15th JUL 2022 - Morning Daily News by Radio NUG

၂၀၂၂ ဇူလိုင်လ ၁၅ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ မြေပြင်အဖွဲ့များရဲ့အခက်အခဲနဲ့စိန်ခေါ်မှုများကို အားလုံးပူးပေါင်းကာ ဝိုင်းဝန်းဖြေရှင်းဆောင်ရွက်ပေးကြရန် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း တိုက်တွန်းပြောကြား

📌 ၂။ ပြည်သူ့ခုခံတွန်းလှန်စစ်မှာ တစ်လအတွင်းသေဆုံးတဲ့ စကစတပ်ဖွဲ့ဝင် ၁၉၇၅ ဦးထိရှိလာ

📌 ၃။ အကြမ်းဖက်စစ်အုပ်စုအနေဖြင့် ဆရာ၊ ဆရာမများအား ဖမ်းဆီးခြင်းနှင့် ခြိမ်းခြောက်ခြင်းဟာ အခြေခံလူ့အခွင့်အရေးတစ်ရပ်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနထုတ်ပြန်

📌 ၄။ online ကျောင်းတွေအားလုံး NUG ပညာရေးဝန်ကြီဌာနရဲ့ level 2 အသိအမှတ်ပြုမှု ခံရယူရမှာဖြစ်တယ်လို့ ဒုဝန်ကြီးဂျာထွယ်ပန်သတိပေးပြောကြား

📌 ၅။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသားကျန်းမာရေးဌာန များရဲ့ဆေးရုံ/ဆေးခန်းများတွင် တာဝန်ထမ်းဆောင်နိုင်ရန် CDM ကျန်းမာရေး ပညာရှင်များခေါ်ယူ

📌 ၆။ မြိုင်မြို့နယ် ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သို့ ဒေသခံ မိဘပြည်သူများက တော်လှန်ရေးအတွက် လိုအပ်သည့်နေရာမှာအသုံးပြုရန် နားကပ်နဲ့လက်စွပ်များချွတ်၍ လှူဒါန်း

📌 ၇။မြဝတီ - ဝေါ်လေ ကားလမ်းမပေါ်ရှိ သုံးထပ်ကွေ့နှင့် သရက်နှစ်ပင်ကျေးရွာ အကြားဖြစ်ပွားခဲ့သော တိုက်ပွဲမှ ဆုတ်ခွာ ထွက်ပြေးခဲ့ရသောစကစတပ် ခလရ () နှင့် ခမရ (၂၀၇) စစ်ကြောင်းများအား ကော်ပရာစစ်ကြောင်းမှ ထပ်မံကြားဖြတ်တိုက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မြေပြင်အဖွဲ့များရဲ့အခက်အခဲနဲ့စိန်ခေါ်မှုများကို အားလုံးပူးပေါင်းကာ ဝိုင်းဝန်းဖြေရှင်းဆောင်ရွက်ပေးကြရန် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း တိုက်တွန်းပြောကြား


မြေပြင်အဖွဲ့များရဲ့အခက်အခဲနဲ့စိန်ခေါ်မှုများကို အားလုံးပူးပေါင်းကာ ဝိုင်းဝန်းဖြေရှင်းဆောင်ရွက်ပေးကြရန် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း ဇူလိုင် ၁၄ ရက် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး မှာတိုက်တွန်းပြောကြားခဲ့ပါတယ်။


"ဗဟိုကော်မတီအဖွဲ့ဝင်များအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနအလိုက်  မူလတာဝန်များအပြင် အခြားသောလုပ်ငန်းတာဝန်အများအပြားနှင့် မအားမလပ်သည့်ကြားမှ တက်ရောက်လာကြသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊မိမိတို့‌ကော်မတီအနေဖြင့် ပြည်နယ်အတိုင်ပင်ခံကောင်စီများ၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီများနှင့်တွေ့ဆုံဆွေးနွေးမှုများမှ ထွက်ပေါ်လာသည့် ဆောင်ရွက်ရန်ရှိသည့်ကိစ္စရပ်များအပေါ် အချင်းချင်း ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊၊မြေပြင်အဖွဲ့များ၏ အခက်အခဲနှင့်စိန်ခေါ်မှုများကိုလည်း အားလုံးပူးပေါင်းကာ ဝိုင်းဝန်းဖြေရှင်းဆောင်ရွက်ပေးရန်"ဝန်ကြီးချုပ်ကဆိုပါတယ်။


ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၁၉/၂၀၂၂) တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်များ၊ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး ပြည်နယ်အတိုင်ပင်ခံကောင်စီများအတွက် အုပ်ချုပ်ရေး၊ပညာရေး၊ကျန်းမာရေးနှင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဘတ်ဂျတ်များခွဲဝေပေးအပ်နိုင်ရေးကို တင်ပြဆွေးနွေးခဲ့ပါတယ်။


အစည်းအဝေးသို့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့်အတူ ဗဟိုကော်မတီ ဒုတိယဥက္ကဌ () ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်အပါအဝင် ဗဟိုကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါတယ်။


========================


📌📌 ၂။ ပြည်သူ့ခုခံတွန်းလှန်စစ်မှာ တစ်လအတွင်းသေဆုံးတဲ့ စကစတပ်ဖွဲ့ဝင် ၁၉၇၅ ဦးထိရှိလာ


ပြည်သူ့ခုခံတွန်းလှန်စစ်မှာ တစ်လအတွင်းသေဆုံးတဲ့ စကစတပ်ဖွဲ့ဝင် ၁၉၇၅ ဦးထိရှိလာခဲ့တယ်လို့ ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဇူလိုင် ၁၄ ရက် မှာထုတ်ပြန်ပါတယ်။


"(..၂၀၂၂) မှ (..၂၀၂၂) ထိ ဒဿမ တာအတွင်း အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ၏ဘက်မှ သေဆုံးသူ- ၁၉၇၅ ဦး အထိကျဆုံးခဲ့ပြီး ထိခိုက်သူ - ၈၉၀ ဦး အထိဒဏ်ရာရရှိခဲ့တယ်"လို့ဖော်ပြပါတယ်။


အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီဟာမြန်မာပြည်သူများအပေါ် မတရားဖမ်းဆီးသတ်ဖြတ် အကြမ်းဖက်လုပ်ရပ်များကို နေ့စဉ်ကျူးလွန်လုပ်ဆောင်နေရာ၊ ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်မှု ကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံတော်လှန်စစ်ကို မလွှဲမရှောင်သာ ဆင်နွှဲနေကြရခြင်းဖြစ်တယ်လို့လည်းဆိုပါတယ်။


========================


📌📌 ၃။ အကြမ်းဖက်စစ်အုပ်စုအနေဖြင့် ဆရာ၊ ဆရာမများအား ဖမ်းဆီးခြင်းနှင့် ခြိမ်းခြောက်ခြင်းဟာ အခြေခံလူ့အခွင့်အရေးတစ်ရပ်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနထုတ်ပြန်


အကြမ်းဖက်စစ်အုပ်စုအနေဖြင့် ဆရာ၊ ဆရာမများအား ဖမ်းဆီးခြင်းနှင့် ခြိမ်းခြောက်ခြင်းဟာ အခြေခံလူ့အခွင့်အရေးတစ်ရပ်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနထုတ်ပြန်ပါတယ်။ ဇူလိုင်လ (၁၄) ရက်မှာ “Kaung For You Education” မှ ဆရာ/ဆရာမများကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးခြင်းနှင့် ပတ်သက်တဲ့ ထုတ်ပြန်ကြေညာချက်ကို ပညာရေးဝန်ကြီးဌာနကဖော်ပြခဲ့ပါတယ်။


“Kaung For You Education” အွန်လိုင်းအခြေပြု ပညာသင်ကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်လျက် ရှိတယ်လို့လေ့လာသိရှိရပါတယ်။


“Kaung For You Education” အနေဖြင့် မကြာသေးမီက အချက်အလက် ကျိုးပေါက်မှု ရှိခဲ့သည်ကိုလည်း လေ့လာသိရှိရပါတယ်။ အွန်လိုင်းအခြေပြု ပညာသင်ကျောင်းတစ်ခုအနေဖြင့်  ကိုယ်ရေးအချက်အလက်များကို ကောက်ယူခဲ့ပြီး စနစ်တကျ မထိန်းသိမ်းနိုင်ခဲ့ခြင်း သည် အခြေခံ လူ့အခွင့်အရေးတစ်ရပ်ဖြစ်သော ကိုယ်ရေးအချက်အလက် လုံခြုံခွင့် (Right to Privacy) ကို ချိုးဖောက်မှု ဖြစ်ပါတယ်။


ထို့အတွက် သက်ဆိုင်ရာကျောင်းစီမံခန့်ခွဲမှုအနေဖြင့် တာဝန်ခံရန် တာဝန်ရှိပါတယ်လို့ဆိုပါတယ်။ တစ်ချိန်တည်းမှာပင် ပညာရေးအခွင့်အရေး (Right to Education) သည်လည်း အခြေခံ လူ့အခွင့်အရေး ဖြစ်ပြီးမည်သူတစ်ဦးတစ်ယောက်ကိုမှ ပညာသင်ကြားခြင်း၊ သင်ယူခြင်းကို အကြောင်းပြု၍ ခြိမ်းခြောက် ခြင်း၊ ဖမ်းဆီးခြင်း မပြုအပ်ဘူးလို့ဖော်ပြပါတယ်။ ယခုကဲ့သို့ အကြမ်းဖက်စစ်အုပ်စုအနေဖြင့် ဆရာ၊ ဆရာမများအား ဖမ်းဆီးခြင်းနှင့် ခြိမ်းခြောက်ခြင်းသည် အခြေခံလူ့အခွင့်အရေးတစ်ရပ်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်တယ်လို့ဆိုပါတယ်။ အသက် ၁၈ နှစ်အောက် ကလေးသူငယ်များ ဖြစ်ကြသော ကျောင်းသား/ကျောင်းသူများ၏ လုံခြုံရေး အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့အနေဖြင့် အထူးစိုးရိမ်လျက်ရှိပြီး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေး ယန္တရားများနှင့် ချိတ်ဆက်လျက် လိုအပ်သလို တုံ့ပြန်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။


========================


📌📌 ၄။ online ကျောင်းတွေအားလုံး NUG ပညာရေးဝန်ကြီဌာနရဲ့ level 2 အသိအမှတ်ပြုမှု ခံရယူရမှာဖြစ်တယ်လို့ ဒုဝန်ကြီးဂျာထွယ်ပန်သတိပေးပြောကြား


online ကျောင်းတွေအားလုံး NUG ပညာရေးဝန်ကြီဌာနရဲ့ level 2 အသိအမှတ်ပြုမှု ခံရယူရမှာဖြစ်တယ်လို့ ဒုဝန်ကြီးဂျာထွယ်ပန်က ဇူလိုင် ၁၄ ရက်မှာ လူမှုကွန်ရက်မှာ သတိပေးရေးသားပြောကြားလိုက်ပါတယ်။


"ပညာရေးဝန်ကြီးဌာန အနေနဲ့ online ကျောင်းတွေကို စိစစ်ပြီး အသိအမှတ်ပြုပေးဖို့ လုပ်ဆောင်နေဆဲကာလဖြစ်ပါတယ်။ မကြာခင်မှာ အသိအမှတ်ပြုပြီး ကျောင်းတွေကို ကြေငြာပေးမှာဖြစ်ပါတယ်။ အခုအချိန်အထိ online ကျောင်းတွေကို တော်လှန်ရေး ကာလ ကျောင်းတွေအဖြစ် အသိအမှတ်ပြုအားပေးတဲ့အနေနဲ့ နှုတ်အားဖြင့် ပြောထားတာဖြစ်ပြီး (level 1 အသိအမှတ်ပြုမှု) ထုတ်ပြန်ထားတဲ့ Recognition policy အသိအမှတ်ပြုမှုမူဝါဒအရ (level 2 ) အသိအမှတ်ပြုပေးဖို့ စိစစ်နေဆဲဖြစ်ပါတယ်။ online ကျောင်းတွေအားလုံး level 2 အသိအမှတ်ပြုမှု ခံရယူရမှာဖြစ်ပါတယ်"လို့ ဒုဝန်ကြီးကဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ကာ ပြည်သူ့ပညာရေးဖော်ဆောင်နေသော Online ကျောင်း စုစုပေါင်း (၅၁) ကျောင်းရှိပြီး မြေပြင် သင်ကြားရေးအနေဖြင့်လဲ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရှမ်း စသည့်ဒေသများတွင် ပြည်သူ့အခြေပြု စာသင်ကျောင်းများ ဖွင့်လှစ် သင်ကြားလျက်ရှိပါတယ်။



========================


📌📌 ၅။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသားကျန်းမာရေးဌာန များရဲ့ဆေးရုံ/ဆေးခန်းများတွင် တာဝန်ထမ်းဆောင်နိုင်ရန် CDM ကျန်းမာရေး ပညာရှင်များခေါ်ယူ


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသားကျန်းမာရေးဌာန များရဲ့ဆေးရုံ/ဆေးခန်းများတွင် တာဝန်ထမ်းဆောင်နိုင်ရန် CDM ကျန်းမာရေး ပညာရှင်များခေါ်ယူလိုက်ပါတယ်။ ဇူလိုင်လ (၁၄) ရက်နေ့မှာအမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ကြေညာချက်အမှတ် (/၂၀၂၂) နဲ့ကြေညာခဲ့ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသားကျန်းမာရေးဌာန များ၏ ဆေးရုံ/ဆေးခန်းများတွင် တာဝန်ထမ်းဆောင်နိုင်ရန်  တာဝန်များ (စုစုပေါင်း ၁၂ ခု) အတွက် လျှောက်လွှာတင်သွင်းနိုင်တယ်လို့ဆိုထားပါတယ်။


အဆိုပါခေါ်ယူသော တာဝန်များမှာ

၁။ အရိုးအထူးကုဆရာဝန် - (၁၀) နေရာ 

၂။ အရိုးအထူးကု ဘွဲ့လွန်သင်တန်းသား - (၁၀) နေရာ

၃။ ခွဲစိတ်အထူးကုဆရာဝန် - (၁၀) နေရာ

၄။ ခွဲစိတ်အထူးကု ဘွဲ့လွန်သင်တန်းသား - (၁၀) နေရာ

၅။ မေ့ဆေးအထူးကုဆရာဝန် - (၁၀) နေရာ

၆။ မေ့ဆေးအထူးကု ဘွဲ့လွန်သင်တန်းသား - (၁၀) နေရာ

၇။ အရေးပေါ်အထူးကုဆရာဝန်  - (၁၀) နေရာ

၈။ အရေးပေါ်အထူးကု ဘွဲ့လွန်သင်တန်းသား - (၁၀) နေရာ

၉။ အကြောအဆစ်နှင့်ပြန်လည်သန်စွမ်းရေးအထူးကုဆရာဝန် - (၁၀) နေရာ 

၁၀။ အကြောအဆစ်နှင့်ပြန်လည်သန်စွမ်းရေးဘွဲ့လွန်သင်တန်းသား - (၁၀) နေရာ

၁၁။ လက်ထောက်ဆရာဝန် - (၂၀) နေရာ

၁၂။ သူနာပြု - (၃၀) နေရာတို့ဖြစ်ပါတယ်။


လျှောက်ထားသူဟာပြည်ထောင်စုမြန်မာနိုင်ငံဖွား ဖြစ်၍ ကျန်းမာရေးကောင်းမွန်သူ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက CDM ဝန်ထမ်း သို့မဟုတ် အကြမ်းဖက်စစ်ကောင်စီနှင့် ပတ်သက်မှု မရှိသူ ဖြစ်ရမှာဖြစ်ပါတယ်။


========================


📌📌 ၆။ မြိုင်မြို့နယ် ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သို့ ဒေသခံ မိဘပြည်သူများက တော်လှန်ရေးအတွက် လိုအပ်သည့်နေရာမှာအသုံးပြုရန် နားကပ်နဲ့လက်စွပ်များချွတ်၍ လှူဒါန်း


မြိုင်မြို့နယ် ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သို့ ဒေသခံ မိဘပြည်သူများက တော်လှန်ရေးအတွက် လိုအပ်သည့်နေရာမှာအသုံးပြုရန် နားကပ်နဲ့လက်စွပ်များချွတ်၍ လှူဒါန်းခဲ့တယ်လို့ မြိုင်မြို့နယ် ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇူလိုင် ၁၄ ရက်နေ့မှာဖော်ပြပါတယ်။


"ကျွန်တော်တို့ မြိုင်မြို့နယ် ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ  တိုက်ပွဲတွေ အရှိန်မြှင့်တိုက်ခိုက်ဖို့ l လက်နက် ခဲယမ်းဝယ်ယူဖို့အတွက် အရေးကြီး လိုအပ်နေချိန်မှာ မြိုင်မြို့နယ်ရှိ ဒေသခံ မိဘပြည်သူများက တော်လှန်ရေးအတွက် လိုအပ်သည့်နေရာမှာ ထုခွဲရောင်းချပြီး အသုံးပြုနိုင်ရန် ဆိုင်ကယ် () စီး l လက်စွပ် () ကွင်း l နားကပ် () ရံ အား လှူဒါန်းထောက်ပံ့ပေးသည့်အတွက် မြိုင်မြို့နယ် ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သား အားလုံးမှ အထူးပင် ကျေးဇူးတင်ရှိပါတယ်"လို့ဆိုပါတယ်။ အညာဒေသမှာ ဒေသခံ ပြည်သူလူထုဟာ ၄င်းတို့ပိုင်ဆိုင်သမျှကို နွေဦးတော်လှန်ရေးအတွက် ထည့်ဝင်လှူဒါန်းပေးမှုများ အရှိန်အဟုန်မပျက် ပိုမိုများပြားလာခဲ့ပါတယ်။


========================


📌📌 ၇။မြဝတီ - ဝေါ်လေ ကားလမ်းမပေါ်ရှိ သုံးထပ်ကွေ့နှင့် သရက်နှစ်ပင်ကျေးရွာ အကြားဖြစ်ပွားခဲ့သော တိုက်ပွဲမှ ဆုတ်ခွာ ထွက်ပြေးခဲ့ရသောစကစတပ် ခလရ () နှင့် ခမရ (၂၀၇) စစ်ကြောင်းများအား ကော်ပရာစစ်ကြောင်းမှ ထပ်မံကြားဖြတ်တိုက်


မြဝတီ - ဝေါ်လေ ကားလမ်းမပေါ်ရှိ သုံးထပ်ကွေ့နှင့် သရက်နှစ်ပင်ကျေးရွာ အကြားဖြစ်ပွားခဲ့သော တိုက်ပွဲမှ ဆုတ်ခွာ ထွက်ပြေးခဲ့ရသောစကစတပ် ခလရ () နှင့် ခမရ (၂၀၇) စစ်ကြောင်းများအား ကော်ပရာစစ်ကြောင်းမှ ထပ်မံကြားဖြတ်တိုက်ခံရပါတယ်။ ဇူလိုင် ၁၄ ရက်မှာ စစ်ရေးသတင်းကို ကော်ပရာ စစ်ကြောင်းကဖော်ပြပါတယ်။


ကော်ဘရာစစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဆုတ်ခွာ ထွက်ပြေးခဲ့ရသော အကြမ်းဖက် စစ်ကောင်စီ၏ ခလရ () နှင့် ခမရ (၂၀၇) စစ်ကြောင်းများအား စစ်နည်းဗျူဟာအရ ကြားဖြတ်စောင့်ဆိုင်းနေသော စစ်သည်တော်များနှင့် ဇူလိုင်လ (၁၃) ရက်နေ့တွင် ထပ်မံ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ ကြားဖြတ် တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ (၂၀၇) မှ ယာယီတပ်ရင်းမှူး ဗိုလ်မှူး အပါအဝင် အရာရှိ၊ တပ်သား () ဦး သေဆုံး၊ ဒဏ်ရာ ရရှိခဲ့‌ကြောင်း မြေပြင်သတင်းများအရ သိရပြီး အတည်ပြုနိုင်ရန် နယ်မြေရှင်းလင်းရေး ဆက်လက်ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။ 


အကြမ်းဖက် စစ်ကောင်စီထံမှ .၅၆ ကျည် (၇၀၅) တောင့် MA ကျည်ဘောက် () ခု၊ လက်ပစ်ဗုံး () လုံး၊ (၆၀) မမ ဗုံးသီး () လုံး၊ အမည်မသိကျည်သေး () ခု၊ ဆက်စပ် စစ်အသုံးအဆောင်ပစ္စည်းများ အား သိမ်းဆည်းရမိခဲ့ပါတယ်။ ဇူလိုင်လ (၁၄) ရက်နေ့တွင် နယ်မြေရှင်းလင်းရေး ဆက်လက်ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီထံမှ.၅၆ ကျည် (၃၀၀၀) ကျော်၊ လက်ပစ်ဗုံး (၁၃) လုံး၊ ခွင်းဗုံး (၁၄) လုံး၊ နင်းမိုင်း (၁၂) လုံး၊ (၆၀) မမ ဗုံးသီး () လုံး၊ (၆၀)မမ စိန်ပြောင်း () လက်၊ MA ကျည်ဘောက် (၁၁) ခု၊ RPG -7ကျည် ()လုံး၊  RPG ယမ်းတောင့် () တောင့်၊ ဆိုလာပြား()ခု၊  NATO ကျည် (၂၆၅) တောင့် နှင့် စစ်အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment