12th JUL 2022 - Evening Daily News by Radio NUG

၂၀၂၂ ဇူလိုင်လ ၁၂ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)မှာ မြန်မာပြည်သူပြည်သားများအတွက် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က ဆုမွန်ကောင်းတောင်းပေး

📌 ၂။ နွေဦးတော်လှန်ရေးဟာ ရပ်တန့်နေတဲ့တော်လှန်ရေးမဟုတ်ဘူးလို့ ပြည်ထောင်စုဝန်ကြီးဦးတင်ထွန်းနိုင်ဆို

📌 ၃။ စီမံကိန်းနဲ့ ဘဏ္ဍာရေး ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာနမှ အမေရိကန်ဒေါ်လာ ၄၇ သန်းကျော်ရှာဖွေးပေးနိုင်ခဲ့ပြီး ၄၄ သန်းမှာ ကာကွယ်ရေးအသုံးစရိတ်အသုံးပြုပြီးဖြစ်

📌 ၄။ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီတို့ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေး

📌 ၅။ ကလေးတက္ကသိုလ်ရှိ ပြည်သူ့ဝန်ထမ်းများအနေဖြင့် အခက်အခဲတစ်စုံတစ်ရှိပါကကလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂထံအချိန်မရွေးဆက်သွယ်နိုင်ကြောင်းထုတ်ပြန်

📌 ၆။ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ ၁၀ ရက်အတွင်းနှုတ်ထွက်ရန် တမူးခရိုင် ပကဖက ထုတ်ပြန်

📌 ၇။ Special Nway Oo နဲ့ မဟာမိတ်အဖွဲ့ပူးပေါင်း၍ ရန်ကုန်မြို့ () မိုင် Osean စင်တာအနီး ယာဥ်ထိန်းရဲကင်းကို ယမန်နေ့ညကဖောက်ခွဲ

📌 ၈။ ဝန်းသိုမြို့နယ် ဂျိုးတောင်စံပြကျေးရွာနယ်နမိတ်အနီးရွာများတွင် စကစတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တို့ ထိတွေ့တိုက်ပွဲပြင်းထန်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)မှာ မြန်မာပြည်သူပြည်သားများအတွက် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က ဆုမွန်ကောင်းတောင်းပေး


ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)မှာ မြန်မာပြည်သူပြည်သားများအတွက် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ဇူလိုင် ၁၂ ရက်နေ့မှာ အစိုးရအဖွဲ့ဝင် အသီးသီးကလူမှုကွန်ရက်မှာ ရေးသားပြောကြားခဲ့ပါတယ်။


"ယနေ့သည် ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ နေ့တနေ့ဖြစ်သော သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာ ဟူ၍ဆိုကြသည့် ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) ဖြစ်ပါတယ်။ ယနေ့ကျရောက်သော ဝါဆိုလပြည့်နေ့တွင် ကမ္ဘာအရပ်ရပ်ရှိဗုဒ္ဓဘာသာဝင်အပေါင်း ဘေးရန်ကင်းကွာ၍ ငြိမ်းချမ်းသာယာရှိနိုင်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါတယ်။ မြန်မာပြည်သူပြည်သားအပေါင်းတို့သည်လည်း မိမိကြုံတွေ့နေရသော ဒုက္ခများကိုအောင်မြင်စွာကျော်လွှားနိုင်ပြီး ငြိမ်းချမ်းသာယာသည့် နေ့သစ်များကိုရရှိပိုင်ဆိုင်နိုင်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါတယ်"လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကဆိုပါတယ်။


အလားတူလူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကပြောကြားရာတွင်"မြန်မာနိုင်ငံအတွင်းဗုဒ္ဓဘာသာဝင်တို့အတွက် ဥပုသ်သီတင်းသီလဆောက်တည်ကြမည့် ဝါတွင်းကာလ အစပြုသော ဝါဆိုလပြည့်နေ့ ၊မင်္ဂလာရှိသောနေ့၌ ခပ်သိမ်းသောပြည်သူအပေါင်းတို့ အေးငြိမ်းချမ်းသာခြင်းနှင့်အတူ ချစ်ခြင်းမေတ္တာတရားများနှင့် ပြည့်စုံကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သပါတယ်"လို့ ဖော်ပြပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ဖေဖော်ဝါရီ ရက်နေ့ စစ်အာဏာသိမ်းပြီးကတည်းက မြန်မာပြည်သူပြည်သားများဟာ ဖမ်းဆီးခံရခြင်း၊အိုးအိမ်များမီးလောင်ဆုံးရှုံးခြင်းတို့ခံစားခဲ့ရပါတယ်။


"ယနေ့ကျရောက်သော ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) တွင် ကမ္ဘာအရပ်ရပ်ရှိဗုဒ္ဓဘာသာဝင်အပေါင်း ဘေးရန်ကင်းကွာ၍ ကိုယ်စိတ် နှစ်ဖြာ ငြိမ်းချမ်းနိုင်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါတယ်လို့ ဝန်ကြီးဒေါက်တာတူးခေါင်ကလည်းဆိုပါတယ်။


========================


📌📌 ၂။ နွေဦးတော်လှန်ရေးဟာ ရပ်တန့်နေတဲ့တော်လှန်ရေးမဟုတ်ဘူးလို့ ပြည်ထောင်စုဝန်ကြီးဦးတင်ထွန်းနိုင်ဆို


နွေဦးတော်လှန်ရေးဟာ ရပ်တန့်နေတဲ့တော်လှန်ရေးမဟုတ်ဘူးလို့ ပြည်ထောင်စုဝန်ကြီးဦးတင်ထွန်းနိုင်ကပြောပါတယ်။ ဇူလိုင် ၁၁ ရက် RFA သတင်းဌာနနဲ့မေးမြန်းရာမှာ ပြည်ထောင်စုဝန်ကြီးဦးတင်ထွန်းနိုင်က ထည့်သွင်းပြောပါတယ်။


"တော်လှန်ရေးနဲ့ပတ်သက်ပြီး မိတ်ဖက် နိုင်ငံတွေကနေ မကြာခင်မှာ လူသားချင်းစာနာမှုဆိုင်ရာ ခေါင်းစဥ်အောက်ကနေပြီးတော့ပေါ့လေ။သူတို့ဘက်ကနေ ဘယ်တုန်းကမှ မပေးခဲ့တဲ့ အကူအညီအထောက်အပံတွေပေးမယ်ဆိုတာလည်း ကတိစကားတွေရထားပြီးဖြစ်သလို ပြည်တွင်းမှာ ကျနော်တို့နဲ့လက်တွဲနေတဲ့ တိုင်းရင်းသား ညီအကို မဟာမိတ်တွေကလည်း ခုခံတွန်းလှန်စစ်ကို အရှိန်မြှင့်ဖို့ဆောင်ရွက်နေတယ်။ဆိုလိုတာက ဒီတော်လှန်ရေးသည် ရပ်တန့်နေတဲ့တော်လှန်ရေးမဟုတ်ဘူး"လို့ဝန်ကြီးကဆိုပါတယ်။ စကစတပ်များဟာ စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊ကရင်နီဒေသ၊ကရင်ပြည်နယ်၊ချင်းပြည်နယ်တို့မှာ အထိနာအကျအဆုံးများပြားလျက်ရှိပါတယ်။


========================


📌📌 ၃။ စီမံကိန်းနဲ့ ဘဏ္ဍာရေး ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာနမှ အမေရိကန်ဒေါ်လာ ၄၇ သန်းကျော်ရှာဖွေးပေးနိုင်ခဲ့ပြီး ၄၄ သန်းမှာ ကာကွယ်ရေးအသုံးစရိတ်အသုံးပြုပြီးဖြစ်


စီမံကိန်းနဲ့ ဘဏ္ဍာရေး ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာနမှ အမေရိကန်ဒေါ်လာ ၄၇ သန်းကျော်ရှာဖွေးပေးနိုင်ခဲ့ပြီး ၄၄ သန်းမှာ ကာကွယ်ရေးအသုံးစရိတ်အသုံးပြုပြီးဖြစ်တယ်လို့ ဝန်ကြီးဦးတင်ထွန်းနိုင်ကဆိုပါတယ်။ ဇူလိုင် ၁၁ ရက် RFA သတင်းဌာနနဲ့တွေ့ဆုံရာမှာ ဝန်ကြီး ဦးတင်ထွန်းနိုင်ကပြောကြားခဲ့တာပါ။


"ဇူလိုင်ပထမပတ်အထိကတေည့ အမေရိကန်ဒေါ်လာစုစုပေါင်း ၄၇ သန်းကျော် လောက်တော့ ပြည်သူလူထုရဲ့ ထည့်ဝင် ပူးပေါင်းပါဝင်မှုနဲ့ ကျနော်တို့ဝန်ကြီးဌာနအနေနဲ့ ရှာဖွေနိုင်ခဲ့ပါတယ်။အဲဒီထဲကမှ ၈၅ ရာခိုင်နှုန်းကို ကာကွယ်ရေးအသုံးစရိတ် အသုံးပြုပြီးပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့သတင်းစာရှင်းလင်းပွဲမှာလည်းထုတ်ပြန်ထားပါတယ်။ဆိုတော့ ၄၄ သန်းလောက်က ကာကွယ်ရေးအသုံးစရိတ် အသုံးပြုပြီးပါပြီ"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာ ရန်ကုန်မြို့ရှိ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့၁၄/အင်းလျားလမ်းနေအိမ်ကို EODကအစုရှယ်ယာနဲ့ဏောင်းချရာတွင် ဒေါ်လာ သန်းကျော်ဖိုးအထိရောင်းချရပြီးဖြစ်ပါတယ်။


========================


📌📌 ၄။ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီတို့ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေး


ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီတို့ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဇူလိုင်လ ၁၁ ရက်နေ့ မွန်းလွဲပိုင်းမှာအမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှုဗဟိုကော်မတီနှင့်ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီတို့ တွေ့ဆုံခဲ့ပါတယ်။ အစည်းအဝေးမှာ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ထို့နောက်အစည်းအဝေးတွင် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ ဇွန်လ အတွင်း လုပ်ငန်းဆောင်ရွက်ချက်များ ရှင်းလင်းပြောကြားခြင်း၊ ဧရာဝတီတိုင်းအတွင်း တော်လှန်ရေးအင်အားစုများကြားပေါင်းစည်းလှုပ်ရှားနေမှုအခြေအနေ၊ မြေပြင်လှုပ်ရှားမှုများနှင့် ချိတ်ဆက်လျက် လူထုဘဝ အကူအညီပေးနိုင်ရေးကိစ္စရပ်များ၊ အနယ်နယ်အရပ်ရပ်သို့ ရောက်ရှိနေသာ အင်အားစုများ စုစည်းနိုင်ရေး အခြေအနေများနှင့်အညီ ဟန်ချက်ညီ ပူးပေါင်းလုပ်ကိုင်ကြရမည့် ကိစ္စရပ်များ စသည်တို့ကို အကျယ်တဝန်းဆွေးနွေးခဲ့ကြပါတယ်။


ဆွေးနွေးပွဲကို ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတို့နှင့်အတူ အခြားသော ဗဟိုကော်မတီအဖွဲ့ဝင်များ၊ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြု ကော်မတီမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဝန်ကြီးဌာနအသီးသီးမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက် ခဲ့ပါတယ်။


========================


📌📌 ၅။ ကလေးတက္ကသိုလ်ရှိ ပြည်သူ့ဝန်ထမ်းများအနေဖြင့် အခက်အခဲတစ်စုံတစ်ရှိပါကကလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂထံအချိန်မရွေးဆက်သွယ်နိုင်ကြောင်းထုတ်ပြန်


ကလေးတက္ကသိုလ်ရှိ ပြည်သူ့ဝန်ထမ်းများအနေဖြင့် အခက်အခဲတစ်စုံတစ်ရှိပါကကလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂထံအချိန်မရွေးဆက်သွယ်နိုင်ကြောင်းထုတ်ပြန်လိုက်ပါတယ်။ ဇူလိုင် ၁၂ ရက်နေ့မှာ ကလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂကတရားဝင်အသိပေးခဲ့ပါတယ်။


"ယခုအချိန်ဟာ ပြည်သူတစ်ရပ်လုံး အခက်အခဲဆုံးကာလကို ဖြတ်ကျော်နေရသဖြင့် ကလေးတက္ကသိုလ်ပြည်သူ့ဝန်ထမ်းများအနေဖြင့် အခက်အခဲတစ်စုံတစ်ရာဖြစ်ပွားပါက ကလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂထံ အချိန်မရွေးဆက်သွယ်နိုင်ပါကြောင်း အသိပေးအပ်ပါတယ်"လို့ဆိုပါတယ်။ အကြမ်းဖက်စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ရက်နေ့ တွင် ပြည်သူ့ရွေးကောက်ထားသော အစိုးရထံမှ တိုင်းပြည်အာဏာကို မတရားသိမ်းယူခဲ့ပါတယ်။


ထိုနေ့မှစ၍ ပြည်သူ့ဘက်မှနေ၍ အမှန်တရားဘက်တွင်ရပ်တည်ပေးကြသည့် ကလေးတက္ကသိုလ်ရှိ ပြည်သူ့ဝန်ထမ်းများကို ကလေးတက္ကသိုလ် CDM အထောက်အကူပြုကော်မတီ၊ ဘာသာရပ်အလိုက် CDM အထောက်အကူပြူအဖွဲ့များနှင့် ကလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂတို့မှ ဦးဆောင်ကာ ကြိမ်တိုင်ထောက်ပံ့ခဲ့ပြီးဖြစ်ပါတယ်။


========================


📌📌 ၆။ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ ၁၀ ရက်အတွင်းနှုတ်ထွက်ရန် တမူးခရိုင် ပကဖက ထုတ်ပြန်


စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ ၁၀ ရက်အတွင်းနှုတ်ထွက်ရန် တမူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်လိုက်ပါတယ်။ ဇူလိုင် ၁၀ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊တမူးခရိုင်အတွင်းရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများနုတ်ထွက်ရန် အသိပေးကြေညာခဲ့ပါတယ်။


"တမူးခရိုင်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီခန့်အုပ်ကြီးများတာဝန်မှ နှုတ်ထွက်ကြရန်၊မိမိတာဝန်ကျရာနယ်မြေများမှထွက်ခွာကြရန်၊ ၁၀ ရက်အတွင်းလိုက်နာမှုမရှိပါကဥပဒေနဲ့အညီပြင်းထန်စွာအရေးယူမယ်"လို့ ဖော်ပြပါရှိပါတယ်။


"ယခုအခါ စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားကို ဖယ်ရှားလျက် ပြည်သူ့အုပ်ချုပ်ရေးအာဏာကို ထူထောင်နေပြီ"လို့ ထုတ်ပြန်စာမှာဖော်ပြပါရှိပါတယ်။ ထို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရသည် စစ်ကိုင်းတိုင်းအတွင်း ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်နှင့် ခရိုင်အဆင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကို ဖွဲ့စည်းတာဝန်ပေးလျက် ပြည်သူ့အုပ်ချုပ်ရေးယန္တရားကို စတင်လည် ပတ်လျက်ရှိကြောင်းဖော်ပြပါတယ်။


အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် တရားမဝင်ထမ်းဆောင်လျက်ရှိသည့် အဆင့်ဆင့်သော အုပ်ချုပ်ရေးတာဝန်ယူနေသူအားလုံး ယနေ့မှစ၍ ၁၀ ရက်အတွင်း မိမိတို့၏ ရာထူးတာဝန်နှင့် တာဝန်ကျရာနယ်မြေမှ စွန့်ခွာကြရန် တမူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ညွှန်ကြားလိုက်တာ်လို့ဆိုထားပါတယ်။


========================


📌📌 ၇။ Special Nway Oo နဲ့ မဟာမိတ်အဖွဲ့ပူးပေါင်း၍ ရန်ကုန်မြို့ () မိုင် Osean စင်တာအနီး ယာဥ်ထိန်းရဲကင်းကို ယမန်နေ့ညကဖောက်ခွဲ


Special Nway Oo နဲ့ မဟာမိတ်အဖွဲ့ပူးပေါင်း၍ ရန်ကုန်မြို့ () မိုင် Osean စင်တာအနီး ယာဥ်ထိန်းရဲကင်းကို ယမန်နေ့ညကဖောက်ခွဲခဲ့ပါတယ်။ ဇူလိုင် ၁၁ ရက်ည၈နာရီ ၂၅ မိနစ်က () မိုင် Osean စင်တာအနီး ယာဉ်ထိန်းရဲကင်း ကို ဖောက်ခွဲခဲ့တယ်လို့ Special Nway Ooကဆိုပါတယ်။


ဖောက်ခွဲတိုက်ခိုက်မှုကို Special Nway Oo(SNO) နှင့် GOD's HAND FORCES(GHS) တို့ ပူးပေါင်းဖော်ဆောင်ခဲ့ပါတယ်။ နောက်နောင်တွင်လည်း စကစတပ်ဖွဲ့များရှိရာကိုစစ်ရေးအရ တိုက်ခိုက်သွားမှာဖြစ်လို့ ပြည်သူလူထုအနေနဲ့ စကစဒေါက်တိုင်များရှိရာနဲ့ ဝေးဝေးနေကြရန် သတိပေးနှိုးဆော်ထားပါတယ်။


========================


📌📌 ၈။ ဝန်းသိုမြို့နယ် ဂျိုးတောင်စံပြကျေးရွာနယ်နမိတ်အနီးရွာများတွင် စကစတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တို့ ထိတွေ့တိုက်ပွဲပြင်းထန်


ဝန်းသိုမြို့နယ် ဂျိုးတောင်စံပြကျေးရွာနယ်နမိတ်အနီးရွာများတွင် စကစတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တို့ ထိတွေ့တိုက်ပွဲပြင်းထန်နေတယ်လို့ဆိုပါတယ်။ ဇူလိုင် ၁၂ ရက်နေ့ မနက် ၁၀ နာရီကစတင်ကာ နှစ်ဖက် ပစ်ခတ်မှုဖြစ်ပွားကြောင်း ဝန်းသိုတော်လှန်ရေးအင်အားစုကပြောပါတယ်။


"ယနေ့နံနက်ပိုင်း ၁၀ နာရီဝန်းကျင်ခန့်တွင် ဝန်းသိုမြို့နယ် ဂျိုးတောင်စံပြကျေးရွာနယ်နမိတ်ဖြစ်သော စကာနီရွာ| နှောင်ကွင်းရွာ/သတော်ရွာအနီး ဒေသခံပြည့်သူကာကွယ်ရေးအဖွဲ့များနှင့် စစ်ကောင်စီတပ်များ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပါတယ်"လို့ဆိုပါတယ်။ တိုက်ပွဲကြောင့်အနီးရှိရွာသားများ တိမ်းရှောင်နေရကာ အထိအခိုက်များမသိရှိရသေးဘူးလို့ဆိုပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

Related Posts:

No comments:

Post a Comment