၁၇ - ၉ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )
မင်္ဂလာပါရှင်/ခင်ဗျာ အခုချိန်ကစပြီး m.CDM ရဲ့ ပြည်တွင်းသတင်းများကို ဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီကနေ့မှာတင်ပြပေးမယ့်သတင်းတွေကတော့
၁။စစ်သင်္ဘောတွေအတွက် လုံခြုံရေးလုပ်ပေးနေတဲ့ Y-12 လေယာဉ်ပစ်ချခံရတယ်လို့ သတင်းထွက်၊ပျက်ကျတယ်လို့ ယူဆရတဲ့နေရာကို KIA နဲ့ပူးပေါင်းတပ်တွေ လိုက်လံရှာဖွေနေ
၂။ရွှေဘိုမြို့နယ်က ဘုန်းကြီးကျောင်းကို စစ်ကော်မရှင် ဗုံးကြဲ၊ ကျောင်းထိုင်ဆရာတော် အပါအဝင် ၃ ဦး သေဆုံး၊ဖားကန့်မှာ အကြမ်းဖက် စစ်ကော်မရှင်တပ်က အရပ်သား ၂ ဦးကို ပစ်သတ်ပြီး၊ နောက်ထပ် ၂ ဦးကို ဖမ်းဆီး၊
ငါ့သရောက်နဲ့ ညောင်ဦးမှာ စစ်အုပ်စု စစ်ကြောင်းထိုးနေပြီး လေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက်၊
၃။ဆင်ပေါင်ဝဲမှာ ဖဲဝိုင်းက ပြန်လာတဲ့ ထောင်အရာရှိ အပါအဝင် ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံး၊တောင်တွင်းကြီးမှာ ကင်းချိန်းဖို့ ထွက်လာတဲ့ ရဲ ၂ ဦး ကြားဖြတ်တိုက်ခိုက်ခံရပြီး သေဆုံး၊
၄။မြန်မာစစ်အုပ်စုထံ အချက်အလက်တွေ လွဲပြောင်းပေးခဲ့တဲ့ Telenor ကုမ္ပဏီကို နော်ဝေ ရဲတပ်ဖွဲ့ စွဲချက်တင်၊ ရုံးချုပ်ကိုပါ ဝင်ရောက်စီးနင်း၊ စတဲ့ သတင်းအပါအဝင် တခြား သတင်းအကြောင်းအရာတွေကိုပါ တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။
အခုပထမဆုံးအနေနဲ့

=======================
m.CDM၊ စက်တင်ဘာ ၁၆
ကချင်ပြည်နယ် ရွှေကူမြို့နဲ့ ဗန်းမော်မြို့ကြားက စစ်သင်္ဘောတွေအတွက် လုံခြုံရေးယူပေးရင်း ဗုံးလိုက်ကြဲနေတဲ့ စစ်တပ်ရဲ့ Y12 လေယာဉ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်ကပစ်ချနိုင်ခဲ့တယ်ဆို တဲ့ သတင်းတွေ စက်တင်ဘာ ၁၆ ရက် မနက်ပိုင်းက ထွက်ပေါ်လာပါတယ်။
စက်တင်ဘာ ၁၆ ရက်မနက်ပိုင်းမှာ စစ်သင်္ဘောတွေ ဗန်းမော်ကနေ ရွှေကူမြို့ဘက် စုန်းဆင်းလာတာ ရှိသလို ရွှေကူကနေလည်း ဗန်းမော်မြို့ဘက်ကို ဆန်တက်တာတွေရှိတယ်လို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။
အဲဒီ စစ်သင်္ဘောတွေကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ဖျက်ဆီးခဲ့တာရှိသလို စစ်တပ်ရဲ့သင်္ဘောတွေအတွက် လမ်းကြောင်း လုံခြုံရေးယူပေးနေတဲ့ လေယာဉ်ကိုလည်း တိုက်ခိုက်ခဲ့တာလို့ ကနဦးသတင်းတွေအရ သိရပါ တယ်။
ဒေသစစ်ရေးသတင်းရင်းမြစ်တွေကတော့ ဒီမနက် ကချင်ပြည်မှာ ငှက်ကင်ရမယ်လို့ လူမှုကွန်ရက်မှာ ဖော်ပြ သလို ငှက်ကင်းနဲ့ သင်္ဘောသီးထောင်း ကချင်မြေလို့ ရေးသားဖော်ပြနေကြပါတယ်။
KIA နဲ့ ပူးပေါင်းတပ်တွေဟာ စစ်တပ် စစ်သင်္ဘောတွေ ကချင်ပြည်နယ်ကိုလာကတည်းက တိုက်ခိုက်ခဲ့သလို သင်္ဘောတွေအတွက် လုံခြုံရေးလုပ်ပေးနေတဲ့ လေယာဉ်တွေကို စက်သေနတ်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့ ရုပ်သံ မှတ်တမ်းတွေ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ထွက်ပေါ်ခဲ့ဖူးပါတယ်။
စစ်တပ်ဟာ အာဏာမသိမ်းခင်က သယ်ယူပို့ဆောင်ရေးလေယာဥ်အဖြစ်သာအသုံးပြုခဲ့တဲ့ တရုတ်နိုင်ငံထုတ် Y-12 လေယာဥ်ကို အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြန်လည်ပြုပြင်ပြီး ဗုံးကြဲလေယာဥ်အဖြစ် အဓိကထား အသုံးပြုနေတာပဲ ဖြစ်ပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ Y-12 လေယာဥ်ကို KIA နဲ့ ပူးပေါင်းတပ်တွေ တကယ်သာပစ်ချနိုင်ခဲ့တယ်ဆိုရင် ဒီနေ့ စက်တင်ဘာ ၁၆ ရက်ဟာ တရက်တည်းမှာပဲ စစ်သင်္ဘောတစင်းနဲ့စစ်လေယာဉ်တစင်းကို ပစ်ချဖျက်ဆီးနိုင် တဲ့နေ့အဖြစ် မှတ်တမ်းဝင်သွားမှာပဲဖြစ်ပါတယ်။
—————————————
၂။ရွှေကူမြို့ကနေ ဗန်းမော်မြို့ဘက် ဆန်တက်လာသော စစ်သင်္ဘော ၃ စင်းကို အနီးကပ်တိုက်ခိုက်ရာမှာတစင်း စီးနစ်မြုပ်သွားပြီး ၂ စီးပြန်လှည့်ပြေး
======================
m.CDM၊ စက်တင်ဘာ ၁၆
ကချင်ပြည်နယ် ရွှေကူမြို့ကနေ ဗန်းမော်မြို့ဘက် ဆန်တက်လာတဲ့ စစ်သင်္ဘော ၃ စင်းကို KIA နဲ့ ပူးပေါင်း တပ်တွေ အနီးကပ်တိုက်ခိုက်ခဲ့ရာမှာ တစင်းနစ်မြုပ်သွားပြီး ၂ စင်း နောက်ပြန်လှည့်ပြေးသွားတယ်လို့ ဒေသ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
စက်တင်ဘာလ ၁၆ ရက် မနက်ပိုင်းမှာ ရွှေကူမြို့က စစ်သင်္ဘော ၃ စင်း ဗန်းမော်မြို့ဘက် ဧရာဝတြီမစ် ကြောင်းအတိုင်း ထွက်ခွာလာခဲ့ရာ ရွှေကူမြို့နယ် ဝဲမကြီးရွာအနီးကနေ KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ် တွေ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ရွှေကူကနေထွက်လာပြီး ဝဲမရွာရောက်နေတဲ့ စကမ သင်္ဘောတစင်း မနက်စောစော တိုက်ခိုက်နစ်မြှပ်ခံရ။ ၂စင်း ရွှေကူဘက် နောက်ပြန်လှည့်သွားတယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တယောက်က အသိပေးပါတယ်။
စက်တင်ဘာလ ၁၄ ရက်မနက်ပိုင်းတုန်းကလည်း ဗန်းမော်မြို့ကနေ စုန်ဆင်းလာတဲ့ စစ်သင်္ဘောတစင်းကို KIA နဲ့ပူးပေါင်းတပ်တွေ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်သင်္ဘောနစ်မြုပ်သွားခဲ့သလို စက်တင်ဘာ ၁၃ ရက်ကလည်း ရွှေကူနဲ့ ဗန်းမော်ကြားမှာ သင်္ဘော ၄ စင်းကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ စစ်ရေးသတင်း မှတ်တမ်းတွေအရ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ စစ်သင်္ဘောအုပ်ဟာ မန္တလေးကနေ ဗန်းမော်မြို့ကို ရိက္ခာ၊ လက်နက်ခဲယမ်းနဲ့ စစ်ကူ တွေ ပေးပို့နေတာကို KIA နဲ့ပူးပေါင်းတပ်တွေက ဧရာဝတီမြစ်ကြောင်းတလျှောက် ကြားဖြတ်တိုက်ခိုက် နေတာပဲဖြစ်ပါတယ်။
ဒီနေ့ဖြစ်စဉ်နဲ့ပတ်သက်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တယောက်ကတော့ မအလအတွက် နောက်ဆုံး မျော်လင့်ချက်ထင်တယ်။ ကောက်ရိုးတမျှင်ပဲရရ ဆွဲမယ်ဆိုတဲ့သဘော။ ပစ တွေမကုန်မချင်း ငါ့အာဏာ မဆုံးရှုံးရလို့ သတ်မှတ်ထားပုံပဲ။ ဘယ်လောက် ထောင်းပြီး ပျက်စီးပါစေ တစီးတလေ လွတ်လိုလွတ်ငြား ဒီနေ့လည်း ထောင်းကြပြန်ပြီလို့ လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားပါတယ်။
————————————
၃။ရွှေဘိုမြို့နယ်က ဘုန်းကြီးကျောင်းကို စစ်ကော်မရှင် ဗုံးကြဲ၊ ကျောင်းထိုင်ဆရာတော် အပါအဝင် ၃ ဦး သေဆုံး၊ဖားကန့်မှာ အကြမ်းဖက် စစ်ကော်မရှင်တပ်က အရပ်သား ၂ ဦးကို ပစ်သတ်ပြီး၊ နောက်ထပ် ၂ ဦးကို ဖမ်းဆီး၊

=====================
m.CDM စက်တင်ဘာ ၁၆ ရက်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ နှမစားရစ် ကျေးရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်ကော်မရှင်တပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ကျောင်းထိုင်ဆရာတော် အပါအဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၁၆ ရက်၊ နေ့လယ် ၁၂ နာရီခွဲ ခန့်က နှမစားရစ်ရွာ ဘုန်းကြီးကျောင်းအတွင်း သောက်ရေသန့်စက် တပ်နေချိန်မှာ ဂျက်ဖိုက်တာနဲ့ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှုအတွင်း ကျောင်းထိုင် ဆရာတော် ၁ ပါးနဲ့ ဒေသခံ ၂ ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး၊ ၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နောက်ပိုင်းမှာလည်း ရွှေဘိုမြို့အခြေစိုက် ခလရ ၄၂ တပ်ရင်းကနေ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ နှမစားရစ် ရွာဘက်ကို ၃ ကြိမ် ထပ်မံပစ်ခတ်ခဲ့ ပါသေးတယ်။
ထို့အပြင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်း ကျေးရွာအုပ်စုမှာလည်း စက်တင်ဘာလ ၁၅ ရက် ည ၈ နာရီ ခန့်မှာ အကြမ်းဖက် စစ်ကော်မရှင်တပ်က ဒေသခံ ၂ ဦးကို ပစ်သတ်ခဲ့ပြီး၊ နောက်ထပ် ၂ ဦးကိုလည်း ဖမ်းဆီးသွား တယ်လို့ သိရပါတယ်။
မျောက်ကုန်းမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဟာ ကားနဲ့ ဆင်းလာပြီး ငြိမ်းချမ်းသာယာ အပိုင်း ၁ က ယခင် ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ဖူးတဲ့ ကိုအောင်ကျော်မိုးနဲ့ ကိုဇင်မင်းသူ တို့ ၂ ဦးကို ပစ်ခတ်သတ်ဖြတ်ကာ ကိုသိန်းဇော် နဲ့ ကိုစည်သူ တို့ ၂ ဦးကို ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။
အလားတူ မန္တလေးတိုင်း၊ ငါ့သရောက်နဲ့ ညောင်ဦးမြို့နယ် ကြားက ကျေးရွာတွေကိုလည်း အကြမ်းဖက် စစ်အုပ်စု က စစ်ကြောင်းထိုး ဝင်ရောက်လာပြီး၊ မီးရှို့ဖျက်ဆီးတာနဲ့ ရိုက်နှက်ဖမ်းဆီးတာတွေကို လုပ်ဆောင်နေတာကြောင့် ပြည်သူထောင်နဲ့ချီ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၁၅ ရက်နေ့မှာ ငါ့သရောက် မြို့နယ်ထဲက တောပြားရွာကို ဝင်ရောက်စီးနင်း မီးရှို့ခဲ့သလို ရွှေလှံပျံ ကျေးရွာ အပါအဝင် အခြားရွာတွေကိုလည်း အရပ်ဝတ်နဲ့ စစ်သားတွေက ဝင်ရောက်စီးနင်းပြီး ပြည်သူ ၅ ဦး ထပ် မနည်းကို ဖမ်းဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။
၎င်းစစ်ကြောင်းဟာ စက်တင်ဘာလ ၁၆ ရက်နေ့၊ မနက်ပိုင်းမှာလည်း ကျေးရွာတွေကို လေကြောင်း၊ ဒရုန်းတွေနဲ့ လက်နက်ကြီးတွေ အသုံးပြုပြီး ဆက်တိုက်ပစ်ခတ်နေတာကြောင့် ကျေးရွာ ၁၅ ရွာခန့်က ဒေသခံ ထောင်နဲ့ချီဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ သိရှိရပါတယ်။
ဒါ့အပြင် ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းကိုလည်း စက်တင်ဘာလ ၁၆ ရက် နေ့လယ် ၁ နာရီခွဲ ခန့်မှာ အကြမ်းဖက် စစ်တပ်က အသေခံဒရုန်းနဲ့ လာရောက်ဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။
ကျေးရွာဘော်လုံးပြိုင်ပွဲ ကျင်းပနေချိန်မှာ အကြောင်းမဲ့ လာရောက်ဗုံးကြဲချ ခဲ့တာဖြစ်ပြီး၊ အသက် ၂၀ ခန့်အရွယ် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရှိရပါတယ်။
----------------------
၄။ဆင်ပေါင်ဝဲမှာ ဖဲဝိုင်းက ပြန်လာတဲ့ ထောင်အရာရှိ အပါအဝင် ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံး၊တောင်တွင်းကြီးမှာ ကင်းချိန်းဖို့ ထွက်လာတဲ့ ရဲ ၂ ဦး ကြားဖြတ်တိုက်ခိုက်ခံရပြီး သေဆုံး၊
======================
m.CDM စက်တင်ဘာ ၁၆ ရက်။
မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်က ဘဝသစ်အကျဉ်းထောင် လက်ထောက်ကြီးကြပ်ရေးမှူး အပါအဝင် ထောင်ဝ- န်ထမ်း ၃ ဦးကို ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ သရက်ခရိုင် အမှတ် ၅ တပ်ရင်းထံက သိရပါတယ်။
ဩဂုတ်လ ၂၈ ရက်နေ့ ကိုးပင်-သာဂရ လမ်းပိုင်းမှာ ဖဲဝိုင်းကနေ ကားနဲ့ပြန်လာတဲ့ ထောင်အရာရှိ ထွန်းထွန်းလင်း၊ ထောင်ဝန်ထမ်း တစ်ဦးနဲ့ တန်းစီးတစ်ဦး တို့ကို တားဆီးစစ်ဆေးရာမှာ ထွက်ပြေးခဲ့တာကြောင့် ပစ်ခတ်ခဲ့ရတာလို့ ဆိုပါတယ်။
ထိုသို့ ပစ်ခတ်ဖမ်းဆီးမှုအတွင်း ထောင်ဝန်ထမ်း ၃ ဦးစလုံး သေဆုံးသွားခဲ့ပြီး၊ MA-12 သေနတ် ၁ လက်၊ MA-11 သေနတ် ၁ လက်နဲ့ ကျည်တွေအပြင် ဖဲထုပ်နဲ့ အရက်ပုလင်းတွေကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလတုန်းကလဲ ဆင်ပေါင်ဝဲ မြို့နယ်မှာပဲ KTV ကနေ ပြန်လာတဲ့ အကျဉ်းဦးစီး အရာရှိနဲ့ ထောင်တန်းစီး ၁ ဦးလည်း အခုလိုပဲ ပစ်ခတ်ရှင်းလင်း ခံခဲ့ရပါသေးတယ်။
အလားတူ တောင်တွင်းကြီးမြို့နယ်၊ ရန်ကုန် - မန္တလေး အမှတ် (၂) ပြည်ထောင်စု လမ်းမပေါ်က သက္ကယ်ကျင်းရွာအထိုင်ဂိတ်စခန်းက ရဲ ၂ ဦး ကင်းချိန်းဖို့ ထွက်လာချိန်မှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက်၊ မနက် ၇ နာရီခန့်မှာ အထိုင်ဂိတ်စခန်းကနေ ပရပ်ကြယ် ရဲစခန်းကို ကင်းချိန်းဖို့ ဆိုင်ကယ်နဲ့ ထွက်လာတဲ့ ရဲ ၂ ဦးကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။
တိုက်ခိုက်မှုအတွင်း ရဲ ၂ ဦးစလုံး သေဆုံးသွားခဲ့ပြီး၊ G3 သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၁၉ တောင့် နဲ့ ဖုန်း ၁ လုံးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ စစ်ဆင်ရေးကို တောင်တွင်းကြီးမြို့နယ် ပကဖ ပုဏ္ဏဝတီတပ်ဖွဲ့၊ မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေး အဖွဲ့၊ Eagle Column၊ ရိုးမဖိုက်တာ စစ်ကြောင်း၊ တောင်တွင်းကြီး Rocket Fighter နဲ့ မကွေး-တောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့ တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရှိရပါတယ်။
---------------------
၅။ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦးက စုဖွဲ့မှုသင်တန်းဆင်းပွဲလုပ်
========================
m.CDM၊ စက်တင်ဘာ ၁၆
ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦးရဲ့ စုဖွဲ့မှုသင်တန်းဆင်းပွဲကို အညာဒေသတနေရာမှာ စက်တင်ဘာ ၁၄ ရက်က ကျင်းပခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
“စုဖွဲ့ ပြင်ဆင် တိုက်ပွဲဝင်” ဆိုတဲ့အတိုင်း ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦးအနေနဲ့ လိုအပ်တဲ့ လေ့ကျင့်စုဖွဲ့မှုတွေကို အညာဒေသတနေရာမှာ ပြင်ဆင်လေ့ကျင့်ခဲ့တာြဖစ်ပြီး တပ်ဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို အများပြည်သူသိစေဖို့ အခုလို အသိပေးထုတ်ပြန်လာတာြဖစ်ပါတယ်။
တပ်ဦးရဲ့ စုဖွဲ့မှုသင်တန်းဆင်းပွဲကို အစီအစဥ် ၉ ခုနဲ့ ကျင်းပခဲ့တာြဖစ်ပြီး ဗမာလွတ်မြောက် ရေးဒီမိုကရက် တစ် တပ်ဦးအလံတော်လွှင့်တင်ခြင်း၊ သင်တန်းဆင်းရဲဘော်များ စစ်ရေးပြကွင်းမှာ ဝင်ရောက်နေရာယူခြင်း ၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး အလံတော်ကိုအလေးပြုခြင်းနဲ့ သစ္စာဓိဌာန်ရွတ်ဆိုခြင်း ၊ စစ်ရေး တာဝန်ခံက သင်တန်းဆင်းမိန့်ခွန်းပြောကြားခြင်း စတဲ့အစီအစဉ်တွေ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဗဟိုကော်မတီအကြံပေးနဲ့ ဗဟိုကော်မတီဝင်က အမှတ်တရစကားပြောကြားတာ သင်တန်းဆင်း ရဲဘော်များ စစ်ရေးပြကွင်းကထွက်ခွာတာ၊ ဘောလုံးပွဲ၊ ခြင်းလုံး၊ ဗဟုသုတမေးခွန်းနဲ့ စစ်တုရင် ပြိုင်ပွဲတွေမှာ ဆုရရှိတဲ့ ရဲဘော်တွေကို ဆုချီးမြှင့်ခဲ့ပြီး အခမ်းအနားအား ပိတ်သိမ်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
————————————
၆။၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင် မြင်းခြံထောင်တွင်းမှာ ကွယ်လွန်
===================
m.CDM စက်တင်ဘာ ၁၆ ရက်။
မန္တလေးမြို့က ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးစိုးမိုးနိုင် (ခေါ်) ဦးဒိန်းဒေါင် ဟာ မြင်းခြံအကျဉ်းထောင် အတွင်းမှာ ရုတ်တရက် နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့တယ်လို့ နီးစပ်သူတွေထံကနေ သိရပါတယ်။
အသက် ၆၁ နှစ် ရှိပြီဖြစ်တဲ့ ဦးဒိန်းဒေါင် ဟာ စက်တင်ဘာလ ၁၅ ရက် ညပိုင်းက နှလုံးဖောက်ပြီး ဆုံးပါးသွားတာ ဖြစ်ကြောင်း ထောင်အာဏာပိုင်တွေက မိသားစုထံ အကြောင်းကြားလာတယ်လို့ ဆိုပါတယ်။
အမရပူရ ဇာတိဖြစ်တဲ့ ဦးဒိန်းဒေါင် ဟာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တာကြောင့် အကြမ်းဖက် စစ်တပ်က ဖမ်းဆီးခဲ့ပြီး မတရား ပုဒ်မတွေနဲ့ ထောင်ဒဏ် ၁၅ နှစ်ထိ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
၎င်းဟာ မန္တလေး အိုးဘိုထောင်တွင်း တရားရုံးမှာ စစ်အုပ်စုရဲ့ တရားစီရင်ရေးကို အယုံအကြည် မရှိဘူးဟုဆိုကာ သပိတ်မှောက်ခဲ့တာကြောင့် ပြစ်ဒဏ်ချခံရပြီးနောက်မှာ မြင်းခြံထောင်ကို ပြောင်းရွှေ့ခံခဲ့ရတာ ဖြစ်ပါတယ်။
ဦးဒိန်းဒေါင်ဟာ နှလုံးရောဂါအခံ ရှိသူဖြစ်ပြီး၊ သူကွယ်လွန်သွားတဲ့ မြင်းခြံထောင်ဟာ နိုင်ငံရေး အကျဉ်းသားတွေ ကို ထမင်းတစ်နပ်ပဲ ကျွေးတာမျိုး အပါအဝင် ဖိနှိပ်မှုတွေကြောင့် နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ထောင် တစ်ခုလည်း ဖြစ်ပါတယ်။
၎င်းဟာ ၈၇ ငွေစက္ကူ အရေးအခင်း၊ ၈၈ အရေးတော်ပုံ ကနေ ၂၀၀၇ ရွှေဝါရောင်၊ လက်ပံတောင်းအရေးနဲ့ ၂၀၁၅ ကျောင်းသားသပိတ် အစရှိတဲ့ ခေတ်အဆက်ဆက် နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တာကြောင့် စစ်အာဏာရှင် အဆက်ဆက် အကြိမ်ကြိမ် ဖမ်းဆီးထောင်ချခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။
--------------------
၇။မွန်ပြည်သစ်ပါတီ - AD ခေါင်းဆောင်တွေ ထိုင်းရောက် မွန်လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံ
====================
m.CDM၊ စက်တင်ဘာ ၁၆
မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့က ခေါင်းဆောင်တွေဟာ ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ မွန်လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ NMSP – AD/ ရာမညမွန်က ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာ ၁၃ ရက်နေ့က မွန်ပြည်သစ်ပါတီ ခေါင်းဆောင်တွေနဲ့ ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ မွန်လုပ်ငန်း ရှင်တွေ၊ တတ်သိပညာရှင်တွေနဲ့ ထိုင်းနိုင်ငံတနေရာမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာလို့ ဆိုပါတယ်။
ဒီတွေ့ဆုံပွဲမှာ လက်ရှိနိုင်ငံရေး၊တော်လှန်ရေးအခြေအနေနဲ့ မွန်ပြည်သစ်ပါတီ - AD နဲ့ ရာမည မွန်တပ်တော်ရဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြတဲ့ မွန်လုပ်ငန်းရှင်တွေနဲ့ လူငယ်တွေက လည်း မေးခွန်းတွေ ပြန်လည်မေးမြန်းပြီး အမြင်ချင်း ဖလှယ်ခဲ့ကြတယ်လို့ အသိပေးပါတယ်။
တွေ့ဆုံပွဲမှာ မွန်ပြည်သစ်ပါတီ - AD အတွင်းရေးမှူး နိုင်ဗညာလယ် ဦးဆောင်ပြီး ပါတီရဲ့ ထိုင်းဆက်ဆံရေး တာဝန်ခံ နိုင်စောန်းတမ၊ ပြည်ပစည်းရုံးရေးတာဝန်ခံ နိုင်ကောင်းစကား၊ လူမှုကယ်ဆယ်ရေးတာဝန်ခံ နိုၚ်စိုက်ချမ်:အောၚ်၊ ပြည်ပစည်းရုံးရေးဒုတာဝန်ခံ နိုင်ဇာတိနာဲနဲ့ နိုၚ်အဗ္ဘဏ်တို့ပါဝင်ခဲ့ကြပြီး ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မွန်လုပ်ငန်းရှင်တွေနဲ့ တတ်သိလူငယ် အယောက် ၄၀ ကျော် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
———————————
၈။မြန်မာစစ်အုပ်စုထံ အချက်အလက်တွေ လွဲပြောင်းပေးခဲ့တဲ့ Telenor ကုမ္ပဏီကို နော်ဝေ ရဲတပ်ဖွဲ့ စွဲချက်တင်၊ ရုံးချုပ်ကိုပါ ဝင်ရောက်စီးနင်း၊
=====================
m.CDM စက်တင်ဘာ ၁၆ ရက်။
မြန်မာပြည်သူ ၁၈ သန်းကျော်ရဲ့ အချက်အလက်တွေကို အကြမ်းဖက် စစ်အုပ်စုထံ လွှဲပြောင်းပေးခဲ့တဲ့ ‘Telenor’ ဆက်သွယ်ရေး ကုမ္ပဏီကို နော်ဝေ ရဲတပ်ဖွဲ့က စွဲချက်တင်လိုက်ပြီး၊ စက်တင်ဘာလ ၁၅ ရက်နေ့မှာ ရုံးချုပ်ကိုပါ ဝင်ရောက်စီးနင်း ရှာဖွေခဲ့တယ်လို့ သိရပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း သုံးစွဲသူတွေရဲ့ အချက်အလက်တွေနဲ့ ထောက်လှမ်းရေးပစ္စည်းတွေကို စစ်အုပ်စုထဲ လွှဲပြောင်းပေးခဲ့တာကြောင့် Telenor ကုမ္ပဏီကို JFM နဲ့ ICJ Norway တို့က ရဲတပ်ဖွဲ့ထံ အမှုဖွင့်ပြီး တိုင်ကြားခဲ့တာပါ။
စစ်အုပ်စုနဲ့ ဆက်နွယ်နေတဲ့ ခရိုနီ ရွှေဗျိုင်းဖြူကုမ္ပဏီနဲ့ M1 Groupတို့ ပူးပေါင်းထားတဲ့ Investcom ထံ Telenor Myanmar ကို ရောင်းချချိန်မှာ EU က ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ ကြားဖြတ်ဖမ်းယူရေး နည်းပညာစက်ပစ္စည်းတွေ ကိုပါ Telenor ဘက်က လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။
အခုလို လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ စစ်အုပ်စုရဲ့ ရာဇဝတ်မှုတွေမှာ အားပေးကူညီခဲ့တဲ့ Telenor ကုမ္ပဏီကို နော်ဝေရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးပြီး စွဲချက်တင်လိုက်တဲ့အပေါ် ကြိုဆိုတယ်လို့ JFM အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင် အသိပေး ပြောကြားခဲ့ပါတယ်။
ဒီအမှုအတွက် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကတည်းက တိုင်ကြားခဲ့ပေမယ့် ပယ်ချခံရလို့ ၂၀၂၅ ခုနှစ် အောက်တိုဘာလမှာ အထက်အဆင့် အာဏာပိုင်တွေဆီ ထပ်မံအယူခံဝင် တိုင်ကြားခဲ့ရတာဖြစ်ပြီး အခုလို လွတ်လပ်တဲ့ စုံစမ်းစစ်ဆေ းမှုတွေ စတင်လာတဲ့အပေါ် ဝမ်းမြောက်မိကြောင်း ICJ Norway ကလည်း ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာတော့ Telenor (Myanmar)ကို ရှယ်ယာ ၈၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားတဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီက ATOM လို့ အမည်ပြောင်းထားပြီး၊ စစ်ကော်မရှင်နဲ့ပူးပေါင်းကာ ဆက်သွယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။
---------------------
၉။စစ်အုပ်စုနဲ့ ပတ်သက်နေတဲ့ သရုပ်ဆောင် ဝတ်မှုန်ရွှေရည်ရဲ့ ဓာတ်ပုံတွေကို Vogue Thailand ကနေ ဖယ်ရှား
=====================
m.CDM စက်တင်ဘာ ၁၆ ရက်။
အကြမ်းဖက် စစ်အုပ်စုနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ သရုပ်ဆောင် ဝတ်မှုံရွှေရည်ရဲ့ ဖက်ရှင်ဓာတ်ပုံတွေကို Vogue Thailand မဂ္ဂဇင်းကနေ ၂၄ နာရီအတွင်း ပြန်လည် ဖယ်ရှားလိုက်တယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၁၅ ရက်က Vogue Thailand ရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ မြန်မာ့အဝတ်အထည် ကြော်ညာအနေနဲ့ ဖော်ပြခဲ့တာဖြစ်ပြီး၊ မနက်ပိုင်းမှာတော့ ပြန်လည်ဖြုတ်ချသွားခဲ့တာ ဖြစ်ပါတယ်။
ဝတ်မှုံရွေရည်ရဲ့ ခင်ပွန်းဖြစ်သူ နိုင်ဖြိုးကျော် (ခ) အဲရစ်ယန် ဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရဲ့ သမီးဖြစ်သူ ခင်သီရိသက်မွန် နှင့်အတူ Seventh Sense ရုပ်ရှင်ထုတ်လုပ်ရေး အပါအဝင် တခြား စီးပွားရေး လုပ်ငန်းတွေကို ပူးတွဲ လုပ်ကိုင်နေသူ ဖြစ်တယ်လို့ ဆိုပါတယ်။
ထို့အပြင် ၎င်းဟာ စစ်ခေါင်းဆောင်ရဲ့ ပြည်ပ ခရီးစဉ်တွေမှာ လိုက်ပါခွင့်ရတဲ့ ခရိုနီ တစ်ဦးဖြစ်ပြီး စစ်ကော်မရှင်ရဲ့ ရာဇဝတ်မှုတွေမှာ ပါဝင်ထောက်ပံပေးနေသူ တစ်ဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။
အခုလို စစ်အုပ်စုနဲ့ နီးနီးကပ်ကပ် ပတ်သက်နေသူကို Vogue မဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့အပေါ် ရုပ်ရှင်ဝေဖန်ရေးအဖွဲ့ တစ်ခု ဖြစ်တဲ့ Cinéma Boulevard အပါအဝင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေက ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်ခဲ့ကြတာကြောင့် ပြန်ဖြုတ်ချသွားခဲ့တာ ဖြစ်ပါတယ်။
Vogue Thailand ဟာ အမေရီကန် မီဒီယာကုမ္ပဏီ Condé Nast ရဲ့ Vogue အမှတ်တံဆိပ်အောက်က လိုင်စင်နဲ့ ထုတ်ဝေနေတာဖြစ်ပြီး၊ တာဝန်ယူမှု တာဝန်ခံမှုနဲ့ လူမှုအသိုင်းအဝိုင်းကို လေးစားရမယ်ဆိုတဲ့ Vogue Values ကို မဖြစ်မနေ လိုက်နာရမှာဖြစ်ပြီး၊ အဆိုပါကတိကဝတ်တွေနဲ့ ဆန့်ကျင်နေတာကြောင့် ကန့်ကွက်ရတာဖြစ်တယ်လို့ Cinéma Boulevard က အသိပေးထားပါတယ်။
ဒီနေ့အတွက် m.CDM ပြည်တွင်းသတင်း အစီအစဉ် ဒီမှာပဲ ရပ်နားခွင့်ပြုပါရှင်/ခင်ဗျာ၊အခုတင်ပြပေးခဲ့တဲ့သတင်းတွေကို ကိုသစ်နှင့်လူလေးတို့က ပေးပို့ခဲ့တာဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းတွေအတွက် ကျတော်/ကျမတို့ရဲ့ Channel ကို ကျေးဇူးပြုပြီး Subscribe လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်/ခင်ဗျာ။

Send email to - editors@moemaka.net to contact and contribute with MoEmAKa
MoeMaKa on Facebook Page from here (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
http://www.MoeMaKa.Com - Burmese Language
http://eng.MoeMaKa.net - English Edition
http://moemaka.net/omeka2/ - Audio & Video Archives

Moemaka Multimedia is a tax-exempt organization in Richmond, California. Donations to Moemaka Multimedia are tax deductible. This organization has been in operation for more than 20 years. EIN - 26-1387654
No comments:
Post a Comment