၂၀၂၂ ဇူလိုင်လ ၂၃ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ PDF တွေရဲ့ စိုးမိုးဒေသမှာ စစ်ကောင်စီရဲ့ ပညာရေး၊ကျန်းမာရေးအပါအဝင် ဝန်ဆောင်မှုအများအပြားမရှိတော့ဘူးလို့ ကာကွယ်ရေးဝန်ကြီးအသိပေး
📌 ၂။ မြန်မာ့မြေပေါ်မှာ အာဏာရှင် အဆက်ဆက်က အာဏာသိမ်းတဲ့ အလေ့အထနဲ့ ယဥ်ပါးနေတယ်လို့ဆို
📌 ၃။ နောက်ဆုံးတိုက်ပွဲ ခေါ်မှာဖြစ်လို့ PDF များ အသင့်ပြင်ထားကြရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြော
📌 ၄။ အဆုံးသတ်တိုက်ပွဲ အတွက် တော်လှန်ရေးအသုံးစရိတ် အမေရိကန်ဒေါ်လာသန်း ၅၀ လိုအပ်
📌 ၅။ ICJ က မြန်မာနိုင်ငံအပေါ် တရားစီရင်ခွင့်ရှိကြောင်း ဆုံးဖြတ်
📌 ၆။ ချင်းအမျိုးသားများအားနဲ့မာန်နှင့်ရွပ်ရွပ်ချွံချွံစည်းစည်းလုံးလုံးတိုက်ခိုက်လာခဲ့တဲ့အတွက် စစ်ကောင်စီဘက်မှ အများကြီး ပျက်သုဥ်းဆုံးရှုံးလာတယ်လို့ ပြည်ထဲရေး ဒုဝန်ကြီးခူးထဲဘူးပြော
📌 ၇။ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို ရွေးကောက်ပွဲတွင် မလျော်ဩဇာသုံးသည်ဟုစွပ်စွဲပြီး အိုးဘိုအကျဉ်းထောင်တွင်း အထူးတရားရုံးမှ ရာဇသတ်ကြီးပုဒ်မ ၁၃၀-က နဲ့ထောင် ၃ နှစ် ချမှတ်
📌 ၈။ CDM ဝန်ထမ်းများ ဘ၀နေထိုင်မှုနဲ့ အလုပ်အကိုင်အခြေအနေ လေ့လာမှုစစ်တမ်းကောက်ယူခဲ့
📌 ၉။ MEF-Canada Fundraising မှ ဒေါ်အောင်ဆန်းစုကြည်ဝတ်ဆင်ဖူးသော ပုံစံတူ ရ၀မ် တဘက်များကို ကနေဒါဒေါ်လာ ၅၅ ဒေါ်လာ နဲ့ရောင်းချပေးနေ
📌 ၁၀။ မြန်မာပြည်မှ စစ်ဘေးရှောင်ပြည်သူများအားကူညီရန် အတွက် 2022 Hondai Santa Fe Plug-in Hybrid SUV အသစ်စက်စက်တစီးကို ကံစမ်းမဲဖောက်ရန် မဲလက်မှတ်တစ်စောင် ဒေါ်လာ ၁၀၀ နဲ့ရောင်းချ
📌 ၁၁။ မကွေးတိုင်း ပခုက္ကူမြို့ အင်ပင်ကျေးရွာတွင် တပ်ဆွဲ၍ငွေးကြေးကောက်ခံနေသော (စကစ) စစ်ဆေးရေးဂိတ်အား Drone ဖြင့် ဗုံးကျဲတိုက်ခိုက်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ PDF တွေရဲ့ စိုးမိုးဒေသမှာ စစ်ကောင်စီရဲ့ ပညာရေး၊ကျန်းမာရေးအပါအဝင် ဝန်ဆောင်မှုအများအပြားမရှိတော့ဘူးလို့ ကာကွယ်ရေးဝန်ကြီးအသိပေး
PDF တွေရဲ့ စိုးမိုးဒေသမှာ စစ်ကောင်စီရဲ့ ပညာရေး၊ကျန်းမာရေးအပါအဝင် ဝန်ဆောင်မှုအများအပြားမရှိတော့ဘူးလို့ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က ဇူလိုင်လအတွင်း လူထုတွေ့ဆုံပွဲမှာ အသိပေးပြောကြားလိုက်ပါတယ်။
"PDF တွေရဲ့ စိုးမိုးဒေသမှာ စစ်ကောင်စီရဲ့ပညာရေး၊ကျန်းမာရေးအပါအဝင်ဂန်ဆောင်မှုတော်တော်များများဟာ လုံးဝမရှိတော့ဘူး။ အဲဒါကြောင့် စစ်ကောင်စီရဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေ ပျက်ယွင်းသွားပြီဆိုတဲ့ အခြေအနေ၊ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပညာရေး၊ကျန်းမာရေး၊ ပြည်သူ့အုပ်ချုပ်ရေးဝန်ဆောင်မှုနဲ့ တစ်ပြိုင်တည်းဆောင်ရွက်နေတာဖြစ်ပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။ လက်ရှိမှာ နယ်မြေစိုးမိုးမှုအနေဖြင့် တိုင်းဒေသကြီးများဖြစ်တဲ့ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း(မြောက်ပိုင်း)တို့ရှိ အဓိကလမ်းမကြီးများ၏ ၉၀ ရာခိုင်နှုန်းခန့်နှင့် ကျေးရွာအများစုကို ၏ ၈၀ ရာခိုင်နှုန်းကို PDF များက စိုးမိုးထိန်းချုပ်ထားနိုင်ပြီဖြစ်ပါတယ်။
========================
📌📌 ၂။ မြန်မာ့မြေပေါ်မှာ အာဏာရှင် အဆက်ဆက်က အာဏာသိမ်းတဲ့ အလေ့အထနဲ့ ယဥ်ပါးနေတယ်လို့ဆို
မြန်မာ့မြေပေါ်မှာ အာဏာရှင် အဆက်ဆက်က အာဏာသိမ်းတဲ့ အလေ့အထနဲ့ ယဥ်ပါးနေတယ်လို့ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ကပြောပါတယ်။ ဇူလိုင်လအတွင်းကျင်းပတဲ့ လူထုတွေ့ဆုံပွဲမှာ ဘဏ္ဍာရေးနဲ့စီမံကိန်း၊ ရင်းနှီးမြုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်ကပြောကြားခဲ့ပါတယ်။
"မြန်မာ့မြေပေါ်မှာ အာဏာရှင် အဆက်ဆက်က အာဏာသိမ်းတဲ့ အလေ့အထနှင့် လက်ယဉ်နေတယ်။ ယဉ်ပါးနေပါတယ်။ ဒီစစ်အာဏာရှင်များရဲ့ ဗီဇစိတ်ထဲမှာ ကိုက ဒီအာဏာ သိမ်းချင်တယ်၊ အာဏာကို ရူးသွပ်တယ်ပေါ့။ ဒီစိတ်က ဘယ်ကလာတာလဲဆိုတော့ ဒီအာဏာသိမ်းမှုနှင့် စပ်ဆက်ပြီး ဖြစ်ပေါ်လာတဲ့ စည်းစိမ်းဥစ္စာကို မတန်မရာ သူတို့တွေ ရခဲ့ပါတယ်။ခေတ်အဆက်ဆက်က အာဏာသိမ်းလိုက်တဲ့ စစ်ဗိုလ်ချုပ်တွေကို ကြည့်ကြည့်ပါ။အာဏာသိမ်းလိုက်လို့ ဆိုပြီးတော့ ဖြူကာပြာကာကျပြီး မွဲသွားတဲ့ စစ်ဗိုလ်ချုပ် တစ်ဦးမှ မရှိပါဘူး။ အာဏာသိမ်းလိုက်လို့ မဟားတရားနဲ့ သူတို့ချမ်းသာသွားကြတဲ့ စစ်ဗိုလ်ချုပ်တွေချည်း ဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ နိုင်ငံတော်အာဏာကို စစ်တပ်က မတရားသိမ်းယူခဲ့ပါတယ်။
"အာဏာနှင့်အတူ ဖြစ်ထွန်း ပေါ်ပေါက်လာတဲ့ စည်းစိမ်းဥစ္စာများကို အရသာတွေ့ပြီး သူတို့အနေဖြင့် ဒီအာဏာသိမ်းမှုကို သူတို့သည် စရိုက်ဆိုးတစ်ခု အနေဖြင့် ဗီဇစိတ်ထဲမှာ အကျင့်တစ်ခုကဲ့သို့ လက်ယဉ်နေတာပဲ ဖြစ်ပါတယ်"လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ကထပ်လောင်းပြောကြားပါတယ်။
========================
📌📌 ၃။ နောက်ဆုံးတိုက်ပွဲ ခေါ်မှာဖြစ်လို့ PDF များ အသင့်ပြင်ထားကြရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြော
နောက်ဆုံးတိုက်ပွဲခေါ်မှာဖြစ်လို့ PDF များအသင့်ပြင်ထားကြရန် NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။ ဇူလိုင် ၂၂ ရက်ညပိုင်း မှာ ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက လူမှုကွန်ရက်မှာရေးသားပြောပါတယ်။
"PDF များ အဆင်သင့်ပြင်ထားကြပါ။ အားလုံး တစ်ချိန်တည်း၊ တစ်ပြိုင်တည်း တိုက်ပွဲခေါ်ပါမယ်။ တစ်ချိန်တည်း တစ်ပြိုင်တည်းတိုက်ပါမယ်။ အဆုံး သတ်တိုက်ပွဲနွှဲတော့မယ်"လို့ ဆိုပါတယ်။ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်မှာ ပြည်သူ့ခုခံတွန်းလှန်စစ်များစတင်ရန် NUG အစိုးရက နိုင်ငံကို အရေးပေါ်အခြေအနေကြေညာခဲ့ပါတယ်။
========================
📌📌 ၄။ အဆုံးသတ်တိုက်ပွဲ အတွက် တော်လှန်ရေးအသုံးစရိတ် အမေရိကန်ဒေါ်လာသန်း ၅၀ လိုအပ်
အဆုံးသတ်တိုက်ပွဲ အတွက် တော်လှန်ရေးအသုံးစရိတ် အမေရိကန်ဒေါ်လာသန်း ၅၀ လိုအပ်လို့ NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။ ဇူလိုင် ၂၂ ရက်ညပိုင်း မှာ ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက လူမှုကွန်ရက်မှာရေးသားပြောပါတယ်။
"အဆုံးသတ် တိုက်ပွဲ ဆင်နွှဲတော့မယ်။လူသူ လက်နက်အင်အား ပြင်ဆင်ထားပြီးပြီ။ တော်လှန်ရေးအသုံးစရိတ်အတွက် တော်လှန်ရေး ငွေတိုက်စာချုပ် ဝယ်ကြပါ။တော်လှန်ရေး ရန်ပုံငွေအစုရှယ်ယာ ဝယ်ကြပါ။တော်လှန်ရေးထောက်ပို့ လှူဒါန်းကြပါ။ဒေါ်လာသန်း၅၀ခန့်လိုပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရမှ ငွေတိုက်စာချုပ် ကိုးသောင်းကိုးထောင်ကျော် အမေရိကန်ဒေါ်လာ သုံးဆယ့်ရှစ်သန်းဖိုးနီးပါးရောင်းချထားရပြီး ၁၄/အင်းလျားနေအိမ် အစုရှယ်ယာရောင်းချရမှု အမေရိကန်ဒေါ်လာရှစ်သန်းဖိုးရောင်းချထားရပါတယ်။ အဆိုပါ ရောင်းချရငွေအားလုံးရဲ့ကိုးဆယ့်ငါးရာခိုင်နှုန်းကို ကာကွယ်ရေးအသုံးစရိတ်အဖြစ် အသုံးပြုပြီးဖြစ်ပါတယ်။
========================
📌📌 ၅။ ICJ က မြန်မာနိုင်ငံအပေါ် တရားစီရင်ခွင့်ရှိကြောင်း ဆုံးဖြတ်
အပြည်ပြည်ဆိုင်ရာတရားရုံး ICJ က မြန်မာနိုင်ငံအပေါ် တရားစီရင်ခွင့်ရှိကြောင်း ဆုံးဖြတ်လိုက်ပါတယ်။ အဆိုပါတရားခွင်ကို စစ်ကောင်စီခန့် ဦးကိုကိုလှိုင်ကတက်ရောက်ခဲ့ပါတယ်။ လူမျိုးတုန်းသတ်ဖြတ်မှုနဲ့မြန်မာနိုင်ငံကို တရားစွဲခွင့်မရှိဘူးလို့ စကစဘက်က ကန့် ကွက်ထားမှုအပေါ် ICJ တရားရုံးက ဇူလိုင် ၂၂ ရက်မှာ ပယ်ချလိုက်ပါတယ်။ ဒါကြောင့် ICJ က မြန်မာနိုင်ငံအပေါ် တရားစီရင်ခွင့်ရှိကြောင်း ဆုံးဖြတ်ချက်ချလိုက်တာဖြစ်ပြီးတော့ ICJ တရားသူကြီးများအားလုံးက တစ်ညီတစ်ညွတ်တည်းဆုံးဖြတ်ခဲ့ပါတယ်။
========================
📌📌 ၆။ ချင်းအမျိုးသားများအားနဲ့မာန်နှင့်ရွပ်ရွပ်ချွံချွံစည်းစည်းလုံးလုံးတိုက်ခိုက်လာခဲ့တဲ့အတွက် စစ်ကောင်စီဘက်မှ အများကြီး ပျက်သုဥ်းဆုံးရှုံးလာတယ်လို့ ပြည်ထဲရေး ဒုဝန်ကြီးခူးထဲဘူးပြော
ချင်းအမျိုးသားများအားနဲ့မာန်နှင့်ရွပ်ရွပ်ချွံချွံစည်းစည်းလုံးလုံးတိုက်ခိုက်လာခဲ့တဲ့အတွက် စစ်ကောင်စီဘက်မှ အများကြီး ပျက်သုဥ်းဆုံးရှုံးလာတယ်လို့ ပြည်ထဲရေး ဒုဝန်ကြီးခူးထဲဘူးပြောကြားလိုက်ပါတယ်။ ဇူလိုင် ၂၂ ရက် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) တို့ ဒုတိယအကြိမ်မြောက် လစဉ်ပုံမှန်အစည်းဝေးတွင် ပြည်ထဲရေးဒုဝန်ကြီးကဆိုပါတယ်။
"ချင်းအမျိုးသားများအား ဒီတော်လှန်ရေးကာလတွင် ဘယ်လိုမှမေ့လို့မရနိုင်တဲ့ အားနဲ့မာန်နှင့်ရွပ်ရွပ်ချွံချွံစည်းစည်းလုံးလုံးတိုက်ခိုက်လာခဲ့တဲ့အတွက် စစ်ကောင်စီဘက်မှ အများကြီး ပျက်သုန်းဆုံးရှုံးလာကြောင်း၊ ပြည်သူများကလည်း မိမိတို့နှင့်အတူတကွရှိနေကြောင်း" ဒုဝန်ကြီးကဆိုပါတယ်။
ထို့နောက် ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) အလှည့်ကျ သဘာပတိအဖွဲ့ဝင်မှ “ ယနေ့ချင်းပြည်အခြေအနေကိုအားလုံးသိပြီးဖြစ်ကြောင်း၊ တိုက်ပွဲတွေ ပြင်းထန်လာနေကြောင်း ၊ မည်သို့ပင် ပြင်းထန်လာနေပါစေ မိမိတို့ စိုးမိုးထိန်းချုပ်နယ်မြေများတွင် အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး ဝန်ဆောင်မှုများ ရပ်တန့်လို့ မရကြောင်း၊ ထို့ကြောင့် မြို့နယ်/ဒေသအသီးသီးတွင် သက်ဆိုင်ရာအဖွဲ့အစည်းများက ရနိုင်သမျှ ကြိုးစားဆောင်ရွက်ပေးနေကြောင်းပြောကြားခဲ့ပါတယ်။
အစည်းအဝေးသို့ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီမှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယပြည်ထောင်စုဝန်ကြီးများ နှင့် အတွင်းဝန်များ၊ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ချင်းပြည်အတွင်းရှိ မြို့နယ်/ဒေသများမှ ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၇။ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို ရွေးကောက်ပွဲတွင် မလျော်ဩဇာသုံးသည်ဟုစွပ်စွဲပြီး အိုးဘိုအကျဉ်းထောင်တွင်း အထူးတရားရုံးမှ ရာဇသတ်ကြီးပုဒ်မ ၁၃၀-က နဲ့ထောင် ၃ နှစ် ချမှတ်
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို ရွေးကောက်ပွဲတွင် မလျော်ဩဇာသုံးသည်ဟုစွပ်စွဲပြီး အိုးဘိုအကျဉ်းထောင်တွင်း အထူးတရားရုံးမှ ရာဇသတ်ကြီးပုဒ်မ ၁၃၀-က နဲ့ထောင် ၃ နှစ် ချမှတ်ခဲ့ပါတယ်။ ဇူလိုင် ၂၂ ရက်မှာ AAPP က သတင်းအချက်အလက်ထုတ်ပြန်ပါတယ်။
ထောင်ဒဏ် ၂၆ နှစ် အမိန့်ချမှတ်ခြင်းခံထားရတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို ရွေးကောက်ပွဲတွင် မလျော်ဩဇာသုံးသည်ဟုစွပ်စွဲပြီး အိုးဘိုအကျဉ်းထောင်တွင်း အထူးတရားရုံးမှ ရာဇသတ်ကြီးပုဒ်မ ၁၃၀-က ဖြင့် ဇူလိုင်လ ၂၀ ရက်နေ့တွင် ထောင်ဒဏ် (၃) နှစ် ထပ်မံ ချမှတ်ခဲ့တယ်လို့ဆိုပါတယ်။ အကျဥ်းထောင်တွင်း ဒေါက်တာဇော်မြင့်မောင်ဟာ မကြာခဏကျန်းမာရေး ချို့ယွင်းမှုများဖြစ်ပေါ်ခဲ့ပါတယ်။
========================
📌📌 ၈။ CDM ဝန်ထမ်းများ ဘ၀နေထိုင်မှုနဲ့ အလုပ်အကိုင်အခြေအနေ လေ့လာမှုစစ်တမ်းကောက်ယူခဲ့
CDM ဝန်ထမ်းများ ဘ၀နေထိုင်မှုနဲ့ အလုပ်အကိုင်အခြေအနေ လေ့လာမှုစစ်တမ်းကောက်ယူခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးရေးနဲ့ ဝင်ငွေရရှိ တိုးပွားရေးဆိုင်ရာ လုပ်ငန်းကော်မတီက ဇူလိုင် ၂၁ ရက်မှာ ဖော်ပြခဲ့ပါတယ်။
"CDM ဝန်ထမ်းတွေရဲ့ ဘ၀နေထိုင်မှုနဲ့ အလုပ်အကိုင်အခြေအနေ လေ့လာမှုစစ်တမ်းကောက်ယူပြီး CDM ဝန်ထမ်း ၅၀ ဦးကို ကံစမ်းမဲဖောက်ပြီး ပံ့ပိုးပေးရန်စီစဉ်နေတယ်"လို့ ဆိုပါတယ်။
CDM ဝန်ထမ်းတွေရဲ့ လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲနဲ့ အလုပ်အကိုင်အခြေအနေကို သိရှိနိုင်ရန်ရည် ရွယ်ပြီး "CDM ဝန်ထမ်းတွေရဲ့ ဘ၀နေထိုင်မှုနဲ့ အလုပ်အကိုင်အခြေအနေ လေ့လာမှုစစ်တမ်း” ကို ဇွန် ၂၄ ရက်ကနေ ဇူလိုင် ၁၇ ရက်အထိကောက်ယူခဲ့တာပါ။ စစ်တမ်းဝင်ရောက်ဖြေဆိုသူ CDM ဝန်ထမ်း ၅၀ ဦးကို သုံးသိန်းဆု ၁ ဆု၊ နှစ်သိမ်းဆု ၁ ဆု၊ တစ်သိန်းဆု ၁ ဆုငါးသောင်းဆု ၂ ဆု၊ သုံးသောင်းဆု ၅ ဆု၊ နှစ်သောင်းဆု ၁၀ ဆုနဲ့ တစ်သောင်းဆု ၃၀ ဆု စုစုပေါင်း ကျပ် တစ်ဆယ့်သုံးသိန်းငါးသောင်းကို ပံ့ပိုးပေးနိုင်ဖို့ စီစဉ်နေပါတယ်။
========================
📌📌 ၉။ MEF-Canada Fundraising မှ ဒေါ်အောင်ဆန်းစုကြည်ဝတ်ဆင်ဖူးသော ပုံစံတူ ရ၀မ် တဘက်များကို ကနေဒါဒေါ်လာ ၅၅ ဒေါ်လာ နဲ့ရောင်းချပေးနေ
MEF-Canada Fundraising မှ ဒေါ်အောင်ဆန်းစုကြည်ဝတ်ဆင်ဖူးသော ပုံစံတူ ရ၀မ် တဘက်များကို ကနေဒါဒေါ်လာ ၅၅ ဒေါ်လာ နဲ့ရောင်းချပေးနေပါတယ်။ ဇူလိုင်လအတွင်းမှာ ရဝမ်တဘက်များရရှိကြောင်း MEF-Canada Fundraising မှဖော်ပြပါတယ်။
"နွေးထွေးမှု နဲ့ တင့်တယ်လှပမှု ကို ပေးစွမ်းတဲ့ ပူတာအို မှာ ရက်လုပ်တဲ့ရ၀မ် တဘက် 13" x 72" လေးအလိုရှိပါက နှစ်သက်ရာ ဒီဇိုင်း ကို တစ်ထည် CA$ 55 ဖြင့် မှာယူနိုင်ပါတယ်"လို့ဆိုထားပါတယ်။ MEF-Canadaဟာ မကြာသေးခင်ကမှ ချင်းပြည်နယ် စစ်ဘေးရှောင်များအတွက် ရန်ပုံငွေရှာဖွေပေးခဲ့ပါသေးတယ်။
========================
📌📌 ၁၀။ မြန်မာပြည်မှ စစ်ဘေးရှောင်ပြည်သူများအားကူညီရန် အတွက် 2022 Hondai Santa Fe Plug-in Hybrid SUV အသစ်စက်စက်တစီးကို ကံစမ်းမဲဖောက်ရန် မဲလက်မှတ်တစ်စောင် ဒေါ်လာ ၁၀၀ နဲ့ရောင်းချ
မြန်မာပြည်မှ စစ်ဘေးရှောင်ပြည်သူများအားကူညီရန် အတွက်2022 Hondai Santa Fe Plug-in Hybrid SUV အသစ်စက်စက်တစီးကို ကံစမ်းမဲဖောက်ရန် မဲလက်မှတ်တစ်စောင် ဒေါ်လာ ၁၀၀ နဲ့ရောင်းချလျက်ရှိပါတယ်။ မြန်မာပြည်မှ စစ်ဘေးရှောင်ပြည်သူများအားကူညီရန် အတွက် တောင်ပိုင်း ကယ်လီဖိုးနီယား မိသားစုများနှင့် OFP fundraiser Core Actions Support for Federal Democratic Burma, Citizen of Burma Award, L.A. NUG Supporters အဖွဲ့များ၊ Burmese Iron Chefs အဖွဲ့တို့မှ စီစဉ်တဲ့ ရန်ပုံငွေရှာဖွေရေးအစီအစဉ်ဖြစ်ပါတယ်။
လက်မှတ်တစောင်လျှင် ဒေါ်လာ ၁၀၀ ဖြင့် ဝယ်ယူလှူဒါန်းခြင်းဖြင့် 2022 Hondai Santa Fe Plug-in Hybrid SUV အသစ်စက်စက်တစီးကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ လက်မှတ်အစောင်ရေ ၁ထောင်သာ ရောင်းချသွားမယ့်ဒီအစီအစဉ်တွင် အခြားစိတ်ဝင်စားဖွယ် ဆုများပါဝင်မှာဖြစ်ပြီး အမေရိကန်နိုင်ငံ မည်သည့် ပြည်နယ်မှမဆို ပါဝင်လှူဒါန်းနိုင်ပါတယ်။ တနေ့တခြားတိုးပွားလာနေတဲ့ ပြည်တွင်းမှ စစ်ဘေးရှောင်များကို ကူညီရင်း ကံထူးနိုင်ဖို့ ဆက်သွယ်ရမည့် Agent များကို OFP fundraiser Core Actions Support for Federal Democratic Burmapage တွင် ဖော်ပြထားပါတယ်။
========================
📌📌 ၁၁။ မကွေးတိုင်း ပခုက္ကူမြို့ အင်ပင်ကျေးရွာတွင် တပ်ဆွဲ၍ငွေးကြေးကောက်ခံနေသော (စကစ) စစ်ဆေးရေးဂိတ်အား Drone ဖြင့် ဗုံးကျဲတိုက်ခိုက်
မကွေးတိုင်း ပခုက္ကူမြို့ အင်ပင်ကျေးရွာတွင် တပ်ဆွဲ၍ငွေးကြေးကောက်ခံနေသော (စကစ) စစ်ဆေးရေးဂိတ်အား Drone ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ပါတယ်။ ဇူလိုင် ၂၂ ရက်နေ့ )နေ့လည် (၁) နာရီခန့်တွင်မကွေးတိုင်း ပခုက္ကူမြို့ အင်ပင်ကျေးရွာတွင် တပ်ဆွဲ၍ငွေးကြေးကောက်ခံနေသော (စကစ) စစ်ဆေးရေးဂိတ်အား Drone ဖြင့် ဗုံးကျဲခဲ့တယ်လို့ ပခုက္ကူမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Young Forceကဆိုပါတယ်။
"စစ်ကောင်စီ တပ်များနေထိုင်ရာဘေးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒဏ်ရာရတဲ့သူတွေရှိတယ်လို့ ကနဦးသိရတယ်"လို့ဖော်ပြပါတယ်။ ဖြစ်စဥ်အတွင်း (စကစ) ဘက်မှ drone အားရမ်းသမ်းပစ်ခတ်ခဲ့သလို လက်နက်ကြီးဖြင့်ပါ နှစ်ချက်ပစ်ခတ်ခဲ့ပါတယ်။ စစ်ဆင်ရေးအား Urban Underground Revolution Force-yso(UURF)၊ သခင်မြ (လ/န ကြီးတပ်ဖွဲ့)၊ Ranger (PKU)၊ ပခုက္ကူမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Young Force ပါဝင်ခဲ့ပါတယ်။
No comments:
Post a Comment