9th JUN 2022 - Morning Daily News by Radio NUG

၂၀၂၂ ဇွန်လ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ တိုင်းရင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံခြင်းသည် တော်လှန်ရေးအောင်မြင်မှုနှင့် ဖက်ဒရယ်နိုင်ငံသစ် ထူထောင် နိုင်ရေးအတွက် ရှေ့ကိုပိုမိုခရီးရောက်နိုင်သည့်အားတက်ဖွယ်ခံစားမှုဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြား

📌 ၂။ နိုင်ငံတော် အကြီးအကဲတွေ မြေပြင်မှာ အနီးကပ်ရှိနေပြီး ညွန်ကြားနေတာဟာ အစိုးရအဖွဲ့ဝင်တွေအတွက်ရော PDF ရဲဘော်တွေအတွက်ပါ အားအင်ဖြစ်ရတယ်လို့ ပြည်ထဲရေးဝန်ကြီးပြောကြား

📌 ၃။ အကြမ်းဖက် စစ်ကောင်စီကို နိုင်ငံတကာဖိအားတွေရှိဖို့အတွက်က ပြည်တွင်းရဲ့ ခွန်အားတွေ၊ လုပ်ဆောင်မှုတွေက ရပ်တန့်လို့မရဘူးလို့ လူ့အခွင့်ရေးရာဝန်ကြီးဆို

📌 ၄။ မြန်မာနိုင်ငံမှာ ကလေးငယ် ငါးသန်းခန့်လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်နေ

📌 ၅။ အာဏာသိမ်းမှု တစ်နှစ်ကျော်အကြာ ရှေ့နေ နှစ်ဆယ်ဦး ဖမ်းဆီးခံထားရ

📌 ၆။ အမှတ် ၁၀၀၈ တပ်ရင်းရှမ်းတောင်က တပ်သားသစ်များခေါ်ယူ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ တိုင်းရင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံခြင်းသည် တော်လှန်ရေးအောင်မြင်မှုနှင့် ဖက်ဒရယ်နိုင်ငံသစ် ထူထောင် နိုင်ရေးအတွက် ရှေ့ကိုပိုမိုခရီးရောက်နိုင်သည့်အားတက်ဖွယ်ခံစားမှုဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြား


တိုင်းရင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံခြင်းသည် တော်လှန်ရေးအောင်မြင်မှုနှင့် ဖက်ဒရယ်နိုင်ငံသစ် ထူထောင် နိုင်ရေးအတွက် ရှေ့ကိုပိုမိုခရီးရောက်နိုင်သည့်အားတက်ဖွယ်ခံစားမှုဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြားလိုက်ပါတယ်။ ဇွန်လ ရက်ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနှင့် ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) ပထမအကြိမ် အစည်းအဝေး ကျင်းပရာမှာ ဝန်ကြီးချုပ်ကထည့်သွင်းဆိုပါတယ်။


" ချင်းပြည်နယ်သူ/ပြည်နယ်သားအားလုံးသည် စစ်အာဏာရှင်စနစ်အောက်မှ အပြီးတိုင် လွတ်မြောက်ရေးဖယ်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်အား အတူတကွလက်တွဲတည်ထောင်နိုင်စေရန် စစ်မှန်သော မေတ္တာတရားနှင့်ဆုမွန်ကောင်းတောင်းလိုကြောင်း၊ နွေဦးတော်လှန်ရေးတွင် ချင်းပြည်နယ်သူ/သားများ၏ ပြင်းထန် သောစိတ်ဓာတ် ဖြင့် အကြမ်းဖတ်စစ်ကောင်စီအား တွန်းလှန်တိုက်ခိုက်နေမှုများသည် မိမိတို့တစ်နိုင်ငံလုံးမှအားကျ ဂုဏ်ယူလျှက် ရှိကြောင်း၊ တစ်ဖက်တွင်ထိခိုက်ပျက်စီးဆုံးရှုံးမှုများအတွက်လည်း စိတ်မကောင်းဝမ်းနည်းမှု ဖြစ်ရပါ ကြောင်း၊ ယနေ့တွေ့ဆုံမှုသည် မိမိတို့အတွက် အလွန်ပင်အားတက်စရာအစည်းအဝေး တစ်ခုဖြစ်ကြောင်း၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံခြင်းသည် တော်လှန်ရေးအောင်မြင်မှုနှင့် ဖယ်ဒရယ်နိုင်ငံသစ် ထူထောင် နိုင်ရေးအတွက် ရှေ့ကိုပိုမိုခရီးရောက်နိုင်သည့်အားတက်ဖွယ်ခံစားမှုဖြစ်ကြောင်း"ပြောကြားခဲ့ပါတယ်။


ဆက်လက်၍ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ အလှည့်ကျသဘာပတိအဖွဲ့ဝင်တစ်ဦးက အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါတယ်။


အစည်းအဝေးတွင် တက်ရောက်လာကြသူများက ICNCC အကြောင်း၊ လူသားချင်းအကူအညီပေးနိုင်ရေးကိစ္စရပ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် NUG နှင့် ICNCC ကြား ပုံမှန်တွေ့ဆုံစည်းဝေးနိုင်ရေးအပါအဝင် အုပ်ချုပ်ရေး၊ လူမှုကူညီပေးရေး ဆိုင်ရာသဘောတူဆုံးဖြတ်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်နိုင်ခဲ့တယ်လို့သိရပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အတူ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ‌်ရေးဖော်ဆောင်မှု ဗဟိုကော်မတီမှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယပြည်ထောင်စုဝန်ကြီး၊ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီမှ ချင်းခေါင်းဆောင်ကြီးများ၊ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းများ လုပ်ကိုင်နေကြသော တာဝန်ရှိပုဂ္ဂိုလ်များ နှင့် အခြားသက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ စုံစုံညီညီတက်ရောက်ခဲ့ပါတယ်။


========================


📌📌 ၂။ နိုင်ငံတော် အကြီးအကဲတွေ မြေပြင်မှာ အနီးကပ်ရှိနေပြီး ညွန်ကြားနေတာဟာ အစိုးရအဖွဲ့ဝင်တွေအတွက်ရော PDF ရဲဘော်တွေအတွက်ပါ အားအင်ဖြစ်ရတယ်လို့ ပြည်ထဲရေးဝန်ကြီးပြောကြား


နိုင်ငံတော် အကြီးအကဲတွေ မြေပြင်မှာ အနီးကပ်ရှိနေပြီး ညွန်ကြားနေတာဟာ အစိုးရအဖွဲ့ဝင်တွေအတွက်ရော PDF ရဲဘော်တွေအတွက်ပါ အားအင်ဖြစ်ရတယ်လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ကဆိုလိုက်ပါတယ်။ ဇွန်လ ရက်နေ့မှာ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က စစ်မြေပြင်ဆင်းခဲ့တဲ့ နိုင်ငံတော်အကြီးအကဲများကိုရည်ညွှန်ပြီး လူမှုကွန်ရက်မှာရေးသားပြောဆိုခဲ့ပါတယ်။


"နိုင်ငံတော် အကြီးအကဲတွေဟာ မြေပြင်မှာ အနီးကပ်ရှိနေပြီး ညွန်ကြားနေတာက ကျတော်တို့ အစိုးရအဖွဲ့ဝင်တွေအတွက်ရော PDF ရဲဘော်တွေအတွက်ပါ အားအင်ဖြစ်ရပါတယ်။ကျေးဇူးတင် ဂုဏ်ယူပါတယ် ဝန်ကြီးချုပ်ကြီး ခင်ဗျာ"လို့ဆိုထားပါတယ်။


ဇွန်လ ရက်နေ့မှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဟာ ရှေ့တန်းစစ်မျက်နှာပြင်ကို သွားရောက်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ အလားတူ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလကလည်း မေလနောက်ဆုံးပတ်မှာ PDF တပ်စခန်းတစ်ခုဆီ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။


========================


📌📌 ၃။ အကြမ်းဖက် စစ်ကောင်စီကို နိုင်ငံတကာဖိအားတွေရှိဖို့အတွက်က ပြည်တွင်းရဲ့ ခွန်အားတွေ၊ လုပ်ဆောင်မှုတွေက ရပ်တန့်လို့မရဘူးလို့ လူ့အခွင့်ရေးရာဝန်ကြီးဆို


အကြမ်းဖက် စစ်ကောင်စီကို နိုင်ငံတကာဖိအားတွေရှိဖို့အတွက်က ပြည်တွင်းရဲ့ ခွန်အားတွေ၊ လုပ်ဆောင်မှုတွေက ရပ်တန့်လို့မရဘူးလို့ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကဆိုပါတယ်။


အကြမ်းဖက် စစ်ကောင်စီကို နိုင်ငံတကာဖိအားတွေရှိဖို့အတွက်က ပြည်တွင်းရဲ့ ခွန်အားတွေ၊ လုပ်ဆောင်မှုတွေက ရပ်တန့်လို့မရပါဘူး။ ပြည်တွင်းက လုပ်ဆောင်မှုတွေရပ်တန့်တာနဲ့ နိုင်ငံတကာကအရေးယူဆောင်ရွက်မှုတွေ ရှိလာမှာမဟုတ်ဘူး၊ အာရုံစိုက်မှာလည်းမဟုတ်ဘူး။ ဒါကြောင့် ပြည်တွင်းအရှိန်ဟာလည်းကောင်းဖို့လိုသလို နိုင်ငံတကာရဲ့အရေးယူဆောင်ရွက်မှုတွေ ဒီ့ထက်ပိုမိုအားကောင်းလာဖို့ ပြည်တွင်း၊ ပြည်ပရှိလူတိုင်းက ရောက်တဲ့နေရာကနေ တာဝန်ကိုယ်စီထမ်းဆောင်ဖို့ကရေးကြီးပါတယ်လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာ မြန်မာနိုင်ငံအတွင်း စစ်အာဏာရှင် ဆန့်ကျင်လှုပ်ရှားရေး မြေပြင်သပိတ်များဆက်လက်လုပ်ဆောင်နေသလို၊ ရုံးမတက်ဘဲ ရုန်းထွက် CDM ဝန်ထမ်းများကလည်း ဆက်လက်ပါဝင်လျက်ရှိပါတယ်။ စစ်ကောင်စီဟာ လူပေါင်းတစ်သောင်းကျော်ကို ဖမ်းဆီးချုပ်နှောင်ထားကာ လူနှစ်ထောင်နီးပါး သတ်ဖြတ်ခဲ့ပါတယ်။


========================


📌📌 ၄။ မြန်မာနိုင်ငံမှာ ကလေးငယ် ငါးသန်းခန့်လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်နေ


မြန်မာနိုင်ငံမှာ ကလေးငယ် ငါးသန်းခန့်လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်နေတယ်လို့သတင်းရရှိပါတယ်။ ဇွန်လ ရက်နေ့မှာ ယူနီဆတ်မြန်မာက သတင်းထုတ်ပြန်ဖော်ပြချက်အရသိရပါတယ်။


"မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ အကျပ်အတည်းကာလ တစ်နှစ်ကျော် ကြာမြင့်လာချိန်မှာ ကလေးငယ်ဦးရေ ငါးသန်းခန့်ဟာ လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်နေကြပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် ဂျပန်နိုင်ငံ၊ နော်ဝေနိုင်ငံ၊ ဒိန်းမတ်နိုင်ငံ အစိုးရများအပြင် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ပံ့ပိုးမှုများဖြင့် ယူနီဆက်က ထိခိုက်ခံစားနေကြရတဲ့ ကလေးငယ်များနဲ့ မိသားစုများကို မရှိမဖြစ်အရေးပါတဲ့ ဝန်ဆောင်မှုများကို ဖြည့်ဆည်းပံ့ပိုးပေးလျက်ရှိတယ်လို့လည်းသိရပါတယ်။


========================


📌📌 ၅။ အာဏာသိမ်းမှု တစ်နှစ်ကျော်အကြာ ရှေ့နေ နှစ်ဆယ်ဦး ဖမ်းဆီးခံထားရ 

 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက် အာဏာစသိမ်းသည့် ကာလမှ ယနေ့အချိန်ထိ မြန်မာနိုင်ငံတွင် ရှေ့နေ နှစ်ဆယ်ခန့် ဖမ်းဆီးခံထားရပါတယ်။ အမျိုးသမီးရှေနေ့  ဦးနှင့် အမျိုးသားရှေ့နေ ၁၃ ဦးတို့ကို စစ်ကောင်စီက ဖမ်းဆီးထားခြင်း ဖြစ်သည်ဟု ၎င်းတို့ကို ကူညီပေးနေသည့် တရားလွှတ်တော် ရှေ့နေတစ်ဦးက ဆိုပါတယ်။


အဆိုပါ ရှေ့နေ နှစ်ဆယ်ဦးကို စစ်ကောင်စီက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ အပါအဝင် မတရားအသင်းဆက်သွယ်မှု ၁၇/ တို့ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပါတယ်။

  

အာဏာသိမ်းအစပိုင်းမှာတော့ ဆန္ဒပြမှုတွေမှာ ပါတဲ့ ရှေ့နေတွေကို ၅၀၅ နဲ့ စွဲတယ်။ နောက်ပိုင်းတွေမှာကျတော့  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ PDFတွေနဲ့ အဆက်အသွယ် လုပ်တယ်၊ ငွေလှူတယ် ဆိုတာမျိုးတွေနဲ့ စွဲထားတာမျိုးတွေပါဟု တရားလွှတ်တော် ရှေ့နေတစ်ဦးက ပြောပါတယ်။

 

ရှေ့နေများ တရားဆွဲဆိုခံထားရခြင်းနှင့်ပတ်သက်ပြီး ဝါရင့် တရားလွှတ်တော်ရှေ့နေတစ်ဦးကို သဘောထား မှတ်ချက် တောင်းခံရာတွင်မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးသည့်နောက် တရားစီရင်ရေး ပျက်သုဉ်းသွားပြီ ဖြစ်သည့်အတွက် မှတ်ချက် ပြုစရာမရှိဟု ဆိုပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှတ်တမ်းများအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ရက်မှ ၂၀၂၂ ခုနှစ် ဇွန်လ ရက်အထိ  ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၁၀၉၇၆ ဦးရှိပြီး ၎င်းတို့အနက် ၁၁၁၉ ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်း ခံထားကြောင်း သိရှိရပါတယ်။


========================


📌📌 ၆။ အမှတ် ၁၀၀၈ တပ်ရင်းရှမ်းတောင်က တပ်သားသစ်များခေါ်ယူ


အမှတ် ၁၀၀၈ တပ်ရင်းရှမ်းတောင်က တပ်သားသစ်များခေါ်ယူနေပြီဖြစ်ကြောင်းသတင်းရရှိပါတယ်။ ဇွန်လ ရက်နေ့မှာ အဆုံးသတ်တိုက်ပွဲအတွက် တော်လှန်ရေးရဲဘော်သစ်များ စတင်ခေါ်ယူနေပြီဖြစ်ကြောင်း အမှတ် ၁၀၀၈ တပ်ရင်းရှမ်းတောင်ကဆိုပါတယ်။


"ကျွန်တော်တို့ အမှတ် ၁၀၀၈ တပ်ရင်းရှမ်းတောင်သည်အာဏာရှင်စနစ်တစ်ခုလုံးကိုအမြစ်ဖြတ်တော်လှန်ဖို့ NUG MOD အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အောက်တွင် တရားဝင်တာဝန်ထမ်းဆောင်နေသော ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်းတစ်ခုဖြစ်ပါတယ်။ရဲဘော်ဦးရေ (၄၀) ရဲမေဦးရေ (၁၀) ဖြင့်ကန့်သတ်လက်ခံသွားမည်ဖြစ်ပြီး အရည်အချင်းပြည့်ဝ၍ လက်ရုံးရည် နှလုံးရည်ကောင်းမွန်သော တော်လှန်ရေးရဲဘော်များဖြစ်အောင် လေ့ကျင့်သင်ကြားပေးမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။


ရဲဘော်ကောင်းများ စွာမွေးထုတ်ပြီး အကြမ်းဖက်စစ်ကောင်စီကိုခြေမှုန်းတိုက်ပွဲဝင်ဖို့လူငယ်များကို၁၀၀၈ တပ်ရင်း ရှမ်းတောင်သို့ ပူးပေါင်းပါဝင်ဖို့ဖိတ်ခေါ်တယ်လို့လည်းဆိုထားပါတယ်။


လျှောက်ထားသူများအနေဖြင့်လုံခြုံရေးအရ မိသားစု၊ ဆွေမျိုး၊ချစ်ခင်သူများနှင့် အဆက်အသွယ်ဖြတ်နိုင်ရမည်ဖြစ်ပြီး အမိန့်နာခံတတ်သူ၊ အသက် ၁၈ မှ ၃၅ နှစ်အတွင်းဖြစ်ရမည်ဖြစ်ကာ ပြည်သူ့ကာကွယ်ရေးတပ်မတော်တွင်အနည်းဆုံး () နှစ် တာဝန်ထမ်းဆောင်နိုင်ရမယ်လို့ဖော်ပြထားပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment