၂၀၂၂ ဇွန်လ ၁၅ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အစိုးရ တစ်ခုလုံးက မင်းအောင်လှိုင်နှင့် စစ်အုပ်စုအားချေမှုန်းဖို့ အဓိကဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား
📌 ၂။ စစ်ကိုင်းဘက်မှ ရွာတွေကို စကစတပ်များ နေ့စဥ်ရက်ဆက် မီးရှို့နေမှုအား အမြန်ဆုံးကာကွယ်ရန် ကာကွယ်ရေးဝန်ကြီးဌာနကို အစိုးရအဖွဲ့အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ်ညွှန်ကြား
📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရက လာမယ့်အပတ်အတွင်း သတင်းစာရှင်းလင်းပွဲကျင်းပမယ်
📌 ၄။ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တစ်ခုမှာ NUG အစိုးရ၏ ပညာရေးဝန်ကြီးဌာန မိုးရာသီ အားကစားပြိုင်ပွဲ ကျင်းပ
📌 ၅။ စစ်အာဏာရှင်တော်လှန်ရေး ကာလအတွင်း ကျဆုံးခဲ့ရသူ (၁၉၄၁) ဦးထိရှိလာ
📌 ၆။ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ငွေသာကျေးရွာ လင်းစာကျက်ကျေးရွာ တို့ကိုဖျက်စီး မီးရှို့ကာ လင်းစာကျက်တွင်တပ်စွဲထား စကစတပ်များကို ဒေသခံကာကွယ်ရေးတပ်များစိန်ပြောင်းလက်နက်ကြီးများနဲ့ပစ်ခတ်
📌 ၇။ Light Of Love Federal School မှအထက်တန်းပြ ဆရာ၊ဆရာမများခေါ်ယူ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အစိုးရ တစ်ခုလုံးက မင်းအောင်လှိုင်နှင့် စစ်အုပ်စုအားချေမှုန်းဖို့ အဓိကဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား
အစိုးရ တစ်ခုလုံးက မင်းအောင်လှိုင်နှင့် စစ်အုပ်စုအားချေမှုန်းဖို့ အဓိကဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြားလိုက်ပါတယ်။ ဇွန်လ ၁၄ ရက် အမျိုးသားညီညွတ်ရေးအစိုးရ ၅၈ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးကျင်းပရာမှာ ယာယီသမ္မတကထည့်သွင်းပြောကြားခဲ့ပါတယ်။
"၂၀၂၃ တွင် မင်းအောင်လှိုင်ဦးဆောင်သော စစ်ကောင်စီမှ လိမ်ညာပြီး ကျင်းပမည့် ရွေးကောက်ပွဲကို လုံးဝချေဖျက်နိုင်အောင် နိုင်ငံရေး စစ်ရေး ၂ ခုစလုံးဖြင့် လုပ်ဆောင်နိုင်ဖို့ ပြင်ဆင်ဖို့ အရေးကြီးတဲ့ အချိန်ဖြစ်ပါတယ်။ ဒါဟာသက်ဆိုင်ရာဌာနအားလုံး ကတာဝန်ရှိတာဖြစ် ပါတယ်။ မိမိတို့အနေနှင့် MOD မဟုတ်တဲ့ အတွက် မလိုအပ်ဟုမတွေးပဲ အစိုးရ တစ်ခုလုံးက မင်းအောင်လှိုင်နှင့် စစ်အုပ်စုအားချေမှုန်းဖို့ အဓိကဖြစ်သည့်အတွက် ဌာနအားလုံး စည်းရုံးပေးရမယ်၊ လူထုကိုအသိ ပေးရမယ်၊ အားပေးရမှာဖြစ်တယ်’ လို့ ယာယီသမ္မတ ဒူဝါလရှီးလကဆိုပါတယ်။
၂၀၂၁ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ မေလ ၁၇ ရက်နေ့အထိ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ စုဆောင်းရရှိထားသော အချက်အလက်များအရ ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း စစ်ကောင်စီတပ်သား (၁၄၈၉၀) ဦး သေဆုံးခဲ့ပြီး (၄၈၁၄) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရဟာ စကစတပ်ဖွဲ့ဝင်များကို တရားဝင်ခုခံတွန်းလှန်ဖို့ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
========================
📌📌 ၂။ စစ်ကိုင်းဘက်မှ ရွာတွေကို စကစတပ်များ နေ့စဥ်ရက်ဆက် မီးရှို့နေမှုအား အမြန်ဆုံးကာကွယ်ရန် ကာကွယ်ရေးဝန်ကြီးဌာနကို အစိုးရအဖွဲ့အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ်ညွှန်ကြား
စစ်ကိုင်းဘက်မှ ရွာတွေကို စကစတပ်များ နေ့စဥ်ရက်ဆက် မီးရှို့နေမှုအား အမြန်ဆုံးကာကွယ်ရန် ကာကွယ်ရေးဝန်ကြီးဌာနကို အစိုးရအဖွဲ့အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ညွှန်ကြားလိုက်ပါတယ်။
ဇွန်လ ၁၄ ရက် ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၅၈ ကြိမ်မြောက် အစိုးရအဖွဲ့အစည်း အဝေးပွဲမှာ ပြည်ထောင်စုဝန်ကြီးချုပ်ကဆိုခဲ့တာပါ။
"စစ်ကိုင်းဘက်မှာ ရွာတွေကို မီးရှို့နေတာ နေ့စဉ်ရက်ဆက် ဖြစ်နေပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ နည်းလမ်းရှာပြီး ထိထိရောက်ရောက် ကာကွယ်နိုင်ဖို့ အမြန်ကြိုးစားပေးစေချင်ပါတယ်။ စစ်ကိုင်းတိုင်း၊ မကွေး တိုင်း တို့အတွင်းမှာ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ စိုးမိုးထိန်းချုပ်နယ်မြေတွေလည်း ဖော်ဆောင်နေတာ အတော်လေး အား ကောင်းလာပြီဆိုပေမယ့် မြေပြင်အဖွဲ့အစည်း တွေ ဒီထက်ပိုပြီး အချိတ်အ ဆက်ရှိရှိ လုပ်ဆောင်သွားနိုင်ဖို့တွေလည်း လိုအပ်နေသေး တာအမှန်ပါ"လို့ ဝန်ကြီးချုပ်ကဆိုပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၂ ခုနှစ် မေလအထိ စာရင်းဇယားများအရ အကြမ်းဖက်စစ်တပ်ဟာ ပြည်သူတွေကိုသတ်ဖြတ်မှုမှာ ၃၁၆၅ ဦးအထိ ရှိထားပြီး ဒဏ်ရာရရှိမှုမှာ ၁၁၁၂ ဦးရှိခဲ့ပါတယ်။
ပြည်နယ်နဲ့ တိုင်းအတွင်းက မြို့ နယ် ၈၆ ခုမှာ ကျေးရွာပေါင်း ၄ဝဝ ကျော်ရှိ အရပ်သားနေအိမ်တွေကို အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ ဖျက်ဆီးခဲ့ပြီး စစ်ကိုင်းတိုင်း၊မကွေးတိုင်းနဲ့ ချင်းပြညိနယ်တို့ဟာ မီးရှို့ဖျက်ဆီးခံရမှုအများဆုံးဖြစ်ပါတယ်။
========================
📌📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရက လာမယ့်အပတ်အတွင်း သတင်းစာရှင်းလင်းပွဲကျင်းပမယ်
အမျိုးသားညီညွတ်ရေးအစိုးရက လာမယ့်အပတ်အတွင်း သတင်းစာရှင်းလင်းပွဲကျင်းပမယ်လို့သတင်းရရှိပါတယ်။ ဇွန်လ ၁၄ ရက် ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၅၈ ကြိမ်မြောက် အစိုးရအဖွဲ့အစည်း အဝေးပွဲမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကဆိုပါတယ်။
"တချို့နိုင်ငံတကာ တာဝန်ရှိသူတွေ ဆိုရင် ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရမှာ CDM ဝန်ထမ်းတွေ ပြန်လည် အားဖြည့်ကူညီ ဆောင်ရွက်ပေးနေကြတယ် ဆိုတာကိုတောင် မသိကြပါဘူး။ ဒါကြောင့် သတင်းအချက်အ လက်တွေ မှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန် ရောက်သင့် သူတွေထံ ရောက်ရှိနိုင်ရေးဟာလည်း တော်လှန်ရေးအတွက် အင်မတန်အရေးပါတဲ့ ကဏ္ဍဖြစ်ပါတယ်။ လာမယ့် အပတ်ထဲ မှာလည်း Press Conference လုပ်ဖို့ စီစဉ်နေကြတယ်လို့ သိရပါတယ်။ ဒီလသ တင်းစာရှင်းလင်းပွဲမှာ ပြည်တွင်းပြည်ပက ပြည်သူတွေ၊ နိုင်ငံတကာတာဝန်ရှိသူတွေထံ သတင်းတွေ ထိထိမိမိ ရောက်သွားနိုင် အောင် အားထုတ်စီမံပေးကြဖို့ PR Team ကို တိုက်တွန်းလိုပါတယ်” လို့ဝန်ကြီးချုပ်ကဆိုပါတယ်။
မကြာသေးမီက အမျိုးသားညီညွတ်ရေးအစိုးရတစ်နှစ်ပြည့် လုပ်ငန်းဆောင်ရွက်ချက်များကို သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပါသေးတယ်။
အဆိုပါ ရှင်းလင်းပွဲမှာ NUG အစိုးရရဲ့နယ်မြေစိုးမိုးနိုင်မှုအခြေအနေ၊ ငွေတိုက်စာချုပ်များရောင်းချရမှု၊ စကစတပ်များ ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့အင်အားအခြေအနေတို့ကိုရှင်းလင်းပြောကြားခဲ့ပါတယ်။
========================
📌📌 ၄။ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တစ်ခုမှာ NUG အစိုးရ၏ ပညာရေးဝန်ကြီးဌာန မိုးရာသီ အားကစားပြိုင်ပွဲ ကျင်းပ
စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တစ်ခုမှာ NUG အစိုးရ၏ ပညာရေးဝန်ကြီးဌာန မိုးရာသီ အားကစားပြိုင်ပွဲ ကျင်းပခဲ့တယ်လို့သိရပါတယ်။ ဇွန်လအတွင်းမှာ NUG အစိုးရ၏ ပညာရေးဝန်ကြီးဌာန မိုးရာသီ အားကစားပြိုင်ပွဲကို ကျင်းပခဲ့ပြီးတော့ လူဦးရေ ရာနဲ့ချီတက်ရောက်ခဲ့တယ်လို့သတင်းရရှိပါတယ်။
လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စိုးမိုးနယ်မြေများမှာ ကြားကာလ ပညာသင်ကြားရေး၊ ကျန်းမာရေး ဆေးကုသမှုများကို ဆောင်ရွက်လျက်ရှိသလို အုပ်ချုပ်ရေးနဲ့တရားစီရင်ရေးလုပ်ငန်းများကိုလည်း အကောင်အထည်ဖော်လျက်ရှိပါတယ်။
ပညာရေးဝန်ကြီးဌာနရဲ့ ကြားကာလ ပညာသင်ကြားရေး အစီအစဥ်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက်ရောက်သူကျောင်းသားဦးရေ သိန်းနဲ့ချီရှိနေတယ်လို့ သတင်းရရှိပါတယ်။
========================
📌📌 ၅။ စစ်အာဏာရှင်တော်လှန်ရေး ကာလအတွင်း ကျဆုံးခဲ့ရသူ (၁၉၄၁) ဦးထိရှိလာ
စစ်အာဏာရှင်တော်လှန်ရေး ကာလအတွင်း ကျဆုံးခဲ့ရသူ (၁၉၄၁) ဦးထိရှိလာကြောင်းသိရပါတယ်။ ဇွန်လ ၁၄ ရက်နေ့မှာ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းမှ ထုတ်ပြန်ခဲ့ပါတယ်။
ဇွန်လ ၁၂ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်၌ တနင်္သာရီတိုင်းဒေသကြီး၊ လိပ်ကြယ်ပြောင်ကျေးရွာတွင် နေထိုင်သည့် မပန်းအိဖြူသည် ကျောက်မဲတောင်ကျေးရွာမှ ထားဝယ်မြို့ဘက်ကိုသွားသည့် အကြမ်းဖက်စစ်အုပ်စု ယာဉ်တန်း၏ ပစ်ခတ်ခြင်းကို ခံခဲ့ရသောကြောင့် ကျဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။
မပန်းအိဖြူသည် စစ်အုပ်စု၏ယာဉ်တန်း သေနတ်များပစ်ခတ်၍ လာသည်ကို ကြောက်လန့်၍ အိမ်အတွင်း၌ ထပြေးစဉ် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်တယ်လို့သိရပါတယ်။ စကစတပ်များဟာ နယ်မြို့များမှာ အရပ်သားများကို ထင်သလိုသတ်ဖြတ်ကျူးလွန်နေတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၆။ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ငွေသာကျေးရွာ လင်းစာကျက်ကျေးရွာ တို့ကိုဖျက်စီး မီးရှို့ကာ လင်းစာကျက်တွင်တပ်စွဲထား စကစတပ်များကို ဒေသခံကာကွယ်ရေးတပ်များစိန်ပြောင်းလက်နက်ကြီးများနဲ့ပစ်ခတ်
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အတွင်းရှိ ငွေသာကျေးရွာ လင်းစာကျက်ကျေးရွာ တို့ကိုဖျက်စီး မီးရှို့ကာ လင်းစာကျက်တွင်တပ်စွဲထား စကစတပ်များကို ဒေသခံကာကွယ်ရေးတပ်များ စိန်ပြောင်းလက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။
ဇွန်လ ၁၄ ရက် နေ့နံနက် ၁၁ နာရီခွဲ အချိန်ခန့်မှာ လင်းကျက်စာတွင် တပ်စွဲထားသော စကစတပ်များကိုတိုက်ခိုက်ခဲ့တယ်လို့ Salingyi Border Task Force - SBTF ကဆိုပါတယ်။
"ဇွန်လ ၁၄ ရက်နေ့ နေ့လည် ၁၁ နာရီခွဲ အချိန်ခန့်တွင် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ငွေသာကျေးရွာ လင်းစာကျက်ကျေးရွာ တို့ကို ဝင်ရောက်မွှေနှောက် ဖျက်စီး မီးရှို့နေပြီး လင်းစာကျက်တွင်တပ်စွဲထား စကစတပ်အင်အား ၇၀ကျော်အားဒေသခံကာကွယ်ရေးအဖွဲ့ မဟာမိတ်ညီနောင်များစုပေါင်းကာ စိန်ပြောင်းလက်နက်ကြီး ၆၀မမ ၈၀မမ ၁၂၀မမ တို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြပါတယ်"လို့ဆိုပါတယ်။
စစ်ဆင်ရေးအား Salingyi Border Task Force - SBTF၊ BDF၊ Monywa Inventor၊Triple Two၊ Alpha Special Force တို့နှင့်အတူ မဟာမိတ်တပ်များ ပူးပေါင်းခဲ့ပါတယ်။
လတ်တလောမှာ မီးရှို့ခံထားရတဲ့ရွာများအပြင် အနီးနားရှိကျေးရွာများမှ ပြည်သူများရှောင်တိမ်းနေရပြီး ဖမ်းဆီခံထားရသူများလည်းရှိကြောင်းသိရပါတယ်။ လူသားဒိုင်းကဲ့သို့ ဖမ်းဆိီးထားကြောင်းသိရသဖြင့် ဆက်လက်တိုက်ခိုက်ခြင်းမပြုဘဲ ပြန်လည်ဆုတ်ခွာခဲ့ခြင်းဖြစ်ပါတယ်လို့အား Salingyi Border Task Force - SBTF ကထုတ်ပြန်ပါတယ်။
========================
📌📌 ၇။ Light Of Love Federal School မှအထက်တန်းပြ ဆရာ၊ဆရာမများခေါ်ယူ
Light Of Love Federal School မှအထက်တန်းပြ ဆရာ၊ဆရာမများခေါ်ယူနေပြီဖြစ်ကြောင်း သတင်းရရှိပါတယ်။ ဇွန်လအတွင်းမှာ Light Of Love Federal School မှက တရားဝင်ကြေညာခဲ့ပါတယ်။
၂၀၂၂/၂၀၂၃ ပညာသင်နှစ်တွင် CDM ကျောင်းသား/ ကျောင်းသူများ ပညာသင်ကြားရေးအဆက်မပြတ်မဖြစ်စေရန်အတွက် ကြားကာလပညာရေးအားထိရောက်စွာအကောင်ထည်ဖော်လုပ်ဆောင်လို၍ ဆရာ၊ဆရာမများခေါ်ယူတာဖြစ်တယ်လို့ဆိုပါတယ်။
ကြားကာလ ပညာရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပညာရေးဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့် အညီ ဖက်ဒရယ် ကျောင်းကို CDM Students Supporting Team _ CSST မှဦးစီး၍ စတင်တည်ထောင်လိုက်ခြင်းဖြစ်ပြီးတော့ ဇူလိုင်လအတွင်း စတင်ဖွင့်လှစ်နိုင်တယ်လို့သိရပါတယ်။
ကျောင်းလခများ ပေးသွင်းစရာမလိုအပ်ပဲ လက်ခံသွားမည်ဖြစ်ပြီး ဆရာ/မများအတွက် လိုအပ်သည့် Internet Data ဖိုးအား လှူဒါန်းလိုပါက လက်ခံသွားမည်ဖြစ်ကြောင်းလည်းကြေညာထားပါတယ်။
No comments:
Post a Comment