9th JUN 2022 - Evening Daily News by Radio NUG

၂၀၂၂ ဇွန်လ ၉ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ NUG နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနှင့် ဆွီဒင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့တွေ့ဆုံဆွေးနွေး

📌 ၂။ ကချင်ပြည်နယ်မှာ စစ်ဘေးရှောင်ပြည်သူ တစ်သိန်းကျော် အိမ်မပြန်ရသေးဘူးလို့ ဝန်ကြီးဒေါက်တာတူးခေါင်ဆို

📌 ၃။ နွေဦးတော်လှန်ရေးဟာ နိုင်ငံ့သမိုင်းမှာ မကြုံဘူးတဲ့ ညီညွတ်မှုမျိုးနဲ့ ညီညွတ်နေကြတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနမှ အတွင်းဝန်ဆို

📌 ၄။ နွေဦးတက္ကသိုလ်၏ အတန်းများကို နိုင်ငံတကာတက္ကသိုလ်များမှ credit ပေးအပ်သွားမယ်

📌 ၅။ ထိုင်း-မြန်မာ နယ်စပ်ဒေသကို ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေရဲ့စိတ်ဒါဏ်ရာကို ဖြေလျှော့ပေးနိုင်ဖို့ စိတ်ပိုင်းဆိုင်ရာကုထုံးတွေကိုပြင်ဆင်ပြီး သွားရောက်အကူအညီမယ်လို့ စိတ်ဒါဏ်ရာဆွေးနွေးနှစ်သိမ့်အဖြေရှာပေးသူတွေကပြော

📌 ၆။ မြန်မာပြည်အထက်ပိုင်းကနေ ရန်ကုန်နဲ့ အောက်ပိုင်းကို ဆင်းလာတဲ့ပြည်သူတွေအများအပြားရှိလာတယ်လို့ အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းတွေကပြော


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ NUG နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနှင့် ဆွီဒင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့တွေ့ဆုံဆွေးနွေး


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်သည် ဆွီဒင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Ann Linde နှင့် ဇွန်လ ရက်နေ့ က တွေ့ဆုံဆွေးနွေး ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


 တွေ့ဆုံဆွေးနွေးမှုတွင် မြန်မာ့ဒီမိုကရေအရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်ရန်ကိစ္စရပ်များ၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်အတွက် မြန်မာပြည်သူတို့၏စွန့်လွှတ်အနစ်နာခံ တော်လှန်ပေးဆပ်နေမှုများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်များ၊ အကြမ်းဖက်စစ်အုပ်စု ကျူးလွန်နေလျက်ရှိသော အကြမ်းဖက်လုပ်ရပ်များကို ဆွေးနွေးခဲ့ကြပါတယ်။


မြန်မာ့ဒီမိုကရေစီအရေးနှင့် မြန်မာပြည်သူတို့အား အားပေးထောက်ခံလျှက်ရှိကြောင်းကိုလည်း ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး Ann Linde Twitter စာမျက်နှာတွင်ရေးသားဖော်ပြထားသည်ကိုတွေ့ရှိရပါတယ်။


========================


📌📌 ၂။ ကချင်ပြည်နယ်မှာ စစ်ဘေးရှောင်ပြည်သူ တစ်သိန်းကျော် အိမ်မပြန်ရသေးဘူးလို့ ဝန်ကြီးဒေါက်တာတူးခေါင်ဆို


ဇွန်လ ရက်နေ့ မှာ ကချင်ပြည်နယ်နဲ့ပတ်သက်လို့ လူမှုကွန်ရက်မှာရေးသားပြောကြားရာမှာ ဝန်ကြီး ဒေါက်တာတူးခေါင်က အခုလို‌ ပြောကြားလိုက်ပါတယ်။


"ဒီနေ့ဟာ ကချင်ဒေသ တကျော့ပြန် စစ်ဖြစ်တာ ၁၁ နှစ်ပြည့်တဲ့နေ့ဖြစ်ပါတယ်။တိုက်ဆိုင်စွာပဲ ဇွန် () ရက်နေ့ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ကံဖျားရွာကို ဝင်ရောက်စီးနင်းခဲ့သည့် စစ်ကောင်စီတပ်က အမျိုးသား ၃၀ ကျော်ကို မှ ၁၀ ထိရေတွက် ပြီး ထွက်ပြေးခိုင်းကာ နောက်မှ ပစ်ခတ်ရာ ဦးထက်မနည်း သေဆုံးသွားတယ် ဆိုတဲ့ သတင်း နဲ့အတူ မီးရှို့ခံထားရတဲ့ နေအိမ်များတွေ့တော့ လွန်ခဲ့တဲ့ ၁၁ နှစ်က နာကျင်ခဲ့ရတာတွေ အသစ်ပြန်ဖေါ်ပေးသလိုခံစားရတယ်။မြစ်ကြီးနား ဗန်းမော် သွားတဲ့ လမ်းဘေး ဝဲယာ မှာ ခုထိ စွန့်ပစ်ခံထားရတဲ့ ရွာ နဲ့ နေအိမ်တွေ ရှိနေဆဲပါ။ တကျော့ပြန်စစ်ပွဲအတွင်း ကချင်ဒေသ (ကချင်ပြည်နယ် နဲ့ ရှမ်းမြောက် ကချင်ဒေသ) ကရွာပေါင်း ၂၀၀ ကျော် ဖျက်ဆီးခံရတယ်၊ စစ်ဘေးရှောင်ပြည်သူ တစ်သိန်းကျော် အိမ်မပြန်ရသေးဘူး"လို့ဝန်ကြီးကဆိုထားပါတယ်။


အဆိုပါ တကျော့ပြန်စစ်ပွဲကြောင့် ကချင်ပြည်နယ် မြစ်ကြီနား ဗန်းမော် ကားလမ်းရှိ  နမ်ဆန်ယန်ရွာကို စစ်တပ်က တိုက်ပွဲမဖြစ်ဘဲအကြိမ်ကြိမ် မီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။


========================


📌📌 ၃။ နွေဦးတော်လှန်ရေးဟာ နိုင်ငံ့သမိုင်းမှာ မကြုံဘူးတဲ့ ညီညွတ်မှုမျိုးနဲ့ ညီညွတ်နေကြတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနမှ အတွင်းဝန်ဆို


ဇွန်လ ရက်ကျင်းပတဲ့ လွတ်မြောက်ဖို့အတွက် တို့တွဲလက် ရန်ပုံငွေရှာဖွေရေး ပိတ်ပွဲအခမ်းအနားမှာ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်ကဆိုလိုက်တာပါ။


"ဒီတော်လှန်ရေးဟာ အင်မတန်မှ ထူးခြားပါတယ်။ ဒီတော်လှန်ရေးမှာ အားလုံးရဲ့ပါဝင်မှုက တကယ့်ကို ဘယ်တုန်းကမှ မကြုံဘူးတဲ့ စုစည်းမှုကြီးနဲ့ နိုင်ငံသမိုင်းမှာ မကြုံဘူးတဲ့ညီညွတ်မှုမျိုးနဲ့ညီညွတ်နေကြတာ ဖြစ်ပါတယ်။ အားလုံးပါဝင်နေတာဖြစ်တဲ့အတွက်ကြောင့် တော်လှန်ရေးဟာ အခုလောက်ထိ ခရီးပေါက်နေတာလို့ပြောလို့ရပါတယ်"လို့ဆိုပါတယ်။


"တော်လှန်ရေးဟာ ခရီးရောက်နေပေမဲ့ ခရီးဆုံးတဲ့အထိမရောက်သေးတာအမှန်ပဲဖြစ်ပါတယ်။ခရီးဆုံးတဲ့အထိ ပန်းတိုင်ရောက်တဲ့အထိလျှောက်လှမ်းဖို့လိုအပ်နေပါသေးတယ်"လို့အတွင်းဝန်ကထပ်မံဆိုပါတယ်။


========================


📌📌 ၄။ နွေဦးတက္ကသိုလ်၏ အတန်းများကို နိုင်ငံတကာတက္ကသိုလ်များမှ credit ပေးအပ်သွားမယ်


နွေဦးတက္ကသိုလ်၏ အတန်းများကို နိုင်ငံတကာတက္ကသိုလ်များမှ credit ပေးအပ်သွားမယ်လို့ ဇွန်လ ရက်နေ့မှာ နွေဦးတက္ကသိုလ် ကနေသတင်းထုတ်ပြန်ခဲ့ပါတယ်။


"နွေဦးတက္ကသိုလ်တည်ထောင်ခဲ့တာ () နှစ်ကျော်လာပြီးချိန်မှာ ကျွန်တော်တို့အနေနဲ့ ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေပါတယ်။နွေဦးတက္ကသိုလ်မှာ သင်ကြားနေတဲ့အတန်းတွေကို နိုင်ငံတကာတက္ကသိုလ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စီစဉ်နေပြီးတော့ မကြာမီကာလမှာ နိုင်ငံတကာအသိအမှတ်ပြု Credit တွေ ပေးအပ်နိုင်တော့မှာ ဖြစ်တဲ့အကြောင်း သတင်းကောင်းပါးချင်ပါတယ်"လို့ဖော်ပြပါတယ်။ ကြားကာလပညာရေး အရှိန်မြှင့်တင်ဖို့အကောင်းဆုံးကြိုးစားနေကြတယ်လို့လည်း နွေဦးတက္ကသိုလ်ကဆိုပါတယ်။


အခုတင်ဆက်ပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။


========================


အခု ဆက်လက်ပြီး သတင်းနှင့်အတူ လူထုစကားသံ အစီအစဉ်ကဏ္ဍကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။


📌📌 ၅။ ထိုင်း-မြန်မာ နယ်စပ်ဒေသကို ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေရဲ့စိတ်ဒါဏ်ရာကို ဖြေလျှော့ပေးနိုင်ဖို့ စိတ်ပိုင်းဆိုင်ရာကုထုံးတွေကိုပြင်ဆင်ပြီး သွားရောက်အကူအညီမယ်လို့ စိတ်ဒါဏ်ရာဆွေးနွေးနှစ်သိမ့်အဖြေရှာပေးသူတွေကပြောပါတယ်။


ထိုင်း-မြန်မာနယ်စပ်မှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ပြည်သူသိန်းနဲ့ချီရှိနေပြီး အဲ့ဒီလူတွေဟာ နေရပ်စွန့်ခွာရတာ၊ အကြမ်းဖက်ခံရတာ၊ မိသားစုဝင်တွေဆုံးရှုံးတာ၊ နေအိမ်နဲ့ပိုင်ဆိုင်မှုတွေဆုံးရှုံးတာ၊ အလုပ်အကိုင်အခွင့်အလမ်းဆုံးရှုံးတာတွေကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ခံစားနေရတာပါ။ ဒီပြည်သူတွေရဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကိုဖြေလျှော့ပေးနိုင်ဖို့ စိတ်ပိုင်းဆိုင်ရာကုထုံးတွေကိုပြင်ဆင်ပြီး ဒုက္ခသည်စခန်းတွေအထိ သွားရောက်အကူအညီပေးမယ်လို့ စိတ်ဒါဏ်ရာဆွေးနွေးနှစ်သိမ့်အဖြေရှာပေးတဲ့အဖွဲ့အစည်းတစ်ခုကပြောပါတယ်။


စိတ်ဒါဏ်ရာနှစ်သိမ်းဆွေးနွေးအဖြေရှာပေးသူတစ်ဦး

((((((((((((()))))))))))))


ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေကို အကူအညီပေးနေတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကတော့ စိတ်ထိခိုက်မှုတွေကိုလျှော့ချပေးနိုင်ဖို့ အမျိုးသမီးတွေအတွက် စက်ချုပ်လုပ်ငန်းတွေ၊ လက်မှုလုပ်ငန်းတွေ၊ ကွန်ပျူတာသင်တန်းတွေပေးနေပြီး အမျိုးသားတွေကိုတော့ မွေထိုင်းလက်ဝှေ့ကလပ်တွေနဲ့ချိတ်ဆက်ပေးတာ စက်ရုံတွေမှာ အလုပ်သွင်းပေးတာမျိုး ကျိုးစားဆောင်ရွက်နေတယ်လို့ဆိုပါတယ်။


ကိုဖိုးသင်္ကြန် (အဝေးရောက်ဧရာဝတီအဖွဲ့)

((((((((((())))))))))))))


အခုမိုးတွင်းကာလမှာ ထိုင်း-မြန်မာနယ်စပ်စစ်ဘေးရှောင် ဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာမလုံလောက်မှုကြုံတွေ့နေရပြီး တော်လှန်ရေးမြန်မြန်မအောင်ရင် ပိုဆိုးတဲ့အခြေအနေတွေနဲ့ရင်ဆိုင်ရနိုင်တယ်လို့ အရပ်ဖက်အဖွဲ့တွေကပြောပါတယ်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာ၊ ရာသီဥတုဆိုးရွားတာတွေကြောင့် စစ်ရှောင်ပြည်သူတွေဟာ ကျန်းမာရေးပြဿနာတွေကိုလည်းရင်ဆိုင်နေရပါတယ်။ 


ဒီသတင်းကိုတော့ နွေဦးKကပေးပို့ထားတာဖြစ်ပါတယ်။


========================


📌📌 ၆။ မြန်မာပြည်အထက်ပိုင်းကနေ ရန်ကုန်နဲ့ အောက်ပိုင်းကို ဆင်းလာတဲ့ပြည်သူတွေအများအပြားရှိလာတယ်လို့ အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းတွေကပြောပါတယ်။


မြန်မာပြည်အထက်ပိုင်း စစ်ကိုင်း၊ ချင်း၊ မကွေး၊ မန္တလေးနဲ့ ရှမ်းပြည်နယ်တွေမှာဖြစ်ပေါ်နေတဲ့ စစ်ရေးမတည်ငြိမ်မှုတွေကြောင့် ရန်ကုန်နဲ့မြန်မာပြည်အောက်ပိုင်းကိုဆင်းလာသူအများအပြားရှိလာတယ်လို့ အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းတွေက ပြောပါတယ်။ ခရီးသည်တင်ယာဉ်လိုင်းတွေဟာ ရန်ကုန်ကနေ မြန်မာပြည်အထက်ပိုင်းကို သွားလာသူနည်းပါးပြီး မုံရွာ-ရေဦး-တန့်ဆည်၊ တောင်ကြီး-လားရှိုး၊ ပုဂံ-ညောင်ဦး စတဲ့လမ်းကြောင်းတွေကနေ ရန်ကုန်ဘက်ကိုဆင်းတဲ့ခရီးသည်တွေကိုပဲ အားကိုးပြီးရပ်တည်နေရတယ်လို့ဆိုပါတယ်။


ရန်ကုန်-မုံရွာ-ရေဦး-တန့်ဆည် ယာဉ်လိုင်း

(((((((((((((((((()))))))))))))


မြန်မာပြည်အထက်ပိုင်း ချောင်းဦး-မုံရွာလမ်းပိုင်းကစပြီး တန့်ဆည်-လမ်းဆုံ-ရေဦး၊ ယာကြီး-ကလေး မြန်မာပြည်အထက်ပိုင်းလမ်းပိုင်းတွေကို ဧပြီ ၂၉ ရက်နေ့ကစပြီး PDF တွေက ဖြတ်သန်းသွားလာခွင့်ပိတ်ပင်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း ခရီးသွားမယ့်သူတွေကို မှတ်ပုံတင်နဲ့ရပ်ကွက်ထောက်ခံစာတောင်းခံတာ၊ ပါဆယ်ထုပ်တွေကိုစစ်ဆေးတာ စသဖြင့် စည်းကမ်းတင်းကျပ်မှု‌ တွေရှိနေတယ်လို့အဝေးပြေးယာဉ်လိုင်းတစ်ခုဆိုပါတယ်။


အဝေးပြေးယာဉ်လိုင်းတစ်ခု

(((((((((((((())))))))))))))


အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းတွေဟာ ရပ်တည်ဖို့ခက်ခဲလာတယ်ဆိုပေမယ့် လုံးဝရပ်ဆိုင်းသွားမှာတော့မဟုတ်ဘူးလို့ ယာဉ်လိုင်းတစ်ခုကပြောပါတယ်။ အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းတွေဟာ ခရီးသည်ကိုပဲအားပြုတာမျိုးမဟုတ်ဘဲ ကုန်ပစ္စည်းပါဆယ်ပို့ဆောင်တာတွေပါပြုလုပ်ပြီး ရပ်တည်နေတာဖြစ်တဲ့အတွက် ကုန်ပစ္စည်းအသယ်အပို့ကတော့ရှိနေဦးမယ်လို့ဆိုပါတယ်။ အင်တာနက်နဲ့ဖုန်းလိုင်းတွေမကောင်းတာကြောင့် လက်မှတ်ရောင်းတဲ့နေရာမှာတော့ အခက်အခဲတွေရှိနေပါတယ်။


ဒီသတင်းကိုတော့ နွေဦးKကပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment