13th MAR 2022 - Evening Daily News by Radio NUG

၂၀၂၂ မတ်လ ၁၃ ရက်နေ့ ညပိုင်း ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌နွေဦးတော်လှန်ရေးအတွက် ကန်ဒေါ်လာ ၁၃၆ သန်းကျော် အကူအညီပေးရေး ပါဝင်ထားတဲ့ အမေရိကန်အစိုးရဘတ်ဂျက်ကို လွှတ်တော်အတည်ပြု
📌တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ လိုလားတောင့်တချက်များကို ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ထုတ်ပြန်
📌ကသာနယ် ချောင်းဝရွာမှာ မြို့လှ PDF နဲ့ စကစတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွား
📌အမျိုးသားညီညွတ်ရေးအစိုးရက ငွေကျပ် ၂.၀၃ ဘီလီယံကို ထောက်ပံ့ကူညီခဲ့
📌တစ်လအတွင်း တိုက်ပွဲများတွင် စကစတပ်ဖွဲ့ဝင်နှင့်ပျူစောထီးတို့ ၉၂ ဦးသေဆုံးခဲ့

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌နွေဦးတော်လှန်ရေးအတွက် ကန်ဒေါ်လာ ၁၃၆ သန်းကျော် အကူအညီပေးရေး ပါဝင်ထားတဲ့ အမေရိကန်အစိုးရဘတ်ဂျက်ကို လွှတ်တော်အတည်ပြု

အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်ကနေပြီးတော့ အမေရိကန်အစိုးရအတွက် ၂၀၂၁-၂၀၂၂ ခုနှစ် ဘတ်ဂျက်ကို မတ် ၁၁ ရက်က အတည်ပြုခဲ့ရာ အဲဒီဘတ်ဂျက်ထဲမှာ မြန်မာ့နွေဦးတော်လှန်ရေးအတွက် ကန်ဒေါ် လာ ၁၃၆ သန်းကျော်အကူအညီပေးမယ့်အစီအစဉ်တွေ ပါဝင်နေတာ တွေ့ရပါတယ်။

ဒီဘတ်ဂျက်ကို အမေရိကန်လွှတ်တော်နှစ်ရပ်စလုံးကထောက်ခံပြီးတာမို့ သမ္မတဂျိုးဘိုင်ဒင်က ရက်ပိုင်းအတွင်း လက်မှတ်ရေးထိုးအတည်ပြုမယ်လို့လည်း ဆိုထားပါတယ်။

လွှတ်တော်က အတည်ပြုလိုက်တဲ့ ဘတ်ဂျက်ထဲမှာ မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၁၃၆,၁၂၇,၀၀၀ ထောက်ပံ့ဖို့ သတ်မှတ်ထားတာပါ။

ဒီသတ်မှတ်ချက်တွေထဲမှာ ကချင်၊ ချင်း၊ မွန်၊ ကရင်၊ ကရင်နီ၊ ရခိုင်နဲ့ ရှမ်းပြည် နယ်များအတွင်း တိုင်းရင်းသားလူမျိုးစုများ၊ မတူကွဲပြားသော ကိုးကွယ်ယုံ ကြည်မှုများအကြား အပြန်အလှန် နားလည်မှု၊ ညီညွတ်မှုများကို တည်ဆောက်ရန်၊ လိင်ပိုင်းဆိုင်ရာနှင့် Gender-based အကြမ်းဖက်မှုများကို တားဆီး တိုက်ဖျက်ရန် ဆောင်ရွက်မှုတွေ၊ မြန်မာနိုင်ငံအရှေ့ပိုင်း၊ ထိုင်းနယ်စပ်ဒေသရောက် ပြည်တွင်းရွှေ့ပြောင်း ဒုက္ခသည်များ (IDPs) ကို အကူအညီပေးနေကြတဲ့ ဒေသအခြေပြုအဖွဲ့အစည်းတွေ (Community-Based Organizations)၊ (မြန်မာဒုက္ခသည်များကို ကူညီထောက်ပံ့ရန် သီးခြား သတ်မှတ်ထားသည့် Migration and Refugees Assistance Fund ရန်ပုံငွေများအပြင်)၊ မြန်မာဖက်ဆစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးခြင်း၊ အထောက်အထားရှာဖွေစုဆောင်းခြင်းဆိုင်ရာလုပ်ငန်းတွေ အတွက်ဆိုပြီးတော့ အမေရိကန် မှာ နေထိုင်တဲ့ စာရေးဆရာအောင်ဒင်က သုံးသပ်ထားပါတယ်။

ထောက်ပံ့ပေးဖို့ အဖွဲ့အစည်းတွေကတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ၊ စီဒီအမ် (CDM) နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) ရဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းတွေဖြစ်တယ် လို့ ဆိုပါတယ်။

========================

📌📌တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ လိုလားတောင့်တချက်များကို ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ထုတ်ပြန်

တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ လိုလားတောင့်တချက် များကို ရောက်ရှိရာဒေသအသီးသီးမှနေ၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ထုတ်ပြန်လိုက်ပါတယ်။

မတ်လ ၁၃ ရက်နေ့ ကိုဖုန်းမော် ကိုစိုးနိုင်ကျဆုံးခြင်း ၃၄ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာအရသိရှိရပါတယ်။

"ကိုယ်ကျိုးစီးပွားသာ ကြည့်တတ်ကြသော စစ်ခေါင်းဆောင်တစ်စုသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကိုယ်တိုင်ချိုးဖောက်ကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်အာဏာသိမ်းမှုကြောင့် တိုင်းရင်းသားပြည်သူတို့၏ လူ့အခွင့်အရေး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေး မျှော်လင့်ချက်များ နိုင်ငံတစ်ဝှမ်း နယ်ပယ်အသီးသီးတွင် ပျောက်ကွယ်ပျက်စီးဆုံးရှုံးခဲ့ရပါတယ်"လို့ ထုတ်ပြန်ချက် မှာဖော်ပြထားပါတယ်။

ဒါ့အပြင်လက်ရှိမှာ အဖွဲ့ချုပ် ပါတီထိပ်ပိုင်းခေါင်းဆောင်များကို မတရားဖမ်းဆီးကာ ပါတီလုပ်ငန်းများဆောင်ရွက်မရအောင်လည်း ပါတီရုံးခန်းများကိုဖောက်ခွဲဖျက်ဆီးထားတယ်လို့ဆိုပါတယ်။

သို့​သော်လည်း အဖွဲ့ချုပ်အနေဖြင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ လိုလားတောင့်တချက် များကို ဖြည့်ဆည်းနိုင်ရေးအတွက် ၂၀၂၀ ရွေးကောက်ပွဲကြေညာစာတမ်းပါ မူဝါဒများနဲ့အညီ ရောက်ရှိရာ ဒေသအသီသီးမှနေ၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့ ဆိုထားပါတယ်။

========================

📌📌ဆက်လက်ပြီး ကသာနယ် ချောင်းဝရွာမှာ မြို့လှ PDF နဲ့ စကစတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားတဲ့သတင်း

စစ်ကိုင်းတိုင်း ကသာနယ် ချောင်းဝရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် မြို့လှ PDF တပ်တို့ ယနေ့မနက် ၆ နာရီ ၄၅ မိနစ်ခန့်မှာ ချောင်းဝရွာအနီးတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ မြို့လှ PDF ကဆိုပါတယ်။

"အင်အား ၇၂ ဦးပါ ခမရ ၄၁၅ မှ တပ်ရင်းမှူး ထွန်းနောင်ပိုင် ဦးဆောင်သော စကစအဖွဲ့ဟာ ချောင်းဝရွာမှ ဆင်ကုန်တိုင်ရွာဖက်သို့ ခြေလျှင်စစ်ကြောင်းထိုးလာစဥ် လမ်းခုလတ်၌ မြို့လှ PDF တပ်ခွဲ (၂ ) ဗိုလ်ဇာမဏီ ဦးဆောင်သောတပ်ဖွဲ့ မှ စောင့်ကြိုတိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားချိန် ၄၅ မိနစ်ခန့် ဖြစ်ပွားခဲ့တယ်"လို့သိရပါတယ်။

စကစဖက် မှ အထိအခိုက်အကျအဆုံး အများအပြားရှိနိုင်ပြီး မြို့လှ PDF တပ်ဖွဲ့မှ အထိအခိုက် မရှိပဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွါနိုင်ခဲ့ပါတယ်။

========================

📌📌အခုတစ်ခါ အမျိုးသားညီညွတ်ရေးအစိုးရက ငွေကျပ် ၂.၀၃ ဘီလီယံကို ထောက်ပံ့ကူညီခဲ့တဲ့သတင်းကို တင်ပြပေးပါ့မယ်

အမျိုးသားညီညွတ်ရေးအစိုးရက လူသားချင်းစာနာထောက်ထားမှုရေးရာနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအတွက် ငွေကျပ် ၂.၀၃ ဘီလီယံကို ထောက်ပံ့ကူညီခဲ့တယ်လို့ သတင်းရရှိပါတယ်။

မတ်လအတွင်း အမျိုးသားညီညွတ်‌‌ရေးအစိုးရရဲ့ ဘတ်ဂျက် ထွက်ပေါ်မှုအရသိရတာပါ

လူသားချင်းစာနာထောက်ထားမှုရေးရာနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ငွေကျပ် ၂.၀၃ ဘီလီယံကို ထောက်ပံ့ကူညီခဲ့သလိုလက်နက်ကိုင်ပဋိပက္ခကြောင့် ထိခိုက်ခံစားရသော စစ်ဘေးရှောင် ဒုက္ခသည်များအတွက် ကျပ်သန်းပေါင်း (၇၆၀၀) ကျော်၊အလိုအပ်ဆုံးသူများအတွက် စားနပ်ရိက္ခာ ထောက်ပံ့ငွေကျပ်သန်း (၈၄၀) ကျော်၊အခြား ထိခိုက်လွယ်သော အဖွဲ့များနှင့် သဘာဝဘေးဒဏ်သင့်သူများ အတွက် ငွေကျပ် သန်း (၃၁၀) ကျော်တို့ကို အသုံးပြုခဲ့ပါတယ်။

ဒါ့အပြင် ဖမ်းဆီးသတ်ဖြတ်ခံရသူများ၏ မိသားစုများအား ကူညီထောက်ပံ့ငွေကျပ် ၉၉.၃ သန်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ မိုးကုတ်၊ ကချင်ပြည်နယ်နဲ့ တခြားဒေသတွေမှာ သဘာဝဘေးဒဏ်သင့် မိသားစုတွေကို ကူညီဖို့ ငွေကျပ် ၁၀.၆ သန်း၊ နှင့် မတူညီသော မသန်စွမ်းသူများကို ငွေကျပ် ၈.၆ သန်း ထောက်ပံ့ခဲ့ပါတယ်။

ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ချင်းပြည်နယ်တို့ အပါအဝင် ပဋိပက္ခကြောင့် ထိခိုက် မှု အများဆုံး ဒေသများတွင် အာရုံစိုက် မှုဖြင့် နိုင်ငံတစ်ဝှမ်း ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ပံ့ပိုးကူညီမှုများ ပေးအပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ပါတယ်။

========================

📌📌တစ်လအတွင်း တိုက်ပွဲများတွင် စကစတပ်ဖွဲ့ဝင်နှင့်ပျူစောထီးတို့ ၉၂ ဦးသေဆုံးခဲ့

တစ်လအတွင်း ပုလဲမြို့နယ်နှင့် ချောင်းဦးမြိူ့နယ် တိုက်ပွဲများတွင် စကစတပ်ဖွဲ့ဝင်နှင့်ပျူစောထီးတို့ ၉၂ဦးသေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။

မတ်လ ၁၃ ရက်နေ့ ZERO ပြောက်ကျားတပ်ဖွဲ့ကသတင်းထုတ်ပြန်ဖော်ပြပါထားတာဖြစ်ပါတယ်။

"ZERO ပြောက်ကျားတပ်ဖွဲ့ နယ်စည်းမခြား မဟာမိတ်ညီနောင်များမှစကစနှင့် ပျူစခန်းတို့အားတစ်လအတွင်းတိုက်ခိုက်ခဲ့ရာ၊ ပုလဲနှင့် ချောင်းဦးတိုက်ပွဲများတွင် စကစတပ်နှင့်ပျူ (၉၂) ကောင် (စနိုက်ပါတစ်ဦးပါ) သုတ်သင်နိုင်ခဲ့ပါတယ်"လို့ ဆိုပါတယ်။

မိမိတို့တပ်ဖွဲ့မှထိခိုက် မှုမရှိခြင်းနှင့်အောင်ပွဲဆင်နိုင်မူအတွက် အမှန်တရားမြတ်နိုးကြတဲ့ဒေသခံပြည်သူများမှအောင်သပြေပန်း၊ ပန်းကုံးများဖြင့် ဂုဏ်ပြုနုတ်ဆက်ခဲ့မှုအားကျေးဇူးတင်ရှိအပ်ပါတယ်လို့ ZERO ပြောက်ကျားတပ်ဖွဲ့ကဆိုပါတယ်။

ဆက်လက်၍လည်း တိုက်ပွဲများအရှိန်မြှင့်တိုက်ခိုက် မည်ဖြစ်ကြောင်းလည်းသိရပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment