၂၀၂၅ အောက်တိုဘာလ ၂၇ ရက်နေ့ မနက်ခင်း သတင်းလွှာ

 


၂၀၂၅ အောက်တိုဘာလ ၂၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ တီမောလက်စ်တေ အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် တရားဝင် ဖြစ်လာမှုကို NUG ကြိုဆို

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ စစ်ကောင်စီ၏ KK Park အွန်လိုင်းငွေလိမ်လုပ်ငန်းပါဝင်မှုစွပ်စွဲချက်ကို KNU ပြတ်သားစွာငြင်းဆို

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ CDM ဗိုလ်ကြီး ထက်မြက်က စစ်ကောင်စီ ဝါဒဖြန့်ဇာတ်ကားကို ပြင်းထန်စွာ ဝေဖန်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ ချောင်းဦးမြို့နယ်တွင်း အကြမ်းဖက်စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ခံစားရသူများနဲ့ စစ်ဘေးရှောင်များကို ထောက်ပံ့ကူညီမှုများပြုလုပ်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ ခင်ဦးမြို့နယ်တွင်းရှိ ရေရှည်စစ်ဘေးဒဏ်ခံကျေးရွာများသို့ ကွန်ရက်ဆေးအဖွဲ့မှ အခမဲ့ဆေးကုသပေးခဲ့


========================


၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ ဆိပ်ဖြူမြို့မှ ထွက်လာသော အင်အား(၂၀၀)ဦးပါ  ရန်သူ့ထိုးစစ်(စစ်ကြောင်း) အား တိုက်ခိုက်ခဲ့ရာ () ဦးအထက် သေဆုံးပြီး၊  (၁၀) ဦးအထက် ထိခိုက်ဒဏ်ရာရရှိခဲ့

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ စဥ့်ကူး အင်းရွာတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ဦး သေဆုံး၊ ဦး ဒဏ်ရာ

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ကချင်ဒေသရောက် CDM စစ်သား၊ ရဲသား မိသားစုများကို ပြည်သူ့ပန်းတိုင် ထောက်ပံ့

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ နွေဦးသစ္စာ ဆေးကူညီရေးအဖွဲ့ သင်တန်းဆင်းပွဲနှင့် တော်လှန်ရေးရဲဘော်များအား မိတ်ဆက်ပွဲ မကွေးတိုင်းတွင် အောင်မြင်စွာ ကျင်းပ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ တီမောလက်စ်တေ အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် တရားဝင် ဖြစ်လာမှုကို NUG ကြိုဆို


အောက်တိုဘာ ၂၆ 

Radio NUG 


အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာနက တီမောလက်စ်တေနိုင်ငံ၏ အာဆီယံအဖွဲ့ဝင်ဖြစ်လာမှုကို နွေးထွေးစွာ ကြိုဆိုကြောင်း အောက်တိုဘာလ ၂၆ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပါတယ်။


တီမောလက်စ်တေနိုင်ငံအနေဖြင့် အာဆီယံမိသားစုဝင်ဖြစ်လာတဲ့အတွက် နွေးထွေးစွာကြိုဆိုပါတယ်။ ဒီအခန်းကဏ္ဍသစ်ကနေကျွန်ုပ်တို့ရဲ့ ဒေသတွင်း စည်းလုံးညီညွတ်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေဖို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။လို့  ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။


တီမောလက်စ်တေနိုင်ငံကို အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် တရားဝင်လက်ခံကြောင်း အာဆီယံအဖွဲ့က အောက်တိုဘာ ၂၆ ရက်တွင် ကြေညာခဲ့ပါတယ်။ 


မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပနေသည့် (၄၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးဖွင့်ပွဲအခမ်းအနားတွင် တီမောလက်စ်တေနိုင်ငံကို ၁၁ ယောက်မြောက် အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံရန် လက်မှတ်ရေးထိုးခြင်း အခမ်းအနား ပြုလုပ်ခဲ့ပြီး အာဆီယံခေါင်းဆောင်များနှင့် တီမောလက်စ်တေ ဝန်ကြီးချုပ် ဂုစ်မော်တို့က အာဆီယံအဖွဲ့ဝင်အဖြစ် လက်ခံရေးဆိုင်ရာ ကြေညာစာတမ်းကို လက်မှတ်ရေးထိုးခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ စစ်ကောင်စီ၏ KK Park အွန်လိုင်းငွေလိမ်လုပ်ငန်းပါဝင်မှုစွပ်စွဲချက်ကို KNU ပြတ်သားစွာငြင်းဆို


အောက်တိုဘာ ၂၆ 

Radio NUG 


ကရင်အမျိုးသားအစည်းအရုံး (KNU) သည် မြန်မာစစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ထိုင်း-မြန်မာနယ်စပ်ရှိ KK Park အွန်လိုင်းငွေလိမ်လုပ်ငန်းတွင် မြေငှားရမ်းခြင်းနှင့် လုံခြုံရေးစောင့်ရှောက်ခရယူခြင်းဖြင့် အကျိုးအမြတ်ရရှိသည်ဟူသော စွပ်စွဲချက်များကို ပြတ်ပြတ်သားသား ငြင်းဆိုကြောင်း အောက်တိုဘာလ ၂၆ရက်နေ့မှာ ထုတ်ပြန်ပါတယ်။


KNU ထုတ်ပြန်ချက်တွင် စစ်ကောင်စီက စွပ်စွဲထားသော ဧက ၁၀၀ မြေကွက်နှင့် KK Park အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသော ဧက ၅၀၀ မြေကွက်တို့သည် သီးခြားဖြစ်ပြီး၊ ၎င်းမြေကွက်နှစ်ခုသည် ကီလိုမီတာအကွာတွင် တည်ရှိကြောင်း ဖော်ပြထားပါတယ်။


ဧက ၁၀၀ မြေကွက်ကို ငှားရမ်းခဲ့သည့် Trans Asia International Holding Group (Thailand) Co. Ltd မုလအိအလင်း ကုမ္မဏီမှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကတည်းက ရပ်ဆိုင်းနှုတ်ထွက်ခဲ့ပြီဖြစ်တယ်လို့ KNU က ဆိုပါတယ်။


KNU ထုတ်ပြန်ချက်အရ KK Park အွန်လိုင်းငွေလိမ်လုပ်ငန်းသည် ၎င်းတို့နှင့် လုံးဝမသက်ဆိုင်ကြောင်း အခိုင်အမာ ငြင်းဆိုထားပြီး၊ ဂြိုဟ်တုဓာတ်ပုံများကို ကိုးကားတင်ပြထားပါတယ်။


စစ်ကောင်စီ၏ စွပ်စွဲချက်များသည် ၎င်းတို့၏ နိုင်ငံရေး၊ စီးပွားရေးနှင့် စစ်ရေးဆိုင်ရာ အကျိုးအမြတ်ရရှိမှုများကို ဖုံးကွယ်ရန် ရည်ရွယ်ထားသည့် မဟုတ်မမှန် သတင်းဖြန့်ချိမှုသာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။


စစ်ကောင်စီက ၎င်းတို့၏ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ ရရှိသည့် အကျိုးအမြတ်များကို ဖုံးကွယ်ရန်အတွက် KNU ကိုပစ်မှတ်ထားစွပ်စွဲခြင်းဖြစ်ပြီး စွပ်စွဲချက်များကို လုံးဝလက်မခံဘဲ၊ ၎င်းတို့၏ ရပ်တည်ချက်ကို ပြတ်သားစွာ ငြင်းဆိုထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ CDM ဗိုလ်ကြီး ထက်မြက်က စစ်ကောင်စီ ဝါဒဖြန့်ဇာတ်ကားကို ပြင်းထန်စွာ ဝေဖန်


အောက်တိုဘာ ၂၆ 

Radio NUG 


စစ်ကောင်စီ အုပ်ချုပ်ရေး ကာလတွင် ပြည်သူ့ လှုပ်ရှားမှုများကို ဖိနှိပ်ရန် နှင့် ပြည်သူ့ စိတ်ဓာတ်ကို ဖြိုခွဲရန် ရည်ရွယ်ပြီး ထုတ်လုပ်ထားသည့် ဇာတ်ကားတစ်ကားကို ဗိုလ်ကြီး ထက်မြက်က ပြင်းထန်စွာ ဝေဖန်ထားပါတယ်။


ထိုဇာတ်ကားသည် ပြည်သူ့ ဆန္ဒပြရေးကို အကြမ်းဖက်မှုအဖြစ် ပုံဖော်ထားခြင်းဖြင့် တော်လှန်ရေး သမိုင်းကို ဖျောက်ချရန် ရည်ရွယ်တယ်လို့ သူက ဆိုပါတယ်။


ဇာတ်ကားကို စစ်ကောင်စီ၏ စိတ်ဓာတ်စစ်ဆင်ရေး လက်နက်အဖြစ် ရည်ရွယ်ထုတ်လုပ်ထား‌ကြောင်း၊ ဇာတ်ကားတွင် ပြသထားသည့် ဇာတ်ရုပ်များက CDM ဆန္ဒပြရေး ဝန်ထမ်းများကို ပြန်အလုပ်ဝင်ရန် ဆုံးဖြတ်ချက်များကို ပုံဖော်နေပြီး၊ ဆရာမများက ကလေးများကို စာသင်ရန်ကြောင့် အလုပ်ပြန်ဝင်ကြောင်း၊ ဆရာဝန်များက ကျောင်းမှာဆိုထားတဲ့ သစ္စာကြောင့် ဆေးကုရန် ဆက်လက်လုပ်ကိုင်ကြောင်း စသည့် အချက်များကို ထည့်သွင်းထားကြောင်း ပြောဆိုထားပါတယ်။


ဒီအချိန်မှာ ဒီလိုကားမျိုး ဘာကိစ္စရိုက်ပြတာလဲ။ ပြည်သူကို အထင်သေးတာလား။ အားလုံးက ဦးနှောက်ရှိတယ်။ ဒါကြီးကအမှန်လို့ Brainwash လုပ်ချင်တာလား။လို့ ဗိုလ်ကြီး ထက်မြက်က ရေးသားထားပါတယ်။


ထို့ပြင် ဇာတ်ကားတွင် ရွေးကောက်ပွဲကို နိုင်ငံရေး ပဋိပက္ခများကို ဖြေရှင်းရန် တစ်ခုတည်းသော နည်းလမ်းလို့ ပြည်သူကို လှည့်စားထားတယ်လို့ ဆိုပါတယ်။


ဗိုလ်ကြီး ထက်မြက်က ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်သူများကို လည်း ပြည်သူ့ တော်လှန်ရေး ကို ပျက်ရယ်ပြုရန် ပါဝင်မှုကို ပြတ်သားစွာ ဆန့်ကျင်ရန် တိုက်တွန်းထားပါတယ်။


ပရဟိတတစ်ခုလောက်လုပ်ပြပြီး မျက်ရည်ချူပြတာနဲ့ ပြည်သူကခွင့်လွှတ်မယ်ထင်နေရင် မှားသွားမယ်ဆိုတဲ့အကြောင်းပြရမယ်။ပြည်သူရဲ့အမုန်းမှာ ဖြေဆေးမရှိဘူးဆိုတာ သိအောင်တော့ လုပ်ရမယ်လို့ ယူဆမိပါတယ်။လို့ ရေးသားထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ ချောင်းဦးမြို့နယ်တွင်း အကြမ်းဖက်စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ခံစားရသူများနဲ့ စစ်ဘေးရှောင်များကို ထောက်ပံ့ကူညီမှုများပြုလုပ်


အောက်တိုဘာ ၂၆ 

Radio NUG 


စစ်ကိုင်းတိုင်းဒေသကြီး၊  ချောင်းဦးမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တဲ့ အပြစ်မဲ့အရပ်သားပြည်သူများ၊ ထိခိုက်ခံစားရသူများနဲ့ စစ်ဘေးတိမ်းရှောင်နေရသူတွေအတွက် ကူညီထောက်ပံ့မှုတွေကို အောက်တိုဘာလအတွင်းမှာ ပြုလုပ်ခဲ့ကြောင်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ပါတယ်။


ထိုအပြင် အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ခံစားခဲ့ရသူများကို အရေးပေါ်ကုသပေးနေတဲ့ ဆေးရုံကိုလည်း  လိုအပ်တဲ့ ဆေးဝါးတွေ ထောက်ပံ့ကူညီမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


ကူညီထောက်ပံ့မှုတွေကိုတော့ တော်လှန်ပြည်သူများ၊ အညာလေ့လာရေးစင်တာနဲ့ We are People အဖွဲ့တွေက ထောက်ပံ့ပေးခဲ့တာဖြစ်ပြီး  လူအခွင့်အရေးတာဝန်ခံတွေက ပူးပေါင်းကူညီဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


အကြမ်းဖက်စစ်အုပ်စုရဲ့ တိုးမြှင့်လုပ်ဆောင်လာတဲ့ အကြမ်းဖက်လေကြောင်းတိုက်ခိုက်မှုတွေကြားမှာ ပြည်သူလုထုရဲ့ အကူအညီလိုအပ်ချက်တွေလည်း ပိုမိုမြင့်မားလာနေသလို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့လည်း လိုအပ်ချက်များအတွက် တိုက်ရိုက်ကူညီမှုများနဲ့ ပူးပေါင်းချိတ်ဆက်ကူညီမှုတွေ စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိကြောင်း အသိပေးထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ ခင်ဦးမြို့နယ်တွင်းရှိ ရေရှည်စစ်ဘေးဒဏ်ခံကျေးရွာများသို့ ကွန်ရက်ဆေးအဖွဲ့မှ အခမဲ့ဆေးကုသပေးခဲ့


အောက်တိုဘာ ၂၆ 

Radio NUG 


ခင်ဦးမြို့နယ်တွင်းရှိ ရေရှည်စစ်ဘေးဒဏ်ခံကျေးရွာများမှ ပြည်သူများအား မြေပြင်ဆေးဝါးကုသမှုပေးသော အဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ ကွန်ရက်၏ ခင်ဦးမြို့နယ်တာဝန်ခံအဖွဲ့မှ အခမဲ့ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်မှ အသိပေးထုတ်ပြန်ပါတယ်။


ဆေးဝါးကုသမှုများကို စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်၏ မိတ်ဖက်အလှူရှင်အဖွဲ့အစည်းများ၊ အလှူရှင်များ၏ ကူညီထောက်ပံ့ပေးမှုဖြင့် လှုပ်ရှားဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။


စစ်ကိုင်းတိုင်းတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပံ့ပိုးကူညီလိုပါက စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်သို့ ချိတ်ဆက်နိုင်ပါကြောင်း ဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================




🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ ဆိပ်ဖြူမြို့မှ ထွက်လာသော အင်အား(၂၀၀)ဦးပါ  ရန်သူ့ထိုးစစ်(စစ်ကြောင်း) အား တိုက်ခိုက်ခဲ့ရာ () ဦးအထက် သေဆုံးပြီး၊  (၁၀) ဦးအထက် ထိခိုက်ဒဏ်ရာရရှိခဲ့


အောက်တိုဘာ ၂၆ 

Radio NUG 


၂၀၂၅ခုနှစ်၊‌ အောက်တိုဘာလ (၂၅) ရက်နေ့ နံနက် (၁၀) နာရီ ၀န်းကျင်တွင် မကွေးတိုင်း ပခုက္ကူခရိုင် ဆိပ်ဖြူမြို့ ဘောလုံးကွင်းမှ ထွက်လာသော ကပစ ၂၁+ ကပစ၂၂+ လကတ (၂၀၃၆) + လစခ ()၊ခလရ (၁၃)+တမခ (၈၈)တို့ရဲ့ စစ်ကား (၁၅)စီး၊ ပူးပေါင်းအင်အား(၂၀၀) ပါ စစ်ကြောင်းအား ၊ဆိပ်ဖြူမြို့နယ်၊ ဂွေးပင်ချောင်းကျေးရွာ အနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Yenanthar Columnမှ သတင်းထုတ်ပြန်ပါတယ်။


ထို့နောက် ရန်သူ့ထိုးစစ်အရှိန်မြှင့်ရာ ချင်တောင်‌ ကျေးရွာ အနီးတွင် ထိတွေ့ပစ်ခတ်မှုဆက်လက်ဖြစ်ပွါးခဲ့ပြီး ရန်သူ့ဘက်မှ စစ်ကား ()စီး ပျက်စီးခဲ့‌‌တယ်လို့ သိရပါတယ်။


တိုက်ပွဲအတွင်း စလင်းမြို့နယ် တညောင်တိုက်နယ် လျှပ်စစ်ခွဲရုံမှ လက်နက်ကြီးပစ်ကူပေးခဲ့ပြီး ဆိပ်ဖြူ-စလင်း ကားလမ်းထိုးစစ်အရှိန်မြှင့်ခဲ့တာကြောင့် တော်လှန်ရေးတပ်ဖွဲ့များ နောက်ဆုတ်ပေးခဲ့ရတယ်လို့ ဖော်ပြပါတယ်။


အဆိုပါထိတွေ့မှုတွင် ရန်သူ့ဘက်မှ ()ဦးသေဆုံး (၁၀)ဦး ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း တပ်တွင်းအရင်းအမြစ်မှတဆင့် ထပ်တိုး  သိရှိခဲ့ရတယ်လို့ အသိပေးထားပါတယ်။


အဆိုပါ ရန်သူ့ထိုးစစ်အား မကွေးတိုင်းပ.က. ရွေးလျားစစ်ကြောင်း  Yenanthar Column  ပခုက္ကူခရိုင် အမှတ် (၁၉) တပ်ရင်း နှင့် အမှတ် () တပ်ရင်း တို့မှ ပူးတွဲတိုက်ခိုက်ဖော်ဆောင်ခဲ့ကြောင်း သိရှိရပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ စဥ့်ကူး အင်းရွာတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ဦး သေဆုံး၊ ဦး ဒဏ်ရာ


အောက်တိုဘာ ၂၆ 

Radio NUG 


စဥ့်ကူးမြို့နယ်အတွင်း တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော အင်းရွာ အနီးတွင် စစ်ကောင်စီ ဂျက်လေယာဉ်များမှ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အရပ်သား တစ်ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာ ရရှိခဲ့‌ကြောင်း ဒေသသတင်းများအရ သိရပါတယ်။


အောက်တိုဘာ ၂၆ ရက် နေ့လယ် နာရီ ၁၅ မိနစ်ဝန်းကျင်တွင် စစ်ကောင်စီ ဂျက်လေယာဉ် နှစ်စီးဖြင့် ဗုံး ခြောက်လုံး ကြဲချ တိုက်ခိုက်ခဲ့ပြီး၊ ဆီဆိုင်တစ်ခုကို တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


ဒဏ်ရာ ရရှိသူများကို ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ပေးနေရပြီး စိုးရိမ်ဖွယ် ရှိတယ်လို့ သိရပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ကချင်ဒေသရောက် CDM စစ်သား၊ ရဲသား မိသားစုများကို ပြည်သူ့ပန်းတိုင် ထောက်ပံ့


အောက်တိုဘာ ၂၆ 

Radio NUG 


ကချင်ဒေသရောက် ပြည်သူနှင့်အတူရပ်တည်ခဲ့သည့် CDM စစ်သား၊ ရဲသား မိသားစုများကို ပြည်သူ့ပန်းတိုင်က အခြေခံရိက္ခာနှင့် အခြေခံလူမှုအကူအညီ၊ ကျန်းမာရေး၊ ပညာရေး အကူအညီများ အတွက် (၁၀) သိန်းကျပ်ကို ကချင်ဒေသ ပြည်သူ့ရင်ခွင် ခိုလှုံရေး အစီအစဉ် အကောင်အထည်ဖော်ဆောင်ရေး ဗဟိုကော်မတီ (KPEZ) အဖွဲ့မှတဆင့် ကူညီထောက်ပံ့ပေးခဲ့ကြောင်း အသိပေးထုတ်ပြန်ပါတယ်။


ပြည်သူ့ပန်းတိုင်အဖွဲ့အနေနဲ့ ရံပုံငွေရရှိမှု အခြေအနေနဲ့  အခက်အခဲများ အပေါ်  မူတည်ပြီး နေရာဒေသ အသီးသီးမှာရှိတဲ့ CDM စစ်သား၊ ရဲသားနဲ့  မိသားစုဝင်များကို ကူညီပံ့ပိုးပေးနိုင်ရန် ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ နွေဦးသစ္စာ ဆေးကူညီရေးအဖွဲ့ သင်တန်းဆင်းပွဲနှင့် တော်လှန်ရေးရဲဘော်များအား မိတ်ဆက်ပွဲ မကွေးတိုင်းတွင် အောင်မြင်စွာ ကျင်းပ


အောက်တိုဘာ ၂၆ 

Radio NUG 


ပခုက္ကူခရိုင်အတွင်း တော်လှန်ရေးရဲဘော်များနှင့် ပြည်သူများအတွက် အရေးပေါ် ဆေးကုသမှုနှင့် ကယ်ဆယ်ရေးဝန်ဆောင်မှုများ ပေးအပ်ရန် ရည်ရွယ်ဖွဲ့စည်းထားသည့် နွေဦးသစ္စာ ဆေးကူညီရေးအဖွဲ့၏ ပထမဆုံး အရေးပေါ်ကယ်ဆယ်ရေးသင်တန်းဆင်းပွဲနှင့် တော်လှန်ရေးရဲဘော်များအား မိတ်ဆက်ပွဲကို အောက်တိုဘာ ၂၅ ရက်တွင် မကွေးတိုင်း တော်လှန်ရေးနယ်မြေတစ်နေရာ၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


အခမ်းအနားကို ပြည်သူများ၊ တော်လှန်ရေးရဲဘော်များ၊ အညာတောအိမ်နှင့် ပြည်သူ့ဒီမိုကရေစီအဖွဲ့ (PYDC) တို့ပူးပေါင်း၍ စီစဉ်ခဲ့ခြင်းဖြစ်ပြီး၊ နွေဦးသစ္စာ ဆေးကူညီရေးအဖွဲ့၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန်များကို စတင်ဆောင်ရွက်နိုင်ရန် ပထမခြေလှမ်းအဖြစ် ပြုလုပ်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။


နွေဦးသစ္စာ ဆေးကူညီရေးအဖွဲ့၏ အဓိကရည်ရွယ်ချက်မှာ ပခုက္ကူခရိုင်အတွင်းရှိ တော်လှန်ရေးရဲဘော်များနှင့် ပြည်သူများအား အရေးပေါ် ကယ်ဆယ်ရေးဝန်ဆောင်မှုများနှင့် ဆေးဝါးလိုအပ်ချက်များကို ပံ့ပိုးပေးရန်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


အဖွဲ့၏ ရေရှည်တည်တံ့မှုနှင့် ပုံမှန်လည်ပတ်နိုင်ရေးအတွက် ပြည်သူများအနေဖြင့် လှူဒါန်းမှုများဖြင့် ပါဝင်ကူညီရန် တိုက်တွန်းထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment