30th JUN 2022 - Morning Daily News by Radio NUG

၂၀၂၂ ဇွန်လ ၃၀ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ သမ္မတနဲ့အတိုင်ပင်ခံအပါအဝင် နိုင်ငံရေးခေါင်ဆောင်များ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ၊ ပြည်သူများအားလုံးရာဇဝတ်ဂိုဏ်းတစ်ခုက ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသူများနှင့် အလားသဏ္ဍာန်တူနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရထုတ်ပြန်

📌 ၂။ စစ်ကောင်စီဟာ နိုင်ငံရေး၊ စစ်ရေးနဲ့ကဏ္ဍစုံမှာ အထိနာနေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့  ဝန်ကြီးများမှ လစဉ် အမှတ်တရ လက်မှတ်များ ရေးထိုးပေးထားတဲ့ postcard များကို ငွေတိုက်စာချုပ်ဝယ်ယူသူများထံ လစဉ် ထည့်ပေးသွားဖို့ United Bonds စီစဥ်

📌 ၄။ ဆေးတက္ကသိုလ်ယာယီကောင်စီများမှ ယာယီဘွဲ့လက်မှတ်ရရှိပြီးသူများသည် Federal Health Professional Council တွင် Federal SAMA လျှောက်ထားနိုင်

📌 ၅။ မကွေးတိုင်း ရေစကြိုနယ် ရေလယ်ကျွန်းဒေသ ညောင်ပင်ရွာထဲရောက်ရှိနေတဲ့စကစတပ်များ ပြည်သူများထံမှ ခိုးယူထားသော ပစ္စည်းများကို စက်လှေနဲ့သယ်သွား

📌 ၆။ ကလေးမြို့၊ အောင်သစ္စာရပ်ကွက်တွင် စကစတပ်များက သားဖြစ်သူကိုမတွေ့၍ အဖေဖြစ်သူကိုဖမ်းဆီးခေါ်ဆောင်သွားကာ စစ်ကြောရေးတွင်သတ်ဖြတ်

📌 ၇။ တံတားဦးခရိုင်ပတ်လမ်းပေါ်တွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့  (K.D.D.F) က အီနာဂါဗုံးဖြင့်တိုက်ခိုက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ သမ္မတနဲ့အတိုင်ပင်ခံအပါအဝင် နိုင်ငံရေးခေါင်ဆောင်များ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ၊ ပြည်သူများအားလုံးရာဇဝတ်ဂိုဏ်းတစ်ခုက ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသူများနှင့် အလားသဏ္ဍာန်တူနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရထုတ်ပြန်


သမ္မတနဲ့အတိုင်ပင်ခံအပါအဝင် နိုင်ငံရေးခေါင်ဆောင်များ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ၊ ပြည်သူများအားလုံးရာဇဝတ်ဂိုဏ်းတစ်ခုက ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသူများနှင့် အလားသဏ္ဍာန်တူနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရထုတ်ပြန်ပါတယ်။ ဇွန်လ ၂၉ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာချက်အမှတ် (၁၂/၂၀၂၂) နဲ့ထုတ်ပြန်ခဲ့ပါတယ်။


အကြမ်းဖက်စစ်အုပ်စုက မတရားဖမ်းဆီးထားသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် နိုင်ငံရေးခေါင်ဆောင်များ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ၊ ပြည်သူများအားလုံးသည် ရာဇဝတ်ဂိုဏ်းတစ်ခုက ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသူများနှင့် အလားသဏ္ဍာန်တူနေသည့် ကာလဖြစ်သောကြောင့် တစ်ဦးတစ်ယောက်ချင်းစီတိုင်း၏ အသက်အန္တရာယ်မှာ စိုးရိမ်ဖွယ် အနေအထားဖြစ်ပေတယ်လို့ဖော်ပြပါတယ်။


ဒါ့အပြင်အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များဟာ နိုင်ငံတကာလူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့် ကိုက်ညီခြင်းမရှိရုံသာမက မြန်မာနိုင်ငံက ၂၀၀၄ ခုနှစ် ဇွန်လ () ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့တဲ့ ဓားစာခံဖမ်းခြင်းဆန့်ကျင်ရေး အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းပါ  အချက်အလက်များကိုလည်း ဗျောင်ကျကျ ချိုးဖောက်နေခြင်းဖြစ်တယ်လို့ဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်လည်း စစ်ကြောရေးစခန်းများနှင့် အကျဉ်းထောင်များအတွင်း  ဓားစာခံများသဖွယ် မတရားဖမ်းဆီးခံထားကြရပြီး လူ့အခွင့်အရေးချိုးဖောက်ခံနေကြရသူများ၏ အခြေအနေအရပ်ရပ်ကို မျက်ခြည်မပြတ်စောင့်ကြည့်နေပြီး အားလုံးလွတ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါတယ်လို့ဖော်ပြ ပါရှိပါတယ်။


========================


📌📌 ၂။ စစ်ကောင်စီဟာ နိုင်ငံရေး၊ စစ်ရေးနဲ့ကဏ္ဍစုံမှာ အထိနာနေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


စစ်ကောင်စီဟာ နိုင်ငံရေး၊ စစ်ရေးနဲ့ကဏ္ဍစုံမှာ အထိနာနေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကပြောပါတယ်။ ဇွန်လနောက်ဆုံးပတ်ကျင်းပတဲ့အစိုးရအဖွဲ့အစည်းအဝေးမှာ ဝန်ကြီးချုပ်ကပြောခဲ့ပါတယ်။


"စစ်ကောင်စီဟာ နိုင်ငံရေး၊ စစ်ရေး၊ နိုင်ငံခြားရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးစတဲ့ ကဏ္ဍအစုံမှာ အထိနာနေတာဖြစ်ပါတယ်။ ဒါကြောင့်အကြမ်းဖက်မှုတွေ ကိုလည်း ပိုမိုဆောင်ရွက်နေပြီး မြို့ပြမှာဆိုရင် တရားမဲ့ အဖမ်းအဆီးတွေကိုလည်း ကြမ်းကြမ်းတမ်း တမ်းဆောင်ရွက်နေတာတွေ့ရပါတယ် "လို့ဝန်ကြီးချုပ်ကပြောပါတယ်။


ထို့ကြောင့် တော်လှန်ရေးအင်အားစုများအားလုံး အတည်ပြုထားပြီးသားဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီချာတာရဲ့လမ်းပြမြေပုံအဆင့်ဆင့်ကို လုပ်ငန်းစဉ်အရလည်း တိုးတက်မှုရှိအောင် ကြိုးစားရမယ်လို့ဝန်ကြီးချုပ်ကထပ်လောင်းပြောပါတယ်။ ၂၀၂၁ ခုနှစ် စက်တင်ဘာ ရက်နေ့က စတင်ကြေညာခဲ့တဲ့ ပြည်သူ့ခုခံတွန်းလှန်စစ်ဟာ ဆယ်လတာကာလအတွင်းရောက်ရှိစဥ် စကစတပ်များလည်း အကျအဆုံးများပြားလာခဲ့ပါတယ်။


========================


📌📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့  ဝန်ကြီးများမှ လစဉ် အမှတ်တရ လက်မှတ်များ ရေးထိုးပေးထားတဲ့ postcard များကို ငွေတိုက်စာချုပ်ဝယ်ယူသူများထံ လစဉ် ထည့်ပေးသွားဖို့ United Bonds စီစဥ်


အမျိုးသား ညီညွတ်ရေးအစိုးရရဲ့  ဝန်ကြီးများမှ လစဉ် အမှတ်တရ လက်မှတ်များ ရေးထိုးပေးထားတဲ့ postcard များကို ငွေတိုက်စာချုပ်ဝယ်ယူသူများထံ လစဉ် ထည့်ပေးသွားဖို့ United Bonds စီစဥ်နေတယ်လို့ဆိုပါတယ်။ ဇွန်လ ၂၉ ရက်နေ့မှာ United Bonds ကသတင်းထုတ်ပြန်ခဲ့ပါတယ်။


"ငွေတိုက်စာချုပ် ဝယ်ယူသူများအတွက် တော်လှန်ရေးကာလ အမှတ်တရ ဖြစ်စေမယ့် postcard များကို လက်ဆောင်အဖြစ် ထည့်ပေးခဲ့ပေမယ့်   စိတ်ဝင်စားစွာနဲ့ တောင်းဆိုတဲ့ ဝယ်ယူသူများကြောင့် postcard များကို လစဉ် ထည့်ပေးသွားဖို့ United Bonds အဖွဲ့ဝင်များ စီစဉ်ပေးနေပါတယ်။ အမျိုးသား ညီညွတ်ရေးအစိုးရရဲ့ ဝန်ကြီးများမှ လစဉ် အမှတ်တရ လက်မှတ်များ ရေးထိုးပေးထားတဲ့ postcard များကို ငွေတိုက်စာချုပ်ဝယ်ယူသူများထံ ပေးပို့ပေးခဲ့ပါတယ်"လို့ဖော်ပြပါတယ်။ Jul လအတွက် Postcard နမူနာလေးကို ဖော်ပြပေးရာတွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းရေးထိုးထားတဲ့လက်မှတ်ပါရှိပါတယ်။


========================


📌📌 ၄။ ဆေးတက္ကသိုလ်ယာယီကောင်စီများမှ ယာယီဘွဲ့လက်မှတ်ရရှိပြီးသူများသည် Federal Health Professional Council တွင် Federal SAMA လျှောက်ထားနိုင်


ဆေးတက္ကသိုလ်ယာယီကောင်စီများမှ ယာယီဘွဲ့လက်မှတ်ရရှိပြီးသူများသည် Federal Health Professional Council တွင် Federal SAMA လျှောက်ထားနိုင်ပါတယ်။ ဇွန်လ ၂၉ ရက်မှာ Federal Health Professional Council ကတရားဝင်ကြေညာခဲ့ပါတယ်။


"အလုပ်သင်ဆရာဝန် တစ်နှစ်ဆင်းပြီး၍ သက်ဆိုင်ရာဆေးတက္ကသိုလ်ယာယီကောင်စီများမှ ယာယီဘွဲ့လက်မှတ်ရရှိပြီးသူများသည် Federal Health Professional Council တွင် Federal SAMA ကိုလျှောက်ထားနိုင်တယ်"လို့ ဖော်ပြပါတယ်။


ဆေးတက္ကသိုလ် က ယာယီတက္ကသိုလ်ကောင်စီက ယာယီဘွဲ့လက်မှတ်များထုတ်ပေးမည်ဖြစ်ကြောင်း ဇွန်လ ၂၅ ရက်မှာ ကြေညာထားပါတယ်။ ဘွဲ့ကြို ဘွဲ့ လွန်ကျောင်းသား၊ ကျောင်းသူများ အနာဂါတ်အလုပ်အကိုင် နဲ့ ပညာရေးအခွင့်အလမ်းများ ဆုံးရှုံးမှုမရှိစေရန် ရည်ရွယ်၍ ယာယီဘွဲ့လက်မှတ်များထုတ်ပေးမယ်လို့ ယာယီတက္ကသိုလ်ကောင်စီကထုတ်ပြန်ပါတယ်။


========================


📌📌 ၅။ မကွေးတိုင်း ရေစကြိုနယ် ရေလယ်ကျွန်းဒေသ ညောင်ပင်ရွာထဲရောက်ရှိနေတဲ့စကစတပ်များ ပြည်သူများထံမှ ခိုးယူထားသော ပစ္စည်းများကို စက်လှေနဲ့သယ်သွား


မကွေးတိုင်း ရေစကြိုနယ် ရေလယ်ကျွန်းဒေသ ညောင်ပင်ရွာထဲရောက်ရှိနေတဲ့စကစတပ်များ ပြည်သူများထံမှ ခိုးယူထားသော ပစ္စည်းများကို စက်လှေနဲ့သယ်သွားတယ်လို့ဆိုပါတယ်။ ဇွန်လ ၂၉ ရက် ညနေပိုင်း ညောင်ပင်ရွာထဲရောက်နေသော စကစတပ်နဲ့ ရဲများ၊ ပျူစောထီးများဟာ စက်လှေ သုံးစီး ကူးလာပီး ပြည်သူများထံမှ ခိုးယူထားသော ပစ္စည်းများကို သယ်သွားတယ်လို့ ရေလည်ကျွန်းတပ်ပေါင်းစုတပ်ရင်း ကပြောပါတယ်။ ဒါ့အပြင်အကြမ်းဖက် စစ်တပ်ဟာ စစ်ကြောင်း နှစ်ကြောင်းထိုးကာ  ချင်းယားကျေးရွာနားကို ပထမအသုတ်ကရောက်ရှိနေကာဒုတိယစစ်ကြောင်းမှာလည်းရွာထဲသို့ဝင်သွားတယ်လို့သတင်းရရှိပါတယ်။ ချင်းယားကျေးရွာအပါအ၀င် အနီးအနား ကျေးရွာရှိ ပြည်သူများဘေးလွတ်ရာရှောင်တိမ်းနေကြရကြောင်း နှင့် ပြည်သူများသတိထားသွားလာကြရန်ရေလည်ကျွန်းတပ်ပေါင်းစုတပ်ရင်း ကထုတ်ပြန်ပါတယ်။


========================


📌📌 ၆။ ကလေးမြို့၊ အောင်သစ္စာရပ်ကွက်တွင် စကစတပ်များက သားဖြစ်သူကိုမတွေ့၍ အဖေဖြစ်သူကိုဖမ်းဆီးခေါ်ဆောင်သွားကာ စစ်ကြောရေးတွင်သတ်ဖြတ်


ကလေးမြို့၊ အောင်သစ္စာရပ်ကွက်တွင် စကစတပ်များက သားဖြစ်သူကိုမတွေ့၍ အဖေဖြစ်သူကိုဖမ်းဆီးခေါ်ဆောင်သွားကာစစ်ကြောရေးတွင်သတ်ဖြတ်ခဲ့ပါတယ်။ ဇွန်လ ၂၄ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၊ အောင်သစ္စာရပ်ကွက်တွင်နေထိုင်သည့် ဦးမောင်တိုး၏ သားဖြစ်သူကို အကြမ်းဖက်စစ်အုပ်စု၏တပ်ဖွဲ့ဝင်များက နေအိမ်၌ လာရောက် ဖမ်းဆီးရာ မတွေ့သောကြောင့် ဦးမောင်တိုးကို ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါတယ်။


ဇွန်လ ၂၇ ရက်နေ့တွင် စစ်ကြောရေး၌ သေဆုံးခဲ့သည့် ဦးမောင်တိုး၏ ရုပ်အလောင်းကို လာရောက်ထုတ်ယူရန် အကြမ်းဖက်စစ်အုပ်စုမှ မိသားစုထံ အကြောင်းကြားခဲ့ကြောင်း AAPP ကဖော်ပြပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၀၃၉) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။


========================


📌📌 ၇။ တံတားဦးခရိုင်ပတ်လမ်းပေါ်တွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့  (K.D.D.F) က အီနာဂါဗုံးဖြင့်တိုက်ခိုက်


မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ ညောင်ပင်ဇောက်ကျေးရွာအနီး ကျောက်ဆည်တံတားဦး ခရိုင်ပတ်လမ်းပေါ်တွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့  (K.D.D.F) က အီနာဂါဗုံးဖြင့်တိုက်ခိုက်ခဲ့ပါတယ်။ ဇွန်လ၂၉ ရက် နံနက် နာရီ ၂၀ အချိန် ဗုံးသီးဖြင့်တိုက်ခိုက်ခဲ့တယ်လို့ KDDF ကပြောပါတယ်။


"အီနာဂါနဲ့လူကိုယ်တိုင်သွားပစ်တာပါ။ အထိအခိုက်ကတော့ ကျောက်ဆည်ရဲ့ ထုံးစံအတိုင်း သတင်းဖုံးထားတယ်ခင်ဗျ"လို့ပြောပါတယ်။ တံတားဦး ခရိုင်ပတ်လမ်းပေါ်တွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့ (K.D.D.F) နှင့် BARMAHTE PEOPLE DEFENSE FORCE တို့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့မှတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment