၂၀၂၅ အောက်တိုဘာလ ၂၀ ရက်နေ့ ညနေခင်း သတင်းလွှာ

 

၂၀၂၅ အောက်တိုဘာလ ၂၀ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။⁨⁨⁨⁨⁨⁨ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွက် လက်တုံ့ပြန်သွားမယ်လို့ ဗိုလ်ချုပ် တားဘုန်းကျော် အသိပေး

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ သံတွဲနဲ့ ဂွမြို့နယ်အနီး ပင်လယ်ပြင်မှာ ညအချိန် ငါးဖမ်းဆီးခွင့် AA ကန့်သတ်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ အမေရိကန်သမ္မတ Donald Trump ဂျပန်နိုင်ငံရောက်နေချိန်မှာ မြန်မာ့အရေး ပိုပြီးအာရုံစိုက် ဆောင်ရွက်ပေးဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုလုပ်မယ်


========================


၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၀ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။မိုးကုတ်မြို့ကို အကြမ်းဖက်စစ်တပ် ဂျက်ဖိုက်တာနဲ့ ဗုံးထပ်ကြဲ 

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ကော့သောင်းမြို့နယ်မှာ ဖမ်းဆီးရမိတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးတွေ ခုခံထွက်ပြေးတာကြောင့် ပစ်ခတ်ရှင်းလင်း

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။⁨⁨ အရာတော်နယ် မင်းရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ မြင်းခြံမြို့နယ်က စစ်တပ် ရေကြောင်းစစ်ဆေးရေးဂိတ်က စစ်သင်္ဘောတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။အာဏာသိမ်းစစ်တပ်ကျရှုံးအောင် တိုက်ခိုက်နိုင်ဖို့ အဓိကအချက်ဟာ ပြည်သူထောက်ခံမှုလို့ နေပြည်တော် -၈၀၈ တပ်ရင်းမှူး ပြော


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။⁨⁨⁨⁨⁨⁨ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွက် လက်တုံ့ပြန်သွားမယ်လို့ ဗိုလ်ချုပ် တားဘုန်းကျော် အသိပေး


အောက်တိုဘာလ (၂၀)ရက်


စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွက် လက်တုံ့ပြန်သွားမယ်လို့ TNLA ခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်ချုပ် တားဘုန်းကျော် အသိပေး ပြောကြားလိုက်ပါတယ်။

တအာင်းတပ်မတော် TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို အကြမ်းဖက်စစ်တပ်က နေ့စဉ်ရက်ဆက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့အပေါ် အလှည့်ပြန်လာမယ်လို့ ဗိုလ်ချုပ် တားဘုန်း‌ကျော်က ဆိုပါတယ်။

"မနက်၊ နေ့ခင်း၊ ညနေ၊ ညသန်းခေါင် ဆက်တိုက် လေယာဉ် ဗုံးကြဲနေတာ၊ ကြဲတဲ့သူ၊ ကြဲဖို့ဆော်ဩသူ၊ ကြဲခံရတာကို ဝမ်းမြောက်လက်ခုပ်တီးသူ အားလုံးကို ထုံးသေချာတို့မှတ်ထားမယ်၊ အလှည့်ဆိုတာ ရှိစမြဲပါ" လို့ ဗိုလ်ချုပ် တားဘုန်းကျော်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။

ရှမ်းပြည်မြောက်ပိုင်းက TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို အကြမ်းဖက်စစ်တပ်က အခု အောက်တိုဘာလ ထဲမှာ နေ့စဉ်ရက်ဆက်ဆိုသလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေရာမှာ ၂၈ ကြိမ်ရှိနေပြီလို့ TNLA ဘက်ကထုတ်ပြန် ထားပါတယ်။

မန်တုံ၊ ကျောက်မဲ၊ သီပေါ၊ မိုင်းငေါ့၊ မိုင်းလုံ၊ နမ့်ဆန်၊ နမ္မတူ၊ မိုးမိတ်နဲ့ မိုးကုတ်မြို့နယ်တွေကို အကြမ်းဖက်စစ်တပ်က အောက်တိုဘာ ရက်ကနေ ၁၈ ရက်အထိ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၂၈ ကြိမ်ပြုလုပ်ခဲ့တာကြောင့် ရဟန်း ပါး၊ ကလေးငယ် ဦး၊ အမျိုးသမီး ၁၉ ဦးနဲ့ အမျိုးသား ၁၂ ဦး သေဆုံးခဲ့ပြီး ၄၀ ‌‌ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မှတ်တမ်း တွေအရ သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ သံတွဲနဲ့ ဂွမြို့နယ်အနီး ပင်လယ်ပြင်မှာ ညအချိန် ငါးဖမ်းဆီးခွင့် AA ကန့်သတ်


အောက်တိုဘာလ (၂၀)ရက်

  

ဒေသနေ ပြည်သူတွေရဲ့ လုံခြုံရေးအတွက် သံတွဲနဲ့ ဂွမြို့နယ်အနီးက ပင်လယ်ပြင်မှာ နာရီကနေ မနက် နာရီအတွင်း ငါးမဖမ်းကြဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ULA/AA က ကန့်သတ်လိုက်ပါတယ်။

အကြမ်းဖက်စစ်တပ်က တိုက်ပွဲတွေဖြစ်နေတဲ့ ကျောက်ဖြူနဲ့ စစ်တွေမြို့ဘက်ကို စစ်အင်အားဖြည့်တင်းရာမှာ ရေကြောင်း ကနေ ပိုလုပ်လာသလို AA သိမ်းပိုက် ထိန်းချုပ်ထားတဲ့ မြို့အချို့ကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့ ရေကြောင်းကနေ ပြင်ဆင်တာတွေ အခုရက်ပိုင်း ပိုပြီးလုပ်လာတဲ့အတွက် AA က အသိပေးထုတ်ပြန်လာတာ ဖြစ်ပါတယ်။ 

စစ်တပ်ရဲ့ ရေကြောင်းနဲ့ လေကြောင်းကနေ တိုက်ခိုက်မှုတွေကို AA အနေနဲ့ အရင်တည်းက သတိပေးထားပေမယ့် စစ်တပ် က ရေယာဥ်တွေဟာ ပင်လယ်ပြင်မှာ အရပ်သားပြည်သူတွေကိုတွေ့ရင် ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်လေ့ရှိသလို အရင်က အချိန်အကန့်အသတ်မရှိ ငါးဖမ်းခွင့်ပြုထားတဲ့ ငါးဖမ်းရေယာဥ်တွေကို အကာအကွယ်ယူပြီး စစ်ရေးဖြည့်တင်းတာ တွေနဲ့ စစ်ရေးလှုပ်ရှားလာနိုင်တာတွေကြောင့် သံတွဲ နဲ့ ဂွမြို့အနီးက ပင်လယ်ပြင်မှာ ငါးဖမ်းတာတွေကို အောက်တိုဘာ ၁၉ ရက်ကစပြီး နာရီကနေ မနက် နာရီအတွင်း မလုပ်ကြဖို့ တားမြစ်လိုက်တာလို့ နားလည်ရပါတယ်။

ULA/AA ဘက်က အခုထုတ်ပြန်ထားတဲ့အမိန့်ကို ပြန်ရုပ်သိမ်းလိုက်ပြီလို့ မကြေညာမချင်း အဲဒီဧရိယာတွေမှာ ညအချိန် လုံးဝ ငါးမဖမ်းဖို့ သတိပေးထားပါတယ်။

ဒါအပြင် စစ်တပ်ဟာ ပင်လည်ပြင်မှာ လက်နက်ကြီးနဲ့ပစ်တာ၊ ဖမ်းဆီးသတ်ဖြတ်တာတွေလုပ်နေတာကြောင့်  နေခင်းပိုင်း ငါးဖမ်းချိန်တွေမှာလည်း ကမ်းဝေးမှာ မဖမ်းကြဖို့၊ စစ်တပ်ရေယာဥ်တွေလာနေတာမြင်ရင် ကမ်းစပ်နဲ့ ကမ်းနီးကို အမြန်ဆုံး ဆိုက်ကပ်ကြဖို့ ULA/AA က ထုတ်ပြန်ကြေညာထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ အမေရိကန်သမ္မတ Donald Trump ဂျပန်နိုင်ငံရောက်နေချိန်မှာ မြန်မာ့အရေး ပိုပြီးအာရုံစိုက် ဆောင်ရွက်ပေးဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုလုပ်မယ်


အောက်တိုဘာလ (၂၀)ရက်


အမေရိကန်သမ္မတ Donald Trump ဂျပန်နိုင်ငံရောက်နေချိန်မှာ အမေရိကန်အနေနဲ့ မြန်မာ့အရေးကို ပိုပြီးအာရုံစိုက် ဆောင်ရွက်ပေးဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုလုပ်ဖို့ရှိတယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။ 

အမေရိကန်သမ္မတ Donald Trump ဟာ တောင်ကိုရီးယားနိုင်ငံမှာကျင်းပမယ့် အာရှ - ပစိဖိတ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ APEC ထိပ်သီးအစည်းအဝေးကို မသွားခင် ဂျပန်နိုင်ငံကို အောက်တိုဘာ နောက်ဆုံးပတ်ထဲမှာ  လာရောက်ဖို့ရှိတယ်လို့ သိရပါတယ်။ 

အာရှ - ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ APEC ထိပ်သီးအစည်းအဝေးကို အခုလထဲမှာပဲ တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပဖို့ရှိနေတယ်လို့ NUG Support Team – Japan က အသိပေးထားပါတယ်။

အမေရိကန်သမ္မတ Donald Trump ဂျပန်နိုင်ငံ ရောက်နေချိန်မှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်နဲ့ နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်ရေး၊ မြန်မာနိုင်ငံမှာ စစ်တပ်က ပြည်သူတွေ အပေါ် ရက်စက်ယုတ်မာမှုတွေနဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်သွားစေဖို့၊ အမေရိကန်နိုင်ငံအနေနဲ့ မြန်မာ့အရေးကို ပိုပြီး ထိထိရောက်ရောက် အလေးထားဆောင်ရွက်လာစေဖို့ တိုက်တွန်းတောင်းဆိုတာနဲ့ မေတ္တာရပ်ခံ အကူအညီတောင်းခံတာ စတဲ့ လှုပ်ရှားမှုတွေ လုပ်သွားမယ်လို့ NUG Support Team – Japan က ကြေညာထားပါတယ်။ 

ဒီလှုပ်ရှားမှုကို အောက်တိုဘာလ ၂၇ ရက်နေ့ ဒေသစံတော်ချိန် နာရီခွဲကနေ နာရီခွဲအထိ Sumitomo Fudosan Toranomon Tower မှာ လုပ်မှာဖြစ်တဲ့အတွက် ဂျပန်နိုင်ငံသားတွေအနေနဲ့ တက်တက်ကြွကြွ ပူးပေါင်း ပါဝင်ပေးကြဖို့ NUG Support Team – Japan က တိုက်တွန်းနှိုးဆော်ထားပါတယ်။


⁨⁨⁨အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩


========================


========================



🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။မိုးကုတ်မြို့ကို အကြမ်းဖက်စစ်တပ် ဂျက်ဖိုက်တာနဲ့ ဗုံးထပ်ကြဲ 


အောက်တိုဘာလ (၂၀)ရက်


မန္တလေးတိုင်းထဲက မိုးကုတ်မြို့အနောက်ပိုင်း ကျောက်ဖားကျေးရွာကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးထပ်ကြဲပြီး တိုက်ခိုက်ခဲ့တယ်လို့ TNLA ဘက်က ဒီနေ့ အောက်တိုဘာ ၂ဝ မှာ အတည်ပြု ထုတ်ပြန်လာပါတယ်။။

မနေ့ အောက်တိုဘာ ၁၉ ရက် နေ့လည် နာရီကျော်အချိန်မှာ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံး တလုံးလာရောက် ကြဲချခဲ့ရာမှာ ပြည်သူလူထုပိုင် ကြက်မွေးမြူးရေးခြံပေါ် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။ 

အကြမ်းဖက်စစ်တပ်ဟာ မနေ့ အောက်တိုဘာ ၁၉ ရက်နေ့မှာပဲ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်၊ မန်တုံနဲ့ မိုင်းငေါ့မြို့နယ်တို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်း မှတ်တမ်းတွေအရ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ အခု အောက်တိုဘာ ရက်ကနေ ၁၈ ရက်နေ့အတွင်း မန်တုံ၊ ကျောက်မဲ၊ သီပေါမြို့၊ မိုင်းငေါ့၊ မိုင်းလုံ၊ နမ့်ဆန်မြို့၊ နမ္မတူ၊ မိုးမိတ်နဲ့ မိုးကုတ်စတဲ့မြို့တွေကို ၂၈ ကြိမ်တိုင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနကလည်း ထုတ်ပြန်ထားပါတယ်။

ဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရဟန်း ၂ပါး၊ ကလေး ဦး၊ အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၁၉ ဦးသေဆုံးခဲ့ရပြီး ကလေး ၁၁ ဦး၊ အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ အိမ် ၁၃၈ လုံး၊ စာသင်ကျောင်း ၃ကျောင်း၊ ဘုန်းကြီးကျောင်း ကျောင်း၊ ကျောင်းဆောင် ဆောင်နဲ့ အဆောက်အအုံ ခု ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ တအာင်းတပ်တွေထိန်းချုပ်ထားတဲ့ဒေသတွေတင်မဟုတ်ဘဲ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ရရှိထားတဲ့ နေရာတွေက အပြစ်မဲ့ပြည်သူလူထုကို တိုက်ခိုက်နေတာ ဟာ စစ်ရာဇဝတ်မှု ကျူးလွန်နေတာလို့ TNLA ဘက်က အသိပေးပြောဆိုထားပါတယ်။

ဒါကြောင့် မိဘပြည်သူများအနေနဲ့ စစ်တပ် ဗုံးကြဲတိုက်ခိုက်တာတွေကို ရှောင်ရှားနိုင်အောင် စစ်ရေးသတိအမြဲရှိကြဖို့ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေ လိုက်နာဆောင်ရွက်ထားဖို့ TNLA အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေ က တိုက်တွန်းနှိုးဆော်ထားပါတယ်။


========================



🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ကော့သောင်းမြို့နယ်မှာ ဖမ်းဆီးရမိတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးတွေ ခုခံထွက်ပြေးတာကြောင့် ပစ်ခတ်ရှင်းလင်း


အောက်တိုဘာလ (၂၀)ရက်


 တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်မှာ ဖမ်းဆီးရမိတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးတွေ ခုခံထွက်ပြေးတာကြောင့် ပစ်ခတ်ဖမ်းဆီးရာက ဦးလုံး သေဆုံးသွားတယ်လို့ ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ အောက်တိုဘာ ၂ဝ မှာ ထုတ်ပြန်လာပါတယ်။ 


ကော့သောင်းခရိုင်ထဲက တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ အောက်တိုဘာ ၁၄ ရက်နေ့ မနက်ပိုင်းမှာ ခမောက်ကြီးမြို့နယ် လုံးဖောကျေးရွာကို ရှောင်တခင်ဝင်ရောက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နဲ့ ကျေးရွာပျူခေါင်းဆောင် ဦးအေးစိုးတို့ ကို ဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။ 


လုံခြုံနေရာမှာ စစ်ဆေးမေးမြန်းပြီး ပြန်လွှတ်ပေးဖို့ အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်ရဲ့ ကားနဲ့ထွက်လာချိန်မှာ လုံးဖောကျေးရွာမှာ  နမ္မနွယ်ရွာက ပျူခေါင်းဆောင် ဦးသက်ဦးကို တွေ့ရတဲ့အတွက် ထပ်ပြီး ဖမ်းဆီးရမိခဲ့တယ်လို့ အသိပေးပါတယ်။


ဖမ်းဆီးရမိထားတဲ့သူတွေနဲ့အတူ နေ့လည်စာ စားနေချိန်မှာ ပျူစောထီးသက်ဦးက အသင့်ပါလာတဲ့ မက်(ဂ်)နန်း ပစ္စတိုနဲ့ ပစ်ခတ်ပြီး ဦးစလုံး ထွက်ပြေးကြတာကြောင့် တော်လှန်ရေးရဲဘော်တွေ လိုက်လံပစ်ခတ်ဖမ်းဆီးရာက ဦးစလုံး ကျည်ထိမှန် သေဆုံးသွားတယ်လို့ အသိပေးရှင်းပြပါတယ်။


ပျူစောထီး သက်ဦး ခုခံပစ်ခတ်မှုကြောင့် တော်လှန်ရေးရဲဘော်တဦး ညာဘက်ပေါင်မှာ ကျည် ရှပ်ထိဒဏ်ရာရခဲ့တယ်လို့ လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


သေဆုံးသွားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ပျူစေထီးတွေဆီက စကားပြောစက် လုံး၊ ဖုန်း လုံး၊ ကိုးလုံးကျည် ခေါက်ချိုးအရှည် တလက်၊ ကျည် တောင့်၊ မက်(ဂ်)နန်းပစ္စတို တလက်၊ ကျည် တောင့်၊ ပြည်သူ့စစ် စိစစ်ရေးကဒ်ပြား တွေနဲ့ Hilux Vigo ကားတို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။


နောက်မှာ အခုလိုဖြစ်ရပ်မျိုး ထပ်မကြုံရအောင် ကော့သောင်းမြို့နယ်အတွင်းမှာရှိတဲ့ ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပျူအဖွဲ့များအနေနဲ့ တော်လှန်ရေးအင်အားစုတွေဘက်က ခေါ်ယူပြောဆိုချိန်မှာ ကောင်းကောင်းမွန်မွန် ပြန်လည်ဆက်ဆံပြီး ပြည်သူဘက်က ပူးပေါင်းပါဝင်ပေးကြဖို့ ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်တွန်းထားပါတယ်။


ပြည်သူ့ဘက်ကမရပ်တည်တဲ့သူတွေအပါအဝင် စစ်ကော်မရှင်နဲ့ အပေါင်းအပါတွေကို ကော့သောင်းခရိုင် တော်လှန်ရေး အင်အားစုတွေဘက်က လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက် အရေးယူ ဆောင်ရွက်သွားမယ်လို့လည်း ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးထားပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။⁨⁨ အရာတော်နယ် မင်းရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်


အောက်တိုဘာလ (၂၀)ရက်


စစ်ကိုင်းတိုင်း အရာတော်မြို့နယ်ထဲက မင်းရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင်တခု generation z power  - GZP mandalay က မနေ့ အောက်တိုဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။

မင်းရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို စက်တင်ဘာလ ၂၂ ရက်နေ့က ကြားဖြတ် တိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင်ကို အသိပေး ထုတ်ပြန်လာတာဖြစ်ပါတယ်။

Generation Z Power – GZP mandalay အဖွဲ့အနေနဲ့ မြို့ပြပျောက်ကျားလူပ်ရှားမှုတွမှာ ပါဝင်နေသလို အခြားသော တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပါဝင်နေတယ်လို့ ဆိုပါတယ်။

Generation Z Power – GZP mandalay အနေနဲ့ လက်ရှိအချိန်မှာ စစ်ကိုင်းမြို့ဝန်းကျင်အပါအဝင် သပိတ်ကျင်းနဲ့ မတ္တရာ နယ်က စစ်မျက်နှာတွေမှာ ပါဝင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ မြင်းခြံမြို့နယ်က စစ်တပ် ရေကြောင်းစစ်ဆေးရေးဂိတ်က စစ်သင်္ဘောတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်


အောက်တိုဘာလ (၂၀)ရက်


မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ထဲမှာရှိတဲ့ အကြမ်းဖက်စစ်တပ် ရေကြောင်းစစ်ဆေးရေးဂိတ်မှာရှိတဲ့ စစ်သင်္ဘောတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာမှာ စစ်သား၄ ဦး ဒဏ်ရာရသွားတယ်လို့ Urban Underground Revolution Force-YSO က ဒီနေ့ အောက်တိုဘာ ၂ဝ မှာ ထုတ်ပြန်လာပါတယ်။

အောက်တိုဘာ ၁၂ ရက်နေ့ညက စစ်တပ်ရဲ့ ရေကြောင်း စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ အသိပေး ထုတ်ပြန်လာတာဖြစ်ပါတယ်။

မြင်းခြံမြို့နယ် ဆိတ်ညံရေတင်ရုံးလို့ခေါ်တဲ့ အကြမ်းဖက် စစ်တပ်ရဲ့ ရေကြောင်း စစ်ဆေးရေးဂိတ်မှာ စစ်သင်္ဘောတွေ ရောက်ရှိနားခိုနေချိန်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီး လုံးကြဲချ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုမှာ စစ်သင်္ဘောတစင်းပေါ် ဗုံးသီးကျရောက် ပေါက်ကွဲခဲ့တာကြောင့် စစ်သား ဦး ဒဏ်ရာရသွားသလို စစ်သင်္ဘောခေါင်းမိုးလည်း ပျက်စီးသွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်ရေယာဉ်တွေကို ရေစကြိုတပ်ပေါင်းစုနဲ့အတူ Urban Underground Revolution Force-YSO က ဒရုန်း အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အကြမ်းဖက် စစ်တပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည် ပစ်ခတ်တာတွေရှိပေမယ့် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိဘူးလို့ သိရပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။အာဏာသိမ်းစစ်တပ်ကျရှုံးအောင် တိုက်ခိုက်နိုင်ဖို့ အဓိကအချက်ဟာ ပြည်သူထောက်ခံမှုလို့ နေပြည်တော် -၈၀၈ တပ်ရင်းမှူး ပြော


အောက်တိုဘာလ (၂၀)ရက်


အာဏာသိမ်းစစ်တပ်ကျရှုံးအောင် တိုက်ခိုက်နိုင်ရေး အဓိကအချက်မှာ ပြည်သူလူထုရဲ့ အားပေးထောက်ခံသာဖြစ်တယ်လို့ နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်မတော် - PDF အမှတ် ၈၀၈ တပ်ရင်းမှူး ရဲဘော်ဝါဆိုက ပြောပါတယ်။ 

တပ်ရင်း ၈၀၈ က လုပ်နေတဲ့ လက်နက်အလက် ၂၀ ဝယ်ယူနိုင်ရေး အော်ပရေးရှင်းစစ်တောင်း ကမ်ပိန်းနဲ့ပတ်သက်ပြီး တပ်ရင်းမှူးက ပြည်သူလူထုကို ရှင်းလင်းပြောကြားတဲ့ ရုပ်သံကို ဒီနေ့ အောက်တိုဘာ ၂ဝ ရက်နေ့မှာ ဖော်ပြခဲ့ရာမှာ အခုလို ထည့်သွင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါကြောင့်  တပ်ရင်း  - ၈၀၈ အနေနဲ့ ပြည်သူလူထုနဲ့အတူ ရှိနေမှာဖြစ်သလို ပြည်သူထူထုရဲ့ ကူညီထောက်ပံ့မှုတွေနဲ့အတူ  တပ်ပေါင်းစုတွေ ဟန်ချက်ညီညီ ဗျူဟာကျကျ လုပ်ဆောင်မယ်ဆိုရင် အောင်ပွဲရမှာ သေချာတယ်လို့လည်း တပ်ရင်းမှူးက ပြောထားပါတယ်။ 

မောင်းပြန်သေနတ်တွေ မကိုင်နိုင်တဲ့ အခြေအနေကနေ ဒီနေ့မှာ မောင်းပြန်လက်နက်တွေ နည်းစနစ်တွေ၊ နည်းဗျူဟာတွေ၊ ဒရုန်းတွေနဲ့ ရန်သူကို တန်ပြန်တိုက်ခိုက်နိုင်တာဟာ ပြည်သူလူထုရဲ့ အားပေးထောက်ခံမှုကြောင့်ဖြစ်တယ်လို့လည်း တပ်ရင်းမှူး ရဲဘော်ဝါဆိုက ရှင်းပြထားပါတယ်။

တပ်ရင်းမှာပါဝင်တဲ့ ရဲဘော်တွေဟာ တောင်ပိုင်းတိုင်းမှာရှိတဲ့ ဒေါနစစ်ကြောင်းမှာ ပညာသင်ကြားခဲ့တဲ့ ရဲဘော်တွေဖြစ်ပြီး နယ်မြေခံ PDF တွေနဲ့အတူ စစ်တပ်စစ်ကြောင်းတွေကို တိုက်ပွဲဝင်ခဲ့တယ်လို့ သိရပါတယ်။

တပ်ရင်း - ၈၀၈ ဟာ နေပြည်တော်တပ်ရင်းတွေထဲက တပ်ရင်းအသစ်တခုဖြစ်ပြီး အရင်က ရေတာရှည်မြို့နယ်ထဲက စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှာ တပ်ရင်း - ၃၅၀၁ တပ်ခွဲ အဖြစ်စုဖွဲ့ခဲ့ပြီး နေပြည်တော်ကို ထိုးဖောက်နိုင်ဖို့ နေပြည်တော်တပ်ရင်းကို ရောက်ရှိလာတာလို့လည်း သိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩






#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment