၂၀၂၂ ဇွန်လ ၂၃ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ပြည်သူ့ကာကွယ်ရေးတပ်မတော်က တပ်ရင်းလိုက် ရင်ဆိုင်တိုက်ပွဲများ ဆင်နွှဲနိုင်သည့် အနေအထားသို့ ရောက်ရှိပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ထုတ်ပြန်
📌 ၂။ နွေဦးတော်လှန်ရေးဟာ နိုင်ငံရေး စနစ်တခုလုံး ပြောင်းနိုင်ဖို့ ရေရှည် တာဝေးအပြေးပြိုင်ပဲဲ ဖြစ်တယ်လို့ ဝန်ကြီးဒေါက်တာတူးခေါင်ဆို
📌 ၃။ အကြမ်းဖက် စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တိုင်ကြားရင် အချက်အလက်များ ပြည့်စုံစွာပေးပို့ရန် လူ့အခွင့်ရေးရာဝန်ကြီးတိုက်တွန်း
📌 ၄။ NUG Pay စတင်တဲ့အချိန်မှာ နွေဦးထီပြန်လည် လည်ပတ်ကောင်း လည်ပတ်နိုင်တယ်လို့ ဝန်ကြီးဦးထင်လင်းအောင်ပြောကြား
📌 ၅။ NUGPay ဟာတစ်နိုင်ငံလုံးအား လွှမ်းခြုံနိုင်တဲ့ ဒစ်ဂျစ်တယ်ငွေကြေးဂေဟစနစ် တစ်ခုဖြစ်အောင် တိုးချဲ့သွားမယ်
📌 ၆။ မင်းအောင်လှိုင်ရဲ့ အိမ်ယာဖြစ်တဲ့ ၁၄/ အင်းလျား အစုရှယ်ယာရောင်းချရန်၂၀ ရာခိုင်နှုန်းခန့်သာ ကျန်ရှိတော့
📌 ၇။ လုံခြုံရေးအာမခံချက်မရှိတော့တာကြောင့် ရန်ကုန်မြို့က တက္ကစီယာဉ်မောင်းတွေဟာ ညဘက်တွေမှာ ခရီးစဉ်မလိုက်ဖြစ်တော့ဘူးလို့ဆို
📌 ၈။ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီရဲ့အကြမ်းဖက်ဖမ်းဆီးမှုတွေ၊ ARSA အဖွဲ့ရဲ့ပြန်ပေးဆွဲမှုတွေကြောင့် ရခိုင်ပြည်သူတွေရဲ့လုံခြုံမှုမရှိတဲ့အခြေအနေဟာ ဆိုးရွားလာတယ်လို့ ရခိုင်အရပ်ဖက်အဖွဲ့တွေကပြော
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ပြည်သူ့ကာကွယ်ရေးတပ်မတော်က တပ်ရင်းလိုက် ရင်ဆိုင်တိုက်ပွဲများ ဆင်နွှဲနိုင်သည့် အနေအထားသို့ ရောက်ရှိပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ထုတ်ပြန်
ပြည်သူ့ကာကွယ်ရေးတပ်မတော်က တပ်ရင်းလိုက် ရင်ဆိုင်တိုက်ပွဲများ ဆင်နွှဲနိုင်သည့် အနေအထားသို့ ရောက်ရှိပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ထုတ်ပြန်လိုက်ပါတယ်။ ပြည်သူ့ခုခံတွန်းလှန်စစ် စတင်ပြီး (၉) လကျော်ကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ လေ့ကျင့်မှု၊ စုဖွဲ့မှု၊ ကွပ်ကဲမှု၊ တပ်ဆင်မှု၊ ထုတ်လုပ်မှု တို့သည် ပိုမိုအားကောင်းလျက် Professional Army တစ်ရပ်အဖြစ် တဖြည်းဖြည်းပုံပေါ်လာပြီဖြစ်ပါတယ်။ ယခုကာလတွင် ပျောက်ကျားစစ်သာမက လိုအပ်လျင် တပ်ရင်းလိုက် ရင်ဆိုင်တိုက်ပွဲများ ဆင်နွှဲနိုင်သည့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်ပါတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ၂၀၂၁ ခုနှစ် မေလ ၅ ရက်နေ့က စတင်ထူထောင်ခဲ့ပါတယ်။ လက်ရှိမှာ တပ်ရင်းတပ်ဖွဲ့ပေါင်း ၂၅၇ ရင်း ဖွဲ့စည်းပြီးဖြစ်ကာ မြို့နယ်ပကဖပေါင်း ၂၅၀ ဖွဲ့စည်းပြီးဖြစ်ပါတယ်။
========================
📌📌 ၂။ နွေဦးတော်လှန်ရေးဟာ နိုင်ငံရေး စနစ်တခုလုံး ပြောင်းနိုင်ဖို့ ရေရှည် တာဝေးအပြေးပြိုင်ပဲဲ ဖြစ်တယ်လို့ ဝန်ကြီးဒေါက်တာတူးခေါင်ဆို
နွေဦးမှာ တာထွက်တဲ့ တော်လှန်ရေးဟာ မီတာ တရာ အပြေးပြိုင်ပွဲမျိုးမဟုတ်ပဲ၊ တာဝေးအတွက် ပြင်ဆင်ရမယ် လို့ မြင်မိပါတယ်။အာဏာရှင်ဖြုတ်ချရေး ဆိုတဲ့ မအလ အုပ်စုတခုထဲကို ပန်းတိုင်ထားပြေးတာမျိုးမဟုတ်ပဲ၊ နိုင်ငံရေး စနစ်တခုလုံး ပြောင်းနိုင်ဖို့ ရေရှည်မှာ မည်သူကမှ ဆက်တော်လှန်နေစရာမလိုသော ငြိမ်းချမ်းပြီး လူသားလုံခြုံရေးအတွက်အာမခံချက်ရှိသော ဖက်ဒရယ် ဒီမိုကရေစီ စနစ်ကို ပန်းတိုင်ထူရမယ်။ ဒါဟာ တာဝေးဖြစ်တယ်လို့ ဝန်ကြီးကပြောပါတယ်။
၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့မှာ တနိုင်ငံလုံး ခုခံတော်လှန်စစ် ဆင်နွှဲဖို့ အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာခဲ့ပါတယ်။ လက်ရှိမှာ အမျိုးသာစညီညွတ်ရေးအစိုးရဟာ ခုခံတော်လှန်စစ်ကို အရှိန်မြှင့်ဖို့ပြင်ဆင်လျက်ရှိပါတယ်။
========================
📌📌 ၃။ အကြမ်းဖက် စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တိုင်ကြားရင် အချက်အလက်များ ပြည့်စုံစွာပေးပို့ရန် လူ့အခွင့်ရေးရာဝန်ကြီးတိုက်တွန်း
အကြမ်းဖက် စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တိုင်ကြားရင် အချက်အလက်များ ပြည့်စုံစွာပေးပို့ရန် လူ့အခွင့်ရေးရာဝန်ကြီးဦးအောင်မျိုးမင်းကပြောပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုသတင်းတွေကို ပေးပို့တော့မယ်ဆိုရင် ဒီအချက်တွေပါဖို့ လိုတယ်နော်။မည်သူ မည်သည့်အဖွဲ့အစည်းက ကျူးလွန်ပါသလဲ။ဘယ်နေရာ၊ယ်အချိန်မှာ ဖြစ်ပွားခဲ့ပါသလဲ။ဘာတွေ ကျူးလွန်ခဲ့ပါသလဲ စတဲ့အချက်တွေဖြစ်ပါတယ်လို့ဝန်ကြီးကပြောပါတယ်။
စကစတပ်များဟာ လူပေါင်း ၁၇၀ ကို မီးရှိူ့သတ်ဖြတ်မှု ၊အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတို့ကျူးလွန်ခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးချိန်မှစတင်ကာ လက်ရှိအချိန်ထိ လူနှစ်ထောင်ကျော်ကို အကြမ်းဖက် စစ်အုပ်စုက သတ်ဖြတ်ပြီးဖြစ်ကာ လူပေါင်းတစ်သောင်းကျော်ကို ဖမ်းဆီးချုပ်နှောင်ထားပါတယ်။
========================
📌📌 ၄။ NUG Pay စတင်တဲ့အချိန်မှာ နွေဦးထီပြန်လည် လည်ပတ်ကောင်း လည်ပတ်နိုင်တယ်လို့ ဝန်ကြီးဦးထင်လင်းအောင်ပြောကြား
NUG Pay စတင်တဲ့အချိန်မှာ နွေဦးထီပြန်လည် လည်ပတ်ကောင်း လည်ပတ်နိုင်တယ်လို့ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ကပြောပါတယ်။
“နွေဦးထီက အခက်အခဲတွေအများကြီးရှိနေတယ်။ပြည်တွင်းမှာရှိတဲ့ တယ်လီဖုန်းနဲ့ပတ်သက်တဲ့အခက်အခဲတွေပေါ့။အခုက တယ်လီဖုန်းနံပါတ်တွေပါ မှတ်ပုံတင်ရမယ်ဆိုတော့ အခက်အခဲရှိတယ်။လူထုရဲ့လုံခြုံရေးကို ကျနော်တို့အဓိကထားတယ်။လတ်တလောမှာတော့ နွေဦးထီကို ဆက်ပြီးလုပ်ဆောင်နိုင်တဲ့အနေအထားမရှိဘူး။ ဒါကို တစ်ချိန်ချိန်မှာ ကျနော်တို့ NUG Payလွှင့်တင်တဲ့အချိန်မှာ ဒီနွေဦးထီကို လည်ပတ်ကောင်းလည်ပတ်နိုင်ပါတယ်”လို့ဝန်ကြီးကပြောပါတယ်။
နွေဦးထီဟာ ယခင်က လစဥ် ဖွင့်လှစ်ပေးနေတဲ့ ပြည်သူလူထုအများစု အားပေးဝယ်ယူသော ထီစနစ်လည်းဖြစ်ပါတယ်။ ၄င်းနွေဦးထီရောင်းချရငွေအများစုကို CDM များအတွက် ထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်။
========================
📌📌 ၅။ NUGPay ဟာတစ်နိုင်ငံလုံးအား လွှမ်းခြုံနိုင်တဲ့ ဒစ်ဂျစ်တယ်ငွေကြေးဂေဟစနစ် တစ်ခုဖြစ်အောင် တိုးချဲ့သွားမယ်
NUGPay စီမံကိန်းဟာတစ်နိုင်ငံလုံးအား လွှမ်းခြုံနိုင်တဲ့ ဒစ်ဂျစ်တယ်ငွေကြေးဂေဟစနစ် တစ်ခုဖြစ်အောင် ဖြည်းဖြည်းမှန်မှန် ခြေလှမ်းများဖြင့် တိုးချဲ့သွားမယ်လို့ ဇွန်လ ၂၃ ရက်နေ့မှာ NUGPay ကနေ သတင်းထုတ်ပြန်ခဲ့ပါတယ်။ NUGPay စီမံကိန်းဟာ တော်လှန်ရေး အင်အားစုများအတွင်းသို့ လုံခြုံစွာ ငွေကြေးလှည့်ပါတ်စီးဆင်းနိုင်စေရန် နှင့် စစ်ကောင်စီရဲ့ထိန်းချုပ်မှုကင်းသော ငွေကြေးဝန်ဆောင်မှု တစ်ရပ်တည်ဆောက်နိုင်ရန်အဓိကရည်ရွယ်ချက်ဖြင့်ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပါတယ်။
NUGPay ၌ ရှင်းလင်းပြတ်သားသော ဦးတည်ချက်များရှိပြီး လက်ရှိ Pilot Project မှ စတင်ကာ တစ်နိုင်ငံလုံးအား လွှမ်းခြုံနိုင်သည့် ဒစ်ဂျစ်တယ်ငွေကြေးဂေဟစနစ် တစ်ခုဖြစ်အောင် ဖြည်းဖြည်းမှန်မှန် ခြေလှမ်းများဖြင့် တိုးချဲ့သွားမှာ ဖြစ်ပါတယ်။ NUGPay Pilot Project အား မကြာမီ စတင်တော့မည် ဖြစ်၍ Pilot Project အား အေးဂျင့် “၁,၀၀၀” ဦး၊ NUGPay Wallet စုစုပေါင်း “၁၀,၀၀၀” ဖြင့် စတင်သွားမှာလို့ NUGPay ကဖော်ပြပါတယ်။
========================
📌📌 ၆။ မင်းအောင်လှိုင်ရဲ့ အိမ်ယာဖြစ်တဲ့ ၁၄/ အင်းလျား အစုရှယ်ယာရောင်းချရန်၂၀ ရာခိုင်နှုန်းခန့်သာ ကျန်ရှိတော့
ဇွန်လ ၂၃ ရက်နေ့မှာ အစုရှယ်ယာများရောင်းချပေးနေတဲ့ End of Dictator Ship ကထုတ်ပြန်ပါတယ်။
တော်လှန်ရေးဟာ သွေး ချွေး မျက်ရည်တွေနဲ့ပဲ ရှေ့ကို တလှမ်းချင်း တက်နေရတုန်းပဲ။ ပြည်သူတွေ ဆုံးရှုံးခဲ့ရ၊ ပေးဆပ်ခဲ့ရတာတွေကို ဘယ်လို ပြန်တုန့်ပြန်မလဲ။ အကြမ်းဖက်ခေါင်းဆောင် မတရားရယူထားတဲ့ ၁၄ အင်းလျားရဲ့ EOD ရှယ်ယာနဲ့ ပြန်သိမ်းပါ။ ရရှိတဲ့ ရောင်းရငွေတွေဟာ တော်လှန်ရေး အတွက် အလိုအပ်ဆုံး နေရာတွေကို အမြန်ဆုံး ရောက်သွားဖို့ EOD က အာမခံပါတယ်။ တော်လှန်ရေးအတွက် အထောက်အပံ့ များများမြန်မြန်ရလေ တော်လှန်ရေး အောင်မြင်ဖို့ မြန်လေ၊ ပြည်သူတွေရဲ့ သွေး ချွေး မျက်ရည်တွေ ရင်းနှီးရတာ နည်းလေပါပဲ။ ၁၄ အင်းလျားဟာ ၂၀% ခန့်သာ ကျန်ပါတော့တယ်။ EOD ရှယ်ယာ များကို ဝယ်ယူပြီး ပြည်သူပိုင် ခြံအဖြစ် အမြန်ဆုံး သိမ်းပိုက်ကြပါစို့လို့ EOD ကဖော်ပြပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။
========================
အခု ဆက်လက်ပြီး သတင်းနှင့်အတူ လူထုစကားသံ အစီအစဉ်ကဏ္ဍကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
📌📌 ၇။ လုံခြုံရေးအာမခံချက်မရှိတော့တာကြောင့် ရန်ကုန်မြို့က တက္ကစီယာဉ်မောင်းတွေဟာ ညဘက်တွေမှာ ခရီးစဉ်မလိုက်ဖြစ်တော့ဘူးလို့ဆိုကြပါတယ်။
ရန်ကုန်မြို့မှာ လုယက်မှုတွေ၊ ပစ်ခတ်ဖောက်ခွဲတာတွေ မကြာခဏဖြစ်လာတာကြောင့် လုံခြုံရေးအာမခံချက်မရှိတော့ဘဲ ပြည်သူတွေဟာ စိုးရိမ်စိတ်နဲ့သွားလာလှုပ်ရှားနေရတာပါ။ တက္ကစီယာဉ်မောင်းတွေက ခရီးသည်တွေကိုလူကြည့်တင်နေရသလို ခရီးသည်တွေကလည်းတက္ကစီသမားတွေကို မယုံ ကြည်တာတွေဖြစ်နေတာကြောင့် နှစ်ဖက်စိတ်မလုံခြုံမှုတွေနဲ့ အလုပ်လုပ်နေရတယ်လို့ တက္ကစီယာဉ်မောင်းတစ်ဦးကဆိုပါတယ်။
ရန်ကုန်၊ တက္ကစီယာဉ်မောင်းတစ်ဦး
စက်သုံးဆီဈေးတွေ အဆမတန်တက်တာ၊ ခရီးသည်တွေက ဈေးပိုမပေးနိုင်တာ၊ တက္ကစီဌားစီးမယ့်သူနည်းပါးလာတာတွေကြောင့် တစ်နေ့စာမိသားစု ထမင်းဖိုးရဖို့တောင် မနည်းရှာနေရတယ်လို့ တက္ကစီယာဉ်မောင်းတစ်ယောက်ကပြောပါတယ်။
ရန်ကုန်၊ တက္ကစီယာဉ်မောင်းတစ်ဦး
တက္ကစီယာဉ်မောင်းတွေဟာ အုံနာကြေးတစ်ရက် ၉ ထောင်ဝန်းကျင်၊ စက်သုံးဆီဖိုး ၂ သောင်းဝန်းကျင်ကို အရင်ရှာပြီး ပိုတာကိုမှကိုယ့်အတွက်ရတာဖြစ်ပါတယ်။ တက္ကစီယာဉ်မောင်းတော်တော်များများကတော့ တွက်ခြေမကိုက်တော့တဲ့အတွက် ကားမောင်းတဲ့အလုပ်ကို နားထားရတယ်လို့ဆိုကြပါတယ်။ NLD အစိုးရလက်ထက် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရဲ့စာရင်းအရ ရန်ကုန်တိုင်းအတွင်း တက္ကစီယာဉ် အစီးရေ ၆ သောင်း ၆ ထောင်ကျော်ရှိခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက်မှာ တစ်ဝက်လောက်က အလုပ်နားထားရတယ်လို့ တက္ကစီယာဉ်မောင်းတွေက ပြောပါတယ်။
ဒီသတင်းကိုတော့ နွေဦးKကပေးပို့တာဖြစ်ပါတယ်။
========================
📌📌 ၈။ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီရဲ့အကြမ်းဖက်ဖမ်းဆီးမှုတွေ၊ ARSA အဖွဲ့ရဲ့ပြန်ပေးဆွဲမှုတွေကြောင့် ရခိုင်ပြည်သူတွေရဲ့လုံခြုံမှုမရှိတဲ့အခြေအနေဟာ ဆိုးရွားလာတယ်လို့ ရခိုင်အရပ်ဖက်အဖွဲ့တွေကပြောပါတယ်။
ဇွန်လ ၁၆ ရက်နေ့က တောင်ပြိုလက်ဝဲမြို့နယ် သင်္ဘောလှကျေးရွာ မူလွန်ကျောင်းအုပ်ဆရာနဲ့ ဆရာမတစ်ယောက်တို့ကို ARSA အဖွဲ့က ဖမ်းဆီးသွားပြီး ငွေကြေးတောင်းခံတာတွေပြုလုပ်နေတာပါ။ ပေါက်တောမြို့နယ် ကြိမ်နီပြင်ရွာက မူဆလင်လူငယ်တစ်ဦးကို ရိုက်နှက်ကြိုးတုပ်ထားခဲ့တဲ့ကိစ္စလည်း ဇွန်လအတွင်းဖြစ်ပွားခဲ့တာကြောင့် ဒီအခြေအနေတွေဟာ ရခိုင်နဲ့မွတ်စလင်အသိုင်းအဝိုင်းအကြားမှာ လူမျိုးရေးဘာသာရေးပြဿနာတွေတကြော့ပြန်ဖြစ်ပွားလာနိုင်တဲ့အတွက် တဖက်နဲ့တဖက် အမြင်မစောင်းကြဖို့ ရခိုင့်တပ်တော် AA ရဲ့စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တွစ်တာကနေတဆင့်သတိပေးခဲ့ပါတယ်။ဒီအေကြာင်းကိုတော့ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဦးတင်ထူးအောင်က အခုလိုပြောထားပါတယ်။
ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဦးတင်ထူးအောင်
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တနိုင်ငံလုံးအတိုင်းအတာနဲ့မတည်ငြိမ်မှုတွေဖြစ်ပေါ်ခဲ့ပြီး စစ်တပ်နဲ့ AA က သူ့လူကိုယ့်လူအပြန်အလှန်ဖမ်းဆီးနေတာနဲ့ စစ်ရေးမတည်ငြိမ်တာတွေကြောင့် ရခိုင်ပြည်သူတွေဟာ ကျီးလန့်စာစားဖြစ်လာရတယ်လို့ ကျောက်တော်မြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူတွေကို အကူအညီပေးနေတဲ့ တင်းမဆရာတော် ဦးဝါယမိန္ဒက မိန့်ပါတယ်။
တင်းမဆရာတော် ဦးဝါယမိန္ဒ
မေလ ၂၆ ရက်နေ့က ရခိုင်ပြည်နယ်စပ် ချင်းပြည်နယ်ပလက်ဝမြို့နယ်မှာ AA နဲ့စစ်ကောင်စီတို့ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တာကြောင့် ပလက်ဝမြို့ခံတစ်ချို့ဟာ ရခိုင်ပြည်နယ်ကျောက်တော်မြို့က စစ်ရှောင်စခန်းတွေကို ပြောင်းရွှေ့နေကြပါတယ်။ ရခိုင့်တပ်တော် AA က သူတို့ရဲ့ ရက္ခိတလမ်းစဉ်ကို အားစိုက်အကောင်အထည်ဖော်နေပြီး ဒီအခြေအနေအတိုင်းဆိုရင် မကြာခင်မှာ စစ်ကောင်စီနဲ့တိုက်ပွဲတွေဆင်နွှဲလာရလိမ့်မယ်လို့ လေ့လာသူတွေက ခန့်မှန်းထားပါတယ်။
ဒီသတင်းကိုတော့ နွေဦးKကပေးပို့တာဖြစ်ပါတယ်။
No comments:
Post a Comment