၂၀၂၅ အောက်တိုဘာလ ၁၉ ရက်နေ့ ညနေခင်း သတင်းလွှာ

 


၂၀၂၅ အောက်တိုဘာလ ၁၉ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။⁨⁨ သုတေသနညီလာခံ - Research Conference 2025 အောင်မြင်စွာ ကျင်းပပြီးစီး 

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ငါ့သရောက်မြို့နယ်ထဲကလမ်းပိုင်းတွေကို ညနေ နာရီကနေ မနက် နာရီအတွင်း အသုံးမပြုဖို့ ကန့်သတ်


========================


၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၉ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။နမ့်ဆန်မြို့နယ် ကွမ်ဟယ်ရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် ၁၀ နှစ်သားအပါအဝင် အမျိုးသမီး ဦးနဲ့ အမျိုးသားတဦးသေဆုံးက ဦးဒဏ်ရာရ

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။လိုင်ဇာကို စစ်တပ်က အသေခံဒရုန်းနဲ့ အခုနှစ်ထဲမှာ ကြိမ်တိုက်ခိုက်တယ်လို့ KIA ထုတ်ပြော 

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ လောင်းလုံးမြို့ပေါ်က အောင်သပြေ ဘုန်းကြီးကျောင်းဝင်းမှာတပ်စွဲနေတဲ့ စစ်သားတွေကို တိုက်ခိုက်မှုမှာ ဦးသေပြီး ၇ဦး ဒဏ်ရာရ

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ ပေါင်းတည်မြို့နယ် မှတ်တိုင်ရဲစခန်းက ရဲတွေကို မိုင်းဆွဲတိုက်ခိုက်ရာမှာ ဒုရဲအုပ်နဲ့ နယ်ထိန်းရဲ ပြင်းထန် ဒဏ်ရာရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။⁨⁨ သုတေသနညီလာခံ - Research Conference 2025 အောင်မြင်စွာ ကျင်းပပြီးစီး 


အောက်တိုဘာလ (၁၉)ရက်


အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာန သုတေသနနှင့် ဖွံ့ဖြိုးမှုဌာနက ဦးဆောင်ကျင်းပတဲ့ သုတေသနညီလာခံ Research Conference 2025 ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ 


ခက်ခဲရှုပ်ထွေးသော အရေးပေါ်အခြေအနေများကြားမှ ကျန်းမာရေးကဏ္ဍ - မြန်မာ့အကျပ်အတည်း စိန်ခေါ်မှုများထဲမှ သုတေသနနှင့် တုံ့ပြန်မှုဆောင်ပုဒ်နဲ့ ကျင်းပတဲ့ သုတေသနညီလာခံကို စက်တင်ဘာ ၂၇ ကနေ ၂၉ ရက်နေ့အထိ နေ့စဉ် မြန်မာစံတော်ချိန် မနက် ၁၀ နာရီကနေ နေ့လည် နာရီအတွင်း အွန်လိုင်းကနေ ကျင်းပခဲ့တာလို့ သိရပါတယ်။


သုတေသနညီလာခံမှာ ဖတ်ကြားတင်သွင်းမယ့် စာတမ်းတွေနဲ့ ပြသလိုတဲ့ ပိုစတာတွေကို ဇူလိုင် ၂၃ ရက်ကနေ ဩဂုတ် ၂၃ ရက်နေ့အတွင်း ခေါ်ယူခဲ့တယ်လို့လည်း သိရပါတယ်။ 


စက်တင်ဘာ ၂၇ ရက်နေ့မှာကျင်းပတဲ့ ညီလာခံဖွင့်ပွဲအခမ်းအနားကို ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးနဲ့ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာခင်မောင်လွင်တို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စက်တင်ဘာ ၂၉ ရက်နေ့ ပိတ်ပွဲ အခမ်းအနားမှာတော့ ဒုတိယဝန်ကြီး ဒေါက်တာရွှေပုံက အမှာစကား ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါ တယ်။


ညီလာခံဖွင့်ပွဲအခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက ကျန်းမာရေး သုတေသနလုပ်ငန်းတွေ လုပ်ဆောင်မှတ်တမ်းတင်နေခြင်းဟာ မတရားမှု၊ ရက်စက်ကြမ်းကြုတ်မှုတွေကို ဒူးမထောက်တဲ့၊ ကြံ့ကြံ့ခံနိုင်မှုရဲ့ ပြယုဂ် တခု ဖြစ်တယ်ဆိုတာ ကျွန်တော်တို့အားလုံး သိမှတ်ကြရမှာဖြစ်ပါတယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။


လက်ရှိကာလမှာ သုတေသနလုပ်ငန်းတွေဟာ ပညာရပ်ဆိုင်ရာ လိုအပ်ချက်တင် မဟုတ်ဘဲ လက်ရှိဖြစ်ပွားနေတဲ့ အကြောင်းအရာတွေကို အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ သိရှိနိုင်တဲ့အတွက် Evidence-based decision making အတွက် အကျိုးရှိမှာဖြစ်သလို သုတေသနအထောက်အထားတွေ၊ Program/ Project အသီးသီးကနေ သင်ခန်းစာ ယူစရာတွေကို ပြည်သူ့ကျန်းမာရေးလုပ်ငန်းတွေ ရေးဆွဲအကောင်အထည်ဖော်တဲ့နေရာမှာ ပြန်လည်အသုံးချနိုင်မှ ဝန်ဆောင်မှုလုပ်ငန်းတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်မယ်လို့လည်း ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက ပြေကြားခဲ့ပါတယ်။

 

သုတေသနညီလာခံမှာ စာတမ်း ၂၇ စောင်ဖတ်ကြားခဲ့ပြီး ပိုစတာပြသမှုအနေနဲ့ ၂၀ စောင် ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ 


ဒီညီလာခံအတွက် စရင်းပေးသွင်းသူ ၄၆၃) ဦး ရှိခဲ့ပြီး ညီလာခံ ပထမနေ့မှာ ၁၈၇ ဦး၊ ဒုတိယနေ့မှာ ၁၇၅ဦး၊ တတိယနေ့မှာ  ၁၅၀ ဦး တက်ရောက်ခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

 သုတေသနညီလာခံစာတမ်း အကျဉ်းချုပ်စုစည်းမှုစာအုပ် (Research Conference Proceeding) ကို ညီလာခံ Website ဖြစ်တဲ့ https://www.researchconference-moh-nug.org/ မှာ စာရင်းပေးသွင်းပြီး Download ရယူနိုင်တယ်လို့ သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ငါ့သရောက်မြို့နယ်ထဲကလမ်းပိုင်းတွေကို ညနေ နာရီကနေ မနက် နာရီအတွင်း အသုံးမပြုဖို့ ကန့်သတ်


အောက်တိုဘာလ (၁၉)ရက်


မန္တလေးတိုင်း ညောင်ဦးခရိုင် ငါ့သရောက်မြို့နယ်ထဲကလမ်းပိုင်းတွေကို ညနေ နာရီက‌နေ မနက် နာရီအတွင်း အသုံးမပြုဖို့ 21 Bagan ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထုတ်ပြန်လာပါတယ်။ 

အကြမ်းဖက်စစ်တပ် စစ်ကြောင်းတွေ ငါ့သရောက်မြို့နယ်ထဲကို ထိုးစစ်ဆင်လာတဲ့အတွက် စာထုတ်ပြန်တဲ့ မနေ့ အောက်တိုဘာ ၁၈ ကစပြီး ငါ့သရောက်မြို့နယ်ထဲလမ်းပိုင်းတွေကို အသုံးမပြုဖို့ 21 Bagan ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကန့်သတ်လိုက်တာဖြစ်ပါတယ်။ 

ငါ့သရောက်မြို့နယ်ထဲလမ်းပိုင်းတွေကို နာရီကနေ မနက် နာရီအတွင်း အသုံးမပြုကြဖို့ ပြည်သူလူထုကို ပန်ကြားထားပါတယ်။ 

လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ရေးနဲ့ လုံခြုံရေးအခြေအနေတွေအရ ညောင်ဦး - ကျောက်ပန်းတောင်းလမ်းပိုင်းကို ၁၁ နာရီ ကနေ မနက် နာရီအတွင်း အသုံးမပြုကြဖို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း ဒေသတွင်း ပြည်သူတွေနဲ့ ခရီးသွားပြည်သူတွေကို အောက်တိုဘာ ရက်နေ့ကပဲ တိုက်တွန်းထားပါသေးတယ်။ 

ဒါကြောင့် တော်လှန်ရေးတပ်တွေဘက်က ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်တွေကို လေးစားလိုက်နာပေးကြဖို့ နှိုးဆော်ထား ပြီး ထုတ်ပြန်ချက်တွေကို မလိုက်နာလို့ ထိခိုက်မှုတွေရှိလာရင် စည်းကမ်းမလိုက်နာသူတွေရဲ့တာဝန်ပဲလို့ 21 Bagan ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထုတ်ပြန်ထားပါတယ်။


⁨⁨⁨အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩


========================


========================



🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။နမ့်ဆန်မြို့နယ် ကွမ်ဟယ်ရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် ၁၀ နှစ်သားအပါအဝင် အမျိုးသမီး ဦးနဲ့ အမျိုးသားတဦးသေဆုံးက ဦးဒဏ်ရာရ


အောက်တိုဘာလ (၁၉)ရက်


ရှမ်းမြောက်ဒေသ တအာင်း တပ်မဟာ နယ်မြေဖြစ်တဲ့ နမ့်ဆန်မြို့နယ်က ကွမ်ဟယ်ရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ၁၀ နှစ်ကလေးအပါအဝင် အမျိုးသမီး ၅ဦးနဲ့ အမျိုးသားတဦးသေဆုံးခဲ့ရပြီး ၄ဦး ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက အတည်ပြုထုတ်ပြန်လာပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ မနေ့ နာရီ ၂၅ မိနစ်အချိန်မှာ ပြည်သူလူထုကို ဦးတည်ပြီး ရည်ရွယ်ချက်ရှိရှိ လေကြောင်းက နေ ပေါင် ၂၅၀ ဗုံး ၂လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၀ နှစ်အရွယ် လွေးနီလာအောင်၊ အသက် ၂၁ နှစ် အရွယ် လွေးရီရီလှိုင်၊ အသက် ၂၁ နှစ်ရွယ် လွေးဆန်းဆန်းဦး၊ အသက် ၃၅ နှစ်အရွယ် ဒေါ်အေးသောင်း၊ အသက် ၄၂ နှစ် အရွယ် ဦးသန်းကျော်နဲ့ အသက် ၄၇ နှစ်အရွယ် ဒေါ်အေးဟိန်းတို့ ပွဲချင်းပြီးသေဆုံးခဲ့ရတယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင် အသက် နှစ်အရွယ် မိုင်းကျော်ဇေယျဦး၊ အသက် ၃၃ နှစ်အရွယ် ဒေါ်အီအေးနဲ့ အသက် ၆၈ နှစ်အရွယ် ဦးကျော် နဲ့ အသက် ၇၇ နှစ်အရွယ် ဒေါ်စောရင်တို့ ဗုံးစထိမှန်ဒဏ်ရာရရှိကာ နေအိမ် ၂၅ လုံးနဲ့ ဆိုင်ကယ် စီး ပျက်စီးသွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ မနေ့ညမှာပဲ ကျောက်မဲမြို့နယ် ၁၁ မိုင်ကျေးရွာကို ပေါင် ၅၀၀ ဗုံးတလုံး လာရောက်ကြဲချ ခဲ့တာ ကြောင့် ရဟန်း ပါးထိခိုက်ဒဏ်ရခဲ့ပြီး ဘုန်းကြီးကျောင်း တကျောင်းနဲ့ ကျောင်းဆောင်တဆောင် ပျက်စီးခဲ့တာရှိပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ အခုလ အောက်တိုဘာ ရက်ကနေ ၁၇ ရက်နေ့အထိ တအာင်းတပ်တွေထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို လေကြောင်းကနေ ၂၇ ကြိမ် တိုက်ခိုက်ခဲ့တာရှိပြီး မန်တုံမြို့ကို တကြိမ်၊ ကျောက်မဲမြို့ကို ကြိမ်၊ သီပေါ မြို့ကို ကြိမ်၊ မိုင်းငေါ့မြို့ကို တကြိမ်၊ မိုင်းလုံမြို့ကို ကြိမ်၊ နမ့်ဆန်မြို့ကို ကြိမ်၊ နမ္မတူမြို့ကို ကြိမ်၊ မိုးမိတ်မြို့ကို ကြိမ်နဲ့ မိုးကုတ်မြို့ကိုတကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန မှတ်တမ်းတွေအရ သိရပါတယ်။

အခုလို အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ၁၇ ရက်အတွင်း ကလေး ဦး၊ အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၁၄ ဦးသေဆုံးခဲ့ရပြီး ကလေး ၁၁ ဦး၊ အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၁၁၃ လုံး၊ စာသင်ကျောင်း ကျောင်း၊ ဘုန်းကြီးကျောင်း ကျောင်း၊ ကျောင်းဆောင် ဆောင်နဲ့ အဆောက်အအုံ ခု ပျက်စီးခဲ့တယ်လို့ အဲဒီမှတ်တမ်းမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် မိဘပြည်သူများအနေနဲ့ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်အောင် စစ်ရေးသတိ အမြဲရှိဖို့နဲ့ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ကြဖို့ TNLA ဘက်က နေ့စဉ်နီးပါး သတိပေး နှိုးဆော်နေရပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။လိုင်ဇာကို စစ်တပ်က အသေခံဒရုန်းနဲ့ အခုနှစ်ထဲမှာ ကြိမ်တိုက်ခိုက်တယ်လို့ KIA ထုတ်ပြော 


အောက်တိုဘာလ (၁၉)ရက်


ကချင်လွတ်လပ်ရေးအဖွဲ့ - KIO/KIA ဌာနချုပ်ရှိရာ လိုင်ဇာကို အကြမ်းဖက်စစ်တပ်က အခုနှစ်ထဲမှာ အသေခံဒရုန်းနဲ့ ကြိမ် တိုက်ခိုက်တယ်လို့ KIA ဘက်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အောက်တိုဘာ ၁၆ ရက်ည ၁၁ နာရီကျော်အချိန်မှာ လိုင်ဇာကို အကြမ်းဖက်စစ်တပ်က အသေခံဒရုန်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့ တာနဲ့ပတ်သက်လို့ KIO/KIA သတင်းပြန်ကြားရေးဌာနက မနေ့ အောက်တိုဘာ ၁၈ ရက်ညပိုင်းမှာ သတင်းဖော်ပြပြီး ပြောဆိုလာတာဖြစ်ပါတယ်။ 

အဲဒီတိုက်ခိုက်မှုကြောင့် လိုင်ဇာမြို့ စည်ပင်သာယာစျေးတန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ တရုတ်လင်မယား ဦး  ဒဏ်ရာရခဲ့ပြီး စျေးဆိုင်ခန်းတွေလည်း ပျက်စီးခဲ့တယ်လို့ အသိပေးပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလည်း လိုင်ဇာမြို့ထဲကို အခုလို ဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့တာကြောင့် အခုနှစ်ထဲမှာ အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်တာ ကြိမ် ရှိနေပြီလို့လည်း KIO/KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသွားပါတယ်။ 

အကြမ်းဖက်စစ်တပ်ဟာ KIA နဲ့ဖြစ်တဲ့ တိုက်ပွဲတွေမှာ အထိနာတိုင်း လိုင်ဇာဌာနချုပ်ကို လေကြောင်းနဲ့ တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ အရင်ကတည်းက လုပ်ဆောင်လေ့ရှိပြီး လိုင်ဇာအနီးက စစ်စခန်းတွေ သိမ်းပိုက်ခံရပြီး ချိန်မှာ လက်နက်ကြီးထက် ဒရုန်းတွေ အသုံးပြုတိုက်ခိုက်လာတယ်လို့ စစ်ရေးသတင်းမှတ်တမ်းတွေအရ သိရပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ လောင်းလုံးမြို့ပေါ်က အောင်သပြေ ဘုန်းကြီးကျောင်းဝင်းမှာတပ်စွဲနေတဲ့ စစ်သားတွေကို တိုက်ခိုက်မှုမှာ ဦးသေပြီး ၇ဦး ဒဏ်ရာရ


အောက်တိုဘာလ (၁၉)ရက်


တနင်္သာရီတိုင်း လောင်းလုံးမြို့ပေါ်က အောင်သပြေ ဘုန်းကြီးကျောင်းဝင်းမှာတပ်စွဲနေတဲ့ စစ်သားတွေကို တိုက်ခိုက်မှုမှာ စစ်သား ဦးသေပြီး ၇ဦး ဒဏ်ရာရသွားတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာလ ၁၇ ရက်နေ့ မနက်ပိုင်းမှာဖြစ်ခဲ့တဲ့တိုက်ပွဲနဲ့ပတ်သက်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေး ထုတ်ပြန်လာတာဖြစ်ပါတယ်။

လောင်းလုံးမြို့ပေါ် အောင်သပြေဘုန်းကြီးကျောင်းဝင်းထဲမှာ တပ်စွဲနေတဲ့ အကြမ်းဖက်စစ်သားတွေကို အဲဒီနေ့ မနက် နာရီ ၁၅ မိနစ်ခန့်အချိန်ကစပြီး တိုက်ခိုက်ရာ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် တိုက်ပွဲဟာ တနာရီခွဲခန့်အထိကြာမြင့်ခဲ့ တယ်လို့ သိရပါတယ်။

အောင်သပြေဘုန်းကြီးကျောင်းဝင်းထဲမှာ တပ်စွဲနေတဲ့ အကြမ်းဖက်စစ်သားတွေဟာ လမ်းသွားလမ်းလာ ပြည်သူတွေရဲ့ လုံခြုံရေးကို နေ့စဉ်ရက်ဆက်ခြိမ်းခြောက် အနိုင်ကျင့်နေသလို လူငယ်တွေကို အဓမ္မပေါ်တာဆွဲတာ၊ အတင်းအဓမ္မ စစ်မှုထမ်း စုဆောင်းတာ၊ ခရီးသွားပြည်သူတွေကို ဖမ်းဆီးခြိမ်းခြောက်ပြီး ငွေကြေး အဆမတန်တောင်းခံတာ စတဲ့ အကြမ်းဖက်လုပ်ရပ်တွေ နေ့စဉ်ကျူးလွန်နေတာကြောင့် တိုက်ခိုက်ခဲ့တာလို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့က ရှင်းပြပါတယ်။

အခုလို ပြည်သူလူထုကို ရန်သူသဖွယ်သဘောထားပြီး အကြမ်းဖက်လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ အကြမ်းဖက်စစ်သား တွေကို တိုက်ခိုက်ရာမှာ စစ်သား ဦးသေဆုံးပြီး ဒဏ်ရာသူ ဦးထဲက ဦးဟာ ဒဏ်ရာပြင်းထန်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီတိုက်ခိုက်မှုကို ထားဝယ်ခရိုင်တပ်ပေါင်းစုနဲ့ လောင်းလုံး သံမဏိလိပ်ပြာတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်တာမရှိဘူးလို့ သိရပါတယ်။

ပြည်သူတရပ်လုံးရဲ့ ဘုံရန်သူဖြစ်တဲ့ အကြမ်းဖက် စစ်အာဏာရှင် ဖက်ဆစ်တပ်ကို နောက်ဆုံးအချိန်အထိ ပေါင်းစည်းခြင်း အင်အားနဲ့ ဆက်လက်တိုက်ခိုက် ချေမှုန်းသွားမယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန် ပြောဆိုထားပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ ပေါင်းတည်မြို့နယ် မှတ်တိုင်ရဲစခန်းက ရဲတွေကို မိုင်းဆွဲတိုက်ခိုက်ရာမှာ ဒုရဲအုပ်နဲ့ နယ်ထိန်းရဲ ပြင်းထန် ဒဏ်ရာရ


အောက်တိုဘာလ (၁၉)ရက်


ပဲခူးတိုင်းအနောက်ခြမ်း ပေါင်းတည်မြို့နယ် မှတ်တိုင်နယ်မြေရဲစခန်းကနေ ဂိတ်ဖွင့်စစ်ဆေးဖို့ ထွက်လာတဲ့ ရဲတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ ဒုရဲအုပ်နဲ့ နယ်ထိန်းရဲ ပြင်းထန် ဒဏ်ရာရသွားတယ်လို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။


မှတ်တိုင်ရဲစခန်းကနေထွက်လာတဲ့ ဒုရဲအုပ်အေးမင်းထွန်းနဲ့ နယ်ထိန်းအောင်ကျော်ထက်အပါအဝင် ရဲတပ်ဖွဲ့ဝင် ဦး ဟာ ဆိုင်ကယ် စီးနဲ့ တမံကြီးရွာဘက်ထွက်လာချိန် အောက်တိုဘာ ၁၈ ရက် မနက် နာရီ ၁၅ မိနစ်ခန့်မှာ မိုင်းဆွဲတိုက်ခိုက် ခဲ့တာလို့ ဆိုပါတယ်။


ဒီမိုင်းဆွဲတိုက်ခိုက်မှုမှာ ဒုရဲအုပ်အေးမင်းထွန်းနဲ့ နယ်ထိန်းအောင်ကျော်ထက်တို့ ပြင်းထန်ဒဏ်ရာရသွားတာလို့ PPDF - ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးတာဝန်ခံ ရဲဘော် Shadow က အတည်ပြုထားပါတယ်။


မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့နေ့မှာ စစ်အုပ်စုဘက်က နယ်မြေရှင်းလင်းရေးလုပ်တာ၊ စစ်ဆေးတာတွေလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။ 


ဒဏ်ရာရသွားတဲ့ ရဲ ဦးကို မှန်အလုံပိတ်ကားနဲ့တင်ပြီး ပြည်ဆေးရုံကြီးကို ပို့ဆောင်ထားတဲ့အတွက် နောက်ဆက်တွဲ အခြေအနေကို ဆက်လက်စုံစမ်းနေတယ်လို့ ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးတာဝန်ခံ ရဲဘော် Shadow က ဒေသတွင်း သတင်းဌာနတွေကို အသိပေးထားပါတယ်။


အဲဒီရဲတပ်ဖွဲ့ဝင်တွေဟာ တမံကြီးရွာမှာရှိတဲ့ ညောင်ပင်အောက်မှာ ဂိတ်ဖွင့်ပြီး ခရီးသွားပြည်သူတွေရဲ့ ဆိုင်ကယ်တွေကို ဖမ်းဆီးတာ၊ အဓမ္မစစ်မှုထမ်းစုဆောင်းတာ၊ ပြည်သူတွေဝယ်လာတဲ့ စားသောက်ကုန်တွေကို သိမ်းဆည်းတာ၊ ဖမ်းဆီးပြီး ငွေတောင်းတာတွေနဲ့ မပေးနိုင်သူတွေကို ထောင်ချတာတွေ ပြုလုပ်နေတာကြောင့် တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။


ဒီတိုက်ခိုက်မှုကို ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်မှာရှိတဲ့ ၃၆၀၁ တပ်ရင်း တပ်ခွဲ ကရဲဘော်တွေ ပြုလုပ်ခဲ့တာ ဖြစ်ပြီး အဲဒီလမ်းသုံးခွနေရာဟာ ကုန်းသာ၊ ပေါက်တော၊ မှတ်တိုင်တို့ကို ခွဲသွားတဲ့ လမ်းဆုံလို့ ဒေသနေသူတွေဆီက သိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩






#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment