26th MAY 2022 - Morning Daily News by Radio NUG

၂၀၂၂ မေလ ၂၆ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီနဲ့ NUG တို့ သယံဇာတ အုပ်ချုပ်စီမံမှုဆွေးနွေးပွဲကျင်းပမယ်

📌စစ်ဘေး မီးဘေးသင့်ပြည်သူများအား အကူအညီပေးနိုင်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ဆရာတော် အဂ္ဂဝံသ ဆွေးနွေး

📌NUG Pay ကို လာမယ့် ဇွန်လအတွင်း စတင် သုံးစွဲနိုင်တော့မယ်

📌၁၄/အင်းလျားလမ်း နေအိမ် ရောင်းချမှု အစုရှယ်ယာတစ်သိန်း ရောင်းချတဲ့အနက်လေးသောင်း စွန်းစွန်းသာ ကျန်တော့

📌Non-CDM လခစားများ အနေဖြင့် CDM လှုပ်ရှားမှုတွင်ပါဝင်လိုပါက ပါဝင်နိုင်ကြောင်း ဖယ်ခုံမြို့နယ် ပညာရေးဘုတ်အဖွဲ့ ဖိတ်ခေါ်

📌ဒါရိုက်တာ ဏကြီးရိုက်ကူးတဲ့ နိုင်ငံပျောက်သူ short film ကို မေ ၃၀ မှာ ပြသမယ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီနဲ့ NUG တို့ သယံဇာတ အုပ်ချုပ်စီမံမှုဆွေးနွေးပွဲကျင်းပမယ်


မေလ ၂၅ ရက်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ပူးတွဲသတင်းထုတ်ပြန်ချက်အရ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီနဲ့ NUGတို့ သယံဇာတ အုပ်ချုပ်စီမံမှု ဆွေးနွေးပွဲကျင်းပမယ်လို့ သိရပါတယ်။

ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီနဲ့ NUG မှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်၊ ဒုဝန်ကြီးခွန်ဘီထူးတို့ မေလ၂၅ ရက်နေ့မှာ တွေ့ဆုံခဲ့ပြီး ကြားကာလ ချင်းပြည် မြေယာနှင့်သယံဇာတ စီမံခန့်ခွဲမှုဆိုင်ရာများကို ဖက်ဒရယ်ချာတာနဲ့အညီ ချင်းပြည်၏ ဖက်ဒရယ်လုပ်ပိုင်ခွင့်များအရ ပြဌာန်းဆောင်ရွက်နိုင်ရေးကို အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် လာမယ့်တစ်ပတ်အတွင်း ပါဝင်သင့်ပါဝင်ထိုက်သူများနှင့် သယံဇာတ အုပ်ချုပ်စီမံမှုဆွေးနွေးပွဲကို ကျင်းပသွားမယ်လို့သတင်းရရှိပါတယ်။


=======================


📌📌စစ်ဘေး မီးဘေးသင့်ပြည်သူများအား အကူအညီပေးနိုင်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ဆရာတော် အဂ္ဂဝံသ ဆွေးနွေး


စစ်ဘေး မီးဘေးသင့်ပြည်သူများအား အကူအညီပေးနိုင်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ဆရာတော် အဂ္ဂဝံသတို့ မေလ၂၅ ရက်မှာ ဆွေးနွေးခဲ့ကြောင်း ဆရာတော်က မိန့်ပါတယ်။

NUG- လူသားခြင်းစာနာမှုအကူအညီပေးရေးဝန်ကြီးဌာန  (MOHADM) နှင့် ယနေ့ မီတင်မှာစစ်ဘေး မီးဘေးသင့်ပြည်သူများအား အကူအညီပေးနိုင်ရေးအတွက် ဆွေးနွေးခဲ့ပါတယ်"လို့မိန့်ပါတယ်။

စကစတပ်များဟာ စစ်ကိုင်းတိုင်းထဲမှ ရေဦး၊ဒီပဲယင်း၊ တန့်ဆည်၊ ခင်ဦး၊ ကန့်ဘလူ စတဲ့မြို့နယ်ကကျေးရွာများကိုမီးရှို့ဖျက်ဆီးလျက်ရှိပါတယ်။


========================


📌📌NUG Pay ကို လာမယ့် ဇွန်လအတွင်း စတင် သုံးစွဲနိုင်တော့မယ်


NUG အစိုးရက ငွေကြေးဆိုင်ရာဝန်ဆောင်မှုအဖြစ် NUG Pay ကို လာမယ့်ဇွန်လအတွင်း စတင် အသုံးပြုနိုင်ရေး လုပ်ဆောင်နေပြီဖြစ်တယ်လို့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းဇေယျာဦးက ပြောကြားလိုက်ပါတယ်။

ငွေကြေးဆိုင်ရာဝန်ဆောင်မှုအဖြစ်နဲ့ အသုံးပြုမယ့် NUG Pay အပ်ပလီကေးရှင်းကို ပြည်သူတွေသုံးစွဲမှု လွယ်ကူစေရေးအတွက် လုပ်ဆောင်သွားမှာဖြစ်သလို ဒီအပ်ပလီကေးရှင်းကို နိုဝင်ဘာလကတည်းက လူငယ်နည်းပညာရှင်တွေနဲ့ပူးပေါင်း လုပ်ဆောင်ထားတာဖြစ်ပြီး Andriod ရော IOS ‌မှာပါ အသုံးပြုနိုင်အောင်စီစဉ်နေတယ်လို့ ဆိုပါတယ်။

NUG Pay အပ်ပလီကေးရှင်းကို အသုံးပြုမယ်ဆိုရင် NUG Pay ဝန်ဆောင်မှု ကိုယ်စားလှယ် (အေးဂျင့်) တွေက တစ်ဆင့် ကုဒ်နံပါတ်ကို မြန်မာငွေကျပ် သောင်းနဲ့ စတင်ဝယ်ယူသုံးစွဲရမှာဖြစ်ပြီးတော့ သုံးစွဲခွင့်ရတဲ့အချိန်မှာ နွေဦးထီ၊ ငွေတိုက်စာချုပ် အစရှိတဲ့ ထောက်ပံ့ရေး အစီအစဉ်တွေကို သုံးစွဲနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် NUG Pay သုံးစွဲသူ အချင်းချင်းကြားမှာလည်း ငွေလွှဲတာ၊ ကုန်စည်ဝယ်ယူသုံးစွဲတာတွေကို ပြုလုပ်သွားနိုင်မှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ မြန်မာကျပ်ငွေတစ်မျိုးတည်းသာ သုံးစွဲနိုင်မှာဖြစ်ပြီး နောက်ပိုင်းမှာ နိုင်ငံခြား ငွေလွှဲငွေထုတ်တွေအတွက်ပါ အသုံးပြုနိုင်အောင် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌၁၄/အင်းလျားလမ်း နေအိမ် ရောင်းချမှု အစုရှယ်ယာတစ်သိန်း ရောင်းချတဲ့အနက်လေးသောင်း စွန်းစွန်းသာ ကျန်တော့


၁၄/အင်းလျားလမ်း နေအိမ် ရောင်းချမှု အစုရှယ်ယာတစ်သိန်း ရောင်းချတဲ့အနက်လေးသောင်း စွန်းစွန်းသာ ကျန်တော့ပြီး အမေရိကန်ဒေါ်လာ သန်းဖိုး နီးပါး ရောင်းချထားရတယ်လို့ မေလနောက်ဆုံးပတ်မှာ End of Dictator Ship က ကြေညာခဲ့ပါတယ်။

"EOD ရှယ်ယာ ရောင်းရငွေဟာ ဒေါ်လာ သန်းပြည့်ဖို့ အတော်လေး နီးကပ်လာပါပြီ။ အစုရှယ်ရာ သိန်း ရောင်းချပေးတဲ့အနက် သောင်း စွန်းစွန်းသာ ကျန်ပါတော့တယ်။ ငွေကြေးစီးဆင်းမှု အဆင်ပြေချောမွေ့ ပြီးသားဖြစ်တဲ့ ကိုယ်စားလှယ်များမှ တဆင့် ရောင်းချခြင်းဖြစ်လို့ အာဏာရှင်နိဂုံး အဆုံးသတ်ဖို့ အတွက် စတင်သုံးနေပါပြီ" လို့ ဆိုပါတယ်။

ရန်ကုန်မြို့ရှိ အကြမ်းဖက် ခေါင်းဆောင် မင်းအောင်လှိုင်နေအိမ်အား EOD မှ အမေရိကန်ဒေါ်လာ ၁၀ သန်းဖြင့် အစုရှယ်ယာများ တစ်စုလျှင် အမေရိကန်ဒေါ်လာ ၁၀၀ နဲ့ ရောင်းချပေးလျက်ရှိပါတယ်။ အဆိုပါအစုရှယ်ယာများ ပြန်လည်ရောင်းချခွင့်ကိုလည်း NUG အစိုးရက လွတ်လပ်စွာ ရောင်းချခွင့်ပြုမယ်လို့ သိရပါတယ်။


========================


📌📌Non-CDM လခစားများ အနေဖြင့် CDM လှုပ်ရှားမှုတွင်ပါဝင်လိုပါက ပါဝင်နိုင်ကြောင်း ဖယ်ခုံမြို့နယ် ပညာရေးဘုတ်အဖွဲ့ ဖိတ်ခေါ်


Non-CDM လခစားများအနေဖြင့် CDM လှုပ်ရှားမှုတွင် ပါဝင်လိုပါက ဖောင်ဖြည့်စွက် တောင်းခံပါဝင်နိုင်ကြောင်း မေလ၂၅ ရက်မှာ ဖယ်ခုံမြို့နယ် ပညာရေးဘုတ်အဖွဲ့က ကြေညာခဲ့ပါတယ်။

"ဖယ်ခုံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့၊ ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်ရင်း (၁၀၀၂) ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်ရင်း (၁၀၀၆) နှင့် မိုးဗြဲပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (၁၀၀၁) များ၏ ပူးတွဲဆုံးဖြတ်ချက်အရ Non-CDM လခစားများ အနေဖြင့် CDM လှုပ်ရှားမှုတွင် ပါဝင်လိုပါက ဖော်ပြပါ ဖောင်ပုံစံကို လက်ရေးနှင့် ဖြည့်စွက် လက်မှတ်ထိုးပြီး ဖယ်ခုံမြို့နယ် ပညာရေးဘုတ်အဖွဲ့၏ Facebook Messenger မှ တဆင့် ၂၀၂၂ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့နိုင်ပါကြောင်း အသိပေးအပ်ပါတယ်" လို့ ဆိုပါတယ်။ ဖယ်ခုံမြို့နယ်မှာ စကစလက်အောက် တာဝန်ထမ်းဆောင်နေတဲ့ ဆရာ၊ဆရာမအချို့ရှိပြီး နုတ်ထွက်လိုတဲ့ ဆရာ၊ ဆရာမများလည်း ရှိတယ်လို့ သိရပါတယ်။


========================


📌📌ဒါရိုက်တာ ဏကြီးရိုက်ကူးတဲ့ နိုင်ငံပျောက်သူ short film ကို မေ ၃၀ မှာ ပြသမယ်


ဒါရိုက်တာ ဏကြီးက နိုင်ငံပျောက်သူ short film ရိုက်ကူးထားကြောင်း နဲ့ အဆိုပါ short film ကို Pa Day Thar Pin YouTube Channel ကနေ မေ ၃၀ မှာ ပြသသွားမယ်လို့ ဆိုပါတယ်။

"ကျွန်တော် စစ်မတိုက်တတ်ဘူး။ fund raising တွေလည်း မလုပ်တတ်ဘူး။ ကျွန်တော်က ရုပ်ရှင်ရိုက်တဲ့သူဆိုတော့ ရုပ်ရှင်ပဲ ရိုက်တတ်ပါတယ်။ အဲဒါကြောင့် ရုပ်ရှင်ရိုက်ပြီး တော်လှန်ပါတယ်။ နိုင်ငံပျောက်သူ short film ကို ပဒေသာပင်ကနေ မေ ၃၀ မှာ တင်ပါမယ်" လို့ ဆိုပါတယ်။

"ကျားပေါက်ကို အထူးကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ရမယ့် သူတွေကတော့ များပါတယ်။ ကိုမိုး၊ မသဇင်၊ ဉာဏ်လင်း၊ မယ်ကူး၊ ဆရာဟဲ၊ ကိုနေဘုန်းလတ်၊ ဆရာမ၊ ကိုမင်းမင်းနဲ့ အခြား ဝိုင်းဝန်းကူညီသူတွေလည်း အများကြီးပါ။ (သူတို့လုံခြုံရေးအတွက်) နာမည် ထုတ်ပြောလို့ မရတဲ့သူတွေပါ ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်" လို့ ဒါရိုက်တာဏကြီးက ဆိုပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment