12th JUL 2022 - Morning Daily News by Radio NUG

၂၀၂၂ ဇူလိုင်လ ၁၂ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်အာဏာရှင်စနစ်ပျက်သုဉ်းစေရေး အင်အားစုများဖြစ်ပေါ် လာဖို့အတွက် ကြိုးပမ်းဆောင်ရွက်ကြရန်လည်း လိုအပ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား

📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီတို့ တွေ့ဆုံဆွေးနွေး

📌 ၃။ NUG pay ဟာ တော်လှန်ရေးမှာ ဘဏ္ဍာရေးတိုက်စစ်အနေနဲ့ ပါဝင်နေတာဖြစ်တယ်လို့ဆို

📌 ၄။ မြဝတီ - ဝေါ်လေ ကားလမ်းမပေါ် သုံးထပ်ကွေ့ရှိ တိုက်ပွဲများအတွင်း ထွက်ပြေးလွတ်မြောက်ခဲ့သော ခမရ (၁၀၂) မှ တပ်သား ငါးဦးအား ကောင်းမွန်စွာ ထိန်းသိမ်း ထားရှိ

📌 ၅။ NUG Pay ကတဆင့် ထောက်ပို့ငွေ ခုနစ်သောင်းရပြီလို့ မြိုင် PDF ဆို

📌 ၆။ PEOPLE'S  DEFENCE FORCE-HTILIN (YRPA) ရဲ့စိုးမိုးနယ်မြေမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးရာ လူငါးရာကျော် စောင့်ရှောက်မှုခံယူ

📌 ၇။ တစ်လက် ၁၈ သိန်းတန် india shotgun နဲ့ပုံစံအတူ လက်လုပ် shotgun များကို တစ်လက် သိန်းကုန်ကျစရိတ်နဲ့ဆရာစံ PDF က လက်လုပ်သေနတ်ထုတ်လုပ်အောင်မြင်

📌 ၈။ ကလေးမြို့၊ ချမ်းမြေ့အောင်စည်ရပ်ကွက်တွင် နေထိုင်သော လူရွယ်တစ်ဦး သူငယ်ချင်းများကို ဆိုင်ကယ်နဲ့ ပြန်လိုက်ပို့စဥ် စကစတပ်ကအကြောင်းမဲ့ပစ်ခတ်၍သေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်အာဏာရှင်စနစ်ပျက်သုဉ်းစေရေး အင်အားစုများဖြစ်ပေါ် လာဖို့အတွက် ကြိုးပမ်းဆောင်ရွက်ကြရန်လည်း လိုအပ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား


စစ်အာဏာရှင်စနစ်ပျက်သုဉ်းစေရေး အင်အားစုများဖြစ်ပေါ် လာဖို့အတွက် ကြိုးပမ်းဆောင်ရွက်ကြရန်လည်း လိုအပ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြားလိုက်ပါတယ်။ ဇူလိုင် ၁၁ ရက်ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှုဗဟို ကော်မတီနှင့် မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီ (Mon State Consultative Council- MSCC) ပထမအကြိမ်အစည်းအဝေးမှာဝန်ကြီးချုပ်ကပြောပါတယ်။


"စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးတွင် မွန်ပြည်နယ်ကိုယ်စားပြုအနေဖြင့် ပါဝင်ဆောက်ရွက်လျက် ရှိကြသည့်အတွက် လေးစားဂုဏ်ယူပါကြောင်း၊ မိမိတို့အနေဖြင့် တူညီသော တော်လှန်ရေးဘုံဦးတည်ချက်အောက်တွင် စည်းလုံးညီညွတ်စွာ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ စစ်ကောင်စီပြုတ်ကျရေးအတွက် ဆောင်ရွက်ရာတွင် စစ်ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ သံတမန်ရေးအပြင် မဟာမိတ်များနှင့်လည်း တတ်နိုင်သမျှတွေ့ဆုံဆွေးနွေးပြီး စစ်အာဏာရှင်စနစ်ပျက်သုဉ်းစေရေး အင်အားစုများဖြစ်ပေါ် လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။


ဆက်လက်ပြီး မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီ (MSCC) မှ ဥက္ကဌအဖွဲ့ဝင် တစ်ဦးက နှုတ် ခွန်းဆက်စကားပြောကြားရာတွင်စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးဖြစ်သည့် ယခုနွေဦးတော်လှန်ရေးတွင် မွန်ပြည်နယ်မှ တိုင်းရင်းသားပြည်သူများသည်လည်း တတပ်တအား ပါဝင်လျက် ရှိပါကြောင်း၊ စစ်အာဏာရှင်စနစ် ပျက်သုဉ်းရေးနှင့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအိပ်မက်သည် ပြည်ထောင်စုသားအားလုံးနှင့်ထပ်တူ မွန်ပြည်နယ်ပြည်သူများ၏ ထက်သန်သော ဆန္ဒ မျှော်လင့်ချက် ပန်းတိုင် ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။


အစည်းအဝေးသို့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ ဥက္ကဌ၊ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့်အတူ ဗဟိုကော်မတီ အဖွဲ့ဝင် ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များနှင့် မွန်ပြည်နယ် အတိုင်ပင်ခံ ကောင်စီ (MSCC) မှ တာဝန်ရှိသူများတက်ရောက်ခဲ့ပါတယ်။


========================


📌📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီတို့ တွေ့ဆုံဆွေးနွေး


ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီတို့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီမှာအမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှုဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီတို့ တွေ့ဆုံ အစည်းအဝေးကျင်းပပါတယ်။ အစည်းအဝေးမှာလူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ထို့နောက် အစည်းအဝေးတွင် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ ဇွန်လ အတွင်း လုပ်ငန်းဆောင်ရွက်ချက်များ ရှင်းလင်းပြောကြားခြင်း၊ သက်ဆိုင်ရာဦးစီးဌာနများနှင့် စစ်ကိုင်းတိုင်း အတွင်းရှိ အင်အားစုများကြား ပုံမှန်ချိတ်ဆက်နိုင်ရေးကိစ္စရပ်များ၊ မြေပြင်ဖြစ်ပေါ်နေသည့် အခြေအနေများနှင့်အညီ ဟန်ချက်ညီ ပူးပေါင်းလုပ်ကိုင်ကြရမည့် ကိစ္စရပ်များ စသည်တို့ကို အကျယ်တဝန်းဆွေးနွေးခဲ့ကြပါတယ်။


အစည်းအဝေးသို့ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ ဒုတိယ ဥက္ကဌ () ၊ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီဌာန ပြည် ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်၊ ဗဟိုကော်မတီအဖွဲ့ဝင်များ၊စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြု ကော်မတီမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဝန်ကြီးဌာနအသီးသီးမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက် ဆွေးနွေးခဲ့ပါတယ်။


========================


📌📌 ၃။ NUG pay ဟာ တော်လှန်ရေးမှာ ဘဏ္ဍာရေးတိုက်စစ်အနေနဲ့ ပါဝင်နေတာဖြစ်တယ်လို့ဆို


NUG pay ဟာ တော်လှန်ရေးမှာ ဘဏ္ဍာရေးတိုက်စစ်အနေနဲ့ ပါဝင်နေတာဖြစ်တယ်လို့ဒုဝန်ကြီး မင်းဇေယျာဦးကပြောပါတယ်။ ဇူလိုင် ၁၀ ရက်နေ့ကျင်းပတဲ့ ကမ္ဘာလုံးဆိုင်ရာမြန်မာပြည်ဖွားများတွေ့ဆုံပွဲ (ဒုတိယအကြိမ်) မှာ NUG pay အကြောင်းကို ပြောကြားရင်း ဒုဝန်ကြီး မင်းဇေယျာဦးကဆိုပါတယ်။


"NUG Pay ဟာ တော်လှန်ရေးမှာ ဘဏ္ဍာရေးတိုက်စစ်အနေနဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဖြစ်တဲ့အခါကြတော့ NUG Payကို Pilot Project အနေနဲ့စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်"လို့ ဒုဝန်ကြီးကဆိုပါတယ်။


NUG Pay ကို လွတ်လပ်ပြီးလုံခြုံတဲ့ ငွေပေးချေတဲ့စနစ်ဖြစ်အောင် စနစ်တကျလုပ်ဆောင်ခဲ့ကြောင်း၊ လူတိုင်းရဲ့ တယ်လီဖုန်းနံပါတ်မှာအခြေမခံဘဲ အင်တာနက်ရှိတဲ့ မည်သည့်နေရာမဆို သုံးစွဲနိုင်အောင်အခြေခံခဲ့တယ်လို့ ဒုဝန်ကြီးကထပ်လောင်းပြောကြားခဲ့ပါတယ်။ NUGPay ဟာ အကြမ်းဖက်စစ်ကောင်စီ ငွေကြေး ယန္တရားအောက်မှ လုံးဝ လွတ်ကင်းသော ငွေပေးချေမှု စနစ်တစ်ခုပင် ဖြစ်ပြီး ပြည်သူများ အနေဖြင့် ငွေကြေးလွှဲပြောင်းမှုများကို လုံခြုံစိတ်ချစွာ ဆောင်ရွက်နိုင်ပါတယ်။


========================


📌📌 ၄။ မြဝတီ - ဝေါ်လေ ကားလမ်းမပေါ် သုံးထပ်ကွေ့ရှိ တိုက်ပွဲများအတွင်း ထွက်ပြေးလွတ်မြောက်ခဲ့သော ခမရ (၁၀၂) မှ တပ်သား ငါးဦးအား ကောင်းမွန်စွာ ထိန်းသိမ်း ထားရှိ


ကရင်ပြည်နယ် မြဝတီ - ဝေါ်လေ ကားလမ်းမပေါ် သုံးထပ်ကွေ့ရှိ တိုက်ပွဲများအတွင်း ထွက်ပြေးလွတ်မြောက်ခဲ့သော ခမရ (၁၀၂) မှ တပ်သား ငါးဦးအား ကောင်းမွန်စွာ ထိန်းသိမ်း ထားရှိပါတယ်။ ဇူလိုင် ၁၁ ရက်နေ့မှာ စစ်ကောင်စီ တပ်သား ငါးဦးအား ကောင်းမွန်စွာ ထားရှိထားတယ်လို့ ကော်ပရာစစ်ကြောင်းကဆိုပါတယ်။


"အကြမ်းဖက် စစ်ကောင်စီနှင့် ကော်ဘရာစစ်ကြောင်းတို့အကြား ဖြစ်ပွားနေသော မြဝတီ - ဝေါ်လေ ကားလမ်းမပေါ်ရှိ သုံးထပ်ကွေ့ရှိ တိုက်ပွဲများအတွင်း ထွက်ပြေးလွတ်မြောက်ခဲ့သော ခမရ (၁၀၂) မှ တပ်သား ငါးဦးအား ကောင်းမွန်စွာ ထိန်းသိမ်း ထားရှိပါတယ်"လို့ဖော်ပြပါတယ်။ ဒါ့အပြင် စကစတပ်သားငါးဦးအား လိုအပ်သော ဆေးကုသမှုများဆောင်ရွက်ပေးလျက်ရှိပြီး ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့် အညီ အန္တရာယ်ကင်းရှင်းပြီး၊ လုံခြုံသော နေရာတွင် လူသားဆန်စွာ ထားရှိထားတာဖြစ်ပါတယ်။


========================


📌📌 ၅။ NUG Pay ကတဆင့် ထောက်ပို့ငွေ ခုနစ်သောင်းရပြီလို့ မြိုင် PDF ဆို


NUG Pay ကတဆင့် ထောက်ပို့ငွေ ခုနစ်သောင်းရပြီလို့ မြိုင် PDF ကဆိုပါတယ်။ ဇူလိုင် ၁၁ ရက်နေ့မှာ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ပါတယ်။


"မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို လှူဒါန်းလို့ရမဲ့ NUG pay လာပါပြီဗျ။ လတ်တလော ၇၀၀၀၀ ရရှိထားပါတယ်"လို့ ဆိုပါတယ်။


NUGPay ဟာ လက်ရှိမှာ ကာကွယ်ရေးတပ်ဖွဲ့များကိုထောက်ပံ့ပေးပို့နိုင်ပြီဖြစ်ပါတယ်။ NUGPay ဟာ အကြမ်းဖက်စစ်ကောင်စီ ငွေကြေး ယန္တရားအောက်မှ လုံးဝ လွတ်ကင်းသော ငွေပေးချေမှု စနစ်တစ်ခုပင် ဖြစ်ပြီး ပြည်သူများ အနေဖြင့် ငွေကြေးလွှဲပြောင်းမှုများကို လုံခြုံစိတ်ချစွာ ဆောင်ရွက်နိုင်ပါတယ်။


========================


📌📌 ၆။ PEOPLE'S  DEFENCE FORCE-HTILIN (YRPA) ရဲ့စိုးမိုးနယ်မြေမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးရာ လူငါးရာကျော် စောင့်ရှောက်မှုခံယူ


PEOPLE'S  DEFENCE FORCE-HTILIN (YRPA) ရဲ့စိုးမိုးနယ်မြေမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးရာ လူငါးရာကျော် စောင့်ရှောက်မှုခံယူခဲ့ပါတယ်။ ဇူလိုင် ၁၁ ရက်နေ့မှာ People's Defence Force - Htilin (YRPA) က ဆိုပါတယ်။


" မိဘပြည်သူများအနေနဲ့ ကျန်းမာရေးကဏ္ဌ ၊ပညာရေးကဏ္ဌများတွင်လည်း လုံခြုံမှုမရှိသောအခြေအနေများကြောင့် နောက်ကျနေခဲ့ကြရပြီး ကျန်းမာရေးကဏ္ဌအတွက်လည်း အခက်အခဲအမျိုးမျိုးဖြင့် ဖြေရှင်းနေခဲ့ကြရပါတယ်။ ထိုကြောင့် ကျွန်တော်တို့ People's Defence Force - Htilin (YRPA) Medical Team မှ  မိဘပြည်သူများ၏ ကျန်းမာရေးကို အထူးဂရုစိုက်သောအနေဖြင့် ကျန်းမာရေးပညာပေးကဏ္ဌကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြပါတယ်"လို့ ဖော်ပြပါတယ်။


 PEOPLE'S  DEFENCE FORCE -HTILIN(YRPA) Medical Team ဆေးအဖွဲ့၀င်များမှ  စိုးမိုးနယ်မြေ ()()()() တွင်  သွေးလွန်တုပ်ကွေးနှင့် ၀မ်းပျက်၀မ်းလျှောရောဂါများ အကြောင်းကို ဆွေးနွေးပြောကြားခဲ့ကြပြီး ကာကွယ်ရေးနည်းလမ်းများကို ဟောပြောပညာပေးခဲ့ကြပါတယ်။ ထို့နောက် ကျေးရွာနေ မိဘပြည်သူများ၏ ကျန်းမာရေးအတွက် အုပ်တချပ်သဲတပွင့်ဖြစ်စေရန်အလို့ငှာ ရှိနေသော ဆေးဝါးများဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ရာ ကျန်းမာရေးစောင့်ရှောက်မှုခံယူသူဦးရေ စုစုပေါင်း ၅၀၀ ကျော်ရှိခဲ့ပါတယ်။


========================


📌📌 ၇။ တစ်လက် ၁၈ သိန်းတန် india shotgun နဲ့ပုံစံအတူ လက်လုပ် shotgun များကို တစ်လက် သိန်းကုန်ကျစရိတ်နဲ့ဆရာစံ PDF က လက်လုပ်သေနတ်ထုတ်လုပ်အောင်မြင်


တစ်လက် ၁၈ သိန်းတန် india shotgun နဲ့ပုံစံအတူ လက်လုပ် shotgun များကို တစ်လက် သိန်းကုန်ကျစရိတ်နဲ့ဆရာစံ PDF က လက်လုပ်သေနတ်ထုတ်လုပ်အောင်မြင်တယ်လို့ သတင်းရရှိပါတယ်။ ဇူလိုင် ၁၁ ရက်နေ့မှာ ဆရာစံ PDF က လက်နက်ထုတ်လုပ်အောင်မြင်တယ်လို့ဆိုပါတယ်။


"ဆရာစံ PDF မှ india shotgun 5.56 ဘောက်ထိုးများကို အောင်မြင်စွာထုတ်လုပ်နေပါတယ်။ India shotgun တစ်လက်၁၈သိန်းပေးဝယ်နေရတဲ့အချိန်မှာ ကျနော်တို့ဆရာစံ PDFမှ india shotgun နဲ့ပုံစံအတူ လက်လုပ် shotgun များကိုလဲ တစ်လက် သိန်းသာကုန်ကျစရိတ်ရှိလို့ များများထုတ်လုပ်နိုင်ဖို့လဲ ကြိုးစားနေပါတယ်"လို့ဆိုပါတယ်။ အဆိုပါ india shotgun နဲ့ ပုံစံအတူ လက်လုပ်သေနတ်ကိုများများထုတ်လုပ်နိုင်ဖို့လည်းကြိုးစားနေတယ်လို့ဆရာစံ ပြည်သူ့ကာကွယ်ရေးတပ်ကထုတ်ပြန်ပါတယ်။


========================


📌📌 ၈။ ကလေးမြို့၊ ချမ်းမြေ့အောင်စည်ရပ်ကွက်တွင် နေထိုင်သော လူရွယ်တစ်ဦး သူငယ်ချင်းများကို ဆိုင်ကယ်နဲ့ ပြန်လိုက်ပို့စဥ် စကစတပ်ကအကြောင်းမဲ့ပစ်ခတ်၍သေဆုံး


ကလေးမြို့၊ ချမ်းမြေ့အောင်စည်ရပ်ကွက်တွင် နေထိုင်သော လူရွယ်တစ်ဦး သူငယ်ချင်းများကို ဆိုင်ကယ်နဲ့ ပြန်လိုက်ပို့စဥ် စကစတပ်ကအကြောင်းမဲ့ပစ်ခတ်၍သေဆုံးခဲ့ပါတယ်။ ဇူလိုင် ၁၁ ရက်နေ့မှာ အပြစ်မဲ့အရပ်သားသေဆုံးမှုကို AAPP ကဖော်ပြပါတယ်။


ဇူလိုင်လ ရက်နေ့ ညနေပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ချမ်းမြေ့အောင်စည်ရပ်ကွက်တွင် နေထိုင်သည့် ကိုမုံစွန့်ခိုင်သည် ဆိုက်တွဲဆိုင်ကယ်ဖြင့် သူငယ်ချင်းများကို ပို့ဆောင်စဉ် ဆိပ်ကမ်းသာဈေးအနီး၌ စစ်သားများ၏ ပစ်ခတ်ခြင်းကို ခံခဲ့ရပါတယ်။ သေနတ်နဲ့ပစ်ခတ်မှုကြောင့် နောက်ကျောတွင် ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ကိုမုံစွန့်ခိုင်အား ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ဇူလိုင်လ ၁၀ ရက်နေ့ နံနက် နာရီတွင် ကျဆုံးသွားခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၀၇၆) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment