18th JUN 2022 - Evening Daily News by Radio NUG

၂၀၂၂ ဇွန်လ ၁၈ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ အာဆီယံထဲက တစ်ချို့နိုင်ငံတွေဟာ  စစ်အုပ်စုရဲ့အာဏာကို ပိုမိုခိုင်မာအောင် လုပ်ပေးဖို့သာ စိတ်ဝင်စားနေကြတယ်လို့ ကာကွယ်ရေးဝန်ကြီးဆို

📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရဟာ တော်လှန်ရေးခရီးတလျှောက် လက်တွဲဖို့သာလုပ်ဆောင်ခဲ့

📌 ၃။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၆) နှစ်ပြည့်မွေးနေ့မှာ မွေးဖွားခဲ့တဲ့ တယ်လီကျန်းမာအခမဲ့အွန်လိုင်း ဆေးခန်း တစ်နှစ်ပြည့်ပြီ

📌 ၄။ အကြမ်းဖက် စစ်တပ်ရဲ့ ညှင်းပန်းနှိပ်စက် မှုများနဲ့ သတ်ဖြတ်မှုများကြောင့်သေဆုံးသူအရပ်သားဦးရေ ၁၉၀၀ ကျော်ရှိပြီ

📌 ၅။ ဂန့်ဂေါမြို့နယ် ညောင်လယ်ကျေးရွာမှာ အရပ်သားငါးဦးကိုအကြမ်းဖက် စစ်တပ်က လက်ပြန်ကြိုး တုပ်ကာ မီးရှို့သတ်ဖြတ်ခဲ့

📌 ၆။ ကိုယ်ပိုင်တဲ့ ငွေကြေးကို ကိုယ်တိုင်စီမံနိုင်မယ့် NUGPay ရောက်ရှိလို့လာ

📌 ၇။ မြို့ပေါ်က UG လူငယ်တချို့ မိသားစုစားဝတ်နေရေးအဆင်မပြေတာကြောင့် လုပ်ငန်းခွင်ထဲပြန်ဝင်နေရတဲ့အတွက် ပြည်သူတွေက ကူညီထောက်ပံ့ပေးကြဖို့  ရန်ကုန် UG လူငယ်တွေကပြော

📌 ၈။ ထောင်တွင်းဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို New Myanmar Foundation က ထောက်ပံ့ကြေးမယ့်အစီအစဉ်စတင်ဆောင်ရွက်နေ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အာဆီယံထဲက တစ်ချို့နိုင်ငံတွေဟာ  စစ်အုပ်စုရဲ့အာဏာကို ပိုမိုခိုင်မာအောင် လုပ်ပေးဖို့သာ စိတ်ဝင်စားနေကြတယ်လို့ ကာကွယ်ရေးဝန်ကြီးဆို


အာဆီယံထဲက တစ်ချို့နိုင်ငံတွေဟာ  စစ်အုပ်စုရဲ့အာဏာကို ပိုမိုခိုင်မာအောင် လုပ်ပေးဖို့သာ စိတ်ဝင်စားနေကြတယ်လို့ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က ပြောကြားလိုက်တာပါ။


အာဆီယံဟာ အစပိုင်းမှာ စစ်အုပ်စုကို ထိပ်သီးအစည်းအဝေးတွေတက်ရောက်ခွင့် ပိတ်ပင်ခဲ့ပေမယ့် ဒီသဘောထားဟာ ပြောင်းလဲလာပုံပေါ်နေပါတယ်။ အာဆီယံထဲက တစ်ချို့နိုင်ငံတွေဟာ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီမျှော်မှန်းချက်ကို အသိအမှတ်ပြု လေးစားဖို့ထက် စစ်အုပ်စုရဲ့အာဏာကို ပိုမိုခိုင်မာအောင် လုပ်ပေးဖို့သာ ပိုစိတ်ဝင်စားနေကြပါတယ်လို့ ဝန်ကြီးကပြောတာပါ။


ဒါ့အပြင် မေလမှာကျင်းပခဲ့တဲ့ အာဆီယံဒေသ အကြီးတန်းကာကွယ်ရေး အရာရှိများ အစည်းအဝေး (ASDM) နဲ့ ဒီလအတွင်းမှာကျင်းပမယ့် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမှာ စစ်အုပ်စုရဲ့ ကာကွယ်ရေးအရာရှိတွေကို ဖိတ်ကြားခြင်းဟာ အာဆီယံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေပြီး မြန်မာပြည်သူတွေနဲ့ ထိုက်တန်တဲ့ အသိအမှတ်ပြုမှုကို ငြင်းပယ်ရာကျပါတယ်လို့လည်း ဝန်ကြီးဦးရည်မွန်ကဆိုထားပါသေးတယ်။


မြန်မာပြည်သူလူထုအများစုဟာ စစ်အုပ်စုရဲ့အုပ်ချုပ်မှုကိုမခံလိုကြောင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့အသံတိတ်သပိတ်များဆင်နွှဲပါဝင်ခြင်း၊လူထုသပိတ်များ လမ်းမထက်ထုတ်ဖော်ပြသခြင်းတို့ကို ဆက်လက်လုပ်ဆောင်နေလျက်ရှိပါတယ်။


========================


📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရဟာ တော်လှန်ရေးခရီးတလျှောက် လက်တွဲဖို့သာလုပ်ဆောင်ခဲ့


အမျိုးသားညီညွတ်ရေးအစိုးရဟာ တော်လှန်ရေးခရီးတလျှောက် လက်တွဲဖို့သာလုပ်ဆောင်ခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးကပြောကြားလိုက်ပါတယ်။ တိုင်းရင်းသားမောင်နှမတွေနဲ့လက်တွဲမယ်။ကျန်တဲ့အားလုံးနဲ့လက်တွဲမယ်။ဒီလိုမျိုး ကျနော်တို့ ကြုိးစားခဲ့တာဖြစ်တယ်လို့ ဝန်ကြီးကဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရဟာ တော်လှန်ရေးကာလအတွင်းမှာပေါ်ပေါက်လာခဲ့ပြီး အစိုးရသက်တမ်းတစ်နှစ်တာကာလအတွင်းကိုချဥ်းနင်းဝင်ရောက်ခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင်တိုင်းရင်းသားမဟာမိတ်တွေနဲ့ဆက်ဆံရေးတစ်ရပ်ကိုထူထောင်ထားပြီး ခိုင်မာတဲ့ အမျိုးညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCCကတဆင့်လည်း တွေ့ဆုံဆွေးနွေးမှုတွေ၊အကြံပြုတောင်းခံတာတွေရှိနေပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန အနေနဲ့လည်း၂၀၂၂ခုနှစ် မေလအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၂၀၈.၇၄) သန်းကို ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ ထောက်ပံ့မှုများကို စစ်တပ်၏ အတားအဆီး အမျိုးမျိုးကြားမှ ဘေးဒုက္ခခံစားနေကြရသော ပြည်သူများလက်ဝယ်ရောက်ရှိရေး စီစဥ်ပေးနိုင်ခဲ့ပါတယ်။


========================


📌📌 ၃။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၆) နှစ်ပြည့်မွေးနေ့မှာ မွေးဖွားခဲ့တဲ့ တယ်လီကျန်းမာအခမဲ့အွန်လိုင်း ဆေးခန်း တစ်နှစ်ပြည့်ပြီ


တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း ကို ဇွန်လ ၁၉ ရက် ၂၀၂၁ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာပါ။


၂၀၂၁ ခုနှစ်၊ အမေဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၆) နှစ်ပြည့်မွေးနေ့မှာ မွေးဖွားခဲ့တဲ့ တယ်လီကျန်းမာ တစ်နှစ်ပြည့်ပြီနော်။ ဂုဏ်ယူမိပါတယ်။ ဘယ်အခြေအနေမှာမဆိုဆေးကုသူကဆေးပဲကုဖို့ အသက်ကယ်ဖို့ကိုသာ ကြိုးစားနေချင်ကြတာပါပဲ။ တစ်ခဏရေး တွေးတဲ့ ပညာရှင်တွေဟာ ဒီတော်လှန်ရေးမှာ ဖိနှိပ်ဒဏ်ခံနိုင်ရုံမက ပြည်သူတွေကို ရသလိုစောင့်ရှောက်ကုသနေတဲ့ ပြယုဂ် တစ်ခုအဖြစ် ဂုဏ်ယူချင်ပါတယ်လို့ ဒေါက်တာချစ်သုဝေကလည်းဆိုလိုက်ပါတယ်။


တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းဖွင့်ချိန်တွေကတော့နေ့စဉ် နံနက် () နာရီမှ ညနေ () နာရီအထိ ဖွင့်လှစ်နေလျက်ရှိပြီးကြိုတင်ဘိုကင်ယူပြီး ဆေးခန်းပြရန်အတွက်- https://m.me/telehealthmm


ချက်ချင်းဆေးခန်းပြရန်အတွက်- https://t.me/TelehealthMM တို့ကိုဆက်သွယ်နိုင်ပါတယ်။


========================


📌📌 ၄။ အကြမ်းဖက် စစ်တပ်ရဲ့ ညှင်းပန်းနှိပ်စက် မှုများနဲ့ သတ်ဖြတ်မှုများကြောင့်သေဆုံးသူအရပ်သားဦးရေ ၁၉၀၀ ကျော်ရှိပြီ


၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၁၉၆၃) ဦး ရှိခဲ့ပြီလို့ AAPP ကဆိုပါတယ်။


ဒီကိန်းဂဏန်းများဟာ နယ်မြို့များမှာ အကြမ်းဖက်စစ်တပ်ကနေ လူမသိ၊သူမသိ သတ်ဖြတ်တဲ့ဖြစ်စဥ်များ မပါဝင်သေးဘူးလို့လည်းသိရပါတယ်။ ဆိုးရွားတဲ့ဖြစ်စဥ်အနေနဲ့ဇွန်လ ၁၆ ရက်နေ့ ညအချိန်တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ဂေါ့အင်းကျေးရွာအတွင်းရှိ နေအိမ် တစ်လုံးကို အကြမ်းဖက်စစ်တပ်မှ သေနတ်များပစ်ခတ်၍ ဝင်ရောက်စီးနင်းခဲ့ပြီး အရပ်သား တစ်ဦးဖြစ်သူ မအေမီဖြိုးဝေကို သေနတ်ဖြင့် ဦးခေါင်းအားတေ့ကာ ပစ်သတ်ခဲ့ပါတယ်။ မအေမီဖြိုးဝေဟာ နေရာတွင်ပင် သေဆုံးသွားခဲ့ပြီး မအေမီဖြိုးဝေရဲ့မောင်ဖြစ်သူကိုရှာ မတွေ့တာကြောင့် ပစ်သတ်ခဲ့တာလို့သိရှိရပါတယ်။


========================


📌📌 ၅။ ဂန့်ဂေါမြို့နယ် ညောင်လယ်ကျေးရွာမှာ အရပ်သားငါးဦးကိုအကြမ်းဖက် စစ်တပ်က လက်ပြန်ကြိုး တုပ်ကာ မီးရှို့သတ်ဖြတ်ခဲ့


ဖြစ်စဥ်မှာ ဇွန်လ ရက်နေ့ကအကြမ်းဖက်စစ်ကောင်စီ တပ်များဟာမကွေးတိုင်းဂန့်ဂေါမြို့နယ် ညောင်လယ်ကျေးရွာကိုဝင်ရောက်ခဲ့ပြီး အပြစ်မဲ့ပြည်သူ () ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်လိုက်တာပါ။ ၎င်းတို့ထဲမှ ()ဦးမှာ လက်ပြန်ကြိုးတုပ်ကာ မီးရှို့သတ်ဖြတ်ခံခဲ့ရပါတယ်။


သတ်ဖြတ်ခံရသူ () ဦးတွင် () ဦးသာ ညောင်လယ်ရွာသားများ ဖြစ်ကြောင်း အတည်ပြုနိုင်ပြီး ကျန် () ဦးမှာ ယခုအချိန်အထိ အတည်မပြုနိုင်ဘဲ စစ်ကောင်စီတပ်များက အခြားဒေသများမှဖမ်းဆီးခေါ်ဆောင်လာသူများ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဆိုပါတယ်။


========================


📌📌 ၆။ ကိုယ်ပိုင်တဲ့ ငွေကြေးကို ကိုယ်တိုင်စီမံနိုင်မယ့် NUGPay ရောက်ရှိလို့လာ


ကိုယ်ပိုင်တဲ့ ငွေကြေးကို ကိုယ်တိုင်စီမံနိုင်မယ့် NUGPay ရောက်ရှိလို့လာပြီလို့ NUGPay ကနေ ဇွန်လ ၁၈ ရက်နေ့မှာ မိတ်ဆက်လိုက်ပါတယ်။ NUGPay ဟာ Blockchain နည်းပညာကို အသုံးပြုထားတဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး မိုဘိုင်း ပိုက်ဆံအိတ်ပဲ ဖြစ်ပါတယ်။ 


ကနဦးအနေနဲ့ NUGPay ကို Andriod စနစ်သုံးဖုန်းတွေမှာ စတင် အသုံးပြုလို့ရမှာဖြစ်ပြီး မကြာခင်မှာ iOS စနစ်သုံးဖုန်းတွေလည်း အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။ Android စနစ်သုံး ဖုန်းများအတွက် NUGPay အား Play Store မှ တဆင့် Download ရယူနိုင်မှာ ဖြစ်ပြီး စတင်ရယူနိုင်မယ့် နေ့ရက်ကို မကြာခင် ကြေညာသွားမှာပဲ ဖြစ်ပါတယ်။ NUGPay ဟာ မတရား အာဏာရယူထားတဲ့ စစ်အုပ်စုဆီကနေ ပြည်သူ့အာဏာကို ပြန်လည်ရယူနိုင်ဖို့ ယာဉ်ရထားတစ်ခုအနေနဲ့ ပါဝင်သွားမှာပဲ ဖြစ်ပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။


========================


အခု ဆက်လက်ပြီး သတင်းနှင့်အတူ လူထုစကားသံ အစီအစဉ်ကဏ္ဍကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။


📌📌 ၇။ မြို့ပေါ်က UG လူငယ်တချို့ မိသားစုစားဝတ်နေရေးအဆင်မပြေတာကြောင့် လုပ်ငန်းခွင်ထဲပြန်ဝင်နေရတဲ့အတွက် ပြည်သူတွေက ကူညီထောက်ပံ့ပေးကြဖို့  ရန်ကုန် UG လူငယ်တွေကပြောပါတယ်။ 


စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို ပြောက်ကျားတိုက်ခိုက်ဖို့ မြို့ပေါ်မှာကျန်နေခဲ့တဲ့ UG လူငယ်တွေဟာ တော်လှန်ရေးကာလကြာလာချိန်မှာ မိသားစုစားဝတ်နေရေးအတွက် လုပ်ငန်းခွင်တွေထဲပြန်ဝင်ပြီး ဖြေရှင်းရတာတွေရှိလာတာပါ။ UG တွေဟာ ပေါ်ပေါ်တင်တင်အလှူခံလို့မရဘဲ လက်နက်နဲ့ကျည်ဆန်လိုအပ်ချက်တွေကို ကိုယ့်ရှိတာနဲ့နိုင်သလောက်ဝယ်သုံးနေရတဲ့အတွက် ပြည်သူတွေက လက်လှမ်းမှီတဲ့သူတွေကို အကူအညီပေးကြဖို့ ရန်ကုန် UG လူငယ်တစ်ယောက်က မေတ္တာရပ်ခံတိုက်တွန်းပါတယ်။  


ကိုအောင်ဇေယျ (URF)


လွတ်မြောက်နယ်မြေမှာ ပြောက်ကျားသင်တန်းတက်ပြီး ရန်ကုန်မြို့ပေါ်ပြန်တက်သွားတဲ့ UG လူငယ်တွေကို စစ်ကောင်စီက ပိုက်စိပ်တိုက်ရှာဖွေဖမ်းဆီးနေတာဖြစ်ပါတယ်။ သပိတ်အတွက်ကျန်ခဲ့တဲ့လူငယ်တွေနဲ့ ပြောက်ကျားတိုက်ဖို့ပြန်တက်သွားတဲ့လူငယ်တွေဟာ အိမ်ချိတ်ပိတ်ခံရတာတွေ ဖမ်းဆီးသတ်ဖြတ်ခံရတာတွေနဲ့ ဆက်တိုက်ကြုံတွေ့နေရတာဖြစ်ပါတယ်။


UG လူငယ်တစ်ဦး


UG လူငယ်တွေဟာ တော်လှန်ရေးမှာ မိသားစုဝင်တွေသတ်ဖြတ်ခံရတာ၊ သူငယ်ချင်းတွေဖမ်းဆီးသတ်ဖြတ်ခံရတာ၊ ပြည်သူတွေကို စစ်ကောင်စီက အကြမ်းဖက်အနိုင်ကျင့်ခဲ့တာတွေကို လက်တုံ့ပြန်နိုင်ဖို့ မြို့ပေါ်မှာ ကျန်နေခဲ့သူတွေဖြစ်ပါတယ်။ တော်လှန်ရေးကာလကြာလာချိန်မှာတော့ တဖြေးဖြေးပိုကြပ်တည်းလာပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကို ကြုံတွေ့နေကြရတာဖြစ်ပါတယ်။


ဒီသတင်းကိုတော့ နွေဦးKကပေးပို့တာဖြစ်ပါတယ်။


========================


📌📌 ၈။ ထောင်တွင်းဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို New Myanmar Foundation က ထောက်ပံ့ကြေးမယ့်အစီအစဉ်စတင်ဆောင်ရွက်နေပါတယ်


နွေဦးတော်လှန်ရေးကာလအတွင်း လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးနဲ့ နိုင်ငံရေးကျိုးပမ်းဆောင်ရွက်မှုတွေကြောင့် စစ်ကောင်စီက မတရားပုဒ်မတပ်ဖမ်းဆီးတာခံထားရတဲ့ အကျဉ်းသားတွေကို New Myanmar Foundation က ထောက်ပံ့ကြေးပေးမယ့်အစီအစဉ်စတင်အကောင်အထည်ဖော် နေတယ်လို့ Political Prisoners Support Program ရဲ့ စီမံကိန်းမန်နေဂျာ ကိုကောင်းကောင်းက ပြောပါတယ်။


ကိုကောင်းကောင်း (စီမံကိန်းမန်နေဂျာ) Political Prisoners Support Program


New Myanmar Foundation ပထမအသုတ်အနေနဲ့ လျှောက်လွှာတင်ထားသူတွေထဲက အကျဉ်းသား ၂၅၀ ရဲ့ မိသားစုဝင်တွေကို တစ်လကို သောင်းနှုန်းနဲ့ ၆လကြာ ပထမတစ်ဖြတ်စတင်အကူအညီပေးသွားမှာဖြစ်ပါတယ်။ ထောက်ပံ့ငွေပမာဏက လုံလောက်မှာမဟုတ်ဘူးဆိုပေမယ့် ငွေကြေးအဆင်မပြေတဲ့ တော်လှန်ရေးမိသားစုဝင်တွေအတွက် ကောင်းမွန်တဲ့အစီအစဉ်ဖြစ်တယ်လို့ ဧရာဝတီတိုင်း၊ မအူပင်အကျဉ်းထောင်မှာ တော်လှန်ရေးကာလအတွင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ပြီး ပြန်လွတ်လာသူတစ်ယောက်ကပြောပါတယ်။


မအူပင်အကျဉ်းထောင်မှပြန်လွတ်လာသူတစ်ဦး


စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝှမ်းအကျဉ်းထောင်တွေမှာ ဖမ်းဆီးထိန်းသိမ်းခံရသူ သောင်း ထောင်ကျော်ရှိလာပြီး ဝရမ်းထုတ်တာကြောင့် ထွက်ပြေးနေရသူ သောင်း ထောင်ကျော်၊ အမှုရင်ဆိုင်နေရသူ ၁၇၅၀ ကျော်ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ဇွန်လ ၁၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။


ဒီသတင်းကိုတော့ နွေဦးKကပေးပို့တာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment