၂၀၂၅ အောက်တိုဘာလ ၂၅ ရက်နေ့ မနက်ခင်း သတင်းလွှာ

 


၂၀၂၅ အောက်တိုဘာလ ၂၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ မြို့နယ်အကျဥ်းထောင်တာဝန်ခံများ၊ အကျဥ်းသားထိန်းသိမ်း‌ရေးတာဝန်ရှိသူများနှင့် တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး တွေ့ဆုံ

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ အာဆီယံအား မြန်မာစစ်အုပ်စု၏ နိုင်ငံတကာရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်မှု အဆုံးသတ်ရန်နှင့် အတုအယောင်ရွေးကောက်ပွဲ ငြင်းပယ်ရန် တောင်းဆို

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ အမျိုးသမီးနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး(WCP) သင်တန်းကို စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက မြို့နယ် ၁၇ ခုမှာ အောင်မြင်စွာပြုလုပ်နိုင်ခဲ့

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ ဒီပဲယင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့၏ စိုက်ပျိုးရေး ဦးစီးဌာန မိုးစပါး ရာသီ ဆောင်ရွက်ရေး လုပ်ငန်းများ ပြုလုပ်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ မင်းတပ်မြို့နယ်တွင် တော်လှန်ရေးထောက်ပို့ပါဝင်သည့် မော်တော်ယာဉ်ပိုင်ရှင်များအား အခွန်ကင်းလွတ်ခွင့်နှင့် အသင်းဝင်ကဒ် ထုတ်ပေး


========================


၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။စစ်ကိုင်းဆီသို့ရန်ပုံငွေရှာဖွေရေးအစီအစဉ်ကို တော်လှန်ပြည်သူများ အားဖြည့်ပေးရန် MOD တိုက်တွန်း

🚩 ၂။ ဖယ်ခုံ၊ မိုးဗြဲနယ်တွင် တိုက်ပွဲများ ပြင်းထန်နေရာ PNO ပြည်သူ့စစ် ၅၀ ကျော် သေဆုံး

🚩 ၃။ CDF-Kanpetlet စစ်ဦးစီးချုပ်  မင်္ဂလာဆောင်ပွဲ လေကြောင်းတိုက်ခိုက်ခံရ အရပ်သားများ သေဆုံး ထိခိုက်မှု များပြား

🚩 ၄။ ရေကြည်မြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂၄ ဦး သေဆုံး၊ ၂၀ ကျော် ဒဏ်ရာရ

🚩 ၅။ ဆားလင်းကြီးမြို့နယ်တွင်း စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ဒေသခံပြည်သူ တစ်သောင်းဝန်းကျင်စစ်ရှောင်နေရ

🚩 ၆။ အောက်တိုဘာလ ဒုတိယပတ်အတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၇ ဦး အလင်းဝင်နှင့် လက်နက်ချ

🚩 ၇။ အသက်ပေးလှူသွားတဲ့ ရဲဘော်များနှင့် ကိုယ်လက်အင်္ဂါပေးလှူခဲ့ကြတဲ့ ရဲဘော်များ၏ မိသားစုဝင်များကို ဒုတိယအကြိမ်မြောက် သွားရောက် အလေးပြုခြင်းနှင့် ဂါရဝပြုကန်တော့ခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။





========================



📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ မြို့နယ်အကျဥ်းထောင်တာဝန်ခံများ၊ အကျဥ်းသားထိန်းသိမ်း‌ရေးတာဝန်ရှိသူများနှင့် တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး တွေ့ဆုံ


အောက်တိုဘာ ၂၄ 

Radio NUG 


အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၊ အကျဥ်းဦးစီးဌာနနှင့် မြို့နယ်အကျဥ်းထောင်တာဝန်ခံများ၊ အကျဥ်းသားထိန်းသိမ်း‌ရေး တာဝန်ရှိသူများနှင့် တွေ့ဆုံခြင်း အစည်းအဝေး အမှတ်စဥ် (/၂၀၂၅) အခမ်းအနားကို အောက်တိုဘာလ ၁၅ ရက်နေ့ မြန်မာစံတော်ချိန် နံနက် (၁၀:၀၀) နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။


ထိုအခမ်းအနားသို့ တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဂျိုးဇက်၊ အကျဥ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်၊ ညွှန်ကြားရေးမှူး ဦးသုတ၊ ရုံးအဖွဲ့မှူးနှင့် ရုံးအဖွဲ့ဝင်များ၊ မြေပြင်ဆက်သွယ်ရေးတာဝန်ခံများနှင့် မြို့နယ် (၁၈)မြို့နယ်မှ အကျဥ်းထောင်တာဝန်ခံများ၊ အကျဥ်းသားထိန်းသိမ်း‌ရေး တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။


တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးမှ အစည်းအဝေးသို့ တက်ရောက်လာသော အကျဥ်းဦးစီးဌာနနှင့် ပတ်သက်သည့် တာဝန်ရှိ ဆရာ၊ ဆရာမများအားလုံးသည် အင်မတန်အရေးကြီးသည့် တာဝန်ကြီးကို ထမ်းဆောင်နေကြခြင်းဖြစ်ကြောင်း၊ တော်လှန်ရေး၏ အကျိုးစီးပွားကို ဆောင်ရွက်နေတာဖြစ်သောကြောင့် အင်မတန် ဂုဏ်ယူစရာဖြစ်ကြောင်း၊ တော်လှန်ရေး အတွက် အကျိုးရှိသလို လူထုအတွက်လည်း အကျိုးရှိကြောင်း၊ စိုးမိုးနယ်မြေအတွင်းတွင် ဖြစ်ပွားခဲ့သည့် ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် အပြစ်ရှိကြောင်း တွေ့ရှိချက်များအပေါ်တွင် တရားရုံးများမှ ပြစ်ဒဏ် ချမှတ်ပြီး အကျဥ်းသားများရှိကြောင်း၊ ၎င်းတို့သည် သတ်မှတ်ထားသည့် ကျခံရသည့်ကာလကုန်လျှင် လူထုနှင့်တသားတည်း ပြန်ဖြစ်နေစေရန် အင်မတန်မှ အရေးကြီးကြောင်း၊ လူထုနှင့်တသားတည်း ပြန်ဖြစ်ဖို့ဆိုလျှင် ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာမှာ ပြစ်မှုကျူးလွန်ခြင်းသည် မှားယွင်းမှုဖြစ်သည်ကို သိရှိပြီး ထိုကဲ့သို့ပြစ်မှုမျိုး နောက်တခါ ထပ်မံမှားယွင်းခြင်း အဖြစ်မခံတော့ဘူးဆိုသည့် စိတ်မျိုးရရှိလာအောင် ကြိုးစားပြုပြင်ရမှာဖြစ်ကြောင်း၊ တကယ့်လက်တွေ့ဘဝတွင်လည်း ၎င်းတို့သည် ပြန်လည်၍ လူကောင်းများအဖြစ် လူ့ဘောင်အသိုင်းအဝိုင်းထဲ ပြန်လည်ရှင်သန်လာနိုင်ရန်အတွက် ပြုပြင်ပေးနိုင်သည့် အခွင့်အရေးမှာ အကျဥ်းဦးစီးဌာနနှင့် အကျဥ်းထောင်တာဝန်ခံများ၊ အကျဥ်းထောင် ထိန်းသိမ်းစောင့်ရှောက်နေသည့် တာဝန်ရှိသူများ လက်ထဲတွင်ရှိကြောင်း၊ ထိုအခွင့်အရေးကို မှန်မှန်ကန်ကန် ထိထိရောက်ရောက် အသုံးပြုနိုင်ရန် လိုအပ်ကြောင်း၊ ယနေ့အစည်းအဝေးတွင် မိမိတို့၏ အခက်အခဲများ၊ မျှော်မှန်းချက်များကိုလည်းကောင်း၊ ဆောင်ရွက်လိုသည့် အချက်များကိုလည်းကောင်း ဆွေးနွေးနိုင်သည်ဆိုလျှင် ယနေ့အစည်းအဝေး၏ ရလဒ်မှာ တကယ့်ရလဒ်ကောင်းဖြစ်ကြောင်း၊ ယနေ့အစည်းအဝေးသို့ အချိန်ပေး တက်ရောက်လာသော တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ထို့နောက် မြို့နယ်အကျဥ်းထောင်တာဝန်ခံများ၊ အကျဥ်းသားထိန်းသိမ်း‌ရေး တာဝန်ရှိသူများ နှင့် တွေ့ဆုံခြင်း အစည်းအဝေး အမှတ်စဥ်(/၂၀၂၅)မှ ထွက်ပေါ်လာသော ရှေ့လုပ်ငန်းစဥ်များ ပြီးစီးမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခြင်း၊ မြို့နယ်အကျဥ်းထောင်တာဝန်ခံများ၊ အကျဥ်းသားထိန်းသိမ်း‌ရေးတာဝန်ရှိသူများ၏ ကြိုတင်မေးမြန်းချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည် ဖြေကြားခြင်း၊ အထွေထွေဆွေးနွေးခြင်းများ လုပ်ဆောင်ခဲ့ပြီး အစည်းအဝေး ဆုံးဖြတ်ချက်နှင့် ရှေ့လုပ်ငန်းစဥ်များ ချမှတ်ခြင်းတို့အား တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ အတည်ပြုပေးခဲ့ပြီးနောက် နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို မြန်မာစံတော်ချိန် နံနက် ၁၁ နာရီ မိနစ်အချိန်တွင် အောင်မြင်စွာ ရပ်နားခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ အာဆီယံအား မြန်မာစစ်အုပ်စု၏ နိုင်ငံတကာရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်မှု အဆုံးသတ်ရန်နှင့် အတုအယောင်ရွေးကောက်ပွဲ ငြင်းပယ်ရန် တောင်းဆို


အောက်တိုဘာ ၂၄ 

Radio NUG


အာဆီယံအနေဖြင့် မြန်မာစစ်အုပ်စု၏ နိုင်ငံတကာရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်မှုကို အဆုံးသတ်ရန်နှင့် တရားမဝင်ရွေးကောက်ပွဲတစ်ရပ် ကျင်းပရန် စစ်အုပ်စု၏ ကြိုးပမ်းမှုကို ဆန့်ကျင်ရန် Justice For Myanmar အဖွဲ့က တောင်းဆိုလိုက်ပါတယ်။ 


ယခုတောင်းဆိုမှုသည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပမည့် ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။


Justice For Myanmar ထုတ်ပြန်ချက်အရ အာဆီယံ၏ ဘုံသဘောထားငါးရပ်သည် အောင်မြင်မှုမရခဲ့ဘဲ၊ မြန်မာစစ်အုပ်စုသည် အရပ်သားပြည်သူများအပေါ် အကြမ်းဖက်စစ်ဆင်ရေးများနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို ဆက်လက်လုပ်ဆောင်နေကာ ထိုလုပ်ရပ်များကို အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဒေသတွင်းစီးပွားရေးလုပ်ငန်းများ၏ ပံ့ပိုးမှုက အားပေးထောက်ခံခဲ့တယ်လို့ စွပ်စွဲထားပါတယ်။


စစ်အုပ်စုသည် အတုအယောင်ရွေးကောက်ပွဲတစ်ရပ် ကျင်းပရန် ပြင်ဆင်နေရာ လေကြောင်းတိုက်ခိုက်မှုများ၊ အစုလိုက်သတ်ဖြတ်မှုများ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ ညှဉ်းပမ်းနှိပ်စက်မှုများနှင့် ကျေးရွာများကို ဖျက်ဆီးမှုများကို ဆက်လက်ကျူးလွန်နေသည့်အပြင် လူပေါင်း ၂၂,၀၀၀ ကျော်ကို တရားမဝင်ထိန်းသိမ်းထားပြီး အင်တာနက်ဆင်ဆာဖြတ်တောက်မှုနှင့် ထောက်လှမ်းရေးလုပ်ငန်းများကိုလည်း တိုးမြှင့်လုပ်ဆောင်လျက်ရှိတယ်လို့ ဆိုထားပါတယ်။


အာဆီယံအဖွဲ့ဝင်နိုင်ငံများရှိ စီးပွားရေးလုပ်ငန်းများသည် စစ်အုပ်စုနှင့် ဆက်နွှယ်မှုများမှတစ်ဆင့် လေယာဉ်ဆီ၊ ရေနံ၊ သဘာဝဓာတ်ငွေ့၊ သစ်လုပ်ငန်းနှင့် နည်းပညာဆိုင်ရာ ပံ့ပိုးမှုများပေးနေပြီး ထိုဆက်နွှယ်မှုများသည် စစ်အုပ်စု၏ အကြမ်းဖက်လုပ်ရပ်များကို ဆက်လက်ထောက်ပံ့ပေးနေတယ်လို့ ဖော်ပြထားပါတယ်။


အာဆီယံအနေဖြင့် စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ငြင်းပယ်ရန်၊ ၎င်းတို့၏ ကိုယ်စားလှယ်များကို အာဆီယံအစည်းအဝေးများမှ တားမြစ်ရန်နှင့် မြန်မာပြည်သူများ၏ ဒီမိုကရေစီနှင့် တရားမျှတမှုအတွက် လှုပ်ရှားမှုကို ထောက်ခံရန် Justice For Myanmar က တိုက်တွန်းထားပါတယ်။


ထို့ပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများအနေဖြင့် စစ်အုပ်စုသို့ ငွေကြေး၊ လက်နက်၊ နည်းပညာနှင့် လေယာဉ်ဆီထောက်ပံ့မှုများကို ဖြတ်တောက်ရန် လိုအပ်ကြောင်း ဖော်ပြထားပါတယ်။


Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က စစ်အုပ်စု၏ အမည်ခံရွေးကောက်ပွဲသည် ဒီမိုကရေစီသို့ ဦးတည်သည့် လမ်းကြောင်းမဟုတ်ဘဲ၊ ၎င်းတို့၏ အကြမ်းဖက်အုပ်ချုပ်မှုကို တရားဝင်မှုပေးရန် ဒီဇိုင်းထုတ်ထားသည့် လှည့်ကွက်တစ်ခုသာဖြစ်‌ကြောင်း ပြောကြားခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ အမျိုးသမီးနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး(WCP) သင်တန်းကို စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက မြို့နယ် ၁၇ ခုမှာ အောင်မြင်စွာပြုလုပ်နိုင်ခဲ့


အောက်တိုဘာ ၂၄ 

Radio NUG 


ပဋိပက္ခကာလအတွင်း အမျိုးသမီးနဲ့ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေး(WCP) သင်တန်းကို စက်တင်ဘာ၊ အောက်တိုဘာလတွေမှာ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးအတွင်းက မြို့နယ် (၁၇ ) ခုမှာ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ပါတယ်။


သင်တန်းများတွင်  လက်နက်ကိုင်ပဋိပက္ခအတွင်းက ကလေးသူငယ်များ အခြေအနေ (Children in Armed Conflict) ကလေးအခွင့်အရေး (Child Rights) ကလေးသူငယ်ကာကွယ်စောင့်ရှောက်မှု (Child Protection) ဂျန်ဒါအခြေပြုအကြမ်းဖက်မှုများ(Gender Based Violence)   ကလေးသူငယ်များအား သတ်ဖြတ်ခြင်းနှင့်  ကိုယ်လက်အင်္ဂါပျက်စီးစေခြင်း၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်း၊ ကလေးသူငယ်များကို လက်နက်ကိုင် ပဋိပက္ခများတွင် တပ်သားအဖြစ် စုဆောင်းခြင်း နှင့်တိုက်ပွဲများ၊ တပ်စခန်းများတွင် အမျိုးမျိုးအသုံးချခြင်း အစရှိတဲ့အချက်အလက်တွေ ပါဝင်တဲ့ ကလေးသူငယ်များအပေါ် ချိုးဖောက်ကျူးလွန်တဲ့ ကြီးလေးတဲ့ ချိုးဖောက်မှု () ရပ်များ (Six Grave Violations)အကြောင်း၊ ပဋိပက္ခအခြေအနေတွင် ဖြစ်ပေါ်လာသော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု (CRSV – Conflict Related Sexual Violence) တွေ၊ LGBTQIA+ တို့ရဲ့ အခွင့်အရေးနဲ့ အကာအကွယ်ပေးမှုတွေနဲ့ ဒီအချက်တွေနဲ့ စပ်လျဉ်းပြီး အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားတဲ့ ဥပဒေများအကြောင်းကို ဆွေးနွေး ပို့ချခဲ့ကြတယ်လို့ သိရပါတယ်။


သင်တန်းသားနဲ့ သင်ကြားပေးတဲ့နည်းပြဆရာတွေ အပြန်အလှန်ဆွေးနွေးတာ၊ မြေပြင်မှာဖြစ်ပေါ်နေတဲ့အခြေအနေတွေကို သုံးသပ်တာတွေနဲ့ အုပ်စုဖွဲ့ဆွေးနွေးတာတွေကို သင်တန်းတွေအတွင်းမှာ ပြုလုပ်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။


သင်တန်းတက်ရောက်သူတွေထဲမှာ ဒေသခံ အမျိုးသား/ အမျိုးသမီး/လိင်စိတ်ခံယူမှုကွဲပြားသူတွေ၊ ပညာရေးဝန်ထမ်းတွေ၊ မသန်စွမ်းသူတွေ၊ တော်လှန်ရေးရဲဘော်တွေ တက်ရောက်ခဲ့ကြပြီး သင်တန်းအားလုံးမှာတော့ အမျိုးသမီး ၈၀ ရာခိုင်နှုန်းကျော် ပါဝင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။


သင်တန်းတွေအပြီးမှာ သင်တန်းသားတွေရဲ့ မှတ်ချက်တွေအနေနဲ့  အခုလိုသင်တန်းတွေကို မြေပြင်မှာ ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်ပေးသင့်ကြောင်း၊ သင်တန်းကနေ အသိပညာများစွာရကြောင်း၊ အမျိုးသမီးနဲ့ကလေးသူငယ်အခွင့်အရေးများသာမက ဂျန်ဒါပိုင်းဆိုင်ရာ အခွင့်အရေးတွေကို ပိုမိုသိရှိလာပြီး ပိုမိုလေးစားလိုက်နာကျင့်သုံးဖို့လိုအပ်ကြောင်း၊ အကြမ်းဖက်မှုတွေကနေ ပိုမိုကာကွယ်ပေးဖို့ လုပ်ဆောင်ရမယ့် အသိအမြင်တွေအကြောင်း နဲ့  ဒီလိုသင်တန်းတွေဟာ မိသားစုတိုင်း သိထားသင့်တဲ့ သင်တန်းတွေဖြစ်သလို ကဏ္ဍအသီးသီးက ခေါင်းဆောင်တွေပါ ပိုမိုသိရှိရမယ့် အကြောင်းအရာတွေဖြစ်ကြောင်းသင်တန်းတွေအပြီးမှာ အသီးသီးမှတ်ချက်ပြုပြောကြားခဲ့ပါတယ်။


သင်တန်းကိုတော့ လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံတွေက ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး ဝန်ကြီးဌာနတချို့က တာဝန်ခံတွေလည်း တချို့ မြို့နယ်တွေမှာ ပြုလုပ်တဲ့ သင်တန်းတွေမှာ ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ မြန်မာနိုင်ငံတဝန်းမှာရှိတဲ့  အကြမ်းဖက်စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မှတ်တမ်းတင်တာ၊ နိုင်ငံတကာမှာ အရေးယူမှုတွေရနိုင်ဖို့ ကြိုးပမ်းတာတွေအပြင် လူထုထောက်ပံ့ကူညီမှုတွေနဲ့ အတူ အခုလိုအသိပညာပေးရေးသင်တန်းတွေကိုပါ စဉ်ဆက်မပြတ်သင်ကြားပေးနေပြီး တော်လှန်ရေးကာလအတွင်းမှာ ပြည်သူတွေနဲ့ တသားတည်းရပ်တည်ပြီး ကြိုးပမ်းအားထုတ်မှုတွေ စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ ဒီပဲယင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့၏ စိုက်ပျိုးရေး ဦးစီးဌာန မိုးစပါး ရာသီ ဆောင်ရွက်ရေး လုပ်ငန်းများ ပြုလုပ်


အောက်တိုဘာ ၂၄ 

Radio NUG


ဒီပဲယင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့၏ စိုက်ပျိုးရေး ဦးစီးဌာနမှ ၂၀၂၅ ခုနှစ် မိုးစပါး ရာသီတွင် မြို့နယ်အတွင်း ကျေးဇူးရှင် တောင်သူ ဦးကြီး များ၏ လယ်ယာ စိုက်ခင်းများတွင် ပိုးမွှား ရောဂါ ပြသနာများကို စိုက်ကွင်းထဲသို့ ရောက်ရှိ ဖြေရှင်း ပညာပေး ဆောင်ရွက်ရာတွင် တတ်နိုင်သမျှ ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။


ထို့ပြင် စပါး စိုက်ကွင်းများတွင် မျိုးကောင်း မျိုးသန့် မျိုးစေ့ များ ရရှိနိုင်ရန် အတွက် မျိုးသန့် စိုက်ပျိုးရေးကုမ္ပဏီများ၊ အကျိုးဆောင် တောင်သူ များ နှင့် ပူးပေါင်း စိုက်ပျိုး ထုတ်လုပ်ဆောင်ရွက်ရာတွင်လည်း လက်တွေ့ ဆောင်ရွက်နေကြောင်း သိရပါတယ်။


ပြီးခဲ့သော နွေစပါး ရာသီတွင်လည်း စစ်ရှောင် ပြည်သူများအတွက် ရိက္ခာ ထောက်ပံ့ မှုအချို့ကို အောင်မြင်စွာ ပြုလုပ် နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ မင်းတပ်မြို့နယ်တွင် တော်လှန်ရေးထောက်ပို့ပါဝင်သည့် မော်တော်ယာဉ်ပိုင်ရှင်များအား အခွန်ကင်းလွတ်ခွင့်နှင့် အသင်းဝင်ကဒ် ထုတ်ပေး


အောက်တိုဘာ ၂၄ 

Radio NUG


မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ၁၅ ရက်တာ တာဝန်ထမ်းဆောင်မှုအပါအဝင် တော်လှန်ရေးတွင် ထောက်ပို့ပါဝင်ခဲ့သည့် ဒေသခံ မော်တော်ယာဉ်ပိုင်ရှင်များအား မော်တော်ယာဉ်အသင်းဝင်ကဒ်များ ထုတ်ပေးခဲ့ကြောင်း အသိပေးထုတ်ပြန်ပါတယ်။


အသင်းဝင်ကဒ်ကိုင်ဆောင်ထားသူများသည် မင်းတပ်မြို့နယ်အတွင်းရှိ ဂိတ်များတွင် အခွန်အခများ ပေးဆောင်ရန်မလိုဘဲ လွတ်လပ်စွာ သွားလာခွင့်ရှိတယ်လို့ ဖော်ပြထားပါတယ်။


ထို့ပြင်၊ ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ဆွေးနွေးတိုင်ပင်မှုအရ အသင်းဝင်ကဒ်ကိုင်ဆောင်သူများအား ဆောမြို့နယ်အတွင်း ဂိတ်များတွင် ကောက်ခံသည့် ဒေသတွင်းကားခွန် (ကားလေး သိန်း၊ ကားကြီး ၁၀ သိန်း) မှ ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း၊ သို့သော် ကုန်စည်ခွန်များမှာ ဆက်လက်ပေးဆောင်ရမှာ ဖြစ်ကြောင်း ဆိုထားပါတယ်။


ဆောမြို့နယ်အတွင်း မော်တော်ယာဉ်အသင်းဝင်ကဒ် ပျက်စီး/ပျောက်ဆုံးသူများနှင့် ထောက်ခံချက်မရရှိသေးသည့် မော်တော်ယာဉ်ပိုင်ရှင်များအနေဖြင့် ဒေသတွင်းကားခွန်ကင်းလွတ်ခွင့်ရရှိရန် တော်လှန်ရေးတွင် ထောက်ပို့ပါဝင်ပြီးစီးကြောင်း ထောက်ခံချက်များကို မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရုံးတွင် လာရောက်ထုတ်ယူနိုင်တယ်လို့ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================


🚩🚩 ၁။စစ်ကိုင်းဆီသို့ရန်ပုံငွေရှာဖွေရေးအစီအစဉ်ကို တော်လှန်ပြည်သူများ အားဖြည့်ပေးရန် MOD တိုက်တွန်း


အောက်တိုဘာ ၂၄ 

Radio NUG 


စစ်ကိုင်းတိုင်းအတွင်းက ပြည်သူ့ကာကွယ်ရေး တပ်မတော်သားများ အထိအခိုက်၊ အကျအဆုံး နည်းစေဖို့စစ်ကိုင်းဆီသို့ရန်ပုံငွေရှာဖွေရေးအစီအစဉ်မှာ ပါဝင်ခြင်းဖြင့် တော်လှန်ပြည်သူများ အားဖြည့်ပေးကြရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ နှိုးဆော်ထားပါတယ်။


အကြမ်းဖက်စစ်တပ်ကို အထိနာအောင် တိုက်ခိုက်လျက်ရှိသည့် စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း တပ်ဖွဲ့များကို ကျည်ကာဦးထုပ်၊ ကျည်ကာပြားနှင့် ကျည်ကာဝတ်စုံများ ထောက်ပံ့ဖို့ ရည်ရွယ်၍စစ်ကိုင်းဆီသို့ရန်ပုံငွေရှာဖွေရေးအစီအစဉ်ကို လုပ်ဆောင်လျက်ရှိတယ်လို့ ဖော်ပြပါတယ်။


 စစ်ကိုင်းဆီသို့ရန်ပုံငွေရှာဖွေရေးအစီအစဉ်ကို အောက်တိုဘာလ ၂၄ရက်နေ့မှ နိုဝင်ဘာလ ၂၈ ရက်နေ့အထိ သတ်မှတ်ထားပြီး USD 150,000 ရရှိရန် ရည်မှန်းထားတယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ ဖယ်ခုံ၊ မိုးဗြဲနယ်တွင် တိုက်ပွဲများ ပြင်းထန်နေရာ PNO ပြည်သူ့စစ် ၅၀ ကျော် သေဆုံး


အောက်တိုဘာ ၂၄ 

Radio NUG 


ရှမ်းတောင်နှင့် ကရင်နီနယ်စပ်ရှိ ဖယ်ခုံမြို့နယ် အနောက်ဘက်နှင့် မိုးဗြဲနယ်အတွင်း တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီ၊ PNO ပြည်သူ့စစ်ပူးပေါင်းတပ်များအကြား ရက်ပိုင်းအတွင်း တိုက်ပွဲများ ပြင်းထန်ခဲ့ရာ တိုက်ပွဲများအတွင်း PNO ပြည်သူ့စစ်များ ၅၀ ကျော် သေဆုံးခဲ့ပြီး ဖမ်းဆီးရမိသူများလည်း ရှိနေကြောင်း TGI Support Revolution မှ ဖော်ပြထားပါတယ်။


အောက်တိုဘာလ တတိယပတ်အတွင်း ဖြစ်ပွားခဲ့သော ဖယ်ခုံမြို့နယ် တောင်စလုံး၊ မြောက်စလုံး ကျေးရွာတိုက်ပွဲများအတွင်း PNO ပြည်သူ့စစ်များ သေဆုံးခဲ့ရခြင်းမှာ မှန်ကန်ကြောင်း ပါဝင်တိုက်ခိုက်နေသည့် တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့မှ တာဝန်ရှိသူက အတည်ပြုထားတယ်လို့ သိရပါတယ်။


ထို့ပြင် မိုးဗြဲနယ် တိုက်ပွဲများအတွင်း ဖမ်းဆီးရမိသော စစ်သုံ့ပန်းများရှိခဲ့ပြီး KNDF PNDF-KK ရှမ်းတောင် ၁၀၀၆၊ ၁၀၀၇၊ ၁၀၀၉ IPDF တပ်ရင်းများနှင့် အခြားတပ်ရင်းများ ပူးပေါင်းပါဝင် တိုက်ခိုက်နေကြတယ်လို့ သိရပါတယ်။


အောက်တိုဘာ ၁၅ ရက်က ဖြစ်ပွားခဲ့သော တောင်စလုံး တိုက်ပွဲအတွင်း PNO ဖက်မှ အကြီးပိုင်းများနှင့် စစ်ကောင်စီ စစ်ကြောင်းမှူးတို့ သေဆုံးခဲ့ကြောင်း သိရပါတယ်။


မိုးဗြဲ ခမရ - ၄၂၂ တပ်တွင်း အစည်းအဝေးတွင်ရှိမှန်းသိတယ်၊ ပေါ့ဆလွန်းတယ်။ ဖွဲ့ လမ်းခွဲတက်ပါဆိုတာကို ခေါင်းမာပြီး တစ်လမ်းတည်းတက်သွားတာကို ဟိုက ရွာကထွက်ကတည်းက မြင်နေရပြီးသား၊ ပေါ့ဆလို့ခံရတာလို့ စစ်ကြောင်းမှူးများ အဆူခံရကြောင်း၊ အောင်ပန်း ခုတင် ၇၀၀ ဆေးရုံ၊ ကလောဆေးရုံနှင့် သင်္ချိုင်းများတွင် နာရေးများ ပြုလုပ်နေကြောင်း ဖော်ပြထားပါတယ်။


========================


🚩🚩 ၃။ CDF-Kanpetlet စစ်ဦးစီးချုပ်  မင်္ဂလာဆောင်ပွဲ လေကြောင်းတိုက်ခိုက်ခံရ အရပ်သားများ သေဆုံး ထိခိုက်မှု များပြား


အောက်တိုဘာ ၂၄ 

Radio NUG 


CDF-Kanpetlet စစ်ဦးစီးချုပ် ဆလိုင်းအောင်လိန်း၏ မင်္ဂလာဆောင်ပွဲကို စစ်ကောင်စီ လေကြောင်းတပ်က ဂျက်ဖိုက်တာ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားများ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၁၅ ဦးထက်မနည်း ရှိကြောင်း ဒေသခံ သတင်းရင်းမြစ်များမှ သိရှိရပါတယ်။


အောက်တိုဘာလ ၂၄ရက်နေ့ မနက်ပိုင်း နာရီ နာရီ ဝန်းကျင်တွင် ကန်ပက်လက် မြို့မရပ်ကွက် () ဆယ်မိုင်ကုန်းတွင် ကျင်းပဆဲ မင်္ဂလာဆောင်ပွဲကို စစ်ကောင်စီ လေကြောင်းတပ်က ပထမအကြိမ် ဗုံး လုံး၊ ဒုတိယအကြိမ် ဗုံး လုံး ဖြင့် ဆက်တိုက် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


ထိခိုက်သေဆုံးသူများတွင် အမျိုးသား ဦး နှင့် အမျိုးသမီး ဦး ပါဝင်ပြီး၊ ထိုအထဲတွင် NLD လွှတ်တော်အမတ်ဟောင်း ဦးစံခင်၏ သား ဦးခင်မောင်ရင်လည်း ပါဝင်ကြောင်း ချင်းသတင်း ဌာန VOC က ဖော်ပြထားပါတယ်။


ထိခိုက်ဒဏ်ရာရသူ ၁၅ ဦးထက်မနည်း ရှိပြီး၊ ထို့ထဲမှ ဒဏ်ရာပြင်းထန်သူ ဦး ပါဝင်ကာ ပျောက်ဆုံးသူများ ရှိနေသေးတယ်လို့ သိရပါတယ်။


သေဆုံးမှု အရေအတွက်သည် ထပ်မံ တိုးလာနိုင်ဖွယ်ရှိပြီး ထိုတိုက်ခိုက်မှုသည် စစ်ကောင်စီက ဖိတ်စာများကို စုံစမ်းပြီး ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်း ဖြစ်နိုင်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ ရေကြည်မြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂၄ ဦး သေဆုံး၊ ၂၀ ကျော် ဒဏ်ရာရ


အောက်တိုဘာ ၂၄ 

Radio NUG 


ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ စပြင်ရွာတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂၄ ဦး သေဆုံးပြီး ၂၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခမင်းသမီးမီဒီယာက ဖော်ပြထားပါတယ်။


အောက်တိုဘာ ၂၃ ရက် မနက်ပိုင်းတွင် စစ်ကောင်စီ၏ ဂျက်ဖိုက်တာလေယာဉ် စီးဖြင့် စပြင်ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပေါင် ၅၀၀ ဗုံး လုံး၊ ပေါင် ၂၅၀ ဗုံး လုံး၊ စုစုပေါင်း ဗုံး လုံးကို အသုံးပြုခဲ့တယ်လို့ သိရပါတယ်။


တိုက်ခိုက်မှုကြောင့် အမျိုးသား ၂၀ ဦးနှင့် အမျိုးသမီး ဦး သေဆုံးခဲ့ပြီး၊ ဒဏ်ရာရသူ ၂၀ ဦးကျော်တွင် အမျိုးသား ၁၇ ဦးနှင့် အမျိုးသမီး ဦး ပါဝင်တယ်လို့ သိရပါတယ်။


သေဆုံးသူများနှင့် ဒဏ်ရာရသူများထဲတွင် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ ပါဝင်နေသည့်အပြင် လူနေအိမ် ၁၇ လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ ဆားလင်းကြီးမြို့နယ်တွင်း စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ဒေသခံပြည်သူ တစ်သောင်းဝန်းကျင်စစ်ရှောင်နေရ


အောက်တိုဘာ ၂၄ 

Radio NUG 


အောက်တိုဘာလ (၁၈) ရက် မနက်ခင်းပိုင်းမှစတင်၍ ဆားလင်းကြီးမြို့နယ်အတွင်း ဝင်ရောက်ခဲ့သော စစ်ကြောင်းကြောင့် ဒေသခံပြည်သူအများအပြား စစ်ဘေးရှောင်တိမ်းခဲ့ကြရကြောင်း စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်မှ အသိပေးထုတ်ပြန်ပါတယ်။


ယနေ့အချိန်ထိလည်း ဝမ်ပေါင် ယန်စီ စီမံကိန်းဝန်းကျင်ကျေးရွာများကို စစ်ကောင်စီတပ်မှ ဖြန့်ကျက်စစ်ကြောင်းထိုးမှုများ ဆက်တိုက်ဆောင်ရွက်လျက်ရှိရာ အဆိုပါ ဝမ်ပေါင် ယန်စီ စီမံကိန်းဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ (,၀၀၀) ဝန်းကျင်ခန့် ထပ်မံစစ်ရှောင်နေကြရပြီး ယနေ့အချိန်ထိဆိုလျှင် ဆားလင်းကြီးမြို့နယ်အတွင်း ယာယီစစ်ရှောင်အရေအတွက် (၁၀,၀၀၀) ဝန်းကျင်ခန့်ရှိသွားပြီဖြစ်ကြောင်း ဖော်ပြထားပါတယ်။


"အရင်ရက်က စစ်ကြောင်းကြောင့်ရယ်၊ ဒီရက်ပိုင်း စစ်ကြောင်းကြောင့်ရယ် ဒေသခံပြည်သူတစ်သောင်းဝန်းကျင် စစ်ရှောင်နေရပါတယ်။ ဒီ့အတွက် အရေးပေါ်စားနပ်ရိက္ခာ‌တွေ လိုအပ်ချက်ရှိနေပါတယ်။ ပြီးတော့ ကျနော်တို့နယ်မှာကျတော့ မီးရှို့ခံထားရလို့ ရွေ့ပြောင်းနေကြရတဲ့ ရေရှည်စစ်ရှောင်တွေလည်းရှိနေတယ်။ ရေရှည်စစ်ရှောင်တွေအတွက်လည်း စနစ်ကျပြီး ထိရောက်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအစီအမံတွေ လိုအပ်နေပါတယ်" လို့ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်ရဲ့ ဆားလင်းကြီးမြို့နယ်တာဝန်ခံမှ ပြောကြားခဲ့ပါတယ်။


ထို့အပြင် စစ်ကောင်စီအထိုင်စခန်းများမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ ပါရာမော်တာများ၊ လေယာဉ်များ၊ Gyrocopter များဖြင့် လေကြောင်းတိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း၊ ဆားလင်းကြီးမြို့နယ်ဒေသခံများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးလိုပါက စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်သို့ ချိတ်ဆက်ဆောင်ရွက်နိုင်ပါကြောင်း အသိပေးထားပါတယ်။


========================


🚩🚩 ၆။ အောက်တိုဘာလ ဒုတိယပတ်အတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၇ ဦး အလင်းဝင်နှင့် လက်နက်ချ


အောက်တိုဘာ ၂၄ 

Radio NUG 


 ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်အတွင်း ( အောက်တိုဘာ မှ ၁၄ အောက်တိုဘာ) နိုင်ငံတဝန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်များအနက် စစ်သား ၁၁ ဦး၊ ပြည်သူ့စစ် ဦး စုစုပေါင်း ၁၇ ဦး အလင်းဝင်ပူးပေါင်းခြင်းနှင့် လက်နက်ချ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံခဲ့ရကြောင်း ပြည်သူ့ပန်းတိုင်မှ သတင်းထုတ်ပြန်ပါတယ်။


အလင်းဝင်ပူးပေါင်းသူများ စုစုပေါင်း ၁၃ ဦးရှိခဲ့ပြီး တနင်္သာရီတိုင်းမှ ဦး၊ ကရင်နီပြည်နယ်မှ ဦး၊ စစ်ကိုင်းတိုင်းမှ ဦး စုစုပေါင်း စစ်သား ၁၀ဦးရှိကာ  အလင်းဝင်သူ စစ်သား ၁၀ ဦးစလုံးမှာ စစ်မှုထမ်းဥပဒေဖြင့် စုဆောင်းခံရသည့် တပ်သားသစ်များ ဖြစ်တယ်လို့ သိရပါတယ်။


ထို့အပြင် စစ်ကိုင်းတိုင်းမှ ပြည်သူ့စစ် ဦး အလင်းဝင်ခဲ့ပြီး ကချင်ပြည်နယ်မှ စစ်သား ဦးနှင့် ကရင်ပြည်နယ်မှ ပြည်သူ့စစ် ဦး စုစုပေါင်း ၄ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ပြည်သူ့ပန်းတိုင်၏ ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလ ဒုတိယပတ်အထိ အလင်းဝင်ပူးပေါင်းသူများနှင့် လက်နက်ချ စစ်သုံ့ပန်းများ စုစုပေါင်း ,၁၉၃ ဦးအထိ ရှိခဲ့ပါတယ်။


========================


🚩🚩 ၇။ အသက်ပေးလှူသွားတဲ့ ရဲဘော်များနှင့် ကိုယ်လက်အင်္ဂါပေးလှူခဲ့ကြတဲ့ ရဲဘော်များ၏ မိသားစုဝင်များကို ဒုတိယအကြိမ်မြောက် သွားရောက် အလေးပြုခြင်းနှင့် ဂါရဝပြုကန်တော့ခဲ့


အောက်တိုဘာ ၂၄ 

Radio NUG 


ဂန့်ဂေါခရိုင်တပ်ရင်း ()ရဲဘော်များမှ ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွင်း မြင့်မြတ်စွာ အသက်ပေးလှူသွားကြသော ရဲဘော်များ၏ မိသားစုဝင်များနှင့် ကိုယ်လက်အင်္ဂါ ပေးလှူခဲ့ကြသော ရဲဘော်များ၏ မိသားစုဝင်များကို ဒုတိယအကြိမ်မြောက် သွားရောက် အလေးပြုခြင်းနှင့် ဂါရဝပြုကန်တော့ခြင်း ပြုလုပ်ခဲ့ကြောင်း အောက်တိုဘာလ ၂၄ရက်နေ့တွင် သတင်းထုတ်ပြန်ပါတယ်။


အသက်ပေးလှူသွားကြသော ရဲဘော်များ၏ မိသားစုဝင်များနှင့် ကိုယ်လက်အင်္ဂါ ပေးလှူခဲ့ကြသော ရဲဘော်များ၏ မိသားစုဝင်များမှလည်း တော်လှန်ရေးအတွက် သြဝါဒစကားပြောကြားခြင်း၊ ကျဆုံးခဲ့ရသော ရဲဘော်များ၏ အမှတ်တရပုံရိပ်များနှင့် အမြဲသတိရဂုဏ်ယူနေရကြောင်းများကို နွေးထွေးစွာ ပြောကြားခဲ့ပြီး လာရောက်ဂါရဝပြု ကန်တော့လာကြသော ရဲဘော်များကို တတ်နိုင်သမျှအာဟာရအစားအစာများကို သားရင်းတမျှ တည်ခင်းကျွေးမွေးကြတယ်လို့ ဖော်ပြထားပါတယ်။


ဂန့်ဂေါခရိုင်တပ်ရင်း()ရဲဘော်များမှ မြင့်မြတ်စွာ အသက်ပေးလှူသွားကြသော အာဇာနည် ရဲဘော်များ၏ ဂူဗိဗ္မာန်သို့ သွားရောက်ခဲ့ပြီး ရဲဘော်များ၏ ပေးဆပ်ခဲ့မှု၊ တာဝန်ကျေပွန်မှုများကို အစဥ်အမြဲ အောင့်မေ့သတိရခြင်းအားဖြင့် ဂုဏ်ပြု အလေးပြုခဲ့ပြီး ရဲဘော်တို့၏ မျှော်လင့်ချက်ဖြစ်သော စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ကျဆုံးသည်အထိ  ကျန်ရှိသော ရဲဘော်များမှ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာ ပြုခဲ့တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာဖြစ်ပါတယ်။








#RadioNUGLocalNews

#SpringRevolution




Share:

No comments:

Post a Comment