၂၂ - ၁၀ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )
မင်္ဂလာပါရှင်/ခင်ဗျာ အခုချိန်ကစပြီး m.CDM ရဲ့ ပြည်တွင်းသတင်းများကို ဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီကနေ့မှာတင်ပြပေးမယ့်သတင်းတွေကတော့
၁။ပေါက်မှာ အချုပ်တာဝန်ကျ PDF ရဲဘော်က စစ်သုံ့ပန်း ၁၃ ဦးကို ခေါ်ထုတ်ပြီး လက်နက်တွေနဲ့ ထွက်ပြေး
၂။ဝီရဌာနီ၊ မင်းကင်းနဲ့ ဆိပ်ဖြူမှာ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရ
၃။စက်တင်ဘာလအတွင်း စစ်ကော်မရှင်ရဲ့ အကြမ်းဖက် လုပ်ရပ်တွေကြောင့် ပြည်သူ ၃၃၂ ဦး သေဆုံး၊တိုက်ပွဲတွေမှာ စစ်ကော်မရှင်တပ်သား ၃၈၄ ဦး သေဆုံးပြီး၊ တပ်စခန်း ၁၀ ခုကို သိမ်းပိုက်ရရှိ
၄။ အဓမ္မ တပ်သားစုဆောင်းတာနဲ့ အတင်းအကျပ် ပျောက်ကွယ်စေတာတွေကို အကြမ်းဖက်စစ်အုပ်စုက လက်နက် တစ်ခုအဖြစ် စနစ်တကျ အသုံးပြုနေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း တင်ပြ၊အမျိုးသမီးနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများကိုလည်း အထူးပစ်မှတ်ထား ဖိနှိပ်နေတယ် ဟုဆို စတဲ့ သတင်းအပါအဝင် တခြား သတင်းအကြောင်းအရာတွေကိုပါ တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။
အခုပထမဆုံးအနေနဲ့

=============================
m.CDM အောက်တိုဘာ ၂၁ ရက်။
မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်ကော်မရှင်တပ်နဲ့ ရဲ စစ်သုံ့ပန်း ၁၃ ဦးဟာ အချုပ်တာဝန်ကျ ရဲဘော်တစ်ဦးရဲ့ အကူအညီနဲ့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၂၁ ရက်နေ့၊ မနက် ၂ နာရီဝန်းကျင်မှာ အချုပ်တာဝန်ကျတဲ့ မင်းခေါင် တပ်ဖွဲ့ဝင် ရဲဘော် ဖိုးသား ဆိုသူဟာ သစ္စာဖောက်ပြီး စစ်သုံ့ပန်းတွေကို ခေါ်ထုတ်သွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ထိုသို့ခေါ်ထုတ်ချိန်မှာ တာဝန်ကျနေတဲ့ အခြားရဲဘော် ၃ ဦးကိုလည်း ဓါးစာခံအဖြစ် ဖမ်းဆီးသွားခဲ့သလို၊ သေနတ် ၄ လက်နဲ့ ကျည် ၂၀၀ ကျော်ကိုပါ ယူဆောင်သွားတယ်လို့ သိရပါတယ်။
ယခု ထွက်ပြေးသွားတဲ့ စစ်သုံ့ပန်း ၁၃ ဦးဟာ ပြီးခဲ့တဲ့ ဇွန်လအတွင်းက ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့သိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိခဲ့တဲ့ စစ်ကော်မရှင် တပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ သိရပါတယ်။
နေ့လယ်ပိုင်းမှာတော့ ဓါးစားခံအဖြစ် ဖမ်းခေါ်သွားခံရတဲ့ ရဲဘော် ၃ ဦးကို ပေါက်မြို့နယ်ထဲက တစ်နေရာမှာ ကြိုး တုပ်လျက်သား အသက်ရှင်လျက် ပြန်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်သုံ့ပန်းတွေကို ပြန်လည်ဖမ်းမိဖို့အတွက် ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်း ရှာဖွေနေတယ်လို့ သိရှိရပါတယ်။
-----------------------------

==================
m.CDM အောက်တိုဘာ ၂၁ ရက်။
အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေ၊ ဝီရဌာနီ (ပေါက်တော) မြို့နယ်ထဲက ကျေးရွာ ၂ ရွာနဲ့ မြို့ပေါ်ရပ်ကွက် တွေကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး၊ ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၂၀ ရက်၊ ည ၉ နာရီခွဲမှာ Y-12 လေယာဉ် ၁ စီးနဲ့ ပြားသူကြွယ်ရွာကို ဗုံး ၂ လုံး ကြဲချတိုက်ခိုက် ခဲ့ရာ ဦးနေဝင်း (၄၁ နှစ်) နဲ့ ဒေါ်ခင်ဦး (၃၆ နှစ်) တို့ ၂ ဦး ဗုံးစထိမှန် သေဆုံးခဲ့ပြီး၊ တခြား ၂ ဦးလည်း ဒဏ်ရာရခဲ့တ ယ်လို့ ဆိုပါတယ်။
အဲ့ဒီနောက် ည ၉ နာရီ ၅၃ မိနစ်မှာလည်း ဝီရဌာနီမြို့ပေါ်ရပ်ကွက်တွေကို လှည့်ပတ်ပြီး ဗုံးအလုံး ၃၀ နီးပါး ထပ်မံ ကြဲချခဲ့ရာ ၁၂ နှစ်အရွယ် မိန်းကလေးငယ် အပါအဝင် ၃ ဦး ဗုံးစထိမှန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဆက်လက်ပြီး ည ၁၀ နာရီခွဲခန့်မှာလည်း လက်ပံပြားရွာကို ဗုံး ၄ လုံး ထပ်မံကြဲချခဲ့ရာ လှေဆိပ်အနီး ငါးရှာနေတဲ့ အမျိုးသား ၁ ဦး ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ ပါသေးတယ်။
တစ်ဖက်မှာလည်း စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တိုက်နယ် (၅) မြောက်ချွန်းရွာကို အောက်တိုဘာလ ၂၁ ရက်၊ နေ့လယ် ၁၁ နာရီခန့်မှာ စစ်အုပ်စုက ဂျိုင်ရိုကော်ပတာ ၂ စီးနဲ့ ဗုံး ၃ လုံး ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၂ ဦး စုစုပေါင်း ၈ ဦး ထိခို က်ဒဏ်ရာ ရရှိခဲ့ကာ အဲ့ဒီထဲက ၃ ဦးဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်လို့ သိရပါတယ်။
အလားတူ မကွေးတိုင်း ဆိပ်ဖြူမြို့နယ်က အနောက်ကံတွင်းရွာ ဘုန်းကြီးကျောင်းကိုလည်း အောက်တိုဘာလ ၂၀ ရက်နေ့မှာ စစ်ကော်မရှင်တပ်က အသေခံဒရုန်း ၃ စီးနဲ့ လာရောက်ဗုံးကြဲခဲ့ပြီး၊ ပြည်သူတွေ ထိခိုက်မှုမရှိခဲ့ပေမယ့် ဘုန်းကြီးကျောင်းတော့ ထိခိုက်ပျက်စီးသွားတယ်လို့ သိရှိရပါတယ်။
-------------------

=======================
m.CDM အောက်တိုဘာ ၂၁ ရက်။
အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ စက်တင်ဘာလ အတွင်း စစ်ကော်ရှင်တပ်ရဲ့ အကြမ်းဖက် လုပ်ရပ်တွေကြောင့် ပြည်သူ ၃၃၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာ တစ်လတာ အတွင်းမှာ စစ်အုပ်စု၊ ရဲ နဲ့ ပျူစောထီး တွေရဲ့ အကြမ်းဖက်မှု ဖြစ်စဉ်ပေါင်း ၇၄၈ ကြိမ်အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ အကြမ်းဖက်မှုတွေအတွင်း ကလေးငယ် ၂၉ ဦး အပါအဝင် အရပ်သားပြည်သူ ၃၃၂ ဦး အသက်ဆုံးရှုံးခဲ့ရ သလို ၄၂၉ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြည်သူတွေရဲ့ နေအိမ် ၄၃၄ လုံးထိ ဖျက်ဆီးခံခဲ့ရပြီး၊ ဘာသာရေး အဆောက်အအုံ ၁၃ လုံးနဲ့ ပညာရေး အဆောက်အအုံ ၁၁ လုံးလည်း ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
တစ်ဖက်မှာလည်း တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် စစ်ကော်မရှင် တပ်သား ၃၈၄ ဦး သေဆုံး ခဲ့ပြီး၊ ၄၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ထိခိုက်သေဆုံး၊ ဒဏ်ရာရသူတွေထဲမှာ စစ်ကော်မရှင် တပ်အရာရှိ ၂၈ ဦးအထိ ပါဝင်ပြီး၊ ဒဏ်ရာနဲ့ ဖမ်းဆီးခံရတာ တွေလည်း ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် တလတာအတွင်းမှာပဲ စစ်ကော်မရှင် တပ်စခန်းတွေကို ၁၄ ကြိမ် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး၊ အဲ့ဒီထဲက စခန်း ၁၀ ခုကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
—————————————
၄။စလင်းမြို့နယ်အတွင်း စကစ ဒရုန်းတပ်ဖွဲ့ကို FPV ဒရုန်းနဲ့တန်ပြန်တိုက်ခိုက်မှု စစ်ဗိုလ်အပါအဝင် စစ်သားအချို့ ဒဏ်ရာရ
====================
m.CDM၊ အောက်တိုဘာ ၂၁
မကွေးတိုင်း စလင်းမြို့နယ်အတွင်း ယာယီစခန်းချနေတဲ့ စစ်တပ်နဲ့ စကစ ဒရုန်းတပ်ဖွဲ့ကို FPV ဒရုန်းနဲ့ တန်ပြန်တိုက်ခိုက်ခဲ့ရာမှာ စစ်ဗိုလ်တဦးနဲ့ ဂျန်ဘာကိုင်တဲ့စစ်သားတဦးအပါအဝင် စစ်သားအချို့ ဒဏ်ရာရသွားတယ်လို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းက အောက်တိုဘာ ၂၁ မှာ ထုတ်ပြန်ပါတယ်။
စလင်းမြို့နယ် မြေနီကုန်းရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စကစဒရုန်းအဖွဲ့တဖွဲ့ ယာယီစခန်းချနေ တယ်လို့ သိရတဲ့အတွက် မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းက မနေ့ အောက်တိုဘာ ၂၀ ရက် မနက် ၆နာရီမှာ သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဘက်က အရာရှိတဦးတဲ့ အင်အား ၂၅ ဦးအပြင် ပြည်သူ့ကာကွယ်ရေးတပ်တွနဲ့ ဒေသနေ ပြည်သူတွေကို တိုက်ခိုက်နေတဲ့ စစ်တပ်ဒရုန်းတပ်ဖွဲ့ကို မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းနဲ့ တပ်ရင်းဒရုန်းတပ် ဖွဲ့က FPV ဒရုန်းကိုအသုံးပြုပြီး ရှာဖွေတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒီမစ်ရှင်ကို ဖော်ဆောင်ခဲ့တဲ့ မင်းဘူးခရိုင်စစ်ဌာန မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းနဲ့ တပ်ရင်းဒရုန်းတပ်ဖွဲ့ ဘက်ကထိခိုက်မှုမရှိ အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
———————————
၅။မော်လိုက်ကလေးအကျဉ်းထောင်မှာ အာဟာရပြတ်လပ်မှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရှိတာကြောင့် အခုနှစ်အတွင်း အကျဉ်းသား ၇ ဦး သေဆုံးခဲ့
=====================
m.CDM၊ အောက်တိုဘာ ၂၁
စစ်ကိုင်းတိုင်း ကလေးမြို့ မော်လိုက်ကလေးအကျဉ်းထောင်အတွင်း အဟာရပြတ်လပ်မှုနဲ့ ကျန်းမာရေးစောင့် ရှောက်မှုမရှိတာကြောင့် အခုနှစ်ထဲမှာ အိန္ဒိယနိုင်ငံသား ဂေါ်ရခါးလူမျိုးတဦးအပါအဝင် အကျဉ်းသား ၇ ဦး သေဆုံးခဲ့ရတယ်လို့ ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီက အောက်တိုဘာ ၂၁ မှာ ထုတ်ပြန်ပါ တယ်။
မော်လိုက်ကလေးအကျဉ်းထောင်မှာ အကျဉ်းသားတွေ အာဟာရပြတ်လပ်စေတာမျိုးဖြစ်အောင် စနစ်တကျ လုပ်ထားတာ၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုံလုံလောက်လောက်မပေးတာနဲ့ အကျဉ်းထောင် အာဏာပိုင်တွေရဲ့ လာဘ်ပေးလာဘ်ယူမှုတွေကြောင့် အကျဉ်းသားတွေ အသက်အန္တရာယ်ထိခိုက်တဲ့အထိ ဆုံးရှုံးနေရတယ်လို့ ဆိုပါတယ်။
လူဝင်မှုကြီးကြပ်ရေး လ.ဝ.က ဥပဒေနဲ့ ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းမှာ ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၆ လ ကျခံခဲ့ရ တဲ့ အိန္ဒိယနိုင်ငံသား ဂေါ်ရခါးလူမျိုး Buskal Khan (ခေါ်) Busket ဟာ သတ်မှတ်ပြစ်ဒဏ်ပြည့်ပြီး လွတ်ရက် စေ့သွားပေမယ့် အကျဉ်းထောင် အိပ်ဆောင် ၃ အချုပ်ဆောင်မှာ ဆက်ပြီး ဖမ်းဆီးချုပ်နှောင်ခံခဲ့ရတယ်လို့ သိရပါတယ်။
မိသားစုနဲ့အဆက်အသွယ်ပြတ်နေပြီး သတ်သတ်လွတ်သမားဖြစ်တဲ့ အဲဒီနိုင်ငံခြားသားအကျဉ်းသားဟာ ထောင်တွင်း အာဟာရပြတ်လပ်ပြီး ကျန်းမာရေးဆိုးရွားလာပေမယ့် အကျဉ်းထောင်အာဏာပိုင်တွေက နှစ်လကျော်ကြာတဲ့အထိ အစားထိုးဖြည့်စွက်စာနဲ့ သင့်တော်တဲ့ဆေးဝါးကုသခွင့်မပေးတဲ့အပြင် ပြင်ပဆေးရုံ ပို့ဆောင်ကုသခွင့်ပါ ငြင်းပယ်ခဲ့တာကြောင့် အခုနှစ် အောက်တိုဘာ ၅ ရက် မနက် ၅ နာရီမှာ သေဆုံးခဲ့ရ တယ်လို့ ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကလေးအကျဉ်းထောင်မှာ အာဟာရပြတ်လပ်မှုနဲ့ ရိက္ခာခေါင်းပုံဖြတ်ခံရမှု၊ ဖိနှိပ်မှုနဲ့ အကြမ်းဖက်မှု၊ လာဘ်ပေးလာဘ်ယူစနစ်နဲ့ ကျန်းမာရေးစောင့်ရှောက်ခွင့် ငြင်းပယ်ခံရမှုတွေဖြစ်နေတယ်လို့လည်း ထုတ်ပြန်ချက်က အသိပေးထားပါတယ်။
မိသားစုနဲ့ အဆက်အသွယ်မရှိတဲ့ အကျဉ်းသား အကျဉ်းသူတွေဟာ ထောင်ကပေးတဲ့ ပဲအနှစ်ကျဲ၊ ကန်စွန်းရွက်ပြုတ်အရည်ကျဲနဲ့ ရိက္ခာမလုံလောက်မှုတွေကြောင့် အာဟာရပြတ်လပ်တဲ့ရောဂါတွေကို ဆိုးဆိုးရွားရွား ခံစားနေကြရတာပါ။
အဲဒီလိုပဲ အိပ်ဆောင် ၃ တာဝန်ခံ ဗိုလ်ကြီးကျော်ထက်ဦးအပါအဝင် အာဏာပိုင်တွေရဲ့ လာဘ်ပေးလာဘ်ယူမှု၊ အကျဉ်းသားတွေအပေါ် ဖိနှိပ်မှုနဲ့ ရိုက်နှက်မှုတွေ အဆမတန်မြင့်တက်နေတယ်လို့လည်း သိရပါတယ်။
————————
၆။အဓမ္မ တပ်သားစုဆောင်းတာနဲ့ အတင်းအကျပ် ပျောက်ကွယ်စေတာတွေကို အကြမ်းဖက်စစ်အုပ်စုက လက်နက် တစ်ခုအဖြစ် စနစ်တကျ အသုံးပြုနေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း တင်ပြ၊အမျိုးသမီးနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများကိုလည်း အထူးပစ်မှတ်ထား ဖိနှိပ်နေတယ် ဟုဆို
=====================
m.CDM အောက်တိုဘာ ၂၁ ရက်။
အကြမ်းဖက် စစ်တပ်ဟာ ၎င်းတို့ကိုဆန့်ကျင်တဲ့ ပြည်သူလူထုအား ဖိနှိပ်ရန်နဲ့ ပြည်သူများရဲ့ စိတ်ဓါတ်ကြံခိုင်မှုကို ချိုးဖျက်ရန်အတွက် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်တဲ့ အတင်းအကျပ် ပျောက်ကွယ်စေခြင်း နည်းလမ်းကို လက်နက်တစ်ခုအဖြစ် စနစ်တကျ အသုံးပြုနေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ် စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
အောက်တိုဘာလ ၂၀ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ၊ တတိယကော်မတီရဲ့ ဆွေးနွေးပွဲ ၂ ခုမှာ အတင်းအကျပ် ပျောက်ကွယ်စေခြင်းနဲ့ အဓမ္မ စစ်သားစုဆောင်းတာတွေကို စစ်အုပ်စုက အကြောက်တရား သွတ်သွင်းဖို့နဲ့ ငွေညှစ်ဖို့ လက်နက်တစ်ခုအဖြစ် အသုံးချနေတယ်လို့ သံအမတ်ကြီးက ပြောကြားခဲ့တာပါ။
ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်တာ၊ ညှင်းပန်းနှိပ်စက်တာနဲ့ အတင်းအကျပ် ပျောက်ကွယ်စေခြင်း တို့ဟာ စစ်အုပ်စုက ပုံမှန် အသုံးပြုနေတဲ့ နည်းလမ်းများဖြစ်ပြီး၊ ဖမ်းဆီးခံရသူတွေဟာ စစ်ကြောရေး စခန်းများမှာ ပြင်ပနဲ့ အဆက်အ သွယ် ဖြတ်တောက်ခံထားရကာ၊ မိသားစုဝင်တွေ အနေနဲ့ သတင်းအစအန မရရှိကြဘူးလို့ ဆိုပါတယ်။
လူငယ်တွေဟာလည်း ပေါ်တာဆွဲခံရမှာစိုးတာကြောင့် ပြည်တွင်းမှ ထွက်ခွာတိမ်းရှောင်နိုင်မယ့် နည်းလမ်းအစုံကို ရှာဖွေနေရသလို စစ်အုပ်စုက ချဲ့ထွင်နေတဲ့ အွန်လိုင်းလိမ်လည်မှုတွေနဲ့ လူကုန်ကူးခံရမယ့် အန္တရာယ်တွေနဲ့ ရင်ဆို င်နေရတယ်လည်း သိရပါတယ်။
စစ်ကော်မရှင်ဟာ အဆင့်မြင့်ဒစ်ဂျစ်တယ် ထောက်လှမ်းရေးနည်းပညာတွေကို အလွဲသုံးစားလုပ်ပြီး ပြည်သူတွေ ကို ခြေရာခံခြိမ်းခြောက်နေသလို၊ အမျိုးသမီး တက်ကြွလှုပ်ရှားသူတွေကိုလည်း အွန်လိုင်းကနေ ကျားမအခြေပြု အရှက်ရအောင် စော်ကားပြီး စိတ်ဓာတ်ချိုးဖျက်နေတယ်လို့ ပြောပါတယ်။
ဒါ့ကြောင့်လည်း နိုင်ငံတကာ အနေနဲ့ စစ်အုပ်စုရဲ့ လိမ်လည်မှုတွေကို ပြင်းပြင်းထန်ထန် ငြင်းပယ်ဖို့၊ မြန်မာ့အရေး ကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) ဆီ လွှဲပြောင်းဖို့နဲ့ နိုင်ငံရေး၊ စစ်ရေး နဲ့ ဘဏ္ဍာရေး ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ချက်ချင်း ပြတ်ပြတ်သားသား ချမှတ်ဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။
----------------------
၇။မင်္ဂလာတောင်ညွန့်မှာ နေအိမ်တစ်လုံး ဓါးပြတိုက်ခံရပြီး လူငယ် ၁ ဦးသေဆုံးကာ အဒေါ်ဖြစ်သူ စိုးရိမ်ရ၊ပခုက္ကူမှာ စတိုးဆိုင် တစ်ဆိုင် ၃ ကြိမ်မြောက် ဓါးပြတိုက်ခံရပြီး ကလေးငယ်နဲ့ အမျိုးသမီး ၁ ဦး ဒဏ်ရာရ
===================
m.CDM အောက်တိုဘာ ၂၁ ရက်။
ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်မှာ စတိုးဆိုင်နဲ့ တွဲဖွင့်ထားတဲ့ နေအိမ် တစ်လုံး ဓါးပြ တိုက်ခံရပြီး လူငယ် တစ်ဦး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၂၁ ရက်၊ မနက် ၁ နာရီခွဲကျော်ခန့်မှာ အမျိုးသား ၃ ဦးပါတဲ့ ဓါးပြအဖွဲ့က အိမ်နောက်ဖေး သံပန်းကိုဖြတ်ပြီး ဝင်ရောက်လာချိန်မှာ အောက်ထပ်ကို ဆင်းလာတဲ့ လူငယ်ကို ဓါးနဲ့ ထိုးသတ်ခဲ့တာလို့ ဆိုပါတယ်။
ဓါးနဲ့ထိုးခံရတာကြောင့် ဂျပန်နိုင်ငံမှာ အလုပ်သွားလုပ်ဖို့ ပြင်ဆင်နေတဲ့ အသက် ၂၄ နှစ်အရွယ် လူငယ်ဟာ နေရာ မှာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီအချိန်မှာ ဆင်းလာတဲ့ အဒေါ်ဖြစ်သူကိုလည်း ဓါးနဲ့ ထပ်ထိုးခဲ့ကြပြီး၊ ဒဏ်ရာပြင်းထန်ကာ ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်မှာ စိုးရိမ်ရတဲ့ အခြေအနေနဲ့ အရေးပေါ် ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ အဆိုပါ ဓါးပြတိုက် လူသတ်မှု ကျူးလွန်ခဲ့သူ ၃ ဦးထဲက ၁ ဦးကို ဖမ်းဆီးရမိထားပြီး၊ လွတ်မြော က်နေတဲ့ ကျန် ၂ ဦးကိုတော့ ဆက်လက် လိုက်လံရှာဖွေနေတယ်လို့ သိရှိရပါတယ်။
အလားတူ မကွေးတိုင်း၊ ပခုက္ကူမြို့၊ စက်မှုဇုံ (၆) လမ်းက တိုးတိုးရှိန် စတိုးဆိုင်ကို အောက်တိုဘာလ ၂၀ ရက်နေ့၊ နေ့လယ် ၂ နာရီမှာ လက်နက်ကိုင် လူတစ်စုက ဝင်ရောက် ဓားပြတိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်္ကျီအနက်တွေ ဝတ်ထားပြီး သေနတ်ကိုယ်စီ ကိုင်ဆောင်ထားတဲ့ အသက် ၂၀ အရွယ် လူ ၅ ဦးဟာ ဆိုင်ကယ် ၂ စီးနဲ့ ရောက်လာကာ ဆိုင်ရှင်အမျိုးသမီးကို ဖမ်းဆီးပြန်ပေးဆွဲဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။
ထိုသို့ ဖမ်းဆီးချိန်မှာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ကလေးငယ်ရဲ့ ညာဘက် ခြေထောက်နဲ့ မိခင်ဖြစ်သူရဲ့ လက်တွေမှာ ပြတ်ရှဒဏ်ရာတွေ ရသွားတဲ့အပြင်၊ Kpay နဲ့ Wave pay အသုံးပြုတဲ့ လက်ကိုင်ဖုန်း တစ်လုံးကိုလည်း လုယက် သွားတယ်လို့ သိရပါတယ်။
အဆိုပါ စတိုးဆိုင်ဟာ ၃ ကြိမ်မြောက် အနုအကြမ်းစီးခံရတာ ဖြစ်ပြီး၊ ပထမအကြိမ်မှာ ကား ၁ စီး၊ ဖုန်း ၅ လုံးနဲ့ ငွေတွေ ပါသွားတဲ့အပြင် ဆိုင်ရှင်ရဲ့ မောင်ဖြစ်သူ သေနတ်နဲ့ ပစ်ခံခဲ့ရသလို၊ ဒုတိယအကြိမ်မှာလည်း အမေဖြစ်သူ ပြန်ပေးဆွဲခံလိုက်ရတာကြောင့် ကျပ်သိန်း ၅၀၀ နဲ့ ပြန်ရွေးခဲ့ရတယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းမှာ တရားဥပဒေစိုးမိုးရေး ပျက်ယွင်းနေပြီး၊ ခိုးဆိုးလုယက်မှု တွေနဲ့ အနုကြမ်းစီး လူသတ်မှုတွေနဲ့ ပြန်ပေးဆွဲတာတွေ နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။
ဒီနေ့အတွက် m.CDM ပြည်တွင်းသတင်း အစီအစဉ် ဒီမှာပဲ ရပ်နားခွင့်ပြုပါရှင်/ခင်ဗျာ၊အခုတင်ပြပေးခဲ့တဲ့သတင်းတွေကို ကိုသစ်နှင့်လူလေးတို့က ပေးပို့ခဲ့တာဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းတွေအတွက် ကျတော်/ကျမတို့ရဲ့ Channel ကို ကျေးဇူးပြုပြီး Subscribe လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်/ခင်ဗျာ။

No comments:
Post a Comment