6th JUN 2022 - Morning Daily News by Radio NUG

၂၀၂၂ ဇွန်လ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌၁။ ဥရောပနိုင်ငံခရီးစဥ်များအတွင်း လက်နက်  အကူအညီတောင်းခံခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား

📌၂။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းတွေဟာ မြေကမ္ဘာအတွက် အရေးကြီးတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ဆို

📌၃။ CDM ဝန်ထမ်းတွေရဲ့ ပေးဆပ်မှု၊ စွန့်လွှတ်မှု၊ အနစ်နာခံမှု၊ ဇွဲရှိမှုတို့အပေါ် ဂုဏ်ယူပြီး ကျေးဇူးတင်တယ်လို့ ဆက်သွယ် ရေး၊ သတင်းအချက်အ လက်နဲ့ နည်းပညာဝန်ကြီး ဦးထင်လင်းအောင်ပြောကြား

📌၄။ အမျိုးသားညီညွတ်ရေးအစိုးရ၊ပညာရေးဝန်ကြီးဌာန မူဝါဒများအတိုင်း အခမဲ့ပညာရေးစနစ်နဲ့ မတ္တရာဖက်ဒရယ်ကျောင်း ဇွန်လ၁၁ရက်နေ့အထိ ကျောင်းအပ်လက်ခံမယ်

📌၅။ တနင်္သာရီတိုင်းအတွင်းက စစ်ဘေးရှောင်၂၀၀၀၀နီးပါးအရေးပေါ်အကူအညီလိုအပ်နေ

📌၆။ စစ်ကောင်စီက ပုဒ်မအမျိုးမျိုးတပ်၍ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ တစ်သောင်းကျော်ထဲမှ ထောင်ဒဏ်ချမှတ်ခံထားရသူတစ်ထောင်ကျော်ရှိလာ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌၁။ ဥရောပနိုင်ငံခရီးစဥ်များအတွင်း လက်နက်  အကူအညီတောင်းခံခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား


ဇွန်လအတွင်း တွေ့ဆုံမေးမြန်းခန်းမှာ ပညာရေးနဲ့ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အခုလိုဆိုခဲ့ပါတယ်။


"ကျနော်တို့ကတော့ ကာကွယ်ရေးနဲ့ပတ်သက်ရင် ကျနော်တို့လိုအပ်ချက်ဟာ လက်နက် ဖြစ်တယ်ဆိုတာလည်း ကျနော်တို့ပြောခဲ့တယ်။လက်နက်လိုချင်တာ ဘာကြောင့်လဲဆိုတာ သူတို့ကို ကျနော်တို့ရှင်းပြတယ်။လူတွေကို သတ်ချင်လို့၊လူတွေသေစေချင်လို့၊လူတွေအခက်အခဲဖြစ်အောင်လို့မဟုတ်ဘူး။ကျနော်တို့ကို လက်နက်ပေးလိုက်မယ်ဆိုရင် အသေအပျောက်ပိုနည်းသွားမယ်။တစ်ဖက်ကိုလည်း ထိန်းပြီးသားဖြစ်သွားမယ်ဆိုတာ ပြောခဲ့တယ်"လို့ဝန်ကြီးကဆိုပါတယ်။


European External Action Service (EEAS) Deputy Managing Director ဖြစ်သူ Paola Pampaloni နှင့်ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးတို့ တွေ့ဆုံခဲ့တယ်လို့ ဇွန်လ ရက်နေ့မှာ ဥရောပ သမဂ္ဂ မြန်မာက သတင်းထုတ်ပြန်ခဲ့ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးသည် မေလ၂၅ ရက်နေ့ကလည်း UK နိုင်ငံ၊ လန်ဒန်မြို့တော်ရှိ နိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးရေးဝန်ကြီးဌာနရုံး (Foreign, Commonwealth & Development Office) UK နိုင်ငံ၊ အာရှနှင့် အရှေ့အလယ်ပိုင်းဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးနှင့် ပါလီမန်အမတ်ဖြစ်သူ the Rt Hon Amanda Milling နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။


========================


📌📌၂။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းတွေဟာ မြေကမ္ဘာအတွက် အရေးကြီးတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ဆို


ဇွန်လ ရက်နေ့မှာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန နှင့် Kaung For You Federal Private School တို ပူးပေါင်းစီစဥ်သော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် ဝန်ကြီး ဒေါက်တာတူးခေါင်က "သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းတွေဟာ ဒီနေ့ မြေကမ္ဘာအတွက် အထူးအရေးကြီးပါတယ်။အထူးသဖြင့်တော့ ပညာရေးကဏ္ဍာပေါ့။ ပညာရေးကဏ္ဍာမှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက်ကို စပြီးကားပြောကာစကလေးငယ်တွေက စပြီးပြုပျိုးထောင်သွားဖို့ကအင်မတန်အရေးကြီးပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။ စစ်အာဏာသိမ်းပြီးနောက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများဟာ ဒေသဆိုင်ရာအတွင်းမှာ လစ်ဟာ ခဲ့ပြီး တရားမဝင်သစ်ခိုးထုတ်သူများပြားခဲ့ပါတယ်။


========================


📌📌၃။ CDM ဝန်ထမ်းတွေရဲ့ ပေးဆပ်မှု၊ စွန့်လွှတ်မှု၊ အနစ်နာခံမှု၊ ဇွဲရှိမှုတို့အပေါ် ဂုဏ်ယူပြီး ကျေးဇူးတင်တယ်လို့ ဆက်သွယ် ရေး၊ သတင်းအချက်အ လက်နဲ့ နည်းပညာဝန်ကြီး ဦးထင်လင်းအောင်ပြောကြား


နွေဦးတော်လှန်ရေးမှာ ရှေ့တန်းက ဦးဆောင်ခဲ့ကြတဲ့ CDM ဝန်ထမ်းတွေရဲ့ ပေးဆပ်မှု၊ စွန့်လွှတ်မှု၊ အနစ်နာခံမှု၊ ဇွဲရှိမှုတွေ ကို ဘယ်လိုမှလစ်လျူရှုဖျောက်ဖျက်လို့ ရမှာမဟုတ်သလို အဲဒီလုပ်ရပ်တွေအပေါ် လွန်စွာဂုဏ်ယူပြီး ကျေးဇူးတင်ရှိပါ တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးထင်လင်းအောင်က  ဇွန်လ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန ဖွဲ့စည်းတာ တစ်နှစ် ပြည့်အထိမ်းအမှတ်အဖြစ် မိန့်ခွန်းပြောကြားရာမှာ အခုလိုထည့်သွင်းပြောကြားလိုက်တာပါ။


ဒါ့အပြင် ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ကဝန်ကြီးဌာနစတင်ဖွဲ့စည်းချိန်မှစပြီး ဆက်သွယ်ရေး၊ နည်းပညာနဲ့ မီဒီယာစတဲ့ ကဏ္ဍအ သီးသီးမှာ စိတ်အားထက်သန်စွာ ပါဝင်ကူညီခဲ့ကြတဲ့ ပညာရှင်တွေ၊ နည်းပ ညာရှင်တွေနဲ့ သတင်းမီဒီယာပညာရှင်တွေကို ကျေးဇူးတင်ဂုဏ်ပြု အပ်ပါတယ်လို့ ပြောကြားထားပါတယ်။


အခုကာလက နည်းပညာခေတ်ဖြစ်ပြီး လူငယ် Gen-Z နည်းပညာရှင်တွေရဲ့ တော်လှန်ရေးမှာပါဝင်တဲ့ အခန်း ကဏ္ဍကလည်း အဓိကကျတယ်လို့ ဆိုထားသလို ဆန်းသစ်တဲ့တွေးခေါ်မှုတွေ၊ ဉာဏ်ပညာထက်မြတ်မှတွေနဲ့အတူ  လူငယ်တွေက ဝန်ကြီးဌာနရဲ့ လုပ်ငန်းဆောင်ရွက်မှုများမှာ  ကူညီဆောင်ရွက်နေမှုတွေအတွက် ကျေးဇူးတင်ဂုဏ် ပြုအပ်တယ်လို့ ဆိုထားပါတယ်။


တော်လှန်ရေးအတွက် နည်းပညာမပါရင် အောင်နိုင်ဖို့မလွယ်ကူသလိုပဲ စစ်ရေးအတွက် ဆက်သွယ်ရေး မပါရင် အောင်မြင်မှုရရှိရန်ခက်ခဲပါတယ်။ အဲဒီအတွက်ကြောင့်  ပြည်သူလူထုရဲ့ လူမှုဘဝမှာ တော်လှန်ရေးနဲ့ သက်ဆိုင်တဲ့ သတင်းတွေ လျင်မြန်မှန်ကန်စွာ စီးဆင်းနိုင်ရေးမှာလည်း အရေးကြီးတယ်လို့ ပြည်ထောင်စုဝန်ကြီးက ထောက်ပြပြော ဆိုထားပါတယ်။


ဆက်သွယ်ရေး သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာနအနေနဲ့ အပေါ်မှာဖော်ပြခဲ့တဲ့ တာဝန်တွေကို ကျေပွန်စွာ လုပ်ဆောင်နိုင်ဖို့အရေး ပြည်သူတွေက ပေးတဲ့ခွန်အား၊ ငွေအား၊ ပညာ၊ အချိန်တွေကို အသုံးပြုခွင့်ရရှိတဲ့အတွက် တန်ဖိုး ထားဂုဏ်ပြုရပါတယ်ဆိုပြီးတော့လည်း ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ကပြောကြားခဲ့ပါတယ်။


========================


📌📌၄။ အမျိုးသားညီညွတ်ရေးအစိုးရ၊ပညာရေးဝန်ကြီးဌာန မူဝါဒများအတိုင်း အခမဲ့ပညာရေးစနစ်နဲ့ မတ္တရာဖက်ဒရယ်ကျောင်း ဇွန်လ၁၁ရက်နေ့အထိ ကျောင်းအပ်လက်ခံမယ်


ဇွန်လ ရက်နေ့ကြေညာချက်အရ မတ္တရာဖက်ဒရယ်ကျောင်းတွင်မူလတန်း Batch-2 အလယ်တန်းနှင့် အထက်တန်း ကျောင်းသားများအတွက် စတင် ကျောင်းအပ်လက်ခံနေပြီဖြစ်ကြောင်းသိရပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ပညာရေးဝန်ကြီးဌာန မူဝါဒများအတိုင်းဆောင်ရွက်နေခြင်းဖြစ်ပြီး အခမဲ့ပညာရေးအစီစဥ်ဖြစ်တာမို့ ကျောင်းလခပေးသွင်းစရာမလိုဘူးလို့လည်းသိရပါတယ်။


ကျောင်းအပ်လက်ခံခြင်းကို စစ်ကောင်စီကျောင်းကိုလုံးဝတက်ရောက်ခြင်းမရှိသောကျောင်းသားများ၊ယခင်ပညာသင်နှစ်တွင် အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီကျောင်းတွင် တက်ခဲ့ရပြီး ယခုပညာသင်နှစ်တွင် လုံးဝ(လုံးဝ)တက်ရောက်ခြင်း မရှိသောကျောင်းသားများကို ဇွန်လ ရက်နေ့မှ ဇွန်လ ၁၁ ရက်နေ့အထိ တပတ်တိတိ ကျောင်းလက်ခံမှာဖြစ်ပါတယ်။


========================


📌📌၅။ တနင်္သာရီတိုင်းအတွင်းက စစ်ဘေးရှောင်၂၀၀၀၀ နီးပါးအရေးပေါ်အကူအညီလိုအပ်နေ


တနင်္သာရီတိုင်းအတွင်း ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများ၏ နောက်ဆက်တွဲအဖြစ် ဒေသခံ ၂၀၀၀၀ နီးပါး နေရပ်စွန့်ခွာထွက်ပြေးနေကြပြီး မိုးတွင်းကာလတွင် ရိက္ခာနှင့် ဆေးဝါးများခက်ခဲမှုများရှိနေကြောင်းသိရပါတယ်။


စစ်ကောင်စီတပ်ဖွဲ့များ၏ ခရီးသွားလာမှုနှင့် ကုန်စည်စီးဆင်းမှုကန့်သတ်ခြင်းများကြောင့် တိုက်ပွဲဖြစ်ပွားနေသည့် ကျေးရွာများသာမက အနီးတဝိုက်ရှိ ကျေးရွာများပါ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ လောင်စာဆီခက်ခဲခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုအခက်အခဲများ ရင်ဆိုင်နေကြရတာဖြစ်တယ်လို့ Southern Monitor ကဖော်ပြပါတယ်။


ဒေသခံအကူအညီပေးရေးအဖွဲ့များက တတ်နိုင်သလောက် ဝိုင်းကူညီထောက်ပံ့ပေးနေပြီး နိုင်ငံတကာအဖွဲ့အစည်းများထံမှ လုံလောက်သည့် အကူအညီမရရှိသေးကြောင်း လည်းသိရပါတယ်။

========================


📌📌၆။ စစ်ကောင်စီက ပုဒ်မအမျိုးမျိုးတပ်၍ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ တစ်သောင်းကျော်ထဲမှ ထောင်ဒဏ်ချမှတ်ခံထားရသူတစ်ထောင်ကျော်ရှိလာ


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှတ်တမ်းပြုချက်များအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဇွန်လ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၀၉၀၃) ဦးရှိပြီး ၎င်းတို့အနက်မှ  (၁၁၀၀) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။


ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး () ဦး အပါအဝင် (၇၃) ဦးမှာ သေဒဏ်ချမှတ်ခံထားရပါတယ်။ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၁) ဦး အပါအဝင် (၁၂၀) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရပြီး ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၁၄) ဦးရှိပြီဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment