 ၂။ မြိုင်နဲ့ ပေါက်မြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ရာနဲ့ချီ သေဆုံးပြီး ၁၀၀ ကျော် အလင်းဝင်

🚩 ၃။ ကော့လှိုင်ကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းအား တိုက်ခိုက်ခဲ့ရာ ၁၇ ဦး သေဆုံး

🚩 ၄။ ကျောက်ဖြူမှာ စစ်ကောင်စီ ရေတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အရပ်သား ဦး သေဆုံး၊ သပြုတောင် ရွာကို စစ်ကောင်စီ ဝင်ရောက်မီးရှို့

🚩 ၅။ ပေါက်နှင့် မြိုင်မြို့နယ်အစပ် တောရဘုန်းကြီးကျောင်းကို စစ်တပ်က Y-12 လေယာဉ်ဖြင့် ထပ်မံဗုံးကြဲ

🚩 ၆။ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တည်ထောင်ခြင်း ၅၄ နှစ်ပြည့် အခမ်းအနားကို ဌာနချုပ်တွင် ကျင်းပ

🚩 ၇။ ဗမာပြည်ကွန်မြူနစ်ပါတီ (၈၆) နှစ်မြောက် ပါတီမွေးနေ့ အခမ်းအနား ပြုလုပ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ၁။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ရေးဆွဲခဲ့ကြတဲ့ အစုအဖွဲ့ ()စုတို့မှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး


ဩဂုတ်လ ၁၆ ရက်

Radio NUG 


စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ရေးဆွဲခဲ့ကြတဲ့ အစုအဖွဲ့ ()စုတို့မှ တာဝန်ရှိသူများသည် ဩဂုတ်လ (၁၆)ရက်နေ့၊မနက် (၀၉း၀၀)နာရီအချိန်တွင် Zoom Platform မှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်မှ သတင်းထုတ်ပြန်ပါတယ်။


အစည်းအဝေးပွဲတွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်မှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် ယူနစ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေရှေ့လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ထို့နောက် တက်ရောက်လာတဲ့  တာဝန်ရှိသူများကလည်း စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၏ ရှေ့လုပ်ငန်းစဉ်ဆိုင်ရာ အမြင်သဘောထားများကို အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးဖလှယ်ခဲ့ကြပြီး အစည်းအဝေးအား နေ့လယ် (၁၂း၃၀)နာရီအချိန်တွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၂။ စစ်တောင်းမြစ်ဝှမ်းက ရေဘေးသင့် ဒေသများနဲ့ ရွှေဘိုမြို့နယ်က ကာလရှည် စစ်ရှောင်များကို ကူညီထောက်ပံ့


ဩဂုတ်လ ၁၆ ရက်၊ 

Radio NUG


အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနနဲ့ တော်ဝင်ဒေါင်းတပ်ရင်းတို့ ပူးပေါင်းကာ စစ်တောင်းမြစ်ဝှမ်း ညောင်လေးပင်မြို့နယ်ရှိ ရေဘေးသင့် ဒေသများကို စားနပ်ရိက္ခာများ သွားရောက်လှူဒါန်း ခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ ကျေးရွာများဟာ စစ်ဘေးဒဏ်ခံစားခဲ့ရပြီး ယခုနှစ်မိုးရာသီမှာ မိုးအကြီးအကျယ်ရွာသွန်းမှုနဲ့ စစ်တောင်း မြစ်ရေတက်မှုတို့ကြောင့် ရေနစ်မြုပ်ခဲ့ရကာ စစ်ဘေးအပြင် ရေဘေးကိုပါ ဆက်လက်ကြုံတွေ့ ခံစားခဲ့ပါတယ်။


၎င်း စစ်ဘေး၊ ရေဘေးသင့် ကျေးရွာများကို လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ ကူညီထောက်ပံ့ပေးမှုဖြင့် စားနပ်ရိက္ခာများကို တော်ဝင်ဒေါင်း တပ်ရင်းက သွားရောက်လှူဒါန်း ကူညီထောက်ပံ့ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


အလားတူ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်ရှိ ကာလတာရှည် စစ်ဘေးရှောင် မိဘပြည်သူများကို အလှူရှင်များရဲ့ လှူဒါန်းပေးမှုဖြင့် အညာဒေသ ပရဟိအဖွဲ့ မှ ဆန်များ လှူဒါန်းပေးခဲ့တယ်လို့ ဆိုပါတယ်။


ဆက်လက်ပြီးလည်း စစ်ကောင်စီရဲ့ ဒုက္ခပေးမှုကြောင့် ဒုက္ခရောက်နေကြရတဲ့ မိဘပြည်သူများကို အလှူရှင်များနဲ့ ချိတ်ဆက်ပြီး ဖြည့်ဆည်းကူညီ ဆောင်ရွက်ပေးသွားမယ်လို့ အသိပေးထားပါတယ်။


========================


📌📌 ၃။ တီးတိန်မြို့နယ်အတွင်း တစ်သောင်းတန်အတု သိန်း ၁၀၀ကျော် ဖမ်းမိ


========================


ဩဂုတ်လ ၁၆ရက် 

Radio NUG 


တီးတိန်မြို့နယ်အတွင်းရှိ ရွာတစ်ရွာတွင် ပိုက်ဆံအတုအသုံး ပြုနေခြင်းကို မိဘပြည်သူများသိရသဖြင့် ကျေးရွာ ပအဖနှင့် လူငယ်အဖွဲ့များက စုံစမ်းရာ တစ်သောင်းတန် ပိုက်ဆံအတု သိန်းပေါင်း ၁၀၀ ကျော်ကို ဖမ်းဆီးရမိကြောင်း တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ပါတယ်။


ကျေးရွာ ပအဖနှင့် လူငယ်ခေါင်းဆောင်များက ပိုက်ဆံအတုပိုင်ရှင်ကို ဖမ်း၍ စစ်ဆေးမေးမြန်းရာ အိန္ဒိယနယ်စပ် တီအိုချောင်းမှ ပိုက်ဆံတန်ဖိုး၏ တစ်ဝက်စျေးဖြင့် ဝယ်ယူထားတယ်လို့ သိရှိရကြောင်း ဖော်ပြထားပါတယ်။


========================


📌📌 ၄။ ဒူးပလာယာခရိုင်အတွင်း ရေအရင်းအမြစ်ထိန်းသိမ်းရေး နှိုးဆော်မှု ပိုစတာများ စိုက်ထူ


ဩဂုတ်လ ၁၆ရက် 

Radio NUG 


ရေအရင်းအမြစ်စီမံခန့်ခွဲမှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ နှိုးဆော်သည့် ပိုစတာများနှင့် ဆိုင်းဘုတ်များကို ဩဂုတ်လ ၁၃ ရက်နေ့က နို့တကောမြို့နယ်အတွင်းရှိ ကျေးရွာ/အုပ်စုများတွင် ပြည်သူလူထုနှင့်အတူ စိုက်ထူခဲ့ကြောင်း KNUဗဟိုမှ သတင်းထုတ်ပြန်ပါတယ်။


ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်အတွင်း ကော်သူးလေသစ်တောဌာနနှင့် မွေးမြူရေးနှင့်ရေလုပ်ငန်းဌာနတို့ ပူးပေါင်းပြီး၊ ရေအရင်းအမြစ်ကာကွယ်ထိန်းသိမ်းရေးနှင့် ငါးလုပ်ငန်းဌာနခွဲမှ ဦးဆောင်ကာ ပြည်သူလူထုနှင့်အတူ စိုက်ထူခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ၅။ ပင်စိမ်းရိပ်စစ်ရှောင်စခန်းကျောင်းတွင် ကျောင်းဆင်းပွဲနှင့် ဆုပေးပွဲ ကျင်းပ


သြဂုတ်လ ၁၆ ရက်

Radio NUG 


ရှမ်း-ကရင်နီနယ်စပ်၊ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ ပင်စိမ်းရိပ်စစ်ရှောင်စခန်း အခြေခံပညာအလယ်တန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းဆင်းပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို သြဂုတ်လ ၁၆ ရက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း KPV Newsမှာ ဖော်ပြထားပါတယ်။


အခမ်းအနားတွင် ပင်စိမ်းရိပ်ကျောင်းအကျိုးတော်ဆောင်နာယကမှ ဖွင့်ပွဲအမှာစကား ပြောကြားခဲ့ပြီး၊ လွိုင်ကော်ပညာရေးဘုတ်အဖွဲ့၊ Clean Yangon မှ တာဝန်ရှိသူများနှင့် ကျောင်းတာဝန်ခံများကလည်း အမှာစကားများ ပြောကြားခဲ့ကြတယ်လို့ သိရပါတယ်။


ကျောင်းဆင်းပွဲက ၂၀၂၄-၂၀၂၅ စာသင်နှစ်မှာ စစ်ရှောင်ရခြင်း၊ နေရာရွှေ့ပြောင်းခြင်း၊ စာသင်ချိန် တစ်လခန့် လျော့နည်းသွားခြင်းနှင့် ရန်ပုံငွေ မလုံလောက်ခြင်းကြောင့် နောက်ကျခဲ့ရကြောင်း ပင်စိမ်းရိပ်စစ်ရှောင်စာသင်ကျောင်း တာဝန်ခံ ဆရာမ ဒေါ်ပေါလာက ပြောကြားပါတယ်။


အခမ်းအနားအတွင်း ကျောင်းသားကျောင်းသူများက ကယန်းရိုးရာအကအလှများဖြင့် ဖျော်ဖြေခဲ့ကြပြီး၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ပညာရည်ချွန်ဆုရရှိသူများကို ဆရာ၊ ဆရာမများက ဆုများ ချီးမြှင့်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။


ပင်စိမ်းရိပ်စစ်ရှောင်စာသင်ကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွင်း သူငယ်တန်း (KG) မှ အတန်း အထိ ကျောင်းသား၊ ကျောင်းသူ ၁၅၆ ဦး တက်ရောက်အောင်မြင်ခဲ့ပြီး၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် သူငယ်တန်းမှ အတန်း အထိ ကျောင်းသား၊ ကျောင်းသူ ၃၀၀ နီးပါး တက်ရောက်ပညာသင်ကြားလျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================


🚩🚩 ၁။ ပကဖရုံးချုပ် - ဗဟိုဦးဆောင်အဖွဲ့နှင့် တိုင်း/ ပြည်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များ အစည်းအဝေးကျင်းပ


ဩဂုတ်လ ၁၆ ရက်

Radio NUG 


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပကဖရုံးချုပ် - ဗဟိုဦးဆောင်အဖွဲ့နှင့် တိုင်း/ ပြည်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များ တွေ့ဆုံအစည်းအဝေးအား ၂၀၂၅ခုနှစ်၊ ဩဂုတ်လ (၁၆)ရက်နေ့ နံနက်(၁၀)နာရီ အချိန်တွင် ကျင်းပခဲ့ကြောင်း သတင်းရရှိပါတယ်။


အဆိုပါအစည်းအဝေးသို့ NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုအတွင်းဝန် ဦးမောင်မောင်ဆွေ တက်ရောက်ခဲ့ပြီး နေပြည်တော်-ပြည်သူ့ကာကွယ်ရေးအဖွဲ့မှလည်း တက်ရောက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများအား တင်ပြဆွေးနွေးခဲ့ပြီး လမ်းညွှန်မှု ခံယူ‌ခဲ့ကြောင်း အသိပေးထားပါတယ်။


========================


🚩🚩 ၂။ မြိုင်နဲ့ ပေါက်မြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ရာနဲ့ချီ သေဆုံးပြီး ၁၀၀ ကျော် အလင်းဝင်


ဩဂုတ်လ ၁၆ ရက်၊ 

Radio NUG


မကွေးတိုင်း၊ မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်တို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့များကို တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ ရာနဲ့ချီ သေဆုံးခဲ့ပြီး အလင်းဝင် ဘက်ပြောင်းလာသူ (၁၀၀) ကျော် ရှိတယ်လို့ မြိုင် ပကဖ က ထုတ်ပြန်ထားပါတယ်။


မေလ ၂၇ ရက်နေ့မှ စတင်ပြီး ပခုက္ကူ အခြေစိုက် တပ်မ (၁၀၁) လက်အောက်ခံ တပ်ရင်းများမှ အင်အား ,၀၀၀ ကျော် ယာဉ်အစီးရေ ၁၄၀ ကျော်ပါ စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်သား ၃၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။


ထိုအပြင် ဒဏ်ရာရရှိထားသူများလည်း အများအပြား ရှိခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀၀ ကျော် လက်နက်များနဲ့ ဘက်ပြောင်း အလင်းဝင်ခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ အလင်းဝင် စစ်သားများအနက် ခရိုင်မှူး၊ ဗိုလ်မှူး အဆင့်ရှိသူများလည်း ပါဝင်ပြီး နေရပ်ပြန်လိုသူများကို ပြန်လည်ပို့ဆောင်ပေးခဲ့ကာ စစ်ကောင်စီကို ပြန်တိုက်မယ်လို့ ဆိုသူများကို အနီးကပ် လေ့ကျင့်သင်ကြားပေးနေကြောင်း သိရပါတယ်။


၎င်းအလင်းဝင် တပ်သားများကို ဗျူဟာ၊ တပ်ရင်း၊ တပ်ဖွဲ့များစုစည်းကာ နဂိုမူလ ပကတိစိတ်ထားအား ပြန်လည် ပြင်ဆင် တည့်မတ်ပေးခြင်း၊ လူထုဗဟိုပြုသော စိတ်ထားများ မွေးမြူဆောင်ရွက်တက်စေရန် စည်းရုံးသိမ်းသွင်းခြင်းတို့ကို လုပ်ဆောင်ပေးနေတယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၃။ ကော့လှိုင်ကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းအား တိုက်ခိုက်ခဲ့ရာ ၁၇ ဦး သေဆုံး


ဩဂုတ်လ ၁၆ ရက်၊ 

Radio NUG


တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကော့လှိုင်‌ရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို စစ်ကောင်စီ စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ၁၇ ဦး သေဆုံးပြီး ဦး ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ်(MSRF) က ထုတ်ပြန်ထားပါတယ်။


ဩဂုတ်လ ၁၅ ရက်နေ့ ညနေ နာရီ ခန့်က အင်အား ၁၅၀ ပါ စစ်ကောင်စီ စစ်ကြောင်းကို ကော့လှိုင်ရွာအနီးမှာ တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲ့က ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


ညနေ နာရီ ဝန်းကျင်မှာ စစ်ကောင်စီ စစ်ကြောင်းမှ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး စစ်သား ၁၇ ဦး သေဆုံးခဲ့ကာ ဦး ထက်မနည်း ထိခိုက်မှု ရှိခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) ဗျူဟာ (၃၃) ဒေါနစစ်‌ကြောင်း - အထူးစစ်ဆင်ရေး အဖွဲ့၊ ဒေါနစစ်ကြောင်း - (YGF) ဒေါနစစ်ကြောင်း - (KBDF) ရေးဘီလူး တပ်ရင်း၊ ရာမည မွန်တပ်‌‌တော် (R.M.A) ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ () တပ်ရင်း (၂၇) နှင့် ဆာကပေါ တပ်ရင်း (KTLA) တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၄။ ကျောက်ဖြူမှာ စစ်ကောင်စီ ရေတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အရပ်သား ဦး သေဆုံး၊ သပြုတောင် ရွာကို စစ်ကောင်စီ ဝင်ရောက်မီးရှို့


ဩဂုတ်လ ၁၆ ရက်၊ 

Radio NUG


ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီရေတပ်၊ နေဗီတစ်စီးက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ပြည်သူ တစ်ဦး သေဆုံးခဲ့ရတယ်လို့ Arakan Princess Media က ဖော်ပြထားပါတယ်။


ဩဂုတ်လ ၁၄ ရက်နေ့ နာရီ အချိန်မှာ လိပ်ခမော်ရွာဟောင်းဘက်ကို လက်နက်ကြီး လုံး ဦးတည်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။


လက်နက်ကြီး ပေါက်ကွဲမှုကြောင့် အသက် (၄၀) အရွယ် လိပ်ခမော်ရွာသား ဦးခင်မောင်ချစ် ဆိုသူ ထိမှန်သေဆုံး ခဲ့ပြီး ပြည်သူ ဦး ပိုင်ဆိုင်တဲ့ နွား ၁၄ ကောင်လည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် ဩဂုတ်လ ၁၆ ရက်၊ နေ့လယ် ၁၂ နာရီခွဲခန့်မှာ ကျောက်ဖြူမြို့နယ်၊ သပြုတောင်ရွာကို စစ်ကောင်စီက ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။


ကျောက်ဖြူမြို့နယ် အခြေစိုက် ခမရ (၅၄၃) တပ်ရင်းက တပ်ဖွဲ့ဝင်တွေက ဝင်ရောက်မီးရှို့ ဖျက်စီးခဲ့တာ ဖြစ်ပြီး ပြည်သူပိုင် နေအိမ်တချို့ မီးလောင်ပျက်စီး ခဲ့တယ်လို့ သိရပြီး အသေးစိတ်ကို ဆက်လက်စုံစမ်းဆဲ ဖြစ်တယ်လို့ Arakan Princess Media က ဖော်ပြထားပါတယ်။


========================


🚩🚩 ၅။ ပေါက်နှင့် မြိုင်မြို့နယ်အစပ် တောရဘုန်းကြီးကျောင်းကို စစ်တပ်က Y-12 လေယာဉ်ဖြင့် ထပ်မံဗုံးကြဲ


ဩဂုတ်လ ၁၆ရက် 

Radio NUG 


ဩဂုတ်လ ၁၅ ရက် ညနေ နာရီခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်အစပ်ရှိ တောရဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံး လုံးကြဲချတိုက်ခိုက်ခဲ့ပြီး ကျောင်းအဆောက်အအုံများ ပေါက်ပြဲပျက်စီးခဲ့ကာ သိမ်ကျောင်းနှင့် ဓမ္မာရုံတို့တွင် ဗုံး လုံး တိုက်ရိုက်ကျရောက်ခဲ့ကြောင်း TYK ပြောက်ကျားတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။


ဩဂုတ်လ ၁၂ ရက်ကလည်း အဆိုပါကျောင်းကို စစ်တပ်က ဂျက်ဖိုက်တာနှင့် စက်တပ်လေထီးများဖြင့် တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှုများတွင် ပြည်သူများ ထိခိုက်မှု မရှိဘူးလို့ သိရပါတယ်။


========================


🚩🚩 ၆။ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တည်ထောင်ခြင်း ၅၄ နှစ်ပြည့် အခမ်းအနားကို ဌာနချုပ်တွင် ကျင်းပ


ဩဂုတ်လ ၁၆ရက် 

Radio NUG 


ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တည်ထောင်ခြင်း ၅၄ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ဩဂုတ်လ ၁၆ ရက်တွင် ရှမ်းပြည်တိုးတက်ရေးပါတီနှင့် ရှမ်းပြည်တပ်မတော် (SSPP/SSA) ဗဟိုဌာနချုပ်ရှိ ပါတီကျောက်တိုင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


အခမ်းအနားသို့ SSPP/SSA နာယက ဗိုလ်ချုပ်ကြီး စေထင် ဦးဆောင်သော ဗဟိုကော်မတီဝင်များ၊ ဌာနချုပ်မှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ အမျိုးသမီးတပ်ဖွဲ့များ၊ စစ်သင်တန်းကျောင်းမှ တပ်ဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီအဖွဲ့များ၊ စစ်ရေးပြစစ်ကြောင်းများနှင့် အနီးအနားရှိ ဒေသခံပြည်သူများ စုစုပေါင်း ,၀၀၀ ကျော် တက်ရောက်ခဲ့ကြတယ်လို့ ဖော်ပြပါတယ်။


ဗိုလ်ချုပ်ကြီး စေထင်က အဖွင့်အမှာစကားတွင် SSPP ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ ရှမ်းပြည်တပ်မတော် (SSA) တော်လှန်ရေးလမ်းစဉ်နှင့် ပါတီ၏ နိုင်ငံရေးရပ်တည်ချက်များကို ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။


ထို့ပြင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ ပေးပို့လာသော ဂုဏ်ပြုသဝဏ်လွှာကို အခမ်းအနားတာဝန်ရှိသူတစ်ဦးက ဖတ်ကြားခဲ့တယ်လို့ သိရပါတယ်။


SSPP သည် ရှမ်းပြည်တပ်မတော် (SSA) တော်လှန်ရေးလမ်းစဉ်ကို ဦးဆောင်ရန် ၁၉၇၁ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်တွင် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ပါတယ်။


========================


🚩🚩 ၇။ ဗမာပြည်ကွန်မြူနစ်ပါတီ (၈၆) နှစ်မြောက် ပါတီမွေးနေ့ အခမ်းအနား ပြုလုပ်


ဩဂုတ်လ ၁၆ ရက်၊ 

Radio NUG


ဗမာပြည်ကွန်မြူနစ်ပါတီ ရဲ့ (၈၆) နှစ်မြောက် ပါတီမွေးနေ့ အခမ်းအနားကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) စစ်ဒေသ တစ်ခုမှာ ပြုလုပ်ခဲ့တယ်လို့ PLA က ထုတ်ပြန်ထားပါတယ်။


ဩဂုတ်လ ၁၅ ရက်နေ့က ကျင်းပခဲ့တဲ ပါတီမွေးနေ့ အခမ်းအနားနှင့်အတူ အမှတ် () စစ်ဒေသ သင်တန်းတပ်ခွဲရဲ့ သင်တန်းဆင်းပွဲကိုပါ ပူးတွဲပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


အခမ်းအနားမှာ အလံ အလေးပြုခြင်း၊ သစ္စာအဓိဌာန် ရွတ်ဆိုခြင်း၊ အင်တာနေရှင်နယ်သီချင်း သီဆိုခြင်း၊ ထူးချွန် သင်တန်းသားများအား ဆုချီးမြင့်ခြင်း၊ တာဝန်တိုးမြှင့် သတ်မှတ်ခြင်းနှင့် ဗမာပြည်ကွန်မြူနစ်ပါတီ တည်ထောင် ခြင်း (၈၆) နှစ်ပြည့် ကြေညာချက်အား ဖတ်ကြားခြင်းတို့ကို ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။


ထို့နောက် ကျေးရွာတစ်ရွာက စာသင်ကျောင်းမှာ ကလေးငယ်များအား မုန့်ဟင်းခါး အဟာရနဲ့ မုန့်ပဲသရေစာများ ကျွေးမွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးက ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment