၂၀၂၅ သြဂုတ်လ ၂၀ ရက်နေ့ မနက်ခင်း သတင်းလွှာ

 

၂၀၂၅ သြဂုတ်လ ၂၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ တိုင်းရင်းသား လူမျိုးစုကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး

📌 ၂။ စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲအား ICNCC က ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်

📌 ၃။ လူသားချင်းစာနာထောက်ထားမှု လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံအနှံ့က လူမှုအသိုက်အဝန်းအသီးသီးကို လေးစားဂုဏ်ပြုကြောင်း UK ထုတ်ပြန်၊ နိုင်ငံတကာအဖွဲ့အစည်းများ စစ်ကောင်စီနဲ့ ပူးပေါင်းမှု ရပ်တန့်ရန် KNU တိုက်တွန်း

📌 ၄။ လူမျိုးရေး ပဋိပက္ခ ဖြစ်ပွားစေရန် စစ်ကော်မရှင်က လုပ်ဆောင်နေတဲ့ ဆန္ဒပြပွဲများအား သျှမ်း လူငယ်ကွန်ဂရက် ကန့်ကွက်

📌 ၅။ ရုရှား၊ တရုတ်၊ အိန္ဒိယနှင့် ဘီလာရုစ်တို့သည် စစ်ရာဇဝတ်မှုများ ဆက်တိုက်လုပ်ဆောင်ရန် စစ်အုပ်စုကို ပံ့ပိုးပေးလျက်ရှိကြောင်း JFM ထုတ်ပြန်

📌 ၆။ နမ့်ဆန်မှာ နေအိမ်ဖောက်ထွင်း ခိုးယူခဲ့တဲ့ တရားခံအား တအောင်း ရဲတပ်ဖွဲ့ ဖမ်းဆီးရမိ


========================


၂၀၂၅ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မောင်တောတွင် RIM ယာယီစခန်း ခုကို အာရက္ခတပ်တော်AA က လက်နက်ခဲယမ်းများနှင့်အတူ တွေ့ရှိ

🚩 ၂။ ကျောက်မဲမြို့နယ် နောင်ပိန်ရွာတွင် စစ်ကောင်စီတပ်နှင့် TNLA တိုက်ပွဲဖြစ်ပွား၊ မြို့ပေါ်တွင် ဒရုန်းဖြင့် တိုက်ခိုက်ခံရ

🚩 ၃။ နမ္မားမြို့တွင် စစ်တပ်ကင်းလှည့်စစ်ကြောင်းကို KPDF တိုက်ခိုက်၊ စစ်သား ဦးသေဆုံးပြီး ဦးအရှင်ဖမ်းမိ၊ မိုးညှင်း SNAစခန်းမှ ဂျန်မာတင်ကား ရရှိပြီး မီးရှို့ဖျက်ဆီး

🚩 ၄။ ဆိပ်ဖြူနဲ့ ပေါက်မြို့နယ်က ကျေးရွာ ၁၀ ရွာထက်မနည်းကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၁၁ ဦးထက်မနည်း သေဆုံး

🚩 ၅။ ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ဦး သေဆုံး

🚩 ၆။ ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ဦး ဒဏ်ရာရ၊ ဆန်စက်နှင့် စာသင်ကျောင်း ပျက်စီး

🚩 ၇။ မာနယ်ပလော စခန်းသိမ်း တိုက်ပွဲမှာ ထူးချွန်ပြောင်မြောက်စွာ ပါဝင်ခဲ့တဲ့ FFD ရဲဘော် ၂၄ ဦးအား KNU/KNLA မှ ဂုဏ်ပြုသဝဏ်လွှာ ပေးအပ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ၁။ စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ တိုင်းရင်းသား လူမျိုးစုကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး


သြဂုတ်လ ၁၉ရက်

Radio NUG


စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ တိုင်းရင်းသား လူမျိုးစုကိုယ်စားလှယ်တို့သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့၊ ၀၉:၀၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။


တွေ့ဆုံဆွေးနွေးပွဲတွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌ က နှုတ်ခွန်းဆက်စကားနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေပါ ရှေ့လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။


ထို့နောက် တက်ရောက်လာကြသော စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ တိုင်းရင်းသား လူမျိုးစုကိုယ်စားလှယ်များမှ တာဝန်ရှိသူများကလည်း စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ အရ ရှေ့လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များပေါ်တွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးဖလှယ်ခဲ့ကြပြီး အစည်းအဝေးအား (၁၁း၁ဝ)နာရီအချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါတယ်။


တွေ့ဆုံဆွေးနွေးပွဲတွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဌ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ တိုင်းရင်းသား လူမျိုးစုကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၂။ စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲအား ICNCC က ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်


ဩဂုတ်လ ၁၉ရက် 

Radio NUG 


ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) က စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်မှုများကို ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ကြောင်း ဩဂုတ်လ ၁၉ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။


ICNCC ထုတ်ပြန်ချက်အရ စစ်ကောင်စီသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ရက်နေ့ အာဏာသိမ်းမှုကို တရားဝင်ဖြစ်စေရန်နှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ တရားဝင်မှုကို ဖျက်သိမ်းကာ ၎င်းတို့၏ တရားမဝင်အာဏာကို ဆက်လက်ထိန်းသိမ်းရန် ရည်ရွယ်ပြီး အတုအယောင်ရွေးကောက်ပွဲကို ကြံစည်နေတယ်လို့ ဆိုပါတယ်။


အကြမ်းဖက်စစ်ကော်မရှင်သည် တရားဝင်အစိုးရ မဟုတ်သလို မည်သည့် ရွေးကောက်ပွဲကို မဆိုပြုလုပ် ကျင်းပပိုင်ခွင့်လည်း လုံးဝမရှိပါ။ အဆိုပါ အတုအယောင်ရွေးကောက်ပွဲသည် စစ်ကော်မရှင်နှင့် ၎င်းတို့၏အသိုင်းအဝိုင်းကိုသာ ကိုယ်စားပြုပြီး ပြည်သူ့ဆန္ဒကို အမှန်တကယ် ကိုယ်စားပြုနိုင်မည် မဟုတ်ပါ။လို့ ICNCC ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။


စစ်ကောင်စီသည် အာဏာသိမ်းပြီးချိန်မှစ၍ အပြစ်မဲ့ပြည်သူများကို ရက်စက်စွာ သတ်ဖြတ်ခြင်း၊ မတရားဖမ်းဆီးချုပ်နှောင်ခြင်း၊ လူသားဒိုင်းအဖြစ် အသုံးပြုခြင်း၊ လူနေအိမ်များ၊ ဘုရားကျောင်းများနှင့် စာသင်ကျောင်းများကို မီးရှို့ဖျက်ဆီးခြင်း၊ ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် အဓမ္မစစ်သားစုဆောင်းခြင်းများကို ဆက်လက်ကျူးလွန်နေကြောင်း ICNCC က ထောက်ပြထားပါတယ်။


ထို့ပြင် လွတ်လပ်မှု၊ တရားမျှတမှုနှင့် ပွင့်လင်းမြင်သာမှု ကင်းမဲ့နေသည့် လက်ရှိအခြေအနေတွင် ဒီမိုကရေစီစံနှုန်းများနှင့် ကိုက်ညီသော ရွေးကောက်ပွဲကို ပြုလုပ်နိုင်မည် မဟုတ်ကြောင်း၊ ဤရွေးကောက်ပွဲသည် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီကို ဖော်ဆောင်နိုင်မည့်အစား ပဋိပက္ခများကို ပိုမိုနက်ရှိုင်းစေနိုင်သည်ဟု ICNCC က သတိပေးထားပါတယ်။


ICNCC သည် ပြည်သူများအား အဆိုပါ အတုအယောင်ရွေးကောက်ပွဲတွင် လုံးဝပါဝင်ခြင်းမပြုရန်နှင့် ဆန့်ကျင်ကန့်ကွက်ရန် တိုက်တွန်းထားပြီး၊ နိုင်ငံတကာအစိုးရများနှင့် အဖွဲ့အစည်းများအနေဖြင့်လည်း ဤရွေးကောက်ပွဲကို လက်မခံဘဲ ဆန့်ကျင်ကန့်ကွက်ရန် တောင်းဆိုထားပါတယ်။


ထို့အပြင် ICNCC သည် ချင်းပြည်သူများ၏ ကိုယ်ပိုင်ပြဌာန်းအုပ်ချုပ်ရေးကို အာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် ပေါ်ထွန်းလာစေရေးအတွက် ဆက်လက်လုပ်ဆောင်နေပြီး၊ ပြည်သူများအား ပံ့ပိုးကူညီရန် တိုက်တွန်းထားပါတယ်။


========================


📌📌 ၃။ လူသားချင်းစာနာထောက်ထားမှု လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံအနှံ့က လူမှုအသိုက်အဝန်းအသီးသီးကို လေးစားဂုဏ်ပြုကြောင်း UK ထုတ်ပြန်၊ နိုင်ငံတကာအဖွဲ့အစည်းများ စစ်ကောင်စီနဲ့ ပူးပေါင်းမှု ရပ်တန့်ရန် KNU တိုက်တွန်း


ဩဂုတ်လ၁၉ရက် 

Radio NUG 


ဩဂုတ်လ ၁၉ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့လူသားချင်းစာနာထောက်ထားမှုနေ့တွင် ခက်ခဲတဲ့အခြေအနေအရပ်ရပ်ကြားက လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးအပ်နိုင်ဖို့ ရှေ့တန်းက လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံအနှံ့က လူမှုအသိုက်အဝန်းအသီးသီးရဲ့ ရဲစွမ်းသတ္တိ၊ ခံနိုင်ရည်စွမ်းနဲ့ ဦးဆောင်မှုတို့ကို ယူကေအစိုးရအနေနဲ့ လေးစားဂုဏ်ပြုကြောင်း ထုတ်ပြန်ထားပါတယ်။ 


ယူကေအစိုးရအနေနဲ့ မြန်မာနိုင်ငံတစ်ဝန်းက အကူအညီလိုအပ်နေတဲ့ ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်ခြင်းသာမက ဒေသခံလူမှုအသိုက်အဝန်းများအား စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းအားဖြင့် ၄င်းတို့ကိုယ်တိုင် ဦးဆောင်ပြီး ဒေသလိုအပ်ချက်များနဲ့ ကိုက်ညီတဲ့ အကူအညီများ ပံ့ပိုးပေးနိုင်ဖို့အတွက် လုပ်ဆောင်လျက်ရှိတယ်လို့ အသိပေးထားပါတယ်။


ထို့အပြင် ကမ္ဘာ့လူသားချင်းစာနာထောက်ထားမှုနေ့တွင် ကမ္ဘာပေါ်ရှိ လူသားများအားလုံး လွတ်လပ်စွာ နေထိုင်ခွင့်ရရှိရန် KNU ဗဟိုမှ ဆုမွန်ကောင်း တောင်းပေးထားပါတယ်။

လူသားချင်းစာနာထောက်ထားမှု အကူညီများကို ထောက်ပံ့ပေးလျက်ရှိသော နိုင်ငံတကာအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် လူထုအခြေပြုအဖွဲ့အစည်းများသည် အကြမ်းဖက် စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ဆောင်မှုများကို ရပ်သင့်ပြီး ကော်သူးလေပြည်အတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီများကို လူမျိုးဘာသာမရွေး ဝန်ဆောင်မှုပေးလျက်ရှိသော ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး နှင့် ပူးပေါင်းဆောက်ရွက်ရန် တိုက်တွန်းထားပါတယ်။


========================


📌📌 ၄။ လူမျိုးရေး ပဋိပက္ခ ဖြစ်ပွားစေရန် စစ်ကော်မရှင်က လုပ်ဆောင်နေတဲ့ ဆန္ဒပြပွဲများအား သျှမ်း လူငယ်ကွန်ဂရက် ကန့်ကွက်


ဩဂုတ်လ ၁၉ ရက်၊ 

Radio NUG


သျှမ်းပြည်ဒေသအတွင်းရှိ လူမျိုးစုများအကြား ပဋိပက္ခ ဖြစ်ပွားစေရန် ရည်ရွယ်ပြီး စစ်ကော်မရှင်က လုပ်ဆောင်နေတဲ့ ဆန္ဒပြပွဲများအား သျှမ်းလူငယ်ကွန်ဂရက်က ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ထုတ်ပြန်ထားပါတယ်။


ဩဂုတ်လ ၁၈ ရက်နေ့မှာ မိုးနဲ၊ မိုင်းပန်၊ ကွန်ဟိန်၊ ခိုလန် ၁၉ ရက်နေ့မှာ ပင်လုံ၊ လဲချား၊ နမ့်စန်၊ မောက်မယ်နဲ့ ၂၀ ရက်နေ့မှာ မိုင်းရယ်၊ နမ့်လန် စတဲ့မြို့များမှာ TNLA, MNDAA နဲ့ တော်လှန်ရေး အင်အားစုများအား ဆန့်ကျင်တဲ့ ဆန္ဒပြပွဲများ ပြုလုပ်ခဲ့တာပါ။


စစ်ကောင်စီဟာ ကျေးလက်ဒေသများမှ ပြည်သူများကို တစ်အိမ်ထောင်တစ်ယောက် မလာမနေရ ခေါ်ဆောင်ပြီး ဆန္ဒပြပွဲများမှာ အဓမ္မ ပါဝင်စေခိုင်းနေသလို ဆန္ဒပြပွဲများသို့ လာရောက်ရာမှာ သျှမ်းဝတ်စုံ မဖြစ်မနေ ဝတ်လာဖို့ ထွေအုပ် ဝန်ထမ်းများမှတဆင့် ညွှန်ကြားထားတယ်လို့ သိရပါတယ်။


စစ်အုပ်စုဟာ ယခင်စစ်အာဏာရှင် အဆက်ဆက် ကျင့်သုံးခဲ့တဲ့ သွေးခွဲဖိနှိပ် အုပ်ချုပ်ခြင်းစနစ်ဖြင့် ဌာနေလူမျိုးစု အချင်းချင်းကြား ပဋိပက္ခ ဖြစ်ပွားစေရန် ရည်ရွယ်လုပ်ဆောင်နေတာဖြစ်ပြီး ဆန္ဒပြပွဲများမှာ ပါဝင်နေတဲ့ ပြည်သူတွေဟာလည်း နိုင်ငံရေး အသုံးချခံများသာ ဖြစ်တယ်လို့ ဆိုပါတယ်။


ယခု ဆန္ဒပြပွဲများဟာ သျှမ်းပြည်သူလူထု ရဲ့ သဘောဆန္ဒ မပါဝင်ကြောင်း နဲ့ စစ်ကော်မရှင်မှာ အားတက်သရော ပါဝင်နေကြတဲ့ သျှမ်းလူမျိုး တစ်ချို့ဟာလည်း သျှမ်းပြည်သူလူထုရဲ့ သဘောဆန္ဒများကို ကိုယ်စား မပြုကြောင်း သျှမ်းလူငယ်ကွန်ဂရက် က အသိပေးထားပါတယ်။


========================


📌📌 ၅။ ရုရှား၊ တရုတ်၊ အိန္ဒိယနှင့် ဘီလာရုစ်တို့သည် စစ်ရာဇဝတ်မှုများ ဆက်တိုက်လုပ်ဆောင်ရန် စစ်အုပ်စုကို ပံ့ပိုးပေးလျက်ရှိကြောင်း JFM ထုတ်ပြန်


ဩဂုတ်လ၁၉ရက် 

Radio NUG 


တရားမ၀င်စစ်အုပ်စုက မြန်မာပြည်သူများအပေါ် ရာဇဝတ်မှုများ ကျူးလွန်ခြင်းနှင့် အကြမ်းဖက်စစ်ပွဲဆင်နွှဲနေချိန်တွင် စစ်အုပ်စု၏ ရာဇဝတ်မှု မိတ်ဖက်များ ကျောထောက်နောက်ခံပြုပေးထားသည့် ကမ္ဘာလုံးဆိုင်ရာထောက်ပံ့ရေးကွင်းဆက်က စစ်ရာဇ၀တ်မှုများကို ပိုမိုကျူးလွန်နိုင်ရန် လောင်စာမီးထိုးပေးနေကြောင်း Justice for Myanmar မှ ထုတ်ပြန်ထားပါတယ်။


ရုရှား၊ တရုတ်၊ အိန္ဒိယနှင့် ဘီလာရုစ်တို့သည် အကြမ်းဖက်မြန်မာစစ်အုပ်စုအတွက် စစ်လက်နက်ပစ္စည်းများ၊ စစ်ဘက် အရပ်ဘက်သုံးပစ္စည်းများ၊ နည်းပညာများနှင့် စစ်ရေးလေ့ကျင့်ပေးမှုများကို အဓိက ပံ့ပိုးပေးလျက်ရှိတယ်လို့ အသိပေးထားပါတယ်။


၎င်းနိုင်ငံများသည် အဆင်အခြင်မဲ့ လေကြောင်းတိုက်ခိုက်ခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ လူနေကျေးရွာများကို ဖျက်ဆီးခြင်း၊ မတရားဖမ်းဆီးခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းများ ဆက်တိုက်လုပ်ဆောင်ရန် စစ်အုပ်စုကို ပံ့ပိုးပေးလျက်ရှိတယ်လို့ ဆိုပါတယ်။


အဆိုပါ စစ်အုပ်စုမိတ်ဖက် အစိုးရများနှင့် စီးပွားရေးလုပ်ငန်းများသည် ၎င်းတို့၏ ပတ်သက်ဆက်နွှယ်မှုများအတွက် တာဝန်ခံရမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။


========================


📌📌 ၆။ နမ့်ဆန်မှာ နေအိမ်ဖောက်ထွင်း ခိုးယူခဲ့တဲ့ တရားခံအား တအောင်း ရဲတပ်ဖွဲ့ ဖမ်းဆီးရမိ


ဩဂုတ်လ ၁၉ ရက်၊ 

Radio NUG


ရှမ်းပြည်နယ် မြောက်ပိုင်းရှိ တအောင်းတပ် (PSLF/TNLA) တပ်မဟာ () ထိန်းချုပ်နယ်မြေ၊ နမ့်ဆန်မြို့နယ်၊ ဇယ်တန်ဟုန်း ကျေးရွာက နေအိမ် တစ်အိမ်ကို ဖောက်ထွင်း ခိုးယူသွားတဲ့ တရားခံအား တအောင်းပြည် မြို့နယ်ရဲ တပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့က ရက်လည်အိမ်မှာ သွားရောက်ကူညီ ပေးနေတဲ့ ဦးမောင်မောင် ဆိုသူရဲ့ နေအိမ်ကို  ဖောက်ထွင်းခံရပြီး ငွေသား သိန်း ၁၈၀,၀၀,၀၀၀ ကျပ်၊ တရုတ်ငွေ ၂၀,၀၀၀ ယွမ် နဲ့ ရွေဆွဲကြိုး (တစ်ကျပ်သား) တစ်ကုံးတို့ ခိုးယူခံခဲ့ရတာပါ။


အဆိုပါ နေအိမ် ဖောက်ထွင်းမှုကို PSLF/TNLA တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့က အဆင့်ဆင့် စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ပြီး တရားခံဖြစ်သူ အသက် (၄၅) နှစ်အရွယ် ဦးမောင်ငယ်ကို ဇူလိုင်လအတွင်းမှာ ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။


၎င်း တရားခံဟာ စစ်ကောင်စီ အုပ်ချုပ်စဉ် ကာလကလည်း မူးယစ်ဆေးဝါး သုံးစွဲမှုဖြင့် ထောင်ကျခဲ့ဖူးသူ ဖြစ်ပြီး လက်ရှိမှာတော့ တအောင်းပြည် ရဲတပ်ဖွဲ့က ထိန်းသိမ်းထားပြီး ဥပဒ်နှင့်အညီ အရေးယူ ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီ၊ ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================


🚩🚩 ၁။ မောင်တောတွင် RIM ယာယီစခန်း ခုကို အာရက္ခတပ်တော်AA က လက်နက်ခဲယမ်းများနှင့်အတူ တွေ့ရှိ


ဩဂုတ်လ ၁၉ရက် 

Radio NUG 


ဩဂုတ်လ ၁၇ ရက်နေ့ နံနက် နာရီ ၃၀ ခန့်တွင် အာရက္ခတပ်တော်AA တပ်ဖွဲ့ဝင်များသည် မောင်တောမြို့နယ်၊ ဘောဒီလီရွာဟောင်း၏ အရှေ့ဘက်ရှိ တောင်ကြားများတွင် အကြမ်းဖက်အဖွဲ့များကို လိုက်လံရှာဖွေစစ်ဆေးခဲ့ကြောင်း AB Newsမှာ ဖော်ပြထားပါတယ်။


ထိုစစ်ဆေးမှုအတွင်း နံနက် နာရီ ၁၁ မိနစ်ခန့်တွင် RIM အဖွဲ့ဝင် ဦးခန့် ယာယီစခန်းချထားသည့် စခန်းတစ်ခုကို လက်နက်ခဲယမ်းများနှင့်အတူ တွေ့ရှိခဲ့သော်လည်း ထိုစခန်းတွင် အဖွဲ့ဝင်များ မရှိတော့ဘူးလို့ သိရပါတယ်။


ထို့နောက် နေ့လယ် ၁၂ နာရီ ၁၄ မိနစ်ခန့်တွင် ပထမစခန်း၏ အရှေ့မြောက်ဘက် မီတာ ၄၈၀ ခန့်အကွာတွင် RIM အဖွဲ့ဝင် ဦးခန့် ယာယီစခန်းချထားသည့် နောက်ထပ်စခန်းတစ်ခုကိုလည်း လက်နက်ခဲယမ်းများနှင့်အတူ ထပ်မံတွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ဖမ်းဆီးရမိသော ပစ္စည်းများတွင် ယူနီဖောင်း စုံ၊ ခါးပတ် ခု၊ လက်လုပ်ပစ္စတို လက်၊ ကျည် တောင့်၊ လက်လုပ်မိုင်း လုံး၊ မိုင်းခလုတ် ခု၊ 9V ဓာတ်ခဲ လုံး၊ ဝါယာကြိုး ခွေ၊ ဒစ်ဂျစ်တယ်ပစ္စည်း ခု၊ SG.406 ဗူး၊ ဆန် ဂါလံဗူး ဗူး၊ အိုး လုံး၊ G phone လုံးနှင့် ကျောပိုးအိတ် လုံးတို့ ပါဝင်တယ်လို့ သိရပါတယ်။


ARSA RIM RSO စသည့်အဖွဲ့များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်တွင် အဓိကလှုပ်ရှားနေပြီး မောင်တောမြို့နယ် မြောက်ပိုင်းသို့ ဝင်ရောက်ကာ အာရက္ခတပ်တော်AA တပ်ဖွဲ့ဝင်များကို ချောင်းမြောင်းတိုက်ခိုက်ခြင်း၊ အရပ်သားများကို ပြန်ပေးဆွဲခြင်းနှင့် သတ်ဖြတ်ခြင်းများ ပြုလုပ်နေတယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၂။ ကျောက်မဲမြို့နယ် နောင်ပိန်ရွာတွင် စစ်ကောင်စီတပ်နှင့် TNLA တိုက်ပွဲဖြစ်ပွား၊ မြို့ပေါ်တွင် ဒရုန်းဖြင့် တိုက်ခိုက်ခံရ


ဩဂုတ်လ ၁၉ရက် 

Radio NUG 


ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်းသို့ စစ်ကောင်စီတပ်မှ မြေပြင်စစ်ကြောင်းထိုး ဝင်ရောက်လာပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပူးပေါင်းတပ်ဖွဲ့များနှင့် ဩဂုတ်လ ၁၉ ရက် နံနက်ပိုင်းမှ စတင်ကာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရပါတယ်။


စစ်ကောင်စီတပ်မ-၁၁ လက်အောက်ခံ တပ်ဖွဲ့ဝင်အင်အား ၇၀၀ ခန့်သည် နောင်ချိုဘက်မှ ဂုတ်တွင်းချောင်းကို ဖြတ်ကူးကာ ထန်းတပင်ကျေးရွာမှတစ်ဆင့် နောင်ပိန်ရွာ တောင်ဘက် ရပ်ကွက်သို့ ဝင်ရောက်လာရာ TNLA တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။


ထန်းတပင်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့များက ဒေသခံများအား အပြင်ထွက်ခွင့်မပြုဘဲ ဆေးဖြန်းထွက်သွားသည့် အမျိုးသား ဦးကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။


ထို့အပြင် ကျောက်မဲမြို့ပေါ်တွင် နံနက် ၁၀ နာရီကျော်ခန့်က စစ်ကောင်စီတပ်၏ အသေခံဒရုန်းတစ်စင်းဖြင့် တိုက်ခိုက်မှုပြုလုပ်ခဲ့သော်လည်း ၎င်းဒရုန်းသည် မြို့တွင်း၌ ပျက်ကျခဲ့တယ်လို့ သိရပါတယ်။


လက်ရှိတွင် နောင်ပိန်တိုက်နယ်နှင့် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံများနှင့် စစ်ဘေးရှောင်ပြည်သူများသည် ပုံဝိုး၊ ဟဲကွီဒေသဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ်အကူအညီများ လိုအပ်နေတယ်လို့ သိရပါတယ်။


ဩဂုတ်လ ၁၈ ရက်ကလည်း စစ်ကောင်စီတပ်မှ နောင်ပိန်အနီးရှိ လုံကြိမ်၊ ကျောင်းကုန်းနှင့် ပင်တိန်ကျေးရွာများသို့ လက်နက်ကြီးနှင့် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အရပ်သားတစ်ဦး သေဆုံးပြီး နာမ်မိန်းဘုန်းကြီးကျောင်းမှ ကိုရင်တစ်ပါး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ နမ္မားမြို့တွင် စစ်တပ်ကင်းလှည့်စစ်ကြောင်းကို KPDF တိုက်ခိုက်၊ စစ်သား ဦးသေဆုံးပြီး ဦးအရှင်ဖမ်းမိ၊ မိုးညှင်း SNAစခန်းမှ ဂျန်မာတင်ကား ရရှိပြီး မီးရှို့ဖျက်ဆီး


ဩဂုတ်လ ၁၉ရက် 

Radio NUG 


ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နမ္မားမြို့ရှိ နမ့်စလော်ဒေသတွင် ကင်းလှည့်လာသော စစ်တပ်စစ်ကြောင်းကို ဒေသပြည်သူ့ကာကွယ်ရေးတပ်မတော် (KPDF) ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ဦး သေဆုံးပြီး ဦးကို အရှင်ဖမ်းဆီးရမိကာ သေနတ် လက်ကို သိမ်းဆည်းရရှိခဲ့ကြောင်း စစ်ရေးသတင်းများအရ သိရပါတယ်။


ဩဂုတ်လ ၁၈ ရက် နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် အဆိုပါတိုက်ခိုက်မှုအတွင်း KPDF တပ်ဖွဲ့များသည် စစ်သားများစီးလာသည့် ကားတစ်စီးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။


ထို့ပြင် ဩဂုတ်လ ၁၈ ရက် နံနက်ပိုင်းတွင် ကဆုတ်ကျေးရွာအနီးသို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံး လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


အလားတူ ဩဂုတ်လ ၁၈ ရက်တွင် မိုးညှင်းမြို့နယ်၊ မိုင်းနောင်ကျေးရွာရှိ စစ်ကောင်စီနှင့် ၎င်းလက်အောက်ခံ ရှမ်းနီတပ်ဖွဲ့ (SNA) တပ်စခန်းကို KIA ပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ SNA ဂျန်မာတင်ယာဉ် စီးကို သိမ်းဆည်းရရှိပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ ဆိပ်ဖြူနဲ့ ပေါက်မြို့နယ်က ကျေးရွာ ၁၀ ရွာထက်မနည်းကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၁၁ ဦးထက်မနည်း သေဆုံး


ဩဂုတ်လ ၁၉ ရက်၊ 

Radio NUG


မကွေးတိုင်း၊ ပခုက္ကူခရိုင် အတွင်းက ဆိပ်ဖြူမြို့နယ် နဲ့ ပေါက်မြို့နယ်ကို စစ်ကောင်စီက Y-12 လေယာဉ်များဖြင့် အကြိမ်ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၁ ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ အညာမြေ တပ်ပေါင်းစုထံက သိရပါတယ်။


ဩဂုတ်လ ၁၉ ရက်နေ့ မနက် ၁၁ နာရီခွဲခန့်မှာ ဆိပ်ဖြူ မြို့နယ်က ရှားလှ၊ ကျွန်းတောစတဲ့ ကျေးရွာ ရွာခန့်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူနေအိမ်တွေ ပျက်စီးခဲ့ပြီး ပြည်သူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။


ရှားလှ ကျေးရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူ ဦး သေဆုံးပြီး ဦး စိုးရိမ်ရ၊ ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကာ ကျွန်းတောရွာမှာလည်း ပြည်သူ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် ဆိတ်ဖြူမြို့နယ်ထဲကို စစ်ကောင်စီက အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာကြောင့် ပိုင်းရွာ၊ ဝန်ကြီး၊ ရှားလှ၊ ကျွန်းတာ၊ အိုင်ကြီး၊ ကျွန်းချောင်း၊ ဖလံမ၊ ကန်စွန်းမ၊ သုံးလံပြည့် ရွာတွေက ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။


အလားတူ ဩဂုတ်လ ၁၈ ရက်နေ့ နာရီခန့်မှာလည်း ပေါက်မြို့နယ် ပန်းတောကန်၊ ချက်ကန်နဲ့ တည်ပင်ကန် ရွာတို့ကို Y-12 ဖြင့် ဗုံး လုံးထက်မနည်း ကြဲချခဲ့တယ်လို့ ဆိုပါတယ်။


ဗုံးကြဲတိုက်ခိုက်မှုအတွင်း ပန်းတောကန်ရွာက အမျိုးသမီး ဦး သေဆုံးခဲ့ပြီး ပန်းတောကန်နဲ့ ချက်ကန်ရွာတွေမှာ ဒဏ်ရာရသူ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ဦး သေဆုံး


ဩဂုတ်လ ၁၉ ရက်၊ 

Radio NUG


မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ KNU ထိန်းချုပ်နယ်မြေထဲက ကျေးရွာများကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်တာ၊ လက်နက်ကြီး/ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့တာတွေကြောင့် ပြည်သူ ဦး သေဆုံးပြီး ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။


ဩဂုတ်လ ရက်နေ့ မနက် နာရီ ၂၅ မိနစ်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပျဥ်းကတိုးကုန်း အုပ်စု၊ ပိန္နဲကုန်းရွာကို yak-130 လေယာဉ်ဖြင့် ဗုံးသီး တစ်လုံး ကြဲချခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ ဖြစ်စဉ်အတွင်း အရပ်သား ဦး သေဆုံးကာ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပြီး နေအိမ် လုံး၊ အိမ်သုံးကား စီးနဲ့ ဆိုင်ကယ် စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် ဩဂုတ်လ ၁၁ ရက်၊ နေ့လယ် ၁၂ နာရီ ၁၅ မိနစ် အချိန်မှာလည်း ကျောက်လုံးကြီးအုပ်စု၊ ဝင်းသောင်ရွာနဲ့ ကျောက်ပုံရွာကြားကို စစ်ကောင်စီရဲ့ တပ်မ (၄၄) ခြေမြန်တပ်မ ဌာနချုပ်မှ ၁၂၀ မမ လက်နက်ကြီး လုံး ဖြင့် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။


ထိုနေ့ညနေ နာရီခွဲအချိန်မှာလည်း စစ်ကောင်စီရဲ့ ခလရ () နဲ့ ခမရ () ပူးပေါင်းအဖွဲ့က ချောင်းပြန့်ရွာထဲကို ဝင်ရောက်လာပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့တာကြောင့် အသက် ၅၀ အရွယ် နော်ပန်းကြည် ထိမှန်ဒဏ်ရာ ရခဲ့တယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၆။ ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ဦး ဒဏ်ရာရ၊ ဆန်စက်နှင့် စာသင်ကျောင်း ပျက်စီး


ဩဂုတ်လ ၁ရက် 

Radio NUG 


ဩဂုတ်လ ၁၈ ရက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါဘူးခိုကျေးရွာသို့ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ရာ သားအဖဖြစ်သူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း KPV Newsမှာ ဖော်ပြထားပါတယ်။


အဆိုပါ လက်နက်ကြီးကျရောက်မှုကြောင့် ဒေါကမီးကျေးရွာရှိ စာသင်ကျောင်းတစ်ခုနှင့် ဒေါဘူးခိုကျေးရွာရှိ ဆန်စက်တစ်ခုလည်း ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။


ထို့ပြင် ဩဂုတ်လ ၁၈ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီက ဒီးမော့ဆိုမြို့ပေါ်သို့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး လက်နက်ကြီးများ၊ ဒရုန်းများနှင့် တင့်ကားများဖြင့် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


ဩဂုတ်လ ၁၆ ရက်တွင်လည်း စစ်ကောင်စီ၏ ငွေတောင်အခြေစိုက် ခလရ ၁၀၂ တပ်ရင်းမှ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းသို့ လက်နက်ကြီးအလုံး ၁၀၀ ခန့် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၇။ မာနယ်ပလော စခန်းသိမ်း တိုက်ပွဲမှာ ထူးချွန်ပြောင်မြောက်စွာ ပါဝင်ခဲ့တဲ့ FFD ရဲဘော် ၂၄ ဦးအား KNU/KNLA မှ ဂုဏ်ပြုသဝဏ်လွှာ ပေးအပ်


ဩဂုတ်လ ၁၉ ရက်၊ 

Radio NUG


မာနယ်ပလော စခန်းသိမ်း တိုက်ပွဲမှာ ထူးချွန်ပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့ကြတဲ့ FFD တပ်ဖွဲ့ တာဝန်ခံနဲ့ ရဲဘော် ၂၄ ဦးကို ကရင့်အမျိုးသားအစည်းအရုံး၊ KNU/KNLA ဗဟိုက ဂုဏ်ပြုသဝဏ်လွှာ ပေးအပ်ခဲ့တယ်လို့ Force for Federal Democracy တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။


မာနယ်ပလောဒေသရှိ စစ်ကောင်စီရဲ့ (Point 913) စခန်းကို ပြန်လည်သိမ်းပိုက်ရာမှာ မဆုတ်မနစ် လုံ့လထုတ်ပြီး ထိထိရောက်ရောက် စွမ်းစွမ်းတမံ ပါဝင်ခဲ့တာကြောင့် KNLA စစ်ဦးစီးချုပ်၊ ဗိုလ်ချုပ်ကြီး စောဂျော်နီက ဇူလိုင်လ ရက်နေ့ ရက်စွဲဖြင့် ဂုဏ်ပြုသဝဏ်လွှာ ပေးအပ်ခဲ့တာပါ။


စခန်းသိမ်း တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ FFD တပ်ဖွဲ့မှ စောလေးထူး (ကွပ်ကဲရေး) ကြာဇံ၊ ရွှေဂဲ၊ ဝင့်သရဖီထွေး (Crown) Kornic ကာကာ၊ စောဝါးဒို၊ ကိုထက်၊ မောင်ခိုင်၊ မောင်မောင်၊ မင်းဂဠုန်၊ ကဲကဲ၊ Danger SKY မော်ကွန်း၊ ဟိန်းခန့်၊ GYM VJay ဟာဗီး၊ ဖက်တီး၊ ကိုဟိန်း၊ Jame ICE AK Smoke တို့ကို KNU/KNLA  က ဂုဏ်ပြုသဝဏ်လွှာ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။


စစ်ရေးအတွေ့အကြုံ အနည်းငယ်သာ ရှိသေးပေမယ့် KNU/KNLA ဗဟိုက အခုလို အသိမှတ်ပြု ဂုဏ်ပြုခြင်းကို ခံရတဲ့အတွက် FFD ရဲဘော်များအတွက် လွန်စွာပီတိဖြစ် ဝမ်းသာရတယ်လို ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment