၂၀ - ၉ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )
မင်္ဂလာပါရှင်/ခင်ဗျာ အခုချိန်ကစပြီး m.CDM ရဲ့ ပြည်တွင်းသတင်းများကို ဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီကနေ့မှာတင်ပြပေးမယ့်သတင်းတွေကတော့
၁။ကန်ပက်လက်နဲ့ ရွှေကူမှာ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦး သေဆုံး၊သာပေါင်းမှာ စစ်အုပ်စု ထောင်ထားတဲ့မိုင်း နင်းမိပြီး ပြည်သူ ၁ ဦး သေဆုံး၊
၂။လေညာ-ဘုတ်ပြင်းလမ်းပိုင်း တိုက်ပွဲမှာ စစ်သား ၂ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရပြီး တော်လှန်ရေး ရဲဘော်တဦးကျဆုံး
၃။ဖားကန့်မှာ အရပ်သားတစ်ဦးကို ဖမ်းဆီးပြီး KIA အရာရှိလို့ ဝါဒဖြန့်နေတဲ့အတွက် အသက်အန္တရာယ် စိုးရိမ်နေရ
၄။ဝေဟင်နည်းပညာ မြှင့်တင်ဖို့ ကြိုးနဲ့စွန် 2.0 ကမ်ပိန်းမှာ ပါဝင်ကြဖို့ NUG တိုက်တွန်းနှိုးဆော် စတဲ့ သတင်းအပါအဝင် တခြား သတင်းအကြောင်းအရာတွေကိုပါ တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။
အခုပထမဆုံးအနေနဲ့

====================
m.CDM စက်တင်ဘာ ၁၉ ရက်။
ချင်းပြည်နယ်၊ ကန်ပက်လက်နဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အရပ်သားပြည်သူတွေ နေထိုင်တဲ့နေရာတွေကို အကြမ်းဖက် စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၁၉ ရက်၊ မနက် ၇ နာရီဝန်းကျင်မှာ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ထဲက ကျေးရွာ ၁ ရွာကို ဂျက်ဖိုက်တာ ၂ စီးနဲ့ ၃ ကြိမ်တိုင် ဗုံး ၆ လုံး ကြဲချခဲ့တာကြောင့် နေအိမ် တချို့ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်၊ မနက် ၁၁ နာရီခန့်ကလည်း ကန်ပက်လက်မြို့နယ်၊ မောချောင်းကျေးရွာကို Jet Fighter ၁ စီးနဲ့ ၂ ကြိမ်တိုင် လာရောက်ဗုံးကြဲခဲ့တာကြောင့် စာသင်ကျောင်း ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
အလားတူ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ မြို့ကုန်းရွာကိုလည်း စက်တင်ဘာလ ၁၈ ရက် (မနေ့က) ည ၇ နာရီခန့် မှာ စစ်ကော်မရှင်တပ်က တိုက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ဗုံးကြဲ တိုက်ခိုက်မှုအတွင်း အရပ်သား ပြည်သူ ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ရပြီး၊ ၁၀ ဦး ထပ်မနည်း ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရှိရပါတယ်။
ထို့အပြင် ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်က စက်ဒေါင့်ကြီး ကျေးရွာမှာ စက်တင်ဘာလ ၁၇ ရက်၊ မနက်ပိုင်းက အသက် ၅၀ ကျော်အရွယ် ဦးလှဌေး ထင်းခုတ်သွားရင်း မိုင်းနင်းမိပြီး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ မြေမြုပ်မိုင်းကို အကြမ်းဖက် စစ်ကော်မရှင်တပ်က ပြီးခဲ့တဲ့ ဩဂုတ်လ ဒုတိယပတ်အတွင်းမှာ ကျေးရွာ အနီးက အုန်းခြံဝင်းထဲအတွင်း လာရောက်စခန်းချ တပ်စွဲခဲ့စဉ်က ထောင်ထားခဲ့တာ ဖြစ်တယ်လို့ သိရှိရပါတယ်။
------------------------------

m.CDM၊ စက်တင်ဘာ ၁၉
တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ် လေညာ-ဘုတ်ပြင်းလမ်းပိုင်းမှာဖြစ်တဲ့ တိုက်ပွဲမှာ စစ်သား ၂ ဦး ထက် မနည်း ပြင်းထန် ဒဏ်ရာရပြီး တော်လှန်ရေးရဲဘော်တဦးကျဆုံးခဲ့တယ်လို့ KNLA တပ်ရင်း ၂၀၃၊ တပ်ခွဲ ၄ က ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာ ၁၈ ရက် မနက် ၆ နာရီလောက်က လေညာ-ဘုတ်ပြင်းလမ်းပိုင်း ချောင်းမွန်ရွာအနီးက မိုင်တိုင် အမှတ် ၄ နဲ့ ၅ ကြားမှာ KNU/KNLA တပ်ရင်း ၂၀၃ တပ်ခွဲ ၄ က ရဲဘော်တွေ နယ်မြေစိုးမိုးရေး စီမံချက်နဲ့ လှည့်ကင်းထွက်လာချိန် အာဏာသိမ်းစစ်တပ်နဲ့ တနာရီကျော်တဲ့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီတိုက်ပွဲမှာ စစ်တပ်ဘက်က အင်အားသာလွန်ပြီး လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံနဲ့ တိုက်ခိုက်တဲ့အတွက် တော်လှန်ရေးရဲဘော် နေဇာထွန်း (ခ) ခေါင်းချွန် ကျဆုံးခဲ့ပေမယ့် စစ်တပ်ဘက်က စစ်သား ၂ ဦးထက်မနည်း စိုးရိမ်ရတဲ့ ပြင်းထန်ဒဏ်ရာရရှိသွားပြီး ဒဏ်ရာရစစ်သားတွေကို ဘုတ်ပြင်းမြို့ဘက် လူနာတင်ယာဉ်နဲ့ သယ် သွားတယ်လို့ အသိပေးထားပါတယ်။
ဒီတိုက်ပွဲမတိုင်ခင် ပြီးခဲ့တဲ့ တလလောက်တုန်းကလည်း လေညာအခြေစိုက် ၅၅၉ ၊ ၅၆၀ တပ်ရင်းတို့က စစ်ကြောင်းတွေဟာ အရပ်သားပြည်သူတွေနေထိုင်ရာရွာထဲသို့ တိုက်ပွဲဖြစ်တာမရှိဘဲ ဒရုန်းနဲ့ဗုံးသီးလာကြဲ ရာမှာ ပျက်ကျသွားတဲ့အတွက် KNLA တပ်ရင်း ၂၀၃ တပ်ခွဲ ၄ က သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဘုတ်ပြင်းမြို့နယ်ထဲက လေညာ - ဘုတ်ပြင်းလမ်းပိုင်းမှာ ထိတွေ့တိုက်ပွဲတွေ ထပ်ဖြစ်လာနိုင်တာကြောင့် ခရီးသွား မိဘပြည်သူများအနေနဲ မနက် ၆ နာရီကနေ ည ၆ နာရီအတွင်းသာ သွားလာကြဖို့နဲ့ တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ အရေးပေါ်ထုတ်ပြန်ချက်တွေအတိုင်း ပူးပေါင်းလိုက်နာပေးကြဖို့ KNLA တပ်ရင်း ၂၀၃ တပ်ခွဲ ၄ က မေတ္တာရပ်ခံထားပါတယ်။
————————————
၃။ရွှေဘိုနဲ့ ပခုက္ကူမှာ တိုက်ပွဲတွေ ပြင်းထန်နေ
====================
m.CDM စက်တင်ဘာ ၁၉ ရက်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက သီးလုံး (ပျူ)ရွာကို ရိက္ခာလာပို့ချိန် ကင်းပုန်းဝပ် နေသူတွေနဲ့ စုဝေးနေသူတွေကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
စက်တင်ဘာလ ၁၇ ရက်၊ မနက် ၈ နာရီခွဲနဲ့ ညနေ ၄ နာရီခွဲအချိန်မှာ ဒရုန်းနဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ထိခိုက်သေဆုံးမှု အသေးစိတ်ကိုတော့ အတည်မပြုနိုင်သေးပါဘူး။
အလားတူ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရေနံချပ်ရွာ အပါအဝင် ရေနံမှော် ဒေသတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ လက်ထဲကနေ ပြန်သိမ်းနိုင်ဖို့ စစ်ကော်မရှင်တပ်က အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၁၇ ရက်၊ မနက်ပိုင်းမှာ ပုဂံ ဗူးဘုရား ဆိပ်ကမ်းကနေ ပြည်သူပိုင် စက်လှေတွေကို အတင်းအဓမ္မ ချောဆွဲလာကာ အရာတော်အထိုင်တပ်နဲ့ ပူးပေါင်းပြီး စတင်စစ်ကြောင်းထိုး ဝင်ရောက်လာတာလို့ ဆိုပါတယ်။
တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး အထိနာသွားတဲ့ စစ်ကော်မရှင်တပ်ဟာ (မနေ့က) စက်တင်ဘာလ ၁၈ ရက်၊ ညနေပိုင်းမှာ ရေနံချပ်ရွာကို ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့ပြီး မီးဝင်ငြိမ်းဖို့ ကြိုးစား တဲ့ ပြည်သူတွေကိုပါ လိုက်လံပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် အနီးပတ်ဝန်းကျင် ကျေးရွာတွေကိုလည်း စက်တင်ဘာလ ၁၆ ရက်နေ့က စတင်ပြီး ဂျိုင်ရိုကော်ပတာနဲ့ ရဟတ်ယာဉ်တွေ အသုံးပြုပြီး နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ပြည်သူ ၄ ဦး ထပ်မနည်း သေဆုံးခဲ့ပြီး၊ ၃၀ ကျော် ဒဏ်ရာရရှိခဲ့ ပါသေးတယ်။
——————————
၄။မကွေးမြို့ကထွက်လာတဲ့ စစ်ကားအစီး ၂၀၀ နီးပါး ချင်းတောင်အစပ် ဦးတည်နေ
=======================
m.CDM၊ စက်တင်ဘာ ၁၉
မကွေးမြို့ကထွက်လာတဲ့ စစ်တပ်ရဲ့ စစ်ကားအစီးရေ ၂၀၀ နီးပါးဟာ မကွေး-ချင်းတောင်အစပ်မှာရှိတဲ့ ဆောမြို့နယ် လောင်းရှည်မြို့ကို ဦးတည်နေတယ်လို့ မကွေးတိုင်း ပကဖက စက်တင်ဘာ ၁၉ မှာ ထုတ်ပြန်လာပါတယ်။
မကွေးမြို့ကတဆင့် ထွက်ခွာလာတဲ့ စစ်ကားအစီးရေ ၁၈၂ စီးပါတဲ့ ယာဉ်တန်းဟာ ပွင့်ဖြူမြို့ကို တချို့တ၀က် ရောက်ရှိ လာပြီး စလင်းကတဆင့် လောင်းရှည်မြို့ကို ၀င်ရောက်လာမယ်လို့ ထုတ်ပြန်ချက်က ဆိုထားပါတယ်။
အဲဒီယာဉ်တန်းစစ်ကြောင်းဟာ ရှမ်းပြည်နယ်အခြေစိုက်တပ်တွေနဲ့ မတ္တရာမြို့နယ် အရှေ့ခြမ်းက တပ်စခန်းအချို့ကို ပြန်လည်ရုတ်သိမ်းပြီး စုဖွဲ့မှုတွေပြုလုပ်ထားတဲ့ တပ်မ ၈၈ လက်အောက်ခံတပ်တွေဖြစ်တယ်လို့လည်း အသိပေးပါ တယ်။
ဒေသစစ်ရေးသတင်းရင်းမြစ်တွေအဆိုအရ မစ်ဇိုင်းဒုံးတင်ကား ၂စီးနဲ့ လက်နက်ကြီးကား ၃စီးနဲ့ ဂျန်ပါကားတွေလည်း ပါတယ်လို့ သိရပါတယ်။
အဲဒီယာဉ်တန်း တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်တာမခံရအောင် လောင်းရှည်မြို့ကနေ စစ်ကြောင်းတခုထွက်လာပြီး လောင်းရှည် - စေတုတ္တရာလမ်းပိုင်းမှာ ကင်းပုန်းချထားသလို လောင်းရှည်-ဆောလမ်းပိုင်းက တောင်ဘို့ကြီးကို ရောက်နေတဲ့ စစ်ကြောင်းကလည်း တောင်ဘို့ကြီးရွာတပ်ချထားပြီး လောင်းရှည် - ဆောလမ်းပိုင်းကို လုံခြုံရေးယူပေး နေတယ်လို့ မကွေး ပကဖက အသိပေးပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ယောဒေသအပါအဝင် ချင်းပြည်နယ်ထဲက ကန်ပက်လက်နဲ့ မင်းတပ်ကို ထိုးစစ်အရှိန်မြှင့်လိုက် တဲ့သဘောလို့ မကွေးတိုင်းနဲ့ ချင်းပြည်နယ်ရဲ့ စစ်ရေးအခြေအနေကို စောင့်ကြည့်နေသူတွေက အပြောပါတယ်။
စစ်တပ်ဟာ ချင်းပြည်နယ်တောင်ပိုင်းထိုးစစ်အတွက် အခုနှစ် မေလကစပြီး လောင်းရှည်မြို့အခြေစိုက် အမှတ် ၂၅ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ-၂၅ နဲ့ ပေါက်မြို့နယ်အခြေစိုက် ကပစ ၂၄ မှာ အင်အားစုဖွဲ့မှုတွေလုပ်ခဲ့ပြီး ကပစ ၂၅ မှာရှိတဲ့ စစ်သားတွေက လောင်းရှည်မြို့ကနေ ဆောမြို့၊ အဲဒီကမှတဆင့် ကန်ပက်လက်မြို့ကို ထိုးစစ်ဆင်ခဲ့သလို ကပစ ၂၄ က စစ်သားတွေဟာလည်း ကျောက်ထုမြို့ကတဆင့် မင်းတပ်မြို့ကို စစ်ကြောင်းထိုးခဲ့ပေမယ့် စစ်တပ်ဘက်က ထိခိုက်သေဆုံးသူတွေများသလို၊ လက်နက်ခဲယမ်းတွေဆုံးရှုံးတာ၊ စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခံရတာတွေ ရှိခဲ့တယ်လို့ စစ်ရေးသတင်းမှတ်တမ်းတွေအရ သိရပါတယ်။
———————————
၅။ဖားကန့်မှာ အရပ်သားတစ်ဦးကို ဖမ်းဆီးပြီး KIA အရာရှိလို့ ဝါဒဖြန့်နေတဲ့အတွက် အသက်အန္တရာယ် စိုးရိမ်နေရ
===================
m.CDM စက်တင်ဘာ ၁၉ ရက်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်နဲ့ SNA ရှမ်းနီပြည်သူ့စစ်တို့က အရပ်သားတစ်ဦးကို ဖမ်းဆီးပြီး KIA အရာရှိဆိုပြီး ဝါဒဖြန့်နေတဲ့အတွက် မိသားစုဝင်တွေက အသက်အန္တရာယ် စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
အဆိုပါ ဖမ်းဆီးခံရသူဟာ အောင်ဘာလေ ကျေးရွာက အုပ်ချုပ်ရေးမှူးဟောင်း ဖြစ်သူ၊ အသက်အရွယ်ကြီးရင့်ပြီး ကျန်းမာရေး မကောင်းတဲ့ ဦးဝါ့ဂျယ်နော်တောင် ဖြစ်တယ်လို့ ဆိုပါတယ်။
၎င်းကို ကာမိုင်းမြို့က စစ်ကော်မရှင်တပ်နဲ့ SNA ပူးပေါင်းစစ်ဆေးရေးဂိတ်က ဖမ်းဆီးခဲ့တာဖြစ်ပြီး၊ SNA အဖွဲ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ KIA တပ်မဟာ (၉)၊ တပ်ရင်း (၆) က ဒု-တပ်ရင်းမှူး ဆိုပြီး မဟုတ်မမှန် ဖော်ပြနေ တာကို တွေ့ရပါတယ်။
ဦးဝါ့ဂျယ်နော်တောင် ဟာ လက်ရှိ ဖားကန့်မှာ ကျောက်အရောင်းအဝယ်လုပ်နေတဲ့ သာမန်အရပ်သား တစ်ဦးသာ ဖြစ်ပြီး၊ သတင်းအမှားတွေကို ထုတ်လွှင့် ဝါဒဖြန့်နေတဲ့အတွက် ရိုက်နှက်နှိပ်စက် သတ်ဖြတ်ခံရမှာကို မိသားစုဝင် တွေက စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ မိသားစုဝင်တွေက ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်ကွန်ရက် (PCG) ကနေတစ်ဆင့် ပြန်လွှတ်ပေးဖို့ မေတ္တာရပ်ခံ တောင်းဆိုထားတယ်လို့ သိရပါတယ်။
လက်ရှိ ဖားကန့်-မြစ်ကြီးနား လမ်းကြောတစ်လျောက်နဲ့ ဖားကန့်မြို့ပေါ်က စစ်ဆေးရေး ဂိတ်တွေမှာလည်း အကြ မ်းဖက် စစ်အုပ်စုနဲ့ ပြည်သူ့စစ်တွေက လမ်းသွားလမ်းလာတွေကို ဖမ်းဆီး ငွေညှစ်တာနဲ့ ဆက်ကြေးကောက်တာ တွေကို နေ့စဉ် လုပ်ဆောင်နေတယ်လို့ သိရှိရပါတယ်။
---------------------------
၆။စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကြောင့် စစ်မှုထမ်းနေရတဲ့ လူငယ်တွေ အဓမ္မကျွန်ပြုခံနေရတာနေ ရုန်းထွက်ဖို့ အညာတမာစစ်ဆင်ရေးအင်အားစု တိုက်တွန်း
======================
m.CDM၊ စက်တင်ဘာ ၁၉
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စစ်မှုထမ်းဥပဒေကြောင့် ရန်သူ့စစ်ကြောင်းတွေနဲ့အတူ အတင်းအဓမ္မ အကြမ်းဖက်လုပ်ငန်းတွေ လုပ်ကိုင်နေရတဲ့ ပစ ခေါ် ပြည်သူ့စစ်မှုထမ်းလူငယ်တွေအနေနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ အတင်းအဓမ္မ ကျွန်ပြုခံနေရတဲ့ဘဝကနေ ရုန်းထွက်ဖို့ အညာတမာစစ်ဆင်ရေးအင်အစုက တိုက်တွန်းလိုက်ပါတယ်။
မကွေးတိုင်း ပေါက်နဲ့မြိုင်အစပ် တနေရာမှ ရန်သူ့စစ်ကြောင်းကို စက်တင်ဘာ ၁၈ ရက်နေ့က ပေါင် ၅၀၀ ဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဥ်နဲ့ပတ်သက်လို့ သတင်းထုတ်ပြန်ရာမှာ အခုလိုထည့်သွင်း တိုက်တွန်းလိုက်တာြဖစ်ပါ တယ်။
ဒီတိုက်ခိုက်မှုဟာ ရန်သူစစ်သားတွေအသုံးပြုခဲ့ပြီး မပေါက်ကွဲသေးတဲ့ ပေါင် ၅၀၀ ဗုံးကို တော်လှန်ရေးတပ်တွေက မိုင်းပြန်ဆင်ပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ စစ်ဆင်ရေးမှာပါဝင်ခဲ့ကြတဲ့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။
မြိုင်မြိုနယ် တဲကြီးရွာကထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို တဲကြီးရွာနဲ့ Well 1 ရေနံမှော်ကြားတနေရာမှာ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရှေ့ပြေးတက်လာတဲ့စစ်သားတွေအားလုံး သေဆုံးနိုင်တယ်လို့ တော်လှန်ရေးတပ်တွေဘက်က ခန့်မှန်းထားပါတယ်။
ဒီတိုက်ခိုက်မှုကို အညာတမာစစ်ဆင်ရေးအင်အားစုတွေဖြစ်တဲ့ ဒေသတွင်းညီအစ်ကိုတွေ စနစ်တကျစုဖွဲ့ပြီး ညီညီညွတ်ညွတ် ပူးပေါင်း ကာကွယ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အညာတမာစစ်ဆင်ရေးအင်အားစုအနေနဲ့ ရန်သူအကြမ်းဖက်စစ်ကြောင်းတွေကို တတ်နိုင်သမျှ နည်းလမ်းပေါင်းစုံနဲ့ တိုက်ခိုက်ကာ ပြည်သူလူထုကို ကာကွယ်နေမှာဖြစ်ပြီး အခုထက်ပိုတဲ့ စည်းလုံးညီညွှတ်စုဖွဲ့မှုမျိုးနဲ့ တော်လှန်ရေး တာဝန်တွေ ထမ်းဆောင်နိုင်ဖို့လည်း ကြိုးပမ်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်ပါတယ်။
ဒါကြောင့် ပြည်သူ့စစ်မှုထမ်းလူငယ်တွေ၊ စစ်မှုထမ်းတွေရဲ့ မိဘများအနေနဲ့ "အညာတမာ" အင်အားစုတွေအပါအဝင် နီးစပ်ရာ တော်လှန်ရေးအင်အားစုတွေနဲ့ ချိတ်ဆက်ပြီး အကြမ်းဖက်အုပ်စုရဲ့ အတင်းအဓမ္မ ကျွန်ပြု ခြင်းကနေ ရုန်းထွက် ကြဖို့ နှိုးဆော်ထားပါတယ်။
———————————
၇။ဝေဟင်နည်းပညာ မြှင့်တင်ဖို့ ကြိုးနဲ့စွန် 2.0 ကမ်ပိန်းမှာ ပါဝင်ကြဖို့ NUG တိုက်တွန်းနှိုးဆော်
=====================
m.CDM စက်တင်ဘာ ၁၉ ရက်။
အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ ဝေဟင် နည်းပညာပိုင်းကို အဆင့်မြှင့်တင်ဖို့အတွက် “ကြိုးနဲ့စွန် 2.0 (မီးပုံးပျံပွဲ) ကမ်ပိန်း” မှာ ဆက်လက် ပါဝင်ပေးကြဖို့ စက်တင်ဘာလ ၁၉ ရက်နေ့မှာ တိုက်တွန်းနှိုးဆော်ထားပါတယ်။
ယခင်က ပြုလုပ်ခဲ့တဲ့ “ကြိုးနဲ့စွန် ကမ်ပိန်း”မှာ ပြည်တွင်း၊ ပြည်ပက တော်လှန်ပြည်သူတွေ တခဲနက် ပါဝင်လှူဒါန်း ခဲ့ကြတဲ့အတွက် အကြမ်းဖက် စစ်တပ်ရဲ့ ဝေဟင်စိုးမိုးမှုကို ကာကွယ် တန်ပြန်နိုင်ရုံသာမက အလစ်အငိုက်ပါ ထိုး- စစ်ဆင်နိုင်ခဲ့တဲ့ အခြေအနေထိ ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။
ထို့ကြောင့် ပြည်သူ့ ခုခံတွန်းလှန်စစ်မှာ ဝေဟင်စိုးမိုးမှုတွေကို ဆက်လက် ရယူထားနိုင်ဖို့နဲ့ နည်းပညာပိုင်းတွေ ပိုမို မြှင့်တင်နိုင်ဖို့အတွက် ယခု “ကြိုးနဲ့စွန် 2.0 (မီးပုံးပျံပွဲ) ကမ်ပိန်း” မှာလည်း အင်တိုက်အားတိုက် ဆက်လက်ပါဝင် ပေးကြဖို့ တိုက်တွန်းထားပါတယ်။
--------------------------
၈။မုဒုံမြို့နယ်မှာ မူးယစ်ဆေးဝါးရောင်းဝယ်သူတွေ ဖမ်းဆီးရမိထားတယ်လို့ မွန်တော်လှန်ရေးတပ် ပြော
=======================
m.CDM၊ စက်တင်ဘာ ၁၉
မွန်ပြည်နယ် မုဒုံမြို့နယ်မှာ မူးယစ်ဆေးဝါးရောင်းဝယ်သူတွေ ဖမ်းဆီးရမိထားတယ်လို့ မွန်တော်လှန်ရေးတပ် မွန်ပြည်သစ်ပါတီ -AD/ရာမညမွန်တပ်တော် - RMA က စက်တင်ဘာ ၁၉ မှာ ထုတ်ပြန်ပါတယ်။
မွန်ပြည်သစ်ပါတီ AD/ ရာမညမွန်တပ်တော်-RMA အောက်မှာရှိတဲ့ မုဒုံမြို့ နယ်ကရဲဘော်တွေ စက်တင်ဘာ လ ၁၇ ရက်နေ့က မုဒုံမြို့နယ်အတွင်း စစ်ရေးနဲ့နယ်မြေလုံခြုံရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ရာက မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူတဦးကို ယာမားလို့ခေါ်တဲ့ မြင်းဆေးအလုံး ၄၀၀၊ ဘိန်းစာရွက် ၂ အိတ်၊ လက်နက်ငယ်တလက်၊ ဆိုင်ကယ်တစီးနဲ့အတူ လက်ရဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။
အလားတူ စက်တင်ဘာ ၁ ရက်နေ့တုန်းကလည်း မုဒုံမြို့နယ်မှာပဲ မြင်းဆေးအလုံး ၅၀ နဲ့ ရောင်းဝယ်သူ ၃ ဦး ၊ ဩဂုတ်လ ၂၇ ရက်နေ့မှာ မြင်းဆေး ၈၈ လုံးနဲ့အတူ ရောင်းဝယ်သူ ၂ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဖမ်းဆီးရမိသူတွေကို သက်ဆိုင်ရာဌာန တာဝန်ရှိသူတွေ စစ်ဆေးမေးမြန်းမှုတွေလုပ်နေပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ မွန်ပြည်သစ်ပါတီ AD / ရာမညမွန်တပ်တော် RMA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။
——————————
၉။ကရင်နီပြည် အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌသစ် အဖြစ် အမျိုးသမီးခေါင်းဆောင် မူအန်းဂျယ်လာ ရွေးချယ်ခံရ
====================
m.CDM စက်တင်ဘာ ၁၉ ရက်။
ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC)ရဲ့ လစ်လပ်နေတဲ့ ဥက္ကဋ္ဌ နေရာမှာ အမျိုးသမီးခေါင်းဆောင် တစ်ဦးကို ရွေးချယ်ခဲ့ပြီး အလုပ်အမှုဆောင်အဖွဲ့ကို ပြန်လည်ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၁၉ ရက်နေ့က ပြုလုပ်ခဲ့တဲ့ (၂၇) ကြိမ်မြောက် ကောင်စီ အစည်းအဝေးမှာ ဥက္ကဋ္ဌ နေရာအတွက် ကရင်နီပြည် အမျိုးသမီးများအင်အားစု က မူအန်းဂျယ်လာ ကို ရွေးချယ်ခဲ့ပြီး ဒု-ဥက္ကဋ္ဌ အဖြစ် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ က ခူးထဲဘူ ကို တာဝန်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
ထို့အပြင် အထွေထွေအတွင်းရေးမှူးနဲ့ တွဲဖက်အတွင်းရေးမှူး နေရာတွေမှာလည်း အမျိုးသမီးနဲ့ လူငယ်အင်အားစု တွေက ကိုယ်စားလှယ်တွေကို ရွေးချယ်ခဲ့သလို အလုပ်အမှုဆောင် အဖွဲ့ဝင် နေရာတွေကိုလည်း အသစ် ပြန်လည် ဖွဲ့စည်းခဲ့တယ်လို့ ဆိုပါတယ်။
KSCC ရဲ့ ဥက္ကဋ္ဌ(ဟောင်း) ဖြစ်သူ ဦးအောင်ဆန်းမြင့် ဟာ ပြီးခဲ့တဲ့ဩဂုတ်လ ၃၀ ရက်နေ့က ကွယ်လွန်သွားခဲ့တာ ကြောင့် အခုလို ဥက္ကဌ အသစ် ပြန်ရွေးချယ်ပြီး၊ အလုပ်မှုဆောင်အဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခဲ့တာလို့ သိရပါတယ်။
ကောင်စီရဲ့ ဆုံးဖြတ်ချက်ချရတဲ့ ဦးဆောင်နေရာတွေမှာ အခုလို အမျိုးသမီးတွေနဲ့ လူငယ်တွေကို ချန်လှပ်မထား ခဲ့ဘဲ နေရာပေး ရွေးချယ်တဲ့အပေါ် ဂုဏ်ယူဝမ်းသာကြောင်း အရပ်ဘက် အဖွဲ့အစည်းတွေက ပြောပါတယ်။
KSCC ဟာ ကရင်နီပြည်နယ်ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး လုပ်ငန်းတွေကို အကောင်အထည် ဖော်ဆောင်နေတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်ပြီး၊ လက်ရှိ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ဟာ KSCC ကနေ ပေါက်ဖွားလာတာလည်း ဖြစ်ပါတယ်။
———————————————
၁၀။ပြည်တွင်းပြည်ပ ဗုဒ္ဓသာသနာပြု သက်တော် ၉၉ နှစ်အရွယ် ချမ်းမြေ့ဆရာတော်ဘုရားကြီး ပျံလွန်တော်မူ
====================
m.CDM စက်တင်ဘာ ၁၉ ရက်။
ပြည်တွင်း၊ ပြည်ပမှာ ဗုဒ္ဓသာသနာ ပြန့်ပွားရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ ချမ်းမြေ့ ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ ဟာ စက်တင်ဘာလ ၁၉ ရက်နေ့မှာ ပျံလွန်တော်မူသွားတယ်လို့ သိရပါတယ်။
သက်တော် ၉၉ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဆရာတော်ကြီးဟာ ရန်ကုန်မြို့၊ ဂရန်းဟံသာ ဆေးရုံမှာ ခန္ဓာ့ဝန်ချသွားတာ ဖြစ်တယ်လို့ ချမ်းမြေ့ရိပ်သာ ဝေယျာဝစ္စအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဆရာတော်ဘုရားကြီးရဲ့ အန္တိမဈာပန အခမ်းအနားကို ဘယ်တော့ကျင်းပမယ် ဆိုတာကိုတော့ အသေးစိတ် ထပ်မံ ကြေညာပေးသွားမယ်လို့ ဆိုပါတယ်။
ချမ်းမြေ့ဆရာတော်ဘုရားကြီးဟာ အာရှ၊ ဥရောပ၊ အမေရိကတိုက်တွေက နိုင်ငံပေါင်း ၂၀ ခန့်ကို သာသနာပြုခရီး လှည့်လည်ကြွချီပြီး၊ ဓမ္မလမ်းစဉ်တွေကို လမ်းညွန်ဆုံးမ ဟောကြားခဲ့သူ ဖြစ်တယ်လို့ သိရပါတယ်။
ထို့အပြင် ပြည်တွင်း၊ ပြည်ပမှာ သာသနာ့ရိပ်သာတွေ တည်ထောင်ပြီး တရားအားထုတ်နည်း ညွန်ကြားပြသတာနဲ့ ဓမ္မစာပေ ရေးသားတာတွေကိုပါ တစိုက်မတ်မတ် ဆောင်ရွက်ခဲ့တယ်လို့ သိရှိရပါတယ်။
ဒီနေ့အတွက် m.CDM ပြည်တွင်းသတင်း အစီအစဉ် ဒီမှာပဲ ရပ်နားခွင့်ပြုပါရှင်/ခင်ဗျာ၊အခုတင်ပြပေးခဲ့တဲ့သတင်းတွေကို ကိုသစ်နှင့်လူလေးတို့က ပေးပို့ခဲ့တာဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းတွေအတွက် ကျတော်/ကျမတို့ရဲ့ Channel ကို ကျေးဇူးပြုပြီး Subscribe လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်/ခင်ဗျာ။
--

Send email to - editors@moemaka.net to contact and contribute with us!
MoeMaKa on the Facebook Page from here (For Burma / Myanmar User)
MoeMaKa News & Media covering Burmese Community
http://www.MoeMaKa.Com - Burmese Language
http://eng.MoeMaKa.net - English Edition
http://moemaka.net/omeka2/ - Audio & Video Archives

Moemaka Multimedia is a tax-exempt organization in Richmond, California. Donations to Moemaka Multimedia are tax deductible. This organization has been in operation for more than 20 years. EIN - 26-1387654
No comments:
Post a Comment