27th JUN 2022 - Evening Daily News by Radio NUG

၂၀၂၂ ဇွန်လ ၂၇ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ ပြန်ထားဖို့ စစ်ကောင်စီကို အာဆီယံအထူးသံ တိုက်တွန်း

📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက WHO နှင့် UNICEF အဖွဲ့အစည်းများထံ စာများပေးပို့

📌 ၃။ လူမျိုးကြီးဝါဒကို အကြမ်းဖက် စစ်တပ်ထဲမှာ အစွဲကြီးနေတာကိုတွေ့ရှိရကြောင်း  တရားရေးဝန်ကြီးဆို

📌 ၄။ စစ်ကောင်စီက စီမံခန့်ခွဲမှု မပြုလုပ်နိုင်တဲ့ဒေသအများကြီး ပေါ်ပေါက်လာတယ်လို့ ပြည်ထဲရေး ဒုဝန်ကြီး ခူးထဲဘူပြောကြား

📌 ၅။ Bago Federal Schoolတွင် ကျောင်းသားလက်ခံနိုင်မှု ပမာဏ ကျော်လွန်သွားတဲ့အထိ ကျောင်အပ်နှံမှုအားကောင်း

📌 ၆။ Myaung Education Network မြောင်ပညာရေးကွန်ရက်မှ  ကျောင်းသား၊ ကျောင်းသူ (၂၀၀) ခန့်အား နို့ဆန်ပြုတ် ကျွေးမွေးခဲ့

📌 ၇။ အင်းတော်မြို့နယ် မင်းကုန်းရွာကို စကစတပ်များဝင်ရောက် သောင်းကျန်းဖျက်ဆီးကာဘုန်းကြီး ကျောင်းထဲက အလှူခံပုံးများပါရိုက်ခွဲ၍ အလှူငွေများယူဆောင်သွား

📌 ၈။ ဗန်းမောက်တောင်ပိုင်းသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များအား ကာကွယ်ရေးတပ်များပူးပေါင်းတိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်တပ်က ငါးဦးသေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ ပြန်ထားဖို့ စစ်ကောင်စီကို အာဆီယံအထူးသံ တိုက်တွန်း


ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အရွယ် နဲ့ ကျန်းမာရေးကိုထောက်ဆပြီး နေပြည်တော်အကျဥ်းထောင်ထဲမှာ မထားဘဲ အရင်ထိန်းသိမ်းထားတဲ့နေအိမ်ကို ပြန်ထားဖို့ အာဆီယံအထူးကိုယ်စား လှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းက ဒီနေ့ ဇွန်လ ၂၇ ရက်မှာ စစ်ကောင်စီကို တိုက်တွန်းလိုက်ပါတယ်လို့ BBC သတင်းမှာဖေါ်ပြထားပါတယ်။


ဒေါ်အောင်ဆန်းစုကြည်ဟာ ထိန်းသိမ်းထားတဲ့နေအိမ်ကနေ နေပြည်တော် အချုပ်ထောင်ထဲ ပြောင်းလဲနေထိုင်နေရတဲ့ကိစ္စကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကလည်း အလားတူ စိုးရိမ်ကြောင်းပြောနေကြတယ်လို့ မစ္စတာ ပရက်ဆော့ခွန်းက ဆိုပါတယ်။


========================


📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက WHO နှင့် UNICEF အဖွဲ့အစည်းများထံ စာများပေးပို့


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးဟာဇွန်လ၂၂ရက်နေ့က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ World Health Organization (WHO) ညွှန်ကြားရေးမှူး ချုပ်ဖြစ်သူထံ လိပ်မူ၍စာများပေးပို့ခဲ့ပါတယ်။


မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ရက်နေ့က စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျန်းမာရေးလုပ်သားများ၊ ဆေးရုံ/ဆေးခန်းများ၊လူနာတင် ယာဉ်များအပါအဝင်၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအပေါ် အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုများအပေါ် WHO နှုတ်ဆိတ်နေမှုများနှင့် ယူကရိန်းနိုင်ငံတွင် လက်ရှိဖြစ်ပွားလျက်ရှိသော စစ်ပွဲအတွင်း ကျန်းမာရေးကဏ္ဍအပေါ် ထိခိုက်ခံစားရမှုများကို ကမ္ဘာ့ကုလသမဂ္ဂ (United Nations – UN) နှင့် WHO တို့က အရေးတယူ ထုတ်ပြန်ခဲ့သော်လည်းမြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍအပေါ် အကြမ်းဖက် စစ်ကောင်စီ၏ အကြမ်းဖက်မှုများကိုမူ WHO Global Surveillance System for Attacks on Healthcare (SSA) စနစ်တွင်ပင် အချိန်နှင့်တစ်ပြေးညီ မှတ်တမ်းတင်မှု မရှိခြင်းကို ဝမ်းနည်းစွာ တွေ့ရှိရကြောင်း အကြောင်းကြားစာ ပေးပို့၍ အရေးဆိုခဲ့ပါတယ်။


WHO အနေဖြင့် မည်သည့်အခြေအနေတွင်မဆို လူသားချင်းစာနာမှု၊ ဘက်မလိုက်မှု၊ သမာသမတ်ကျမှု၊ လွတ်လပ်မှု အစရှိသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နိုင်ငံတကာ အခြေခံမူများကို လေးစားလိုက်နာရမည်ဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေသော မြန်မာပြည်သူများအတွက် ကျန်းမာရေးဆိုင်ရာ အကူအညီများကို ဘက်မလိုက်ဘဲ ဆောင်ရွက်ပေးရန်နှင့် အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှု ခံနေရသော မြန်မာကျန်းမာရေးလုပ်သားများကို အကာအကွယ်ပေးရန် WHO တွင် တာဝန်ရှိသည်ဟု ယုံကြည်ကြောင်းလည်း ပေးပို့စာမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။


ထို့အပြင် ပြည်ထောင်စုဝန်ကြီးဟာ  ကမ္ဘာ့ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (United Nations Children’s Fund - UNICEF) ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်သူထံ လိပ်မူ၍ လူသားချင်းစာနာထောက်ထားမှု အကူအညီများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို မြန်မာပြည်သူများသို့ အကူအညီပေးအပ်ရာတွင် အကြမ်းဖက်စစ်ကောင်စီမှတစ်ဆင့် ပေးအပ်ခြင်းသည် UN နှင့် နိုင်ငံတကာအဖွဲ့အစည်းများအပေါ် မြန်မာပြည်သူတို့၏ ယုံကြည်မှု ကျဆင်းစေကြောင်း၊ UNICEF မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်မည့် ပုဂ္ဂိုလ် သည် ၎င်း၏ ခန့်အပ်လွှာကို တရားဝင်မှု မရှိသော အကြမ်းဖက်စစ်ကောင်စီထံ (၁၆--၂၀၂၂) ရက်နေ့က ပေးအပ်ခဲ့ခြင်းအပေါ် ဝန်ကြီးဌာနအနေဖြင့် ကန့်ကွက်ရှုတ်ချကြောင်းနှင့် UNICEF အနေဖြင့် ကျန်းမာရေး၊ ပညာရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူများနှင့်အညီ အကူအညီ အမှန်တကယ်လိုအပ်လျက်ရှိသော ကလေးသူငယ်များအပါအဝင် ပြည်သူများထံသို့ ရောက်ရှိအောင် ဘက်မလိုက်သော အဖွဲ့အစည်းများမှတစ်ဆင့် ပေးပို့ဆောင်ရွက်ရမည်ဖြစ်ကြောင်း စာဖြင့် ဆက်သွယ်အကြောင်းကြားခဲ့ပါတယ်။


========================


📌📌 ၃။ လူမျိုးကြီးဝါဒကို အကြမ်းဖက် စစ်တပ်ထဲမှာ အစွဲကြီးနေတာကိုတွေ့ရှိရကြောင်း  တရားရေးဝန်ကြီးဆို


ဇွန်လ ၂၆ ရက်ကျင်းပတဲ့နိုင်ငံတော်သစ်မှာ စစ်ကောင်စီတပ်သားတွေကို ဘယ်လိုဥပဒေတွေနဲ့ အရေးယူသင့်သလဲခေါင်းစဥ်နဲ့ကျင်းပတဲ့ စကားဝိုင်းမှာ တရားရေးဝန်ကြီး ဦးသိန်းဦးကအခုလိုပြောကြားခဲ့ပါတယ်။


"လူမျိုးကြီးဝါဒနဲ့လက်တွေ့ဆောင်ရွက်ကြတဲ့အခါကြတော့ ဒီလူမျိုးကြီးဝါဒကိုပဲ စစ်တပ်ထဲမှာ အစွဲက တော်တော်ကြီးနေတဲ့အနေအထားဖြစ်တာပေါ့။ မျိုးချစ်တပ်မတော်လို့ပြောကြတယ်။မျိုးချစ်လို့ပြောရင်လူမျိုးတစ်မျိုးတည်းကိုချစ်ဖို့ပြောနေတာမဟုတ်ဘူး။ကျနော်တို့နိုင်ငံမှာရှိတဲ့တိုင်းရင်းသားညီအကိုမောင်နှမအားလုံးကိုချစ်တာဖြစ်ရမယ်"လို့ဝန်ကြီးကပြောပါတယ်။ အကြမ်းဖက် စစ်တပ်တွင် တပ်မတော်သာအမိ တပ်မတော်သာအဖဖြစ်၍ နိုင်ငံတော်နဲ့နိုင်ငံသားတို့ကို အလုပ် အကျွေးပြုသော တပ်မတော်လို့မခံယူထားသည်မှာ ရှင်းလင်းကြောင်း ဝန်ကြီးဦးသိန်းဦးကဆိုပါတယ်။


========================


📌📌 ၄။ စစ်ကောင်စီက စီမံခန့်ခွဲမှု မပြုလုပ်နိုင်တဲ့ဒေသအများကြီး ပေါ်ပေါက်လာတယ်လို့ ပြည်ထဲရေး ဒုဝန်ကြီး ခူးထဲဘူပြောကြား


ဇွန်လအတွင်း ဖက်ဒရယ်ဂျာနယ်နဲ့တွေ့ဆုံမေးမြန်းခန်းမှာ ပြည်ထဲရေးဒုဝန်ကြီး ခူးထဲဘူအ‌နေနဲ့စစ်ကောင်စီက စီမံခန့်ခွဲမှု မပြုလုပ်နိုင်တဲ့ဒေသအများကြီး ပေါ်ပေါက်လာတယ်လို့ ထည့်သွင်းပြောပါတယ်။ နွေဦးတော်လှန်ရေးစကတည်းကအခုချိန်ထိ စစ်ကောင်စီ မစီမံ၊မခန့်ခွဲနိုင်တဲ့ ဒေသတွေအများကြီးပေါ်ပေါက်လာနေတာရှိတယ်။အဲဒီပေါ်မှာ အစားထိုးပြီးတော့ လူထုကနေ ကိုယ်ပိုင်စီမံခန့်ခွဲနေတာရှိတယ်။တစ်နည်းအားဖြင့်ပြောရရင် ပြည်သူ့အုပ်ချုပ်ရေးပေါ့။အဲဒါကို စနစ်ကျအောင် ကျနော်တို့က လူထုနဲ့တွဲလုပ်နေပါတယ်"လို့ဒုဝန်ကြီးကပြောပါတယ်။ လူထုနဲ့ ပြည်သူ့အုပ်ချုပ်ရေးဖေည်ဆောင်ရာတွင်စစ်ကိုင်းတိုင်းတွင် ၂၉ မြို့နယ်၊ မကွေးတိုင်းတွင် မြို့နယ်အထိရှိပြီဖြစ်ကာ ချင်းပြည်နယ်လည်း မြို့နယ်အချို့ပါဝင်ကြောင်း ပြည်ထဲရေးဒုဝန်ကြီးကပြောပါတယ်။


========================


📌📌 ၅။ Bago Federal Schoolတွင် ကျောင်းသားလက်ခံနိုင်မှု ပမာဏ ကျော်လွန်သွားတဲ့အထိ ကျောင်အပ်နှံမှုအားကောင်း


ဇွန်လနောက်ဆုံးပတ်မှာ Bago Federal Schoolက ကျောင်းသားအပ်နှံမှု ပြည့်မီကျော်လွန်ခဲ့ကြောင်းထုတ်ပြန်ပါတယ်။


"G10(new)G11(old)G8G4 G7(new) ကျောင်းသား လက်ခံနိုင်မှု ပမာဏ ကျော်လွန်သွားသည့်အတွက် goigle form ပိတ်သွားပြီဖြစ်ကြောင်း အသိပေးပါရစေ"လို့ဆိုပါတယ်။ Bago Federal School လျှောက်ထားသော ဆရာ၊ဆရာမဦးရေအရ အတန်းတစ်တန်းလျှင် ကျောင်းသားဦးရေ (၁၀၀)ခန့် လက်ခံခဲ့ပါတယ်။


========================


📌📌 ၆။ Myaung Education Network မြောင်ပညာရေးကွန်ရက်မှ  ကျောင်းသား၊ ကျောင်းသူ (၂၀၀) ခန့်အား နို့ဆန်ပြုတ် ကျွေးမွေးခဲ့


Myaung Education Network မြောင်ပညာရေးကွန်ရက်မှ အလှူရှင်များ၏ လှူဒါန်းငွေဖြင့် ကျောင်းသား၊ ကျောင်းသူ (၂၀၀) ခန့်အား နို့ဆန် ပြုတ် ကျွေးမွေးခဲ့ပါတယ်။ ဇွန်လ (၂၅) ရက်နေ့တွင် မြောင်ပညာရေးကွန်ရက်မှ အလှူရှင်များ၏ လှူဒါန်းငွေဖြင့် ၀၁၂ ကျေးရွာတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူ (၂၀၀) ခန့်အား နို့ဆန် ပြုတ် ကျွေးမွေးခဲ့ခြင်းနှင့် ကျောင်းသားကျောင်းသူများ လိုအပ်သော စာရေးကိရိယာနှင့်သင်ထောက် ကူပစ္စည်းများအား လှူဒါန်းခဲ့တယ်လို့ Myaung Education Network မြောင်ပညာရေးကွန်ရက် ကပြောပါတယ်။


Myaung Education Network မြောင်ပညာရေးကွန်ရက် ဟာ မြောင်မြို့နယ်အတွင်း အခြေခံပညာစာသင်ကျောင်းများကို ကြားကာလ ပညာသင်ကြားရေးအစီအစဥ် သင်ကြားပေးနိုင်ရေး ဆောင်ရွက်နေတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန သင်ရိုးအတိုင်း သင်ကြားပေးလျက်ရှိပါတယ်။


========================


📌📌 ၇။ အင်းတော်မြို့နယ် မင်းကုန်းရွာကို စကစတပ်များဝင်ရောက် သောင်းကျန်းဖျက်ဆီးကာဘုန်းကြီး ကျောင်းထဲက အလှူခံပုံးများပါရိုက်ခွဲ၍ အလှူငွေများယူဆောင်သွား


အင်းတော်မြို့နယ် မင်းကုန်းရွာကို စကစတပ်များဝင်ရောက် သောင်းကျန်းဖျက်ဆီးသွားခဲ့တယ်လို့ အင်းတော် တော်လှန်ရေးအင်အားစုကဖော်ပြပါတယ်။ ဇွန်လ ၂၄ ရက်နေ့က မင်းကုန်းရွာကို စကစတပ်များဝင်ရောက် ဖျက်ဆီးသွားကာ ခန့်မှန်းအိမ်ခြေ၁၆၀ ကျော်ပျက်စီးခဲ့တယ်လို့ထုတ်ပြန်ပါတယ်။


ရွာအတွင်းလက်နက်ကြီးနှစ်လုံးကျကာနေအိမ်ခုနစ်လုံးထိမှန်ခဲ့ပြီးရွှေတစ်မတ်သား ဆွဲကြိုးတစ်ကုံး၊ရွှေဆံထိုး တစ်စုံ၊ငွေကျပ်နှစ်သိန်းတို့ကို စစ်တပ်ကခိုးယူသွားပါတယ်။ ဒါ့အပြင်ဘုန်းကြီးကျောင်းပါပျက်စီးကာအလှူခံပုံးများလည်း ရိုက်ခွဲပြီး ပိုက်ဆံတွေယူသွားတယ် လို့ဆိုပါတယ်။


========================


📌📌 ၈။ ဗန်းမောက်တောင်ပိုင်းသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များအား ကာကွယ်ရေးတပ်များပူးပေါင်းတိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်တပ်က ငါးဦးသေဆုံး


ဗန်းမောက်တောင်ပိုင်းသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များအား ကာကွယ်ရေးတပ်များပူးပေါင်းတိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်တပ်က ငါးဦးသေဆုံးခဲ့ပါတယ်။ ဇွန်လ ၂၆ ရက် စစ်ကြောင်းထိုးလာသော စစ်ကောင် စီတပ်များကို ဒေသခံကာကွယ်ရေးတပ်နဲ့ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ Banmauk Revolution ကဆိုပါတယ်။


"ဗန်းမောက်တောင်ပိုင်းသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များအား မိမိတို့ ကသာခရိုင်ရင်း နဲ့ဒေသကာကွယ်ရေးတပ်ပူးပေါင်း၍ ထိထိမိမိ မိုင်းဆွဲလိုက်နိုင်သဖြင့် စကစတပ်ဖွဲ့ဝင်ငါးဦး သေဆုံးခဲ့ပါတယ်"လို့ပြောပါတယ်။


ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် တစုံတရာ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ပါတယ်။ မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်များသည် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေသဖြင့် အနီးအနားရှိရွာများမှာ တိမ်းရှောင်နေရကြောင်း သတင်းရရှိပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment