18th MAR 2022 - Evening Daily News by Radio NUG

၂၀၂၂ မတ်လ ၁၈ ရက်နေ့ ညပိုင်း ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌စစ်အာဏာသိမ်းပြီးကတည်းက စစ်တပ်မှ လူပေါင်း (၁၆၀၀) ကျော်ကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ပြီး အရေအတွက်သောင်းနှင့်ချီတဲ့ ပြည်သူများကို မတရားဖမ်းဆီးခံခဲ့ရတယ်လို့သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလတွင်ပြောကြား
📌ဆရာစံ YMB PDF က MOD ကွင်းဆင်း စစ်ဆေးပါကလည်း အစစ်ဆေးမေးမြန်းခံမယ်လို့ ထုတ်ပြန်
📌မြေတော်ရဲစခန်းမှ ရဲတပ်သားတစ်ဦး လက်နက်နှင့်အတူ ပြည်သူ့ရင်ခွင်ခိုလှုံလာ၍ ဆုကြေးငွေကျပ်သိန်း ၃၀ ချီးမြှင့်ခံရ
📌စနိုက်ပါတပ်ဖွဲ့ ပစ်ခတ်လို့ စစ်ဗိုလ်အပါအဝင် (၆) ဦး သေဆုံး၍အလောင်းတွေကို စစ်သုံးရဟတ်ယာဥ်နဲ့လာသယ်
📌ပခုက္ကူမြို့ ၃ ရပ်ကွက်ရှိ Mytel ရုံး လက်ပစ်ဗုံးနဲ့အပစ်ခံရ
📌ကျိုက်ထို မုပ္ပလင်အနီးသထုံမှ ပဲခူးဘက်သို့ ကား ၆ စီးပါ စကစ ရိက္ခာကားတန်း မိုင်းဆွဲတိုက်ခိုက်ခံရ

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌စစ်အာဏာသိမ်းပြီးကတည်းက စစ်တပ်မှ လူပေါင်း (၁၆၀၀) ကျော်ကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ပြီး အရေအတွက်သောင်းနှင့်ချီတဲ့ ပြည်သူများကို မတရားဖမ်းဆီးခံခဲ့ရတယ်လို့သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလတွင်ပြောကြား

စစ်အာဏာသိမ်းပြီးကတည်းက စစ်တပ်မှ လူပေါင်း ၁၆၇၉ ဦး ကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ပြီး အရေအတွက် သောင်းနှင့်ချီတဲ့ ပြည်သူများမှာ မတရားဖမ်းဆီးခံခဲ့ရကြောင်းကို မတ်လ ၁၇ ရက်နေ့တွင် ပြုလုပ်သော ပဉ္စမအကြိမ် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများဆိုင်ရာ ကုလသမဂ္ဂညီလာခံ ပထမပိုင်းတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းကထည့်သွင်းပြောကြားခဲ့ပါတယ်။

"စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇ၀တ်မှုများကြောင့် ဖြစ်ပေါ်လာသည့် ကြောက် မက် ဖွယ်ရာဒုက္ခများကို မြန်မာနိုင်ငံသားများ ကြုံတွေ့နေကြရပါကြောင်း၊ စစ်အာဏာသိမ်းပြီးကတည်းက စစ်တပ်မှ လူပေါင်း ၁၆၇၉ ဦး ကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ပြီး၊ အရေအတွက်သောင်းနှင့်ချီ ပြည်သူများ မတရားဖမ်းဆီးခံခဲ့ရပါကြောင်း၊ လူအချို့မှာ သေသည်အထိ နှိပ်စက်ညှဉ်းပန်းခြင်းခံခဲ့ရပါကြောင်း"ဆိုပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ၂၀၂၀ ရွေးကောက်ပွဲကိုအကြောင်းပြ၍ နိုင်ငံတော်အာဏာကို စစ်တပ်က သိမ်းယူခဲ့တာပါ။
"တစ်ချိန်တည်းမှာပဲ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးနှင့် မြန်မာနိုင်ငံတွင် ဘက်စုံဖွံ့ဖြိုးတိုးတက်မှုများဖော်ဆောင်ရေး ကြိုးပမ်းရာတွင် နိုင်ငံတကာအသိုက်အဝန်း အနေဖြင့် ကူညီဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံပါကြောင်း"သံအမတ်ကြီး ဦးကျော်မိုးထွန်းကပြောကြားခဲ့ပါတယ်။

========================

📌📌ဆရာစံ YMB PDF က MOD ကွင်းဆင်း စစ်ဆေးပါကလည်း အစစ်ဆေးမေးမြန်းခံမယ်လို့ ထုတ်ပြန်

ဒေသခံများအပေါ် ချိန်းခြောက် လုယက် သတ်ဖြတ်မှုများတွင် ပါဝင်တယ်လို့ စွပ်စွဲခံထားရတဲ့ ဆရာစံ YMB PDF အနေနဲ့ MOD ကစစ်ဆေးမေးမြန်းပါက ခံယူသွားမယ်လို့ သတင်းထုတ်ပြန်ပါတယ်။
လက်နက်၂၀၀ ကျော်ရရှိထားတာလည်း မဟုတ်မှန်ဘဲ ခွဲတမ်းအရ လက်နက် ၁၀ လက်သာရရှိထားတယ်လို့ ဆရာစံ YMB PDF က မတ်လ ၁၈ ရက်နေ့မှာ ရှင်းလင်းဖော်ပြပါတယ်။

ဒါ့အပြင် ဆရာစံ YMB PDF ဟာ စစ်ရေးဆိုင်ရာ မူဘောင်ကျင့်ဝတ်များနဲ့အညီဆောင်ရွက်နေပြီးတော့ စကစတပ်များကို တိုက်ခိုက်လျက်ရှိနေတယ်လို့ဖော်ပြပါတယ်။

အခြားကာကွယ်ရေးအဖွဲ့များစွပ်စွဲသလို ဒေသခံများအပေါ် ချိန်းခြောက်လုယက် သတ်ဖြတ်တာ မရှိဘူးလို့လည်း ဆရာစံ YMB PDF ကတုံ့​ပြန်ထားပြီးတော့ အဆိုပါအကြောင်းအရာတွေနဲ့ပတ်သတ်လို့ MOD ကတရားဝင် စစ်ဆေးမေးမြန်းမှုများလုပ်ဆောင်လာပါက ပူးပေါင်း ကူညီဆောင်ရွက်မယ်လို့လည်းဆိုထားပါတယ်။

========================

📌📌မြေတော်ရဲစခန်းမှ ရဲတပ်သားတစ်ဦး လက်နက်နှင့်အတူ ပြည်သူ့ရင်ခွင်ခိုလှုံလာ၍ ဆုကြေးငွေကျပ်သိန်း ၃၀ ချီးမြှင့်ခံရ

မကွေးတိုင်း ရေစကြိုမြို့နယ် မြေတော်ရဲစခန်းမှ ရဲတပ်သားတစ်ဦး လက်နက်နှင့်အတူ ပြည်သူ့ရင်ခွင်ခိုလှုံလာ၍ ဆုကြေးငွေကျပ်သိန်း ၃၀ ချီးမြှင့်ခံရတယ်လို့ မတ်လ ၁၈ ရက်နေ့မှာ YSO ISA ပြောက်ကျား အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

"မြေတော်ရဲစခန်းမှ ရဲတပ်သား အာကာစိန် လက်နက်နှင့်အတူ မတ်လ ၈ ရက်နေ့တွင် ပြည်သူ့ရင်ခွင်ခိုလှုံလာသဖြင့် ကျနော်တို့ YSO ISA ပြောက်ကျားအဖွဲ့ ဆုကြေးငွေကျပ်သိန်း ၃၀ နှင့်အတူ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးလိုက်ပြီဖြစ်ပါတယ်"လို့ဆိုပါတယ်။

ကျန်ရှိနေသော တပ်ဖွဲ့ဝင်များလည်း CDM ပါဝင်လိုပါက ပြည်သူ့ရင်ခွင်မှနွေးထွေးစွာကြိုသွားမည်ဖြစ်ကြောင်း YSO ISA ပြောက်ကျားအဖွဲ့ကဆိုပါတယ်။

စကစတပ်ဖွဲ့နဲ့ ရဲများ လက်နက်နဲ့အတူ CDM ဝင်လာပါက လက်ခံကြိုဆိုပေးနေကြောင်း ကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားပါတယ်။

========================

📌📌စနိုက်ပါတပ်ဖွဲ့ ပစ်ခတ်လို့ စစ်ဗိုလ်အပါအဝင် (၆) ဦး သေဆုံး၍အလောင်းတွေကို စစ်သုံးရဟတ်ယာဥ်နဲ့လာသယ်

စနိုက်ပါတပ်ဖွဲ့က ပစ်ခတ်လို့ စစ်ဗိုလ်အပါအဝင် (၆) ဦးကို စစ်ကောင်စီဘက်က ဒီမော့ဆို အိုးခူးရွာမှာ သေဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။
မတ်လ ၁၇ ရက် နေ့ ဒီမော့ဆိုမြို့နယ် အိုးခူးရီးရွာမှာ အပစ်ကြမ်းခဲ့တယ်လို့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေး စနိုက်ပါအဖွဲ့ကဆိုပါတယ်။

"အဲ့ဒီနေ့ နေ့လည်က ဒီမောဆိုမြို့နယ် အိုးခူးရီးရွာတွင် တပ်စွဲထားသောအကြမ်းဖက်စကစတပ်များအား အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးစနိုက်ပါအဖွဲ့နှင့် လွိုက်ကော် PDF စနိုက်ပါအဖွဲ့တို့မှပူးပေါင်းတိုက်ခိုက်ခဲ့ရာ စခ ( ၆ ) ဦးသေးဆုံးခဲ့ပါတယ်"လို့‌ဆိုထားပါတယ်။

စနိုက်ပါအဖွဲ့၏ပစ်ခတ်မှုကြောင့် သေဆုံးသွားသောစခ ( ၆ ) ဦးတွင် အရာရှိတစ်ဦးပါဝင်ပြီး မကြာခင်မှာပဲ အလောင်းကို ရဟတ်ယာဉ်ဖြင့်လာရောက်သယ်ဆောင်သွားတယ်လို့သိရပါတယ်။

========================

📌📌ပခုက္ကူမြို့ ၃ ရပ်ကွက်ရှိ Mytel ရုံး လက်ပစ်ဗုံးနဲ့အပစ်ခံရ

Mytel ရုံး လက်ပစ်ဗုံးနဲ့အပစ်ခံရတယ်လို့ သတင်းရရှိပါတယ်။ မတ်လ ၁၇ ရက် ညနေ ၄ နာရီ အချိန်မှာ ပခုက္ကူမြို့ ၃ ရပ်ကွက်ရှိ၊ (ဂ)ကွင်း (၅) လမ်းရှိ Mytel ရုံးကို လက်ပစ်ဗုံးနဲ့ပစ်ခတ်သတိ‌ပေးခဲ့တယ်လို့ PKU N PDF ကဆိုပါတယ်။
" စကစ၏ စီးပွားရေးထောက်တိုင်ဖြစ်သည့် Mytel ရုံးအား လက်ပစ်ဗုံးဖြင့်ဖောက်ခွဲကာ ကျွန်တော်တို့ PKU N PDF နှင့် ပူးပေါင်းမဟာမိတ်အဖွဲ့ Southern YSO PDF တို့မှ ပစ်ခတ် သတိပေးလိုက်ပါတယ်" လို့ဆိုပါတယ်။

အဆိုပါ Mytel ရုံးအား ကာကွယ်ရေးတပ်များစောင့်ကြည့်နေခဲ့ပြီး ရုံးပိတ်ခြင်းမရှိတဲ့အပြင် ဝန်ထမ်းများမှလည်း အလုပ်ဆက်လက်လုပ်ကိုင်နေခြင်းကြောင့် သတိပေးဖောက်ခွဲခြင်းဖြစ်တယ်လို့သိရပါတယ်။
"အဆိုပါဖောက်ခွဲမှုဟာ ပထမဆုံးနှင့် နောက်ဆုံးအနေဖြင့် သတိပေးခြင်းသာဖြစ်ပါတယ်။ သတိပေးထားတဲ့ကြားမှ ဆက်လက်လုပ်ဆောင်နေပါက ကျွန်တော်တို့အဖွဲ့အနေဖြင့် သက်ညှာနေမည်မဟုတ်တော့ပါ" လို့ PKU N PDFကဆိုပါတယ်။

========================

📌📌ကျိုက်ထို မုပ္ပလင်အနီးသထုံမှ ပဲခူးဘက်သို့ ကား ၆ စီးပါ စကစ ရိက္ခာကားတန်း မိုင်းဆွဲတိုက်ခိုက်ခံရ

မွန်ပြည်နယ် ကျိုက်ထို မုပ္ပလင်အနီးသထုံမှ ပဲခူးဘက်သို့ ကား ၆ စီးပါ စကစ ရိက္ခာကားတန်း ယမန်နေ့ညက မိုင်းဆွဲတိုက်ခိုက်ခံရကြောင်းသိရပါတယ်။
မတ်လ ၁၇ ရက် ည ၉ နာရီဝန်းကျင်တွင် စကစ ရိက္ခာကားတန်း မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်ဟု ကျိုက်ထို တော်လှန်ရေးအင်အားစုကဆိုပါတယ်။

"ယနေ့ည ၉ နာရီဝန်းကျင် ကျိုက်ထို မုပ္ပလင်အနီးသထုံမှ ပဲခူးဘက်သို့ ၆ စီးပါ စကစ ရိက္ခာကားတန်း မိုင်းဆွဲတိုက်ခိုက်ခံရပါတယ်။ ထိခိုက်ပျက်စီး မသိရှိရသေးပါဘူး"လို့ဖော်ပြပါတယ်။
မတ်လ ၁၇ ရက် မနက် ၉:၅၀ အချိန်ခန့်ကလည်း ကျိုက်ထိုမြို့ကိုဖြတ်၍ပဲခူးဘက် မှ သထုံဘက်သွားသော ၉ စီးပါ စကစကားတန်းဘီးလင်းအခွန်ဂိတ်အနီး မိုင်းဆွဲတိုက်ခိုက်ခံရ ကာစစ် ကားတစ်စီး ပျက်စီးခဲ့တယ်လို့သိရပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment