၂၅ - ၉ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )
မင်္ဂလာပါရှင်/ခင်ဗျာ အခုချိန်ကစပြီး m.CDM ရဲ့ ပြည်တွင်းသတင်းများကို ဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီကနေ့မှာတင်ပြပေးမယ့်သတင်းတွေကတော့
၁။ NUG အထူးတိုင်းစစ်ဌာန တိုင်းရုံးနေရာ ဗုံးကြဲခံရပြီး CDM တပ်ကြပ်ကြီး အပါအဝင် ၆ ဦး ကျဆုံး
၂။ကန့်ဘလူ၊ ပျဉ်းတော်ရွာက ပျူစောထီးစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်း၊၇ ဦး သေဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိ
၃။မြင်းခြံမှာ စစ်တပ်ကပစ်လိုက်တဲ့ လက်နက်ကြီးထိပြီး အသက် ၇ နှစ်အရွယ် မူလတန်းကျောင်းသားတဦး သေဆုံး
၄။ကလေးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသား ၈၀ ခန့် အရေးပေါ် ဆေးရုံတက်ကုသဖို့ လိုအပ်နေ စတဲ့ သတင်းအပါအဝင် တခြား သတင်းအကြောင်းအရာတွေကိုပါ တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။
အခုပထမဆုံးအနေနဲ့
၁။NUG အထူးတိုင်းစစ်ဌာန တိုင်းရုံးနေရာ ဗုံးကြဲခံရပြီး CDM တပ်ကြပ်ကြီး အပါအဝင် ၆ ဦး ကျဆုံး
=====================
m.CDM စက်တင်ဘာ ၂၄ ရက်။
မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ်မှာရှိတဲ့ NUG ရဲ့ အထူးတိုင်းစစ်ဌာန၊ တိုင်းရုံးနေရာကို အကြမ်းဖက် စစ်ကော်မရှင် တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တော်လှန်ရေးရဲဘော် ၆ ဦး ကျဆုံးသွားတယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၂၄ ရက်၊ မနက် ၁၁ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာနဲ့ ဗုံး ၆ လုံးထပ်မနည်း ကြဲချ တိုက်ခိုက်သွားခဲ့ တာဖြစ်ပြီး၊ ညနေပိုင်းမှာလည်း ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့သေးတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း CDM တပ်ကြပ်ကြီး နေဝင်းအောင်နဲ့ PDF ရဲဘော် ၅ ဦး ကျဆုံးခဲ့ရပြီး၊ အထူးတိုင်းစစ်ဌာန ကွပ်ကဲရေးမှူး ရဲဘော် အောင်စံရှား လည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်လော်ဘီ ချန်နယ်တွေမှာ CDM ဗိုလ်မှူး တင်လင်းအောင်ပါ သေဆုံးတယ်လို့ ဝါဒဖြန့် ဖော်ပြတာတွေ ရှိနေ ပေမယ့် ထိခိုက်မှုမရှိဘဲ ဘေးကင်းတယ်လို့ မြေပြင် သတင်းရင်းမြစ်က အတည်ပြုထားပါတယ်။
ဗုံးကြဲတိုက်ခိုက်ခံရတဲ့ နယ်မြေတွေကို သိမ်ဇရပ်မြို့အခြေစိုက် စစ်ကော်မရှင် အမြောက်တပ်ကနေ ဟောင်ဝစ်ဇာ လက်နက်ကြီးတွေနဲ့ နေ့စဉ်နီးပါး ပစ်ခတ်တာတွေအပြင် လေကြောင်းမှ ကင်းထောက်တာတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ အဆိုပါ နယ်မြေတွေကို စစ်ကြောင်းထိုးဝင်ရောက်နိုင်ဖို့ ပြင်ဆင်နေသလို တပ်စခန်း အထိုင်ချနိုင်ဖို့ ပြင်ဆင်နေတာတွေလည်း ရှိတယ်လို့ သတင်းရင်းမြစ်က ပြောပြပါတယ်။
အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့ အထူးတိုင်းစစ်ဌာနတို့က အတည်ပြု ထုတ်ပြန် ထားတာ မရှိသေးပါဘူး။
——————————

===================
m.CDM စက်တင်ဘာ ၂၄ ရက်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပျဉ်းတော်ကျေးရွာက အကြမ်းဖက် စစ်ကော်မရှင် လက်အောက်ခံ ပျူစောထီး အဖွဲ့ရဲ့ ကာကင်းစခန်း တစ်ခုကို တော်လှန်ရေး တပ်ဖွဲ့တွေက ဝင်ရောက်စီးနင်း ခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၂၄ ရက်၊ မနက် ၂ နာရီဝန်းကျင်မှာ ဇီးကုန်းသကြားစက်နားက စစ်အုပ်စုရဲ့ ကြံစိုက်ပျိုးရေးတပ်ကို လုံခြုံရေးယူပေးထားတဲ့ အဆိုပါ ကာကင်းစခန်းကို ပကဖ အဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
၁၅ မိနစ်ခန့်ကြာတိုက်ပွဲအတွင်း ပျူစောထီး ၇ ဦးခန့် သေဆုံးခဲ့ပြီး၊ ကာဘိုင်သေနတ် ၅ လက်၊ ကျည် ၆၀ တောင့်၊ အီကွေမန့် ၃ စုံ၊ ဦးထုပ် ၂ လုံး၊ ကျည်ဘောက် ၄ ခုနဲ့ ဆိုင်ကယ် ၅ စီးကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ပျူစောထီး အင်အား ၃၀ ခန့် တပ်စွဲထားတဲ့ အဆိုပါစခန်းဟာ လမ်းသွားလမ်းလာ ပြည်သူတွေဆီကနေ ငွေကြေး အဓမ္မ ကောက်ခံတာတွေအပြင် ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ တစ်ခုရဲ့ စခန်းကို ဒရုန်းနဲ့ လာတိုက်ခဲ့တာကြောင့် အခုလို တုံ့ပြန်ရှင်းလင်းခဲ့တာလို့ ပြောပါတယ်။
အဆိုပါ စစ်ဆင်ရေးကို ကန့်ဘလူ ပကဖ၊ ညောင်ပေါင်ရင်း ပကဖ၊ ဗိုလ်စူပါသီး ပကဖ၊ ကိုးမြို့ ပကဖ၊ ဖိုက်တာဒိုး (TTT) ပကဖ၊ ကျောင်းကုန်း ပကဖ၊ ဗိုလ်ချွန်ကြီး ပကဖ နဲ့ ဗိုလ်မုန်တိုင်း ပကဖ တို့က ပူးပေါင်း ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး၊ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် နေ့လယ် ၁၂ နာရီခန့်အထိ အကြမ်းဖက် စစ်တပ်ဘက်က လေကြောင်း တိုက်ခိုက်တာနဲ့ စစ်ကူပို့တာမျိုးတွေ မရှိသေးပါဘူး။ ပျဉ်းတော်ရွာ အပါအဝင် ကန့်ဘလူမြို့နယ်က ကျေးရွာအချို့ဟာ ပြည်သူ့စစ် အားကောင်းတဲ့ ဒေသတွေ ဖြစ်တယ်လို့ သိရပါတယ်။
--------------------------
၃။အကြမ်းဖက် စစ်ကော်မရှင်စစ်ကြောင်းက ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဖမ်းဆီးခံ ရဲအုပ် ထွက်ဆို၊မင်းဘူးမှာ အဓမ္မ စုဆောင်းခံထားရတဲ့ စစ်မှုထမ်း တပ်သား ၃ ဦး အလင်းဝင်
=====================
m.CDM စက်တင်ဘာ ၂၄ ရက်။
အကြမ်းဖက် စစ်ကော်မရှင်တပ်ဟာ စစ်ကြောင်းထိုးတဲ့အခါ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့ တယ်လို့ ဖမ်းဆီးခံထားရတဲ့ ပခုက္ကူမြို့နယ်၊ မြစ်ခြေ ရဲစခန်းမှူး ရဲအုပ်သန့်ဇင် က ဝန်ခံထွက်ဆို ထားပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့က ပခုက္ကူမြို့ကနေ မြစ်ခြေမြို့ဘက်ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်ဟာ ပြည်သူ ၂၄ ဦး ထပ်မနည်းကို သတ်ဖြတ်ခဲ့ပြီး၊ နေအိမ်အလုံး ၁,၀၀၀ ကျော် ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ PDF စစ်ရုံးချုပ်က ထုတ်ပြန်ထားပါတယ်။
၎င်းစစ်ကြောင်းနဲ့အတူ ကိုယ်တိုင် လိုက်ပါခဲ့ရတဲ့ ရဲအုပ်သန့်ဇင်ကလည်း “ကျွန်တော်တို့ တပ်မတော်စစ်ကြောင်းနဲ့ လိုက်ရတဲ့အချိန်မှာလည်း ကျေးရွာတွေကို ရောက်ရှိတဲ့အချိန်မှာ ‘နယ်မြေရှင်းလင်းရေး’ ခေါင်းစဉ်နဲ့ မီးရှို့ဖျက်ဆီး တာတွေကိုလည်း တွေ့ခဲ့ရပါတယ်။” လို့ ဝန်ခံထွက်ဆို ထားပါတယ်။
ထို့အပြင် အကြမ်းဖက် စစ်တပ်က ရဲတွေကို ရှေ့တန်းပို့ဆောင် တိုက်ပွဲဝင်ခိုင်းနေတာကြောင့် ရဲတပ်ဖွဲ့ဝင် အများ- အပြား သေဆုံးနေရကြောင်းနဲ့ ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် နိုင်ငံရေး အခြေအနေကို လေ့လာပြီး မှန်ကန်တဲ့လမ်းကို ရွေးချယ်ကြဖို့ကိုလည်း ၎င်းက တိုက်တွန်းထားပါတယ်။
၎င်းအနေနဲ့ စစ်တပ်က တိုင်းပြည်အာဏာကို မတရား သိမ်းယူခဲ့တဲ့အပေါ် လက်မခံပေမယ့် ရဲ လုပ်သက် ၂၄ နှစ်နဲ့ မိသားစုစားဝတ်နေရေး အခက်အခဲတွေကြောင့် ဆက်လက် လုပ်ကိုင်နေရတာလို့လည်း ပြောဆိုခဲ့ပါတယ်။
ရဲအုပ်သန့်ဇင် ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်က မြစ်ခြေရဲစခန်းကို တော်လှန်ရေးတပ်တွေ ဝင်တိုက်ချိန်မှာ တခြားရဲ ၁၃ ဦးနဲ့အတူ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
ထို့အပြင် စစ်ကော်မရှင်တပ်က အဓမ္မ ပေါ်တာဆွဲထားတဲ့ ပြည်သူ့စစ်မှုထမ်း တပ်သား ၃ ဦး မင်းဘူးခရိုင်၊ အမှတ် (၁) တပ်ရင်းထံကို အလင်းဝင်ရောက်လာတယ်လို့ သက်ဆိုင်ရာ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
စစ်မှုထမ်းအပတ်စဉ် (၁၄) က တပ်သား ၁ ဦးနဲ့ အပတ်စဉ် (၂၆) က တပ်သား ၂ ဦး စုစုပေါင်း ၃ ဦး အလင်းဝင်ရေ ာက် လာတာဖြစ်ပြီး၊ မိသားစုနဲ့အတူ လုံခြုံတဲ့နေရာမှာ နေရာချပေးထားတယ်လို့ ဆိုပါတယ်။
ပြည်သူ့ရင်ခွင်ခိုလှုံပြီး ပြည်သူနဲ့ပူးပေါင်းလိုတဲ့ စစ်ကော်မရှင် တပ်သားများကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုနေပြီး၊ လက်နက်နဲ့တကွ အလင်းဝင်ရောက်လာသူတွေကိုလည်း ထိုက်တန်တဲ့ ဆုကြေးငွေ ချီးမြှင့်သွားမယ်လို့ အသိပေး ထားပါတယ်။
----------------------------
၄။ဆားတောင်ဒေသက LPDF ၂ ဖွဲ့နဲ့ ဝက်လက် ပကဖ အဖွဲ့ဝင် စုစုပေါင်း ၃၈ ဦး စစ်အုပ်စုထံ လက်နက်ချ
=====================
m.CDM စက်တင်ဘာ ၂၄ ရက်။
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့အနီးမှာ လှုပ်ရှားနေတဲ့ ဂျိမ်းစိုး LPDF၊ ဆားတောင်မိုးကြိုး အဖွဲ့နဲ့ ဝက်လက် ပကဖ အဖွဲ့ဝင် ၃၈ ဦး အကြမ်းဖက်စစ်တပ်ထံ လက်နက်ချ ဘက်ပြောင်းသွားခဲ့တယ်လို့ သိရပါတယ်။
ဘက်ပြောင်းသွားတဲ့ထဲမှာ တပ်ဖွဲ့ဝင် အမျိုးသား ၂၉ ဦး၊ အမျိုးသမီး ၃ ဦးနဲ့ မိသားစုဝင် ၆ ဦး ပါဝင်ပြီး၊ လက်နက် ၁၃ လက်နဲ့အတူ စက်တင်ဘာလ ၂၂ ရက်နေ့က ဆားတောင်ရဲစခန်းကို ဝင်ရောက်သွားခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ အဖွဲ့တွေဟာ တော်လှန်ရေး နယ်မြေအတွင်းမှာ ဥပဒေချိုးဖောက်မှုတွေ ပြုလုပ်ထားတာကြောင့် ပြည်သူ့ အစိုးရက အရေးယူမှာကိုကြောက်ပြီး အခုလို ထွက်ပြေးသွားကြတာ ဖြစ်တယ်လို့ ဗိုလ်ယက္ခက စက်တင်ဘာ ၂၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
အထူးသဖြင့် ဂျိမ်းစိုးအဖွဲ့ဟာ တရားမဝင်ဂိတ်ဖွင့်ပြီး ပြည်သူတွေဆီက ငွေတောင်းတာ၊ ဖမ်းမိထားတဲ့ ရဲတပ်သား ကို ငွေကျပ် ၁၀ သိန်း ပြန်ရွေးခိုင်းတာတွေ လုပ်ခဲ့တဲ့အပြင် စစ်ကော်မရှင်နဲ့ ကြိုတင် ပူးပေါင်းနေတဲ့ သံသယဖြစ်- ဖွယ်တွေလည်း ရှိတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ကျူးလွန်ထားတဲ့အပြစ်တွေအတွက် အရေးယူခံရမှာကြောက်လို့ ဘက်ပြောင်းသွားတဲ့အပေါ် ပြည်သူတွေအနေနဲ့ တော်လှန်ရေးအရှိန် ကျဆင်းသွားပြီလို့ အထင် မလွဲမှားကြစေဖို့ကိုလည်း ၎င်းက ပြောကြားထားပါတယ်။
ပြီးခဲ့တဲ့ အပါတ်ကလည်း မြင်းမူမြို့နယ်မှာ ပ.က.ဖ တာဝန်ခံ လင်မယား စစ်တပ်ဆီ ဘက်ပြောင်းသွားပြီးနောက် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လာတဲ့အတွက် စစ်ကိုင်းနဲ့ ဝက်လက်နယ်က ပြည်သူတွေ အနေနဲ့ လေကြေ ာင်း အန္တရာယ်တွေကို အထူးသတိပြုကြဖို့ တော်လှန်ရေးအဖွဲ့တွေက သတိပေးထားပါတယ်။
------------------------
၅။မြင်းခြံမှာ စစ်တပ်ကပစ်လိုက်တဲ့ လက်နက်ကြီးထိပြီး အသက် ၇ နှစ်အရွယ် မူလတန်းကျောင်းသားတဦး သေဆုံး
======================
m.CDM၊ စက်တင်ဘာ ၂၄
မန္တလေးတိုင်း မြင်းခြံမြို့နယ်မှာ စစ်တပ်ကပစ်လိုက်တဲ့ လက်နက်ကြီးထိပြီး အသက် ၇ နှစ်အရွယ် မူလတန်း ကျောင်းသားတဦး သေဆုံးသွားတယ်လို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။
စက်တင်ဘာ ၂၃ ရက် နေလည် ၃ နာရီကျော်အချိန်မှာ မြင်းခြံမြို့အခြေစိုက် ခမရ ၁၅ တပ်ရင်းက ဒါးကျွန်းရွာမာရှိတဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို တိုက်ပွဲဖြစ်တာမရှိဘဲ လက်နက်ကြီးနဲ့ ပစ်ခတ် ခဲ့တာကြောင့် အသက် ၇ နှစ်အရွယ် မူလတန်းကျောင်းသားသေဆုံးခဲ့တာလို့ မြင်းခြံ လူထုလှုပ်ရှားမှု ကော်မတီကလည်း စက်တင်ဘာ ၂၄ မှာ ထုတ်ပြန်ထားပါတယ်။
စစ်တပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် အသက် ၇ နှစ်အရွယ် KG ကျောင်းသားတဦး သေဆုံးခဲ့ရသလို ၇ တန်းကျောင်းသူတဦးနဲ့ ၂ တန်းကျောင်းသားတဦးလည်း ထိခိုက်ဒဏ်ရာရသွားတယ်လို့ အသိပေးထားပါ တယ်။
အာဏာသိမ်းစစ်အုပ်စုဟာ မြင်းခြံမြို့နယ်ထဲကရွာတွေအပြင် ခရိုင်ထဲမှာပါတဲ့ မြို့နယ်တွေကရွာတွေကို အကြောင်းမဲ့ လက်နက်ပြီးနဲ့ပစ်ခတ်တာ၊ ဒရုန်းနဲ့ဗုံးသီးကြဲချတာတွေ အခု စက်တင်ဘာလထဲမှာ ဆက်တိုက် လုပ်ခဲ့တာကြောင့် ဒေသနေပြည်သူတွေ ထိခိုက်သေဆုံးနေရပြီး နေအိမ်တွေ မီးလောင်ပျက်စီး ဆုံးရှုံးတာတွေ ရှိခဲ့တယ်လို့ စစ်ရေးသတင်းမှတ်တမ်းတွေအရ သိရပါတယ်။
————————————
၆။ခေါင်လန်ဖူးက ရဟတ်ယာဉ်ပါတပ်စခန်းနေရာပြန်ရဖို့ စစ်တပ်က ထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲပြင်းထန်နေတယ် လို့ KIA ပြော
======================
m.CDM၊စက်တင်ဘာ ၂၄
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်က ရဟတ်ယာဉ်ပါတပ်စခန်းနေရာပြန်ရဖို့ စစ်တပ်က ထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲပြင်းထန်နေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြလာပါတယ်။
စက်တင်ဘာ ၂၃ ရက်ညပိုင်းသတင်းဖော်ပြချက်အရ ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်အတွင်းမှာရှိတဲ့ နယ်ခြား မှတ်တိုင် ၃၀ အနီးက အမတ်ပေါ် ရဟတ်ယာဉ်ကွင်း လုံခြုံရေးတပ်စခန်းနေရာတွေ KIA တပ်တွေရဲ့ တိုက်ခိုက်သိမ်း ပိုက်တာခံရပြီးတဲ့နောက် စစ်တပ်ဘက်က ပြန်လည်ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေ ပြင်းထန်နေတာလို့ ဆိုပါတယ်။
မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသအတွက်အရေးပါတဲ့ ရဟတ်ယာဉ်ကွင်းအပါ စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းစခန်းကို KIA က စက်တင်ဘာ ၁၈ ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။
အခုလို သိမ်းပိုက်ခံရပြီးတဲ့နောက် စစ်တပ်နဲ့ ပြည်သူ့စစ်တွေက တပ်နေရာပြန်ရဖို့ တန်ပြန်ထိုးစစ်ဆင်လာလို့ တိုက်ပွဲ တွေပြင်းထန်လာတာကို KIA ဘက်က အသိပေးလာတာြဖစ်ပါတယ်။
ဒါ့အပြင် စစ်တပ်က အင်အားဖြည့်တင်းဖို့ ပူတာအို၊ မချမ်းဘော၊ နောင်မွန်း အနီးတ၀ိုက်ရွာတွေက လူငယ် ၁၉၀ ကျော် ကို စုဆောင်းရေးခေါ်သွားသလို ပစ္စည်းသယ်ပို့ဖို့ ဒေသတွင်းရွာတွေမှာ ပေါ်တာဆွဲနေတာတွေရှိတာကိုလည်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြထားပါတယ်။
အဲဒီဒေသမှာ တိုက်ပွဲဖြစ်လာရတာဟာ KIA နဲ့ စစ်တပ်အကြား တကျော့ပြန် စစ်မဖြစ်ခင် ငြိမ်းချမ်းရေးကာလ ၁၉၉၇ ခုနှစ်ကစပြီး KIO ရဲ့ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ပြန်လုပ်ဖို့ရောက်လာတဲ့ KIA တပ်ဖွဲ့တွေကို ဒေသခံပြည်သူ့စစ်နဲ့ စစ်တပ်က ခုခံတိုက်ခိုက်တာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။
KIA နဲ့ပူးပေါင်းတပ်တွေဟာ ဇူလိုင်လလယ်ပိုင်းတုန်းကလည်း နယ်ခြားမှတ်တိုင် ၃၀ မှာရှိတဲ့ စစ်စခန်းအချို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး အခုစက်တင်ဘာလထဲမှာ ဒေသတွင်း အရေးပါတဲ့ တခုတည်းသော ရဟတ်ယာဉ်ကွင်းပါ စစ်စခန်းကို ထပ်ပြီး သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
———————————
၇။အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ခွန်အားတခုအဖြစ် ပါဝင်ကြဖို့ PDF Zoland ဖိတ်ခေါ်
====================
m.CDM၊ စက်တင်ဘာ ၂၄
တိုက်ပွဲဝင်လိုတဲ့ ရဲဘော်များ၊ လွတ်လပ်မှုနဲ့ တရားမျှတမှုကိုမြတ်နိုးတဲ့ ပြည်သူများအနေနဲ့ အာဏာရှင်စနစ် ချုပ်ငြိမ်းရေးမှာ ခွန်အားတခုအဖြစ် ပါဝင်နိုင်ဖို့အတွက် PDF Zoland ရဲ့ အခြေခံစစ်သင်တန်းကို လာရောက် ပူးပေါင်းကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
PDF Zoland ရဲ့ အခြေခံစစ်သင်တန်းမှာ လာရောက်ပူးပေါင်းကြဖို့ ဖိတ်ခေါ်လိုက်တာြဖစ်ပါတယ်။
၅ နှစ်တာ ကြာမြင့်ခဲ့ပြီဖြစ်တဲ့ နွေဦးတော်လှန်ရေးခရီးမှာ အာဏာရှင်စနစ် အမြစ်ဖြတ်ရေးနဲ့ မတရားမှုကို တိုက်ဖျက်ရေးဟာ လက်ရှိမျိုးဆက်အနေနဲ့ ငြင်းပယ်လို့မရတဲ့ သမိုင်းပေးတာဝန်ဖြစ်တယ်လို့ PDF Zoland က ဆိုထားပါတယ်။
“သင့်ကိုမထိခိုက်သ၍ ငြိမ်ခံနေလျှင် သင့်မျိုးဆက်ကို ဤနွံထဲ တွန်ပို့သကဲ့သို့ပင်ဖြစ်သည်။ သည်တခေါက် မနိုင်လျှင် ခင်ဗျာမျိုးဆက်ကပဲ နှစ်ဆ တွန်းရပါလိမ့်မည်။ လာပါ ပြိုင်တူတွန်းလျှင် မကြာတော့ပါ” လို့ ထုတ် ဖိတ်ခေါ်ချက်မှာ ဖော်ပြထားပါတယ်။
ပြည်သူတရပ်လုံး လွတ်လပ်မှုနဲ့ စက်ဆုပ်ဖွယ် အာဏာရှင်စနစ် နိဂုံးချုပ်ရေးအတွက် မိမိတို့ကျရာ အခန်း ကဏ္ဍကနေ ကိုယ်တိုင်ပါဝင်တိုက်ပွဲဝင်ကြရမှာြဖစ်ပြီး ဒါဟာ ပြည်သူတိုင်းရဲ့ တာဝန်ဖြစ်တဲ့အတွက် တော်လှန်ရေးမှာ တက်တက်ကြွကြွပါဝင်လိုတဲ့ ရဲဘော်အသစ်တွေကို နွေးထွေးစွာ ကြိုဆိုနေမယ်လို့ PDF Zoland က ဖိတ်ခေါ်ထားပါတယ်။
"ခုချိန်တော်လှန်ရေးမှာ ပရိသတ် မလိုဘူး၊ ပါဝင်သူပဲ လိုပါတယ်။ သမိုင်းပေးတာဝန်ကို ကိုယ်တိုင် ထမ်းဆောင်ကြစို့" လို့ PDF Zoland က နှိုးဆော်ထားပါသေးတယ်။
ချင်းဒေသတော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ PDF Zoland ဟာ မဟာမိတ်တော်လှန်ရေးတပ်တွေနဲ့လက်တွဲပြီး အာဏာသိမ်းစစ်တပ်ကို တိုက်ထုတ်နေရာမှာ အောင်ပွဲပေါင်းများစွာရရှိထားပါတယ်။
————————————
၈။ကလေးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသား ၈၀ ခန့် အရေးပေါ် ဆေးရုံတက်ကုသဖို့ လိုအပ်နေ
=======================
စက်တင်ဘာ ၂၄၊ ၂၀၂၆
စစ်ကိုင်းတိုင်း ကလေးအကျဉ်းထောင်မှာ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်များနေတာ၊ ခွဲခြားဆက်ဆံတာနဲ့ ထောင်အာဏာပိုင်တွေရဲ့ လာဘ်ပေးလာဘ်ယူမှုတွေကြောင့် နိုင်ငံရေးအကျဉ်းသား ၅၀ ဦး အပါအဝင် အကျဉ်းသား ၈၀ ဦး အရေးပေါ် အနေနဲ့ ပြင်ပဆေးရုံတက်ကုသဖို့ မဖြစ်မနေလိုအပ်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်း သားများကွန်ရက် - PPNM က စက်တင်ဘာ ၂၄ မှာ အရေးပေါ်ထုတ်ပြန်လာပါတယ်။
ကလေးမြို့ ပြည်သူ့ဆေးရုံကြီးက ပါရဂူတွေ၊ အထူးကုဆရာဝန်တွေ ပြီးခဲ့ ဇူလိုင် ၂၂ ရက်က ထောင်တွင်းကို လာရောက် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး အကျဉ်းသား ၈၀ ဦး အရေးပေါ် ဆေးရုံတက်ကုသဖို့ လိုအပ်နေတာကို အတည်ပြုခဲ့တယ် လို့ ဆိုပါတယ်။
ပြင်ပဆေးရုံတက်ကုသဖို့ မဖြစ်မနေလိုအပ်နေ နိုင်ငံရေးအကျဉ်းသားသူ ၅၀ ဦးအထိ ပါဝင်နေပေမယ့် လက်ရှိအချိန်ထိ ၉ ဦးသာ ပြင်ပဆေးရုံတက်ရောက်ခွင့်ရရှိထားပြီး ဒီထဲမှာ နိုင်ငံရေးအကျဉ်းသား ၄ ဦးသာ ရှိသေးတယ်လို့လည်း အသိပေးပါတယ်။
အခုလို အရေးပေါ် ဆေးကုသမှု လိုအပ်နေပေမယ့် ထောင်အာဏာပိုင်များဘက်က အကျဉ်းသားတထောင်စာအတွက် တဦးကို တထောင်ကျပ်နှုန်းနဲ့ တလကို ဆေးဖိုး ကျပ် ၁၀ သိန်းသာ ဘတ်ဂျက် ခွဲဝေပေးထားတာကြောင့် ထောင်တွင်း မှာ ပါရာစီတမောနဲ့ စီဗစ်လို အခြေခံဆေးကလွဲပြီး ဆေးဝါးမလုံလောက်မှုတွေနဲ့ရင်ဆိုင်နေရပြီး အသက်အန္တရာယ်ရှိတဲ့ လူနာတွေအတွက် အဓိကလိုအပ်တဲ့ အရေးပေါ် အောက်ဆီဂျင်နဲ့ ကုသရေးအထောက်အကူပြုပစ္စည်းတွေ ကင်းမဲ့နေ တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဆေးဝါးနဲ့ အထောက်အကူပြုပစ္စည်းတွေကင်းမဲ့နေတဲ့ ကလေးထောင်မှာ နှလုံးရောဂါ၊ သွေးအန်ရောဂါ၊ သွေးတိုးနဲ့ ဆီးချိုရောဂါ ခံစားနေရတဲ့လူနာ အများအပြားရှိနေပြီး သူတို့အနေနဲ့ ဆေးကုသခွင့်နဲ့ ဆေးဝါးဝယ်ယူစရိတ်တွေကို မိသားစုတွေက စိုက်ထုတ်ပေးနေရတယ်လို့ သိရပါတယ်။
နယ်ဝေးကရောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားအချို့ဟာ မိသားစုတွေနဲ့ အဆက်အသွယ်ပြတ်နေတဲ့အတွက် ပြင်ပ ဆေးရုံတက်ရပြီဆိုရင် စားသောက်စရိတ်နဲ့ ဆေးဝါးစရိတ်တွေအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
အဆိုးဆုံးကတော့ ထောင်တွင်း နှလုံးရောဂါဖောက်တဲ့ အခြေအနေနဲ့ ရင်ဆိုင်ရတဲ့လူနာတွေကို အသက်ရှူကိရိယာနဲ့ ကုသရေးအထောက်အကူပြုပစ္စည်းတွေမပါဘဲ ၁၂ မိုင်၊ ၁၃ မိုင်လောက်ဝေးတဲ့ ကလေးမြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင် ရာမှာ အောက်ဆီဂျင်ဗူးနဲ့ပိုက်သာပါတဲ့အတွက် လမ်းခုလတ်မှာပဲ သေဆုံးရတဲ့ဖြစ်စဉ်တွေ ရှိနေတယ်လို့ သိရပါတယ်။
————————————
၉။မွန် - ကရင် - ပအိုဝ်းလူငယ်တွေ နိုင်ငံရေးနှီးနှောဖလှယ်ပွဲကို ပထမဆုံးအကြိမ် ကျင်းပ
=====================
m.CDM၊ စက်တင်ဘာ ၂၄
ရာမညဖက်ဒရယ် အင်အားစုသစ်ရဲ့ ကမကထပြုမှုနဲ့ မွန် - ကရင် - ပအိုဝ်း လူငယ်တွေရဲ့ လူငယ်နိုင်ငံရေး နှီးနှောဖလှယ်ပွဲကို ပထမဆုံးအကြိမ်ကျင်းပခဲ့ပါတယ်။
မွန်-ကရင်-ပအိုဝ်း လူငယ်နိုင်ငံရေး နှီးနှောဖလှယ်ပွဲတရပ်ကို ဒီလထဲမှာ ကျင်းပခဲ့တာဖြစ်ပြီး ၂ ရက်တာ နှီးနှောဖလှယ်ပွဲကို မွန်၊ ကရင်၊ ပအိုဝ်း အင်အားစု ၉ ခုက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြရာမှာ မွန်ပြည်ဖက်ဒရယ်ကောင်စီ - MSFC ၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC နဲ့ ကရင်လူငယ် အစည်းအရုံး-ဗဟိုက ခေါင်းဆောင်တွေက အားပေးစကားတွေ ပြောကြားခဲ့တယ်လို့ ရာမညဖက်ဒရယ် အင်အားစုသစ် - NRFF က ထုတ်ပြန်ထားပါတယ်။
ဆွေးနွေးပွဲမှာ အင်အားစုတွေကြား အပြန်အလှန်သိရှိနားလည်မှုနဲ့ ယုံကြည်မှုတည်ဆောက်ဖို့ အဓိကထား ဆွေးနွေးခဲ့ကြပြီး မွန်ပြည်နယ်အတွင်း တော်လှန်ရေးကြိုးပမ်းမှုတွေအပါအဝင် လက်ရှိနိုင်ငံရေးဖြစ်ပေါ် တိုးတက်မှုတွေကို သုံးသပ်ဖလှယ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လက်ရှိတော်လှန်ရေး၊ နိုင်ငံရေးဦးဆောင်မှုတွေမှာ လူငယ်တွေရဲ့အခန်းကဏ္ဍကို စုပေါင်းသုံးသပ်ခဲ့ ကြပြီး အနာဂတ်မှာ အချင်းချင်းပူးပေါင်းဆောင်ရွက်မှုတွေ အားကောင်းလာစေရေး လက်တွေ့ကျတဲ့ အစီအစဉ်တွေ ချမှတ်ကြဖို့ သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။
ရာမညဖက်ဒရယ်အင်အားစုသစ် - NRFF အနေနဲ့ ၂၀၂၃ ခုနှစ်ကစပြီး မွန်လူငယ် နိုင်ငံရေးဆွေးနွေးပွဲတွေ၊ မွန်-တနင်္သာရီနဲ့ မွန်-ထားဝယ် အင်အားစုတွေ တွေ့ဆုံဆွေးနွေးပွဲတွေကို ကျင်းပခဲ့ပါတယ်။
———————————
၁၀။တရုတ် Live Streamer အမျိုးသမီး Wang Ran မြန်မာနိုင်ငံထဲမှာ ပြန်ပေးဆွဲ ဖမ်းဆီးခံထားရ
====================
m.CDM စက်တင်ဘာ ၂၄ ရက်။
တရုတ်နိုင်ငံက နာမည်ကြီး အွန်လိုင်း (Live Streamer) Wang Ran (ဝမ်ရန်) ဟာ မြန်မာနိုင်ငံထဲမှာ ပြန်ပေးဆွဲ ဖမ်းဆီးခံထားရပြီး၊ ယွမ်ငွေ ၆ သိန်းဖြင့် ပြန်ရွေးဖို့ ငွေညှစ်ခံနေရတယ်လို့ တရုတ်မီဒီယာတွေမှာ အကြီးအကျယ် ဖော်ပြနေကြပါတယ်။
အသက် ၂၄ နှစ်အရွယ်ရှိ ဝမ်ရန် ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်နေ့က အွန်လိုင်းကနေ သိကျွမ်းခဲ့သူ တစ်ဦး စီစဉ်ပေးတဲ့ အလုပ်ကိစ္စနဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို လေယာဉ်နဲ့ သွားရောက်ခဲ့တာလို့ ဆိုပါတယ်။
ဘန်ကောက်ကို ရောက်သွားပြီး နောက်တစ်နေ့မှာပဲ သူမကို မြန်မာနိုင်ငံထဲ လှည့်ဖျား ခေါ်ဆောင်သွားခဲ့ပြီး မိသား စုဝင်တွေနဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စက်တင်ဘာလ ၁၃ ရက်နေ့မှာတော့ မိသားစုနဲ့ Video Call ပြောခွင့်ရခဲ့ပြီး စိတ်ရှုပ်ထွေးနေတဲ့ပုံစံနဲ့ အခန်းတစ်ခု ထဲကနေ တရုတ်ယွမ်ငွေ ၆ သိန်း (ကျပ်သိန်း ၃,၅၀၀ ခန့်) ပေးပို့ဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
သတ်မှတ်ထားတဲ့ စက်တင်ဘာလ ၂၀ ရက်နေ့အမီ ငွေမပေးရင် သူမကို တခြား ငွေလိမ်ဂိုဏ်းတွေဆီ ဒါမှမဟုတ် ဖျော်ဖြေရေးရုံတွေဆီ ရောင်းစားပစ်မယ်လို့ ပြန်ပေးဆွဲသမားတွေက ခြိမ်းခြောက်ထားတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မိသားစုဝင်တွေက တရုတ်နိုင်ငံ၊ နန်ကျင်းမြို့ ရဲတပ်ဖွဲ့ကို တိုင်ကြားထား ပြီး ကျားဖြန့် နှိမ်နင်းရေး တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီလို့ သိရပါတယ်။
-------------------
၁၁။လူမှုကွန်ရက်ပေါ် ဝေဖန်ရေးသားမှုကြောင့် ဖမ်းဆီးခံထားရသူ ၂၀၂၉ ဦး ရှိလာပြီလို့ Data For Myanmar ပြော
======================
m.CDM၊ စက်တင်ဘာ ၂၄
စစ်အာဏာသိမ်းမှုကို ဝေဖန်တာနဲ့ အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ထောက်ခံရေးသား ပြောဆို တာတွေကြောင့် ဖမ်းဆီးခံရသူ ၂ ထောင်ကျော်ရှိလာပြီလို့ သုတေသနအဖွဲ့တခုဖြစ်တဲ့ Data For Myanmarက စက်တင်ဘာ ၂၃ ရက် နေ့စွဲနဲ့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
Data For Myanmar ရဲ့ မှတ်တမ်းတွေအရ မြို့နယ် ၂၂၇ ခုမှာ ဖမ်းဆီးအရေးယူမှုတွေဖြစ်ခဲ့ပြီး ရန်ကုန်၊ မန္တလေးနဲ့ ပဲခူးတိုင်းတို့မှာ အများဆုံးလို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူ ၂၀၂၉ ဦးအနက် အမျိုးသား ၁,၃၁၅ ဦးနဲ့ အမျိုးသမီး ၇၁၄ ဦး ပါဝင်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Facebook၊ TikTok၊ Telegram၊ Viber နဲ့ YouTube စတဲ့ လူမှုကွန်ရက်တွေကနေ စစ်အာဏာသိမ်းမှုကို ဝေဖန် တာ၊ အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုတွေနဲ့ အဖွဲ့အစည်းတွေကို ထောက်ခံတာကြောင့် စစ်တပ်ရဲ့ ဖမ်းဆီးအရေးယူတာခံရတာလို့လည်း အသိပေးထားပါတယ်။
ဒီလိုဖမ်းဆီးအရေးယူမှုတွေကို စစ်တပ်က ၂၀၂၂ ဖေဖော်ဝါရီမှာ စတင်ခဲ့တာဖြစ်ပြီး အဲဒီနှစ်မှာပဲ ဖမ်းဆီးခံရသူ ၈၇၄ ဦးထိရှိခဲ့ကာ ၂၀၂၃ မှာ ၆၁၄ ဦး ၊ ၂၀၂၄ မှာ ၃၇၅ ဦး ၊ ၂၀၂၅ မှာ ၁၄၀ ဦးနဲ့ ၂၀၂၆ ခုနှစ် ဩဂုတ်လကုန်ထိ ၂၆ ဦး ဖမ်းဆီးခံခဲ့ရတယ်လို ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၂၀၂၆ ခုနှစ်မှာဆိုရင် လုံခြုံရေးနဲ့ဆိုင်တဲ့ အကြောင်းတွေသာမက နိုင်ငံရေးအမြင်သဘောထား မတူညီတဲ့ မှတ်ချက်တွေ ရေးသားတာ မျှဝေတာတွေကြောင့်ပါ ဖမ်းဆီးအရေးယူမှုတွေရှိလာတယ်လို့ Data For Myanmar က အသိပေးပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ လူမှုကွန်ရက်ကနေ လှုဆော်တာ ၊ ဝါဒဖြန့်တာ ၊ ခြိမ်းခြောက်ဝာာတွေပြုလုပ်ရင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) ၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နဲ့ ၅၀၅-က ၊ အီလက်ထရောနစ်ဥပဒေပုဒ်မ ၃၃(က) တိုရဲ့ အရေးယူမယ်ဆိုပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီမှာ ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။
လူမှုကွန်ရက်မှာရေးသားဝာာတွေကို စောင့်ကြည့်အရေးယူတာရှိသလို စစ်ဆေးရေးဂိတ်တွေမှာ ဖုန်းတွေကို စစ်ဆေးပြီး အရေးယူတာတွေလည်းရှိနေတာကြောင့် အွန်လိုင်းအသုံးပြုသူတွေအနေနဲ့ ပုဂ္ဂိုလ်ရေးအချက် အလက်တွေကို လုံခြုံမှုရှိအောင် သတိထားသုံးစွဲသင့်ပြီး ခရီးသွားမယ်ဆိုရင် ကိုယ့်ရဲ့ အချက်အလက် လုံခြုံရေးနဲ့ ဘေးကင်းလုံခြုံရေးအတွက် သေချာပြင်ဆင်သင့်တယ်လို့ Data For Myanmar က အကြံပြုထားပါတယ်။
ဒီနေ့အတွက် m.CDM ပြည်တွင်းသတင်း အစီအစဉ် ဒီမှာပဲ ရပ်နားခွင့်ပြုပါရှင်/ခင်ဗျာ၊အခုတင်ပြပေးခဲ့တဲ့သတင်းတွေကို ကိုသစ်နှင့်လူလေးတို့က ပေးပို့ခဲ့တာဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းတွေအတွက် ကျတော်/ကျမတို့ရဲ့ Channel ကို ကျေးဇူးပြုပြီး Subscribe လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်/ခင်ဗျာ။
--

Send email to - editors@moemaka.net to contact and contribute with us!
MoeMaKa on the Facebook Page from here (For Burma / Myanmar User)
MoeMaKa News & Media covering Burmese Community
http://www.MoeMaKa.Com - Burmese Language
http://eng.MoeMaKa.net - English Edition
http://moemaka.net/omeka2/ - Audio & Video Archives

Moemaka Multimedia is a tax-exempt organization in Richmond, California. Donations to Moemaka Multimedia are tax deductible. This organization has been in operation for more than 20 years. EIN - 26-1387654
No comments:
Post a Comment