26th MAY 2022 - Evening Daily News by Radio NUG

၂၀၂၂ မေလ ၂၆ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းထားမှုဟာ တရားမဝင်ဘဲ မတရားဖမ်းဆီးထားတာဖြစ်တယ်လို့ ကုလသမဂ္ဂသို့ မိသားစုဝင်များတိုင်ကြား

📌CLICK2DONATE မှ  စစ်ကိုင်းနဲ့ မကွေးမှာ မီးလိုက်ရှို့နေတဲ့ စစ်ကြောင်းများကို တန်ပြန်စစ်ဆင်ရေးအတွက် ၈၀% အသုံးပြုမယ်

📌ပလက်ဝမှာ အေအေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်နေ

📌အကြမ်းဖက်စစ်ကောင်စီက ဖွင့်လှစ်မည့်ကျောင်းများတွင် ပြန်လည်သင်ကြားမည့် Non-CDM နဲ့ ကူညီသူများကို အပြစ်ပေးအရေးယူမယ်လို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကြေညာ

📌ချောင်းဦး-မြင်းမူ ကားလမ်းပိုင်းတစ်နေရာတွင် စကစတပ်များစီးလာသော  သံပြားကာ ကား () စီးကို တိုက်ခိုက်ရာ ၂၉ ဦးထက်မနည်းသေဆုံး

📌ဗန်းမော်မြို့နယ် NLD အမတ်များရဲ့နေအိမ်များကို စကစတပ်ဖွဲ့ဝင်များက ချိတ်ပိတ်

📌ခမရ (၃၆၁) မှတပ်သား  KLG PDF ထံ အလင်းဝင်လာ

📌ယင်းမာပင်မြို့နယ်ထဲက စစ်ဘေးရှောင်တွေဟာ ဒီပဲယင်းနယ်မှာ စစ်ကောင်စီက ရက်အတွင်း  ရွာ ရွာကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံပြည်သူတွေဟာ ခိုကိုးရာမဲ့အခြေအနေနဲ့ ရင်ဆိုင်နေရ

📌စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး၊ လက်ပံတောင်းတောင်ဒေသ၊ တရုတ်ကုမ္ပဏီ ဝမ်ပေါင်နဲ့ ရန်စီက စစ်ကောင်စီကို အကူအညီပေးနေတာကြောင့် ဒေသခံပြည်သူတွေဟာ ပြေးစရာနေရာမရှိဘဲ ထွက်ပေါက်ပိတ်နေ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းထားမှုဟာ တရားမဝင်ဘဲ မတရားဖမ်းဆီးထားတာဖြစ်တယ်လို့ ကုလသမဂ္ဂသို့ မိသားစုဝင်များတိုင်ကြား


ဒေါ်အောင်ဆန်းစုကြည် ဖမ်းထားမှု တရားမဝင်ဘဲ မတရားဖမ်းဆီးထားတာဖြစ်တယ်လို့ ကုလသမဂ္ဂကို မိသားစုဝင်များတိုင်ကြားလိုက်တယ်လို့ ရိုက်တာ သတင်းဌာနကဖော်ပြပါတယ်။ မေလနောက်ဆုံးပတ်မှာ မိသားစုဝင်တွေရဲ့အကြောင်းကြားမှုကြောင့်ဥပဒေမဲ့ မတရားဖမ်းဆီးထိန်းသိမ်းမှု ဆိုင်ရာ ကုလသမဂ္ဂလုပ်အဖွဲ့ မှ ရှေ့နေ ဦးတို့က ဦးဆောင် တိုင်ကြားခဲ့တာဖြစ်ပါတယ်။


ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံထားရမှုဟာ တရားရုံးတင် ပြန်ပေးဆွဲမှုဖြစ်တယ်လို့ ကုလအလုပ်အဖွဲ့ကို တိုင်ကြားတဲ့  စာထဲမှာ ဖော်ပြထားပါတယ်။ အသက် ၇၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နိုင်ငံတော်၏အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ခု နှစ်ဖေဖော်ဝါရီ ရက်နေ့ စစ်တပ်အာဏာသိမ်းစဥ်ကတည်းကဖမ်းဆီးခံခဲ့ရတာ တစ်နှစ်ကျော်ခဲ့ပြီဖြစ်ပါတယ်။ လက်ရှိမှာ အဂတိအမှုအပါအဝင် စတဲ့အမှုပေါင်း၁၀မှုကျော်နဲ့ စစ်ကောင်စီဟာ မတရားအမှုဆင်ကာ တရားစွဲဆိုထားပါတယ်။


========================


📌📌CLICK2DONATE မှ  စစ်ကိုင်းနဲ့ မကွေးမှာ မီးလိုက်ရှို့နေတဲ့ စစ်ကြောင်းများကို တန်ပြန်စစ်ဆင်ရေးအတွက် ၈၀% အသုံးပြုမယ်


CLICK2DONATE မှ ယခုလရရှိသော ဝင်ငွေကို စစ်ကိုင်းနဲ့ မကွေးမှာ မီးလိုက်ရှို့နေတဲ့ စစ်ကြောင်းများတန်ပြန်စစ်ဆင်ရေးအတွက် ၈၀% ပေးပို့အသုံးပြုမယ်လို့သတင်းရရှိပါတယ်။


"ကျွန်တော်တို့ရဲ့ စာနာမှု ကျွန်တော်တို့ရဲ့စည်းလုံးမှု  ကျွန်တော်တို့ရဲ့အင်အားတွေကို စကားလုံးတွေအစား ကလစ်တွေနဲ့ပြကြမယ်ခင်ဗျာ။ ကျွန်တော်ပြောလေ့ရှိသလိုပါပဲ ကလစ်တဲ့ လူငါးသိန်းဆိုတစ်နေ့ သိန်းနှစ်ထောင်ပါခင်ဗျာ။ ဒီလတော့ရငွေတွေကို  စစ်ကိုင်းမကွေးမှာ မီးလိုက်ရှို့နေတဲ့ကောင်တွေကို တန်ပြန်ဆော်နိုင်မယ့် ပရောဂျက်မှာ 80% သုံးမှာဖြစ်ပါတယ်ခင်ဗျာ"လို့ ဆိုပါတယ်။ CLICK2DONATE ဟာ C2D APP ကိုကူး၍ တော်လှန်ရေးအင်အားစုများအတွက် ရန်ပုံငွေရရှိအောင် ကလစ်ပေးရတဲ့ လုပ်ငန်းစဥ်တစ်ခုလည်းဖြစ်ပါတယ်။


========================


📌📌ပလက်ဝမှာ အေအေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်နေ


ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်အစပ် ချင်းပြည်နယ်ထဲက ပလက်ဝမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(အေအေ)တို့ ဒီနေ့ မေလ ၂၆ ရက် မနက် ၁၀ နာရီကစလို့ တိုက်ပွဲ စဖြစ်နေတယ်ဆိုပြီး  ဘီဘီစီသတင်းဌာနက ဖေါ်ပြထားတာတွေ့ရပါတယ်။ တိုက်ပွဲဟာ ပလက်ဝမြို့နယ်ထဲက အပေါင်စကျေးရွာအနီးမှာ ဖြစ်နေတာလို့လည်း ပလက်ဝဒေသခံတွေက ပြောပါတယ်။


ပလက်ဝမြို့ပေါ်ကနေ လက်နက်ကြီး ပစ်ခတ်သံကြားရာကနေ အပေါင်စကျေးရွာဘက်ကို ဆက်သွယ်မေးမြန်းချိန်မှာ အဲဒီရွာအနီး တိုက်ပွဲဖြစ်နေတာကိုသိရှိခဲ့ရတာလို့လည်း ပြောပါတယ်။


ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီရဲ့လှုပ်ရှားမှုတွေဟာ ၂၀၂၀ နို၀င်ဘာမတိုင်ခင် နှစ်ဖက် တိုက်ပွဲပြင်းထန်ခဲ့တဲ့ကာလက စစ်ကြောင်းလှုပ်ရှားမှုတွေထက် ပိုဆိုးရွားနေတယ်ဆိုပြီး အေအေဘက်က ပြောဆိုတာ၊  နောက် နှစ်ဖက်တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်ဆိုပြီး အေအေဘက်က ဒေသခံတွေကို သတိပေးတာတွေ ရှိခဲ့ပြီး စစ်ကောင်စီဘက်ကလည်း အေအေကရခိုင်မှာတိုက်ပွဲခေါ်နေတာဖြစ်ပြီး တပ်ကိုအဆိုးမဆိုနဲ့လို့ ပြောကြားလာအပြီးမှာ အခုတိုက်ပွဲပေါ်ပေါက်လာတာဖြစ်ပါတယ်။


========================


📌📌အကြမ်းဖက်စစ်ကောင်စီက ဖွင့်လှစ်မည့်ကျောင်းများတွင် ပြန်လည်သင်ကြားမည့် Non-CDM နဲ့ ကူညီသူများကို အပြစ်ပေးအရေးယူမယ်လို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကြေညာ


အကြမ်းဖက်စစ်ကောင်စီက ဖွင့်လှစ်မည့်ကျောင်းများတွင် ပြန်လည်သင်ကြားမည့် Non-CDM နဲ့ ကူညီသူများကို အပြစ်ပေးအရေးယူမယ်လို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကမေလ၂၆ ရက်မှာ ကြေညာလိုက်ပါတယ်။


"အကြမ်းဖက်စစ်ကောင်စီက ဖွင့်လှစ်မည့်ကျောင်းများတွင် ပြန်လည်သင်ကြားမည့် Non-CDM ပညာရေးဝန်ထမ်းများနှင့် မြို့ပေါ်တွင်စစ်ကောင်စီပညာရေးလည်ပတ်ရန် ကူညီနေသူများကို ပြည်သူ့သစ္စာဖောက်များအဖြစ် သတ်မှတ်ပြီး အပြစ်ပေးအရေးယူမယ်"လို့ဆိုပါတယ်။


ဒါ့အပြင်ချင်းပြည်နယ် မင်းတပ်မြို့ရှိ စစ်ကောင်စီဖွင့်လှစ်မဲ့ ကျောင်းများတွင်ကျောင်းအပ်နှံခြင်းမပြုဘဲ မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဦးစီးဖွင့်လှစ်သည့် ပြည့်သူ့စာသင်ကျောင်းများတွင်သာ အပ်နှံကြရန် မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က နှိုးဆော်တိုက်တွန်းထားပါတယ်။


========================


📌📌ချောင်းဦး-မြင်းမူ ကားလမ်းပိုင်းတစ်နေရာတွင် စကစတပ်များစီးလာသော  သံပြားကာ ကား () စီးကို တိုက်ခိုက်ရာ ၂၉ ဦးထက်မနည်းသေဆုံး


မေလ ၂၆ ရက်၊ () နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦး-မြင်းမူ ကားလမ်းပိုင်းတစ်နေရာ၌  စကစတပ်များစီးလာသော သံပြားကာ ကား () စီး အား  မိုင်းခွဲတိုက်ခိုက်ခဲ့ရာ မုန့်ဟင်းခါးပွဲရေ (၂၉) ပွဲထွက်ရှိသွားသည်ဟု သတင်းရရှိပါတယ်"လို့ဆိုပါတယ်။


တိုက်ခိုက်မှုအား ညီနောင်မဟာမိတ်များဖြစ်ကြသော Farmers Revolution Force FRF (CHU) တပ်ရင်းမှ ဦးဆောင်၍ Chaung U Revolution Army (CRA) Black Eagle Defence Force နှင့် Zarmini MMU တို့မှပူးပေါင်းဆင်နွှဲခဲ့ပါတယ်။


========================


📌📌ဗန်းမော်မြို့နယ် NLD အမတ်များရဲ့နေအိမ်များကို စကစတပ်ဖွဲ့ဝင်များက ချိတ်ပိတ်


မေလ ၂၅ ရက်နေ့မှာ ကချင်ပြည်နယ် ဗန်းမော်မြို့နယ် NLD အမတ်များရဲ့နေအိမ်များကို စကစတပ်ဖွဲ့ဝင်များက လာရောက်ကာ နေအိမ်များကို ချိတ်ပိတ်ခဲ့ပြီး လူနေထိုင်တဲ့နေအိမ်ကိုလည်း တစ်လအတွင်းပြောင်းပေးဖို့ စာကပ်ခဲ့တယ်လို့သိရပါတယ်။


ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်း၏  နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ယမန်နေ့က ချိတ်ပိတ်ခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်း၏ နေအိမ်ကိုတော့ ပြောင်းရွှေ့ရန်အသိပေးစာကပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက ရရှိထားသောစာရင်းများအရ  လွှတ်တော်ကိုယ်စားလှယ် (၉၃) ဦးအပါအဝင် စုစုပေါင်းပါတီဝင် (၁၅၅) ဦး၏ နေအိမ်များနှင့်အခြားပိုင်ဆိုင်မှုများ  ချိတ်ပိတ်ခံခဲ့ရပြီးဖြစ်တယ်လို့ ၂၀၂၂ ခုနှစ်၊ မတ်လ (၁၈) ရက်ကထုတ်ပြန်ထားပါတယ်။


========================


📌📌ခမရ (၃၆၁) မှတပ်သား  KLG PDF ထံ အလင်းဝင်လာ


ခမရ (၃၆၁) မှတပ်သားနိုင်ဝင်းသည် KLG PDF ထံ အလင်းဝင်လာတယ်လို့သိရပါတယ်။ ၄င်းတပ်သားနိုင်ဝင်းဟာ ရှေ့တန်းစစ်ကြောင်းမှ လက်နက်မပါဘဲ ထွက်ပြေးလာခြင်းဖြစ်ပြီး KLG PDF နဲ့တွေ့ဆုံအလင်းဝင်ခဲ့တာဖြစ်တယ်လို့ သတင်းရရှိပါတယ်။ KLG PDF မှ လက်ရှိတွင် တပ်သားနိုင်ဝင်းကို ကောင်းမွန်စွာထားရှိပြီး လွတ်မြောက်နယ်ကိုပို့ဆောင်ပေးသွားမယ်လို့သိရပါတယ်။


ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ အလင်းဝင်လာသော စကစတပ်များကိူ လက်ခံကြိုဆိုလျက်ရှိပြီး လက်နက်နဲ့အတူအလင်းဝင်ပါက ဂုဏ္ပြုငွေ ကျပ်သိန်း သုံးဆယ်မှ သိန်း ခြောက်ဆယ် ထိပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်းသိရပါတယ်။ အခုတင်ပြပေးခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်း ကပေးပို့ထားတာဖြစ်ပါတယ်။


========================


အခု ဆက်လက်ပြီးသတင်းနှင့်အတူ လူထုစကားသံ အစီအစဉ်ကဏ္ဍကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။


📌📌ယင်းမာပင်မြို့နယ်ထဲက စစ်ဘေးရှောင်တွေဟာ ဒီပဲယင်းနယ်မှာ စစ်ကောင်စီက ရက်အတွင်း  ရွာ ရွာကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံပြည်သူတွေဟာ ခိုကိုးရာမဲ့အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။


စစ်ကောင်စီက စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲက ရွာ ရွာကို မေလ ၁၉ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ရက်အတွင်းမှာ ဝင်ရောက်အကြမ်းဖက်မီးရှို့ခဲ့တာပါ။ အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့  နဂါးတွင်းရွာမှာ အိမ်ခြေ ၄၅ လုံး၊ သရက်တောရွာက ၂၂ အိမ်၊ ခွင့်တောင်းရွာက အိမ်၊ ပင်စည်ရွာက ၃၉ အိမ် မီးလောင်ပျက်စီးခဲ့ပြီး အင်ပင်နဲ့ ယဒင်ရွာတွေမှာ စစ်သားတွေ မထွက်သွားသေးတဲ့အတွက် ဘယ်လောက်ပျက်စီးဆုံးရှုံးတယ်ဆိုတာကို အတည်မပြုနိုင်သေးပါဘူးလို့ နဂါးတွင်းရွာသူတစ်ဦးကပြောပါတယ်။


ဒီပဲယင်း၊ နဂါးတွင်းရွာသူတစ်ဦး


ဧပြီလကုန်ပိုင်းကစပြီး ရွှေဘိုခရိုင်ထဲက ဒီပဲယင်း၊ ရေဦး၊ ခင်ဦး၊ တန့်ဆည်၊ ဝက်လက်နဲ့ ရွှေဘိုမြို့နယ်တွေမှာ စစ်ကောင်စီက ရွာစဉ်လှည့်မီးရှို့ခဲ့တာပါ။ ဒေသခံပြည်သူတွေရဲ့စားနပ်ရိက္ခာလမ်းကြောင်းတွေကိုလည်း စစ်ကောင်စီကပိတ်ဆို့ပြီး အကြမ်းဖက်နယ်မြေထိန်းချုပ်ဖို့ကြိုးစားနေတဲ့အကြောင်းကိုလည်း နဂါးတွင်းရွာသူတစ်ဦးကအခုလိုဆက်ပြီးပြောပြထားပါတယ်။


ဒီပဲယင်း၊ နဂါးတွင်းရွာသူတစ်ဦး


မေလဆန်းကစပြီး ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်ခဲ့တဲ့ အာစန်နီမုန်တိုင်းငယ်ကြောင့် အနောက်မြောက်တိုင်းစစ်ဒေသမှာ မိုးတွေဆက်တိုက်ရွာသွန်းခဲ့တဲ့အတွက် စစ်ဘေးသင့်ပြည်သူတွေဟာ ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေအရေးပေါ်လိုအပ်နေပါတယ်။ စစ်ဘေးသင့်ပြည်သူတွေ တနေ့ထက်တနေ့ ပိုများလာတဲ့အတွက် ကူညီထောက်ပံ့နေတဲ့ပရဟိတအဖွဲ့တွေဟာလည်း လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ အခက်အခဲကြုံနေရပါတယ်။သတင်းကိုတော့ နွေဦးKက ပေးပို့တာဖြစ်ပါတယ်။


========================


📌📌စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး၊ လက်ပံတောင်းတောင်ဒေသ၊ တရုတ်ကုမ္ပဏီ ဝမ်ပေါင်နဲ့ ရန်စီက စစ်ကောင်စီကို အကူအညီပေးနေတာကြောင့် ဒေသခံပြည်သူတွေဟာ ပြေးစရာနေရာမရှိဘဲ ထွက်ပေါက်ပိတ်နေကြပါတယ်။


တရုတ်ကုမ္ပဏီတွေက စစ်သားတွေကို သွားလာရေးအကူအညီပေးတာ၊ ဒေသတွင်းသတင်းတွေပေးတာ၊ ရိက္ခာထောက်ပို့တာတွေပြုလုပ်ပေးနေတယ်လို့ ဆားလင်းကြီးဒေသခံတစ်ဦးကဆိုပါတယ်။ 


ဆားလင်းကြီးဒေသခံတစ်ဦး


မေလ ၂၄ ရက်နေ့နဲ့ ၂၅ ရက်နေ့တွေမှာ ဆားလင်းကြီးမြို့နယ်၊ ရေကြည်ပင်၊ ထန်းတောကြီး၊ ပြေးသကျ၊ ဂုံတော၊ ဒုံးတော၊ ကံကုန်း၊ ဝရမ်းကျေးရွာတွေမှာ စစ်ကောင်စီက ဝင်ရောက်အကြမ်းဖက်နိုင်အောင် တရုတ်ကုမ္ပဏီတွေက အကူအညီတွေပေးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ကိုင်းဒေသတွင်းပြည်သူတွေကတော့ မိုးရွာနေတဲ့ကြားထဲက ဘေးလွတ်ရာကိုပြေးနေရပြီး အားကိုးရာမဲ့နေတယ်လို့ ခင်ဦးဒေသခံတစ်ဦးကအခုလိုဆိုပါတယ်။


ခင်ဦးဒေသခံတစ်ဦး


စစ်ကိုင်းတိုင်းကို နယ်မြေထိန်းချုပ်ဖို့ စစ်ကောင်စီက နည်းလမ်းမျိုးစုံသုံးပြီးအကြမ်ဖက်နေပေမယ့် ဒေသတွင်း PDF တွေက အချိန်တစ်နှစ်ကျော်ကြာတဲ့အထိ အာဏာသိမ်းတာကို လက်မခံဘဲ ခုခံနေကြတာပါ။ ပြည်သူတွေကို ကူညီထောက်ပံ့မယ့်လမ်းကြောင်းတွေကိုလည်း စစ်ကောင်စီက ပိတ်ပင်တားဆီးနေပါတယ်။ ဒီသတင်းကိုတော့ နွေဦးKက ပေးပို့တာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment