6th JUN 2022 - Evening Daily News by Radio NUG

၂၀၂၂ ဇွန်လ ၆ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်း၍ အာဏာရှင် စနစ်ကို အမြစ်ဖြတ်ဖို့ ပိုင်းဖြတ်နိုင်ခဲ့ပြီလို့ ကာကွယ်ရေးဝန်ကြီး  အသိပေးပြောကြား

📌 ၂။ အာဏာရှင် လက်ထက်မှာလုပ်ငန်းရှင်ကြီးတွေကို မြေနေရာခွဲပေး၍ သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှု အများကြီးဖြစ်တယ်လို့ ဝန်ကြီး ဒေါက်တာတူးခေါင်ပြောကြား

📌 ၃။ စစ်တပ်ထဲမှာနေရတာ မလုံခြုံဘူးလို့ ခံစားမိတာကြောင့် CDM လုပ်ချင်တဲ့ စကစတပ်သားများလာရောက်တိုင်ပင်တာများတယ်လို့ CDM ဗိုလ်ကြီးခန့်ကိုဆို

📌 ၄။ လက်နက်နှင့်အတူ အလင်းဝင်လာမည့် စကစတပ်များကိုဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (NSP) မှ ဆုငွေ (သိန်း ၅၀ ကျပ်တိတိ) နှင့် ခိုလှုံခွင့်ပေးသွားမယ်

📌 ၅။ အကြမ်းဖက် စစ်တပ်က အရပ်သားများကိုလူသားဒိုင်းပြုမှုလူဦးရေ ၁၃၀၀ ကျော် အထိရှိခဲ့

📌 ၆။ မသန်စွမ်းသူတွေဟာ အလုပ်အကိုင်အခွင့်အလမ်းဆုံးရှုံးပြီး စားဝတ်နေရေးအတွက် ဆိုးရွားတဲ့အခြေအနေနဲ့ရင်ဆိုင်နေရ

📌 ၇။ Tele Health Program က ဆရာဝန် ၂၀ ဝန်းကျင်နဲ့လုပ်ငန်းလည်ပတ်ပြီး မဲဆောက်ရောက်မြန်မာတွေကို အခမဲ့ကျန်းမာရေးဝန်ဆောင်မှုပေးနေ



ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်း၍ အာဏာရှင် စနစ်ကို အမြစ်ဖြတ်ဖို့ ပိုင်းဖြတ်နိုင်ခဲ့ပြီလို့ ကာကွယ်ရေးဝန်ကြီး  အသိပေးပြောကြား


ပြည်သူတွေအားလုံး ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်း၍ အာဏာရှင် စနစ်ကို အမြစ်ဖြတ်ဖို့ ပိုင်းဖြတ်နိုင်ခဲ့ပြီလို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် အသိပေးပြောကြားလိုက်ပါတယ်။


"စစ်အာဏာရှင်တွေက ဘီလူးအစွယ်ထုတ်ပြတာ ကျနော်တို့ နိုင်ငံအတွက်ရော၊ ပြည်သူတွေအတွက်ရော တမျိုးကောင်းသွားတယ်လို့ပြောလို့ရပါတယ်။ဘာကြောင့်လဲ။ဒီလို အခြေအနေမျိုးသာ မဖြစ်ခဲ့ဘူးဆိုရင် ကျနော်တို့အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံဆိုတဲ့ စစ်အာဏာရှင်လွှမ်းမိုးတဲ့ စနစ်ကြီးအောက်မှာ မြွေမသေ၊ တုတ်မကျိုးနဲ့ တဝဲလည်လည်ဖြစ်နေရမှာပဲဖြစ်ပါတယ်။အခုဆိုရင် ကျနော်တို့ပြည်သူတွေ အားလုံး ၂၀၀၈ ဖွဲ့စည်းပုံဖျက်သိမ်းနိုင်ခဲ့ပြီ။ စစ်အာဏာရှင် စနစ်ကို အမြစ်ဖြတ်ဖို့ ပိုင်းဖြတ်နိုင်ခဲ့ပြီ"လို့ ကာကွယ်ရေးဝန်ကြီးကဆိုပါတယ်။


========================


📌📌 ၂။ အာဏာရှင် လက်ထက်မှာလုပ်ငန်းရှင်ကြီးတွေကို မြေနေရာခွဲပေး၍ သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှု အများကြီးဖြစ်တယ်လို့ ဝန်ကြီး ဒေါက်တာတူးခေါင်ပြောကြား


ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ်  သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က အခုလို ပြောကြားခဲ့ပါတယ်။


"အာဏာရှင်လက်ထက်မှာ ဒီလိုမျိုးလုပ်ငန်းရှင်ကြီးတွေကို မြေနေရာခွဲပေးလိုက်တဲ့အခါကြတော့ ရာဘာစိုက်ခင်းတို့၊ငှက်ပျောဟိုက်ခင်းတို့ လုပ်တဲ့အခါမှာ သဘာဝပတ်ဝန်းကျင် အင်မတန်မှ ပျက်စီးဆုံးရှုံးတာတွေ အများကြီးမြင်နေရတယ်။တချို့နေရာတွေမှာ သစ်တောကြိုးဝိုင်းလို့ သတ်မှတ်ထားတဲ့နေရာမှာတောင် ဒါအခုဆိုရင် ကချင်ပြည်နယ်ဘက်မှာ ငှက်ပျောစိုက်ခင်းတွေ ဖြစ်သွားတာမျိုးပေါ့"လို့ဝန်ကြီးကဆိုပါတယ်။


နယ်ဒေသများတွင် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များမှ သစ်တောကြိုးဝိုင်းမြေနေရာများကို တရားဝင်သဖွယ် စီမံခန့်ခွဲ အသုံးပြုမှုတို့လည်းရှိကြောင်းသိရပါတယ်။


========================


📌📌 ၃။ စစ်တပ်ထဲမှာနေရတာ မလုံခြုံဘူးလို့ ခံစားမိတာကြောင့် CDM လုပ်ချင်တဲ့ စကစတပ်သားများလာရောက်တိုင်ပင်တာများတယ်လို့ CDM ဗိုလ်ကြီးခန့်ကိုဆို


ဇွန်လ ရက်နေ့မှာ စကစတပ်ဖွဲ့ဝင်များ တိုင်ပင်တာနဲ့ပတ်သက်လို့ CDM ဗိုလ်ကြီးခန့်ကကိုအခုလို‌  ပြောကြားခဲ့တာပါ။


"အခုနောက်ပိုင်း CDM လုပ်ချင်လို့ ဆိုပြီး လာတိုင်ပင်ကြသူအများစုဟာ CDM လုပ်ပြီး လွတ်ရာကျွတ်ရာထွက်သွားချင်ကြသူတွေများပါတယ် ။သူတို့ရဲ့စိတ်ထဲမှာ စစ်တပ်ထဲမှာနေရတာ မလုံခြုံဘူးလို့ ခံစားမိတာကြောင့် ထွက်ချင်တာပါ ဒါပေမယ့် သူတို့စိုးရိမ်တာက တော်လှန်ရေးမှာပြန်မကူနိုင်ရင် အသိအမှတ်မပြုဘူးလားဆိုတာပါ ။စစ်တပ်ကိုစွန့် ခွာလာသူတွေအနေနဲ့ အမှောင်ထဲက ထွက်လာခဲ့ရင်ကို လုံလောက်ပါပြီ ပါဝင်ပတ်သတ်မှုကတော့ မိမိရဲ့ စိတ်ရင်းနဲ့ပဲဆိုင်ပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ ပြည်သူ့ရင်ခွင်ကလည်း စစ်သားနဲ့ရဲများ အလင်းဝင်ခိုလှုံမှုကိုလက်ခံလျက်ရှိပြီးလက် နက်နဲ့အတူခိုလှုံပါက ဆုကြေးငွေ သိန်းသုံးဆယ်အထိ ပေးအပ်တယ်လို့လည်းသတင်းရရှိပါတယ်။


========================


📌📌 ၄။ လက်နက်နှင့်အတူ အလင်းဝင်လာမည့် စကစတပ်များကိုဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (NSP) မှ ဆုငွေ (သိန်း ၅၀ ကျပ်တိတိ) နှင့် ခိုလှုံခွင့်ပေးသွားမယ်


ဇွန်လ ရက်  ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NSP)ကကြေညာခဲ့တာပါ။


"အာဏာလုအကြမ်းဖက်စစ်ကောင်စီ၏ လက်ပါးစေဘဝမှ ရုန်းထွက်၍ ပြည်သူများအားကိုးထိုက်သော တပ်မတော်သား/ရဲတပ်ဖွဲ့ဝင်များဖြစ်လိုပါက မိမိတို့ ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NSP) နှင့် ချိတ်ဆက်ပြီး ပြည်သူများနှင့်အတူရပ်တည်ကာ Full Equipment (လက်နက်အပြည့်အစုံ) ဖြင့် CDM ဝင်ရောက်လာသော တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအား ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (NSP) မှ ဆုငွေ (သိန်း၅၀ကျပ်တိတိ) နှင့် ခိုလှုံခွင့်ပေးသွားမှာဖြစ်တယ်"လို့ဆိုပါတယ်။


ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NSP)သည် စကစတပ်များကို ခုခံတွန်းလှန်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုလည်းဖြစ်ပါတယ်။


========================


📌📌 ၅။ အကြမ်းဖက် စစ်တပ်က အရပ်သားများကိုလူသားဒိုင်းပြုမှုလူဦးရေ ၁၃၀၀ ကျော် အထိရှိခဲ့


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၂ ခုနှစ် မေလအထိ စာရင်းဇယားများအရ အကြမ်းဖက်စစ်တပ်ဟာ ပြည်သူတွေကိုသတ်ဖြတ်မှုမှာ ၃၁၆၅ ဦးအထိ ရှိထားပြီး ဒဏ်ရာရရှိမှုမှာ ၁၁၁၂ ဦးရှိခဲ့ပါတယ်။ ဒါအပြင် ဖမ်းဆီးခံရမှုမှာလည်း ၁၆၂၅၁ ရှိ ထားသလို လူသားဒိုင်းပြုခံရမှု ၁၃၅၃ အထိရှိထားတယ်လို့Media Monitor Collective အဖွဲ့ကဖော်ပြပါတယ်။ လူသားဒိုင်း ပြုလုပ်မှုဟာ နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ စည်းကမ်းချက်များကိူချိုးဖောက်တာဖြစ်ပြီးတော့ ကာကွယ်ရေးတပ်များ တိုက်ခိုက်မှုမရှိအောင် အရပ်သားများကိုဓားစာခံလုပ်တာလည်းဖြစ်ပါတယ်။


ပြည်နယ်နဲ့ တိုင်းအတွင်းက မြို့နယ် ၈၆ ခုမှာ ကျေးရွာပေါင်း ၄ဝဝ ကျော်ရှိ အရပ်သားနေအိမ်တွေကို အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ ဖျက်ဆီးခဲ့ပြီး စစ်ကိုင်းတိုင်း၊မကွေးတိုင်းနဲ့ ချင်းပြညိနယ်တို့ဟာ မီးရှို့ဖျက်ဆီးခံရမှုအများဆုံးဖြစ်ပါတယ်။


အခုတင်ပြပေးခဲ့တဲ့သတင်းတွေကိုတော့ Radio NUGသတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။


========================


အခု ဆက်လက်ပြီးသတင်းနှင့်အတူ လူထုစကားသံ အစီအစဉ်ကဏ္ဍကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။


📌📌 ၆။ မသန်စွမ်းသူတွေဟာ အလုပ်အကိုင်အခွင့်အလမ်းဆုံးရှုံးပြီး စားဝတ်နေရေးအတွက် ဆိုးရွားတဲ့အခြေအနေနဲ့ရင်ဆိုင်နေရပါတယ်။


ကိုဗစ်ကာလအချိန် နှစ်ကျော်လာတာ၊ စစ်အာဏာသိမ်းမှု တစ်နှစ်ခွဲနီးပါးဖြစ်လာတာတွေကြောင့် သာမန်လူတွေတောင် စားဝတ်နေရေးအတွက်ခက်ခက်ခဲခဲရုန်းကန်နေရတာပါ။ ဒီအချိန်မှာ မသန်စွမ်းတွေအတွက်ကတော့ ပြောမပြနိုင်လောက်တဲ့ အခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ မသန်စွမ်းအသင်းအဖွဲ့က တာဝန်ရှိသူတစ်ဦးကအခုပြောပါတယ်။


မသန်စွမ်းအသင်းအဖွဲ့တာဝန်ရှိသူတစ်ဦး

((((((((()))))))))


မသန်စွမ်းတွေအလုပ်လက်မဲ့ဖြစ်လာတာ၊ ကျန်းမာရေးစောင့်ရှောက်မှုအရင်လိုမရတော့တာ၊ နိုင်ငံတကာအလှူရှင်တွေပြည်တွင်းအလှူရှင်တွေနဲ့အဆက်အသွယ်ပြတ်ကုန်တာတွေကြောင့် မသန်စွမ်းတွေဟာ အသက်ရှင်ရပ်တည်ဖို့ ခက်ခဲနေပါတယ်။ သွားရေးလာရေးခက်ခဲတာနဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် စိတ်မလုံခြုံမှုကိုလည်း ဆိုးဆိုးရွားရွားခံစားနေရတယ်လို့ မသန်စွမ်းတစ်ဦးကပြောပါတယ်။


မသန်စွမ်းပြည်သူတစ်ဦး

((((((((((((((()))))))))))))))))


၂၀၁၉ ခုနှစ်အထိ စစ်တမ်းတွေအရ မြန်မာနိုင်ငံလူဦးရေရဲ့ ၁၃ ရာခိုင်နှုန်း လူဦးရေ သန်းကျော် သန်းနီးပါးဟာ မသန်စွမ်းတွေဖြစ်ကြပြီး ပုံမှန်ကာလမှာကတည်းက အလုပ်အကိုင်အခွင့်အလမ်းအတွက် ရုန်းကန်ခဲ့ရသူတွေဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ အသက်ရှင်ရပ်တည်ဖို့ခက်ခဲနေတဲ့အတွက် တတ်နိုင်တဲ့သူတွေက မသန်စွမ်းတွေကို  တတ်နိုင်သလောက် အကူအညီပေးဖို့ မသန်စွမ်းအသင်းအဖွဲ့တွေက မေတ္တာရပ်ခံထားပါတယ်။ 


ဒီသတင်းကိုတော့ နွေဦးKကပေးပို့တာ ဖြစ်ပါတယ်။


========================


📌📌 ၇။ Tele Health Program က ဆရာဝန် ၂၀ ဝန်းကျင်နဲ့လုပ်ငန်းလည်ပတ်ပြီး မဲဆောက်ရောက်မြန်မာတွေကို အခမဲ့ကျန်းမာရေးဝန်ဆောင်မှုပေးနေပါတယ်။ 


စစ်အာဏာသိမ်းပြီးနောက်မှာ ထိုင်းနိုင်ငံထဲကို နိုင်ငံရေးသမားတွေ၊ စစ်ရှောင်ပြည်သူတွေနဲ့ ရွှေ့ပြောင်းလုပ်သားအများအပြားထွက်ပြေးတိမ်းရှောင်ခဲ့ရတာပါ။ ထိုင်းနိုင်ငံဘက်ကိုတိမ်းရှောင်လာတဲ့သူ သိန်းနဲ့ချီရှိနေတယ်လို့ လေ့လာသူတွေကခန့်မှန်းထားပြီး သူတို့ဟာ ဘာသာစကား၊ သွားလာရေး၊ ငွေကြေး၊ သတင်းအချက်အလက်မရတာနဲ့ အဖမ်းခံရနိုင်တဲ့အခြေအနေတွေကြောင့် ကျန်းမာရေးဝန်ဆောင်မှုရဖို့ခက်ခဲနေပါတယ်။ ဒီအခက်အခဲကိုဖြေရှင်းပေးဖို့ New Myanmar Foundation  က Tele Health Program ကို ဇွန်လ ၁ရက်နေ့မှာစတင်ခဲ့တာ်လို့တာဝန်ခံ ဒေါ်ငွေရည်လွင် ကပြောပါတယ်။


Tele Health Program တာဝန်ခံ ဒေါ်ငွေရည်လွင်

(((((((((((())))))))))))


ထိုင်း-မြန်မာနယ်စပ် မြန်မာဘက်ခြမ်း လွတ်မြောက်နယ်မြေကိုရောက်နေတဲ့ ပြည်သူတွေဟာလည်း လုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုမရဘဲ အခက်အခဲတွေရှိနေပါတယ်။ ရာသီဥတုဆိုးရွားတာ၊ သွားလာရေးခက်ခဲတာ၊ ဆေးဝါးနဲ့အထောက်အကူပြုပစ္စည်းတွေမလုံလောက်တာ၊ ကျွမ်းကျင်ကျန်းမာရေးဝန်ထမ်းနည်းပါးတာတွေကြောင့်အခက်အခဲဖြစ်နေရတယ်ဆိုတဲ့အကြောင်းကို လွတ်မြောက်နယ်မြေရောက် ကျန်းမာရေးဝန်ထမ်းတစ်ဦးက အခုလိုပြောပါတယ်။


လွတ်မြောက်နယ်မြေရောက် ကျန်းမာရေးဝန်ထမ်းတစ်ဦး

((((((((((((())))))))))


ထိုင်းနိုင်ငံရောက် မြန်မာတွေကတော့ New Myanmar Foundation ရဲ့ Tele Health Program ကို မနက် နာရီကနေ ၁၂နာရီ အထိ ဖုန်းနံပါတ်နဲ့ တယ်လီဂရမ် နံပါတ်  +66 971985803  ကိုဆက်သွယ်ပြီး အခမဲ့ကျန်းမာရေးဝန်ဆောင်မှုတွေရယူနိုင်ပြီဖြစ်ပါတယ်။ ကျန်းမာရေးဝန်ဆောင်မှုနဲ့ ဆရာဝန်တွေရဲ့ကုသမှုလမ်းညွှန်ချက်ကိုရယူနိုင်ဖို့ Telegram account တစ်ခုဖွင့်လှစ်ထားဖို့တော့လိုအပ်ပါတယ်။ ဒီသတင်းကိုတော့ နွေဦးKကပေးပို့တာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment