25th JUL 2022 - Evening Daily News by Radio NUG

 

၂၀၂၂ ဇူလိုင်လ ၂၅ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ မင်းအောင်လှိုင်ကို တရားစီရင်လို့မပြီးမချင်း နွေဦးတော်လှန်ရေးမပြီးဘူးလို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်အသိပေး

📌 ၂။ ကိုဂျင်မီ နဲ့ ကိုဖြိုးဇေယျာသော်တို့ကို စစ်ကောင်စီက သေဒဏ်စီရင်လိုက်ကြောင်းထုတ်ပြန်ပြီးနောက် မိသားစုများက အတည်ပြုဖို့မေးမြန်းခြင်းကို တိကျတဲ့ အဖြေမပေးတာဟာ ထောင်တွင်းလူသတ်မှုလို့ လူ့အခွင့်ရေးရာဝန်ကြီး ပြောကြားလိုက်

📌 ၃။ လက်နက်ချလာတဲ့ စစ်သုံ့ပန်းများကို လူ့အခွင့်အရေးနဲ့အညီလေးစားစွာဆက်ဆံပေးဖို့ လူ့အခွင့်ရေးဝန်ကြီးတိုက်တွန်း

📌 ၄။ NUG အစိုးရမှ ကလေးမြို့နယ် ရဲတပ်ဖွဲ့သို့ ငွေကျပ် ၁၄၄၀၀၀၀ ထောက်ပံ့

📌 ၅။ မြောင်မြို့နယ်သို့ စစ်ဘေးရှောင်လာနေတဲ့သားအဖနှစ်ဦး စကစက စွန့်ထားခဲ့တဲ့ ၆၀မမကို ကလေးကကောက်ယူဆော့ကစားမိ၍ ပေါက်ကွဲမှုကြောင့် ကလေးသေ၊ အဖေဒဏ်ရာရ

📌 ၆။ ရွှေဘိုမြို့နယ်ကော့ရွာရှိပျူများအား ( ၄၀ ) မမ ဗုံးသီးဆယ်လုံးနဲ့ပစ်ခတ်တိုက်ခိုက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မင်းအောင်လှိုင်ကို တရားစီရင်လို့မပြီးမချင်း နွေဦးတော်လှန်ရေးမပြီးဘူးလို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်အသိပေး


မင်းအောင်လှိုင်ကို တရားစီရင်လို့ မပြီးမချင်း နွေဦးတော်လှန်ရေးမပြီးဘူးလို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်အသိပေးပြောကြားလိုက်ပါတယ်။ ဇူလိုင် ၂၅ ရက် လူမှုကွန်ရက်မှာ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကရေးသားပြောပါတယ်။


"မင်းအောင်လှိုင်ကို တရားစီရင်လို့မပြီးမချင်းဒီတော်လှန်ရေး မပြီး။ပြေးစရာမြေ တစ်လက်မမှ မရှိစေရ။ ကမ္ဘာဆုံးအောင် လိုက်မယ်"လို့ ဝန်ကြီးကဆိုပါတယ်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်နေ့ စစ်အာဏာသိမ်းချိန်ကစတင်လို့ယနေ့အချိန်အထိ အကြမ်းဖက် စစ်တပ်ဟာ လူပေါင်းတစ်သောင်းကျော်ကို ဖမ်းဆီးချုပ်နှောင်ခဲ့ပြီးတော့လူပေါင်းနှစ်ထောင်ကျော်ကို ညှင်းပန်းသတ်ဖြတ်ခဲ့ပါတယ်။


========================


📌📌 ၂။ ကိုဂျင်မီ နဲ့ ကိုဖြိုးဇေယျာသော်တို့ကို စစ်ကောင်စီက သေဒဏ်စီရင်လိုက်ကြောင်းထုတ်ပြန်ပြီးနောက် မိသားစုများက အတည်ပြုဖို့မေးမြန်းခြင်းကို တိကျတဲ့ အဖြေမပေးတာဟာ ထောင်တွင်းလူသတ်မှုလို့ လူ့အခွင့်ရေးရာဝန်ကြီး ပြောကြားလိုက်


မြန်မာ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးဂျင်မီ နှင့် NLD လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော် အပါအဝင် လူပုဂ္ဂိုလ် ဦးကို အကျဉ်းထောင်လုပ်ထုံးလုပ်နည်းများအတိုင်း ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးဖြစ်တယ်လို့ ဇူလိုင်၂၅ ရက်ထုတ် ကြေးမုံ နဲ့ မြန်မာ့အလင်းတို့မှာ စစ်ကောင်စီက ထည့်သွင်းကြေညာလိုက်ပါတယ်။


ဇူလိုင်လ ၂၂ ရက်က ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့အား မိသားစုဝင်များနှင့် အင်းစိန်ထောင်တွင် Zoom မှတဆင့် ပေးတွေ့ခဲ့ပြီးနောက် ယခုလိုသေဒဏ်စီရင်ခံရခြင်းဖြစ်ပြီး ၄င်းတို့ ဦးအပါအဝင် ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်ဆိုသူတို့ ဦးကိုလည်း စစ်ခုံရုံးက သေဒဏ်စီရင်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။


ဇူလိုင်လ၂၅ ရက်နေ့ မနက် အင်းစိန်အကျဥ်းထောင်ဗူးဝကို ကိုဂျင်မီနဲ့ကိုဖြိုးဇေယျာသော်တို့ မိသားစုတွေက သွားရောက်အတည်ပြုမေးမြန်းခဲ့ရာမှာတော့ "အင်းစိန် ဒုထောင်ပိုင်ကနေ ဘယ်နေ့လုပ်လိုက်တယ်ဆိုတာ ပြောလို့မရပါဘူး။ နောက် body သူတို့ လက်ထဲမှာမရှိပါဘူး။ body ကို ပြန်ပေးဖို့ ဥပဒေမှာ မရှိဘူး ဆိုပြီး ပြောလာတယ်။ မိသားစုတွေအနေနဲ့ကတော့ ဒီဖြစ်ရပ်ကို လက်မခံဘူး" လို့ ဆိုပါတယ်။


အခုလို ကိုဂျင်မီ နဲ့ ကိုဖြိုးဇေယျာသော်တို့မိသားစုတွေက အတည်ပြုဖို့ မေးမြန်းတာတောင် တိကျတဲ့အဖြေမပေးတာဟာ ထောင်တွင်းလူသတ်မှုဖြစ်တယ်လို့ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းက လူမှုကွန်ရက်မှာ ရေးသားပြောပါတယ်။


"မိသားစုဝင်တွေက အတည်ပြုဖို့ မေးတာတောင်မှ တိကျတဲ့အဖြေမပေးတာဟာ ထောင်တွင်းလူသတ်မှုဘဲ" လို့ ဝန်ကြီးက ဆိုပါတယ်။


"ဒါက လူသတ်မှုဖြစ်တယ်။ ရာဇဝတ်မှုပဲ။ ရှင်းရှင်းလေးပါ။ ဥပဒေနဲ့ နည်းလမ်းတကျ မရှိဘူး"လို့ တရားလွှတ်တော်ရှေ့နေတစ်ဦးကလည်း မှတ်ချက်ပြုပါတယ်။


ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ကို အကြမ်းဖက်စစ်တပ်က အင်အားအလွန်အကျွံသုံးကာ ရန်ကုန်မြို့တွင် ဖမ်းဆီးခဲ့ပြီးနောက် ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့ ဦး အပါအဝင် ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကိုပါ စစ်ခုံရုံးက သေဒဏ်စီရင်ခဲ့တာ ဖြစ်ပါတယ်။


ဒီလိုမျိုး စစ်ကောင်စီရဲ့ လူမဆန်၊ ရက်စက်ကြမ်းကြုတ်သည့်လုပ်ရပ်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဒေသ () အနောက်ပိုင်းစစ်ဒေသခွဲ၊ တပ်မဟာ () မှ အစွမ်းကုန်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းနှင့် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်အပါအဝင် ပြည်သူနှင့် တိုင်းပြည်အတွက် အသက်ပေးလှူသွားကြသော နွေဦးသူရဲကောင်းများအား နှလုံးသွေးရဲရင့်စွာဖြင့် ဂုဏ်ပြုအလေးပြုပါကြောင်း ကြေငြာချက်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။ 


အလားတူ စစ်ကောင်စီရဲ့အဆိုပါလုပ်ရပ်နဲ့ပတ်သက်လို့ KIA ခေါင်းဆောင် ဗိုလ်ချုပ်ဂွမ်မော်ကလည်း လက်တုန့်ပြန်သွားမည်ဖြစ်ကြောင်း သတိပေးထုတ်ပြန်ထားသလို ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) နှင့် အမေရိကန်သံရုံး (ရန်ကုန်) အပါအဝင် မြန်မာ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနဲ့ အဖွဲ့အစည်းများကလည်း ကန့်ကွက်ရှုံချကြောင်း ကြေညာချက်များ အသီးသီး ထုတ်ပြန်ကြေညာထားကြတယ်လို့ သိရှိရပါတယ်။


========================


📌📌 ၃။ လက်နက်ချလာတဲ့ စစ်သုံ့ပန်းများကို လူ့အခွင့်အရေးနဲ့အညီလေးစားစွာဆက်ဆံပေးဖို့ လူ့အခွင့်ရေးဝန်ကြီးတိုက်တွန်း


လက်နက်ချလာတဲ့ စစ်သုံ့ပန်းများကို လူ့အခွင့်အရေးနဲ့အညီလေးစားစွာဆက်ဆံပေးဖို့ လူ့အခွင့်ရေးဝန်ကြီးဦးအောင်မျိုးမင်းကပြောပါတယ်။ ဇူလိုင်လအတွင်းအမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက တင်ဆက်တဲ့ လူ့အခွင့်အရေးစကားသံ အစီအစဉ်မှာ ဝန်ကြီး ဦးအောင်မျိုးမင်းကထည့်သွင်းပြောကြားခဲ့ပါတယ်။


"လက်နက် ချလာတဲ့သူတွေ၊ တိုက်ပွဲအတွင်းမှာ ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေကို လူမဆန်ွာ နှိပ်စက် ညှင်းပန်းမှုတွေ ဂုဏ္သိက္ခာထိပါးစေမယ့်အကြောင်းအရာတွေ မလုပ်ဆောင်ဖို့လိုအပ်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် ရန်သူဖြစ်ပေမဲ့ ဒီကာလအတွင်းမှာ လက်နက်ကိုကိုင်ပြီးတော့ စွန့်လာသူတွေဖြစ်တယ်။အကြောင်းအမျိုးမျိုးကြောင့် စစ်သုံ့ပန်းတွေဖြစ်လာတယ်။သူတို့ကို ကျနော်တို့အနေနဲ့ လူသားတယောက်လိုပဲ လူ့အခွင့်အရေးပေးပြီး အတတ်နိုင်ဆုံးဆက်ဆံပေးဖို့လိုအပ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။ လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့ပေါင်း ၂၅၇ ရင်းရှိပြီး ကျင့်ဝတ်နဲ့သည်းကမ်းများအတိအကျလိုက်နာဖို့ ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။


========================


📌📌 ၄။ NUG အစိုးရမှ ကလေးမြို့နယ် ရဲတပ်ဖွဲ့သို့ ငွေကျပ် ၁၄၄၀၀၀၀ ထောက်ပံ့


NUG အစိုးရမှ ကလေးမြို့နယ် ရဲတပ်ဖွဲ့သို့ ငွေကျပ် ၁၄၄၀၀၀၀ ထောက်ပံ့ခဲ့ပါတယ်။ ဇူလိုင်လအတွင်း NUG အစိုးရမှ ထောက်ပံ့သော ထောက်ပံ့ငွေများ လက်ခံရရှိတယ်လို့ ကလေးမြို့နယ်ရဲတပ်ဖွဲ့  KPS ကဖော်ပြပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်သူ့ရင်ခွင်ကော်မတီမှထောက်ပံ့သော ငွေကျပ် ၁၄၄၀၀၀၀ အားပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်သူ့ရဲတပ်ဖွဲ့မှတဆင့်လက်ခံရရှိပါတယ်"လို့ဆိုပါတယ်။ ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ KPSဟာ တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဥ်များကို ဆောင်ရွက်နေပြီး ရဲတပ်ဖွဲ့တာဝန်များကိူလည်းထမ်းဆောင်လျက်ရှိပါတယ်။


========================


📌📌 ၅။ မြောင်မြို့နယ်သို့ စစ်ဘေးရှောင်လာနေတဲ့သားအဖနှစ်ဦး စကစက စွန့်ထားခဲ့တဲ့ ၆၀မမကို ကလေးကကောက်ယူဆော့ကစားမိ၍ ပေါက်ကွဲမှုကြောင့် ကလေးသေ၊ အဖေဒဏ်ရာရ


မြောင်မြို့နယ်သို့ စစ်ဘေးရှောင်လာနေတဲ့ သားအဖနှစ်ဦး စကစကစွန့်ထားခဲ့တဲ့ ၆၀မမကို ကလေးကကောက်ယူဆော့ကစားမိ၍ ပေါက်ကွဲမှုကြောင့် ကလေးသေ၊ အဖေဒဏ်ရာရခဲ့ပါတယ်။ ဖြစ်စဥ်မှာ ဇူလိုင် ၂၄ ရက် ထင်းရှာသွားသော သားအဖနှစ်ဦး စစ်ကောင်စီမှချထားခဲ့သော ၆၀မမ တွေ့ပြီး ကလေးမှ ဆော့မိရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။


"ဇူလိုင် ၂၄ ရက်နံနက် နာရီခန့်မှာ ထင်းရှာသွားသော သားအဖနှစ်ဦး စစ်ကောင်စီမှချထားခဲ့သော ၆၀မမ တွေ့ပြီး ကလေးမှဆော့မိရာ နှစ်အရွယ်သားငယ်မှာ နေရာမှာပင်သေဆုံး ခဲ့ရပါတယ်။ ဖခင်မှာ ဒဏ်ရာများပြင်းထန်စွာရရှိပြီး ခြေထောက်တစ်ဖက်မှာ ဖြတ်ရမယ့်အနေအထားရှိပြီးကျန်တစ်ဖက်မှာလည် သေသေချာချာမသိရသေးပါ"လို့ CDSOM မြောင်တပ်ဖွဲ့ကဆိုပါတယ်။ သားအဖ နှစ်ဦးမှာ ချောင်းဦး နယ် မယ်သဲကြိုးဘက်မှ မြောင်နယ်သို့ စစ်ဘေးရှောင်ရန် လာရောက်ရှောင်တိမ်းနေရသူများဖြစ်ပါတယ်။ မြောင်မြို့နယ်မှာ ပထမတစ်ကြိမ်မှာ ၄၀မမ ကောက်ရတဲ့ နွားကျောင်းသားလေးတွေ ဆော့ကစားရာမှ ကျကွဲပြီး နှစ်ဦးသေဆုံးခဲ့ရပါတယ်။


========================


📌📌 ၆။ ရွှေဘိုမြို့နယ်ကော့ရွာရှိပျူများအား ( ၄၀ ) မမ ဗုံးသီးဆယ်လုံးနဲ့ပစ်ခတ်တိုက်ခိုက်


ရွှေဘိုမြို့နယ်ကော့ရွာရှိပျူများအား ( ၄၀ ) မမ ဗုံးသီးဆယ်လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဇူလိုင် ၂၄ ရက် BLACK WOLF - PDFနဲ့ ပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။


"ကော့ရွာ တွင် တပ်စွဲ ထားသော စကစတပ်နဲ့ ရဲများ၊ပျူများဟာ တအုံကျေးရွာရှိ အပြစ်မဲ့ပြည်သူ ( ) ဦး အား သတ်ဖြတ်ခဲ့ပါတယ်။ ထို့ကြောင့် မဟာမိတ်များဖြစ်ကြသော ရွှေဘိုခရိုင် တပ်ရင်း ( ) တပ်ခွဲ ( ) တပ်ခွဲ ( ) တို့ နှင့် အတူ BLACK WOLF - PDF ပူးပေါင်း တပ်ဖွဲ့များဟာ ၄မမ ဗုံးသီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်"လို့ ဆိုပါတယ်။ တိုက်ခိုက်မှုကြောင့် စကစတပ်နဲ့ပျူများ၊ရဲများလေးဦးသေဆုံးကာနှစ်ဦးပြင်းထန်စွာထိခိုက်သွားခဲ့ပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment