25th JUN 2022 - Morning Daily News by Radio NUG

၂၀၂၂ ဇွန်လ ၂၅ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ ရှစ်ဆယ်ရာခိုင်နှုန်းသော အစိုးရအဖွဲ့ဝင်များမြန်မာပြည်ထဲမှာပဲဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး ထုတ်ဖော်ပြောကြား

📌 ၂။ ယောဒေသကာကွယ်ရေးတပ် (YDF) ရဲ့ တနှစ်ပြည့်အခမ်းအနား အမျိုးသားညီညွတ်ရေးအစိုးရက ဝန်ကြီးနဲ့ဒုဝန်ကြီးများတက်ရောက်မယ်

📌 ၃။ ကနီမြို့နယ် ပြည်သူအခြေပြုစာသင်ကျောင်းများတွင် ကျောင်းတွင်းအားကစားပွဲများကျင်းပ

📌 ၄။ ပြည်သူများရဲ့ တစ်ရက်တာ တောင်သူလုပ်အားခကို CDSOM အဖွဲ့မြောင်သို့လာရောက်လှူဒါန်း

📌 ၅။ ချောင်းဦးမြို့တွင် တပ်စွဲထားသောအကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ရမ်းသန်းပစ်ခတ်မှုကြောင့် Non CDM ဝန်ထမ်း သားအမိ () ဦး ထိမှန်သေဆုံး

📌 ၆။ တမူးမြို့နယ်၊ ရန်လင်းဖိုင်ကျေးရွာအတွင်းကို အကြမ်းဖက်စစ်တပ်မှ ဝင်ရောက် စီးနင်း၍ မီးရှို့ခဲ့ပြီး အရပ်သား သုံးဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ရှစ်ဆယ်ရာခိုင်နှုန်းသော အစိုးရအဖွဲ့ဝင်များမြန်မာပြည်ထဲမှာပဲဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး ထုတ်ဖော်ပြောကြား


ရှစ်ဆယ်ရာခိုင်နှုန်းသော အစိုးရအဖွဲ့ဝင်များမြန်မာပြည်ထဲမှာပဲဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဇွန်လအတွင်း RFA နဲ့တွေ့ဆုံမေးမြန်းခန်းမှာ ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။


ရှစ်ဆယ်ရာခိုင်နှုန်းသော ကျနော်တို့ရဲ့အစိုးရအဖွဲ့ဝင်များသည် မြန်မာပြည်ထဲမှာဖြစ်တယ်။ သမ္မတ ကြီးကိုယ်တိုင်ရှေ့တန်းကိုသွားတယ်။ဝန်ကြီးချုပ်ကိုယ်တိုင်ရှေ့တန်းကိုသွားတယ်။ဆရာဦးရည်မွန် ရှေ့တန်းမှာအတူတူရှိတယ်။ကျွန်တော့် ဝန်ကြီးဌာနက ဒုဝန်ကြီးဆိုရင် တစ်ယောက်က တောင်းပိုင်းမှာ၊တစ်ယောက်က မြောက်ပိုင်းမှာ အလုပ်လုပ်နေတယ် လို့ဝန်ကြီးကပြောပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ရှေ့တန်းဆေးရုံပေါင်း ၁၆၇ ရုံ၊အခြေစိုက်ဆေးရုံပေါင်း ၅၂ ရုံနဲ့ဆေးကုသမှုများပေးနေကာ ထပ်မံပြီးဆေးရုံ ရုံ အသစ်ဆောက်လုပ်နေကြောင်း ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးကပြောပါတယ်။


========================


📌📌 ၂။ ယောဒေသကာကွယ်ရေးတပ် (YDF) ရဲ့ တနှစ်ပြည့်အခမ်းအနား အမျိုးသားညီညွတ်ရေးအစိုးရက ဝန်ကြီးနဲ့ဒုဝန်ကြီးများတက်ရောက်မယ်


ယော​​ဒေသကာကွယ်ရေးတပ် (YDF) ရဲ့ တနှစ်ပြည့်အခမ်းအနား အမျိုးသားညီညွတ်ရေးအစိုးရက ဝန်ကြီးနဲ့ဒုဝန်ကြီးများတက်ရောက်မှာဖြစ်ပါတယ်။ ဇွန်လ (၂၅) ရက်နေ့ မှာ ယောဒေသကာကွယ်ရေးတပ် (YDF) ရဲ့ တနှစ်ပြည့်အခမ်းအနားနှင့် YDF တနှစ်တာဆောင်ရွက်ချက်များအား ပြည်သူလူထုထံတင်ပြပွဲ Online Live Event ကို ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။


အခမ်းအနားကိုအမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးနှင့် ဒုဝန်ကြီးများဖြစ်ကြတဲ့ ဒေါက်တာဇော်ဝေစိုး၊ နိုင်ကောင်းရွက်၊ ဒေါ်အိသဉ္ဇာမောင်၊ ဦးဂျော်နီတို့မှ အထူးဧည့်သည်တော်အဖြစ် အမှာစကားများ တက်ရောက်ချီးမြှင့် ပြောကြားပေးမှာဖြစ်ပါတယ်။


ဖိတ်ကြားထားသောဧည့်သည်တော်များမှလည်း တက်ရောက်ကာ အမှာစကားများ အားပေးစကားများ ပြောကြားပေးသွားမည်ဖြစ်သည့်အတွက် ပြည်သူတို့အနေနှင့် မပျက်မကွက်တက်ရောက် ကြည့်ရှူနားထောင်ပေးကြပါရန် ယောဒသကာကွယ်ရေးတပ် (YDF) မှဖော်ပြပါတယ်။


========================


📌📌 ၃။ ကနီမြို့နယ် ပြည်သူအခြေပြုစာသင်ကျောင်းများတွင် ကျောင်းတွင်းအားကစားပွဲများကျင်းပ


ကနီမြို့နယ် ပြည်သူအခြေပြုစာသင်ကျောင်းများ တွင် ကျောင်းတွင်းအားကစားပွဲများကျင်းပခဲ့ပါတယ်။ ဇွန်လအတွင်းမှာ ကျောင်းတွင်းအားကစားပွဲများကို ကျင်းပခဲ့တယ်လို့ ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့ကပြောပါတယ်။


ကျောင်းသားအားကစားပွဲတော်မှာ ခြင်းခတ်ကစားခြင်း၊ တုတ်ဆီးထိုးကစားခြင်းတို့ကို ကျောင်းသား၊ကျောင်းသူများက ပျော်ရွှင်စွာဆင်နွှဲခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန လက်အောက်ခံကျောင်းများမှာ လတ်တလော ကျောင်းအားကစားပွဲတော်နဲ့ကျောင်းဖွင့်ပွဲများကျင်းပလျက်ရှိပါတယ်။


========================


📌📌 ၄။ ပြည်သူများရဲ့ တစ်ရက်တာ တောင်သူလုပ်အားခကို CDSOM အဖွဲ့မြောင်သို့လာရောက်လှူဒါန်း


ပြည်သူများရဲ့ တစ်ရက်တာ တောင်သူလုပ်အားခကို CDSOM အဖွဲ့မြောင်သို့လာရောက်လှူဒါန်းခဲ့ပါတယ်။ ဇွန်လ ၂၁ ရက်တွင် မြောင်မြို့နယ်၏ ကျေးရွာတစ်ရွာရှိ ပြည်သူများမှ ၎င်းတို့၏ တစ်နေ့ တာ လုပ်အားခများ စုပေါင်း၍ အလှုငွေ သိန်းကျပ်နှင့် အဖွဲ့ဝင်များ အထွေထွေသုံးရန် ၄၇၀,၀၀၀ ကျပ်အား CDSOM အဖွဲ့သို့လှုဒါန်းပေးခဲ့ပါတယ်။


ယခုကဲ့သို့ မြောင်နယ်မှ ပြည်သူများသည် ဒုက္ခမျိုးစုံကြားမှနေပြီး တနေ့လုပ်မှ တနေ့ဝမ်းစာ အဆင်ပြေတဲ့ နွမ်းပါးပြည်သူများ ဖြစ်ကြသော်လည်း ၎င်းတို့ရဲ့ တစ်နေ့တာ လုပ်အားခ သုံးထောင်သာ ရရှိသော ဝင်ငွေကို တော်လှန်ရေးမှာ တတပ်တအားအနေဖြင့် စုပေါင်းပါဝင်နေခြင်းကို ကြည့်ခြင်းဖြင့် ပြည်သူများအနေဖြင့် ဖက်ဆစ်အာဏာရှင်ကို မည်မျှ ရွံမုန်းနေသည်ဆိုသည်မှာ အတိုင်းသား ပေါ်လွင် နေပြီ ဖြစ်ဟု မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့- CDSOM ကဆိုပါတယ်။ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOMသည် စစ်အာဏာရှင်အမြစ်ပြတ်ရေး ခုခံတော်လှန်လျက်ရှိပါတယ်။


========================


📌📌 ၅။ ချောင်းဦးမြို့တွင် တပ်စွဲထားသောအကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ရမ်းသန်းပစ်ခတ်မှုကြောင့် Non CDM ဝန်ထမ်း သားအမိ () ဦး ထိမှန်သေဆုံး


ချောင်းဦးမြို့တွင် တပ်စွဲထားသောအကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ရမ်းသန်းပစ်ခတ်မှုကြောင့် Non CDM ဝန်ထမ်း သားအမိ () ဦး ထိမှန်သေဆုံးခဲ့ပါတယ်။ ဇွန် ၂၃ ရက် () နာရီအချိန်ခန့်တွင် လက်နက်ကြီးဖြင့်ရမ်းသန်းပစ်ခတ်မှုကြောင့် Non CDM ဝန်ထမ်း သားအမိ () ဦး လက်နက်ကြီးထိမှန်သေဆုံးကာ ပြည်သူ () ဦး ဒဏ်ရာရရှိခဲ့ကြောင်း ချောင်းဦးတော်လှန်ရေးအင်အားစုကထုတ်ပြန်ပါတယ်။


အကြမ်းဖက်စစ်ကောင်စီတပ်များဟာ ချောင်းဦးမြို့ပေါ်ရှိ ရပ်ကွက်များဆီသို့ လက်နက်ကြီးများဖြင့် () ချက်ခန့် ပစ်ခတ်ခဲ့ပြီး တမာမြိုင်ရပ်ကွက် ကျောင်းရွာရပ်ရှိ နေအိမ်တစ်လုံး၏ နွားစာတိုက်ပေါ်သို့ တစ်လုံး၊ တမာမြိုင်ရပ်ကွက် အနောက်မအုပ်ရပ်ရှိ နေအိမ်များအနီးသို့နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပါတယ်။


ကျောင်းရွာရပ်ကွက်သို့ ကျရောက်ပေါက်ကွဲသော လက်နက်ကြီးကြောင့် အသက် (၅၀) နှစ်အရွယ်ရှိ ဒေါ်ထားထားနွယ် () ဒေါ်ပေါက် နှင့် ၎င်း၏သမီးဖြစ်သူ အသက် (၂၄) နှစ်အရွယ်ရှိ မဝါဝါမိုး (Non CDM စည်ပင်သာယာဝန်ထမ်း) တို့ သေဆုံးခဲ့ခြင်းဖြစ်ပါတယ်။


အနောက်မအုပ်ရပ်ကွက်ရှိ နေအိမ်များအနီးကျရောက်ပေါက်ကွဲခဲ့သော လက်နက်ကြီးကျည် () လုံးကြောင့် နေအိမ် () အိမ်ထိမှန်ခဲ့ပြီး ဝမ်းဗိုက်ပွင့်ထွက်ဒဏ်ရာရရှိသူ () ဦး အပါအဝင် အပြစ်မဲ့ပြည်သူ () ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။


ထိခိုက်ဒဏ်ရာရရှိသူများကို အကြမ်းဖက်စစ်ကောင်စီတပ်များက အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) သို့ခေါ်ဆောင်သွားခဲ့ပြီး သေဆုံးသူ သားအမိ () ဦးကို ဇွန်လ ၂၄ ရက် နေ့လည် () နာရီအချိန်တွင် သင်္ဂြိုလ်ခဲ့ပါတယ်။


အကြမ်းဖက်စစ်ကောင်စီဘက်ကမူ ၂၃//၂၀၂၂ ညပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်များက ချောင်းဦးမြို့၊ တမာမြိုင်ရပ်ကို လက်လုပ်စိန်ပြောင်းဖြင့်ပစ်ခတ်သောကြောင့် ပြည်သူ () ဦးသေဆုံးပြီး () ဦးဒဏ်ရာရရှိကြောင်း လိမ်လည်ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၆။ တမူးမြို့နယ်၊ ရန်လင်းဖိုင်ကျေးရွာအတွင်းကို အကြမ်းဖက်စစ်တပ်မှ ဝင်ရောက် စီးနင်း၍ မီးရှို့ခဲ့ပြီး အရပ်သား သုံးဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့


တမူးမြို့နယ်၊ ရန်လင်းဖိုင်ကျေးရွာအတွင်းကို အကြမ်းဖက်စစ်တပ်မှ ဝင်ရောက် စီးနင်း၍ မီးရှို့ခဲ့ပြီး အရပ်သား သုံးဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ပါတယ်။ ဇွန်လ  ၂၃ ရက်နေ့ ညနေ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ရန်လင်းဖိုင်ကျေးရွာအတွင်းကို အကြမ်းဖက်စစ်အုပ်စု၏တပ်မှ ဝင်ရောက် စီးနင်း၍ မီးရှို့ခဲ့ပြီး အရပ်သား သုံးဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း AAPP ကထုတ်ပြန်ပါတယ်။


အရပ်သား သုံးဦးမှာ ရန်လင်းဖိုင်ကျေးရွာမှ ဟောင်လင်မန်း နှင့် ပေါင်တင်းထန်၊ ခွန်မွန်းနွမ်ကျေးရွာမှ  ဆေးခိုထန် တို့ဖြစ်ပါတယ်။ ဟောင်လင်မန်းနှင့် ပေါင်တင်းထန်တို့ဟာကျေးရွာအတွင်း သေနတ်သံများကြားသောကြောင့် စာသင်ကျောင်း၌ ပုန်းအောင်းနေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ဆေးခိုထန်သည် နေအိမ်၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၀၂၁) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment