၁၉ - ၉ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )
မင်္ဂလာပါရှင်/ခင်ဗျာ အခုချိန်ကစပြီး m.CDM ရဲ့ ပြည်တွင်းသတင်းများကို ဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီကနေ့မှာတင်ပြပေးမယ့်သတင်းတွေကတော့
၁။ကလေးမှာ စစ်ကြောရေးအတွင်း ရရှိခဲ့တဲ့ ဒဏ်ရာဖြင့် နိုင်ံရေးအကျဉ်းသားဟောင်း တစ်ဦး ကွယ်လွန်၊ဖရူဆိုမှာ စစ်အုပ်စုရဲ့ အသေခံဒရုန်း တိုက်ခိုက်မှုကြောင့် KNDF တပ်ခွဲမှူး အပါအဝင် ရဲဘော် ၅ ဦး ကျဆုံး၊
၂။ခေါင်လန်ဖူးမြို့နယ်က နယ်ခြားမှတ်တိုင် ၃၀ ဗျူဟာစခန်းကို KIA သိမ်းပိုက်၊ ဖာပွန်ခရိုင်မှာ လဝက်အတွင်း စစ်ကော်မရှင် တပ်ဖွဲ့ဝင် ၂၂ ဦး သေဆုံး၊စစ်တွေနဲ့ ပုဏ္ဏားကျွန်းက စခန်းတွေကို လက်လွှတ်ရပြီးနောက် စစ်ကော်မရှင် ဗုံးပတ်ကြဲနေ၊
၃။ပတ်စ်ပို့ သက်တမ်းကုန်နေတဲ့ ဂျပန်ရောက် မြန်မာအလုပ်သမားတွေ အနေနဲ့ Tokutei Gino စာမေးပွဲ ဖြေခွင့်ရဖို့ NUG ကိုယ်စားလှယ်ရုံး အောင်မြင်စွာ ညှိနှိုင်းပေးနိုင်ခဲ့
၄။အကြမ်းဖက်စစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းမှုကို ဆန့်ကျင်တိုက်ဖျက်ကြဖို့ NUG တိုက်တွန်းစတဲ့ သတင်းအပါအဝင် တခြား သတင်းအကြောင်းအရာတွေကိုပါ တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။
အခုပထမဆုံးအနေနဲ့

========================
m.CDM စက်တင်ဘာ ၁၈ ရက်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့က စစ်ကြောရေးမှာ ပြင်းပြင်းထန်ထန် ရိုက်နှက်ခံခဲ့ရတဲ့ ဒဏ်ရာတွေကြောင့် အကျိတ်- ကင်ဆာ ခံစားနေရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦး ရန်ကုန်မြို့မှာ ဆေးကုသမှုခံယူနေရင်း သေဆုံးသွား ခဲ့တယ်လို့ သိရပါတယ်။
အသက် ၃၂ နှစ်အရွယ်၊ ဗန်ကျဲအိုထောင်း ဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တာကြောင့် ဖမ်းဆီးခံရပြီး၊ စစ်ကြောရေးမှာ အတွင်းဒဏ်ရာတွေ ရခဲ့ပေမယ့် ကလေးထောင်ထဲမှာ ဆေးကုသခွင့် မရခဲ့ဘူးလို့ ဆိုပါတယ်။
၎င်းဟာ ပြီးခဲ့တဲ့ ၂၀၂၅၊ ဒီဇင်ဘာလ ၁ ရက်နေ့က ပြန်လည် လွတ်မြောက်ခဲ့ပြီးနောက် ရန်ကုန်မြို့မှာ ဆေးကုသမှု ခံယူခဲ့ရကာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်နေ့က ကင်ဆာရောဂါကျွမ်းပြီး သေဆုံးသွားခဲ့တယ်လို့ သိရှိရပါတယ်။
ထို့အပြင် ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးမှာ အကြမ်းဖက် စစ်ကော်မရှင်တပ်ရဲ့ အသေခံဒရုန်း တိုက်ခိုက်မှုကြောင့် တပ်ခွဲမှူး တစ်ဦး အပါအဝင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲဘော် ၅ ဦး ကျဆုံးခဲ့ရပါတယ်။
ဒီဖြစ်စဉ်ဟာ စက်တင်ဘာလ ၁၇ ရက်နေ့ (မနေ့က) နေ့လယ်ပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး KNDF တပ်ရင်း (၁၀) အတွက်တော့ ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုဖြစ်တယ်လို့ ရဲဘော်တစ်ဦးက ဆိုပါတယ်။
ကရင်နီ ပြည်နယ်မှာ ယခု စက်တင်ဘာလအတွင်း အကြမ်းဖက် စစ်တပ်ရဲ့ လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုများလာပြီး ဒီးမော့ဆိုမြို့ အနောက်ခြမ်းက မိဘမဲ့ကျောင်း ဗုံးကြဲခံရမှု အပါအဝင် ကလေးငယ်တွေနဲ့ အရပ်သား ၂၀ ကျော်လောက် ထိခိုက်သေဆုံးထားတယ်လို့ သိရပါတယ်။
မြေပြင်တိုက်ပွဲတွေမှာ ရှေ့မတိုးနိုင်ဘဲ အထိနာနေတဲ့ အကြမ်းဖက် စစ်တပ်ဟာ ရှမ်း-ကရင်နီ နယ်စပ်နေရာတွေနဲ့ ဒီးမော့ဆို၊ လွိုင်ကော်မြို့နယ်တွေကို ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ နေ့စဉ်ရက်ဆက် အကြမ်းဖက် တိုက်ခိုက်နေ တာလည်း ဖြစ်ပါတယ်။
-----------------------

======================
m.CDM စက်တင်ဘာ ၁၈ ရက်။
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ အကြမ်းဖက် စစ်ကော်ရှင်ရဲ့ နယ်ခြားမှတ်တိုင် အမှတ် (၃၀) ဗျူဟာစခန်း ကို စက်တင်ဘာလ ၁၈ ရက်၊ မွန်းလွဲပိုင်းမှာ KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ပါတယ်။
အဆိုပါ စခန်းဟာ ရဟတ်ယာဉ်ကွင်းပါရှိတဲ့ စခန်းကြီးတစ်ခုဖြစ်ပြီး၊ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေ ရှိသလို လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ကရင်နီပြည်နယ်၊ ဖာပွန်ခရိုင်မှာလည်း စက်တင်ဘာလ ၁ ရက်နေ့ ကနေ ၁၅ ရက်နေ့ အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ ၄၇ ကြိမ်အတွင်း စစ်အုပ်စုဘက်က ဗိုလ်ကြီး ၂ ဦး အပါအဝင် ၂၂ ဦး သေဆုံးပြီး၊ ၂၀ ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
စစ်ကော်မရှင်တပ်ဟာ ဖာပွန်ခရိုင်အတွင်း စခန်းအများအပြားကို လက်လွှတ်ထားရတာကြောင့် အင်အားဖြည့်ပြီး စစ်ကြောင်းထိုးနေသလို လက်နက်ကြီးနဲ့ လေကြောင်းကနေ တိုက်ခိုက်မှုတွေ အများအပြား ပြုလုပ်ခဲ့တာကြောင့် ပြည်သူ့ နေအိမ်တွေနဲ့ အဆောက်အအုံတွေ ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
အလားတူ ရခိုင်ပြည်နယ်မှာလည်း စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ် အစပ်က ကာကင်း စခန်းတွေနဲ့ ခြေကုတ်နေရာ တွေကို လက်လွှတ်လိုက်ရတဲ့ စစ်ကော်မရှင်တပ်ဟာ မြို့နယ် (၄) ခုကို လေယာဉ်တွေနဲ့ ပတ်ပြီး ဗုံးကြဲနေတယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၁၈ ရက်၊ မနက်ပိုင်းကနေ နေ့လယ်ပိုင်းအထိ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော နဲ့ သံတွဲမြို့နယ် တွေက ကျေးရွာတွေကို လေယာဉ် ၇ စီးခန့်ဖြင့် ဗုံးအလုံးရေ ဆယ်နဲ့ချီ ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ စစ်တွေမြို့နယ် အမြင့်ကျွန်း၊ ကံ့ကော်ကျွန်းနဲ့ ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ရွာ အနီးပတ်ဝန်းကျင်ဒေသ တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး၊ နှစ်ပတ်တာ ကာလအတွင်း စစ်ကော်မရှင်တပ်ဘက်က ရာနဲ့ချီ သေဆုံးခဲ့ကာ အထိနာနေတယ်လို့ သိရပါတယ်။
---------------------------
၃။ပေါင်းတည်မြို့နယ်က အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို ရှော့တိုက်ဗုံး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်
=====================
m.CDM၊ စက်တင်ဘာ ၁၈
ပဲခူးတိုင်း ပြည်ခရိုင် ပေါင်းတည်မြို့နယ်ကအကြမ်းဖက်စစ်တပ် အထိုင်စခန်းကို ရှော့တိုက်ဗုံး ၅ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာမှာ ရန်သူတဦး ဒဏ်ရာရသွားတယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PPDF ၃၆၀၁ တပ်ရင်းက စက်တင်ဘာ ၁၈ မှာ ထုတ်ပြန်လာပါတယ်။
စက်တင်ဘာ ၁၂ ရက်နေ့က အကြမ်းဖက်စစ်တပ်လက်ပါးစေ ဒေါက်တိုင်တွေကို ဝင်ရောက်ရှင်းလင်းတာနဲ့ ပန်းသင်းပင်ပျူစောထီးရွာက အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို တိုက်ခိုက်ခဲ့တာကို အသိပေးထုတ်ပြန် လာတာြဖစ်ပါတယ်။
ပေါင်းတည်မြို့နယ် ကြာနီကန်ကွက်သစ်က စစ်မှုထမ်းဟောင်း အကြမ်းဖက်စစ်တပ် သတင်းပေး အေးနိုင် ဆိုသူကို စက်တင်ဘာ ၁၂ ရက် မနက် ၁၁ နာရီမှာ ဝင်ရောက်ရှင်းလင်းခဲ့ရာမှာ ကြာနီကန်ရဲစခန်းမှာရှိတဲ့ အကြမ်းဖက်စစ်အုပ်စုက အချိန်မီခေါ်ထုတ်သွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနေ့ ည ၁၁ နာရီအချိန်မှာလည်း ကြာနီကန်ကွက်သစ်က အကြမ်းဖက်စစ်သားတွေ အထိုင်ချ စားသောက် နေတဲ့ မသင်းအမည်ရှိသူရဲ့ အိမ်ကို ဝင်ရောက်စီးနင်းခဲ့ရာမှာလည်း ထွက်ပြေးတိမ်းရှောင်သွားတဲ့အတွက် ထန်းတပင်အုပ်စု ပန်းသင်းပင် ပျူစောထီးရွာက အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို ရှော့တိုက်ဗုံး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို အသိပေးပါတယ်။
အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို ရှော့တိုက်ဗုံးနဲ့တိုက်ခိုက်ရာမှာတော့ စစ်အုပ်စုဘက်က တဦး ဒဏ်ရာရ သွားတယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုတွေကို ဗျူဟာ ၂၁ က ဦးဆောင်ကွပ်ကဲပြီး ၃၆၀၁ တပ်ရင်း တပ်ခွဲပေါင်းစုံက ရဲဘော်တွေနဲ့ ပြည်ခရိုင် ပကဖ အထူးတိုက်ခိုက်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
ပြည်သူလူထုအနေနဲ့ အကြမ်းဖက်စစ်အုပ်စု အထိုင်စခန်းတွေ၊ ပျူစောထီးစခန်းတွေနဲ့နီးစပ်တဲ့ နေရာတွေမှာ နေထိုင်တာ သွားလာလာတွေ မလုပ်ကြဖို့ ကြိုတင်အသိပေးထားပြီးဖြစ်တဲ့အတွက် အထိအခိုက်တစုံတရာ ဖြစ်ပေါ်လာရင် ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ တာဝန်ယူဖြေရှင်းသွားမှာမဟုတ်ဘူးလို့ PPDF-၃၆၀၁ တပ်ရင်းက အသိပေးထုတ်ပြန်ထားပါတယ်။
————————————
၄။မတ္တရာ၊ မြိုင်နဲ့ ပွင့်ဖြူမှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၁ ဦး သေဆုံး၊
=====================
m.CDM စက်တင်ဘာ ၁၈ ရက်။
မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အနောက်ခြမ်းမှာ အကြမ်းဖက် စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ ပြည်သူတစ်ဦး သေဆုံးပြီး သံဃာတော်တစ်ပါး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၁၇ ရက်၊ ည ၈ နာရီခန့်က ဥဒိန်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်က ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းကို တိုက်ခိုက်ရေးဒရုန်းနဲ့ ဗုံးသီး ၃ လုံး ကျဲချခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ ဗုံးကြဲချခဲ့တာဖြစ်ပြီး၊ ကျောင်းမှာနေထိုင်တဲ့ ကပ္ပိယ ဦးထွန်းဝေ ပွဲချင်းပြီး သေဆုံးခဲ့ရသလို သံဃာတော် ၁ ပါးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ် အစပ်က ရေနံမြေ ဒေသတွေကိုလည်း ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်နေ့မှာ စစ်ကော်မရှင်တပ်က Gyrocopter တွေနဲ့ ၄ ကြိမ် ထပ်မနည်း ဗုံးကြဲချခဲ့တာကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။
ထို့အပြင် မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်ထဲက မုန်းဇလဲ ကျေးရွာကိုလည်း စက်တင်ဘာလ ၁၇ ရက်နေ့မှာ အကြမ်း- ဖက် စစ်တပ်က အသေခံဒရုန်းတွေနဲ့ လာရောက် ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။
၎င်းတိုက်ခိုက်မှုအတွင်း ရွာအစပ်ကို ဗုံးသီးကျရောက် ပေါက်ကွဲခဲ့တာကြောင့် လူထိခိုက်မှု မရှိခဲ့ပေမယ့် နေအိမ် ၁ လုံး မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
အလားတူ ပွင့်ဖြူမြို့နယ် အတွင်းက အခြားကျေးရွာများကိုလည်း စစ်ကော်မရှင်တပ်က ဒရုန်းအသုံးပြုပြီး ဗုံးကြဲ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့သေးတယ်လို့ သိရှိရပါတယ်။
-------------------------
၅။ကချင်ပြည်ဘက်က ပြန်ဆင်းလာတဲ့ စစ်တပ်ရေယာဥ်အုပ် စစ်ကိုင်းတိုင်းအဝင်မှာ တိုက်ခိုက်ခံရပြီး တစီးနစ်မြုပ်
======================
m.CDM၊ စက်တင်ဘာ ၁၈
ကချင်ပြည်နယ် ရွှေကူနဲ့ဗန်းမော်ကြားက ဧရာဝတီမြစ်ကြောင်းတိုက်ပွဲမှာ ထိခိုက်ဆုံးရှုံးမှုများခဲ့တဲ့ စစ်တပ်ရေယာဥ်အုပ် မန္တလေးဘက် ပြန်ပြီးစုန်ဆင်းလာချိန် စစ်ကိုင်းတိုင်းအဝင်မှာ တိုက်ခိုက်ခံရပြီး တစီးနစ်မြုပ်သွားတယ်လို့ ဒေသစစ်ရေး သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ စက်တင်ဘာ ၁၇ ရက်က ရွှေကူမြို့မှာရှိတဲ့ အရပ်သားသင်္ဘောတွေကိုသုံးပြီး မန္တလေး ဘက်ပြန်လည်စုန်ဆင်းခဲ့ရာမှာ စစ်ကိုင်းတိုင်းအဝင် ကသာမြို့နယ် မိုးတားလေးဒေသမှာ တိုက်ခိုက်ခံရပြီး သင်္ဘော တစင်း ထိခိုက်နစ်မြုပ်သွားတာလို့ ဆိုပါတယ်။
ကချင်ပြည်နယ်ဘက်မှာ စစ်ရှုံးပြီး ပြန်လည်စုန်ဆင်းသွားတဲ့ သင်္ဘောအုပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် - KIA နဲ့ ပူးပေါင်းတပ်တွေက စက်တင်ဘာ ၁၇ ရက်ညနေပိုင်းမှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး လူတွေပါတဲ့သင်္ဘော နစ်မြုပ်သွားတာ လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တယောက်က အသိပေးပါတယ်။
အာဏာသိမ်းအကြမ်းဖက်စစ်တပ်ဟာ ဩဂုတ်လကုန်ပိုင်းနဲ့ စက်တင်ဘာလဆန်းပိုင်းမှာ ကချင်ပြည်နယ်မှာစစ်အင်အား ဖြည့်တင်းဖို့ သင်္ဘောတွေနဲ့ အသုတ်လိုက်ဆန်တက်ခဲ့တာကို KIA နဲ့ပူးပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် ကသာနဲ့ ရွှေကူကြားမှာ သင်္ဘောတစင်းနစ်မြုပ်ခဲ့သလို ရွှေကူနဲ့ ဗန်းမော်ကြားမှာ သင်္ဘော အစင်း ၂၀ ခန့် နစ်မြုပ်ခဲ့တယ် လို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA သတင်းပြန်ကြားရေးဌာနကလည်း ထုတ်ဖော်ပြောဆိုထားပါတယ်။
အခုလို ထိခိုက်ပျက်စီးမှုများခဲ့တဲ့ စစ်တပ်ဟာ စက်တင်ဘာ ၁၇ ရက် နေ့လည်ပိုင်းမှာ ကချင်ပြည်နယ်ကနေ မန္တလေး ဘက်ကို သင်္ဘော ၁၉ စင်းနဲ့ ပြန်လည်စုန်ဆင်းသွားခဲ့ရာမှာ ရွှေကူမြို့က အရပ်သားတွေပိုင်တဲ့ သင်္ဘောတွေကို အသုံးပြု သွားတာလို့ သိရပါတယ်။
—————————————
၆။ရေစကြို-ပခုက္ကူလမ်းပိုင်းမှာ စစ်တပ်က မြေမြုပ်နင်းမိုင်းတွေ ထောင်ထား
==================
m.CDM၊ စက်တင်ဘာ ၁၈
မကွေးတိုင်း ရေစကြိုမြို့နယ်ထဲက ရေစကြို-ပခုက္ကူလမ်းပိုင်းမှာ စစ်တပ်က မြေမြုပ်နင်းမိုင်းတွေ ထောင်ထားတယ်လို့ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖက စက်တင်ဘာ ၁၈ မှာ သတိပေး ထုတ်ပြန်လာပါတယ်။
ရေစကြိုမြို့နယ် ဆင်ချောင်းရွာမှာရှိတဲ့ စစ်တပ်က ရေစကြို-ပခုက္ကူလမ်းပိုင်း ၁၂မိုင်နဲ့ ဆင်ချောင်းရွာ လမ်းဘေးမှာ မြေမြုပ် နင်းမိုင်းတွေ ထောင်ထားတာလို့ ဆိုပါတယ်။
လက်ရှိမှာ မြေမြုပ် နင်းမိုင်း ၄ လုံးလောက် တွေ့ထားတဲ့အတွက် ရှာဖွေမှုတွေဆက်လုပ်နေတယ်လို့ ရေစကြို ပကဖ တာ၀န်ရှိသူတွေက အသိပေးပါတယ်။
ဒါ့ကြောင့် ခရီးသွားပြည်သူတွေအနေနဲ့ ရေစကြို-ပခုက္ကူလမ်းပိုင်းက ကားလမ်းဘေးတဖက်တချက်ကို အထူးဂရုစိုက်ကြဖို့လည်း နှိုးဆော်ထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံဟာ မြေမြှုပ်မိုင်းကြောင့် လူသေဆုံးသူစံချိန်သစ်တင်ထားတဲ့ ကမ္ဘာ့ ထိပ်ဆုံးနိုင်ငံ ဖြစ်နေတယ်လို့ သိရပါတယ်။
ရေစကြိုမြို့နယ်ဟာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုဒဏ်ကို မကြာခဏခံနေရတဲ့အတွက် ဒေသနေ ပြည်သူတွေအနေနဲ့ သတိပြုနေထိုင်ကြဖို့လည်း တော်လှန်ရေးတပ်တွေက တိုက်တွန်းထားပါတယ်။
————————————
၇။လက်နက်နဲ့တကွ အလင်းဝင်လာတဲ့ ဖောင်းပြင်အခြေစိုက် ရှမ်းနီတပ်သားကို မော်လိုက်ခရိုင် အမှတ် - ၃ တပ်ရင်း ကျပ်သိန်း ၅၀ ချီးမြှင့်
=====================
m.CDM၊ စက်တင်ဘာ ၁၈
စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့နယ်မှာ အခြေစိုက်တဲ့ အကြမ်းဖက်စစ်တပ် လက်အောက်ခံ SNA ရှမ်းနီတပ်က တပ်သားတဦး လက်နက်နဲ့အတူ အလင်းဝင်လာတဲ့အတွက် ငွေကျပ် သိန်း ၅၀ ချီးမြှင့်ပေးခဲ့တယ်လို့ မော်လိုက်ခရိုင် အမှတ် - ၃ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
ဖောင်းပြင်မြို့ နယ်မှာ အခြေစိုက်ထားတဲ့ SNA တပ် တပ်မဟာ ၇၅၃ က တပ်သားဝေလျံဇော်ဟာ လက်နက် ငယ်တလက် ယူဆောင်လာပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၁ စစ်ဒေသ မော်လိုက်ခရိုင် အမှတ် ၃ တပ်ရင်းကို အလင်းဝင်ပူးပေါင်းလာခဲ့တာြဖစ်ပါတယ်။
အဲဒီရဲဘော်ဟာ အလင်းဝင်နိုင်ဖို့အတွက် ရေကြီးနေတဲ့ချောင်းကို အရဲစွန့်ဖြတ်ကူးလာခဲ့တာဖြစ်ပြီး PDF ထံ ဘက်ပြောင်းခိုလှုံလိုက်တာနဲ့ တပြိုင်တည်းမှာပဲ ဖောင်းပြင်မြို့နယ် ပိုးစာကုန်းရွာမှာရှိတဲ့ သူ့ရဲ့အိမ်ကို အကြမ်းဖက် စစ်အုပ်စုက ချိတ်ပိတ်သိမ်းဆည်းလိုက်တယ်လို့ သိရပါတယ်။
SNA တပ်ဟာ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရေးကွပ်ကဲမှုခံယူထားရတယ်လို့ အလင်းဝင်လာသူက မော်လိုက် ခရိုင် အမှတ် ၃ တပ်ရင်းကိုအသိပေးထားပြီး SNA တပ်ကိုလည်း စစ်ရေးလှုပ်ရှားမှု၊ နယ်မြေအုပ်ချုပ်ခွင့်ရရှိမှု တွေမှာ ကန့်သတ်တာတွေ လုပ်ထားတယ်လို့လည်း အလင်းဝင်သူက ပြောထားပါတယ်။
အဲဒီ အလင်းဝင်လာသူက မိဘတွေနဲ့အတူ နေထိုင်လိုတယ်လို့ တောင်းဆိုလာတဲ့အတွက် ကာယကံရှင်ရဲ့ ဆန္ဒ အတိုင်း မိဘတွေထံ ပို့ဆောင်ပေးခဲ့တယ်လို့ မော်လိုက်ခရိုင် အမှတ် ၃ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
————————————
၈။ပတ်စ်ပို့ သက်တမ်းကုန်နေတဲ့ ဂျပန်ရောက် မြန်မာအလုပ်သမားတွေ အနေနဲ့ Tokutei Gino စာမေးပွဲ ဖြေခွင့်ရဖို့ NUG ကိုယ်စားလှယ်ရုံး အောင်မြင်စွာ ညှိနှိုင်းပေးနိုင်ခဲ့
=====================
m.CDM စက်တင်ဘာ ၁၈ ရက်။
ဂျပန်နိုင်ငံမှာ Passport သက်တမ်းမတိုးဘဲ နေထိုင်နေကြတဲ့ မြန်မာ အလုပ်သမားတွေ၊ အလုပ်သင်တွေ အနေနဲ့ ‘Tokutei Gino စာမေးပွဲ’ ဖြေဆိုခွင့်ရဖို့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို NUG ဂျပန်နိုင်ငံကိုယ်စားလှယ်ရုံးက အောင်မြင်စွာ ညှိနှိုင်းပေးနိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။
လာမယ့် ၂၀၂၆ ခုနှစ် ဧပြီလကစပြီး ဒီစာမေးပွဲဖြေဖို့ Prometric အကောင့်ဖွင့်ရာမှာ ပတ်စ်ပို့ အချက်အလက်တွေ မဖြစ်မနေ မှတ်ပုံတင်ရမယ့် စနစ်သစ်ကို ပြောင်းလဲကျင့်သုံးလာတာ ဖြစ်ပါတယ်။
အခုလို စနစ်ပြောင်းသွားတဲ့အတွက် စစ်ကော်မရှင် လက်အောက်မှာ ပတ်စ်ပို့သက်တမ်း ပြန်မတိုးဘဲ ဆန့်ကျင်နေ ခဲ့ကြတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ စာမေးပွဲ ဖြေဆိုဖို့ အခက်အခဲ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
အဆိုပါ အခက်အခဲတွေပြေလည်ဖို့ NUG ဂျပန်ကိုယ်စားလှယ်ရုံးဟာ ဂျပန်လွှတ်တော်အမတ်တွေ၊ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ တွေ့ဆုံညှိနှိုင်းခဲ့ကြပြီး ဖြေလျှော့မှုတွေ ရရှိလာတယ်လို့ ဆိုပါတယ်။
ထို့ကြောင့် ပတ်စပို့သက်တမ်း ကုန်ဆုံးနေသူတွေ အနေနဲ့ ကိုယ်ပိုင် အကောင့်ဖွင့်တာ၊ စာမေးပွဲ လျှောက်ထားတာ တွေကို လုပ်ဆောင်နိုင်မှာဖြစ်ပြီး၊ မိမိရဲ့အခြေအနေကို သက်ဆိုင်ရာ စာမေးပွဲဌာနဆီ ကြိုတင်ရှင်းပြပြီး လုပ်ဆော င်ကြဖို့ အထူး အကြံပြုထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုကို ဆန့်ကျင်တဲ့အနေနဲ့ ပတ်စ်ပို့ သက်တမ်းမတိုးဘဲ တောင့်ခံနေကြတဲ့ ဂျပန်ရောက် မြန်မာ ပြည်သူတွေအတွက် အခုသတင်းဟာ အားဆေးတစ်ခွက် ဖြစ်စေမယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။
ဂျပန်နိုင်ငံရောက် မြန်မာအလုပ်သင်များနဲ့ အလုပ်သမားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ရေး၊ အခွင့်အရေးတွေကို ကာကွယ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဂျပန်အဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ် များနဲ့ ဆက်လက်ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားမယ်လို့ အသိပေးထားပါတယ်။
----------------------
၉။အကြမ်းဖက်စစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းမှုကို ဆန့်ကျင်တိုက်ဖျက်ကြဖို့ NUG တိုက်တွန်း
====================
m.CDM စက်တင်ဘာ ၁၈ ရက်။
အကြမ်းဖက်စစ်တပ်ရဲ့ အဓမ္မ စစ်သားစုဆောင်းမှုကို ပြည်သူတွေ ပူးပေါင်းဆန့်ကျင်ကြဖို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာလ ၁၈ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန် တိုက်တွန်း လိုက်ပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ်တာကာလအတွင်း အကြမ်းဖက်စစ်တပ်မှာ သေဆုံးသူ ၂ သောင်းကျော် (၂၀,၃၈၃ ဦး) နဲ့ ဒဏ်ရာရသူ ၉ ထောင်ကျော် (၉,၇၉၂ ဦး) အထိ ရှိခဲ့သလို တပ်ပျက်ပြီး ထွက်ပြေးသူ ၂ သောင်း ဝန်းကျင်အထိ ရှိခဲ့တာကြောင့် လူငယ်တွေကို အခုလို အဓမ္မ စစ်သားစုဆောင်းနေတာလို့ ဆိုပါတယ်။
ထိုသို့ စုဆောင်းခံထားရတဲ့ တပ်သားသစ် ၁ သိန်း ၃ သောင်းကျော်ကို စစ်မျက်နှာပြင်အသီးသီးမှာ လူလှိုင်းအဖြစ် အသုံးပြု ထိုးစစ်ဆင်ခိုင်းနေပြီး စစ်ကြောင်းတွေရဲ့ ၈၀ ရာခိုင်နှုန်းမှာ ဒီလူငယ်တွေပဲပါဝင်နေကာ ထိခိုက်သေဆုံးမှု အများဆုံး ဖြစ်နေရတယ်လို့ သိရပါတယ်။
အခုဆိုရင် အမျိုးသားတွေသာမက အမျိုးသမီးငယ်တွေကိုပါ ပစ်မှတ်ထားစုဆောင်းတာတွေပါ ရှိလာတာကြောင့် လူငယ်တွေ အနေနဲ့ ညဘက်အပြင်ထွက်တာတွေကို ရှောင်ကြဉ်ကြဖို့၊ လွတ်မြောက်နယ်မြေ (သို့) နိုင်ငံရပ်ခြားကို အမြန်ဆုံး ထွက်ခွာကြဖို့ သတိပေးထားပါတယ်။
အကယ်၍ မလွှဲမရှောင်သာဘဲ ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရရင် အခွင့်အရေးရတာနဲ့ လက်နက်နဲ့တကွ ထွက်ပြေးကြဖို့၊ ရပ်ရွာလူထု အနေနဲ့လည်း မိမိရှေ့မှာ ပေါ်တာဆွဲ ဖမ်းဆီးမှုနဲ့ ကြုံတွေ့ရပါက မျက်ကွယ်ပြုမနေဘဲ လူထုအားဖြင့် ဆန့်ကျင်ကြဖို့ တိုက်တွန်းထားပါတယ်။
စစ်ကော်မရှင်တပ်ကို စွန့်ခွာပြီး ပြည်သူရင်ခွင် ခိုလှုံလာသူတွေကို လိုအပ်တဲ့ ကူညီစောင့်ရှောက်မှုတွေ ပေးသွားမ ယ့်အပြင် လက်နက်နှင့်တကွ လာရောက်ပူးပေါင်းသူများကို ထိုက်တန်တဲ့ဆုကြေးငွေတွေ ချီးမြှင့်ပေးသွားမယ်လို့ အသိပေးထားပါတယ်။
လွတ်မြောက်နယ်မြေများကို ရောက်ရှိလာတဲ့ လူငယ်တွေအနေနဲ့လည်း ကျွမ်းကျင်မှုနှင့် စိတ်ပါဝင်စားရာအလိုက် ပညာရေး၊ ကျန်းမာရေး၊ စစ်ရှောင်ကူညီရေး၊ ဒေသဖွံ့ဖြိုးရေး အစရှိတဲ့ တာဝန်များကို ထမ်းဆောင်နိုင်မယ့်အပြင် ပညာဆက်လက် သင်ယူခွင့် ရရှိအောင်လည်း စီမံဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။
တိုက်ခိုက်ရေးတာဝန် ထမ်းဆောင်လိုသူတွေ အနေနဲ့လည်း အရည်အချင်း ပြည့်မှီပါက ပြည်သူ့ကာကွယ်ရေးတပ် မတော်နဲ့ ပ.က.ဖ အဖွဲ့များကို ဝင်ရောက်ခွင့် ရရှိမှာဖြစ်ပြီး၊ တော်လှန်ပြည်သူများနှင့် အတူတကွ ရပ်တည်ရှင်သန် ရုန်းကန်ရမှာဖြစ်ပေမယ့် မိမိတို့ရဲ့ လူ့ဂုဏ်သိက္ခာနဲ့ လုံခြုံမှုကို ရရှိခံစားနိုင်မယ့်လို့ အသိပေးထားပါတယ်။
--------------------------
၁၀။ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ပြည်သူတွေပါဝင်ပေးဖို့ ကင်မ် တောင်းဆို
========================
m.CDM၊ စက်တင်ဘာ ၁၈
မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည်နဲ့အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် ခေါ် ကိုထိန်လင်းက တောင်းဆိုထားပါတယ်။
"ကျွန်တော်နဲ့အတူ ရပ်တည်ပေးပါ။ မေမေရဲ့နာမည်ကို ပြောပါ။မေမေ့အကြောင်းကို မျှဝေပါ။ မေမေ့ လွတ်လပ်ခွင့်အတွက် တောင်းဆိုပါ" ဆိုပြီး ကင်မ်က သူ့ရဲ့ လူမှုကွန်ရက်မှာ စက်တင်ဘာ ၁၈ ရက် မနက်ပိုင်းမှာ ရေးသားဖော်ပြပြီ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
ကင်မ်က မိခင်ဖြစ်သူအသက်ရှင်ကြောင်း တောင်းဆိုတဲ့ Proof Of Life ကမ်ပိန်းကို ပြုလုပ်ခဲ့ရာမှာ ပြည်တွင်း၊ ပြည်ပက ပြည်သူတွေရဲ့ တောင်းဆိုမှုတွေကြောင့် စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ICRC နဲ့ တွေ့ဆုံခွင့် ပေးခဲ့ရတဲ့အထိ ရှိခဲ့ပါတယ်။
အဲဒီနောက်မှာတော့ နောက်တဆင့်အနေနဲ့ မိခင်ဖြစ်သူလွတ်မြောက်ရေး တောင်းဆိုတဲ့ Free Her ကမ်ပိန်းကို ဆက်ပြီးလုပ်ဆောင်နေတာဖြစ်ပါတယ်။
"ကျွန်တော့်မေမေ ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် ၈၁ နှစ်ရှိပါပြီ။ မေမေဟာ မိသားစုနဲ့အဆက်အသွယ် ဖြတ်ခံထားရပြီး ဓားစာခံအဖြစ် ရှိနေဆဲပါ။ ကျွန်တော် မေမေနဲ့ မတွေ့ရသေးဘူး၊ စကားပြောခွင့်လည်း မရသေးပါဘူး။မေမေရဲ့ ဘဝမှာ လွတ်လပ်ခွင့်ကို နှစ်ပေါင်းများစွာ လုယူခံထားနေရပါတယ်။မေမေ့အနေနဲ့ အချိန်တွေ အများကြီး ဆုံးရှုံးပြီးပါပြီ။ မေမေ့ကို လွှတ်ပေးဖို့ အချိန်တန်ပါပြီ" လို့လည်း ပြောထားပါတယ်။
နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကတည်းက မတရား ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာမို့ လက်ရှိအချိန်အထိဆိုရင် အကျဉ်းကျခံနေရတာ ရက်ပေါင်း ၂၀၅၆ ရက်ရှိလာပြီဖြစ်ပါတယ်။
—————————
၁၁။တမူးမြို့နယ်မှာ တိုက်ပွဲတွေ အချိန်မရွေးဖြစ်နိုင်တဲ့အတွက် အာရှလမ်းမကြီးနဲ့ကျေးရွာချင်းဆက်လမ်း အသုံးပြုသူတွေ သတိပြုသွားလာဖို့ တမူးအုပ်ချုပ်ရေးအဖွဲ့ အသိပေး
===================
m.CDM၊ စက်တင်ဘာ ၁၈
စစ်ကိုင်းတိုင်း တမူးမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်တပ်နဲ့ တိုက်ပွဲတွေ အချိန်မရွေး ဖြစ်လာနိုင်တဲ့အတွက် အာရှလမ်းမကြီးနဲ့ကျေးရွာချင်းဆက်လမ်း အသုံးပြုသူတွေအနေနဲ့ သတိပြုသွားလာကြဖို့ အမျိုးသား ညီညွတ်ရေးအစိုးရ၊ တမူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ - ဗဟိုက စက်တင်ဘာ ၁၇ ရက်နေ့က အသိပေး ထုတ်ပြန်ထားပါတယ်။
ဒေသနေပြည်သူတွေ ထိခိုက်နစ်နာမှုမရှိစေဖို့နဲ့ အများပြည်သူ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေဖို့ အခုလို အသိပေး ကြေညာလိုက်တာဖြစ်ပါတယ်။
တမူးခရိုင်အတွင်းမှာရှိတဲ့ စစ်တပ်စခန်းတွေကို တိုက်ခိုက်မယ့်တိုက်ပွဲတွေ အချိန်မရွေး ဖော်ဆောင်ဖို့ရှိနေတဲ့ အတွက် ခရိုင်အတွင်းက အာရှလမ်းမကြီး၊ မြို့နဲ့ ကျေးရွာတွေဆက်သွယ်ထားတဲ့လမ်းများ၊ ကျေးရွာချင်း ဆက်လမ်းများနဲ့ တောလမ်းတွေကို အသုံးပြုသွားလာရာမှာ အထူးသတိပြု သွားလာကြဖို့၊ အကြမ်းဖက် စစ်တပ်နဲ့ဝေးကွာတဲ့နေရာတွေမှာသာ နေထိုင်ကြဖို့ တမူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ - ဗဟိုက တိုက်တွန်းထားပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုနဲ့ ချိတ်ဆက်ဆောင်ရွက်တာ၊ စစ်ကောင်စီရဲ့ပစ္စည်းတွေကို သယ်ယူပို့ဆောင် ပေးတာနဲ့ ပူးပေါင်းဆောင်ရွက်တာတွေမလုပ်ဖို့နဲ့ ဒေသတွင်းသွားလာရာမှာလည်း သတိဝိရိယနဲ့ သွားလာ နေထိုင်ကြဖို့ တမူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ - ဗဟိုက ပြောထားပါတယ်။
ဒီထုတ်ပြန်ချက်တွေကို ပြည်သူလူထုအနေနဲ့ သိရှိလိုက်နာကြဖို့လိုပြီး လိုက်နာမှုမရှိတာကြောင့် ဖြစ်ပေါ်လာ တဲ့ ပြဿနာတွေအတွက် တာဝန်ယူဖြေရှင်းပေးမှာ မဟုတ်ဘူးလို့ တမူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့- ဗဟိုက အသိပေးထုတ်ပြန်ထားပါတယ်။
ဒီနေ့အတွက် m.CDM ပြည်တွင်းသတင်း အစီအစဉ် ဒီမှာပဲ ရပ်နားခွင့်ပြုပါရှင်/ခင်ဗျာ၊အခုတင်ပြပေးခဲ့တဲ့သတင်းတွေကို ကိုသစ်နှင့်လူလေးတို့က ပေးပို့ခဲ့တာဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းတွေအတွက် ကျတော်/ကျမတို့ရဲ့ Channel ကို ကျေးဇူးပြုပြီး Subscribe လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်/ခင်ဗျာ။
--

Send email to - editors@moemaka.net to contact and contribute with us!
MoeMaKa on the Facebook Page from here (For Burma / Myanmar User)
MoeMaKa News & Media covering Burmese Community
http://www.MoeMaKa.Com - Burmese Language
http://eng.MoeMaKa.net - English Edition
http://moemaka.net/omeka2/ - Audio & Video Archives

Moemaka Multimedia is a tax-exempt organization in Richmond, California. Donations to Moemaka Multimedia are tax deductible. This organization has been in operation for more than 20 years. EIN - 26-1387654
No comments:
Post a Comment