၂၀၂၂ ဇန်နဝါရီလ ၂၀ ရက်နေ့ ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌နိုင်ငံတကာတရားရုံး (အိုင်စီဂျေ)မှာ မြန်မာနိုင်ငံအစိုးရကိုယ်စားပြုအနေနဲ့ ကုလသမဂ္ဂ သံအမတ်ကြီး ဦးကျော်မိုးထွန်းဦးဆောင်ပြီး အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကိုယ်စား ရင်ဆိုင်ဖြေရှင်းမည်
📌အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနက ICT ပညာရပ်တွေ၊ Learning Technology tools တွေအကြောင်း သင်ကြားမည်
📌ချင်းပြည်နယ်တခွင်က စစ်ကောင်စီတပ်ဖွဲ့များ အကြမ်းဖက်မှုများနဲ့ပက်သက်ပီး အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ ဦးစီးပီးတော့ သတင်းစာရှင်းလင်းပွဲတရပ်ကို ဇန်နဝါရီလ ၂၀ ရက်နေ့မှာ zoom meeting ဖြင့် ကျင်းပပြုလုပ်
📌စစ်ကောင်စီကိုထောက်ခံဖို့ ဖိအားပေးတဲ့အနေနဲ့ မကွေးတိုင်းကရွာတွေ မီးရှို့ခံနေရ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌နိုင်ငံတကာတရားရုံး (အိုင်စီဂျေ)မှာ မြန်မာနိုင်ငံအစိုးရကိုယ်စားပြုအနေနဲ့ ကုလသမဂ္ဂ သံအမတ်ကြီး ဦးကျော်မိုးထွန်းဦးဆောင်ပြီး အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကိုယ်စား ရင်ဆိုင်ဖြေရှင်းမယ်လို့ သိရပါတယ်
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုစွတ်စွဲချက်နဲ့ နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့က နိုင်ငံတကာတရားရုံး (အိုင်စီဂျေ)မှာ တရားစွဲဆိုထားတဲ့ အမှုကို ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ဒုတိယအကြိမ်ကြားနာစစ်ဆေးမှာဖြစ်ပါတယ်။ ပထမအကြိမ်ကြားနားစစ်ဆေးခဲ့ချိန်က မြန်မာနိုင်ငံအစိုးရကိုယ်စား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ခုခံချေပခဲ့ပြီး ဒုတိယအကြိမ်ကြားနာစစ်ဆေးမှုမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က ကုလသမဂ္ဂဆိုင်ရာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ဦးဆောင်ဖြေရှင်းဖို့ အိုင်စီဂျေတရားရုံးကို စာရေးသားပေးပို့ထားပြီးဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောဆိုလိုက်ပါတယ်။ အိုင်စီဂျေ နဲ့ ပတ်သက်တဲ့ ပေးပို့ရမယ့် report တွေကိုလည်း အမျိုးသားညီညွှတ်ရေးအစိုးရက ပေးပို့ခဲ့ကြောင်း၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ယခင်ဒေါ်အောင်ဆန်းစုကြည်အစိုးရသွားရောက်ရင်ဆိုင်စဉ်ကတည်းကိုက ICJ မှာ Alternate Agent ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်မသွားနိုင်တဲ့အချိန်မျိုးမှာ ကိုယ်စားသွားနိုင်အောင်တင်ပြထားပြီးသား ဖြစ်ကြောင်း ဝန်ကြီးက DVB သတင်းဌာကို ပြောကြားခဲ့ပါတယ်။ ICJ ဟာ UN ရဲ့အစိတ်အပိုင်းတခုအနေနဲ့ သွားရတာဖြစ်တဲ့အတွက်ကြောင့် နိုင်ငံကိုကိုယ်စားပြုနေတာဆိုလို့ ဦးကျော်မိုးထွန်းတစ်ယောက်ပဲရှိတာကို ငြင်းဆိုလို့မရကြောင်း ၊ ဦးကျော်မိုးထွန်းသည် Alternate Agent လည်းဖြစ်သလို လက်ရှိ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံကို တရားဝင်ကိုယ်စားပြုနေတဲ့ တဦးတည်းသော သံတမန်လည်းဖြစ်ပါတယ်။ ကုလသမဂ္ဂမှာလည်း ကိုယ်စားပြုခွင့်မရတဲ့ အသိအမှတ်လည်း ပြုမထားသေးတဲ့ စစ်ခေါင်းဆောင်တွေကို ဖိတ်ကြားမယ်ဆိုရင် ICJ ကိုယ်တိုင်က ကုလသမဂ္ဂအထွေထွေညီလာခံမှာရော ကိုယ်စားပြုကော်မတီမှာရော ဆုံးဖြတ်ချက်ချထားတဲ့ကိစ္စတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်မှာဖြစ်ပြီး မလိုက်နာသလိုဖြစ်သွားမှာဖြစ်ကြောင်း တို့ကို ICJ ဆီကို စာရေးသားပေးပို့ထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က ဒီဗွီဘီကိုပြောခဲ့ပါတယ်။
========================
📌📌အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနက ICT ပညာရပ်တွေ၊ Learning Technology tools တွေအကြောင်း သင်ကြားမယ့်အကြောင်း သတင်းတင်ဆက်ပါ့မယ်
တော်လှန်ရေးကာလမှာ လေ့လာစရာအဖြစ် ပညာရေးဝန်ထမ်း CDM ဆရာ၊ဆရာမများ နဲ့ ကျောင်းသူကျောင်းသားများ နည်းပညာပိုင်း စွမ်းရည်မြင့်တက်လာစေဖို့ သိသင့်တပ်အပ်တဲ့အခြေခံ ICT ပညာရပ်တွေ၊ Learning Technology tools တွေ အကြောင်း lesson video တွေ 39 ခု စီစဉ်ထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ဂျာထွယ်ပန် က လူမှုကွန်ယက်တွင် တင်ပြအသိပေးလိုက်ပါတယ်။ မကြာခင်မှာ Myanmar Basic Education Home လူမှုကွန်ယက်စာမျက်နှာကနေ ထုတ်လွှင့်ပေးမယ်လို့ သိရှရပါတယ်။ ဒါအပြင် offline အနေနဲ့လည်းရရှိအောင် စီစဉ်နေကြောင်း သိရှိရပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလပညာရေးအစီအစဉ်အနေနဲ့ အခြေခံ ပညာရေးဆိုင်ရာ အရင်းအမြစ်တွေကို Myanmar Basic Education Home social media channel 5 ခု ကနေထုတ်လွှင့် နေပါတယ်။
ICT ပညာရပ်တွေသင်ကြားရခြင်းရဲ့ ရည်ချက်တွေကတော့
- Information and Communication Technology (ICT) အကြောင်းကို သိရှိအသုံးချနိုင်စေရန်
- အခြေခံကျသော ဒီဂျစ်တယ်နည်းပညာများကို တတ်မြောက်အသုံးချနိုင်စေရန်
- ကလေးများကို ကွန်ပြူတာသိပ္ပံပညာကို မိတ်ဆက်သင်ကြားပေးနိုင်ရန် နှင့်
- ဒီဂျစ်တယ်နည်းပညာများကို အသုံးပြု၍ ထိရောက်စွာသင်ကြားနိုင်စေရန် တို့ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မေလကနေစပြီး video lesson တွေကို စတင်ပြင်ဆင်ထုတ်လွှင့်နေခဲ့တာ အခုချိန်ထိဆိုရင် ၃၀၀၀ ကျော်ကိုထုတ်လွှင့်ပြီးဖြစ်ပါတယ်။ အတန်းအားလုံး အတွက် ဘာသာရပ်အားလုံး ထုတ်လွှင့်ပြီးစီးဖို့ အနည်းငယ်ပဲလိုပါတော့ကြောင်း အားလုံးပြီးရင် Offline ပေးပို့နိုင်ဖို့အတွက်တွေလည်း စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရှိရပါတယ်။
========================
📌📌ချင်းပြည်နယ်တခွင်က စစ်ကောင်စီတပ်ဖွဲ့များ အကြမ်းဖက်မှုများနဲ့ပက်သက်ပီး အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ ဦးစီးပီးတော့ သတင်းစာရှင်းလင်းပွဲတရပ်ကို ဇန်နဝါရီလ ၂၀ ရက်နေ့မှာ zoom meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ကြပါတယ်
အဆိုပါသတင်းစာရှင်းလင်းပွဲကတော့ ဇန်နဝါရီလအတွင်းမှာ မတူပီမြို့နယ်မှာ ဖြစ်ခဲ့တဲ့ အပြစ်မဲ့အရပ်သားဆယ်ဦးကို စစ်ကောင်စီက သတ်ဖြတ်ခဲ့တဲ့အကြောင်းအရာ ထန်တလန်မြို့ကို မီးရှို့ဖျက်ဆီးခဲ့တဲ့အကြောင်းအရာ နှင့် ချင်းပြည်နယ်တခွင်လုံးမှာ စစ်အင်အားများတိုးချဲ့ပီးတော့ လူ့အခွင့်အရေးများ ချိုးဖောက်မှုများကို အခြေခံတင်ပြမေးမြန်းရှင်းလင်းခဲ့ကြခြင်းဖြစ်ပါတယ်။ စစ်ကောင်စီက လူသတ်မှုတွေကို သက်သေရုပ်အလောင်းမျာကောက်ယူရာတွင်ကိုယ်တိုင်ပါဝင်ကြုံတွေ့ခဲ့ရသူများ ကျူးလွန်ခံရတဲ့မိသားစုဝင်များကနေပီးတော့ ဒီသတင်းစာရှင်းလင်းပွဲမှာပါဝင်ပီး ရှင်းလင်းတင်ပြသွားခဲ့တာလည်းဖြစ်ပါတယ်။
သတင်းစာရှင်းလင်းပွဲရဲ့ ရည်ရွယ်ချက်မှာ စစ်အာဏာသိမ်းပီးနောက်မှာ နိုင်ငံအဝန်းကို စစ်အင်အားတိုးချဲ့ပီး ဖမ်းဆီးသတ်ဖြတ်မှုတွေ ကျူးလွန်လာပါတယ် မြို့လုံးကျွန်မီးရှို့ဖျက်ဆီးမှုတွေကျူးလွန်ပါတယ်။
နောက်ဆုံးမတူပီဖြစ်စဉ်ကို အခြေတည်ပီးတော့ ချင်းပြည်နယ်တခွင်လုံးမှာ ပေါ်ပေါက်ခဲ့တဲ့ စစ်ရာဇဝတ်မှုများကိုတင်ပြပီး နိုင်ငံတကာကို အသိပေးဖို့ မီဒီယာများကို သတင်းအမှန်များပေးဖို့ ခုလိုပြုလုပ်ရခြင်းဖြစ်ကြောင်း သိရပါတယ် အစီအစဉ် ၄ ရပ်ပါဝင်ပီး
(၁) သက်သေထွက်ဆိုမည့်လူ ၄ ဦးက ရှင်းလင်းတင်ပြခြင်း
(၂) အခုလိုအကြမ်းဖက်မှုတွေကို နိုင်ငံတကာအသိုင်းအဝိုင်းဘက်က အရေးယူဆောင်ရွက်ပေးဖို့ ကြိုးစားနေမှုအခြေအနေတွကို လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းမှ ရှင်းလင်းတင်ပြခြင်း
(၃) နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်မယ့်အခြေအနေများကို အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာကရှင်းလင်းပြောကြားခြင်း
(၄) တက်ရောက်လာတဲ့ သတင်းမီဒီယာများမှ ဖြစ်စဉ်နဲ့ပက်သက်ပီး မေးခွန်းများမေးမြန်းပီး တာဝန်ရှိသူများက ပြန်လည်ဖြေကြားခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။
========================
📌📌စစ်ကောင်စီကိုထောက်ခံဖို့ ဖိအားပေးတဲ့အနေနဲ့ မကွေးတိုင်းကရွာတွေ မီးရှို့ခံနေရပါတယ်
မကွေးတိုင်း ဂန့်ဂေါခရိုင် စန်းမြို့ရွာကို အကြမ်းဖက်အာဏာသိမ်းတပ်တွေဟာ ၎င်းတို့လက်အောက်ခံပျူစောထီးများနဲ့ပူးပေါင်းပီး ရွာကိုမီးတင်ရှို့ခဲ့ကြတာဖြစ်ပါတယ် ဇန်နဝါရီလ ၁၈ ရက် နေ့လည်နှင့်ညနေပိုင်းအချိန်တွေမှာ ကျောက်ပြုတ်ကျေးရွာကနေလာတဲ့ အာဏာသိမ်းစစ်တပ်နှင့် ပျူစောထီးတပ်များ ဟာ ရွာထဲကမဝင်ခင်ကတည်းက လက်နက်ကြီးတွေလှမ်းပစ်ပီး ရွာကိုဝင်လာတာဖြစ်ပါတယ်။ ရွာထဲအရောက်မှာပဲ မီးစတင်ရှီု့ခဲ့တာဖြစ်တယ်လို့ စန်းမြို့ရွာသားတဦးက ပြောပါတယ်။
“ နေ့လည်မှာ သူတို့ဆိုင်ကယ်အစီး ၂၀ နှင့် ပျူစောထီးနဲ့ စစ်သားနဲ့ ၄၁ ယောက်ရောက်လာတယ် သူတို့ဆိုင်ကယ်တွေကို လယ်ကြီး (ကျေးရွာ)မှာ ရပ်ထားခဲ့ပြီး ကျွန်တော်တို့ဘက်ကို ခြေကျင်တက်လာခဲ့တာခင်ဗျ။ တက်လာပြိးတော့ ကျွန်တော်တို့ရွာဘက်ကို လက်နက်ကြီးတွေနဲ့ တအားပစ်ထုပြီးမှ ဝင်လာခဲ့တယ်။ အဲ့ဒါမှာ ကျွန်တော်တို့ရွာသားတွေ လက်နက်ကြီးသံတွေကြားလို့ ထွက်ပြေးကြချိန်မှာ ရွာသားတွေကရွာနဲ့ မလှမ်း မကမ်းရောက်တဲ့အချိန်မှပဲာ ရွာထဲမှာ မီးစထလောင်တာ ' ဖြစ်ကြောင်း ပြောပြပါတယ်
ညနေ ၃ နာရီလောက်မှာ မြောက်ခရမ်းဘက်ကနေ ကား ၂ စီးနဲ့ အင်အား ၅၀ လောက်နဲ့ထပ်ရောက်လာတယ်။ သူတို့ရောက်လာပြီးတော့ တရွာလုံးကိုမီးရှို့တော့တာပဲ ကျွန်တော်တို့ အိမ်အလုံး ၁၀၀ ကျောက်လောက် မီးလောင်သွားပါတယ် ' လို့သူကဆက်ပြောပြပါတယ်။
ခုလိုမီးရှို့ရတဲ့ကိစ္စကို ရွာသားကသူ့အထင်ပြောရာမှာ ကျွန်တော်ယူဆတာက စစ်ကောင်စီကို ကျွန်တော်တို့ရွာက မထောက်ခံလို့ဖြစ်ကြောင်း လယ်ကြီးရွာဘက်တွေမှာဆိုရင် စစ်ကောင်စီက သူတို့ပြောစကားကို နားထောင်ဖို့ စစ်ကောင်စီကို ထောက်ခံဖို့ ဒါမျိုးတွေ စည်းရုံးရေးတွေ ဆင်းတာသိရကြောင်း ရွာသားတွေဘက်ကတော့ သူတို့စည်းရုံးတာကို လက်မခံလို့ အခုလိုမီးရှို့ဖျက်ဆီးတာဖြစ်နိုင်ကြောင်း နေအိမ်မရှိတော့တဲ့ ရွာသားကပြောပြခဲ့ပါတယ်။
စစ်အုပ်စုဘက်က သတင်းတွေကိုပြန်ကြားပေးလေ့ရှိတဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းဦးဆောင်တဲ့ သတင်းအဖွဲ့ကတော့ အခုလိုမျိုး ရွာတွေမီးရှီု့ဖျက်ဆီးနေတဲ့ စစ်တပ်ရဲ့လုပ်ရပ်နဲ့ပက်သက်ပီး အကြိမ်ကြိမ်မီးရှီု့မှုတွေရှိနေတဲ့ကြား အကြိမ်ကြိမ်သတင်းထုတ်ပြန်ခြင်းမရှိတာတွေ့ရပါတယ်
“တောတောင်ထဲတွေမှာရယ် နောက်ပြီး မြင်သားတို့ ကုန်းရွာတို့ဘက်မှာ စစ်ဘေးရှောင်နေရတယ်။ ဆေးဝါး အဝတ်အထည်ရယ် ဘာမဆိုအကုန်လိုအပ်နေတယ်။ သူတို့က ရုတ်တရက်ကြီးဝင်လာပြီး ရုတ်တရက်ထွက်ပြေးရတော့ စားဖို့သောက်ဖို့ အခက်အခဲကအစရှိတယ် ပစ္စည်းတွေ ဘာမှသယ်နိုင်ချိန်မရှိဘူး။ တခြားသောနီးစပ်ရာ ရွာတွေမှာပဲ ဘုန်းကြီးကျောင်းတွေဘာတွေမှာပဲ ခိုလှုံနေရတယ် လို့စစ်ဘေးရှောင်ကူညီသူတဦးကပြောပါတယ်
ဂန့်ဂေါခရိုင်တွင်းက စန်းမြို့ရွာဟာ နေအိမ် ၂၁၅ လုံးသာရှိပါတယ်။ စန်းမြို့ကျေးရွာဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၁ ရက်မှာ မီးရှို့ခံရလို့ နေအိမ် အလုံး ၃၀ ကျော် မီးလောင်ပျက်စီးခဲ့ဖူးပါတယ်။ မနေ့က မီးရှို့ဖျက်ဆီးခံရချိန်မှာတော့ နောက်ထပ် နေအိမ် ၁၀၀ ကျော်မီးလောင် ဆုံးရှုံးသွားပြီဖြစ်ကြောင်းပါခင်ဗျာ
အနိုင်ကျင့်ဗိုလ်ကျတဲ့ မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းဖြစ်စဉ်အပြီး လူထုအုံကြွဆန္ဒပြပွဲတွေ တခဲနက်ပေါ်ပေါက်ခဲ့ပေမယ့် ပြည်သူ့ဆန္ဒကစစ်တပ်ရဲ့အာဏာရှင်စနစ်အောက်မှာ အရာမထင်ခဲ့ရပါဘူး မကွေးတိုင်းနယ်ထဲက ကျေးရွာတွေဟာ အခြားနယ်အနှံ့ကတိုင်းရင်းသားများနည်းတူပဲ ရရာလက်နက်ကိုင်စွဲပီး ဖက်ဆစ်စစ်တပ်ကိုခုခံတွန်းလှန်ရာမှ အခုဆိုရင် လက်နက်ကြီးနှင့်လေကြောင်းပစ်ကူတွေသုံး ဖိနှိပ်ခံနေရတဲ့အပြင် စစ်ကောင်စီကို မထောက်ခံတဲ့ရွာမှန်သမျှ အာဏာရှင်အုပ်စုက ခုလိုလိုက်လံမီးရှို့နေခြင်းဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment