27th JUN 2022 - Morning Daily News by Radio NUG

၂၀၂၂ ဇွန်လ ၂၇ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ ဒစ်ဂျစ်တယ်မြန်မာကျပ် (DMMK-Digital Myanmar Kyat) နှင့် NUG-Pay မိုဘိုင်းပိုက်ဆံအိတ်ကို ထုတ်ဝေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကြေညာ

📌 ၂။ စစ်ကောင်စီတပ်တွေဟာ စစ်ဥပဒေနှစ်ခုလုံးကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတယ်လို့ တရားရေးဝန်ကြီးဦးသိန်းဦးပြောကြားလိုက်

📌 ၃။ အလုပ်သင်ဆရာဝန်တစ်နှစ်ဆင်းပြီးသူများအားလုံးဆေးတက္ကသိုလ် ယာယီတက္ကသိုလ်ကောင်စီကထုတ်ပေးမဲ့ယာယီဘွဲ့လက်မှတ်များလျှောက်ထားနိုင်တယ်လို့ ကျန်းမာရေးဒုဝန်ကြီး ဒေါက်တာရွှေပုံဆို

📌 ၄။ တောင်ကိုရီးယားနိုင်ငံကပေးအပ်တဲ့ Park Jong Cheol လူ့အခွင့်အရေးအထူးဆု ဒေါက်တာတေဇာဆန်းရရှိ

📌 ၅။ စစ်အုပ်စု၏ စစ်ကြောရေးနှင့် အကျဉ်းထောင်များတွင် ဖမ်းဆီးနှိပ်စက်ခံရပြီး ကျဆုံးသွားသော နိုင်ငံရေးတက်ကြွလှုပ်ရှားသူနှင့် စစ်အာဏာလုမှုဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်သူ လူဦးရေမှာ (၉၅) ဦးထိရှိလာ

📌 ၆။ သထုံမြို့နယ် ထုံးဘိုလေးရွာကို အကြမ်းဖက် စစ်တပ် ဝင်ရောက်မီးရှို့ဖျက်ဆီး၍ မသန်စွမ်းအမျိုးသားတစ်ဦးအပါအဝင် ရွာသား ၁၀ ဦးကိုသတ်ဖြတ်ကာမီးပုံထဲပစ်ချခဲ့

📌 ၇။ မတ္တရာမြို့နယ်ဘက်မှ အထက်သို့ တက်လာသည့် စစ်ကောင်ယာဥ်တန်း ၉ စီးအား သပိတ်ကျင်းမြို့နယ် ကျောက်ဖြူရွာနှင့် လိပ်ကျရွာ ကြားတွင် မိုင်းခွဲတိုက်ခိုက်

📌 ၈။ ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ (KPS) အခြေစိုက်စခန်း တည်ရှိရာနေရာများမှ () လတာအတွင်း ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများကို မီးရှို့ ဖျက်ဆီး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ဒစ်ဂျစ်တယ်မြန်မာကျပ် (DMMK-Digital Myanmar Kyat) နှင့် NUG-Pay မိုဘိုင်းပိုက်ဆံအိတ်ကို ထုတ်ဝေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကြေညာ


ဒစ်ဂျစ်တယ်မြန်မာကျပ် (DMMK-Digital Myanmar Kyat) နှင့် NUG-Pay မိုဘိုင်းပိုက်ဆံအိတ်ကို ထုတ်ဝေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကြေညာလိုက်ပါတယ်။ ဇွန်လ ၂၆ ရက်ရက်မှာ အမိန့်ကြော်ငြာစာအမှတ်၊ /၂၀၂၂ နဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီးကထုတ်ပြန်ခဲ့တာပါ။


အကြမ်းဖက်စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်တွင်ရှိသော ငွေကြေးစီးဆင်းမှုစနစ်များအပေါ် မှီခိုနေရမှုကို အဆုံးသတ်ရန်၊ စစ်အာဏာရှင်စနစ်အမြစ်ဖြတ် ချေမှုန်းနိုင်ရေးအတွက် သီးခြား လွတ်လပ်၍ လုံခြုံစိတ်ချရသော ငွေကြေးလည်ပတ်မှုယန္တရားတစ်ခုကို ဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနအနေဖြင့် မြန်မာကျပ်ငွေနှင့်တူညီစွာ တန်ဖိုးရှိသော ဒစ်ဂျစ်တယ်မြန်မာကျပ် (DMMK-Digital Myanmar Kyat) ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တရားဝင်ဒစ်ဂျစ်တယ်ငွေကြေးအဖြစ် သတ်မှတ်ထုတ်ဝေလိုက်တယ်လို့ဖော်ပြ ပါရှိပါတယ်။


 ဒစ်ဂျစ်တယ်မြန်မာကျပ် (DMMK-Digital Myanmar Kyat)နှင့် တွဲဖက်အသုံးပြုရမည့် NUG-Pay မိုဘိုင်းပိုက်ဆံအိတ်ကိုလည်း တစ်ပါတည်း ထုတ်ဝေလိုက်တယ်လို့ဆိုပါတယ်။


 ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်၊ အစိတ်အပိုင်း () ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အစီအမံ အခန်း () ပုဒ်မ (၂၅) ပုဒ်မခွဲ () အရ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်တယ်လို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနကဖော်ပြပါတယ်။


========================


📌📌 ၂။ စစ်ကောင်စီတပ်တွေဟာ စစ်ဥပဒေနှစ်ခုလုံးကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတယ်လို့ တရားရေးဝန်ကြီးဦးသိန်းဦးပြောကြားလိုက်


စစ်ကောင်စီတပ်တွေဟာ စစ်ဥပဒေနှစ်ခုလုံးကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတယ်လို့ တရားရေးဝန်ကြီးဦးသိန်းဦးကပြောကြားလိုက်ပါတယ်။ ဇွန်လ၂၆ ရက်ကျင်းပတဲ့နိုင်ငံတော်သစ်မှာ စစ်ကောင်စီတပ်သားတွေကို ဘယ်လိုဥပဒေတွေနဲ့ အရေးယူသင့်သလဲခေါင်းစဥ်နဲ့ကျင်းပတဲ့ စကားဝိုင်းမှာ တရားရေးဝန်ကြီးကပြောပါတယ်။


"စကစတပ်တွေဟာ စစ်ဥပဒေတွေကို လိုက်နာရမဲ့တာဝန်ရှိပါတယ်။ဒါပေမဲ့လို့လည်း ကြည့်တဲ့အခါကြတော့ အကြမ်းဖက် စစ်အုပ်စုရဲ့စကစတပ်တွေဟာ လုံးလိုက်နာခြင်းမရှိဘဲနဲ့ဂျနီဗာလောတွေ၊ဟိတ်လောတွေကို ချိုးဖောက်နေတယ်ဆိုတာတွေ့ရမှာဖြစ်ပါတယ်။လိုက်နာရမဲ့တာဝန်ရှိတယ်။မလိုက်နာပဲပြောင်ပြောင်တင်တင်းသူတို့ချိုးဖောက်တယ်။ဘာကြောင့်လဲဆိုတော့ သူတို့ရည်မှန်းချက်တွေ၊စိတ်ဓာတ်တွေပျောက်သွားတာဖြစ်ပါတယ်"လို့ ဝန်ကြီးကပြောပါတယ်။


အကြမ်းဖက် စစ်တပ်ဟာ နိုင်ငံတော်အာဏာကိုသိမ်းပြီးနောက်ယနေ့အချိန်အထိ လူပေါင်း နှစ်ထောင်ကျော်ကို သတ်ဖြတ်ခဲ့ပြီးဖြစ်ပါတယ်။ ဒါ့အပြင် အရပ်သားများကို ဝရမ်းမပါဘဲ စစ်တပ်က ကိုယ်ထိလက်ရောက် ရိုက်နှက်ဖမ်းဆီးခြင်း၊ သေနတ်နဲ့ပစ်ခတ် သတ်ဖြတ်ခြင်း၊ အရပ်သားများကို အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခြင်းတို့ကျူးလွန်ခဲ့ပြီး ၄င်းပမဏာဟာ လူပေါင်း ၁၇၀ ကျော်ရှိပါတယ်။


========================


📌📌 ၃။ အလုပ်သင်ဆရာဝန်တစ်နှစ်ဆင်းပြီးသူများအားလုံးဆေးတက္ကသိုလ် ယာယီတက္ကသိုလ်ကောင်စီကထုတ်ပေးမဲ့ယာယီဘွဲ့လက်မှတ်များလျှောက်ထားနိုင်တယ်လို့ ကျန်းမာရေးဒုဝန်ကြီး ဒေါက်တာရွှေပုံဆို


အလုပ်သင်ဆရာဝန်တစ်နှစ်ဆင်းပြီးသူများအားလုံးဆေးတက္ကသိုလ် ယာယီတက္ကသိုလ်ကောင်စီကထုတ်ပေးမဲ့ယာယီဘွဲ့လက်မှတ်များလျှောက်ထားနိုင်တယ်လို့ ကျန်းမာရေးဒုဝန်ကြီး ဒေါက်တာရွှေပုံကပြောပါတယ်။ ဇွန်လအတွင်း ၄င်းလူမှုကွန်ရက်မှာ ကျန်းမာရေးဝန်ကြီးဌာန ဒုဝန်ကြီးဒေါက်တာရွှေပုံကရေးသားပြောကြားခဲ့ပါတယ်။


"အလုပ်သင်ဆရာဝန်တနှစ်ဆင်းပြီးသူများအားလုံး၊ယာယီဘွဲ့ လက်မှတ်လိုချင်သူများလျှောက်ထားနိုင်ပါတယ်။ယာယီဘွဲ့လက်မှတ်ရပြီးပြီဆိုရင် Federal Health Professional Council မှာ Federal Sama ဆက်လက်လျှောက်ထားနိုင်ပါကြောင်းအသိပေးတင်ပြအပ်ပါတယ်"လို့ ဒုဝန်ကြီးကဆိုပါတယ်။ ဒါ့အပြင်မဟာသိပ္ပံအောင်မြင်ပြီးစီးသူများလည်း သက်ဆိုင်ရာတက္ကသိုလ်များ၏ ယာယီတက္ကသိုလ်ကောင်စီများနှင့်ချိတ်ဆက်ပြီး ယာယီမဟာသိပ္ပံဘွဲ့လက်မှတ်များလျှောက်ထားနိုင်မှာဖြစ်ပါတယ်။


ဆေးတက္ကသိုလ် ၁က ယာယီတက္ကသိုလ်ကောင်စ​ီကယာယီဘွဲ့လက်မှတ်များထုတ်ပေးမည်ဖြစ်ကြောင်း ဇွန်လ၂၅ရက်မှာ ဆေးတက္ကသိုလ် ၁က ယာယီတက္ကသိုလ်ကောင်စီက တရားဝင်ဆိုပါတယ်။ ဘွဲ့ကြို ဘွဲ့ လွန်ကျောင်းသား၊ကျောင်းသူများ အနာဂါတ်အလုပ်အကိုင် နဲ့ပညာရေးအခွင့်အလမ်းများ ဆုံးရှုံးမှုမရှိစေရန် ရည်ရွယ်၍ ယာယီဘွဲ့လက်မှတ်များထုတ်ပေးမယ်လို့ ယာယီတက္ကသိုလ်ကောင်စီကထုတ်ပြန်ပါတယ်။


========================


📌📌 ၄။ တောင်ကိုရီးယားနိုင်ငံကပေးအပ်တဲ့ Park Jong Cheol လူ့အခွင့်အရေးအထူးဆု ဒေါက်တာတေဇာဆန်းရရှိ


တောင်ကိုရီးယားနိုင်ငံကပေးအပ်တဲ့ Park Jong Cheol လူ့အခွင့်အရေးအထူးဆု ဒေါက်တာတေဇာဆန်းရရှိခဲ့ပါတယ်။ ၁၈ ကြိမ်မြောက် Park Jong-cheol လူ့အခွင့်အရေးဆုအတွက် ဒေါက်တာတေဇာဆန်းကို အထူးဆုချီးမြှင့်တယ်လို့ ဆုအကဲဖြတ်ကော်မတီကနေ သတင်းထုတ်ပြန်ပါတယ်။


ဇွန် ၂၉ ရက်မှာ တောင်ကိုရီးယားနိုင်ငံရဲ့ ဆိုးလ်အမျိုးသားတက္ကသိုလ်မှာဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပမှာဖြစ်ပါတယ်။ ယခင်နှစ်က Park Jong -cheol လူ့အခွင့်အရေးဆုကိုလည်း ဒီမိုကရေစီအတွက် စစ်တပ်နဲ့ ရင်ဆိုင်တိုက်ပွဲဝင်နေကြရတဲ့ မြန်မာပြည်သားများကို ပေးအပ်ခဲ့ပါတယ်။


========================


📌📌 ၅။ စစ်အုပ်စု၏ စစ်ကြောရေးနှင့် အကျဉ်းထောင်များတွင် ဖမ်းဆီးနှိပ်စက်ခံရပြီး ကျဆုံးသွားသော နိုင်ငံရေးတက်ကြွလှုပ်ရှားသူနှင့် စစ်အာဏာလုမှုဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်သူ လူဦးရေမှာ (၉၅) ဦးထိရှိလာ


စစ်အုပ်စု၏ စစ်ကြောရေးနှင့် အကျဉ်းထောင်များတွင် ဖမ်းဆီးနှိပ်စက်ခံရပြီး ကျဆုံးသွားသော နိုင်ငံရေးတက်ကြွလှုပ်ရှားသူနှင့် စစ်အာဏာလုမှုဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်သူ လူဦးရေမှာ (၉၅) ဦးထိရှိလာပြီဖြစ်ပါတယ်။ ဇွန်လ၂၆ ရက်မှာ AAPP ကတရားဝင်ထုတ်ပြန်ခဲ့ပါတယ်။


အကြမ်းဖက်အာဏာလုယူခဲ့သည့် ဖေဖော်ဝါရီ ရက်နေ့ ၂၀၂၁ ခုနှစ်မှစ၍ ယနေ့အထိ စစ်အုပ်စု၏ စစ်ကြောရေးနှင့် အကျဉ်းထောင်များတွင် ဖမ်းဆီးနှိပ်စက်ခံရပြီး ကျဆုံးသွားသော နိုင်ငံရေးတက်ကြွလှုပ်ရှားသူနှင့် စစ်အာဏာလုမှုဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်သူ လူဦးရေမှာ (၉၅) ဦးရှိပြီဖြစ်တယ်လို့သိရပါတယ်။ စစ်အုပ်စုအနေနှင့် ထင်ရှားသော နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကိုသာ ညှဉ်းပန်းနှိပ်စက်မှုကို ပြုလုပ်သည် မဟုတ်ဘဲ နိုင်ငံရေးအရ ဖမ်းဆီးထိန်းသိမ်းထားသော အရပ်သားများအားလုံးကို တရားလက်လွတ်ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်ရန် မူဝါဒချမှတ်ထားတယ်လို့လည်း AAPP ကဖော်ပြပါတယ်။


အကြမ်းဖက်အာဏာလုမှု စတင်ချိန်မှ ယနေ့အထိ နိုင်ငံရေးအရ ဖမ်းဆီးခံရသူတိုင်းတွင် ရုပ်ပိုင်း ဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာအရ ညှဉ်းပန်းနှိပ်စက်ခြင်းခံရပြီးမျက်ကွယ်ရာတွင် သတ်ဖြတ်ခြင်း၊ အလောင်းအားမိသားစုထံပြန်မပေးဘဲ သင်္ဂြိုဟ်ခြင်း၊ ပုံစံထိုင်ခိုင်းခြင်း၊ ကျား/မအခြေပြု ခြိမ်းခြောက်မှုများပြုလုပ်ခြင်း၊ အစာရေစာရက်ရှည်ဖြတ်တောက်ခြင်းဖြင့် အိမ်သာသုံးရေကို သောက်သုံးစေခြင်းစသည့် ညှဉ်းပန်းနှိပ်စက်မှုပုံစံများမှာ စစ်အုပ်စု၏ စနစ်တကျတည်ဆောက်ထားသော ညှဉ်းပန်းနှိပ်စက်မှုပုံစံများဖြစ်ပါတယ်။ စစ်အုပ်စု၏အာဏာလုမှု စတင်ဖြစ်ပေါ်လာချိန် ကတည်းက အသက်ဆုံးရှုံးရသော ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများနှင့် အရပ်သားသေဆုံးမှု ဦးရေမှာ (၂၀၂၁) ဦး ရှိပြီဖြစ်ပါတယ်။

========================


📌📌 ၆။ သထုံမြို့နယ် ထုံးဘိုလေးရွာကို အကြမ်းဖက် စစ်တပ် ဝင်ရောက်မီးရှို့ဖျက်ဆီး၍ မသန်စွမ်းအမျိုးသားတစ်ဦးအပါအဝင် ရွာသား ၁၀ ဦးကိုသတ်ဖြတ်ကာမီးပုံထဲပစ်ချခဲ့


သထုံမြို့နယ် ထုံးဘိုလေးရွာကို အကြမ်းဖက် စစ်တပ် ဝင်ရောက်မီးရှို့ဖျက်ဆီး၍ မသန်စွမ်းအမျိုးသားတစ်ဦးအပါအဝင် ရွာသား ၁၀ ဦးကိုသတ်ဖြတ်ကာမီးပုံထဲပစ်ချခဲ့ပါတယ်။ ဇွန်လ၂၅ ရက် စစ်ကောင်စီတပ်သားများ ထုံးဘိုလေးရွာဘက်သို့အင်အားအလုံးအရင်းဖြင့်စစ်ကြောင်း ကြောင်းနဲ့ဝင်ရောက်စီးနင်းခဲ့တယ်လို့ သထုံပြည်သူ့ပြောက်ကျားများအဖွဲ့ကဆိုပါတယ်။


ယမန်နေ့က စစ်ကောင်စီတပ်သားများ ထုံးဘိုလေးရွာဘက်သို့အင်အားအလုံးအရင်းဖြင့်စစ်ကြောင်း ကြောင်း ထိုးလာပြီး ရွာကိုမီးရှို့ဖျက်စီးမှုများ ရွာသားများကိုသတ်ဖြတ်မှုများပြုလုပ်ခဲ့ရာ အိမ်ခြေ ၁၅၂ လုံးမီးလောင်ခဲ့ပြီး အပျိုရွယ်မိန်းခလေးတစ်ဦး မသန်စွမ်းအမျိုးသားတစ်ဦးအပါအဝင် ရွာသား ၁၀ ဦးကိုငြင်းပန်းနှိပ်စက်သတ်ဖြတ်ပြီး လောင်ကျွမ်းနေသောမီးပုံထဲသို့ပစ်ချခဲ့ကြောင်းသိရပါတယ်လို့ သထုံပြည်သူ့ပြောက်ကျားများအဖွဲ့ကဖော်ပြပါတယ်။ ကာကွယ်ရေးတပ်များအကောင်းဆုံးခံတိုက်ခဲ့ပါသော်လည်း လက်နက်ခဲယမ်း လုံလုံလောက်လောက်မရှိမှုကြောင့် စစ်ကောင်စီစစ်ကြောင်းတစ်ခုပေါက်သွားပြီး ယခုကဲ့သို့ ရွာမီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ထုတ်ပြန်ပါတယ်။


========================


📌📌 ၇။ မတ္တရာမြို့နယ်ဘက်မှ အထက်သို့ တက်လာသည့် စစ်ကောင်ယာဥ်တန်း ၉ စီးအား သပိတ်ကျင်းမြို့နယ် ကျောက်ဖြူရွာနှင့် လိပ်ကျရွာ ကြားတွင် မိုင်းခွဲတိုက်ခိုက်


မတ္တရာမြို့နယ်ဘက်မှ အထက်သို့ တက်လာသည့် စစ်ကောင်ယာဥ်တန်း စီးအား သပိတ်ကျင်းမြို့နယ် ကျောက်ဖြူရွာနှင့် လိပ်ကျရွာ ကြားတွင် ကာကွယ်ရေးတပ်များက မိုင်းခွဲတိုက်ခိုက်ခဲ့ပါတယ်။ ဇွန် ၂၆ နေ့လည် နာရီခန့်က မတ္တရာဘက်မှ အထက်သို့ တက်လာသောစစ်ကောင်ယာဥ်တန်း စီးအား သပိတ်ကျင်းမြို့နယ် ကျောက်ဖြူရွာနှင့် လိပ်ကျရွာ ကြားတွင် ကျနော်တို့ TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့မှ ရှေ့ထွက်မိုင်း လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်လို့ပြောပါတယ်။


ဖောက်ခွဲတိုက်ခိုက် မှုကြောင့် စကစတပ်များအသေအပျောက်နှင့် ယာဥ်အပျက်အစီး ရှိနိုင်ပြီး ရဲဘော်များလည်း အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်။ အထိခိုက်အပျက်အစီးကိုမူ တိတိကျကျ မသိရသေးပေမဲ့လည်း ဇရပ်ကွင်းဘက်သို့ ဖြတ်မောင်းသွားသည့်ယာဥ်တန်းမှာ စီးသာ ရှိတယ်လို့ သိရပါတယ်။


========================


📌📌 ၈။ ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ (KPS) အခြေစိုက်စခန်း တည်ရှိရာနေရာများမှ () လတာအတွင်း ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများကို မီးရှို့ ဖျက်ဆီး


ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ (KPS) အခြေစိုက်စခန်း တည်ရှိရာနေရာများမှ () လတာအတွင်း ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများကို မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။


ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သော (၃၅) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအောက်ရှိ ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ (KPS) က အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပခဲ့တာပါ။


အခမ်းအနားတွင် ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ (KPS) အခြေစိုက်စခန်း တည်ရှိရာနေရာများမှ () လတာအတွင်း ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး ဘိန်းဖြူ (၂၉၃) ဂရမ်၊ကာလတန်ဖိုး (၂၆၄၅၀၀၀) ကျပ်၊ ဘိန်းမဲ (၂၉၈၃) ဂရမ်၊ ကာလတန်ဖိုး (၈၀၀၀၀၀၀) ကျပ်၊ WY တံဆိပ်ပါစိတ်ကြွဆေးပြား (၃၉၅၄) ပြား၊ (၄၅၂) ဂရမ်၊ ကာလတန်ဖိုး (၁၃၁၀၀၀၀) ကျပ်၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသော ဆေးထိုးအပ် (၁၁) ချောင်းတို့အား မီးရှို့ဖျက်ဆီးခဲ့ပါတယ်။


အခမ်းအနားကို ကလေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်နှင့်အဖွဲ့ဝင်များ၊ ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ (KPS) မှ တပ်ဖွဲ့ဝင်များ၊ ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF Kalay) မှ တပ်ဖွဲ့ဝင်များ၊ ရပ်/ကျေးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ရပ်/ကျေးပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment