၂၀၂၅ သြဂုတ်လ ၁၉ ရက်နေ့ မနက်ခင်း သတင်းလွှာ

 

၂၀၂၅ သြဂုတ်လ ၁၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ တိုးတက်နေသည့်နိုင်ငံများမှာ အကျဥ်းဦးစီးဌာနကို တရားရေးဝန်ကြီးဌာန လက်အောက်တွင် ထားရှိကြောင်းတရားရေးဝန်ကြီးဦးသိန်းဦးပြောကြား

📌 ၂။ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေအရ ရှေ့လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များပေါ်တွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး

📌 ၃။ လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သား ပြည်သူများသေဆုံးမှုအတွက် အာဏာသိမ်းစစ်တပ်၏ စစ်ရာဇဝတ်မှု ကျူးလွန်နေမှုများအပေါ် ထိရောက်စွာ အရေးယူနိုင်ရန် IEC တိုက်တွန်း

📌 ၄။ စစ်ကောင်စီ၏ ရှမ်းပြည်တောင်ပိုင်း ဆန္ဒပြပွဲများသည် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ဖျက်ဆီးရန် ရည်ရွယ်ဟု RCSS ထုတ်ပြန်

📌 ၅။ ထိုင်းနိုင်ငံတွင် တရားမဝင် မြန်မာအလုပ်သမားများကို မှတ်ပုံတင်ရန် စီစဉ်နေ၊ အလုပ်သမားပြတ်လပ်မှု ဖြည့်ဆည်းရန် အစီအမံများ ချမှတ်

📌 ၆။ မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား- ယာယီပိတ်ထား၊ လဘ်စားမှုစွပ်စွဲချက်များကြောင့် စစ်ဆေးမှုပြုလုပ်နေ

📌 ၇။ ဘီလူးချောင်း အရှေ့ပိုင်းရှိ ပြည်သူများ အနေဖြင့် () ရက်အတွင်း ဘေးလွတ်ရာကို ပြောင်းရွှေ့ပေးကြဖို့ KNDF ထုတ်ပြန် 


========================




ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ၁။ တိုးတက်နေသည့်နိုင်ငံများမှာ အကျဥ်းဦးစီးဌာနကို တရားရေးဝန်ကြီးဌာန လက်အောက်တွင် ထားရှိကြောင်းတရားရေးဝန်ကြီးဦးသိန်းဦးပြောကြား


သြဂုတ်လ၁၈ရက်

Radio NUG

တိုးတက်နေသည့် နိုင်ငံများမှာ အကျဥ်းဦးစီးဌာနကို တရားရေးဝန်ကြီးဌာန လက်အောက်တွင် ထားရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးပြောကြားလိုက်ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနနှင့် မြို့နယ်အကျဥ်းထောင်တာဝန်ခံများ၊ အကျဥ်းသားထိန်းသိမ်းရေးတာဝန်ရှိသူများနှင့် တွေ့ဆုံခြင်း အစည်းအဝေး အမှတ်စဥ် (/၂၀၂၅)မှာ တရားရေးဝန်ကြီးကပြောပါတယ်။


"တရားရေးဝန်ကြီးဌာနမှာ အမှန်တကယ် လက်တွေ့ဆောင်ရွက်သည့်အခါ လိုအပ်ချက်အရ ပြည်ထောင်စုတရားလွှတ်တော်ချုပ် လိုအပ်ချက်များကိုပါ ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း၊ ထို့အပြင် အကျဥ်းဦးစီးဌာနကိုလည်း တရားရေးဝန်ကြီးဌာန၏ လက်အောက်ကပင် ထားရှိဆောင်ရွက်မည်ဆိုသည့် ဆုံးဖြတ်ချက်ဖြင့် ရယူခဲ့ခြင်းဖြစ်ကြောင်း၊ အဓိကအားဖြင့် မြန်မာနိုင်ငံ၏ အကျဥ်းထောင်စနစ်ကို ပြောင်းလဲဖို့ လိုအပ်လာကြောင်း၊ တိုးတက်နေသည့် နိုင်ငံများမှာ အကျဥ်းဦးစီးဌာနကို တရားရေးဝန်ကြီးဌာန လက်အောက်တွင် ထားရှိကြောင်း၊ ရေရှည်တွင် တကယ့်တရားစီရင်ရေးယန္တရားကို သုံးချောင်းထောက်စနစ်ဖြင့် လုပ်မှသာလျှင် အောင်မြင်နိုင်မည်ဆိုသည်ကို ဒီမိုကရေစီ နိုင်ငံကြီးတွေမှာ တွေ့မြင်ရကြောင်း၊ ထိုက်သင့်သည့် ပြစ်ဒဏ် ကျခံပြီးပါက လူ့ဘောင်ဘဝထဲ လူကောင်းအဖြစ် ပြန်လည်ဝင်ဆံ့နိုင်ရန်အတွက် လုပ်ကိုင်ဆောင်ရွက် ပေးရမှာဖြစ်ကြောင်း၊ ထိုကဲ့သို့ မဟုတ်လျှင် အဆိုးသံသရာထဲလည်နေမှာဖြစ်ကြောင်း"ဝန်ကြီးကပြောပါတယ်။


ဆက်လက်ပြီး မြို့နယ်အကျဥ်းထောင်တာဝန်ခံများ၊ အကျဥ်းသားထိန်းသိမ်းရေးတာဝန်ရှိသူများ၏ ကြိုတင်မေးမြန်းချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခြင်း၊ အထွေထွေ ဆွေးနွေးခြင်းများ လုပ်ဆောင်ခဲ့ပြီးနောက် အစည်းအဝေးဆုံးဖြတ်ချက်နှင့် ရှေ့လုပ်ငန်းစဥ်များ ချမှတ်ခြင်းတို့အား ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးမှ အတည်ပြုပေးခဲ့ပါတယ်။


========================


📌📌 ၂။ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေအရ ရှေ့လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များပေါ်တွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး


ဩဂုတ်လ၁၈ ရက်

Radio NUG

စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုတို့မှ တာဝန်ရှိသူများသည် ၂၀၂၅ခုနှစ်၊ဩဂုတ်လ ၁၈ ရက်နေ့၊ (ဝ၉း၀၀)နာရီအချိန်တွင် Zoom Platform မှတဆင့် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သတင်းရရှိပါတယ်။


ဆွေးနွေးပွဲတွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်မှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် ယူနစ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကာ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီးနောက် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် တာဝန်ရှိသူတစ်ဦးက စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေပါ ရှေ့လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။


ထို့နောက် တက်ရောက်လာသော စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုမှ တာဝန်ရှိသူများကလည်း စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေအရ ရှေ့လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များပေါ်တွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးဖလှယ်ခဲ့ကြပြီး အစည်းအဝေးအား (၁၀း၂၀)နာရီအချိန်တွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြပါတယ်။


========================


📌📌 ၃။ လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သား ပြည်သူများသေဆုံးမှုအတွက် အာဏာသိမ်းစစ်တပ်၏ စစ်ရာဇဝတ်မှု ကျူးလွန်နေမှုများအပေါ် ထိရောက်စွာ အရေးယူနိုင်ရန် IEC တိုက်တွန်း


ဩဂုတ်လ ၁၈ရက် 

Radio NUG 


ကုလသမဂ္ဂနှင့် အာဆီယံအပါအဝင် နိုင်ငံတကာအစိုးရများအနေဖြင့်လည်း တရားမဝင် အာဏာသိမ်းစစ်တပ်၏ ကြီးလေးသည့် စစ်ရာဇဝတ်မှု ကျူးလွန်နေမှုများအပေါ် ထိရောက်စွာ အရေးယူနိုင်ရန် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီမှ အလေးအနက်ထား တိုက်တွန်းထားပါတယ်။


၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်နေ့တွင် ကရင်နီပြည် မော်ချီးဒေသရှိ အရပ်သားပြည်သူများနေထိုင်ရာ နေရာများကို စစ်လေယာဥ်များဖြင့် လေ‌ကြောင်း တိုက်ခိုက်မှုနှင့် မဆင်မခြင်ပစ်ခတ်မှုများကြောင့် အရပ်သားပြည်သူ (၃၂) ဦး သေဆုံးခဲ့ပြီး () ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ပြည်သူတချို့ ပျောက်ဆုံးနေတယ်လို့ အသိပေးထားပါတယ်။


ထို့အပြင် ၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်တပ်အနေဖြင့် မော်ချီးဒေသတစ်ခုတည်းအား စစ်လေယာဥ်သုံး ဗုံးကြဲတိုက်ခိုက်မှု (၁၁) ကြိမ်ခန့် ရှိနေပြီဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီမှ အသက်ဆုံးရှုံးခဲ့ရသော အရပ်သားပြည်သူများ၏ ကျန်ရစ်သူ မိသားစုဝင်များနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း ဆိုပါတယ်။


တရားမဝင်အာဏာသိမ်း စစ်တပ်၏ အပြစ်မဲ့ပြည်သူများအပေါ်  ညှာတာမှုကင်းမဲ့စွာ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို တုံ့ပြန်နိုင်ရေးအတွက် ပြည်သူများ၊ တော်လှန်ရေးအင်အားစုများနှင့်အတူ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း IECမှ ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၄။ စစ်ကောင်စီ၏ ရှမ်းပြည်တောင်ပိုင်း ဆန္ဒပြပွဲများသည် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ဖျက်ဆီးရန် ရည်ရွယ်ဟု RCSS ထုတ်ပြန်


ဩဂုတ်လ ၁၈ ရက်

Radio NUG 


ရှမ်းပြည်တောင်ပိုင်းရှိ မြို့အချို့တွင် စစ်ကောင်စီက ဒေသခံများနှင့် Non-CDM ဝန်ထမ်းများကို အတင်းအကျပ်ဆင့်ခေါ်ကာ တအာင်းတပ် (TNLA) နှင့် ကိုးကန့်တပ် (MNDAA) တို့ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ စီစဉ်ပြုလုပ်နေခြင်းသည် တိုင်းရင်းသားများအကြား စည်းလုံးညီညွတ်မှုကို ပျက်ပြားစေရန်နှင့် အမုန်းပွားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတယ်လို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) က ဩဂုတ်လ ၁၈ ရက်တွင် ထုတ်ပြန်ကြေညာပါတယ်။


RCSS သတင်းပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်ချက်တွင် ရှမ်းပြည်မြောက်ပိုင်းတွင် TNLA နှင့် SSPP ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ခံခဲ့ရသော်လည်း တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ဦးစားပေးသည့်အနေဖြင့် ဒေသခံများကို ဆန္ဒပြရန် တစ်ကြိမ်တစ်ခါမျှ တိုက်တွန်းခြင်း မပြုခဲ့ဖူးကြောင်း ဖော်ပြထားပါတယ်။


စစ်ကောင်စီ၏ ဆန္ဒပြပွဲများသည် RCSS နှင့် လုံးဝမသက်ဆိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ရှင်းလင်းထားပါတယ်။


ဩဂုတ်လ ၁၈ ရက်တွင် မိုးနဲ၊ မိုင်းပန်၊ ခိုလမ်၊ ကွန်ဟိန်းမြို့များတွင် တပြိုင်နက် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ပြီး၊ ဩဂုတ်လ ၁၉ ရက်တွင် လဲချား၊ ပင်လုံ၊ နမ့်စန်၊ မောက်မယ်နှင့် လင်းခေးမြို့များတွင် ဆက်လက်ကျင်းပရန် စစ်ကောင်စီက စီစဉ်ထားတယ်လို့ သိရပါတယ်။


မိုးနဲမြို့တွင် ဒေသခံများကိုအစည်းအဝေးတက်ရောက်ရန်ဆိုပြီး လိမ်လည်ဆင့်ခေါ်ကာ ဆန္ဒပြပွဲတွင် ပါဝင်ခိုင်းခဲ့တယ်လို့ သိရပါတယ်။


RCSS က ဒေသခံတိုင်းရင်းသားများအနေဖြင့် စစ်ကောင်စီ၏ လှည့်ကွက်များထဲ မကျရောက်စေရန်နှင့် သတိထားရှောင်ရှားကြရန် တိုက်တွန်းထားပါတယ်။


========================


📌📌 ၅။ ထိုင်းနိုင်ငံတွင် တရားမဝင် မြန်မာအလုပ်သမားများကို မှတ်ပုံတင်ရန် စီစဉ်နေ၊ အလုပ်သမားပြတ်လပ်မှု ဖြည့်ဆည်းရန် အစီအမံများ ချမှတ်


ဩဂုတ်လ ၁၈ရက် 

Radio NUG 


ထိုင်းနိုင်ငံတွင် ကမ္ဘောဒီးယားအလုပ်သမား ထောင်ပေါင်းများစွာ နေရပ်ပြန်သွားပြီးနောက် အလုပ်သမားပြတ်လပ်မှုကို ဖြည့်ဆည်းရန် ထိုင်းအလုပ်သမားဌာနက တရားမဝင်နေထိုင်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများအပါအဝင် အလုပ်သမားသစ်များ စုဆောင်းရေး အစီအမံ ရပ်ကို ပြင်ဆင်နေတယ်လို့ ထိုင်းအလုပ်သမားဌာန ညွှန်ကြားရေးမှူးချုပ် ဆွမ်ချိုင်း မိုရာကော့ဆရီဝမ်က ပြောကြားကြောင်း The Nation Thailand မှာ ဖော်ပြထားပါတယ်။


ထိုင်းအလုပ်သမားဝန်ကြီး ညွှန်ကြားမှုဖြင့် အလုပ်သမားဌာနက 

1. စစ်မှုထမ်းပြီးစီးသူများ၊ ထောင်သက်တမ်း ပြီးဆုံးလုနီးသည့် အကျဉ်းသားများနှင့် ဒုက္ခသည်စခန်းများရှိ လူငယ်များကို ထုတ်လုပ်ရေးနှင့် စိုက်ပျိုးရေးကဏ္ဍများတွင် အလုပ်လုပ်ရန် စုဆောင်းခြင်း။

2. ထိုင်းနိုင်ငံတွင် တရားမဝင် လုပ်ကိုင်နေသည့် မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားအလုပ်သမားများကို မှတ်ပုံတင်ပြီး တရားဝင်အလုပ်လုပ်ခွင့်ပြုခြင်း။

3. မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားအလုပ်သမားများအပေါ်  မှီခိုမှုလျှော့ချရန် သီရိလင်္ကာနှင့် နီပေါမှ အလုပ်သမားများ တင်သွင်းရန် စဉ်းစားခြင်း။

4. ထိုင်းနိုင်ငံအတွင်းရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်သည့် မြန်မာဒုက္ခသည် ၄၀,၀၀၀ ခန့်မှ အလုပ်သမားများ စုဆောင်းခြင်း။

5. ထုတ်လုပ်ရေးကဏ္ဍတွင် အလိုအလျောက်စနစ်နှင့် နည်းပညာမြှင့်တင်မှုများကို အားပေးခြင်း စတဲ့ အစီအမံ ရပ်ကို အကောင်အထည်ဖော်ရန် ပြင်ဆင်နေတယ်လို့ သိရပါတယ်။


ထိုင်းအလုပ်သမားဌာန ညွှန်ကြားရေးမှူးချုပ် ဆွမ်ချိုင်းက လက်ရှိ ထိုင်းနိုင်ငံတွင် တရားမဝင်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများကို မှတ်ပုံတင်ရန် ဦးစားပေးလုပ်ဆောင်မည်ဖြစ်ကြောင်း ပြောကြားထားပါတယ်။


========================


📌📌 ၆။ မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား- ယာယီပိတ်ထား၊ လဘ်စားမှုစွပ်စွဲချက်များကြောင့် စစ်ဆေးမှုပြုလုပ်နေ


ဩဂုတ်လ ၁၈ ရက်

Radio NUG 


ထိုင်း-မြန်မာနယ်စပ်ရှိ မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတား- ကို ဩဂုတ်လ ၁၈ ရက် နံနက်ပိုင်းတွင် မြန်မာဘက်မှ ယာယီပိတ်ထားကြောင်း သတင်းရရှိပါတယ်။


အဆိုပါတံတားသည် ထိုင်း-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးအတွက် အဓိကဖြတ်သန်းသွားလာရာ တံတားဖြစ်ပြီး၊ စစ်ကောင်စီက ကန့်သတ်ထားသည့် ထိုင်းကုန်စည်တင်ကားများကို လာဘ်ယူ၍ ဝင်ခွင့်ပြုသည်ဟု နေပြည်တော်ကို တိုင်ကြားခံရတာကြောင့် ယခုလို ယာယီပိတ်ထားခြင်းဖြစ်တယ်လို့ ဒေသခံစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက KIC ကို ပြောကြားထားပါတယ်။


လက်ရှိတွင် မဲဆောက်ဘက်မှ မြဝတီသို့ ကုန်စည်တင်ကားများ ဝင်ရောက်ခွင့် ကန့်သတ်ခံထားရသဖြင့် ထိုင်းဘက်တွင် ကုန်ကားအစီး ၅၀၀ ခန့် ရက်ပေါင်း ၂၀ ခန့် ရပ်တန့်စောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။


ကရင်နယ်ခြားစောင့်တပ် (BGF) DKBA ငြိမ်းချမ်းရေးကောင်စီ (PC) တပ်ဖွဲ့များ၏ ကျောထောက်နောက်ခံရှိ ကုမ္ပဏီများနှင့် ပွဲစားများက ကုန်စည်ဖြတ်သန်းခွင့်ရရှိရန် မြန်မာအကောက်ခွန်ဌာနနှင့် ညှိနှိုင်းဆောင်ရွက်မှုများ ရှိတယ်လို့ သိရပါတယ်။


========================


📌📌 ၇။ ဘီလူးချောင်း အရှေ့ပိုင်းရှိ ပြည်သူများ အနေဖြင့် () ရက်အတွင်း ဘေးလွတ်ရာကို ပြောင်းရွှေ့ပေးကြဖို့ KNDF ထုတ်ပြန် 


ဩဂုတ်လ ၁၈ ရက်၊ 

Radio NUG


လက်တလော စစ်ရေး အခြေအနေများကြောင့် ဘီလူးချောင်း အရှေ့ဘက်ကမ်းမှာ ကျန်ရှိနေတဲ့ မိဘပြည်သူများအနေဖြင့် အနောက်ဘက်ကမ်းကို ဖြစ်စေ၊ အခြား အန္တရာယ်လွတ်ကင်းရာ နေရာများကို ဖြစ်စေ () ရက်အတွင်း အပြီးပြောင်းရွှေ့ပေးကြဖို့ KNDF က ထုတ်ပြန်ထားပါတယ်။


ဩဂုတ်လ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အတွင်း ပြောင်းရွှေ့ပေးကြဖို့ အပါအဝင် စစ်ဇုန်အတွင်းက မိဘပြည်သူများ လိုက်နာရမယ့် စည်းကမ်းချက်များကို KNDF တပ်ရင်း (, , , ၂၆, ၂၈) တို့က အမိန့်ထုတ်ပြန်ထားတာပါ။


ရိပ်သိမ်းဖို့ ကျန်နေသေးတဲ့ လုပ်ငန်းခွင်များကို မနက် နာရီမှ ညနေ နာရီ အတွင်းသာ သွားလာကြရန်၊ ညနေ နာရီမှ မနက် နာရီ(ကန့်သတ်ချိန်) အတွင်း ဘီလူးချောင်း အရှေ့ဘက်ကမ်း (ကန့်သတ်ဧရိယာ) ကို မသွားလာကြဖို့ တားမြစ်ထားပါတယ်။


ထို့ပြင် လုံခြုံရေး ယူပေးနေတဲ့ ရဲဘော်များအား အနှောက်အယှက်ဖြစ်အောင် ညအချိန်မတော် ဓါတ်မီးထွန်းခြင်း၊ ဆူပူသောင်းကျန်းခြင်း၊ အော်ဟစ်ဆဲဆိုခြင်း၊ သွားလာလှုပ်ရှားခြင်းများ မပြုလုပ်ကြဖို့နဲ့ စည်းကမ်းချက်များအား လိုက်နာခြင်း မရှိပါက ထိရောက်စွာ အရေးယူမယ်လို့ အသိပေးထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီ၊ ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================




🚩🚩 ၁။ ဖားကန့်တွင် စစ်ကောင်စီ၏ ဒရုန်းဗုံးကြောင့် ပြည်သူ ဦး ဒဏ်ရာရပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်


ဩဂုတ်လ ၁၈ရက် 

Radio NUG 


ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာတွင် ဩဂုတ်လ ၁၈ ရက် နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်က စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အမျိုးသမီး ဦးနှင့် အမျိုးသား ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရပါတယ်။


ဒဏ်ရာရသူများ၏ အခြေအနေမှာ စိုးရိမ်ရဖွယ်ရှိတယ်လို့ သိရပါတယ်။


ဖားကန့်မြို့ အနီးတဝိုက်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး၊ ဩဂုတ်လ ၁၇ ရက်ကလည်း အမှိုက်ပုံရွာနှင့် ညောင်ပင်ကုန်းတဝိုက်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကာ ညောင်ပင်ကုန်းတွင် ညနေ နာရီကျော်အထိ တိုက်ပွဲပြင်းထန်ခဲ့သလို ဖားကန့်တပ်မကုန်း၊ အေးမြစာယာနဲ့ လက်မကုန်းဘက်ကနေ လက်နက်ကြီးနဲ့ အချက် ၇၀ နီးပါး ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။


ဖားကန့်ဒေသတွင် ပြည်သူများ နေထိုင်သည့်နေရာများနှင့် တိုက်ပွဲမရှိသည့်နေရာများကို စစ်ကောင်စီက ဒရုန်းနှင့် လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေသည့်အတွက် နှစ်လကျော်အတွင်း ပြည်သူ ၂၄၀ နီးပါး ဒဏ်ရာရရှိခဲ့ပြီး ၆၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ ပေါက်ခေါင်းမှာ စစ်ကောင်စီ အထိုင်ဂိတ်စခန်းအား တိုက်ခိုက်ခဲ့ရာ ဦး သေဆုံး ဦး အရှင်ဖမ်းမိ


ဩဂုတ်လ ၁၈ ရက်၊ 

Radio NUG


ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ဘော်ဒါကျေးရွာရှိ စစ်ကောင်စီ အထိုင်ဂိတ်စခန်းအား တိုက်ခိုက်ခဲ့ရာ စစ်သား ဦး သေဆုံးခဲ့ပြီး ဦး အရှင်ဖမ်းဆီး ရမိခဲ့တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။


ဩဂုတ်လ ၁၅ ရက်နေ့ မနက် နာရီ ၂၀ မိနစ် အချိန်မှာ စစ်ကောင်စီ တပ်အင်အား ၄၂ ဦးရှိ ဘော်ဒါကျေးရွာဂိတ် အထိုင်စခန်းအား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ဦး သေဆုံး၊ ဦး ဒဏ်ရာရကာ ဦးကို အရှင်ဖမ်းမိခဲ့ပြီး အများအပြား စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။


၎င်းတိုက်ခိုက်မှုကို ဗျူဟာ (၂၁) ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင် အမှတ်() ၃၆၀၁ တပ်ရင်း၊ ပြည်ခရိုင် အမှတ် () ၃၆၀၂ တပ်ရင်းနဲ့ တောင်ငူခရိုင် အမှတ် () ၃၅၀၁ တပ်ရင်းတို့က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီ အထိုင်ကုန်း နေရာကို မီးရှို့ဖျက်စီး နိုင်ခဲ့တယ်လို့ ဆိုပါတယ်။


ထို့အပြင် MA-3 လက်၊ MA-11 လက်၊ Uzi လက်၊ ပစ္စတို လက်၊ ကျည်မျိုးစုံ ၂၇၆ တောင့်၊ ရှေ့ထွက်မိုင်း လုံး၊ ကျည်ဘောက် ၁၃ ဘောက်၊ iCom လုံး၊ ဖုန်း လုံး၊ ဆက်သွယ်ရေး အထိုင်စက် လုံးနဲ့ စစ်သုံးပစ္စည်း အမျိုးမျိုးကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။


တိုက်ပွဲပြီးနောက် စစ်ကောင်စီတပ်က နေ့လယ် ၁၁ နာရီခန့်မှာ Gyrocopter ဖြင့် ပေါင် ၃၀၀ ဗုံးသီး လုံး၊ နာရီခန့်မှာ ကြိမ်ချောင်းရွာထဲကို Paramotor စီးဖြင့် ပေါင် ၃၀၀ ဗုံးသီး လုံးဖြင့် ကြဲချခဲ့ရာ အရပ်သားပြည်သူ ဦး သေဆုံးပြီး ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၃။ ဒီပဲယင်းနဲ့ ဝက်လက်က ဘုန်းကြီးကျောင်း ကျောင်းကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်၊ သံဃာတော်များ အပါအဝင် ဦး သေဆုံးပြီး ဦးထက်မနည်း ဒဏ်ရာရ


ဩဂုတ်လ ၁၈ ရက်၊ 

Radio NUG


စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးရွာရှိ မိုးကောင်း ဘုန်းကြီးကျောင်းနဲ့ ဝက်လက်မြို့နယ်၊ နဘဲပင်လှရွာ ဘုန်းကြီးကျောင်းတို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဒီပဲယင်း ပအဖနဲ့ ဝက်လက် သတင်းကွန်ယက်ထံက သိရပါတယ်။


ဩဂုတ်လ ၁၈ ရက်၊ နေ့လယ် နာရီ ၃၂ မိနစ်အချိန်မှာ မိုးကောင်း ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဗုံးကြဲချ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကပ္ပိယ ဦး၊ ကိုရင်ကြီး ပါးနဲ့ အရပ်သားပြည်သူ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ ပြင်းထန် ဒဏ်ရာရခဲ့သူများလည်း ရှိတယ်လို့ ဆိုပါတယ်။


အလားတူ နာရီ ၅၁ မိနစ်နဲ့ ၅၂ မိနစ်တို့မှာ နဘဲပင်လှရွာ ဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာ တစ်စီးဖြင့် ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကိုရင်ကြီး ပါး၊ အသက် ၇၀ အရွယ် အမျိုးသမီး ဦး နဲ့ ၁၁ နှစ်အရွယ် ကလေးငယ် ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် ဘုန်းကြီးကျောင်း၊ ဓမ္မာရုံနဲ့ သာသနိက အဆောက်အအုံများ ပျက်စီးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၄။ မင်းဘူးမြို့နယ်တွင် ခလရ ၈၈ စစ်ကြောင်းကို တိုက်ခိုက်ရာ ၇ဦး သေဆုံးပြီးနောက် အဆိုပါစစ်ကြောင်းက အိုးပြင်မဲရွာရှိ နေအိမ် ၂၇ လုံးအား မီးရှို့ဖျက်ဆီး


ဩဂုတ်လ ၁‌၈ရက် 

Radio NUG 


မင်းဘူးမြို့နယ်၊ ဇီးအိုင်ကျေးရွာမှ ဩဂုတ်လ ၁၇ ရက် နံနက်ပိုင်းတွင် ထွက်ခွာလာတဲ့ စစ်ကောင်စီ ခလရ ၈၈ တပ်ရင်းမှ စစ်ကြောင်းတစ်ခုသည် စကော၊ ပင်းတလဲ၊ ကန့်သက်နှင့် အိုင်းမကျေးရွာများကို ဝင်ရောက်မွှေနှောက်ပြီးနောက် အိုးပြင်မဲကျေးရွာဘက်သို့ ဆက်လက်ချီတက်ခဲ့ရာ အိုင်းမနှင့် အိုးပြင်မဲကျေးရွာအကြား လမ်းကြောင်းတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ကင်းပုန်းဝပ်စောင့်ဆိုင်းကာ စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် စစ်သား ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသသတင်းများအရ သိရပါတယ်။


ထိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သည် အိုးပြင်မဲကျေးရွာသို့ ဝင်ရောက်ကာ နေအိမ် ၂၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ရွာထိပ်ရှိ ဇရပ်တစ်ခုကိုလည်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပျက်စီးမှုများ ရှိခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ ဒီးမောဆိုမှာ စစ်ကောင်စီက အရပ်သားများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးအသုံးချ၊ မတရား ပစ်ခတ်သတ်ဖြတ် 


ဩဂုတ်လ ၁၈ ရက်၊ 

Radio NUG


ကရင်နီပြည်၊ ဒီးမောဆို မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်များက အရပ်သားပြည်သူများအား လူသားဒိုင်းကာအဖြစ် ဖမ်းဆီးအသုံးချခြင်း၊ မတရား ပစ်ခတ်သတ်ဖြတ်ခြင်းများ ကျူးလွန်နေတယ်လို့ SSNDF/KNDF B-103 က ထုတ်ပြန်ထားပါတယ်။


သြဂုတ်လ ရက်နေ့က ဒီးမော့ဆို မြို့နယ်ထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားများက အရပ်သား ပြည်သူများကို မတရားဖမ်းဆီးခြင်း၊ အကြောင်းမဲ့ပစ်သတ်ခြင်းနဲ့ လူသားဒိုင်းကာအဖြစ် အသုံးချခြင်းတို့ကို ရက်စက်စွာ ကျူးလွန်နေတယ်လို့ ဆိုပါတယ်။


စစ်ကောင်စီစစ်ကြောင်းက အရပ်သားပြည်သူများကို ဒိုင်းကာသဖွယ်အသုံးပြုပြီး ရှေ့ဆုံးမှ သွားလာစေခိုင်းခြင်း၊ စစ်သုံးပစ္စည်းများ သယ်ဆောင်ခိုင်းခြင်းတို့ကို လုပ်ဆောင်ခဲ့တဲ့ မှတ်တမ်း တစ်ချို့နဲ့ စစ်ကြောင်း ဝင်ရောက်ခဲ့တဲ့ ကျေးရွာ တစ်ရွာက လမ်းမကြီးပေါ်မှာ ဖြတ်သန်းလာတဲ့ ပြည်သူများအား အမေးအမြန်းမရှိ တမင် ပစ်သတ်ခြင်း၊ ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့တဲ့ မှတ်တမ်းတို့ကို ရယူနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါ အခြေအနေများကြောင့် အများပြည်သူ လုံခြုံရေးအတွက် ဩဂုတ်လ ၁၀ ရက်နေ့ ရက်စွဲဖြင့် KNDF က ထုတ်ပြန်ထားတဲ့ လွိုင်ကော် - ဒီးမော့ဆို - ဖရူဆို ပြည်ထောင်စု လမ်းမကြီးနဲ့ လမ်းမကြီးပေါ် ဖြတ်သန်းသွားလာတဲ့ လမ်းသွယ်များအား အသုံးပြုသွားလာခြင်း လုံးဝမပြုလုပ်ကြဖို့ အသိပေးထုတ်ပြန်ချက်ကို အလေးထား လိုက်နာကြဖို့ တိုက်တွန်းထားပါတယ်။


========================


🚩🚩 ၆။ ဆားလင်းကြီးနှင့် မုံရွာတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားများ ထိခိုက်သေဆုံး


ဩဂုတ်လ ၁၈ရက် 

Radio NUG 


စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ မိုးကြိုးပြင်တောင်ရွာသို့ စစ်ကောင်စီက ဩဂုတ်လ ၁၈ ရက် နေ့လယ် နာရီ ၁၇ မိနစ်ခန့်တွင် နမခမှ တက်လာသော စက်တပ်လေထီး (Paramotor) ဖြင့် လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ် ပြုလုပ်ခဲ့ရာ အရပ်သားများ ထိခိုက်သေဆုံးခဲ့ကြောင်း MRIမှ သတင်းထုတ်ပြန်ပါတယ်။


အဆိုပါတိုက်ခိုက်မှုအတွင်း ဗုံးတစ်လုံး ပြည်သူနေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ရာ အမျိုးသမီး ဦး သေဆုံးပြီး အမျိုးသား ဦး ပေါင်ပြတ်ဒဏ်ရာရရှိကာ နောက်ထပ် အမျိုးသား ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


ထို့ပြင်၊ မုံရွာမြို့နယ်၊ ကျောက္ကာတောင်ရွာတွင် စစ်ကောင်စီတပ်ဖွဲ့များက ဩဂုတ်လ ၁၈ ရက် ညနေ နာရီမှ စတင်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးနေပြီး၊ နာရီ မိနစ်ခန့်အထိ မီးလောင်မှုများ ဆက်လက်ဖြစ်ပေါ်နေတယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၇။ သီပေါနဲ့ မိုးကုတ်မြို့တို့ကို စစ်ကောင်စီက ထပ်မံ ဗုံးကြဲတိုက်ခိုက်၊ အရပ်သားပြည်သူ ဦး ဒဏ်ရာရ


ဩဂုတ်လ ၁၈ ရက်၊ 

Radio NUG


ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအောင်းတပ် - TNLA ထိန်းချုပ်နယ်မြေ၊ သီပေါမြို့နဲ့ မိုးကုတ်မြို့တို့ကို စစ်ကောင်စီက လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ဦး ဒဏ်ရာရခဲ့တယ်လို့ PSLF/ TNLA က ထုတ်ပြန်ထားပါတယ်။


ဩဂုတ်လ ၁၈ ရက် မနက် နာရီခွဲ အချိန်မှာ သီပေါမြို့၊ အနောက်ရပ်ကွက်နဲ့ တောင်မြို့ရပ်ကွက်ကို စစ်ကောင်စီက ပေါင် ၂၅၀ ဗုံးများဖြင့် ကြိမ်တိုင် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၆၀ အရွယ် ဦးဂျမာပိုင်၊ အသက် ၃၀ ဝန်းကျင်ရှိ ဒေါ်ချိုချိုစိန်၊ ဒေါ်ရွှေရည်ဝင်းတို့ ဦး ဒဏ်ရာရခဲ့ပြီး နေအိမ် လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။


အလားတူ နေ့လယ် နာရီ ၁၀ မိနစ်အချိန်မှာ မိုးကုတ်မြို့ အနောက်ပိုင်း၊ ကြက်ပြင်နာရီစင် အနီးကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး လုံး လာရောက်ကြဲချခဲ့တယ်လို့ ဆိုပါတယ်။


ဗုံးကြဲတိုက်ခိုက်မှုအတွင်း အမျိုးသား ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပြီး ဘုန်းကြီးကျောင်း ဆောင်၊ သီလရှင်ကျောင်း ဆောင် ဗုံးစထိမှန် ပျက်စီးခဲ့တယ်လို့ သိရှိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် သာကီ၊ ခါးရှဲလ်နဲ့ ပဒဲဖိုးက ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment