၂၅ - ၁၀ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )
မင်္ဂလာပါရှင်/ခင်ဗျာ အခုချိန်ကစပြီး m.CDM ရဲ့ ပြည်တွင်းသတင်းများကို ဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီကနေ့မှာတင်ပြပေးမယ့်သတင်းတွေကတော့
၁။ကန့်ဘလူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် မိသားစုဝင် ၅ ဦးသေဆုံး
၂။မြိုင်မှာ စစ်ကော်မရှင်က ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၃ ဦး ပွဲချင်းပြီး သေဆုံး၊စစ်တွေမှာ အထိနာနေတဲ့ စစ်တပ်က ပေါက်တောကို ဗုံးကြဲ ပြည်သူ ၉ ဦး ဒဏ်ရာရ၊
၃။အမှတ် ၇၂ သံချပ်ကာတပ်ရင်းက ဒုတိယစစ်ဆင်ရေးကွပ်ကဲမှူး ဗိုလ်မှူးကြီး ဇော်မျိုးတင့်ကို တပ်တွင်းသတင်းပေးမှု ကြောင့် ဖမ်းဆီးနိုင်ခဲ့တာလို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ဆို
၄။ရန်ကုန်မှာ ပေါ်တာဆွဲ ဖမ်းဆီးမှု များပြားနေချိန်တွင် လူငယ် ၆ ဦး ဆက်တိုက်ပျောက်ဆုံး၊မုံရွာမှာလည်း လူငယ် ၂၀ ကျော်ကို စစ်အုပ်စု ပေါ်တာဆွဲ၊ စတဲ့ သတင်းအပါအဝင် တခြား သတင်းအကြောင်းအရာတွေကိုပါ တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။
အခုပထမဆုံးအနေနဲ့

=====================
m.CDM၊အောက်တိုဘာ ၂၄
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်းက ထန်းတောရွာနဲ့ ချောင်းသာရွာကို အာဏာသိမ်းအကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် မိသားစုဝင် ၅ ဦး သေဆုံးခဲ့ရတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က အောက်တိုဘာ ၂၄ မှာ ထုတ်ပြန်ပါတယ်။
ကန့်ဘလူမြို့နယ် မလယ်တိုက်နယ်အတွင်းမှာရှိတဲ့ ထန်းတောရွာအနီးက တဲတိုက်တွေကို မိတ္ထီလာလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာတစင်းက မနေ့ အောက်တိုဘာ ၂၃ ရက် ညနေ ၆ နာရီ ၁၅ မိနစ်ခန့်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားတာကြောင့် အပြစ်မဲ့ အရပ်သားပြည်သူတွေသေဆုံးရတာလို့ အသိပေးပါတယ်။
တိုက်ခိုက်မှုအတွင်း တောင်ယာတဲပေါ် ဗုံးကျရောက်ပေါက်ကွဲခဲ့တာကြောင့် မိသားစုဝင် ၅ ဦးစလုံး နေရာမှာတင် သေဆုံးခဲ့ပြီး ၄ ဦး ပြင်းထန်ဒဏ်ရာ ရသွားတယ်လို့ သိရပါတယ်။
အဲဒီနေ့ ညနေ ၆ နာရီ ၅၀ မိနစ်လောက်မှာလည်း မကွေးကနေတက်လာတဲ့ ဂျက်ဖိုက်တာက ချောင်းသာရွာဘက်ကို လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ထပ်လုပ်ခဲ့ခဲ့ရာတော့ အရပ်သားပြည်သူ ထိခိုက်မှုမရှိပေမယ့် နွား ၂ ကောင်သေသွား တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကန့်ဘလူမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာနေပြည်သူတွေဟာ လေကြောင်းတိုက်ခိုက်ခံရမယ့်အန္တရာယ်ကို စိုးရိမ်တာနဲ့ တောင်ယာလုပ်ငန်း လုပ်ကိုင်ချိန်ဖြစ်တာကြောင့် ရွာထဲမှာမနေဘဲ တောင်ယာတွေမှာတဲထိုးပြီး မိသားစုလိုက် နေထိုင်လေ့ရှိတာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အာဏာသိမ်းအကြမ်းဖက်စစ်တပ်ဟာ ရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး ကျေးရွာ၊ဘုရားကျောင်းကန်နဲ့ စာသင် ကျောင်းတွေကို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အကြိမ်ကြိမ်ပြုလုပ်နေတာကြောင့် သီတင်းကျွတ် အခါသမယအချိန်မှာ မိဘပြည်သူများအနေနဲ့ လူစုလူဝေးမလုပ်ကြဖို့နဲ့ လေကြောင်းအသိ လေကြောင်းသတိနဲ့ ဂရုတစိုက်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းနှိုးဆော်ထားပါတယ်။
———————————

===================
m.CDM အောက်တိုဘာ ၂၄ ရက်။
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တောင်ရိုးကျေးရွာ အနီးတဝိုက်ကို အကြမ်းဖက် စစ်တပ်က ဂျိုင်ရိုကော်ပတာ ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက် ခဲ့တာကြောင့် ပြည်သူ ၃ ဦး နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၂၄ ရက်၊ မနက် ၁၀ နာရီခန့်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တောင်ယာလုပ်ငန်း လုပ်ကိုင်နေသူ တွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ အညာမြေတပ်ပေါင်းစု အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဗုံးသီးတွေဟာ နေအိမ် တစ်လုံးအပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး၊ အသက် ၆၀ အရွယ် အမျိုးသား ၁ ဦး၊ အသက် ၃၀ ကျော်အရွယ် ချွေးမဖြစ်သူနဲ့ အသက် ၄၀ ဝန်းကျင်ရှိ ဧည့်သည် အမျိုးသား ၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ထို့အပြင် နေအိမ်အတွင်းရှိ ၁၀ လသားအရွယ် ကလေးငယ် ၁ ဦး အပါအဝင် ကလေး ၃ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေရတယ်လို့ သိရှိရပါတယ်။
အလားတူ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နဲ့ ငပြီကျွန်း တိုက်ပွဲတွေမှာ အထိနာနေတဲ့ စစ်ကော်မရှင် တပ်ဟာ တိုက်ပွဲနဲ့ အလှမ်းဝေးတဲ့ ပေါက်တောမြို့နယ်ထဲက လူနေကျေးရွာတွေကို Y-12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
အောက်တိုဘာလ ၂၄ ရက်၊ မနက် ၆ နာရီဝန်းကျင်မှာ သဝင်ချောင်းရွာ နဲ့ အဝကန်ရွာ တို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး၊ သဝင်ချောင်းရွာက ၇ ဦးနဲ့ အဝကန်ရွာက ၂ ဦး စုစုပေါင်း ပြည်သူ ၉ ဦး ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီကျေးရွာတွေဟာ တိုက်ပွဲဖြစ်နေတဲ့ ငပြီကျွန်းနဲ့ ၄ မိုင်လောက်ဝေးပြီး ဒေသခံတွေနဲ့ စစ်ရှောင်တွေ နေထိုင်ကြ တဲ့ ရွာတွေ ဖြစ်တယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၂၃ ရက်(မနေ့က) မနက်ပိုင်းမှာလည်း စစ်တွေမြို့ပေါ်ကို စစ်ကော်မရှင်တပ်က Y-12 လေယာဉ် နဲ့ ဗုံး ၂ လုံး ကြဲချခဲ့တာကြောင့် ပြည်သူ ၉ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။
စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စက်တင်ဘာလ ၄ ရက်နေ့ ကနေ အောက်တိုဘာလ ၂၄ ရက်နေ့ အထိ တစ်လကျော်အတွင်း ရခိုင်ဒေသမှာ အရပ်သားပြည်သူ ၁၀၆ ဦး သေဆုံးခဲ့ပြီး ၁၈၆ ဦးထပ်မနည်း ဒဏ်ရာရ ခဲ့တယ်လို့ အချက်အလက်တွေအရ သိရှိရပါတယ်။
---------------------------
၃။မြိတ်-ထားဝယ် လမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်၊မြဝတီတောင်ပိုင်းမှာ တိုက်ပွဲပြန်ဖြစ်နေပြီး စစ်ကော်မရှင်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် စစ်ရှောင် ၁ ဦး သေဆုံး
========================
m.CDM အောက်တိုဘာ ၂၄ ရက်။
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ် လမ်းပိုင်းမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေး တပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အောက်တိုဘာ ၂၄ ရက်၊ နေ့လယ်ပိုင်းက စတင်ကာ တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပြီး၊ တိုက်ပွဲအတွင်း အထိနာ နေတဲ့ စစ်အုပ်စုဟာ တံခွန်တိုင် (ရွာဟောင်း)၊ ဘုတ်တောင်၊ ကမြိုင်ရွာ နဲ့ သိမ်ကုန်းရွာ တွေကို ဆက်တိုက် ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ဗုံးကြဲ တိုက်ခိုက်မှုတွေအတွင်း ပြည်သူတွေ ထိခိုက်မှု ရှိ/မရှိကို အတည်မပြုနိုင်သေးဘဲ ဖုန်းလိုင်းတွေပါ ပြတ်တောက်နေတာကြောင့် ဒေသခံတွေဟာ ရွာလုံးကျွတ် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ သိရှိရပါတယ်။
အလားတူ ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်က မင်းလက်ပံနဲ့ ဖလူးရွာတွေဘက်မှာ ယခုရက်ပိုင်းအတွင်း စစ်ကော်မရှင်တပ်နဲ့ KNU ပူးပေါင်းတပ်တွေအကြား တိုက်ပွဲ ပြန်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ သဲဖြူချောင်းရွာဘက်ကို စစ်ကြောင်းထိုးလို့ မရတဲ့အတွက် ဖလူးနဲ့ မင်းလက်ပံဘက်ကို ပြန်လည် ထိုးစစ်ဆင်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အောက်တိုဘာလ ၂၁ ရက်၊ ညပိုင်းကလည်း ဖလူးကြီးရွာကို စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် အိ မ်စောင့်ကျန်နေတဲ့ အသက် ၄၀ ကျော်အရွယ် စစ်ရှောင် ပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး၊ နောက်ထပ် ၁ ဦးလည်း ဒဏ် ရာရခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အောက်တိုဘာလ ၂၃ ရက် ညပိုင်းမှာလည်း တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်၊ မဲ့ကိုကင်း ရွာထဲကို လက်နက်ကြီး ၄ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
လက်နက်ကြီး ပေါက်ကွဲမှုကြောင့် အမျိုးသမီး တစ်ဦး ဒဏ်ရာအနည်းငယ် ရရှိခဲ့ပြီး၊ နေအိမ်တွေ ထိခိုက်ပျက်စီးမှု ရှိခဲ့တာကြောင့် ထိုင်းစစ်တပ်က နယ်စပ်မှာ လုံခြုံရေး တိုးမြှင့်ချထားတယ်လို့ သိရပါတယ်။
လက်ရှိ မင်းလက်ပံနဲ့ ဖလူးဒေသဘက်ကို စစ်အုပ်စုရဲ့ လေယာဉ်တွေနဲ့ ဒရုန်းတွေ အမြဲပျံဝဲနေတာကြောင့် ဒေသခံ တွေ ပြန်မနေရဲဘဲ တိမ်းရှောင်နေရပြီး၊ စစ်ရှောင် စခန်းတွေမှာလည်း အထောက်အပံ့ နည်းပါးလာလို့ အခက်အခဲ ကြုံနေရတယ်လို့ သိရှိရပါတယ်။
-----------------------
၄။အမှတ် ၇၂ သံချပ်ကာတပ်ရင်းက ဒုတိယစစ်ဆင်ရေးကွပ်ကဲမှူး ဗိုလ်မှူးကြီး ဇော်မျိုးတင့်ကို တပ်တွင်းသတင်းပေးမှု ကြောင့် ဖမ်းဆီးနိုင်ခဲ့တာလို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ဆို
====================
m.CDM၊ အောက်တိုဘာ ၂၄
အမှတ် ၇၂ သံချပ်ကာတပ်ရင်းက ဒုတိယစစ်ဆင်ရေးကွပ်ကဲမှူး ဗိုလ်မှူးကြီး ဇော်မျိုးတင့်ဟာ လက်အောက်ခံတပ် ဖြစ်တဲ့ အုန်းတော ၆၀၀၅ အမြောက်တပ်ရင်းက တပ်ရင်းမှူးနဲ့လက်အောက်ငယ်သားတွေ ဂိတ်ဖွင့် ဆက်ကြေးကောက် အကျင့်ပျက်ခြစားနေတာတွေကို သွားရောက်စစ်ဆေးခဲ့ပြီး စစ်ကိုင်းမြို့ တပ်မ ၃၃ ကို သွားတဲ့အချိန် စစ်ကိုင်း ကံတလူ စကမစစ်ဆေးရေးဂိတ်အနီးမှာပဲ တော်လှန်ရေးတပ်ရဲ့ ဖမ်းဆီးတာ ခံလိုက်ရတာဖြစ်ပါတယ်။
ဗိုလ်မှူးကြီး ဇော်မျိုးတင့်ကို ဖမ်းဆီးရမိချိန်မှာ MA-5 MK II 9 mm ပစ္စတိုသေနတ်တလက်၊ ကျည်အိမ် ၂ ခု၊ လိုင်စင်၊ ATM ကတ်တခု၊ လက်ကိုင်ဖုန်းတလုံး၊ ဝန်ထမ်းကတ်တခု သိမ်းဆည်းရရှိခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က အသိပေးပါတယ်။
ဖမ်းဆီးရမိထားတဲ့ ဗိုလ်မှူးကြီး ဇော်မျိုးတင့်ကို သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းတွေဆီ အဆင့်ဆင့် လွှဲပြောင်း ပေးအပ်နိုင်ဖို့ ပြင်ဆင်နေချိန် အောက်တိုဘာ ၁၉ ရက်နေ့မှာ အာဏာသိမ်းစစ်တပ်က စစ်ကိုင်းမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာအချို့ကို ခြေလျင် စစ်ကြောင်းတွေပို့ဆောင်ခဲ့သလို ဝေဟင်ကလည်း ပစ်ကူပေးတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ တယ်လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။
အခုလို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးလာအတွက် မြေပြင်အခြေအနေ ရှုပ်ထွေးနေချိန်မှာ ဗိုလ်မှူးကြီး ဇော်မျိုးတင့်က တော်လှန်ရေးရဲဘော်တွေကိုင်ထားတဲ့လက်နက်ကို လုယူပြီး ထွက်ပြေးဖို့ ကြိုးပမ်းတဲ့အတွက် တော်လှန်ရေးရဲဘော်တွေ ပြန်လည်ပစ်ခတ်ဖမ်းဆီးရာက အခင်းဖြစ်နေရာမှာပဲ သေသွားတယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်ကြောင့် စစ်ကိုင်းမြို့နယ်အတွင်းက စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးတာတွေ ဆက်တိုက်လုပ်နေတဲ့ အတွက် မိဘပြည်သူများအနေနဲ့ စစ်ရေးသတိနဲ့ သွားလာနေထိုင်ကြဖို့ လိုအပ်ပါတယ်။
———————————
၅။မိသားစုနဲ့ပုံမှန်ဆက်သွယ်ခွင့်၊ ဆေးကုသခွင့် စတဲ့ အာမခံချက်မရသေးတဲ့အတွက် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆက်ပြီး တောင်းဆိုပေးကြဖို့ သားဖြစ်သူ ပန်ကြား
=====================
m.CDM၊ အောက်တိုဘာ ၂၄
အကြမ်းဖက်စစ်တပ်က မတရားဖမ်းဆီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံမှန်ဆက်သွယ်ခွင့်မရှိ၊ ဆေးကုသခွင့် အာမခံချက်မရသေးဘဲ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်ခံထားရဆဲဖြစ်တာမို့ မိခင်ဖြစ်သူ လွတ်မြောက်ရေး ဆက်ပြီး တောင်းဆိုပေးကြဖို့ သားဖြစ်သူ ကိုထိန်လင်း ခေါ် ကင်မ် အဲရစ်က ပန်ကြားလိုက်ပါတယ်။
မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ငါးနှစ် ကျော်ကြာပြီးနောက် ပထမဆုံးအကြိမ်အနေနဲ့ မိနစ် ၂၀ ခန့် ဖုန်းပြောခွင့် ရခဲ့ပေမယ့် မိသားစုနဲ့ ပုံမှန်ဆက်သွယ်ခွင့်နဲ့ လွတ်လပ်တဲ့ ဆေးဘက်ဆိုင်ရာ စစ်ဆေးကုသခွင့်အတွက် အာမခံချက်မရ သေးတဲ့အတွက် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ချက်ချင်း လွတ်မြောက်ရေး ဆက်ပြီး တောင်းဆိုပေးကြဖို့ သားဖြစ်သူ ကိုထိန်လင်း ခေါ် ကင်မ် အဲရစ်က အောက်တိုဘာ ၂၄ မှာ ပန်ကြားလိုက်တာပါ။
ငါးနှစ်ကျော်ကြာပြီးမှ မေမေ့အသံကို ပြန်ကြားခွင့်ရတာ ကျွန်တော့်အတွက် အင်မတန် တန်ဖိုးရှိပါတယ်။ ဒါပေမဲ့ မေမေ့ရဲ့ အခြေအနေက မပြောင်းလဲသေးပါဘူး လို့ ကင်မ် အဲရစ်က ပြောပါတယ်။
လက်ရှိအချိန်မှာ မိခင်ဖြစ်သူအနေနဲ့ အစောင့်အကြပ်တွေနဲ့ မြင့်မားတဲ့ ခြံစည်းရိုးတွေကြားမှာ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ဖြတ်တောက်ခံထားရဆဲဖြစ်ပြီး ရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်းစာတွေကို ကြည့်ရှုခွင့် ဖတ်ရှုခွင့်မရှိတဲ့အပြင် ပြင်ပဧည့်သည်တွေနဲ့လည်း တွေ့ဆုံခွင့်မရှိသေးဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သူရောက်နေတဲ့နေရာကို အတိအကျမသိရတဲ့အခြေအနေလို့ လည်း အသိပေးထားပါတယ်။
အခုလို မိခင်ဖြစ်သူနဲ့ စကားပြောခွင့်ရရှိအောင် ကူညီပေးခဲ့သူတွေအားလုံးကို ကင်မ် အဲရစ်က ကျေးဇူးတင်စကား ဆိုထားပြီး “FREE HER” လှုပ်ရှားမှုမှာ ပါဝင်ပေးကြဖို့နဲ့ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံး ခြွင်းချက်မရှိ ချက်ချင်းလွတ်မြောက်ရေး ဆက်လက်တောင်းဆိုပေးကြဖို့ ပန်ကြားထားပါတယ်။
——————————
၆။ရန်ကုန်မှာ ပေါ်တာဆွဲ ဖမ်းဆီးမှု များပြားနေချိန်တွင် လူငယ် ၆ ဦး ဆက်တိုက်ပျောက်ဆုံး၊မုံရွာမှာလည်း လူငယ် ၂၀ ကျော်ကို စစ်အုပ်စု ပေါ်တာဆွဲ၊
==================
m.CDM အောက်တိုဘာ ၂၄ ရက်။
ရန်ကုန်မြို့မှာ စစ်မှုထမ်းပေါ်တာဆွဲတာတွေ များပြားနေချိန်မှာ လူငယ်တွေ ဆက်တိုက်ဆိုသလို အဆက်အသွယ် ပြတ်တောက် ပျောက်ဆုံးနေသလို မုံရွာမှာလည်း အလုပ်သွားအလုပ်ပြန် လူငယ် ၂၀ ကျော်ကို စစ်ကော်မရှင်တပ် က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၂၃ ရက်နေ့က မြောက်ဥက္ကလာပ ကနေ လှည်းကူး မြို့နယ်ဘက် အလုပ်သွားလုပ်တဲ့ အသက် ၃၀ အရွယ် ကိုဖြိုးပိုင်ဦး၊ ၂၇ နှစ်အရွယ် ကိုဉာဏ်လင်းဖြိုး၊ ၁၈ နှစ်အရွယ် ဝိုင်းသူဟိန်း တို့ ၃ ဦးဟာ ဖုန်းစက်ပိတ် သွားပြီး အဆက်အသွယ် ပြတ်တောက်နေတယ်လို့ ဆိုပါတယ်။
အလားတူ အောက်တိုဘာလ ၂၁ ရက်၊ နေ့လယ် ၁ နာရီခန့်မှာလည်း ဗဟန်းမြို့နယ် ဘက်ကို ပတ်စ်ပို့ကိစ္စ စုံစမ်းဖို့ သွားတဲ့ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ် က ကိုဝေဇင်အောင် ဟာလည်း နေအိမ်ကို ပြန်မရောက်လာဘဲ ပျောက်ဆုံး နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် အောက်တိုဘာလ ၁၈ ရက်၊ မနက်ပိုင်းက သူငယ်ချင်းတွေနဲ့ တွေ့ဖို့ ထွက်သွားတဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇန ဥယျာဉ်မြို့တော်က ကိုပြည့်ဖြိုးအောင် နဲ့ အောက်တိုဘာ ၁၇ ရက်၊ ညပိုင်းက ဗဟန်းမြို့နယ်မှာ တက္ကစီငှား စီးခဲ့တဲ့ ကိုဇွန်နိုး တို့ဟာလည်း အခုအချိန်ထိ အဆက်အသွယ် မရသေးဘူးလို့ သိရှိရပါတယ်။
အလားတူ စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်မှာလည်း ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့က စူပါပါဝါ လျှပ်စစ်ပစ္စည်း ဆိုင်က ဝန်ထမ်းတွေ အပါအဝင် အလုပ်သွား အလုပ်ပြန် လူငယ် ၂၀ ကျော်ကို အကြမ်းဖက် စစ်တပ်က ရိုက်နှက် ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေဟာ အသက် ၁၈ နှစ်ကနေ ၂၅ နှစ်ကြားရှိ လူငယ်တွေ ဖြစ်ကြပြီး၊ အသက် ၃၅ နှစ်နဲ့ အထက် အရွယ်တွေကိုတော့ ကားပေါ်ကနေ ပြန်ဆင်းခိုင်းခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ဖမ်းဆီးခံထားရတဲ့ လူငယ်တွေကို မိသားစုနဲ့ တွေ့ခွင့် မပေးသေးဘဲ အမှတ် (၃၃) ခြေမြန်တပ်မ ဌာနချုပ်ထဲကို ပို့ဆောင်ထားတယ်လို့ သိရှိရပါတယ်။
———————————————
၇။ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၉၄၂၄) ရဲ့ ၃ နှစ်ပြည့် အခမ်းအနား ကျင်းပ
==================
m.CDM အောက်တိုဘာ ၂၄ ရက်။
ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ တပ်ရင်းအမှတ် (၉၄၂၄) သုံးနှစ်ပြည့် အခမ်းအနားကို ကရင်နီ ပြည်နယ်၊ ဖရူဆိုမြို့နယ် အတွင်းက လွတ်မြောက်နယ်မြေ တစ်နေရာမှာ ကျင်းပခဲ့တယ်လို့ ကန္တာရဝတီ တိုင်း(မ်း) က ဖော်ပြထားပါတယ်။
အောက်တိုဘာလ ၂၃ ရက်နေ့မှာ အခမ်းအနား ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပြီး၊ တပ်ရင်းရဲ့ မူဝါဒလမ်းစဉ်နဲ့အညီ အာ ဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ တပ်ရင်းမှူး အောင်လံ က ဆိုပါတယ်။
ဒါအပြင် တော်လှန်ရေးကာလ အတွင်းမှာ မဟာမိတ်တွေနဲ့ လက်တွဲပြီး မြို့သိမ်းတိုက်ပွဲတွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဆင်နွှဲရာမှာ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ ရရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
လက်ရှိမှာ လက်နက်ခဲယမ်းနဲ့ ရဲဘော်တွေရဲ့ စားဝတ်နေရေး လိုအပ်ချက်တွေက စိန်ခေါ်မှုတစ်ခုအနေနဲ့ ရှိနေသေး ပေမယ့် အချင်းချင်း စည်းလုံးညီညွတ်မှုနဲ့အတူ တော်လှန်ရေး ပန်းတိုင်ရောက်တဲ့အထိ ဆက်လက် လျှောက်လှမ်း သွားမယ်လို့လည်း တပ်ရင်းတာဝန်ရှိသူ တစ်ဦးက အသိပေးထားပါတယ်။
------------------------
၈။မတ္တရာမြို့နယ်မှာ စစ်ရေးနဲ့ အခြားလုပ်ငန်းတွေ ဆောင်ရွက်မယ်ဆိုရင် အသိပေးဖို့ ပြင်ဦးလွင်ခရိုင် အမှတ် ၁ တပ်ရင်းထံ သတိပေး
======================
m.CDM၊ အောက်တိုဘာ ၂၄
မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်း စစ်ဆင်ရေးနဲ့ အခြားလုပ်ငန်းတွေ ဆောင်ရွက်မယ့် တော်လှန်ရေးအဖွဲ့ တွေအနေနဲ့ ကြိုတင်အသိပေးပြီးမှ ဆောင်ရွက်ကြဖို့ ပြင်ဦးလွင်ခရိုင် အမှတ် ၁ တပ်ရင်းက အောက်တိုဘာ ၂၃ နေ့စွဲနဲ့ သတိပေးထုတ်ပြန်ထားပါတယ်။
မတ္တရာမြို့နယ်အတွင်း စစ်ရေးလုပ်ငန်းတွေ ဆောင်ရွက်တာ၊ ပျူစောထီးတွေနဲ့ ဒလန်ဖမ်းဆီးတာ၊ ရှင်းလင်း တာနဲ့ အခြားလူမှုရေးကိစ္စတွေ ဆောင်ရွက်မယ့် ပြည်သူကာကွယ်ရေးတပ်မတော် PDF ကွပ်ကဲမှုအောက်က တပ်ရင်း၊ တပ်ဖွဲ့တွေနဲ့ PDF ကွပ်ကဲမှုအောက်မှာမရှိတဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေကို ပြင်ဦးလွင်ခရိုင် အမှတ် ၁ တပ်ရင်းက တိုက်တွန်းလိုက်တာဖြစ်ပါတယ်။
ပြင်ဦးလွင်ခရိုင် အမှတ် ၁ တပ်ရင်းအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ လမ်းစဉ်တွေအတိုင်း မတ္တရာမြို့နယ်အတွင်း နယ်မြေပြန်လည်စိုးမိုးနိုင်ရေးအတွက် မတ္တရာမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲနဲ့ ပူးပေါင်းပြီး စစ်ဆင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ချက်က အသိပေးထားပါတယ်။
အသိပေးအကြောင်းကြားခြင်းမရှိဘဲ အဲဒီလုပ်ငန်းတွေကို ဆောင်ရွက်တဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်က ချမှတ်ထားတဲ့ ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း အရေးယူ သွားမယ်လို့ ပြင်ဦးလွင်ခရိုင် အမှတ် ၁ တပ်ရင်းက ထုတ်ပြန်ကြေညာထားပါတယ်။
ဒီနေ့အတွက် m.CDM ပြည်တွင်းသတင်း အစီအစဉ် ဒီမှာပဲ ရပ်နားခွင့်ပြုပါရှင်/ခင်ဗျာ၊အခုတင်ပြပေးခဲ့တဲ့သတင်းတွေကို ကိုသစ်နှင့်လူလေးတို့က ပေးပို့ခဲ့တာဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းတွေအတွက် ကျတော်/ကျမတို့ရဲ့ Channel ကို ကျေးဇူးပြုပြီး Subscribe လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်/ခင်ဗျာ။

No comments:
Post a Comment