၂၀၂၅ စက်တင်ဘာလ ၂၄ ရက်နေ့ မနက်ခင်း သတင်းလွှာ

 

၂၀၂၅ စက်တင်ဘာလ ၂၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ်များ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ မြန်မာလုပ်သား ၁၀ ဦး နှစ်လစာ လုပ်အားခမရရှိသဖြင့် MHAC မဟာမိတ်အဖွဲ့က ထိုင်းနိုင်ငံတွင် ကူညီဆောင်ရွက်ပေး

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ မီဇိုရမ်ပြည်နယ်၊ အိုက်လ်ဇော်လ်မြို့တွင် အခြေခံစက်ချုပ်သင်တန်း အမှတ်စဉ် () ဖွင့်လှစ်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ Daung's Japan Tour 2025 ကို နွေဦးထီနဲ့ နွေဦးဘဏ်တို့က အစီအစဉ်များဖြင့် ပါဝင်အားဖြည့်ပေး


========================


၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ထီးလင်းမြို့နယ်မှာ တစ်မြို့နယ်လုံးကို လွှမ်းခြုံနိုင်တဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့  (ပကဖ) ဖွဲ့စည်း

🚩 ၂။ ပခုက္ကူမှာ စစ်ကော်မရှင်တပ် အထိုင်ဂိတ်စခန်းကို ရော့ကတ် လုံးဖြင့် ပစ်ခတ်တိုက်ခိုက်

🚩 ၃။ ကလေးမြို့နယ်တောင်ပိုင်း၊ ကြံသာရွာကနေ တော်လှန်‌ရေးတပ်များ ပြန်လည်ဆုတ်ခွာခဲ့ရ၊ စစ်ကော်မရှင်ရဲ့ MI38 စစ်ရဟတ်ယာဉ် စီး နေပြည်တော် လေဆိပ်ကို ရောက်ရှိ

🚩 ၄။ ဖားကန့်တွင် စစ်တပ်လက်နက်ကြီးနှင့် ဒရုန်းကြောင့်  ၄ဦး သေဆုံး၊ ကလေး နှစ်ဦး ဒဏ်ရာရ

🚩 ၅။ ခလယ်လွီထူ ခရိုင်မှာ စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီးကြောင့် ကလေးငယ် တစ်ဦး အပါအဝင် ပြည်သူ ဦး ဒဏ်ရာရ

🚩 ၆။ ကနီနှင့် နွားထိုးကြီးမြို့နယ်များတွင် စစ်တပ်လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ဦးသေဆုံး

🚩 ၇။ တောကျီးကန်း တပ်ရင်း (P2-9912) က အတူလက်တွဲ တိုက်ပွဲဝင်မယ့် ရဲဘော်သစ်များ ခေါ်ယူနေ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ်များ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ


စက်တင်ဘာ ၂၃ 

Radio NUG 


စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်၏ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၂၃)ရက်နေ့ မနက် ၁၀:၀၀နာရီအချိန်အတွင် ဗီဒီကွန်ဖရင့်မှ တဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်မှ သတင်းထုတ်ပြန်ပါတယ်။


အစည်းအဝေးတွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ လွှတ်တော်ရေးရာကော်မတီများမှ တာဝန်ရှိသူများနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။


အစည်းအဝေးတွင် လွှတ်တော်ဥက္ကဋ္ဌမှ နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီးနောက် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလအတွင်း ဆောက်ရွက်မည့် () ကြားကာလ စစ်ကိုင်းဖက်ဒရယ်အစိုးရအဖွဲ့စိစစ်ရွေးချယ်ရေးကော်မရှင်၏ လုပ်ငန်းတာဝန်များအား အတည်ပြုနိုင်ရေးဆိုင်ရာ ကိစ္စရပ်များ။

() ကြားကာလ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရအဖွဲ့ စိစစ်ရွေးချယ်ရေးကော်မရှင်အား ယူနစ်အတွင်းရှိ တော်လှန်ရေးအင်အားစုများနှင့် ညှိနှိုင်းတိုင်ပင်၍ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်မှ အတည်ပြုခြင်းဆိုင်ရာ ကိစ္စရပ်များ။

() ကြားကာလ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရအဖွဲ့စိစစ်ရွေးချယ်ရေးကော်မရှင်ဖွဲ့စည်းပြီးနောက် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တော်လှန်ရေးအောင်မြင်ရေးကို အထောက်အကူဖြစ်စေမည့် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ရေး ဆိုင်ရာကိစ္စရပ်များ။

() စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်မှ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရအဖွဲ့ အတွက် လိုအပ်သော ဥပဒေများကို ရေးဆွဲပြဌာန်းနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအား နေ့လယ် ၁၂:၃၀နာရီတွင် အောင်မြင်စွာရုတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ မြန်မာလုပ်သား ၁၀ ဦး နှစ်လစာ လုပ်အားခမရရှိသဖြင့် MHAC မဟာမိတ်အဖွဲ့က ထိုင်းနိုင်ငံတွင် ကူညီဆောင်ရွက်ပေး


စက်တင်ဘာ ၂၃ 

Radio NUG 


ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဖက်လံဆောင်နယ်မြေရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်နေသည့် သားသမီးငယ်များပါဝင်သော မြန်မာလုပ်သား ၁၀ ဦးသည် လစာနှစ်လစာ၊ ဘတ် သိန်းကျော်ဖိုးအထိ လုပ်အားခမရရှိခဲ့သဖြင့် MHAC မဟာမိတ်အဖွဲ့က ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါတယ်။


စက်တင်ဘာ ၂၂ ရက်တွင် MHAC မဟာမိတ်အဖွဲ့၏ ရုံးတာဝန်ခံများသည် အဆိုပါမြန်မာလုပ်သားများနှင့်အတူ ဖက်လံဆောင်နယ်မြေရှိ ထိုင်းအစိုးရ၏ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဌာန (ဆဝါဒီကန်) အမှတ် ရုံးသို့ သွားရောက်ကာ လုပ်အားခ မပေးချေသည့် လုပ်ငန်းရှင်ကို တိုင်ကြားအမှုဖွင့်ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။


အဆိုပါလုပ်သားများသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဧရိယာအတွင်း ဖက်လံဆောင်နယ်မြေရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ပန်းရံအလုပ်များ လုပ်ကိုင်နေတဲ့ အထောက်အထားအစုံရှိ မြန်မာလုပ်သားများဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ မီဇိုရမ်ပြည်နယ်၊ အိုက်လ်ဇော်လ်မြို့တွင် အခြေခံစက်ချုပ်သင်တန်း အမှတ်စဉ် () ဖွင့်လှစ်


စက်တင်ဘာ ၂၃ 

Radio NUG 


ပြည်သူ့ပန်းတိုင် ပေါင်းစည်းလမ်းအသက်မွေးသင်တန်းဌာနမှ CDM စစ်သား၊ ရဲနှင့် မိသားစုဝင်များ၊ အရပ်ဖက် CDM ဝန်ထမ်းနှင့် စစ်ဘေးရှောင်များအတွက် "အခြေခံစက်ချုပ်သင်တန်း အမှတ်စဉ် ()" ကို အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်လ်ဇော်လ်မြို့တွင် စက်တင်ဘာလ ၂၂ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါတယ်။


အဆိုပါ သင်တန်းသား (၁၀) ဦး တက်ရောက်နေပြီး အခြေခံစက်ချုပ်ပညာရပ်များနှင့် ချည်ထိုး၊ ပန်းထိုး ပညာရပ်များကို ရက်သတ္တပတ် () ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမှာ ဖြစ်ပြီး အခြေခံစက်ချုပ်ခြင်းကို ပိုင်နိုင်ကျွမ်းကျင်မှု ရရှိစေရန် စာတွေ့နှင့် လက်တွေ့ ပေါင်းစပ်၍ ဆွေးနွေးပို့ချပေးသွားမယ်လို့ သိရပါတယ်။


တော်လှန်ရေးကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာလာခဲ့ကြရသော အမျိုးသမီးများ ရောက်ရာနေရာတွင် ဘဝရပ်တည် ရှင်သန်နိုင်ကြစေ‌ရေးအတွက် သက်မွေးမှုပညာရပ်တခု တတ်မြောက်ထားစေရန် ပြည်သူ့ပန်းတိုင်က ရည်ရွယ်တယ်လို့ သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ Daung's Japan Tour 2025 ကို နွေဦးထီနဲ့ နွေဦးဘဏ်တို့က အစီအစဉ်များဖြင့် ပါဝင်အားဖြည့်ပေး


စက်တင်ဘာ ၂၃ ရက်၊ 

Radio NUG


ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ Arena Tachikawa Tachihi မှာ ကျင်းပမယ့် Daung's Japan Tour 2025 ကို နွေဦးထီနဲ့ နွေဦးဘဏ်တို့က အစီအစဉ်များဖြင့် ပါဝင်အားဖြည့် ပေးထားတယ်လို့ ပြည်သူ့ရင်သွေး နွေဦးတော်လှန်ရေးက ဖော်ပြထားပါတယ်။


သင်က DAUNG - ဒေါင်းရဲ့ ပရိသတ်လည်း ဖြစ်တယ်၊ တိုကျိုမှာလည်း ရောက်နေတယ်၊ SDB အကောင့်လည်း ပိုင်ဆိုင်ထားတယ်၊ ဒါဆိုရင် ပွဲနေ့ SDB / NOH Promotion Booth နေရာမှာ အထူးစပါယ်ရှယ် အစီအစဥ်တွေ အသေးစိတ် သိရှိနိုင်ပြီး အောက်ပါအတိုင်း ပါဝင်နိုင်ပါတယ်။လို့ ဆိုထားပါတယ်။


ပွဲလက်မှတ်ကို ဖော်ပြပါ RM များမှတဆင့် SDB ဖြင့် ပေးချေပါက အဦးဆုံးဝယ်ယူသူ (၁၀၀) ဦး အတွက် 500¥ Cashback, SDB ဘဏ် ငွေဖြည့်သူ၊ Spring Bees, Spring Crowdfund အသစ်ဖွင့်သူများအတွက် ဗလာမပါ Lucky Draw အစီအစဥ်, Daung’s Japan collab NOH Gift Card  လက်ဆောင်နဲ့ အောင်လံလွှင့်ချီ နွေဦးထီ (ဦးသူရ စနစ်) လက်ဆောင်များ ပေးအပ်သွားမယ်ဆို သိရပါတယ်။


ထို့ကြောင့် လာမယ့် စက်တင်ဘာလ ၂၈ ရက် (တနင်္ဂနွေနေ့) မှာ ကျင်းပမယ့် Daung's Japan Tour ပွဲလက်မှတ်များကို People’s  Hope Spring Revolution - ပြည်သူ့ရင်သွေးနွေဦးတော်လှန်ရေး , အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စည်းရုံးရေးကော်မတီ - ဂျပန်ဌာနခွဲ , Konnect , နွေဦးစာချုပ် - ဂျပန် RM page များမှတဆင့် တိုက်ရိုက်ဆက်သွယ် ဝယ်ယူကြဖို့ တိုက်တွန်းထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================




🚩🚩 ၁။ ထီးလင်းမြို့နယ်မှာ တစ်မြို့နယ်လုံးကို လွှမ်းခြုံနိုင်တဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့  (ပကဖ) ဖွဲ့စည်း


စက်တင်ဘာ ၂၃ 

Radio NUG 


အရှေ့ခြမ်းနှင့် အနောက်ခြမ်း ခြမ်းကွဲကာ အဖွဲ့  ဖွဲ့ဖြစ်နေကြတဲ့ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်က ပြည်သူ့ကာကွယ်ရေး (ပကဖ) ဖွဲ့ကို စက်တင်ဘာလ ၂၃ ရက်နေ့မှာ မြို့နယ်တွင်းရှိကျေးရွာများအားလုံး ကိုယ်စားလှယ်များရှေ့မှောက်မှာ တစ်မြို့နယ်လုံးကို လွှမ်းခြုံနိုင်တဲ့ ပကဖ အဖွဲ့ တစ်ဖွဲ့တည်းအဖြစ် ညီညွတ်စွာပူးပေါင်းလိုက်ကြောင်း ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။


" ပူးပေါင်းဆောင်ရွက်ပေးကြသော ရပ်ကျေး ပကဖတာဝန်ရှိသူများ အုပ်စု တာဝန်ရှိသူများ မြို့နယ်တာဝန်ရှိသူများ ခရိုင်တာဝန်ရှိ လူကြီးမင်းများနှင့် ခရိုင်စစ်ဌာနတာဝန်ရှိသူများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ် " လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၂။ ပခုက္ကူမှာ စစ်ကော်မရှင်တပ် အထိုင်ဂိတ်စခန်းကို ရော့ကတ် လုံးဖြင့် ပစ်ခတ်တိုက်ခိုက်


စက်တင်ဘာ ၂၃ ရက်၊ 

Radio NUG


မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာ တောင်ဘက်က စစ်ကော်မရှင်တပ် အထိုင်ချဂိတ်စခန်းကို Rocket လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ COBRA ONE တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။


စက်တင်ဘာလ ၂၂ ရက် မနက် ၁၂ နာရီခန့်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဆိုပါ ဂိတ်စခန်းတွင် စစ်ကြောင်း ထိုးရန် တပ်အင်အား အများအပြား ရောက်ရှိနေချိန်မှာ ကျရောက်ပေါက်ကွဲ ခဲ့တယ်လို့ ဆိုပါတယ်။


တိုက်ခိုက်မှုအတွင်း အထိနာသွားတဲ့ စစ်ကော်မရှင်တပ်က လက်နက်ကြီးများ ပြန်လည်ရမ်းသမ်း ပစ်ခတ်ခဲ့သလို ထိုနေ့ ညနေပိုင်းမှာ စစ်ကြောင်းထိုးလာပြီး စစ်ရှောင်တဲများကို မီးရှို့ဖျက်စီးခဲ့တယ်လို့ သိရပါတယ်။


စက်တင်ဘာ ၂၃ ရက်နေ့ မနက်ပိုင်းမှာလည်း အင်ပင်ရွာရှိ စစ်ကော်မရှင် တပ်ဖွဲ့က လက်နက်ကြီး လုံး ရမ်းသမ်း ပစ်ခတ်ခဲ့သလို ညနေ နာရီ အချိန်မှာလည်း စက်တပ်လေထီး စီးဖြင့် ရမ်းသမ်းပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူမြို့နယ် ပကဖ တပ်ရင်း () ပခုက္ကူမြို့နယ် ပကဖ လက်နက်ကြီးတပ်ဖွဲ့ COBRA ONE နဲ့ BURMA REVOLUTION RUNGERS တပ်ဖွဲ့က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး မိဘ ပြည်သူများအနေဖြင့် စစ်ရေးသတင်းများကို အထူးဂရုစိုက် နေထိုင်ကြဖို့ အသိပေး တိုက်တွန်းထားပါတယ်။


========================


🚩🚩 ၃။ ကလေးမြို့နယ်တောင်ပိုင်း၊ ကြံသာရွာကနေ တော်လှန်‌ရေးတပ်များ ပြန်လည်ဆုတ်ခွာခဲ့ရ၊ စစ်ကော်မရှင်ရဲ့ MI38 စစ်ရဟတ်ယာဉ် စီး နေပြည်တော် လေဆိပ်ကို ရောက်ရှိ


စက်တင်ဘာ ၂၃ ရက်၊ 

Radio NUG


စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းနဲ့ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ ဟံသာဝတီရွာ မြောက်ဘက် ကြံသာရွာကနေ တော်လှန်ရေး တပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာ ပေးခဲ့ရတယ်လို့ ယောအလင်းတန်းက ဖော်ပြထားပါတယ်။


ကြံသာရွာကို ဒေသခံ ပြည်သူ့တော်လှန်ရေး တပ်ဖွဲ့တွေက ၂၀၂၅ ဧပြီလ ၁၀ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး ယခု စက်တင်ဘာလ ၂၀ ရက်နေ့ ညပိုင်းမှာတော့ ပြန်လည်ဆုတ်ခွာပေးခဲ့ရတယ်လို့ ဆိုပါတယ်။


ကြံသာရွာဟာ ပျူစောထီးများက စိုးမိုးအုပ်ချုပ်ထားခဲ့တာဖြစ်ပြီး အနီးနားမှာလည်း မကွေးတိုင်း ဂန့်ဂေါနယ်က ဟံသာဝတီရွာ၊ မြောက်ခင်ရန်းရွာ စတဲ့ အင်အားကြီး ပျူစောထီးရွာများ၊ ကလေးနယ် မြစ်သာမြစ် အရှေ့ဘက်က လယ်ကြီးရွာ၊ ဝင်ဝရွာ၊ ကျောက်ပြုတ်ရွာ စတဲ့ ပျူစောထီး ရွာကြီးများ ရှိနေတာလည်း ဖြစ်ပါတယ်။


ကြံသာရွာကို ပြန်လည်ရယူနိုင်ဖို့ စစ်ကော်မရှင်တပ်က စစ်မှုထမ်း၊ ပြည်သူ့စစ် သင်တန်းဆင်း တပ်သားသစ်များနဲ့ ပျူစောထီးများ အင်အား (၃၀၀) ကျော်ကို အသုံးပြုကာ ဟံသာဝတီရွာဖက်ကနေ ထိုးစစ်ဆင်လာခဲ့တာ ဖြစ်ပြီး ၁၀ ကြိမ် ထက်မနည်း တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။


လက်နက်အင်အား၊ လူအင်အား မမျှတာကြောင့် လကျော်ကြာ ထိန်းချုပ်ထားခဲ့တဲ့ ကြံသာရွာကို တော်လှန်ရေး တပ်ဖွဲ့များက လက်လွှတ်ပေးခဲ့ရပြီး ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။


ထို့အပြင် စစ်ကော်မရှင်တပ်က အသစ်မှာယူထားတဲ့ ရုရှားနိုင်ငံထုတ်၊ ဘက်စုံသုံး MI-38 စစ်ရဟတ်ယာဉ် () စီး နေပြည်တော် လေဆိပ်ကို ရောက်ရှိနေပြီလို့ ယောအလင်းတန်းက ဆိုပါတယ်။


၎င်းရဟတ်ယာဉ်ဟာ Ml 38 T အမျိုးအစားဖြစ်ပြီး လူအင်အား ၄၀ ကနေ ၅၀ အထိ လိုက်ပါနိုင်ကာ၊ အလေးချိန် တန်အထိ သယ်ဆောင်နိုင်ပြီး မိုးရွာနေစဉ်မှာပါ ပျံသန်းလို့ ရနိုင်တယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၄။ ဖားကန့်တွင် စစ်တပ်လက်နက်ကြီးနှင့် ဒရုန်းကြောင့်  ၄ဦး သေဆုံး၊ ကလေး နှစ်ဦး ဒဏ်ရာရ


စက်တင်ဘာ ၂၃ 

Radio NUG 


စက်တင်ဘာ ၂၂ ရက် ညနေ နာရီခန့်တွင် ဖားကန့်မြို့အခြေစိုက် စစ်တပ် တပ်မကုန်းစခန်းမှ ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ဆိုင်းတောင်ဘက်ရှိ ဥရုချောင်းအနီး နေအိမ်တစ်လုံးပေါ်သို့ ကျည်ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။


ထိုဖြစ်စဉ်ကြောင့် သားအဖနှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကလေးနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


ဖားကန့်တွင် စစ်တပ်က နေ့စဉ်နီးပါး လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး ပြည်သူများ ထိခိုက်သေဆုံးမှုများ ဆက်လက်ဖြစ်ပေါ်နေသည်။ မနေ့ညတွင်လည်း တစ်ညလုံး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု အဆိုပါသတင်းရင်းမြစ်က ဆိုသည်။


အလားတူ ဆိပ်မူကျေးရွာ၊ ကျောက်သွေးတောင်အုပ်စုရှိ နေအိမ်တစ်လုံးကို စစ်တပ်ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဦးကျော်စိုး (အသက် ၄၅ နှစ်) နှင့် ၎င်း၏သား မောင်ထူးထူးစံတို့ သေဆုံးခဲ့ပြီး နေအိမ်နှစ်လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ ခလယ်လွီထူ ခရိုင်မှာ စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီးကြောင့် ကလေးငယ် တစ်ဦး အပါအဝင် ပြည်သူ ဦး ဒဏ်ရာရ


စက်တင်ဘာ ၂၃ ရက်၊ 

Radio NUG


ကရင့်အမျိုးသား အစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ ခရိုင်၊ မူး မြို့နယ်မှာ စစ်ကော်မရှင်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ် တစ်ဦး အပါအဝင် ပြည်သူ () ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။


စက်တင်ဘာလ ရက်၊ နေ့လယ် ၁၁ နာရီခွဲ အချိန်မှာ ရန်းမတီးမှ စစ်ကော်မရှင်တပ်က လက်နက်ကြီး လုံးဖြင့် ပစ်ခတ်ခဲ့ရာ ညောင်ပင်သာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် () နှစ်အရွယ် မောင်လေး ဆိုသူ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။


စက်တင်ဘာလ ၁၀ ရက်၊ ညနေ နာရီ ၅၈ မိနစ်အချိန်မှာ စစ်ကော်မရှင် ခမရ (၃၅၁) တပ်ရင်းကနေ သစ်ချဆိပ် ကျေးရွာအတွင်းကို (ဟောင်ဝှစ်ဇာ) လက်နက်ကြီး လုံးဖြင့် ပစ်ခတ်ခဲ့ရာ အသက် (၅၃) နှစ် အရွယ်ရှိ ဒေါ်မိုးခိုင် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ 


စက်တင်ဘာလ ၁၅ ရက်၊ ညနေ နာရီခန့်မှာလည်း ခမရ (၃၅၁) တပ်ရင်းကနေ (၁၂၀ မမ) လက်နက်ကြီး လုံး ပစ်ခတ်ခဲ့ရာ တိုင်ပင်ရ‌ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး စောမာထူး ဆိုသူ ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အပြင် ညနေ နာရီ ၂၅ မိနစ်မှာ ၎င်းတပ်ရင်းက ၁၂၀ မမ လက်နက်ကြီး လုံး ထပ်မံ ပစ်ခတ်ခဲ့ရာ ပရဲစီ ကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူပိုင် နေအိမ် လုံး ထိမှန်ပျက်စီးကာ ဝက် ကောင် ထိမှန်သေဆုံး ခဲ့ရပါတယ်။


အလားတူ ဆောထိ မြို့နယ်မှာလည်း စက်တင်ဘာ ၁၇ ရက်၊ ညနေ နာရီခွဲခန့်မှာ ညောင်လေးပင်မြို့ အခြေစိုက် ခလရ - ၂၀ တပ်ရင်းကနေ ကောက်မယ်သူကျေးရွာကို ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ပြည်သူပိုင် နေအိမ် လုံး ထိမှန်ပျက်စီး ခဲ့တယ်လို့ ဆိုပါတယ်။


လယ်ဒို မြို့နယ်မှာလည်း စက်တင်ဘာလ ရက်၊ ညနေ နာရီ ၅၀ မိနစ် အချိန်မှာ နတ်သံကွင်းရှိ စစ်ကော်မရှင် တပ်က ၁၂၀ မမ တလုံးဖြင့် ပစ်ခတ်ခဲ့ရာ ညောင်တန်းကျေးရွာ စာသင်ကျောင်းအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး  ကျောင်းဆောင်တချို့ ထိမှန်ပျက်စီးခဲ့တယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၆။ ကနီနှင့် နွားထိုးကြီးမြို့နယ်များတွင် စစ်တပ်လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ဦးသေဆုံး


စက်တင်ဘာ ၂၃ 

Radio NUG 


စက်တင်ဘာ ၂၂ ရက် နာရီခန့်တွင် ကနီမြို့နယ်၊ သမင်ခြံစံပြကျေးရွာသို့ စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးနှစ်လုံးကြဲချခဲ့ရာ ပြည်သူ ဦး သေဆုံးပြီး ခိုင်းနွား ကောင် သေဆုံးခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။


သေဆုံးသူများမှာ ကိုကျော်သု၊ ကိုသန်းပို၊ ဦးကြည်အေးနှင့် မမိဗြားတို့ဖြစ်ပြီး မြေပြင်မှာ တိုက်ပွဲမရှိပါဘဲ တိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။


အဆိုပါတိုက်ခိုက်မှုမှာ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ စက်တပ်လေထီးဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး သမင်ခြံကျေးရွာသို့ လေကြောင်းတိုက်ခိုက်မှုများ မကြာခဏပြုလုပ်နေတယ်လို့ သိရပါတယ်။


အလားတူ၊ စက်တင်ဘာ ၂၁ ရက် နာရီ ၃၀ မိနစ်ခန့်တွင် နွားထိုးကြီးမြို့နယ်၊ ရွာကြီးကျေးရွာသို့ မြင်းခြံအခြေစိုက် ခလရ ၁၅ တပ်မှ ဟောင်ဝှစ်ဇာလက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အပြင် စက်တင်ဘာ ရက် နံနက် နာရီ ၂၀ မိနစ်ခန့်တွင် နွားထိုးကြီးမြို့နယ်၊ မကျီးကန်ကျေးရွာသို့ မိတ္ထီလာလေတပ်မှ Gyrocopter စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်နှစ်လုံး ပျက်စီးကာ ခိုင်းနွား ကောင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၇။ တောကျီးကန်း တပ်ရင်း (P2-9912) က အတူလက်တွဲ တိုက်ပွဲဝင်မယ့် ရဲဘော်သစ်များ ခေါ်ယူနေ


စက်တင်ဘာ ၂၃ ရက်၊ 

Radio NUG


ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) အမှတ် စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၆ ကွပ်ကဲမှု အောက်ရှိ တောကျီးကန်းတပ်ရင်း (P2-9912) က ရဲဘော်သစ်များ ခေါ်ယူနေပါတယ်။


စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းပြီး စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် တောကျီးကန်း တပ်ရင်းနဲ့အတူ တိုက်ပွဲဝင်မယ့် ရဲဘော်သစ်များကို ကြိုဆိုလျက်ရှိတယ်လို့ ဆိုပါတယ်။


တာဝန်ထမ်းဆောင်လိုတဲ့ ရဲဘော်သစ်များ အနေနဲ့ အသက် (၁၈) နှစ်မှ (၄၀) အတွင်း (အမျိုးသား) ကျန်းမာရေး ကောင်းမွန်ရမှာဖြစ်ပြီး တော်လှန်ရေး ပြီးဆုံးတဲ့အထိ တာဝန်ထမ်းဆောင် နိုင်ရမယ်လို့ ဖော်ပြထားပါတယ်။


ထို့အပြင် တပ်ရင်းမှ ချမှတ်ထားတဲ့ စည်းကမ်းများကို လိုက်နာနိုင်ပြီး တပ်ရင်းက သတ်မှတ်ထားတဲ့ နေရာကို မိမိ အစီအစဉ်ဖြင့် လာရောက်နိုင်ရမယ်လို့ အသိပေး ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution




Share:

No comments:

Post a Comment