၂၀၂၅ အောက်တိုဘာလ ၂၁ ရက်နေ့ မနက်ခင်း သတင်းလွှာ

 

၂၀၂၅ အောက်တိုဘာလ ၂၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ ဒီပါဝလီနေ့ထူးနေ့မြတ်တွင် ဟိန္ဒူဘာသာဝင်များနှင့် မြန်မာလူထု ငြိမ်းချမ်းမှုအတွက် ဆုမွန်ကောင်းများ တောင်းပေးခဲ့

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာ‌အောင်၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့နှင့် ထိုင်းလွှတ်တော်အမတ်တွေ့ဆုံ၊ စစ်တပ်၏အကန့်အသတ်ရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ်မပြုရန် တိုက်တွန်း

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ပုပ်ရဟန်းမင်းကြီး လီယို ၁၄ မြန်မာနိုင်ငံ ပဋိပက္ခအတွက် ငြိမ်းချမ်းရေး တောင်းဆို

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး အပါအဝင် အလုပ်သမားအရေးလှုပ်ရှားသူအချို့ပြန်လည်လွတ်မြောက်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ အင်းစိန်အကျဉ်းထောင်တွင် စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားများအား ကြိုတင်မဲပေးရန် ဖိအားပေး၊ ငြင်းဆန်သူများကို ထောင်တွင်းပြစ်ဒဏ်ဖြင့် ခြိမ်းခြောက်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၆။ Chuck Revolution Army က ဖွင့်လှစ်ခဲ့တဲ့ ဆေးပေးခန်း တစ်နှစ်အတွင်း ပြင်ပလူနာ ၅၅၈ ဦး ကုသပေးနိုင်ခဲ့

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၇။ ချင်းအမျိုးသား တက္ကသိုလ်က ၂၀၂၆ ပညာသင်နှစ်အတွက် မဟာဌာနအလိုက် သင်တန်းလျှောက်လွှာ ခေါ်ယူ 


========================


၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ဝါရဟိုင်းရွာမှာ တပ်စွဲထားတဲ့ စစ်တပ် ဆုတ်ခွာ၊ ထောင်ထားခဲ့တဲ့ မိုင်းများနဲ့ ဖျက်ဆီးခဲ့မှုများကို ရေးဘီလူးအဖွဲ့ ဝင်ရောက်ရှင်းလင်း 

စစ်ကော်မရှင် (ရုံးပိုင်းဆိုင်ရာ တာဝန်ထမ်းဆောင်သူ) တပ်သား တဦးကို ဖမ်းဆီးရမိ

🚩 ၂။ တောင်သာနှင့် နွားထိုးကြီးမြို့နယ်များတွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ဦး သေဆုံး

🚩 ၃။ မန္တလေး PDF က စိတ်ကျန်းမာရေးနဲ့ စိတ်လူမှုဆက်ဆံရေး အထောက်အပံ့ သင်တန်းပြုလုပ်

🚩 ၄။ လူစုလူဝေး ရှိရာကို စစ်ကော်မရှင်က ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်နေတာကြောင့် အလှူနဲ့ မင်္ဂလာဆောင်ပွဲများ ပြုလုပ်ရာမှာ ဆင်ခြင်ကြဖို့ ဒီပဲယင်း ပအဖ အသိပေး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။





========================



📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ ဒီပါဝလီနေ့ထူးနေ့မြတ်တွင် ဟိန္ဒူဘာသာဝင်များနှင့် မြန်မာလူထု ငြိမ်းချမ်းမှုအတွက် ဆုမွန်ကောင်းများ တောင်းပေးခဲ့


အောက်တိုဘာ ၂၀ 

RadioNUG


အောက်တိုဘာလ ၂၀ရက်နေ့တွင် ကျရောက်သော ဒီပါဝလီ (သို့မဟုတ်) ဒေဝါလီနေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက "ဟိန္ဒူဘာသာဝင်တို့၏ ယနေ့ကျရောက်သော ဒီပါဝလီ နေ့ထူးနေ့မြတ် အခါသမယတွင် ပြည်တွင်းပြည်ပ ဟိန္ဒူဘာသာဝင်များ အားလုံးနှင့်တကွ မြန်မာလူထုတရပ်လုံး စိတ်၏ကျန်းမာခြင်း၊ ကိုယ်၏ချမ်းသာခြင်းများ ရရှိလျက် ဘေးကင်းရန်ကွာ လုံခြုံသာယာပြီး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ဆက်လက်လှမ်းချီနိုင်ကြပါစေကြောင်း" ဆုတောင်းဂုဏ်ပြုခဲ့ပါတယ်။


ထို့အတူ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း "ဒီပါဝလီပွဲတော်အခါသမယတွင် ကမ္ဘာတဝှမ်းလုံးရှိ ဟိန္ဒူဘာသာဝင်အပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေကြောင်း" ဆုမွန်ကောင်းတောင်းခဲ့ပါတယ်။


အလားတူ ကာကွယ်ရေးဝန်ကြီးဌာနကလည်း "ဟိန္ဒူဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ထားရာ အလင်းရောင်များနှင့် ပျော်ရွှင်မှုများ ယူဆောင်လာပေးမယ့်ဒီပါဝလီနေ့မှာ ကမ္ဘာအနှံ့အပြားမှာ ရှိကြတဲ့ ဟိန္ဒူဘာသာဝင် ညီအကိုမောင်နှမများနှင့် မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတို့နှင့် ပြည့်စုံပြီး မျှော်လင့်ချက်အသစ်၊ အောင်မြင်မှုအသစ်များ ရရှိပိုင်ဆိုင်နိုင်ပါစေကြောင်း" ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။


"ဒီနေ့ကျရောက်သော တနင်္လာနေ့ သည်  ဟိန္ဒူဘာသာဝင်တို့အတွက် မွန်မြတ်တဲ့ မင်္ဂလာနေ့ — Diwali (ဒီပါဝလီနေ့) ဖြစ်ပါတယ်။

မီးအလင်းတိုင်တွေလို ငြိမ်းချမ်းမှုနဲ့ ဓမ္မအလင်းတွေ အားလုံးအပေါ် ပျံ့နှံ့ပါစေ။

အမှောင်တွေ ပျောက်ကွယ်ပြီး ဒီမိုကရေစီနိုင်ငံတော်အမြန်ဆုံးရရှိပါစေ" နွေဦးထီမှလည်း ဆုတောင်းစကား ပြောကြားခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာ‌အောင်၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့နှင့် ထိုင်းလွှတ်တော်အမတ်တွေ့ဆုံ၊ စစ်တပ်၏အကန့်အသတ်ရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ်မပြုရန် တိုက်တွန်း


အောက်တိုဘာ ၂၀ 

Radio NUG 


မြန်မာစစ်ကောင်စီက ဒီဇင်ဘာလတွင် ကျင်းပမည့်အကန့်အသတ်ရွေးကောက်ပွဲ” (Limited Election) သည် မြန်မာနိုင်ငံ၏ အခြေအနေကို ပိုမိုဆိုးရွားစေနိုင်သဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းက အသိအမှတ်မပြုရန် ထိုင်းလွှတ်တော်အမတ် ကန်နဝီ ဆူဘ်ဆန်း (Kannavee Suebsang) က အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ ဦးဆောင်သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခဲ့ပြီး‌နောက် ၎င်း၏ Facebook စာမျက်နှာမှာ တိုက်တွန်းခဲ့ပါတယ်။


ပြည်ထောင်စုဝန်ကြီးများ ပါဝင်တဲ့ CRPH ကိုယ်စားလှယ်အဖွဲ့နှင့်  တွေ့ဆုံမှုတွင် ထိုင်းနိုင်ငံ၏ ဥပဒေပြုရေးအာဏာအဖြစ် မြန်မာ့အရေးတွင်အပြုသဘောဆောင်သော ကြားဝင်ဆောင်ရွက်မှု” (Constructive Intervention) ပြုလုပ်နိုင်မည့် ဖြစ်နိုင်ခြေများကို ဆွေးနွေးခဲ့တယ်လို့ ဆိုထားပါတယ်။


မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးမဖြစ်ပေါ်ပါက ထိုင်းနိုင်ငံသည် မလွှဲမရှောင်သာ ထိခိုက်မှုများနှင့် ရင်ဆိုင်ရမည်ဖြစ်ပါတယ်။ မျက်စိမှိတ်၊ နားပိတ်ထားမည့်အစား ပြဿနာများကို နားထောင်ပြီး ရေရှည်တည်တံ့သော ဖြေရှင်းနည်းများကို ရှာဖွေရန် စိတ်ဖွင့်ထားသင့်ပါတယ်လို့ ကန်နဝီက ၎င်း၏လူမှုကွန်ရက်တွင် ရေးသားခဲ့ပါတယ်။


၎င်းက ထိုင်းနှင့် မြန်မာနှစ်နိုင်ငံ ပူးပေါင်းဖွံ့ဖြိုးရေးအတွက် အခွင့်အလမ်းများကိုလည်း ဖန်တီးနိုင်မယ်လို့လည်း ထည့်သွင်းရေးသားထားပါတယ်။


ထို့ပြင် မြန်မာ့အရေးက ထိုင်းနိုင်ငံ၏ လုံခြုံရေး၊ စီးပွားရေး၊ နယ်စပ်ဒေသခံများ၏ နေ့စဉ်ဘဝတို့ကို ထိခိုက်စေနိုင်ကြောင်း၊ နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ခြင်းဖြင့် ဒုက္ခသည်များ ထိုင်းနိုင်ငံသို့ အလုံးအရင်းဖြင့် ဝင်ရောက်လာမှုကို ကာကွယ်နိုင်မည်ဖြစ်ပြီး၊ ထိုင်းနှင့် မြန်မာနယ်စပ်ကို အသုံးပြုလုပ်ဆောင်နေသည့် နိုင်ငံတကာ ရာဇဝတ်မှုများဖြစ်သည့် ကောလ်ဆင်တာ လိမ်လည်မှုနှင့် အွန်လိုင်းငွေလိမ်လည်မှုများကို ဖြိုခွဲရန်လည်း လိုအပ်ကြောင်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။


ကန်နဝီက ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးအတွက် ခိုင်မာသောရပ်တည်မှုကို အမြန်ဆုံးပြသရန် လိုအပ်ကြောင်း အလေးပေး ပြောကြားခဲ့ပြီး၊ ထိုဆွေးနွေးချက်များကို ထိုင်းလွှတ်တော်တွင် ဆက်လက်တင်ပြရန် ကတိပြုခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ပုပ်ရဟန်းမင်းကြီး လီယို ၁၄ မြန်မာနိုင်ငံ ပဋိပက္ခအတွက် ငြိမ်းချမ်းရေး တောင်းဆို


အောက်တိုဘာ ၂၀ 

Radio NUG 


ဗာတီကန်မြို့တော် စိန့်ပီတာရင်ပြင်မှာ ပုပ်ရဟန်းမင်းကြီး Leo XIV က မြန်မာနိုင်ငံမှာ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ အရပ်ဘက်လူထုကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေကို ဝမ်းနည်းကြောင်း အောက်တိုဘာလ ၁၉ရက်နေ့က မိန့်ကြားခဲ့ပါတယ်။


အဆိုပါ ပဋိပက္ခတွေမှာ လူထုတွေ ရုန်းကန်နေရတဲ့ အခက်အခဲတွေ၊ မလုံခြုံမှုတွေ ဖြစ်ပေါ်‌နေတာကြောင့်  ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာဖို့ တိုက်တွန်းခဲ့ပါတယ်။


မြန်မာနိုင်ငံက သတင်းတွေက ဝမ်းနည်းစရာ ကောင်းလွန်းပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေ ဆက်ရှိနေပြီး လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေ ရှိနေပါတယ်၊ အရပ်သားလူထုနဲ့ အရပ်သား အဆောက်အအုံတွေ ပစ်မှတ်ထားခံရပါတယ်။ ရန်စမှု၊ မလုံခြုံမှုနဲ့ အခက်အခဲတွေကြောင့် ဒုက္ခရောက်နေတဲ့ လူတွေနဲ့ ကျွန်ုပ် ဝိညာဉ်ရေးအရ နီးကပ်စွာ ရှိနေပါတယ်လို့ ပုပ်ရဟန်းမင်းကြီးက မိန့်ဆိုခဲ့ပါတယ်။


ပုပ်ရဟန်းမင်းကြီး လီယို ၁၄ ရဲ့ ဒီထုတ်ဖော်ချက်ဟာ ပုပ်ရဟန်းမင်း Francis ရဲ့ မြန်မာ ခရီးစဉ် (၂၀၁၇) က နောက်ပိုင်း ဗာတီကန်ရဲ့ မြန်မာ ပဋိပက္ခ အပေါ် ပါဝင်မှုကို ဆက်လက်ပြသတဲ့ အရာ ဖြစ်ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး အပါအဝင် အလုပ်သမားအရေးလှုပ်ရှားသူအချို့ပြန်လည်လွတ်မြောက်


အောက်တိုဘာ ၂၀ 

Radio NUG 


STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး အပါအဝင် အလုပ်သမားအရေးလှုပ်ရှားသူများသည် အောက်တိုဘာလ ၂၀ရက်နေ့ ညနေ :၃၀ အချိန်ခန့်တွင် အင်းစိန်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာကြောင်း STUM မှ အသိပေးထုတ်ပြန်ပါတယ်။


ဒုသမ္မတ အမိန့်ဖြင့် လက်ရှိ စွဲဆိုထားသော အမှုများအားလုံးကို ရုတ်သိမ်းကြောင်း ဖတ်ပြကြေငြာပြီး နေအိမ်သို့ ပြန်လည်ရောက်ရှိကြောင်း သတင်းရရှိပါတယ်။


ပြန်လည်လွတ်မြောက်သူများတွင် ဒေါ်မျိုးမျိုးအေး နှင့်အတူ အခြား အလုပ်သမားအရေးလှုပ်ရှားသူများဖြစ်သည့် ကိုသက်နှင်းအောင် နှင့် မသက်ထားဆွေတို့လည်း ပါဝင်တယ်လို့ သိရပါတယ်။


နောက်ထပ်ကျန်ရှိနေတဲ့ STUM ဝန်ထမ်း ဦးကို အကျဉ်းထောင်ထဲတွင် အသီးသီးဆက်လက်ထိန်းသိမ်းချုပ်နှောင်ခံရလျက်ရှိကြောင်း ဖော်ပြထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ အင်းစိန်အကျဉ်းထောင်တွင် စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားများအား ကြိုတင်မဲပေးရန် ဖိအားပေး၊ ငြင်းဆန်သူများကို ထောင်တွင်းပြစ်ဒဏ်ဖြင့် ခြိမ်းခြောက်


အောက်တိုဘာ ၂၀ 

RadioNUG 


ရန်ကုန်တိုင်း၊ အင်းစိန်အကျဉ်းထောင်တွင် စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားများနှင့် အခြားအကျဉ်းသားများအား ရွေးကောက်ပွဲအတွက် အကြိုမဲပေးရန် ဖိအားပေးနေကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ အသိပေးထုတ်ပြန်ထားပါတယ်။


ကြိုတင်မဲပေးရန် ငြင်းဆန်ပါက တိုက်ပိတ်ခြင်းကဲ့သို့ ထောင်တွင်းပြစ်ဒဏ်များ ချမှတ်မည်ဟု ခြိမ်းခြောက်နေတယ်လို့ သိရပါတယ်။


တစ်ဖက်တွင် စစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နေသည်ဟု ဆိုသော်လည်း စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုနှင့် စစ်ကြောင်းထိုးမှုများ ဆက်လက်ကျူးလွန်နေရာ အရပ်သားပြည်သူ ၇၅ ဦးခန့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၆။ Chuck Revolution Army က ဖွင့်လှစ်ခဲ့တဲ့ ဆေးပေးခန်း တစ်နှစ်အတွင်း ပြင်ပလူနာ ၅၅၈ ဦး ကုသပေးနိုင်ခဲ့


အောက်တိုဘာ ၂၀၊ 

Radio NUG


ချောက် တော်လှန်ရေးတပ် (CRA) ဆေးဌာနကြီးမှ ဖွင့်လှစ်ခဲ့တဲ့ ပြင်ပလူနာကြည့် ဆေးခန်းဟာ အောက်တိုဘာ ၂၀ ရက်နေ့မှာ နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်တယ်လို့ တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။


အဆိုပါ ဆေးခန်းဟာ () နှစ်အတွင်း ပြင်ပလူနာပေါင်း ၅၅၈ ဦး၊ မိုင်းနဲ့ လက်နက်ကြီးထိ လူနာ ၃၁ ဦး၊ မွေးလူနာ ဦး၊ ပိုးထိလူနာ ဦးကို ကုသပေး နိုင်ခဲ့တယ်လို့ ဆိုပါတယ်။


ထို့အပြင် Mobile Clinic အနေဖြင့် ရွာပေါင်း ၂၂ ရွာကို လစဉ် ကွင်းဆင်းကုသမှုများလည်း ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။


CRA အနေဖြင့် စစ်ရေးလှုပ်ရှားနေတဲ့ ဒေသများမှာ လူထုဝန်ဆောင်မှုလုပ်ငန်းများကိုလည်း ယခုလို အစဉ်မပျက် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အသိပေးထားပြီး ဆေးပေးခန်း စတင်လည်ပတ်ချိန်မှစ ယနေ့အထိ နေ့မအား ညမအား တာဝန်ထမ်းဆောင် ပေးခဲ့တဲ့ ဆရာ/ဆရာမ များကိုလည်း လေးစားဂုဏ်ပြုကြောင်း ထုတ်ပြန် ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၇။ ချင်းအမျိုးသား တက္ကသိုလ်က ၂၀၂၆ ပညာသင်နှစ်အတွက် မဟာဌာနအလိုက် သင်တန်းလျှောက်လွှာ ခေါ်ယူ 


အောက်တိုဘာ ၂၀၊ 

Radio NUG


ချင်းအမျိုးသား တက္ကသိုလ်က ၂၀၂၆ ပညာသင်နှစ်အတွက် သက်ဆိုင်ရာ မဟာဌာန အသီးသီးအတွက် သတ်မှတ်ထားတဲ့ အရည်အချင်းများနဲ့ ကိုက်ညီတဲ့ သင်တန်းလျှောက်လွှာများ ခေါ်ယူနေတယ်လို့ ထုတ်ပြန်ထားပါတယ်။


၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ပထမအပတ်မှာ စတင်ဖွင့်လှစ် သွားမှာဖြစ်ပြီး လျှောက်လွှာများကို နိုဝင်ဘာ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး Personal Statement လိုအပ်တဲ့အထောက်အထား မိတ္တူများနှင့်အတူ ပူးတွဲတင်သွင်းရမယ် လို့ ဆိုပါတယ်။


ပဏာမ ရွေးချယ်ခံရသူများဟာ ဝင်ခွင့်စာမေးပွဲ ဖြေဆိုရမှာဖြစ်ပြီး အောင်မြင်သူများကိုသာ တက်ရောက်ခွင့်ပြုမယ်လို့ သိရပါတယ်။ အချိန်မှီ မရောက်လာသော လျှောက်လွှာများနဲ့ အချက်အလက် မပြည့်စုံတဲ့ လျှောက်လွှာများကို ထည့်သွင်းစဉ်းစားမှာ မဟုတ်ဘဲ ပညာရေးအဖွဲ့၊ ချင်းအမျိုးသား တက္ကသိုလ်ရဲ့ ဆုံးဖြတ်ချက်သာ အတည် ဖြစ်တယ်လို့ အသိပေးထားပါတယ်။


ခေါ်ယူသွားမယ့် သင်တန်းအမျိုးအစားများဟာ လုပ်ငန်းခွင်ပညာရေးဒီပလိုမာသင်တန်း () နှစ်၊ ဘွဲ့ကြိုပညာရေး ဒီပလိုမာသင်တန်း () နှစ်၊ ဘွဲ့လွန်ပညာရေး ဒီပလိုမာသင်တန်း () နှစ်၊ ဥပဒေပညာ () နှစ်၊ မြို့ပြအင်ဂျင်နီယာ () နှစ်၊ လျှပ်စစ်အင်ဂျင်နီယာ () နှစ် တို့ဖြစ်ပါတယ်။


လျှောက်လွှာများကို သက်ဆိုင်ရာ မြို့နယ်/ဒေသ ပညာရေးဌာန (သို့) Ministry of Education, Government of Chinland ရဲ့ Facebook Page တို့မှာ Google Link တောင်းယူနိုင်ပြီး chinnationaluniversity@gmail.com သို့ ပေးပို့လျှောက်ထားရမယ်လို့ သိရပါတယ်။


သက်ဆိုင်ရာ သင်တန်းအလိုက် အရည်အချင်း သတ်မှတ်ချက်များကို Ministry of Education Government of Chinland ရဲ့ Facebook Page မှာ ဝင်ရောက်ကြည့်ရှုနိုင်ပြီး သင်တန်းကြေး (စာရွက်စာတမ်းကြေးမပါ) လစဉ် ကျပ်နှစ်သိန်း (၂၀၀,၀၀၀) သတ်မှတ်ထားတယ်လို့ သိရှိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================



🚩🚩 ၁။ ဝါရဟိုင်းရွာမှာ တပ်စွဲထားတဲ့ စစ်တပ် ဆုတ်ခွာ၊ ထောင်ထားခဲ့တဲ့ မိုင်းများနဲ့ ဖျက်ဆီးခဲ့မှုများကို ရေးဘီလူးအဖွဲ့ ဝင်ရောက်ရှင်းလင်း 

စစ်ကော်မရှင် (ရုံးပိုင်းဆိုင်ရာ တာဝန်ထမ်းဆောင်သူ) တပ်သား တဦးကို ဖမ်းဆီးရမိ


အောက်တိုဘာ ၂၀၊ 

Radio NUG


မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဝါရဟိုင်း ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ် ဆုတ်ခွာသွားခဲ့ပြီးထောင်ထားခဲ့တဲ့ မိုင်းများနဲ့ ဖျက်ဆီးခဲ့မှုများကို ဝင်ရောက်ရှင်းလင်းခဲ့တယ်လို့ ရေးဘီလူး အဖွဲ့က ထုတ်ပြန်ထားပါတယ်။


ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စစ်ကော်မရှင်ရဲ့ ခမရ (၅၉၈) ခမရ (၅၈၃) တပ်ရင်းတွေနဲ့ DKBA ပူးပေါင်းအဖွဲ့တို့က ဝါရဟိုင်း ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်ကာ ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။


၎င်းစစ်ကြောင်းကို ရေးဘီလူး တပ်ဖွဲ့က လိုက်လံပိတ်ဆို့ ထားခဲ့တာကြောင့် စစ်ကြောင်းတစ်ခုလုံး ရှေ့မတိုးနိုင်ဘဲ ပြန်လည်ဆုတ်ခွာသွားခဲ့တာလို့ ဆိုပါတယ်။


စစ်ကော်မရှင်တပ် ဆုတ်ခွာသွားပြီးနောက် အောက်တိုဘာ ၂၀ ရက်နေ့မှာကျေးရွာအတွင်း ၎င်းထို့ ထောင်ထားခဲ့တဲ့ မိုင်းများနဲ့ လိုက်လံဖျက်ဆီးcထားခဲ့တဲ့ နေရာတွေကို ရေးဘီလူး တပ်ရင်းမှ ရဲဘော်များက ဝင်ရောက်ရှင်းလင်း ပေးခဲ့တယ်လို့ သိရပါတယ်။


စစ်ကော်မရှင် စစ်ကြောင်းက ဖျက်ဆီးခဲ့မှုကြောင့် ဝါရဟိုင်းကျေးရွာ စာသင်ကျောင်း အပါအဝင် ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ ဖော်ပြထားပြီး ဖမ်းဆီးခံရတဲ့ ပြည်သူများကတော့ ပြန်လည်လွတ်မြောက်လာပြီ ဖြစ်တယ်လို့ ဆိုပါတယ်။


ထို့အပြင် အောက်တိုဘာ ၂၀ ရက်နေ့မှာပဲ ရေးမြို့နယ်၊ အာယုတောင် ကျေးရွာ၊ ပြည်သူ့စစ်ခေါင်းဆောင် လင်းဦး ရဲ့ လက်အောက်ခံတပ်တွင် ရုံးပိုင်းဆိုင်ရာ တာဝန်ထမ်းဆောင်တဲ့ စစ်ကော်မရှင် တပ်သား မောင်မျိုးဇော် ဆိုသူကို ရေးဘီလူးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ အသိပေးထားပါတယ်။


========================


🚩🚩 ၂။ တောင်သာနှင့် နွားထိုးကြီးမြို့နယ်များတွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ဦး သေဆုံး


အောက်တိုဘာ ၂၀ 

Radio NUG 


အောက်တိုဘာ ၁၉ ရက်နေ့ မွန်းလွဲ နာရီ ၄၅ မိနစ်ခန့်တွင် တောင်သာမြို့နယ်၊ ရုံးပင်ရွာ ဘုန်းကြီးကျောင်းအနီးကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တစ်ဦးကို ပွေ့ချီထွက်ပြေးသည့် မိခင်တစ်ဦးနှင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။


အဆိုပါတိုက်ခိုက်မှုကြောင့် နောက်ထပ် ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ်များ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။


အလားတူ အောက်တိုဘာ ၁၉ ရက် နံနက် နာရီခန့်တွင် နွားထိုးကြီးမြို့နယ်၊ ပဲချက်ကျေးရွာကို စစ်တပ်က စက်တပ်လေထီး စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဦးကျော်နိုင် (၅၅ နှစ်) ဒေါ်ခင်သန်းနု (၅၅ နှစ်) ဦးခင်မောင်ဝင်း (၅၇ နှစ်) နှင့် ဒေါ်ခင်တင့် (၉၁ နှစ်) တို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။


အဆိုပါတိုက်ခိုက်မှုအတွင်း မဂျူဂျူး (၁၀ နှစ်) နှင့် ဒေါ်ရွှေဝါထွန်း (၄၅ နှစ်) တို့ အပြင်းအထန်ဒဏ်ရာရရှိခဲ့ကာ အိမ်ခြေ လုံးထက်မနည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ မန္တလေး PDF က စိတ်ကျန်းမာရေးနဲ့ စိတ်လူမှုဆက်ဆံရေး အထောက်အပံ့ သင်တန်းပြုလုပ်


အောက်တိုဘာ ၂၀၊ 

Radio NUG


ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY- PDF က အခြေခံ စိတ်ကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေး အထောက်အပံ့ သင်တန်းကို ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


စိုးမိုးထိန်းချုပ်နယ်မြေ တနေရာမှာ ပြုလုပ်ခဲ့တဲ့ အဆိုပါသင်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ တပ်မှူးများ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။


သင်တန်းကာလအတွင်း စိတ်ကျန်းမာရေး အခြေခံ ဗဟုသုတများ၊ အကြပ်အတည်းကာလအတွင်း ခန္ဓာကိုယ်က တုံ့ပြန်ပုံများ၊ အခြေခံစိတ် လူမှုဆက်ဆံရေး ထောက်ပံ့ပေးခြင်း နည်းလမ်းများ၊ စိတ်ပိုင်းဆိုင်ရာ ပညာပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ ကနဦး ပြုစုစောင့်ရှောက်ခြင်း (PFA) မိမိကိုယ်ကို ဂရုစိုက်စောင့်ရှောက်ခြင်း (Self Care) စတဲ့ သင်ခန်းစာများကို Theory & Practical နှင့်တကွ လေ့လာသင်ယူခဲ့တယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၄။ လူစုလူဝေး ရှိရာကို စစ်ကော်မရှင်က ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်နေတာကြောင့် အလှူနဲ့ မင်္ဂလာဆောင်ပွဲများ ပြုလုပ်ရာမှာ ဆင်ခြင်ကြဖို့ ဒီပဲယင်း ပအဖ အသိပေး


အောက်တိုဘာ ၂၀၊ 

Radio NUG


လူစုလူဝေးရှိတဲ့ နေရာများကို စစ်ကော်မရှင်တပ်က ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဘာသာရေးပွဲ၊ အလှူ၊ မင်္ဂလာဆောင်ပွဲများ ပြုလုပ်ရာမှာ ဆင်ခြင်ကြဖို့ ဒီပဲယင်းမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က အသိပေးထားပါတယ်။


ယခုကာလ အပိုင်းအခြားအတွင်း စစ်ကော်မရှင်တပ်က ပြည်သူလူထု အစုအဝေးများရှိတဲ့ နေရာများကို ပစ်မှတ်ထားပြီး paramotor (စက်တပ်လေထီး) ဂျက်ဖိုက်တာများဖြင့် ဗုံးသီးချခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းများကို အဆက်မပြတ် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။


ထို့ကြောင့် အလှူ၊ မင်္ဂလာဆောင်နဲ့ ဘာသာရေး ပွဲများမှာ ဆိုင်းဝိုင်း၊ အငြိမ့်၊ ဇာတ်ပွဲများ ထည့်သွင်းဖျော်ဖြေခြင်း မပြုလုပ်ကြဖို့ မြို့နယ် ပအဖ၊ ပကဖ၊ ပလဖ တို့နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူများရဲ့ မျက်နှာစုံညီ အစည်းအဝေးက အောက်တိုဘာ ရက်နေ့မှာ အသိပေး ထုတ်ပြန်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။


အဆိုပါ ထုတ်ပြန်ချက်အား မလိုက်နာဘဲ ဖောက်ဖျက် ကျူးလွန်ပါက ကျူးလွန်သူရဲ့ တာဝန်ဖြစ်ပြီး ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ အသိပေးထားပြီး လေကြောင်းအန္တရာယ် အထူးဂရုစိုက်ဖို့  တိုက်တွန်းနှိုးဆော်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment