23rd JUL 2022 - Evening Daily News by Radio NUG

၂၀၂၂ ဇူလိုင်လ ၂၃ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရက သတ်မှတ်ထုတ်ပြန်ထားတဲ့ အခွန်ချလံပုံစံနမူနာကို အခွန်ထမ်းပြည်သူများထံ အသိပေး ကြေညာ

📌 ၂။ ICJ တရားရုံးဆုံးဖြတ်ချက် အမျိုးသားညီညွတ် ရေးအစိုးရက ကြိုဆို

📌 ၃။အိုင်စီဂျေအမိန့်ကို စစ်ကောင်စီ ငြင်းပယ်ပြီး တရား ရင်မဆိုင်ရင် ဝရမ်းထုတ်ခေါ်ဆောင်နိုင်ပြီး သက်ဆိုင်ရာ နိုင်ငံများက ပူးပေါင်းဖမ်းဆီးခြင်း ခံရနိုင်တယ်လို့ NUG လူ့အခွင့်အရေးရာ ဝန်ကြီးသုံးသပ်ပြောကြား

📌 ၄။ NUG အစိုးရမှာ လိုအပ်ချက်နဲ့ လစ်ဟာချက်တွေ ရှိကောင်းရှိနိုင်သော်လည်း တော်လှန်ရေးကိုအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်လိုတယ်လို့ ဝန်ကြီးဦးထင်လင်းအောင်ပြောကြား

📌 ၅။ စစ်သုံးစစ်ကြောင့် တိုင်းပြည်ဟာ ပြာပုံနီးနီးဘဝရောက်နေကြပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမျိုးဆို

📌 ၆။ အမျိုးသားညီညွတ်ရေးအစိုးရက ငွေတိုက်စာချုပ်ပေါင်း ( ၉၉,၀၀၀) ကျော်ရောင်းချပြီးဖြစ်တယ်လို့ ဒုဝန်ကြီး ဦးမင်းဇေယျာဦးအသိပေး

📌 ၇။ ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်သို့ တက်သွားတဲ့ စကစတပ် စစ်ရေယာဥ်များ အောက်သို့ ပြန် ဆင်းလာကာချင်းတွင်းမြစ်ဘေးရှိ ရွာများသို့ မွှေနှောက်ပစ်ခတ်

📌 ၈။ မုံရွာမြို့ အဆွေတော် ဖုန်းနဲ့ဆိုင်ကယ်ဆိုင်ကို ယနေ့မနက် လူဆယ်ဦးခန့်သေနတ်ပြ ဓားမြတိုက်၍ ဆိုင်ကယ်ရှစ်စီးနဲ့ဖုန်းများယူဆောင်သွား


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရက သတ်မှတ်ထုတ်ပြန်ထားတဲ့ အခွန်ချလံပုံစံနမူနာကို အခွန်ထမ်းပြည်သူများထံ အသိပေး ကြေညာ


အမျိုးသားညီညွတ်ရေးအစိုးရက သတ်မှတ်ထုတ်ပြန်ထားတဲ့ အခွန်ချလံပုံစံနမူနာကို အခွန်ထမ်းပြည်သူများထံ အသိပေးကြေညာလိုက်ပါတယ်။ ဇူလိုင်၂၂ ရက်မှာ ကြေညာချက် ( / ၂၀၂၂) နဲ့စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနကကြေညာခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရက ကြားကာလဒေသန္တရအုပ်ချုပ်ရေး ဖော်ဆောင်ရာတွင် အခွန် ကောက်ခံခြင်းနှင့် မျှဝေသုံးစွဲခြင်းဆိုင်ရာမူဝါဒကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ရက်နေ့တွင် ထုတ်ပြန် ခဲ့ပြီးဖြစ်ပါတယ်။ ယင်းမူဝါဒအတိုင်း စီမံဆောင်ရွက်နိုင်ရေးအတွက် ကြားကာလဒေသန္တရ ပြည်သူ့ အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် သက်ဆိုင်ရာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက ချိတ်ဆက် လုပ်ဆောင်လျက်ရှိတယ်လို့ဆိုပါတယ်။


ယနေ့အချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ထိန်းချုပ်နယ်မြေဒေသများ၌ အခွန်ထမ်း ပြည်သူများ အနေဖြင့် အခွန်ပေးဆောင်ရန် စိတ်အားထက်သန်လျက်ရှိပြီး ကြိုတင်အခွန်များကို ပေးဆောင်လျက်ရှိပါတယ်။ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက လုပ်ထုံးလုပ်နည်းများနှင့်အညီ အခွန် အကောက် ပေးဆောင်သည့် လုပ်ငန်းရှင်များအတွက် သတ်မှတ် အခွန်ချလံပုံစံများဖြင့် ကောက်ခံလျက် ရှိပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရက သတ်မှတ်ထုတ်ပြန်ထားသည့် အဆိုပါ အခွန်ချလံပုံစံနမူနာကို အခွန်ထမ်းပြည်သူများထံ အသိပေး ကြေညာအပ်ပါတယ်လို့ဖော်ပြပါရှိပါတယ်။


========================


📌📌 ၂။ ICJ တရားရုံးဆုံးဖြတ်ချက် အမျိုးသားညီညွတ် ရေးအစိုးရက ကြိုဆို


ICJ တရားရုံးဆုံးဖြတ်ချက်ကို အမျိုးသားညီညွတ်ရေးအစိုးရက ကြိုဆိုလိုက်တယ်လို့ ဝန်ကြီး ဦးအောင်မျိုးမင်းကပြောပါတယ်။ ဇူလိုင်၂၃ ရက် လူမှုကွန်ရက်မှာ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းက ရေးသားပြောကြားခဲ့တာပါ။


"မြန်မာနိုင်ငံအပေါ် ဂန်ဘီယာနိုင်ငံက ရိုဟင်ဂျာ ဂျီနိုဆိုဒ်ရာဇဝတ်မှုနဲ့ပတ်သက်ပြီး တရားစွဲဆိုထားတဲ့အပေါ် လက်ခံစီရင်ခွင့်မရှိဘူးလို့ စစ်ကောင်စီဘက်က ကနဦးကန့်ကွက်ချက်တွေကို ICJ တရားသူကြီးအားလုံးက တစ်ညီတစ်ညွတ်ထည်း ပယ်ချလိုက်ပါတယ်။ ICJ က မြန်မာနိုင်ငံအပေါ် တရားစီရင်ခွင့်ရှိကြောင်း ဆုံးဖြတ်ချက်ချလိုက်ပါပြီ။ဒီ့အတွက်ကြိုဆိုတယ်"လို့ ဝန်ကြီးကဆိုပါတယ်။ NUG အစိုးရအနေနဲ့  ICJ ရဲ့တရားစီရင်ချက်အပေါ် ငြင်းပယ်ခဲ့တာကို ပယ်ဖျက်ခဲ့ပြီး စီရင်ရာမှာ ပူးပေါင်းဆောင်ရွက်မယ်လို့ လွန်ခဲ့တဲ့ ဖေဖော်ဝါရီလထဲက ကြေညာထားပြီးလည်းဖြစ်ပါတယ်။


========================


📌📌 ၃။အိုင်စီဂျေအမိန့်ကို စစ်ကောင်စီ ငြင်းပယ်ပြီး တရား ရင်မဆိုင်ရင် ဝရမ်းထုတ်ခေါ်ဆောင်နိုင်ပြီး သက်ဆိုင်ရာ နိုင်ငံများက ပူးပေါင်းဖမ်းဆီးခြင်း ခံရနိုင်တယ်လို့ NUG လူ့အခွင့်အရေးရာ ဝန်ကြီးသုံးသပ်ပြောကြား


အိုင်စီဂျေအမိန့်ကို စစ်ကောင်စီ ငြင်းပယ်ပြီး တရား ရင်မဆိုင်ရင် ဝရမ်းထုတ်ခေါ်ဆောင်နိုင်ပြီး သက်ဆိုင်ရာ နိုင်ငံများက ပူးပေါင်းဖမ်းဆီးခြင်း ခံရနိုင်တယ်လို့ ဝန်ကြီးဦးအောင်မျိုးမင်းသုံးသပ်ပြောကြားလိုက်ပါတယ်။ ဇူလိုင် ၂၂ ရက် THN freelance journalist နဲ့တွေ့ဆုံမေးမြန်းခန်းမှာ NUG လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကဆိုပါတယ်။


"တရားစီရင် ကြားနာမှုမှာ ပူးပေါင်းပါဝင်မှု မရှိတဲ့အတွက် ဝရမ်းဆိုတဲ့ မဖြစ်မနေ ဆင့်ခေါ်စာရှိလာနိုင်တယ်။ ဆင့်ခေါ်စာဆိုတဲ့နေရာမှာ ICJ တရားရုံးကနေ မဖြစ်မနေ ဖမ်းခေါ်လာခဲ့ဆိုတာတော့ မရှိဘူး။ဒါပေမယ့် ဒီလိုဆင့်ခေါ်တာကို လက်မခံတဲ့အတွက် ဒီလိုရာဇာဝတ်မှုကျူးလွန်တယ်လို့ စွပ်စွဲခံရတဲ့သူတွေကို ကိုယ့်နိုင်ထဲရောက်လာလို့ ပူးပေါင်းပါဝင်လိုတဲ့နိုင်ငံတွေကတော့ ဒါကိုဖမ်းဆီးပြီးတရားရုံးပို့လို့ရတဲ့ဟာမျိုးရှိတယ်"လို့ဝန်ကြီးကဆိုပါတယ်။


လူမျိုးတုန်းသတ်ဖြတ်မှုနဲ့မြန်မာနိုင်ငံကို တရားစွဲခွင့်မရှိဘူးလို့ စကစဘက်က ကန့် ကွက်ထားမှုအပေါ်  ICJ တရားရုံးက ဇူလိုင်၂၂ ရက်မှာ ပယ်ချလိုက်ပါတယ်။ ဒါကြောင့် ICJ က မြန်မာနိုင်ငံအပေါ် တရားစီရင်ခွင့်ရှိကြောင်း ဆုံးဖြတ်ချက်ချလိုက်တာဖြစ်ပြီးတော့ ICJ တရားသူကြီးများအားလုံးက တစ်ညီတစ်ညွတ်တည်းဆုံးဖြတ်ခဲ့ပါတယ်။ လက်ရှိမှာ စကစဘက်ကနေ ဦးကိုကိုလှိုင်ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကနေ ဆောင်ရွက်နေပါတယ်။


========================


📌📌 ၄။ NUG အစိုးရမှာ လိုအပ်ချက်နဲ့ လစ်ဟာချက်တွေ ရှိကောင်းရှိနိုင်သော်လည်း တော်လှန်ရေးကိုအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်လိုတယ်လို့ ဝန်ကြီးဦးထင်လင်းအောင်ပြောကြား


NUG အစိုးရမှာ လိုအပ်ချက်နဲ့လစ်ဟာချက်တွေ ရှိကောင်းရှိနိုင်သော်လည်း တော်လှန်ရေးကိုအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်လိုတယ်လို့ ဝန်ကြီးဦးထင်လင်းအောင်ပြောကြားလိုက်ပါတယ်။ ဇူလိုင်လအတွင်း လူထုတွေ့ဆုံပွဲမှာ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေး၊နည်းပညာ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ကပြောကြားခဲ့ပါတယ်။


"NUG အစိုးရမှာ လိုအပ်ချက်တွေ၊ လစ်ဟာချက်တွေ ရှိကောင်းရှိနိုင်ပါတယ်။ဒီ လစ်ဟာ လိုအပ်ချက်တွေကို ပြည်သူလူထုအားနဲ့ တော်လှန်ရေးအားနဲ့ အားလုံးအတူတူ လက်တွဲပြီးဆောင်ရွက်သွားကြမယ်ဆိုလို့ရှိရင်တော့ ကျနော်တို့ရဲ့လိုအပ်နေတဲ့ ဖက်ဒရယ် ဒီမိုကရေစီဟာ မကြာခင်ရောက်လာတော့မှာပါ။ အခုပဲမြင်တွေ့နေရပါပြီ"လို့ ဝန်ကြီးကဆိုပါတယ်။ လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ အမျိုးသားအတိုင်ပင်ခံကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး တိုင်းရင်းသားကိုယ်စားလှယ်များ၊တော်လှန်ရေးအင်အားစုများနဲ့လည်း နေ့စဥ်မပြတ်တွေ့ဆုံလျက်ရှိပါတယ်။


========================


📌📌 ၅။ စစ်သုံးစစ်ကြောင့် တိုင်းပြည်ဟာ ပြာပုံနီးနီးဘဝရောက်နေကြပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမျိုးဆို


စစ်သုံးစစ်ကြောင့် တိုင်းပြည်ဟာ ပြာပုံနီးနီးဘဝရောက်နေကြပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမျိုးကပြောပါတယ်။ ဇူလိုင်လအတွင်း လူထုတွေ့ဆုံပွဲမှာ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမျိုးကပြောကြားခဲ့တာပါ။


"ကျမတို့ ပြည်သူလူထုဟာ စစ်သုံးစစ်ကို ခံခဲ့တဲ့အနေအထား၊ ခံနေရတဲ့အနေအထားရှိပါတယ်။ စစ်သုံးဟာ အကြမ်းဖက် စစ်တပ်၊ စစ်ဗျူရိုကရက်အုပ်ချုပ်ရေးစနစ်နဲ့ စစ်တပ် နီးစပ်ရာအသိုင်းအဝိုင်းကနေ  စီးပွာရေးကဏ္ဍာကို လက်ဝါးကြီးအုပ်ထားမှုပေါ့။ အဲဒီစစ်သုံးစစ်ကြောင့်တိုင်းပြည်ဟာ ပြာပုံနီးနီးဘဝရောက်နေကြပြီ"လို့ဝန်ကြီးကဆိုပါတယ်။ ဒါ့အပြင် အကြမ်းဖက် စစ်တပ်ဟာ သဘာဝသယံဇာတ အားလုံးနီးပါးကိုရောင်းချခဲ့တဲ့အတွက် သဘာဝသယံဇာတ အရင်းအမြစ်များ ပျောက်ကွယ်လုနီးပါးဖြစ်နေပြီလို့ ဝန်ကြီးကထပ်လောင်းပြောကြားပါတယ်။


========================


📌📌 ၆။ အမျိုးသားညီညွတ်ရေးအစိုးရက ငွေတိုက်စာချုပ်ပေါင်း ( ၉၉,၀၀၀) ကျော်ရောင်းချပြီးဖြစ်တယ်လို့ ဒုဝန်ကြီး ဦးမင်းဇေယျာဦးအသိပေး


အမျိုးသားညီညွတ်ရေးအစိုးရက ငွေတိုက်စာချုပ်ပေါင်း (၉၉,၀၀၀) ကျော်ရောင်းချပြီးဖြစ်တယ်လို့ ဒုဝန်ကြီး ဦးမင်းဇေယျာဦးအသိပေးပြောပါတယ်။ ဇူလိုင်လအတွင်း လူထုတွေ့ဆုံပွဲမှာ စီမံကိန်း၊ဘဏ္ဍာရေးနဲ့ ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန ဒုဝန်ကြီး ဦးမင်းဇေယျာဦးကပြောခဲ့ပါတယ်။


"အခူချိန်အထိတော့ ငွေတိုက်စာချုပ်ပေါင်းဟာ ၉၉၀၀၀ ကျော် ရောင်းချပြီးဖြစ်ပါတယ်။ နောက်တစ်ခုက အခွန်တံဆိပ်ခေါင်း ကျနော်တို့ စီမံဘဏ္ဍက ထုတ်ထားတာ မျိုးရှိပါတယ်။ ဒါကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရနဲ့ သက်ဆိုင်တဲ့စာချုပ်စာတမ်းတွေမှာ ရည်ရွယ် အသုံးပြုလျက်ရှိပါတယ်"လို့ဆိုပါတယ်။ အထူးငွေတိုက်စာချုပ်များကို NUG အစိုးရဟာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ စတင်ရောင်းချခဲ့ပြီးတော့ လက်ရှိအချိန်မှာ အမေရိကန်ဒေါ်လာ ၃၈ သန်းဖိုးအထိ ရောင်းချထားရပြီးဖြစ်ပါတယ်။


========================


📌📌 ၇။ ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်သို့ တက်သွားတဲ့ စကစတပ် စစ်ရေယာဥ်များ အောက်သို့ ပြန် ဆင်းလာကာချင်းတွင်းမြစ်ဘေးရှိ ရွာများသို့ မွှေနှောက်ပစ်ခတ်


ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်သို့ တက်သွားတဲ့ စကစတပ် စစ်ရေယာဥ်များ အောက်သို့ ပြန် ဆင်းလာကာချင်းတွင်းမြစ်ဘေးရှိ ရွာများသို့ မွှေနှောက်ပစ်ခတ်ခဲ့ပါတယ်။ ဇူလိုင် ၂၃ ရက် နံနက်ပိုင်းကစတင်ကာ စစ်ကောင်စီရေယာဉ် () စီး အလုံ၊ မင်းဒေါင့် မှတဆင့် ဆန်တက်လာပြီး ချင်းတွင်းမြစ်ကမ်းဘေးရှိ ပန်းတိမ်ပြင်၊ကျောက်မှော်ရွာတို့ကို မွှေနှောက်ပစ်ခတ်နေတယ်လို့ တော်လှန်ရေးအင်အားစုများကဆိုပါတယ်။


လက်ရှိမှာ ရွာသားများထွက်ပြေးတိမ်းရှောင်နေရပြီးတော့ ယင်းမာပင်မြို့နယ်ကျောက်မှော် ကျေးရွာသို့ ယနေ့ နံနက် () နာရီ အချိန်တွင် ဝင်ရောက်လာပြီး ပြည်သူ့နေအိမ်များကို မွှေနှောက်ကာ ပြည်သူ (၁၀) ဦးခန့်ကို ဖမ်းဆီးသွားခဲ့တယ်လို့ဆိုပါတယ်။ အကြမ်းဖက်စစ်တပ် ရန်မှ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသော ဒေသခံ ကျေးရွာများမှ စစ်ဘေးရှောင် အင်အား (၃၀၀၀) ကျော်ခန့် ရှိပါတယ်။


========================


📌📌 ၈။ မုံရွာမြို့ အဆွေတော် ဖုန်းနဲ့ဆိုင်ကယ်ဆိုင်ကို ယနေ့မနက် လူဆယ်ဦးခန့်သေနတ်ပြ ဓားမြတိုက်၍ ဆိုင်ကယ်ရှစ်စီးနဲ့ဖုန်းများယူဆောင်သွား


မုံရွာမြို့ အဆွေတော် ဖုန်းနဲ့ဆိုင်ကယ်ဆိုင်ကို ယနေ့မနက် လူဆယ်ဦးခန့်သေနတ်ပြ ဓားမြတိုက်၍ ဆိုင်ကယ်ရှစ်စီးနဲ့ဖုန်းများယူဆောင်သွားပါတယ်။ ဇူလိုင် ၂၃ ရက် နံနက်အစောပိုင်းမှာ ဖြစ်ပွားခဲ့တာဖို့ အဆွေတော် ဖုန်းနဲ့ဆိုင်ကယ်အရောင်းဆိုင်ကဝန်ထမ်းတစ်ဦးကပြောပါတယ်။


"ဆိုင်ကယ်ရှစ်စီးပါသွားတယ်။ဖုန်းတွေရော။ ကားအမည်းနဲ့လာတာ အားလုံးဆယ်ယောက်မှာ သေနတ်အတိုကိုယ်စီပါပါတယ်။ CCTVတွေအကုန်ရိုက်ချိုးသွားတယ်"လို့ဝန်ထမ်းတစ်ဦးကဆိုပါတယ်။ အဆိုပါ အဆွေတော် ဖုန်းနဲ့ဆိုင်ကယ်ဆိုင်ကို မုံရွာမြို့ မြဝတီရပ် သစ္စာ လမ်းပေါ် လမ်းသွယ် တွင် ဖွင့်လှစ်ထားခြင်းဖြစ်ပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment