၁၆ - ၉ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )
မင်္ဂလာပါရှင်/ခင်ဗျာ အခုချိန်ကစပြီး m.CDM ရဲ့ ပြည်တွင်းသတင်းများကို ဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီကနေ့မှာတင်ပြပေးမယ့်သတင်းတွေကတော့
၁။ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ထွန်းလာတဲ့အထိ ယုံကြည်မှုနဲ့ သွေးစည်းညီညွတ်မှုကို အခြေခံပြီး ဆက်လက်ချီတက်ကြဖို့ ယာယီသမ္မတ ဒူဝါလရှီးလ တိုက်တွန်း
၂။တီးတိန်မှာ ထွက်ပြေးလာတဲ့ စစ်သုံ့ပန်းတွေက ပစ်ခတ်လို့ သင်းအုပ်ဆရာတော် တစ်ပါး သေဆုံး၊ကရင်နီမှာ စစ်ကော်မရှင်တပ်ရဲ့ ဒရုန်း တိုက်ခိုက်မှုကြောင့် ဒေသခံ တစ်ဦး သေဆုံး၊
၃။ အာရှ-ပစိဖိတ်ဒေသ အလှည့်ကျဥက္ကဋ္ဌအဖြစ် သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလညီလာခံမှာ မိန့်ခွန်းပြော
၄။ ဝါရင့် သတင်းသမားတွေနဲ့ ဒါရိုက်တာ ကိုပေါက် အပါအဝင် ကျွမ်းကျင်သူတွေ စုပေါင်းပြီး “မြန်မာဂလိုဘယ်လ် မီဒီယာ (MGM)” ကို တည်ထောင် စတဲ့ သတင်းအပါအဝင် တခြား သတင်းအကြောင်းအရာတွေကိုပါ တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။
အခုပထမဆုံးအနေနဲ့

======================
m.CDM၊ စက်တင်ဘာ ၁၅
စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးပေါ်ထွန်းလာတဲ့အထိ ယုံကြည်မှုနဲ့ သွေးစည်းညီညွတ်မှုကို အခြေခံပြီး ဆက်လက်ချီတက်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောကြားလိုက်ပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ဦးဆောင်ကျင်းပတဲ့ နိုင်ငံတကာ ဒီမိုကရေစီနေ့အခမ်းအနားမှာ ယာယီသမ္မတက အခုလို ထည့်သွင်းပြောကြားလိုက်တာဖြစ်ပါတယ်။
ခေတ်အဆက်ဆက် သွေး၊ ချွေး၊ အသက်တွေ ပေးဆပ်ခဲ့ကြသူများရဲ့ မျှော်လင့်ချက်တွေ အချည်းနှီးမဖြစ်စေဖို့၊ ပြည်သူတွေရဲ့ ပေးဆပ်မှုတွေကို လေးစားတန်ဖိုးထားဖို့နဲ့ အနာဂတ် မျိုးဆက်တွေအတွက် ပိုမိုကောင်းမွန်တဲ့ ပြည်ထောင်စုသစ်ကို အမွေအနှစ်အဖြစ် ချန်ထားနိုင်ဖို့ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။ ဒါကြောင့် ပြည်သူ တရပ်လုံးရဲ့ ဆန္ဒတွေပြည့်ဝပြီး စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ထွန်းလာတဲ့အထိ ယုံကြည်မှုနဲ့ သွေးစည်းညီညွတ်မှုကို အခြေခံပြီး ဆက်လက်ချီတက်သွားကြဖို့ ယာယီသမ္မတ ဒူဝါလရှီးလက အလေးအနက် တိုက်တွန်းခဲ့ပါတယ်။
ဒါအပြင် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်ထူထောင်ရေးအတွက် "တပ်ပေါင်းစုံ သဏ္ဍန်" တော်လှန်ရေးတပ်ဦးအဖြစ် SCEF ကို အတူတကွဖော်ဆောင်နေတယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့အနေနဲ့ တဖက်မှာ တော်လှန်ရေးတာဝန်တွေကို လုပ်ဆောင်နေသလို၊ တဖက်မှာလည်း တည်ဆောက်ရေး တာဝန်တွေကို ထမ်းရွက်နေပါတယ်။ ဒါဟာ အမာနဲ့ အနုလို သဘောတရား မျိုးရှိပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ အားလုံးရဲ့ ခေါင်းဆောင်မှုဟာ အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် သိမ်မွေ့ပါးနပ်ဖို့ အင်မတန်မှ အရေးကြီး ပါတယ်။ ပြည်သူတရပ်လုံးဟာ လက်ရှိ ဖွဲ့စည်းထားပြီးဖြစ်တဲ့ SCEF ဆိုတဲ့ တော်လှန်ရေးတပ်ပေါင်းစုရဲ့ ခေါင်းဆောင်မှု နောက်ကို ယုံယုံကြည်ကြည် လိုက်ပါနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” လို့လည်း ယာယီသမ္မတက ပြောထားပါတယ်။
နွေဦးတော်လှန်ရေးဟာ ဖက်ဒရယ်ဒီမိုကရေစီစနစ်နဲ့ တိုင်းပြည်သစ်တည်ထောင်နိုင်ရေး ကြိုးစားရုန်းကန်မှုကြီးဖြစ် တယ်ဆိုတာနဲ့ တိုင်းရင်းသားပြည်သူတရပ်လုံးဟာ ဒီမိုကရေစီစနစ်ကို လိုလားသလို ဖက်ဒရယ်စနစ်ကို တောင့်တ မျှော်လင့်နေကြတယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
———————————
၂။ဖာပွန်မှာ စစ်ကော်မရှင် တပ်စခန်းတစ်ခုကို KNLA သိမ်းပိုက်ရရှိ၊ စစ်ကော်မရှင်တပ်သား ၁ ဦး လက်နက်နဲ့တကွ အလင်းဝင်၊ဆောမှာ စစ်ကော်မရှင်စစ်ကြောင်းမှ စစ်မှုထမ်းတပ်သားသစ် ၆ ဦး ထွက်ပြေးလွတ်မြောက်နေ
====================
m.CDM စက်တင်ဘာ ၁၅ ရက်။
ကရင်အမျိုးသားအစည်းအရုံး (KNU) မူတြော် (ဖာပွန်) ခရိုင်ထဲက အကြမ်းဖက် စစ်ကော်မရှင် တပ်ရဲ့ တစ်စခန်း တစ်ခုကို စက်တင်ဘာလ ၁၄ ရက်နေ့မှာ KNLA ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU - Mutraw District က ထုတ်ပြန်ထားပါတယ်။
အဆိုပါ စခန်းသိမ်း တိုက်ပွဲအတွင်းမှာ KNLA တပ်မဟာ ၅၊ တပ်ရင်း (၁၀၂) ပူးပေါင်းတပ်ဖွဲ့က MA-1 သေနတ် ၃ လက်၊ တခြား စစ်အသုံးအဆောင် ပစ္စည်းတွေနဲ့ ခဲယမ်းတွေကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက်နေ့ကလည်း ဒွယ်လိုးမြို့နယ်၊ ဖာလံဖိ ဒေသမှာ စစ်ကော်မရှင်ရဲ့ စကခ - ၁၂ လက်အောက်ခံ ခမရ - ၃၅၇ တပ်ရင်းမှ အသက် ၄၀ အရွယ်ရှိ တပ်သား စံအဲစံ ဆိုသူ အလင်းဝင်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ အလင်းဝင်တပ်သားဟာ MA-1 သေနတ် ၁ လက်နဲ့ BA-100 ကျည်ဘောက် ၁ တို့ကို ယူဆောင်လာခဲ့ပြီး၊ KNLA တပ်မဟာ (၅)၊ တပ်ရင်း (၁၀၂) က ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ သိရှိရပါတယ်။
အလားတူ မကွေးတိုင်း၊ ဆောမြို့နယ်ဘက်ကို ဝင်လာတဲ့ အင်အား ၃၀၀ ပါ စစ်ကော်မရှင် ပူးပေါင်းစစ်ကြောင်းမှ စစ်မှုထမ်း တပ်သားသစ် ၆ ဦး ထွက်ပြေးလွတ်မြောက်နေတယ်လို့ သိရပါတယ်။
၎င်းတပ်သားသစ်တွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်နေ့က လောင်းရှည်မြို့နဲ့ တောင်ဘိုကြီးရွာ အကြားမှာ တပ်မ ၉၉ တံဆိပ်ပါ ယူနီဖောင်းတွေကို ချွတ်ချထားခဲပြီး ထွက်ပြေးသွားခဲ့တာလို့ ဆိုပါတယ်။
အဆိုပါတပ်သားတွေမှာ လက်နက်တွေ မပါသွားကြသလို၊ တော်လှန်ရေး တပ်ဖွဲ့တွေထံကိုလည်း ရောက်လာခြင်း မရှိသေးဘဲ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ဒေသခံတွေအနေနဲ့ သူစိမ်းတွေတွေ့ရှိပါက သတိထားကြဖို့နဲ့ လက်ရှိ ဆောမြို့နယ် သီးကုန်းရွာမှာ ရောက်ရှိနေတဲ့ စစ်ကော်မရှင် စစ်ကြောင်းရန်ကိုလည်း အထူး ဂရုစိုက်ကြဖို့ ယောအလင်းတန်း က အသိပေးထားပါတယ်။
---------------------------
၃။တီးတိန်မှာ ထွက်ပြေးလာတဲ့ စစ်သုံ့ပန်းတွေက ပစ်ခတ်လို့ သင်းအုပ်ဆရာတော် တစ်ပါး သေဆုံး၊ကရင်နီမှာ စစ်ကော်မရှင်တပ်ရဲ့ ဒရုန်း တိုက်ခိုက်မှုကြောင့် ဒေသခံ တစ်ဦး သေဆုံး၊
=====================
m.CDM စက်တင်ဘာ ၁၅ ရက်။
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှာ PDF Zoland စခန်းကနေ ထွက်ပြေးလာတဲ့ စစ်သုံ့ပန်းတွေရဲ့ ပစ်ခတ်မှုကြောင့် သိက္ခာတော်ရ ခရစ်ယာန် သင်းအုပ်ဆရာတော် တစ်ပါး သေဆုံးသွားတယ်လို့ သိရပါတယ်။
သေဆုံးသူဟာ Lamzang ကျေးရွာ နှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာ သိက္ခာတော်ရ ဆရာဒါလ်ထောင်မ်တွမ် (Rev. Dalthawntuang) ဖြစ်ပြီး စက်တင်ဘာလ ၁၄ ရက်၊ ညနေ ၄ နာရီခန့်မှာ ပစ်သတ်ခံခဲ့ရတာပါ။
ဆရာ ဒါလ်ထောင်မ်တွမ် ဟာ သူ့ရဲ့ အကိုဖြစ်သူ နဲ့အတူ Tuitawh ရွာမှအပြန် ကပ်တဲလ်တံတားနား အရောက်မှာ ထွက်ပြေးလာတဲ့ စစ်သုံ့ပန်းတွေနဲ့ တိုးပြီး ပစ်ခတ်ခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီပစ်ခတ်မှုကြောင့် ဆရာတော် ဟာ ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး၊ အကိုဖြစ်သူ ဒဏ်ရာရခဲ့သလို အခြား အရပ်သား တစ်ဦးကိုလည်း လမ်းပြအဖြစ် စစ်သုံ့ပန်းတွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရှိရပါတယ်။
အလားတူ ကရင်နီပြည်နယ်၊ နန်းမယ်ခုံမြို့၊ သာယပ်ကျေးရွာကိုလည်း အကြမ်းဖက် စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးသီး ၂ လုံး၊ လက်နက်ကြီး ၁ လုံးတို့ဖြင့် စုစုပေါင်း ၃ ကြိမ်တိုင် ဗုံးကြဲပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
စက်တင်ဘာလ ၁၄ ရက်၊ နေလယ် ၃ နာရီခန့်မှာ ဗုံးကြဲပစ်ခတ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ အသက် ၄၀ ခန့် အရွယ်ရှိ ဒေသခံ အမျိုးသား တစ်ဦး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။
ထို့အပြင် စက်တင်ဘာလ ၁၅ ရက်၊ မနက် ၁၀ နာရီ ကနေ ၁၁ နာရီ မှာလည်း ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းကို စစ်ကော်မရှင်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာ ၂ စီးနဲ့ ၄ ကြိမ်ထပ်မနည်း ဗုံးကြဲခဲ့သလို၊ ဒရုန်းတွေ နဲ့ပါ ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက်နေ့ကလည်း လွိုင်ကော် အရှေ့ခြမ်း၊ တောင်သုံးလုံး စစ်ရှောင်စခန်းကို စစ်ကော် မရှင်တပ်က ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီး ၂ ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။
--------------
၄။၂ လုံးဂဏန်းရောင်းပြီး ဗေဒင်ဟောတဲ့ စစ်ကော်မရှင် ဗိုလ်မှူး ပန်းတောင်း တိုက်ပွဲမှာ သေဆုံး၊တီးတိန်မှာ စစ်တပ်လက်ဝေခံ ZRA စခန်းကို ZNA ဝင်တိုက် တပ်သား ၃ ဦးသေဆုံး၊တံတားဦးလေတပ် တိုက်ခိုက်ခံရပြီးနောက် မြို့နယ် ၃ ခုကို စစ်ကြောင်းထိုးနေပြီး နေ့စဉ် ဗုံးကြဲနေ၊
====================
m.CDM စက်တင်ဘာ ၁၅ ရက်။
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်က အကြမ်းဖက်စစ်တပ်ရဲ့ ညောင်ကျိုးစခန်းမှာ တာဝန်ကျနေတဲ့ ဗေဒင်ဆရာ ဗိုလ်မှူး ဝေကမ္ဘာစိုးဟာ ဒီကနေ့ စက်တင်ဘာလ ၁၅ ရက်နေ့ မနက်ပိုင်း တိုက်ပွဲအတွင်းမှာ လက်နက်ကြီး ထိမှန် သေဆုံးသွားတယ်လို့ သိရပါတယ်။
အသက် ၃၇ နှစ်အရွယ် ဒီဗိုလ်မှူးဟာ လူမှုကွန်ရက်ပေါ်ကနေ ဗေဒင်ဟောတာ၊ ၂ လုံးထီဂဏန်း ရောင်းတာတွေကို လုပ်နေသူဖြစ်ပြီး၊ အမှတ် - ၁၆ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၆)အနီး တိုက်ပွဲမှာ အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တာ ဖြစ်ပါတယ်။
အာရက္ခတပ်တော်နဲ့ မဟာမိတ်တပ်တွေဟာ ကပစ (၁၆) ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ကတည်းက ထိုးစစ်ဆင်နေတာ ဖြစ်ပြီး အခုရက်ပိုင်း အတွင်းမှာ တိုက်ပွဲတွေ ပိုပြီး ပြင်းထန်နေတယ်လို့ သိရှိရပါတယ်။
ထို့အပြင် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှာ စစ်ကော်မရှင် လက်အောက်ခံ Zomi Revolutionary Army (ZRA) စခန်းတစ်ခုကို Zomi National Army (ZNA) တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက်နေ့မှာ အဆိုပါ ZRA တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး၊ တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးကာ သေနတ် ၃ လက်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
စက်တင်ဘာလ ၁၀ ရက်နေ့တုန်းကလည်း တွန်းဇံမြို့နယ်၊ ဇမ်ပီကျေးရွာမှာရှိတဲ့ ZRA တပ်စခန်း တစ်ခုကို ZNA က ဝင်ရောက် တိုက်ခိုက်ခဲ့တာကြောင့် တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့ရပါသေးတယ်။
အလားတူ တံတားဦးမြို့နယ်က စစ်ကော်မရှင် လေတပ်စခန်း တိုက်ခိုက်ခံရပြီး နောက်ပိုင်းမှာ တံတားဦး၊ ငါးဇွန်နဲ့ နွားထိုးကြီး မြို့နယ်တွေကို စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုး နေတာကြောင့် နေ့စဉ် တိုက်ပွဲပြင်းထန်နေတယ် လို့ သိရပါတယ်။
စက်တင်ဘာလ ၁၀ ရက်နေ့က တံတားဦးလေတပ်ကို ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး အထိနာသွားတဲ့ စစ်ကော်မရှင်တပ် ဟာ မြေပြင်ကနေ စစ်ကြောင်းတွေ ထိုးနေသလို လေကြောင်းကနေ ဂျက်ဖိုက်တာ၊ ဂျိုင်ရိုကော်ပတာနဲ့ ဒရုန်းတွေ အသုံးပြုပြီး နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
စက်တင်ဘာလ ၁၅ ရက်နေ့၊ မနက်ပိုင်းမှာလည်း နွားထိုးကြီးမြို့နယ်၊ ပဲခင်းကြီးရွာနားမှာ နှစ်ဖက် ထိတွေတိုက်ပွဲ ဖြစ်ပွားခဲ့သလို၊ ၁၄ ရက်နေ့ကလည်း မြင်းခြံမြို့နယ်၊ ဗလုံရွာကို စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် နေအိမ် ၂ လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ တံတားဦး၊ နွားထိုးကြီးနဲ့ ငါန်းဇွန် မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကော်မရှင် တပ်က စစ်ကြောင်းထိုး နေတာကြောင့် ဒေသခံပြည်သူ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး၊ စားနပ်ရိက္ခာနဲ့ အကူအညီတွေ လိုအပ် နေတယ်လို့ သိရှိရပါတယ်။
------------------------
၅။တနင်္သာရီမြို့နယ်မှာ စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး
=======================
m.CDM၊ စက်တင်ဘာ ၁၅
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်မှာ အကြမ်းဖက်စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ ကားတစီး RPG ထိမှန်ပြီး စစ်သား ၆ ဦးသေဆုံးသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
တနင်္သာရီမြို့ဘက်ကနေ မြိတ်မြို့ဘက် မောင်းနှင်လာတဲ့ စစ်ကား ၆ စီးပါ ယာဉ်တန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက စက်တင်ဘာ ၁၂ ရက် မနက် ၁၀ နာရီဝန်းကျင်လောက်က ချောင်းညီကိုရွာအနီးမှာ လက်နက်ငယ်တွေအပြင် RPG နဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုမှာ စစ်ယာဉ်တန်းက ကားတစီး RPG ထိမှန်သွားခဲ့ပြီး ကားပေါ် မှာပါတဲ့ စစ်သား ၆ ဦး သေဆုံး ခဲ့တာလို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အတည်ပြုပေးထားပါတယ်။
အဲဒီစစ်ယာဥ်တန်းကို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေ ပူးပေါင်း တိုက်ခိုက်ခဲ့တာြဖစ်ပြီး တော်လှန်ရေးရဲဘော်တွေဘက်က ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။
—————————————
၆။ အာရှ-ပစိဖိတ်ဒေသ အလှည့်ကျဥက္ကဋ္ဌအဖြစ် သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလညီလာခံမှာ မိန့်ခွန်းပြော
====================
m.CDM၊ စက်တင်ဘာ ၁၅
ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ အဖွဲ့ဝင် ၅၅ နိုင်ငံ ပါဝင်တဲ့ အာရှ-ပစိဖိတ်ဒေသအုပ်စုရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် စက်တင်ဘာ ၁၄ ရက်နေ့က ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကိုတက်ရောက်ခဲ့ပြီး မိန့်ခွန်းပြောကြားခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်က သံအမတ်ကြီးဦးကျော်မိုးထွန်းရဲ့ လုပ်ဆောင်ချက်တွေဟာ တရားမဝင်ဘူးလို့ ထုတ်ပြန်အပြီး တရက်အကြာမှာ မြန်မာနိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ အာရှ-ပစိဖိတ်ဒေသအုပ်စုကိုယ်စား မိန့်ခွန်းပြောကြားခဲ့တာဖြစ်ပါတယ်။
ပဉ္စမမြောက် နော်ဝေဘုရင် ဟာရဲလ်ဒ် ကွယ်လွန်နတ်ရွာစံခြင်းအတွက် အောက်မေ့လွမ်းဆွတ်တဲ့ အခမ်းအနားကိုလည်း ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ထည့်သွင်းကျင်းပခဲ့တယ်လို့ သိရပါတယ်။
၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို သဘာပတိက ဖွင့်လှစ်ပေးခဲ့ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုယ်စား ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၊ အမှုဆောင်ရုံးရဲ့ ထိပ်တန်းတာဝန်ရှိသူက အောက်မေ့ဖွယ်စကား ပြောကြားခဲ့ကြတယ်လို့ ဆိုပါတယ်။
ထို့အတူ ကုလသမဂ္ဂမှာရှိတဲ့ သက်ဆိုင်ရာ ဒေသအုပ်စုတွေက အလှည့်ကျဥက္ကဋ္ဌတွေကလည်း အမှတ်တရ အောက်မေ့ဖွယ်စကားတွေ ပြောခဲ့ကြတယ်လို့ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးက ထုတ်ပြန်ထားပါတယ်။
သံအမတ်ကြီးဦးကျော်မိုးထွန်းရဲ့ မိန့်ခွန်းမှာ ဘုရင်ကြီးအနေနဲ့ မင်းစံသက် ၃၅ နှစ်တာကာလမှာ စည်းလုံး ညီညွတ်မှု၊ ကရုဏာတရားထားရှိမှုနဲ့ ဂုဏ်သိက္ခာပြည့်ဝမှုတို့ရဲ့ မီးပြတိုက်တခုအဖြစ် ခိုင်ခိုင်မာမာရပ်တည်ခဲ့ တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။
နောက်ပြီး ဘုရင်ကြီးဟာ မင်းစံသက်တလျှောက်မှာ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနဲ့ စဉ်ဆက်မပြတ် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကတိကဝတ်ထားပြီး ကြိုးပမ်းအားထုတ်ခဲ့တာကြောင့် ဥရောပဒေသ နယ်နိမိတ်တွေကို ကျော်လွန်ကာ အာရှ-ပစိဖိတ်ဒေသတွင်းနိုင်ငံများရဲ့ နှလုံးသားကိုတောင် လှုပ်ခတ်နိုင်ခဲ့တဲ့ လေးစားဖွယ် ဘုရင်တပါး ဖြစ်ခဲ့တယ်လို့ သံအမတ်ကြီးက ဆိုပါတယ်။
ဒါ့အပြင် နော်ဝေဘုရင်ကြီးဟာ အလွှာပေါင်းစုံမှာရှိတဲ့ ပြည်သူလူထုနဲ့ ထိတွေ့ဆက်ဆံရာမှာ အမြဲတစေ နှိမ့်ချဆက်ဆံလေ့ရှိတဲ့ စွမ်းရည်တွေကြောင့် ခေတ်သစ်တော်ဝင်စနစ်ကို တည်တံ့ခိုင်မြဲအောင် ပုံဖော်နိုင်ခဲ့ တယ်လို့လည်း သံအမတ်ကြီးက သူ့ရဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
သံအမတ်ကြီးဦးကျော်မိုးထွန်းခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ လက်ရှိကျင်းပနေတဲ့ ၈၁ ကြိမ် မြောက် ကုလသမဂ္ဂအထွေထွေညီလာခံဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့သလို ကုလသမဂ္ဂရဲ့ ပင်မ ကော်မတီနဲ့ ဆက်စပ်အစည်းအဝေးတွေတက်ရောက်ပြီး မိန့်ခွန်းပြောတာတွေ လုပ်သွားမှာြဖစ်ပါတယ်။
——————————————
၇။ဝါရင့် သတင်းသမားတွေနဲ့ ဒါရိုက်တာ ကိုပေါက် အပါအဝင် ကျွမ်းကျင်သူတွေ စုပေါင်းပြီး “မြန်မာဂလိုဘယ်လ် မီဒီယာ (MGM)” ကို တည်ထောင်
=====================
m.CDM စက်တင်ဘာ ၁၅ ရက်။
သတင်းစာပညာ၊ မှတ်တမ်းရုပ်ရှင်၊ ဒစ်ဂျစ်တယ်နည်းပညာနဲ့ သုတေသနနယ်ပယ်အသီးသီးက ကျွမ်းကျင်သူတွေ စုပေါင်းပြီး မြန်မာဂလိုဘယ်လ်မီဒီယာ (MGM) အမည်ရှိ သတင်းဌာနသစ် တစ်ခုကို တည်ထောက်လိုက်ကြောင်း မိတ်ဆက်ထားပါတယ်။
အဆိုပါ သတင်းဌာနသစ် အနေဖြင့် အတည်ပြုစိစစ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ သတင်းတွေကို ပြည်တွင်းပြည်ပ ပရိသတ်တွေနဲ့ ကမ္ဘာတဝန်းက မူဝါဒချမှတ်သူတွေဆီ ချိတ်ဆက်တင်ပြပေးသွားမယ်လို့ ဆိုထားပါတယ်။
မြန်မာဂလိုဘယ်လ်မီဒီယာ သတင်းဌာနကို VOA နဲ့ RFA သတင်းဌာနတွေမှာ နှစ်ပေါင်း ၂၀ ကျော် အတွေ့အကြုံ ရှိတဲ့ ဝါရင့်သတင်းသမား မအင်ကြင်းနိုင် က ဦးဆောင်တည်ထောင်ထားတာလို့ သိရပါတယ်။
ထို့အပြင် ရုပ်ရှင်လောကမှာ ဆယ်စုနှစ်များစွာ အတွေ့အကြုံရှိတဲ့ ဒါရိုက်တာ ကိုပေါက် (မြန်မာရုပ်ရှင် ဖန်တီးသူ၊ ဇာတ်ညွှန်း ရေးသားသူနဲ့ တက်ကြွလှုပ်ရှားသူ) လည်း ပူးတွဲတည်ထောင်သူအဖြစ် ပါဝင်တယ်လို့ ဆိုပါတယ်။
ဒါရိုက်တာ ကိုပေါက်ဟာ “The Roads Not Taken နဲ့ Rays of Hope” အမည်ရှိ နွေဦးတော်လှန်ရေး မှတ်တမ်း ရုပ်ရှင်တွေကို မိုဘိုလ်းဖုန်းနဲ့ ရိုက်ကူးပြီး နိုင်ငံတကာကို ချပြနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
ထို့အပြင် VOA သတင်းဌာနမှာ ဆယ်စုနှစ်ချီ အတွေ့အကြုံ ရှိခဲ့ကြတဲ့ ည်းပညာ ကျွမ်းကျင်သူ ကိုမိုးဇော်အောင်၊ သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူ သတင်းသမား မနန်းလောင်ဝ် နဲ့ သတင်းတင်ဆက်သူ ကိုရန်နိုင် တို့လည်း ပါဝင်တယ်လို့ သိရပါတယ်။
လုံခြုံရေးအခြေအနေကြောင့် နာမည်နဲ့ ကိုယ်ရေးအချက်အလက်တွေကို ထုတ်ဖော်မိတ်ဆက်နိုင်ခြင်း မရှိသေးတဲ့ တခြား ဝါရင့်သတင်းသမားတွေလည်း ပါဝင်သေးတယ်လို့ ဆိုပါတယ်။
MGM အနေနဲ့ ကရင်နီဒေသအခြေစိုက် မီဒီယာအဖွဲ့တစ်ခုဖြစ်တဲ့ Federal FM နဲ့လည်း မိတ်ဖက်အဖြစ် ပူးပေါင် းထားပြီး ကရင်နီဒေသက သတင်းတွေကို ကမ္ဘာတစ်ဝန်းဆီ တင်ဆက်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီသတင်းဌာနဟာ လွတ်လပ်တဲ့ မီဒီယာတစ်ခုဖြစ်ပြီး၊ သူတို့ အရင်က တာဝန်ထမ်းဆောင်ခဲ့တဲ့ VOA ၊ RFA စတဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်နွှယ်မှု မရှိဘူးလို့လည်း ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။
----------------------
၈။တံတားဦး လေတပ်စခန်းကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ ပူးပေါင်းတပ်ဖွဲ့တွေကို NUG ဂုဏ်ပြု
=====================
m.CDM စက်တင်ဘာ ၁၅ ရက်။
မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်မှာရှိတဲ့ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ ပင်မလေတပ်စခန်းကို ဒရုန်းဖြင့် အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့တဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေကို အမျိုးသားညီညွတ်ရေး အစိုးရ - NUG က ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ထုတ်ပြန်ထားပါတယ်။
အဆိုပါ တံတားဦး လေတပ်စခန်းဟာ ပြည်သူတွေအပေါ် နေ့စဉ်ရက်ဆက် ဗုံးကြဲ တိုက်ခိုက်နေတဲ့ စခန်းဖြစ်ပြီး၊ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့မှာ မြင်းခြံခရိုင်စစ်ဌာန ဦးဆောင်တဲ့ PDF နဲ့ ပ.က.ဖ ပူးပေါင်း တပ်ဖွဲ့တွေက စစ်ဆင်ရေးဖော်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ထိုသို့ တိုက်ခိုက်ရာမှာ စစ်ကော်မရှင်တပ်ရဲ့ YAK-130 တိုက်လေယာဉ်တွေ ရပ်နားထားတဲ့ နေရာကို တိတိကျကျ ပစ်မှတ်ထားနိုင်ခဲ့သလို မြေပြင်စစ်ဆင်ရေးမှာလည်း လေကြောင်းရန်ကာကွယ်ရေးတပ်က ဗိုလ်မှူးကြီးမျိုးလှိုင်ဦး အပါအဝင် ၅ ဦးကို သုတ်သင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီစစ်ဆင်ရေးအတွင်းမှာ တိုင်းပြည်နဲ့ ပြည်သူအတွက် ရဲရဲဝံ့ဝံ့ အသက်ပေးသွားခဲ့တဲ့ တော်လှန်ရေး ရဲဘော် ၃ ဦးရဲ့ စွန့်လွှတ်စွန့်စားမှုကို လေးနက်စွာ ဦးညွတ်အလေးပြုပြီး ကျန်ရစ်တဲ့ မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရတယ်လို့ ဖော်ပြထားပါတယ်။
ပြည်သူ့ကာကွယ်ရေး တပ်မတော်အနေနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ အကြမ်းဖက် စစ်ကော်မရှင်ရဲ့ စစ်ဘက်ဗဟိုချက်မနေရာတွေကို အရှိန်အဟုန်မြှင့်ပြီး ဆက်လက်ချေမှုန်းသွားမယ်လို့ အသိပေးထားပါတယ်။
ဒီနေ့အတွက် m.CDM ပြည်တွင်းသတင်း အစီအစဉ် ဒီမှာပဲ ရပ်နားခွင့်ပြုပါရှင်/ခင်ဗျာ၊အခုတင်ပြပေးခဲ့တဲ့သတင်းတွေကို ကိုသစ်နှင့်လူလေးတို့က ပေးပို့ခဲ့တာဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းတွေအတွက် ကျတော်/ကျမတို့ရဲ့ Channel ကို ကျေးဇူးပြုပြီး Subscribe လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်/ခင်ဗျာ။
--

Send email to - editors@moemaka.net to contact and contribute with us!
MoeMaKa on the Facebook Page from here (For Burma / Myanmar User)
MoeMaKa News & Media covering Burmese Community
http://www.MoeMaKa.Com - Burmese Language
http://eng.MoeMaKa.net - English Edition
http://moemaka.net/omeka2/ - Audio & Video Archives

Moemaka Multimedia is a tax-exempt organization in Richmond, California. Donations to Moemaka Multimedia are tax deductible. This organization has been in operation for more than 20 years. EIN - 26-1387654
No comments:
Post a Comment